Friday, September 26, 2014

အာရှယူ- ၁၉ပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် လက်မှတ်များကို ၅သောင်းကျပ်ဖြင့် ရောင်းချသွားမည်

၂၀၁၄ခုနှစ် အောက်တိုဘာလ ၉ရက်နေ့မှ ၂၃ရက်နေ့အထိ နေပြည်တော် ဇေယျာသီရိ အားကစားကွင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း များတွင် ကျင်းပပြုလုပ်မည့် အာရှယူ- ၁၉ပြိုင်ပွဲအတွက် လက်မှတ် များကို အောက်တိုဘာလ ၈ရက်နေ့မှ စတင်၍ ရိုးရိုးတန်း ၂၀၀၀ကျပ်၊ အထူးတန်း ၅၀၀၀ ကျပ်ဖြင့် အောင်ဆန်းကွင်း၊ စလင်းကွင်းနှင့် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံရှိ လက်မှတ် အရောင်း ကောင်တာများတွင် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ အာရှယူ-၁၉ ပြိုင်ပွဲမှ အုပ်စု(က)နှင့် အုပ်(ခ) ပွဲစဉ်များကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပြီး အုပ်စု(ဂ)နှင့် အုပ်စု(ဃ) ပွဲစဉ်များကို နေပြည်တော်၊ ဇေယျာသီရိ ကွင်းတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။အာရှယူ-၁၉ ပြိုင်ပွဲအတွက် ကြိုတင် လက်မှတ်များ ရောင်းချမှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်

မှုခင်းကြီးများပေါ်ပေါက်ရေး ကူညီခဲ့သော အရပ်သား ၁၀ ဦးကို ပထမဆုံးအကြိမ် ဂုဏ်ပြုမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သမိုင်းတစ်လျှောက်တွင် မှုခင်း ကြီးများ၌ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဖြေရှင်းပေးခဲ့သည့် အရပ်သား ၁၀ ဦးကို ပထမဆုံးအကြိမ် ဂုဏ် ပြုသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နေပြည်တော်တွင် အောက် တိုဘာ ၁ ရက်၌ ပြုလုပ်မည့် မြန် မာနိုင်ငံရဲတပ်ဖွဲ့ နှစ်(၅၀)မြောက် ရွှေရတုအခမ်းအနားတွင် ဒေသ အနှံ့မှ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး လေးဦးကို

ဂုဏ်ပြုပွဲပြုလုပ်ပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နယ်စပ်ဖြတ်ကျော်မှု ခင်းဌာနကြီးမှ ရဲမှူးချုပ် စိုးမြိုင်က ပြောသည်။

ဦးရဲထွဋ် ပြောဆိုမှုအချက်အလက်စု၍ တုံ့ပြန်ရန် ဦးခင်အောင်မြင့်စီစဉ်

နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ထားသော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်း အဆောက်အအုံများ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်းမမီသည့် အချက်အလက်များစုဆောင်းပြီး အမျိုးသားလွှတ်တော်မှ သမ္မတထံသို့ တိုက်ရိုက်တင်ပို့ သွားမည်ဖြစ်သည့်အတွက် သီတင်းကျွတ်ကာလ အပြီး လွှတ်တော်ညွှန် ကြားရေးမှူးချုပ်ထံ ပေးပို့ရန် ပန်ကြားလွှာထုတ်ခဲ့သည်။

“အထောက်အထားရှိတယ်၊ ခုပေးလို့ ရတယ်။ တော်တော်ကို ဖြစ်ကတတ်ဆန်း ဆောက်သွားတာ။ အထောက်အထားတွေ အများကြီးရှိတယ်”ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။

ပြည်တွင်းသတင်း

Photo

U.A.E ရဲ့ ပထမဆုံး အမျိုးသမီး လေသူရဲ နဲ့ IS စစ်သွေးကြွချေမှုန်းရေး

Photo: U.A.E ရဲ့ ပထမဆုံး အမျိုးသမီး လေသူရဲ နဲ့ IS စစ်သွေးကြွချေမှုန်းရေး
Friday, September 26, 2014

ဆီးရီးယားနိုင်ငံထဲမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွတွေကို ပင်လယ်ကွေ့ နိုင်ငံရဲ့ အခု တပတ် ဗုံးကြဲတိုက် ခိုက်မှုကို ဦးဆောင်သူအဖြစ် U.A.E နိုင်ငံက သမိုင်းမှာ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ် မောင်း ဗိုလ်မှူး Mariam al-Mansouri ဖြစ်ပါတယ်။

