Thursday, March 20, 2014

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးခြောက်မြို့၌ ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့်ရောက်နေ

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးခြောက်မြို့၌ ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့်ရောက်နေ

*******************************************
လွင်ပြင်၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၂)

ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံ၏ မြို့ကြီးခြောက်မြို့တွင် ခရမ်း လွန်ရောင်ခြည် မြင့်တက်မှုအခြေအနေ လွန်ကဲအဆင့်သို့ ရောက်ရှိနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးသည်။

မတ် ၁၉ ရက် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများအရ ကော့သောင်းမြို့ တွင် ၁၃ ဒသမ ၈၊ ထားဝယ်မြို့တွင် ၁၂ ဒသမ ၈၊ မော်လမြိုင်မြို့တွင် ၁၂ ဒသမ ၄၊ ရန်ကုန်မြို့တွင် ၁၂ ဒသမ ၆၊ နေပြည် တော်မြို့တွင် ၁၂ ဒသမ ၃နှင့် မန္တလေး မြို့တွင် ၁၁ ဒသမ ၅ အထိ UV Index  များရှိနေပြီး NOAA  အဖွဲ့၏ သတ်မှတ် ချက်များအရ UV Index   ၁၁ အထိရှိ သောအဆင့်ကို လွန်ကဲအဆင့်ဟု သတ် မှတ်ထားသည်။

''ခရမ်းလွန်ရောင်ခြည်ဟာ အလင်း တန်းထဲမှာပါလာလို့ မှန်ကို အလင်းတန်း ဖြတ်နိုင်သလို ခရမ်းလွန်ရောင်ခြည်ကလဲ ဖြတ်နိုင်တယ်''ဟု ဦးထွန်းလွင်က သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် သတိပေးထား သည်။

ယင်းကဲ့သို့ ခရမ်းလွန်ရောင်ခြည် များကို ကာကွယ်နိုင်ရန် ပြည်သူများအ နေဖြင့် နေ့အခါ နေပူထဲ သွားလာလှုပ် ရှားမှုများအား သတိပြုရန် လိုအပ်သလို အသားအရေများကိုလည်း တတ်နိုင်သ လောက် နေပူမထိမိစေရန် လိုအပ်သည် ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်း လွင်က ဆိုသည်။

ပြည်တွင်းသတင်းများ၏ အဆိုအ ရ လက်ရှိ အရေပြားဆိုင်ရာ အထူးကုဆေး ခန်းများရှိ လူနာများ၏ ရာခိုင်နှုန်း ၆ဝ ခန့် သည် ခရမ်းလွန်ရောင်ခြည် မြင့်တက်လာ သောကြောင့် ဝေဒနာခံစားရမှု ပြင်းထန် ကာ ဆေးကုသမှု ခံယူနေကြခြင်းဖြစ် သည်ဟု ဆိုပါသည်။
ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံ၏ မြို့ကြီးခြောက်မြို့တွင် ခရမ်း လွန်ရောင်ခြည် မြင့် တက်မှု အခြေအနေ လွန်ကဲအဆင့်သို့ ရောက်ရှိနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးသည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ် မကျသဖြင့် စုံစမ်းရာမှ ယမန်နှစ်က အောင်မြင်ခဲ့ပြီးမှန်းသိရ


တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ် မကျသဖြင့် စုံစမ်းရာမှ ယမန်နှစ်က အောင်မြင်ခဲ့ပြီးမှန်းသိရ

ထက်ဖြိုးပိုင် ၊ ကျိုက်ထို၊ မတ် ၂၀

၂ဝ၁၂-၁၃ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သည်ကို လုံးဝမသိဘဲ ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲဖြေဆိုရန် ဝင်ခွင့်ကတ် ကျမလာ သဖြင့် စုံစမ်းရာမှ ယမန်နှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင် ခဲ့ကြောင်းသိရသည့် ကျောင်းသူတစ်ဦး၏ ဖြစ်ရပ် ကျိုက်ထိုမြို့၌ ဖြစ်ပွားခဲ့သည်။

