Wednesday, November 20, 2013

မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက်၌ အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် မိခင်ဖြစ်သူတို့ လည်ပင်း ဓားဖြင့်လှီး၍ အသတ်ခံရ

 
မနှင်းအေးဝေ အသတ်ခံရသည့် နေအိမ် အိပ်ခန်းနေရာ(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်) 
နိုဝင်ဘာ ၁၉ ရက် နံနက် ၁ နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက် ဘောဂ ၂ လမ်းရှိ နေအိမ်တစ် အိမ်၌ အသက်ကိုးနှစ်အရွယ် လေးတန်းကျောင်းသူ တစ်ဦးနှင့် မိခင်ဖြစ်သူတို့ လည်ပင်းအား ဓားဖြင့် လှီးသတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူများနှင့် သေဆုံးသူ၏ ဆွေမျိုးများထံမှ စုံစမ်းသိရှိရသည်။ 

"ရှစ်နှစ်ကျော်မှ ပြန်လည် ပြသခွင့် ရခဲ့သော ဆန်ခါတင် အကယ်ဒမီ စာရင်းဝင် မော်ကင်းဥဒါန်း ရုပ်ရှင် ဇာတ်ကားကြီး"

"ရှစ်နှစ်ကျော်မှ ပြန်လည် ပြသခွင့် ရခဲ့သော ဆန်ခါတင် အကယ်ဒမီ စာရင်းဝင် မော်ကင်းဥဒါန်း ရုပ်ရှင် ဇာတ်ကားကြီး"


ဆင်ဆာ ပိတ်ပင်ထားခံ ရတာကနေ ရှစ်နှစ်ကျော် ကြာမြင့် ပြီးနောက် မှ ပြန်လည် ပြသ ခွင့်ရခဲ့တဲ့ “မော်ကင်းဥဒါန်း” ရုပ်ရှင် ဇာတ်ကားကြီး အကြောင်း ကို တင်ပြမှာဖြစ်ပါတယ်။ ယင်းဇာတ်ကားကြီးကို ၂ဝဝ၃ ခုနှစ်လောက်က ရိုက်ကူး ဖန် တီးခဲ့ကြတာ ဖြစ်ပါတယ်။

Lucky Seven ရုပ်ရှင် ထုတ်လုပ်ရေး အတွက် “မော်ကင်းဥဒါန်း” ရုပ်ရှင် ဇာတ်ကားကြီး ဒါရိုက်တာ ဝေမှိုင်းညို က ရိုက်ကူး ဖန်တီးပေးခဲ့ တာ ဖြစ် သလို၊ ဒါရိုက် တာ ဝေမှိုင်းညို ကိုယ်တိုင်ပဲ ဇာတ်ညွှန်း ရေး သားခဲ့တာ ဖြစ်ပါ တယ်။ တနင်္သာရီတိုင်း ၊မကြုံ အလက် ကျေးရွာမှာ အခြေပြုပြီး ပင်လယ်ပြင် နဲ့ မြိတ်ကျွန်းစု ရဲ့ ကျွန်းများ မှာ လှည့်လည်ကာ တစ်လ ကြာမြင့်တဲ့ အထိ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကား ကြီးတစ် ကားဖြစ်ပြီး ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေ ကတော့ အကယ်ဒမီ ညွန့်ဝင်း၊ အကယ်ဒမီ ကျော်ဟိန်း၊ အကယ်ဒမီ လူမင်း၊ နိုင်းနိုင်း၊ သူထူးစံ၊ အကယ်ဒမီ နန္ဒာလှိုင်၊ နန္ဒ၊ ဗျိုက် တို့က အဓိက သရုပ် ဆောင် များအဖြစ် ပါဝင် သရုပ်ဆောင် ခဲ့ကာ “မော်ကင်းဥဒါန်း” ရုပ်ရှင် ဇာတ်ကားကြီးကို အသက် သွင်းခဲ့ကြ ပါတယ်။

ဆလုံဘာသာ စကားအရ “မော် ကင်း” ဆိုတာက “ရေငုပ်နိုင်တဲ့သူ”၊ “ဥဒါန်း” ဆိုတာက “ဟစ်ကြွေးမှု”လို့ သိရပါတယ်။ ၂ဝဝ၃ ခုနှစ်လောက်က တည်းက ဖန်တီးခဲ့တဲ့ ရုပ်ရှင် ဇာတ် ကားကြီးဖြစ်တာမို့ ရုပ်ပိုင်း ကွာလတီ နဲ့ အသံပိုင်း ဆိုင်ရာတို့ဟာ အနည်း ငယ်ခေတ် နောက်ကျနေပြီ ဖြစ်ပေမယ့် ယခုနှစ်၂ဝ၁၂ ခုနှစ် အကယ်ဒမီ ဆန် ခါ တင် စာရင်းတော့ ဝင်နေပြီဖြစ် ပါတယ်။