နိုင်ငံပိုင် သတင်းမီဒီယာက သူ့ဓာတ်ပုံထုတ်ပြန်လိုက်တဲ့အခါ တမုဟုတ်ချင်း အမျိုးသမီး လေသူရဲ ရဲ့ သတင်း ဟာ ကမ္ဘာတလွှား လူမှု ကွန်ယက်တွေမှာ လူအများဆုံး ပြန်လည်မျှဝေတဲ့ ဓာတ်ပုံ ဖြစ်လာပါတော့တယ်။ အသက် ၃၅ နှစ်ရှိ အမျိုးသမီး ဗိုလ်မှူး မာရီယန် အယ်လ် မန်ဆူရီဟာ ဆီးရီးယားနိုင်ငံ Idlib၊ Aleppo နဲ့ Raqqa ဒေသတွေ မှာ ရှိတဲ့ IS စစ်သွေးကြွတွေကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုလုပ်တဲ့ လေယာဉ် အုပ်စုငယ်တခုကို ဦးဆောင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့အတူ အာရပ်နိုင်ငံ ၄ နိုင်ငံဖြစ်တဲ့ ဆော်ဒီ အာရေဗျ၊ ဂျော်ဒန်၊ ဘာရိမ်း၊ ကာတာနိုင်ငံ တို့နဲ့အတူ IS စစ်သွေးကြွတွေကို စစ်ဆင်ရေး ဆင်နွှဲနေတာမှာ U.A.E အာရပ်စော်ဘွားများနိုင်ငံ ကိုယ်စားပြု စစ်ဆင်ရေးကို ဗိုလ်မှူး မာရီယန် အယ်လ် မန်ဆူရီလည်း အားဖြည့် ကူညီနေတာ ဖြစ်ပါတယ်။

U.A.E နိုင်ငံက ထုတ်ပြန်တဲ့ သူ့ကိုယ်ရေးအချက်တွေမှာ ဖော်ပြထားတာကတော့ Abu Dhabi မှာ မွေးဖွား ခဲ့ သူ မစ္စ မာရီ ယန် အယ်လ်မန်ဆူရီဟာ ဆယ် ကျော်
သက် မိန်းကလေးဘဝကတည်းက လေတပ်ထဲ ဝင်ချင်ခဲ့တာဖြစ်ပေမယ့် အမျိုးသမီး တွေ လေတပ်ထဲ အမှုထမ်းဖို့ လျှောက်ထားလို့ ရတဲ့အချိန်ထိ စောင့်ခဲ့ရ သူပါ။

သူဟာ Khalifa bin Zayed Air College က နေ ဘွဲ့ရခဲ့ပြီး အခုဆို F-16 စစ်ပြန် တိုက်လေယာဉ်မှူးဖြစ်နေ ပါပြီ။

"Everyone is required to have the same high level of combat competence," လို့ သူက U.A.E မဂ္ဂဇင်း တခုဖြစ် တဲ့ Deraa Al Watan ကို ပြောထားပါတယ်။

Wall Street မဂ္ဂဇင်း သတင်းသုံးသပ်သူတဦးက ရေးတာကတော့ IS စစ်သွေးကြွတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ မစ္စ မာရီယန်ရဲ့ အခန်းကဏ္ဍဟာ ရှင်းရှင်းလင်းလင်း မရှိဘဲ ဒါဟာ သင်္ကေတ သဘောလောက်ပဲလို့ သုံးသပ်ရေး ထားတာ လည်း တွေ့ရပါတယ်။

ဧရာဝတီ
ဆီးရီးယားနိုင်ငံထဲမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွတွေကို ပင်လယ်ကွေ့ နိုင်ငံရဲ့ အခု တပတ် ဗုံးကြဲတိုက် ခိုက်မှုကို ဦးဆောင်သူအဖြစ် U.A.E နိုင်ငံက သမိုင်းမှာ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ် မောင်း ဗိုလ်မှူး Mariam al-Mansouri ဖြစ်ပါတယ်။

နိုင်ငံပိုင် သတင်းမီဒီယာက သူ့ဓာတ်ပုံထုတ်ပြန်လိုက်တဲ့အခါ တမုဟုတ်ချင်း အမျိုးသမီး လေသူရဲ ရဲ့ သတင်း ဟာ ကမ္ဘာတလွှား လူမှု ကွန်ယက်တွေမှာ လူအများဆုံး ပြန်လည်မျှဝေတဲ့ ဓာတ်ပုံ ဖြစ်လာပါတော့တယ်။ အသက် ၃၅ နှစ်ရှိ အမျိုးသမီး ဗိုလ်မှူး မာရီယန် အယ်လ် မန်ဆူရီဟာ ဆီးရီးယားနိုင်ငံ Idlib၊ Aleppo နဲ့ Raqqa ဒေသတွေ မှာ ရှိတဲ့ IS စစ်သွေးကြွတွေကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုလုပ်တဲ့ လေယာဉ် အုပ်စုငယ်တခုကို ဦးဆောင်ခဲ့ပါတယ်။