''ဖြစ်ပုံက စံပယ်ထွန်းသမအသင်း ကဖွင့်တဲ့ ပညာဒါနကျောင်းကနေ အပြင် ဖြေ ၁၃ ယောက်ဖြေဖို့ ဖောင်တင်ကြပါတယ်။ ဒီလိုနဲ့ ဖောင်တွေတင်ထားပြီးတော့ မတ် ၁ဝ ရက် ကတ်ထုတ်မယ့်နေ့လဲရောက်ရော ကတ်က ၁၂ ယောက်စာပဲ ထုတ်လို့ရတယ်။ ကတ်မရတဲ့တစ်ယောက် နာမည်က မသန်း သန်းဌေးလို့ ခေါ်တယ်။ သူ့ကတ်လဲ ကျမလာ ရော ပညာရေးမှူးရုံးမှာ သွားမေးတယ်။ နောက်မှ ရန်ကုန်က သက်ဆိုင်ရာရုံးကို ဖုန်း ဆက်မေးကြည့်တော့ အဲဒီကျောင်းသူက မနှစ်က အောင်စာရင်းမှာ နာမည်ပါပြီးသား ဖြစ်နေတယ်။ ကျတယ်ထင်ပြီး ပြန်ဖြေဖို့ ဖောင်တင်ရင်းနဲ့ စာမေးပွဲကြီးဖြေခါနီးမှ သိ ရတာပါ''ဟု ဒေသခံ ရပ်မိရပ်ဖ ဦးမျိုးတင် ကပြောသည်။

မသန်းသန်းဌေးမှာ ပြီးခဲ့သည့် ၂ဝ၁၂-၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျရှုံးခဲ့သဖြင့် ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရာ အောင် မြင်ခဲ့သည်ကို အောင်စာရင်း သွားရောက် ကြည့်ရှုခဲ့ခြင်းမရှိသဖြင့် သိရှိခဲ့ခြင်း မရှိဘဲ ကျရှုံးသည်ထင်မှတ်ကာ ယခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို နောက်တစ်ဖန် ပြန်လည် ဖြေဆိုခြင်းဖြစ်ကြောင်း သိရသည်။

ကရင်တိုင်းရင်းသား ဖြစ်သူ အဖဦးဖားမီး၏သမီး မသန်းသန်းဌေးသည် ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ညက-၉ဝ၆ ဖြင့် အထက(၂)ကျိုက်ထို စာစစ် ဌာနမှ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်စာ ရင်းထွက်သည့်အခါ ကိုယ်တိုင်သွားရောက် ကြည့်ရှုရန်ကြောက်သဖြင့် မိဘများနှင့် ဆွေ မျိုးများကို အောင် မအောင်သွားရောက်ကြည့် ရှုခိုင်းရာ သုံးကြိမ်တိတိ သွားရောက်ကြည့်ရှု သော်လည်း အောင်မြင်သည်ကို မတွေ့ရှိဟု ပြောကြကြောင်း မသန်းသန်းဌေးကဆိုသည်။

''အောင်စာရင်းကို သုံးခါတောင် သွားကြည့်ခိုင်းတာ။ မပါဘူးဆိုတော့ တော် တော် စိတ်မကောင်းဖြစ်မိတယ်။ ဒါနဲ့ နောက်နှစ် အောင်ရမယ်၊ ဂုဏ်ထူးထွက်ရ မယ်ဆိုပြီး ဆက်ကြိုးစားခဲ့တာ''ဟု မသန်း သန်းဌေးကဆက်ပြောသည်။

''သူ့မိဘတွေက ရိုးသားတဲ့ကရင် တိုင်းရင်းသား တောသူတောင်သားတွေ လဲဖြစ်တယ်။ အောင်စာရင်း မကြည့်ဖူး တာလဲ ပါမယ်။ သူ့နာမည်ကို ရှာမတွေ့ဘူး လို့ပြောကြတယ်။ မြန်မာစာအဖတ် အား နည်းတာလဲ ပါလိမ့်မယ်ထင်တယ်။ အောင် စာရင်းမှာ ညက-၉ဝ၆ အောင်နေတာ သူတို့ ရှာမတွေ့ကြဘူး''ဟု ဒေသခံအထက်တန်း ပြဆရာမတစ်ဦးက ပြောသည်။

Yangon Media Group ၂ဝ၁၂-၁၃ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သည်ကို လုံးဝမသိဘဲ ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲဖြေဆိုရန် ဝင်ခွင့်ကတ် ကျမလာ သဖြင့် စုံစမ်းရာမှ ယမန်နှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင် ခဲ့ကြောင်းသိရသည့် ကျောင်းသူတစ်ဦး၏ ဖြစ်ရပ် ကျိုက်ထိုမြို့၌ ဖြစ်ပွားခဲ့သည်။

Deedo အချိုရည် FDA က စစ်ဆေးပြီ

လက်ရှိဈေးကွက်အတွင်း ဖြစ်ပေါ်နေသော သတင်းများကြောင့် Deedo အချိုရည်ဘူးများကို ဈေးကွက် အတွင်းမှကောက်ယူပြီး စစ်ဆေးမှုများဆောင်ရွက် နေပြီဖြစ်ကြောင်း ဆေးဝါး ကွပ်ကဲရေးဌာန (FDA) မှသိရသည်။