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်မောင်းထွက်ပြေးသည့်ဖြစ်စဉ် ၆၀၀ ကျော် ရှိသည့်အနက် ၂၈၀ မှုမှ ကျူးလွန်သူများကို ပြန်လည်ဖမ်းမိ

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်မောင်းထွက်ပြေးခဲ့သည့် ဖြစ်စဉ် ၆၀၀ ကျော်ရှိသည့် အနက် ၂၈၀ မှုမှ ကျူးလွန်သူများကို ပြန်လည်ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ယာဉ်မှုစစ်ဌာနမှ စက်တင်ဘာ ၂၄ ရက်တွင် စုံစမ်းသိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ တိုက်ပြေးမှုပေါင်း ၆၆၆ မှုဖြစ်ပွားခဲ့ပြီး ယင်းအနက်မှ ၂၈၀ မှုမှ ကျူးလွန်သူယာဉ်မောင်းများကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရန်ကျန်နေသည့် အမှုပေါင်း ၃၈၆ မှုရှိနေပြီး သိပြေး ၁၆၉ မှုနှင့် မသိပြေး ၂၁၇ မှုတို့ရှိကြောင်း စုံစမ်းသိရှိရသည်။

တရားဝင်ညွှန်ကြားချက်မထုတ်ပြန်သော်လည်း ပုဂ္ဂလိကကျောင်းများ၏ စာမေးပွဲများ အစိုးရကျောင်းများကဲ့သို့ကျင်းပရမည်ဟုဆို



အခြေခံ ပညာဦးစီးဌာနက တရားဝင်ညွှန်ကြား ချက်မထုတ်ပြန်သော်လည်း ပုဂ္ဂလိက ကျောင်းများ၏ စာမေးပွဲများကို အစိုး ရကျောင်းကဲ့သို့ ကျင်းပရမည်ဖြစ် ကြောင်း အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
စတုတ္ထတန်းနှင့် အဋ္ဌမတန်း တို့၏ နှစ်ဆုံးစာမေးပွဲများကိုမြို့နယ် စစ်၊ ခရိုင်စစ်တို့ဖြင့်စစ်ဆေးမည်နှင့် ပတ်သက်ပြီး ဝန်ကြီးဌာနမှတရားဝင် ညွှန်ကြားထားခြင်းမျိုး မရှိသေး၍ သက်ဆိုင်ရာဦးစီးဌာနများအလိုက် အဆိုပါအတန်းများ၏ ပထမနှစ်ဝက် စာမေးပွဲကိုမြို့နယ်စစ်၊ ခရိုင်စစ်ပုံစံ ဖြင့် အကြိုကျင်းပသွားရန် စီစဉ်လျက် ရှိရာ ကိုယ်ပိုင်ကျောင်းများလည်း အကျုံးဝင်ကြောင်း သိရသည်။

တယ်လီနောဆင်းမ်ကတ်၌ facebook စာသားများနှင့် Wikipedia အခမဲ့ အသုံးပြုနိုင်မည်

တယ်လီနော၏ မိုဘိုင်းအင်တာနက်လိုင်း၌ Facebook ၏ စာသားများနှင့် Wikipedia ကို အခမဲ့အသုံးပြုနိုင်မည်ဟု သိရသည်။

Facebook ၌ တင်ဆက်ကြသည့် ဓာတ်ပုံများ ၊ ဗီဒီယိုများနှင့် Link များကို ဝင်ရောက်ကြည့်ရှုနိုင်မည် မဟုတ်သော်လည်း Comment နှင့် Status စာသားများကို တင်နိုင်မည်ဟု သိရသည်။ Facebook ကို အခမဲ့ အသုံးပြုရာ၌ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ကြည့်ရှုမည်ဆိုပါက တယ်လီနောမှ သတ်မှတ်ထားသည့်အတိုင်း 1 MB လျှင် ၆ ကျပ်နှုန်း ဖြတ်တောက်သွားမည်ဟု သိရသည်။

တယ်လီနော ဆင်းမ်ကတ်များ စက်တင်ဘာ ၂၇ ရက်တွင် စတင်ရောင်းမည်


ပြည်ပဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် တယ်လီနောမြန်မာ၏ ဆင်းမ်ကတ် များကို စက်တင်ဘာ ၂၇ ရက်မှ စ၍ မန္တလေးမြို့တွင် ပထမဆုံး စတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆင်းမ်ကတ်များကို မန္တလေး မြို့တွင် ရောင်းချပြီး တစ်ပတ်အ ကြာမှ နေပြည်တော်တွင် ဆက် လက်ရောင်းချမည်ဖြစ်ပြီး နေပြည်တော်တွင်ရောင်းပြီး တစ်ပတ်အ ကြာမှ ရန်ကုန်တွင် ဆက်လက်ရောင်းပေးသွားမည်ဖြစ်သည်။

တယ်လီနောက ဆင်းမ်ကတ်နှင့် ဟန်းဆက်ကို ၁၉,၉၀၀ ကျပ်ဖြင့် ရောင်းချမည်

တယ်လီနောသည် 2G ကွန်ရက်သုံး keypad ဟန်းဆက်နှင့် မိုဘိုင်းဆင်းမ်ကတ်ကို ငွေကျပ် ၁၉,၉၀၀ ကျပ်ဖြင့် တွဲဖက်ရောင်းချမည်ဟု ကြေညာသည်။ အလားတူ 3G ကွန်ရက်သုံး Touch Screen စမတ်မိုဘိုင်းဖုန်းနှင့် မိုဘိုင်းဆင်းမ်ကတ်ကိုလည်း ငွေကျပ် ၄၉,၉၀၀ ဖြင့် တွဲဖက်ရောင်းချမည်ဟု သိရသည်။

အဆိုပါ ဟန်းဆက်များသည် ထိုင်ဝမ်နိုင်ငံထုတ် maximus တံဆိပ် ဟန်းဆက်များဖြစ်ပြီး တယ်လီနော၏ အမှတ်တံဆိပ်လည်း တွဲဖက်ပါဝင်မည်ဖြစ်သည်။ ဟန်းဆက်များကို အရေအတွက် မည်မျှရောင်းချပေးမည်ဟု တယ်လီနောက ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိသော်လည်း အသုံးပြုသူ လိုအပ်ချက်ရှိသလောက် ထပ်မံရောင်းချပေးနိုင်ရန် စီစဉ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဆူရှီကြိုက်လွန်း၍ တုပ်ပြားကောင်များ ခန္ဓာကိုယ်အနှံ့ အတွယ်ခံရသူ

Sashimi

ဆူရှီဆိုသည်မှာ ကမ္ဘာကျော် ဂျပန်ရိုးရာ အစားအစာ တစ်မျိုးဖြစ်ပြီး အသားစိမ်း၊ ငါးစိမ်းများဖြင့် ပြုလုပ်ထားသည့် ယင်း အစားအစာကို ကမ္ဘာတစ်ဝှမ်း ကြိုက်နှစ် သက်သူ များပြားလှသည်။ အမေရိကန် သမ္မတ အိုဘားမားပင် ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်စဉ်က တခုတ်တရ သွားရောက် စားသုံးခဲ့ရသည့် အစားအစာ တစ်မျိုး ဖြစ်သည်။

ဒေါ်စုကို အသေရေဖျက်မှုဖြင့် ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးအား စွဲဆိုသည့်အမှု ပလပ်ခံရ

DASSK-2
၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးရန် ၂၀၁၄ ခုနှစ် မေလ ၂၇ ရက်က နေပြည်တော်၌ စည်းရုံးဟောပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ရန်ကုန်(မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာပါက ဘာသာခြားနိုင်ငံ ဖြစ်သွားမည်ဟူသော စာဖြန့်ဝေမှုဖြင့် ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးအား တရားစွဲဆိုထားခြင်းကို ကာယကံရှင် (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင် လျှောက်ထားခြင်း မဟုတ်၍ဟုဆိုကာ မြို့နယ်တရားရုံးက စက်တင်ဘာ ၂၅ ရက်က ပလပ်လိုက်သည်ဟု ပေါက်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲထွန်းဝင်းက ပြောသည်။

ဘောလုံးသတင်းတိုများ (စက်တင်ဘာလ ၂၆ရက်)