ပြည်မြို့မှာ စက်ရုံသစ် နဲ့ သပိတ်စခန်း တပြိုင်နက်ဖွင့်

Photo: ပြည်မြို့မှာ စက်ရုံသစ် နဲ့ သပိတ်စခန်း တပြိုင်နက်ဖွင့်

Thursday, March 20, 2014

ပြည်မြို့မှာ စက်ရုံသစ်တရုံ တနင်္လာနေ့က စတင်ဖွင့်လှစ်ရာမှာ အလုပ်သမားတွေက အဲဒီနေ့မှာပဲ စက်ရုံရှေ့ သပိတ်စခန်းဖွင့် ဆန္ဒပြလိုက်ကြပါတယ်။

- အလုပ်ရှင်နှင့် အလုပ်သမားကြား သဘောတူညီချက်၊ လုပ်ငန်းခွင်
အတွင်းလိုက်နာရမယ့် စည်းကမ်းချက်တွေကို လက်မှတ်ထိုးရေး မထိုးရေး သဘောတူညီချက် မရတာကြောင့် အခုလို သပိတ်စခန်း ဖွင့်ရတာလို့ အလုပ်သမားတဦးဖြစ်တဲ့ မဆွေရည်မွန်က ဧရာဝတီကိုပြောပါတယ်။

“စည်းကမ်းချက်တွေကိုလက်မှတ် ထိုးခိုင်းတဲ့နေရာမှာ မလိုက်နာနိုင်တာက သိပ်မရှိပါဘူး။ကျမတို့က လက်မှတ်ကို အလုပ်သမားရုံးကလူကြီးဖြစ်ဖြစ်
ရှေ့နေတယောက်ယောက်ဖြစ်ဖြစ် သူတို့ရှေ့မှာ ထိုးချင်တာပေါ့။
စည်းကမ်းချက်စာအုပ်က စာမျက်နှာ သုံးဆယ်လောက်ရှိတယ်။ တချို့နေရာတွေမှာ ကွက်လပ်အတိုင်း ချန်ထားတာတွေလည်း ရှိတယ်။
အဲဒါကြောင့် သံသယရှိလို့ မထိုးတာ။ ၁၂ နာရီမှ လက်မှတ်မထိုးရင် အလုပ်ထုတ်မယ်ဆိုလို့ ကျမတို့ ဆန္ဒပြကြတာပါ”

စက်ရုံမဖွင့်လှစ်ခင် (၆)လကို သင်တန်းကာလအဖြစ်သတ်မှတ်ခဲ့တယ်၊ သင်တန်းကာလအတွင်း လုပ်အားခ အပြည့် မရဘူး၊ လုပ်ငန်းနဲ့
မသက်ဆိုင်တဲ့ အောက်ခြေသိမ်းအလုပ်များကို ခိုင်းစေခဲ့တယ်လို့ မဆွေရည်မွန်က ဆက်ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အလုပ်ရှင်ဘက်ကရော ဘာများ ပြောလိုပါသလဲ?

စက်ရုံက ထုတ်လုပ်ရေးမန်နေဂျာ ဒေါ်ဖြူဖြူပိုင်က (၆)လတာသင်တန်းမှာ စာချုပ်နဲ့ ပတ်သက်ပြီး ရှင်းပြထားပြီးဖြစ်တယ်၊ အလုပ်သမားတွေ
ရဲ့တောင်းဆိုမှု တချို့ကိုလည်း လိုက်လျောပေးဖို့ စီစဉ်ထားတယ် လို့ ဧရာဝတီကို ပြောပြပါတယ်။

“စက်ရုံရဲ့ စည်းကမ်းချက်တွေကို ဒီဘက်စက်ရုံကိုမပြောင်းခင် အချိန်ကတည်းက ၄ နာရီလောက် ရှင်းပြထားပြီးသားပါ။
သူတို့က ဒီစည်းကမ်းချက်တွေထဲက မလိုက်နာနိုင်တာ ဘာရှိသလဲ ရှိရင်ပြင်ပေးမယ်ပြောထားတယ်။
စက်ရုံတွင်းက စည်းကမ်းချက်ကို အလုပ်သမားရုံးမှာ လက်မှတ်ထိုးမယ်ဆိုတာတော့ လိုက်လျောပေးလို့ မဖြစ်နိုင်ပါဘူး။
စည်းကမ်းက ဂျပန်တွေချမှတ်ထားတဲ့စည်းကမ်းချက်ပါ။ မိန်းခလေးဆို လက်ထပ်ခွင့်ကို ၁၀ ရက်တောင် ပေးထားတာပါ။ တခြား သာရေးနာရေးကိုလည်း ထပ်တိုးပေးဖို့ စီစဉ်ထားပါတယ်”