မာလာဂါနောက်ခံလူ ၀ယ်လင်တန်က ၎င်းကို စော်ကားသည့် အသုံးအနှုန်း သုံးစွဲခဲ့ခြင်းကြောင့် မက်ဆီကို တွန်းထိုးခဲ့ခြင်းဟု ရှင်းလင်းသွားခဲ့သည်။
မန်စီးတီးနှင့် ချဲလ်ဆီးတို့ တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် ချဲလ်ဆီးဘက်သို့ လမ်းပတ် ချေပဂိုး သွင်းယူခဲ့ပြီးနောက် ယူဂန်ဒါနိုင်ငံသား ချဲလ်ဆီး ပရိသတ်တစ်ဦး နှလုံးရောဂါဖောက်၍ သေဆုံးသွားခဲ့သည်။
ဘဏ္ဍာရေး သင့်တင့်မျှတမှု စည်းမျဉ်းချိုးဖောက်ခဲ့ခြင်းကြောင့် ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးမည့် အသင်း(၇)သင်းစာရင်းတွင် လီဗာပူး၊ အင်တာမီလန်၊ မိုနာကို၊ ရိုးမားတို့ ပါဝင်နေသည်။
ဂျူ ဗင်တပ် ဂိုးသမား ဘူဖွန်က စကူဒတ်တို ချန်ပီယံဆုအတွက် ရိုးမားအသင်းနှင့် ရာသီကုန်အထိ ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

ကလေးစစ်သား တစ်ရာကျော် ထပ်မံနုတ်ထွက်ခွင့်ပြု

မြန်မာ့တပ်မတော်တွင် စစ်မှုထမ်းဆောင်နေသည့် အရွယ် မရောက်သေးသော စစ်သည် ၁၀၉ ဦးကို စက်တင်ဘာ ၂၅ ရက်က ထပ်မံနုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

စစ်မှုထမ်းကလေးသူငယ်များအား မိဘထံပြန်လည်အပ်နှံသည့် အခမ်းအနားကို တပ်မတော်မှတ်တမ်းရုံးတွင် ကျင်းပခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်တက်ရောက်ခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လကလည်း စစ်မှုထမ်းနေသည့် ကလေးသူငယ် ၉၁ ဦးကို နုတ်ထွက်ခွင့်ပြုခဲ့ပြီး ယခုတစ်ကြိမ်တွင် အရေအတွက် အများဆုံးနုတ်ထွက်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

ဦးစံလင်း ပြည်သူသန်း ၅၀ ကို လိမ်ခဲ့ကြောင်း အလှူရှင်တစ်ဦး ဖွင့်ချ ဓမ္မစေတီခေါင်းလောင်းရှာဖွေရန် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီခုနစ်ခုက ကျပ်သိန်း ၁,၅၀၀ လှူဒါန်းပံ့ပိုးခဲ့

Photo: ဦးစံလင်း ပြည်သူသန်း ၅၀ ကို လိမ်ခဲ့ကြောင်း အလှူရှင်တစ်ဦး ဖွင့်ချ
ဓမ္မစေတီခေါင်းလောင်းရှာဖွေရန် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီခုနစ်ခုက ကျပ်သိန်း ၁,၅၀၀ လှူဒါန်းပံ့ပိုးခဲ့
Friday, September 26, 2014

 ခေါင်းလောင်းတွေ့ရှိပြီဟု ဆိုကာ လူထုကို လိမ်လည်ခဲ့သော ဦးစံလင်းအဖွဲ့၏ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအတွက် ငွေကြေး ကျပ်သိန်းတစ်ထောင့်ငါးရာ လှူဒါန်းခဲ့သည့် အလှူရှင်ခုနစ်ဦး စာရင်းတွင် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း သတင်းရရှိသည်။

ကမ္ဘောဇဘဏ်နှင့် မြန်မာ့ စက်မှုဆိပ်ကမ်းကုမ္ပဏီ (Myan-mar Industrial Port) က ငွေကျပ်သိန်းငါးရာစီ လှူဒါန်းခဲ့ပြီး အထည်ချုပ်လုပ်ငန်း တည်ထောင်ထားသည့် ၀မင်းကုမ္ပဏီ၊ Strong Source ဆောက်လုပ်ရေးကုမ္ပဏီ၊ မင်းတုန်းပွဲရုံ၊ Long Life သတ္တုတွင်းကုမ္ပဏီနှင့် အခြားကုမ္ပဏီငယ်တစ်ခုတို့ စုပေါင်းပြီး ကျပ်သိန်းငါးရာ လှူဒါန်းထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ အလှူရှင် ခုနစ်ဦးသည် စုစုပေါင်းငွေကျပ်သိန်း ၁,၅၀၀  လှူ ဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

ခေါင်းလောင်းကြီး ရှာဖွေရန် ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုပြီးနောက် ဆယ်ယူကုန်ကျစရိတ်အတွက် အလှူငွေ လှူဒါန်းပွဲကို ပဲခူးမြို့ ရွှေမော်ဓောဘုရားတွင် ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ပြီး အလှူရှင်များ စာရင်းကို ယင်းရှင်းလင်းပွဲသို့  တက်ရောက်ခဲ့သော ဒေသခံ သတင်းထောက်တစ်ဦးက ပြောသည်။

ခေါင်းလောင်း မတွေ့ဘဲ တွေ့သည်ဟု ကြေညာခဲ့ခြင်းနှင့် ပတ်သက်၍ ‘‘သူ ဒီလက်ရှိ သန်း၅၀ ကို လိမ်တယ်။ ခေါင်းလောင်းမတွေ့ဘဲနဲ့ တွေ့တယ်လို့ပြောတယ်’’ဟု ခေါင်းလောင်းဆယ်ယူရန် ကျပ် ၅၂ သိန်းကျော် လှူဒါန်းခဲ့သည့် ရွှေအုန်းပင် စားသောက်ဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

                ဦးစံလင်းဦးဆောင်သည့်ခေါင်း လောင်းဆယ်ယူရေးမှာ ပဲခူးမြို့ရွှေအုန်းပင် စားသောက်ဆိုင်မှ စတင်ခဲ့သည့်အတွက် ထိုနေရာမှာပင် အဆုံးသတ်လို၍ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ခေါင်းလောင်းဆယ်ယူရေး အဖွဲ့တွင်ငွေစာရင်းကိုပါ တာဝန်ယူကိုင်တွယ်ခဲ့သောဦးဝင်းမြင့်က ပြောသည်။  ဓမ္မစေတီ  ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့ ခေါင်းဆောင် ဦးစံလင်းက သြဂုတ်၂၆ ရက်တွင် ခေါင်းလောင်းတွေ့ရှိပြီဟု ကြေ ညာခဲ့ပြီး အမှန်တကယ်တွေ့ရှိခဲ့ သော အရာမှာ သင်္ဘောပျက်ဟု ယူဆရသည့် သံထည်သာဖြစ်နေသည်။

‘‘ကျွန်တော်တို့ ဖုန်းတွေကို ပိတ်ခိုင်းထားတယ်။ သင်္ဘောက နေ အပြင်ထွက်လို့ မရဘူး။ ကျွန်တော် အဓိဋ္ဌာန် ၂၀ ရက်မြောက်နေ့မှ သူကထုတ်ပြန်သွားတာ။ အဓိဋ္ဌာန်က ၂၅ ရက်ဆိုတော့ ပြောလို့ မရခဲ့ဘူး။ အဓိဋ္ဌာန်က ထွက် ကုန်းပေါ်မှာ ရက် နှစ်ဆယ်နေခဲ့ပေမယ့် ကိုယ့်ကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ မပြောခဲ့ဘူး’’ ဟု ဦးဝင်းမြင့်က ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ ဦးဝင်းမြင့်က ခေါင်းလောင်း တွေ့ရှိသည်ဟု ကြေညာသည် မှာ ဦးစံလင်းဖြစ်ပြီး ၎င်းတို့ကို မတိုင်ပင်ဘဲ လိမ်လည်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွား သည်။

‘‘အဲဒီမှာ အရမ်းတုန်လှုပ် သွားတယ်။ မနက်ဖြန်ပဲ ကိုယ်တို့ အဖမ်းခံရတော့မလား စိုးရိမ်တယ်ပေါ့။ ခေါင်းလောင်းမတွေ့ဘဲနဲ့ တွေ့တယ်ပြောမယ်ဆို အများ ကြီးချောက်ချားကုန်တယ်။ သင်္ဘောသား တစ်ဖွဲ့လုံး။ ကိုယ်ဒါ ပြီးရင် ဒါနိုင်ငံတော်သမ္မတကြီးဆီ တင်ပြမယ်။ ဒီဖြစ်စဉ်အားလုံးကို တင်ပြမယ်’’ ဟု ဦးစံလင်း လိမ် လည်ခဲ့သည်များကို သမ္မတထံသို့ ပါတင်ပြမည်ဟု ၎င်းကဆိုသည်။

 သတင်းမထုတ်ပြန်မီ သြဂုတ် ၂၅ ရက်ညတွင် ဦးစံလင်း က ၎င်းကို အိပ်ရာမှ နှိုးပြီး မြစ် သုံးစင်းဆုံရာသို့  ကြည့်ရှုစေ၍ ရွှေရောင် နဂါးဆီမီးပူဇော်သည်ကို တွေ့လားဟု မေးမြန်းခဲ့ကြောင်း၊ ၎င်းက မတွေ့ရှိဟု ပြန်လည်ဖြေ ကြားရာတွင် သီလသမာဓိမရှိ၍ မတွေ့ရှိခြင်းဖြစ်သည်ဟု မူမမှန် စွာပြောခဲ့ကြောင်း ဦးဝင်မြင့်က ဆိုသည်။