အထည်ချုပ်နည်းပညာတွေကို ဂျပန်လူမျိုး (၄) ဦးက ဦးဆောင်လုပ်ကိုင်နေတယ်၊ စည်းကမ်းချက်တွေကို ဂျပန်တွေကပဲ ရေးဆွဲထားတာဖြစ်တယ်၊ မြန်မာထုံးတမ်းအစဉ်အလာတွေနဲ့ မကိုက်ညီတဲ့ စည်းကမ်းချက်များကို ပြင်ဆင်ပေးမှာဖြစ်တယ်လို့ ဒေါ်ဖြူဖြူပိုင်က ဆက်ပြောပါတယ်။

အထည့်ချုပ်လုပ်သား (၈၀) ကျော်ရှိပြီး အဲဒီအထဲက (၆၀)ကျော်ဟာ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသူများဖြစ်ပါတယ်။
ဆန္ဒပြ (၂) ရက်မြောက်သည့်နေအထိ စက်ရုံမှတာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း အလုပ်သမားခေါင်းဆောင်တဦးက ဧရာဝတီကို ပြောပါတယ်။

သူတို့ရဲ့ သပိတ်စခန်းမှာတော့ ....အလုပ်ချိန်(၈)နာရီသတ်မှတ်ပေးရန်၊
သက်ဆိုင်သည့် အလုပ်မှလွဲ၍ အခြားသော အောက်ခြေသိမ်းအလုပ်များ မခိုင်းစေရန်၊ပြည်တွင်း အလုပ်သမားဥပဒနှင့် အညီ ဆောင်ရွက်ပေးရန်၊
၎င်းတို့အား အလုပ်ထုတ်မည်ဆိုပါက လခ(၃)လစာပေးရန်
စသဖြင့် ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားပါတယ်။ 

ဧရာဝတီblog
ပြည်မြို့မှာ စက်ရုံသစ်တရုံ တနင်္လာနေ့က စတင်ဖွင့်လှစ်ရာမှာ အလုပ်သမားတွေက အဲဒီနေ့မှာပဲ စက်ရုံရှေ့ သပိတ်စခန်းဖွင့် ဆန္ဒပြလိုက်ကြပါတယ်။

- အလုပ်ရှင်နှင့် အလုပ်သမားကြား သဘောတူညီချက်၊ လုပ်ငန်းခွင်အတွင်းလိုက်နာရမယ့် စည်းကမ်းချက်တွေကို လက်မှတ်ထိုးရေး မထိုးရေး သဘောတူညီချက် မရတာကြောင့် အခုလို သပိတ်စခန်း ဖွင့်ရတာလို့ အလုပ်သမားတဦးဖြစ်တဲ့ မဆွေရည်မွန်က ဧရာဝတီကိုပြောပါတယ်။

တစ်ဖက်စောင်းနင်းရေးသားဖော်ပြချက်များကြောင့် မီဒီယာကိုမီဒီယာဖြင့်တုံ့ပြန်ရန် ဆရာတော်ဦးဝီရသူက မီဒီယာသင်တန်းပေး

ပြည်တွင်းပြည်ပ သတင်းမီဒီယာ များတွင် ရေးသားဖော်ပြနေသာ သတင်း များသည် တစ်ဖက်စောင်း နင်း ရေးသား ဖော်ပြချက်များဖြစ်နေသောကြောင့် မီဒီ ယာကို မီဒီယာဖြင့်တုံ့ပြန်နိုင်ရန် သတင်း မီဒီယာသင်တန်းများ ပို့ချနေကြောင်း မန္တလေးမစိုးရိမ်တိုက်ဆရာတော် ဦးဝီရ သူက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ဖုန်းဖြင့် မိန့်ကြားသည်။
''မီဒီယာတွေက သတင်းမျှမျှတတ မရှိဘူး။ တစ်ဖက်စောင်းနင်းတယ်။ နိုင်ငံ ရေးမှာလည်း တစ်ဖက်စောင်းနင်း နိုင်တယ်။ ရခိုင်လူမျိုးတွေဟာဆိုရင် ရုပ်ပိုင်း ဆိုင်ရာ အနိုင်ကျင့်စော်ကားခံရမှုတွေ များတဲ့အတွက် မီဒီယာကိုမီဒီယာနဲ့ ပြန် တုံ့ပြန်တဲ့ သဘောအနေနဲ့ သင်တန်းပေး ရတာဖြစ်ပါတယ်''ဟု

မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ

Photo: မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ

Thursday, March 20, 2014

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ မူလ အယူအဆ ဖြစ်သည့် စက်ချို့ယွင်းမှု တစ်ခုခုကြောင့် သမုဒ္ဒရာ အတွင်းသို့ ပျက်ကျသွားခြင်း သို့မဟုတ် လေထဲတွင် ပေါက်ကွဲသွားခြင်း ဖြစ်မည်ဟူသော အယူအဆမှာ မှေးမှိန်သွားပြီး အသေးစိတ် ကြိုတင် ကြံစည်ထားသည့် ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှု၊ လေယာဉ်ခိုးယူမှုကြီး တစ်ခုဖြစ်မည်ဟူသော သီအိုရီများမှာ ပိုမို အားကောင်းလာခဲ့သည်။

ထိုသီအိုရီများအရ လေယာဉ် ပြန်ပေးဆွဲမှု သို့မဟုတ် အကြမ်းဖက်မှု သို့မဟုတ် ခိုးယူမှုကို ကျူးလွန်သူများသည် လေယာဉ် အကြောင်းကို ကောင်းစွာသိသူ၊ ကျွမ်းကျင်သူ ဖြစ်မည်ဟု ကောက်ချက် ချရမည် ဖြစ်သဖြင့် တာဝန်ရှိသူများက MH 370 လေယာဉ်ကို တာဝန်ယူ မောင်းနှင်သွားသည့် လေယာဉ်မှူး နှစ်ဦး၏ နောက်ကြောင်း ရာဇဝင်နှင့် ၎င်းတို့၏ အိမ်များကို စုံစမ်းရှာဖွေခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ နောက်ကြောင်းကိုလည်း စုံစမ်း စစ်ဆေးခဲ့ကြသည်။

ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အချိန်အထိ လေယာဉ်မှူး နှစ်ဦးနှင့် ခရီးသည်များ၏ နောက်ကြောင်း ရာဇဝင်နှင့် ပတ်သက်ပြီး တိကျခိုင်မာသော မသင်္ကာစရာ အချက်အလက် တစ်ခုတလေမျှ ရှာဖွေ တွေ့ရှိရသေးခြင်း မရှိသဖြင့် လေယာဉ် ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးသူများနှင့် လေ့လာ သုံးသပ်သူများ အတွေးလွန်နေပြီလားဟု စဉ်းစားစရာ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် လုပ်ငန်းအတွေ့ အကြုံအနှစ် ၂၀ ရှိ လေယာဉ်မှူးဟောင်း တစ်ဦးဖြစ်သည့် ခရစ္စဂွတ်ဖဲလိုးဆိုသူက မလေးရှား လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး သူ့လုပ်ငန်း အတွေ့အကြုံပေါ် အခြေခံထားသည့် ကိုယ်ပိုင်သီအိုရီ တစ်ရပ်ကို တင်ပြလာခဲ့ကာ သူ၏သီအိုရီမှာ လက်ရှိ စုံစမ်းသိရှိထားရသမျှ အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို ယုတ္တိအရှိဆုံး အယူအဆ တစ်ရပ်လည်း ဖြစ်နေသဖြင့် နိုင်ငံတကာ သတင်းမီဒီယာများက သူ၏သီအိုရီကို အရေးတယူ ဖော်ပြခဲ့ကြသည်။

လေယာဉ်မှူးဟောင်း ခရစ္စဂွတ် ဖဲလိုး၏သီအိုရီကို အကျဉ်းချုံးဖော်ပြရလျှင် -
မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် သမုဒ္ဒရာကို ဖြတ်၍ပျံသန်းနေစဉ် တွဲဖက်လေယာဉ်မှူးက မလေးရှား လေကြောင်း ထိန်းချုပ်ရေးစခန်းသို့ နောက်ဆုံး နှုတ်ဆက်စကား ပြောကြားပြီး မကြာမီမှာပင် ချို့ယွင်းမှု တစ်ခုကြောင့် လေယာဉ်တက်သည့် အချိန်က လေယာဉ် ရှေ့ဘီးတာယာ လောင်ကျွမ်းပြီး ထွက်ပေါ်လာခြင်း ဖြစ်နိုင်ဖွယ်ရှိသော မီးခိုးများသည် လေယာဉ်မှူး အခန်းထဲသို့ စတင် ဝင်ရောက်လာခဲ့သည်။

ထို့ကြောင့် လေယာဉ်မှူးသည် ၎င်းလေ့ကျင့် သင်ကြားထားသည့်အတိုင်း လေယာဉ်ကို အနီးဆုံး လေဆိပ်တစ်ခုသို့ ဆင်းသက်နိုင်ရန်အတွက် လေယာဉ်ကို လမ်းကြောင်း ပြောင်းခဲ့သည်။