ခေါင်းလောင်းတွေ့ရှိခြင်း မရှိဘဲ တွေ့ရှိသည်ဟု လိမ်လည်ခဲ့ သော အဖွဲ့နှင့်ပတ်သက်၍ အလှူ ရှင်တစ်ယောက်အနေဖြင့် မည်သို့ခံစားရကြောင်း မေးမြန်းရာ ကမ္ဘောဇဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်မိုးက ‘‘လှူတာပဲ လုပ်လိုက်တာပါ။ ကျန်တာဘာမှ မရှိဘူး။ ဘာပြောစရာမှ မရှိပါဘူး’’ဟု စက်တင်ဘာ ၂၅ ရက်တွင်ပြောသည်။

‘‘ဘာညာအဆက်အသွယ် တွေ မရှိပါဘူး။ ဒီအတိုင်း လှူလိုက်တာပါ။ လှူတာက ကျွန်တော့်အစ်ကိုပါ။ ဘာမှပြောစရာမရှိပါဘူး’’ဟု ၀မင်းကုမ္ပဏီအုပ်စု ဒါရိုက်တာ နောင်ခွန်မြင့်ဝေက ပြောကြားသည်။

ကုမ္ပဏီများ လှူဒါန်းသော ငွေကျပ် သိန်းတစ်ထောင့်ငါးရာသည် ယတိပြတ်လှူဒါန်းခြင်း ဖြစ်သောကြောင့် ပြန်အမ်းမည် မဟုတ်သော်လည်း အလှူရှင်များ လှူဒါန်းသော ငွေကြေးများကို ပြန်လည်ပေးအပ်သွားမည်ဟု ဓမ္မ စေတီခေါင်းလောင်း ဆယ်ယူရေး အဖွဲ့က သတင်းထုတ်ပြန်ထား သည်။

‘‘ငွေကြေးအများဆုံး လှူခဲ့ တဲ့ အလှူရှင်တွေက အသုံးစရိတ် တွေ ဘာတွေလာမပြနဲ့ မီးရှို့ လိုက်တောင် ရတယ်လို့ ပြော တယ်။ သူတို့ကိုလည်း ပြန်မပေး နဲ့ ယတိပြတ်လှူတာလို့ ပြော တယ်။ ကျန်တဲ့ပိုက်ဆံကို ဦးစံ လင်း၊ ဦးကြည်လင်းတို့ကို ပြန် ပေးခဲ့ပါတယ်။ ဦးစံလင်းက ပါမစ် ကိုင်ထားတဲ့သူဆိုတော့ တူးဖော် ခွင့်ရနေသေးပါတယ်။ ဒီငွေတွေ ကို ဆယ်ယူရေးမှာ သုံးချင်သုံး မှာပါ’’ဟု ဦးဝင်းမြင့်ကပြောသည်။

ထို့အပြင် ခေါင်းလောင်း ဆယ်ယူရေးအတွက် အများပြည် သူများမှ လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ သိန်းကျော်ရှိသည်။ အဆိုပါအလှူငွေများကို ပြန်ပေးမည်ဟုဆိုသည်။ လုပ်ငန်းရှင် ခုနစ်ဦးနှင့်ဦးဝင်းမြင့်အပါအ၀င် အခြားလုပ်ငန်းရှင်အချို့က လှူခဲ့သော စုစုပေါင်း ငွေကျပ် ၁၅၈၃ သိန်းကျော်မှ တစ်ထောင်ကျော်ကို ခေါင်းလောင်း ဆယ်ယူရေးအတွက် အသုံးပြုခဲ့ပြီး ပိုသောငွေကျပ်သိန်းငါးရာကျော်ကို ကမ္ဘောဇ ဘဏ်တွင် အပ်နှံထားကြောင်း သတင်းရရှိသည်။

အလှူငွေများကို ၎င်းတို့က အလှူခံခဲ့ခြင်း မဟုတ်ဘဲ ဦးစံလင်းနှင့် အဖွဲ့ဆယ်ယူမည်ဟု သတင်းထုတ်ပြန်ပြီးနောက် အလှူရှင်များက ဆက်သွယ်ကာ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်း မြင့်က ဆိုသည်။