အသင့်လျော်ဆုံးနှင့် အနီးဆုံး လေဆိပ်မှာ ပူလောလန်ကာဝီ လေဆိပ် ဖြစ်ပြီး ထိုလေဆိပ်တွင် ပေ ၁၃၀၀၀ ရှည်လျားသော လေယာဉ် ပြေးလမ်းလည်း ရှိသည်။ လေယာဉ်မှူးသည် လေယာဉ်၏ ကွန်ပျူတာစနစ်တွင် လေယာဉ် ပျံသန်းမည့် လမ်းကြောင်းကို ပြောင်းလဲ ထည့်သွင်းလိုက်သဖြင့် အလိုအလျောက် မောင်းစက်သည် လေယာဉ်ကို အနောက်ဘက်သို့ ကွေ့စေပြီး လေယာဉ် ပြေးလမ်းရှိရာ လမ်းကြောင်းအတိုင်း ပျံသန်းစေခဲ့သည်။ (ရေဒါ အချက်အလက်များအရ လေယာဉ်သည် အမှန်တကယ် ထိုလမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်)
ထို့နောက် လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးတို့သည် မီးခိုးနှင့် မီးတောက်များ ထွက်ပေါ်ရာနေရာနှင့် အကြောင်းအရင်းကို ရှာဖွေရန် ကြိုးစားရင်း အကြောင်းအရင်းကို ခွဲခွဲခြားခြား သိနိုင်ရန်အတွက် လျှပ်စစ်ဓာတ်ရှိသည့် ကိရိယာများကို ပိတ်ပစ်လိုက်ကြသည်။ ထိုကဲ့သို့ ပိတ်ပစ်သည့် အထဲတွင် မြေပြင်စခန်းသို့ သတင်းအချက်အလက်ပို့ ကိရိယာနှင့် စနစ်တို့လည်း ပါဝင်သည်။ (သို့သော် လေယာဉ်ကို ထိန်းကျောင်း ပျံသန်းနေသည့် အလိုအလျောက် မောင်းနှင်စက်ကိုတော့ ပိတ်မည် မဟုတ်ချေ)။ လေယာဉ်မှူး နှစ်ဦးသည် လေယာဉ်တွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေကြောင်း မြေပြင်စခန်းသို့ သတင်းပို့ရန် ပထမဆုံး ကြိုးစားမည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် လေထဲတွင် အရေးပေါ် အခြေအနေ ကြုံတွေ့ရပါ က လေယာဉ်မှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်မှာ (၁) ဆက်လက် ပျံသန်းနိုင်ရန် ကြိုးစားပါ၊ (၂) ပျံသန်းမည့် လမ်းကြောင်း သတ်မှတ်ပါ။ (၃) ဆက်သွယ်ပါ ဟူ၍ ဖြစ်သောကြောင့် ဆက်သွယ်ရန်မှာ နောက်ဆုံး အဆင့် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့ရာတွင် မီးခိုးများမှာ အချိန် အနည်းငယ်အတွင်း လေယာဉ်မှူး အခန်းထဲတွင် ပြည့်လာပြီး (လေယာဉ်ဘီးတာယာ မီးလောင်မှုက ထိုကဲ့သို့ အမှန်တကယ် ဖြစ်စေနိုင်သည်) လေယာဉ်မှူး နှစ်ဦးမှာ သတိလစ်သွားခဲ့သည် သို့မဟုတ် သေဆုံးသွားခဲ့သည်။

မီးခိုးများသည် လေယာဉ် နောက်ခန်းဆီထိ ရောက်ရှိသွားပြီး ခရီးသည်များနှင့် လေယာဉ် ဝန်ထမ်းများပါ မီးခိုးဒဏ်ကို ခံစားလိုက်ကြရသည် သို့မဟုတ် လေယာဉ်မှူး အခန်းတံခါးသည် သော့ပိတ်ထားသဖြင့် မည်သူမျှ လေယာဉ်မှူး အခန်းထဲသို့ ဝင်ရောက်ပြီး လေယာဉ်၏ အခြေအနေကို ကြည့်ရှုကာ လေယာဉ်ကို မြေပြင်ပေါ်သို့ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရန်အတွက် ကြိုးစား အားထုတ်နိုင်ခြင်း မရှိတော့ချေ။ (တစ်စုံတစ်ဦးက လေယာဉ်မှူး အခန်းထဲသို့ ရောက်သွားခဲ့ပြီး လေယာဉ်မှူးများ သတိလစ်နေသည်ကို တွေ့လျှင်သော်မှ လေယာဉ်၏ လျှပ်စစ်စနစ် အများစုမှာ ပိတ်ထားပြီးသား သို့မဟုတ် ပျက်စီးနေပြီးသား ဖြစ်သဖြင့် လက်တွေ့တွင် လေယာဉ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ရေး ကြိုးစားရန်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ) 

လေယာဉ်ကို ဆင်းသက်ရန်အတွက် အလိုအလျောက် မောင်းနှင်စက်ကို ညွှန်ကြားမည့်သူ တစ်ဦးတစ်ယောက်မျှ သတိရလာခြင်း မရှိသဖြင့် လေယာဉ်သည် ၎င်း၏ ကွန်ပျူတာစနစ်ထဲ ထည့်သွင်းထားသည့် လမ်းကြောင်းအတိုင်း ပူလောလန်ကာဝီကို အပေါ်မှ ဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာဘက်သို့ ပျံသန်းသွားခဲ့သည်။ လေယာဉ် အင်ဂျင်၏ ပျံသန်းမှု သတင်းပို့စနစ်မှာမူ ဂြိုဟ်တုသို့ အချက်အလက်များ အလိုအလျောက် ဆက်လက် ပေးပို့နေခဲ့သည်။ အထက်ပါအတိုင်း ဖြစ်ပွားပြီး ၆ နာရီ သို့မဟုတ် ၇ နာရီခန့် ကြာမြင့်ပြီးသည့် နောက်တွင်မူ လေယာဉ်သည် ဆီကုန်သွားပြီး ပျက်ကျ သွားတော့သည်ဟူ၍ ဖြစ်သည်။

ခရစ္စဂွတ်ဖဲလိုး၏ သီအိုရီမှာ လေယာဉ်ပျံသန်းမည့် လမ်းကြောင်းကို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်ခြင်း၊ အဆက်အသွယ် ပြတ်တောက် သွားပြီးနောက် လေယာဉ်မှာ ၇ နာရီခန့် ဆက်လက် ပျံသန်းနေခဲ့သေးခြင်း စသည့် လက်ရှိ စုံစမ်းသိရှိထားရသည့် အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို စိတ်ကူးယဉ်ဆန်သော ကြိုတင် ကြံစည်မှုများ၊ အဖြစ်အပျက်များလည်း မပါမဝင်သဖြင့် လတ်တလောတွင် နိုင်ငံတကာ သတင်းမီဒီယာများကရော၊ လေ့လာသုံးသပ်သူ များကပါ အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး သီအိုရီတစ်ခုအဖြစ် သတ်မှတ်လျက် ရှိကြသည်။

The Voice Weekly
ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဆရာဝန်များ အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့သည့် ခြေလေးချောင်းပါကလေးငယ် နေရပ်သို့ ကျန်းမာစွာပြန်ပြီ

ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဆရာဝန်များ အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့သည့် ခြေလေးချောင်းပါကလေးငယ် နေရပ်သို့ ကျန်းမာစွာပြန်ပြီ
Wednesday, March 19, 2014

ရှမ်းပြည်နယ်မှ ခြေထောက်လေးချောင်းပါ ကလေးငယ်ကို လူကောင်းပကတိဖြစ်အောင် ပြည်တွင်းဆရာဝန်များအဖွဲ့က ရန်ကင်းကလေးဆေးရုံကြီးတွင် အောင်မြင်စွာခွဲစိတ် ကုသမှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

အဆင့် ၄ ဆင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ဒုတိယအဆင့်၌ အချိန် ၁ဝ နာရီကျော် ယူခဲ့ရသော ယင်းခွဲစိတ်မှုမှာ မြန်မာ့ဆေးပညာ လောက၌ အချိန်အကြာဆုံးနှင့် ပထမဦးဆုံး ခွဲစိတ်မှုတစ်ခုလည်းဖြစ်ပြီး ကလေးငယ်မှာကျန်းမာစွာဖြင့် ဆေးရုံမှဆင်းသွားပြီဟု သိရသည်။

ခွဲစိတ်မှုတွင် ပါဝင်သူ ရန်ကင်းကလေးဆေးရုံ အုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ''ရင်ချင်းဆက် စတာတွေကို ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူးပေမယ့် ခြေထောက်အပိုပါတာကို 
ခွဲစိတ်တာက ဒါပထမဦးဆုံးပါပဲ''ဟုပြောသည်။ 

ရှမ်းပြည်နယ် ပင်လုံမြို့နယ်ထဲမှ လွယ်မွတ်ကျေးရွာ တွင် နေထိုင်သည့် တောင်သူမိသားစုမှ မွေးဖွားလာသော အဆိုပါ ကလေးငယ်မှာ မိန်းကလေးဖြစ် ပြီး ခွဲစိတ်မှုကို ပြီးခဲ့သော ၂ဝ၁၃ ခုနှစ် ဇူလိုင်လက ရန်ကင်းဆေးရုံတွင် စတင် ပြုလုပ်ခဲ့သည် ဟု ဆေးရုံမှတ်တမ်းများ အရ သိရသည်။