‘‘ရန်ကုန်  အစိုးရအဖွဲ့ကို ပါမစ်ကြေး ဘာမှမပေးရပါဘူး။ ဒီပါမစ်ခွင့်တောင်းတဲ့ စာရွက်ကို ဖတ်ပြီးပေးလိုက်တာပါ။ သောင် တူးစက်ငှားရင် ပုံမှန်ဆိုရင် တစ် ရက် ၄၁ သိန်းလောက်ပေးရ တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ငါးသိန်းပဲ ပေးရပါတယ်။ စက် သုံးဆီဝယ်တာ၊ သင်္ဘောငှားတာ တွေက ကုန်ကျစရိတ်များခဲ့ပါ တယ်’’ ဦးဝင်းမြင့်က ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ရှာ ဖွေရေးအဖွဲ့ဝင်များက ကျပ် သိန်း ၁၅၀၀ လှူ ဒါန်းခဲ့သူများ၏ စာရင်းကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိဘဲ လှူဒါန်းသူများ၏ သဘောဆန္ဒအရ ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

‘‘ပိုက်ဆံတွေ  အားလုံးကို ရွှေအုန်းပင်က ဦးဝင်းမြင့်က ငွေ ကိုင်တယ်။ အားလုံးသူကိုင်တယ်။ ပိုက်ဆံက သူ့ဆီက ပြန်တောင်းရတာ။ အခု ရှင်းလင်းပွဲလုပ်တာ ဘာမှ မပြောချင်ဘူး။ ဦးလည်း ရှင်းလင်းသွားဖို့ ရှိပါတယ်။ ပွဲစီ စဉ်ဖို့ နေရာအတိအကျသိရရင် ကြေညာပေးမယ်’’ ဟု ဦစံလင်းက ပြောခဲ့သည်။

သို့သော် ဦးဝင်းမြင့် ကိုယ်တိုင်ဦးဆောင်၍ ကျပ်သိန်းတစ်ထောင်မတည်ကာ ခေါင်းလောင်းကို ဆက်လက်ရှာဖွေမည်ဟုဆိုသည်။

7Day Daily
ခေါင်းလောင်းတွေ့ရှိပြီဟု ဆိုကာ လူထုကို လိမ်လည်ခဲ့သော ဦးစံလင်းအဖွဲ့၏ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအတွက် ငွေကြေး ကျပ်သိန်းတစ်ထောင့်ငါးရာ လှူဒါန်းခဲ့သည့် အလှူရှင်ခုနစ်ဦး စာရင်းတွင် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း သတင်းရရှိသည်။

ကမ္ဘောဇဘဏ်နှင့် မြန်မာ့ စက်မှုဆိပ်ကမ်းကုမ္ပဏီ (Myan-mar Industrial Port) က ငွေကျပ်သိန်းငါးရာစီ လှူဒါန်းခဲ့ပြီး အထည်ချုပ်လုပ်ငန်း တည်ထောင်ထားသည့် ၀မင်းကုမ္ပဏီ၊ Strong Source ဆောက်လုပ်ရေးကုမ္ပဏီ၊ မင်းတုန်းပွဲရုံ၊ Long Life သတ္တုတွင်းကုမ္ပဏီနှင့် အခြားကုမ္ပဏီငယ်တစ်ခုတို့ စုပေါင်းပြီး ကျပ်သိန်းငါးရာ လှူဒါန်းထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ အလှူရှင် ခုနစ်ဦးသည် စုစုပေါင်းငွေကျပ်သိန်း ၁,၅၀၀ လှူ ဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

ချောက်ကမ်းပါးပေါ်မှ ရေထဲ ဒိုင်ဗင်ထိုးချလို့ နားစည်ကွဲသွားတဲ့ ဂျပ်စတင်ဘီဘာ

ကနေဒါအ ဆိုတော် ဂျပ်စတင်ဘီဘာက ၎င်း သည် ချောက်ကမ်းပါးပေါ်မှ ရေ ထဲသို့ ဒိုင်ဗင်ထိုးချစဉ် နားစည်ကွဲ ၍ ခွဲစိတ်ကုသမှုခံယူရဖွယ် ရှိ သည်ဟု စက်တင်ဘာ ၂၄ ရက် တွင် ၎င်း၏ တွစ်တာစာမျက်နှာ၌ ပြောကြားခဲ့သည်။

‘‘ချောက်ကမ်းပါးကနေ ရေ ထဲကို ဒိုင်ဗင်ထိုးခဲ့တဲ့အချိန်မှာ နားစည်ကွဲသွားခဲ့တယ်။ ခွဲစိတ် ကုသမှု ခံရနိုင်တယ်လို့ ဆရာဝန် တွေက ပြောတာပဲ။ ကျွန်တော့် နားစည်က သိပ်အဆင်မပြေပေ မယ့် ပရိသတ်ကြီးအတွက်တော့ တေးသီချင်းသစ် ဖန်တီးနေဆဲပါ’’ ဟု ဂျပ်စတင်ဘီဘာက ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားခဲ့ သည်။