ရန်ကင်းဆေးရုံသို့ ၂ဝ၁၃ ခုနှစ် မေလထဲတွင် ရောက်လာခဲ့ပြီး ၁၁ လ ကျော်အကြာ တက်ရောက်ခဲ့သူ ယင်းက လေးငယ်၏ ကျန်းမာရေး အခြေအနေ ကို စောင့်ကြည့်၍ စိတ်ချရသည့်အတွက် ၂ဝ၁၄ မတ်လထဲတွင် ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း ရန်ကင်းကလေးဆေးရုံ က အတည်ပြု ပြောသည်။ ယင်းကလေးငယ်ကို သုံးလသား 
အရွယ်တွင် လွိုင်လင်ခရိုင် ဆေးရုံသို့တင်ခဲ့ပြီး ထိုမှ တောင်ကြီးဆေးရုံသို့ ဆက်တင်ကာပြီးမှ ရန်ကင်းဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ခွဲစိတ်စဉ် ဆေးရုံတွင် ပရိုဂျက်တာဖြင့် တိုက်ရိုက်ပြသပေးခဲ့သည်။ ငွေကြေးကူညီသူ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ''ရှမ်းပြည်နယ် အစိုးရအဖွဲ့ကနေ 
ပို့လိုက်လို့ သိရတဲ့အတွက် တာဝန်ယူပေးတာပါ''ဟု ပြော သည်။ ယင်းကလေးငယ်ကဲ့သို့ အလားတူ ခြေနှစ်ချောင်းအပိုပါသော ဒိုက်ဦးမှ ကလေးငယ်တစ်ဦးသည်လည်း ရန်ကင်း ဆေးရုံသို့ ထပ်မံရောက်ရှိနေသည်ဟု သိရသည်။

Popular Myanmar News Journal ရှမ်းပြည်နယ်မှ ခြေထောက်လေးချောင်းပါ ကလေးငယ်ကို လူကောင်း ပကတိဖြစ်အောင် ပြည်တွင်း ဆရာဝန်များအဖွဲ့က ရန်ကင်းကလေးဆေးရုံကြီးတွင် အောင်မြင်စွာခွဲစိတ် ကုသမှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ အဆင့် ၄ ဆင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ဒုတိယအဆင့်၌ အချိန် ၁ဝ နာရီကျော် ယူခဲ့ရသော ယင်းခွဲ စိတ်မှုမှာ မြန်မာ့ဆေးပညာ လောက၌ အချိန်အကြာဆုံးနှင့် ပထမဦးဆုံး ခွဲစိတ်မှုတစ်ခုလည်းဖြစ်ပြီး ကလေးငယ်မှာကျန်းမာစွာဖြင့် ဆေးရုံမှဆင်းသွားပြီဟု သိရသည်။

''' ၈ နှစ်သားလေးနဲ့ အတူအိပ်ခဲ့တဲ့ အမျိုးသမီး ထောင် ၂ နှစ်ကျ''

 
 
 
 
 
 
 တလောက အသက် ၄၁ နှစ်အရွယ် တက္ကသိုလ် ဆရာမနဲ့ အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား  ခိုးပြေးကြတဲ့ သတင်းထက် အခုကိစ္စက ပိုစိတ်ဝင်စားစရာ ကောင်းမယ် ထင်ပါတယ်။
အခုကိစ္စက အသက် ၈ နှစ်သာ ရှိသေးတဲ့ ယောက်ျာလေးငယ် တဦးနဲ့ အသက် ၁၆ နှစ် မိန်းကလေးတို့ ကိစ္စပါ။

စကတ်အောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်ခြင်းသည် တရားဝင်ကြောင်း တရားရုံးကအမိန့်ချမှတ်

Myawady News's photo.
မိန်းကလေးတွေရဲ့ စကတ်အောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်တာ ဟာ တရားဝင်တယ်လို့ မက်ဆာချူးဆက်ပြည်နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်နယ်ရဲ့ မြေအောက်ရထားလိုင်းမှာ ဖုန်းနဲ့ မိန်းကလေးတွေကို ဓာတ်ပုံခိုးရိုက်နေတဲ့ မိုက်ကယ်ရောဘတ်ဆန်ဆိုတဲ့လူကို၂၀၁၀သြဂုတ်လမှာရဲကဖမ်းမိပြီး အောက်တရားရုံးကစွဲချက်တင်ခဲ့ပေမဲ့ အထက်တရားရုံးက ပြန်လည်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။