“မော်ကင်းဥဒါန်း” ဇာတ်ကား ကို ကိုယ်တိုင် ဇာတ်ညွှန်း ရေးသား ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဝေမှိုင်းညို ဟာ အခုအချိန်မှာ ကွယ်လွန် သွားခဲ့ပြီ ဖြစ်သလို၊ တွဲဖက် ဒါရိုက်တာ အဖြစ် ပါဝင်ဖန်တီးခဲ့သူ တစ်ဦးလည်း ဖြစ်၊ တည်းဖြတ်အပိုင်း ကိုလည်း တာ ဝန်ယူလုပ်ပေးခဲ့တဲ့ တည်းဖြတ် တာ တီးလည်း ကွယ်လွန် သွားခဲ့ပြီလို့ သိရတဲ့ အပြင် ဓာတ်ပုံ အကယ်ဒမီ ဆုများရှင် ဦးကိုကိုဌေး လည်း ကွယ်လွန်သွား ခဲ့ပြီလို့ သိရပါတယ်။

အနုပညာရှင် သရုပ်ဆောင်ထဲ ကဆိုရင် “ဗျိုက်”လည်း အခုအချိန်မှာ ကွယ်လွန် သွားခဲ့ပြီဖြစ်သလို၊ အကယ်ဒမီ ဦးကျော်ဟိန်း ဟာလည်း ယခု အချိန်မှာ သာသနာ့ဘောင် အတွင်း ကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

ထို့ကြောင့်လည်း ယခုနှစ် အကယ်ဒမီ ဆန်ခါတင် စာရင်းဝင် တဲ့ ဇာတ်ကား ခုနစ်ကား အနက် “မော်ကင်း ဥဒါန်း” ဇာတ်ကား ဟာ ထူးခြားဆုံး ဆန် ခါတင်စာရင်းဝင် ရုပ်ရှင် ဇာတ် ကား ကြီး တစ်ကားပဲဖြစ်ပါတယ်။

ဒါ့ကြောင့် “မော်ကင်းဥဒါန်း” ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ အနုပညာ ရှင်များဖြစ် တဲ့ အကယ်ဒမီ လူမင်း၊ သူထူးစံ၊ နန္ဒတို့အပြင် Lucky 7 ထုတ်လုပ်ရေး၊ အသံပိုင်းဆိုင်ရာ အတတ်ပညာရှင် ဦးစံလှိုင်တို့ အကယ်ဒမီ ရင်ခုန်သံနဲ့ အတူ ဇာတ် ကားရိုက်ကူးစဉ်က အတွေ့အကြုံ အမှတ်တရ များကို မေးမြန်းဖော်ပြ ပေးလိုက်ပါတယ်။

ဦးစံလှိုင် (အသံပိုင်းဆိုင်ရာပညာရှင်)

“လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်း ကဆိုတော့ အဲဒီတုန်းက အသံဖမ်း ရတာ Mono အဆင့်ပဲရှိ သေးတယ်။ ကျွန်တော် အဲဒီတုန်းက Nagra 4.2 အသံ ဖမ်းစက် နဲ့ ဖမ်းခဲ့ တာ။ အဲဒီတုန်း က Nagra 4.2 က နာမည်ကြီးပဲ။ အခုနောက်ပိုင်းမှ ဒစ်ဂျစ်တယ် တွေပေါ်လာပြီးတော့ တိုးတက်လာ တာ။ ပြီးတော့ အဲဒီတုန်းက အသံဖမ်း ရတာက အခက် အခဲတွေ အများကြီး ရှိခဲ့တယ်။ ပင်လယ်ပြင် ဆိုတော့ အသံဖမ်းရာမှာ အခက်အခဲရှိတာ ပေါ့ ။လေသံ၊လှိုင်းသံတွေ လွတ် အောင်ပေါ့။ တချို့နေရာတွေ ဆိုရင် မိုက်တွေကို ဖွက်ပြီးတော့ ဖမ်းခဲ့ရ တယ်။ အဲဒီ ခေတ်က FM မိုက်က မရှိသေးဘူး။ မရှိတော့ ရိုးရိုးမိုက် ကိုပဲ ဖွက်ပြီး၊ ကြိုးတွေကို သဲတွေနဲ့ ဖုံးဖိပြီးတော့ ဖြစ်အောင် ဖမ်းခဲ့ရ တာပေါ့။ အထူးသဖြင့် အဲဒီတုန်းက မိုက်တွေရဲ့ Wind Shikd မလုံ တော့ သပွတ်အူ တို့ ဘာတို့မှာ ဗမာ့ နည်း၊ ဗမာ့ဟန်နဲ့ တဘက်အမွေး ပွတွေကို စွပ်ပြီးတော့ ဖမ်းခဲ့ ရတာ ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ပင်လယ်ပြင်ရှုခင်း ကိုအသားပေးရိုက် တော့ မိုက်တွေက အဝေးကနေပဲ ဆွဲ ဖမ်းရတယ်။ 
အဲဒီတုန်းက အသံ ဖမ်းရ တာမှာ အခက်အခဲဆုံး နဲ့ အမှတ်ရ ဆုံးအခန်းကတော့ “မော်ကင်းဥဒါန်း” စစချင်းမှာ ကိုလူမင်း ပင်လယ်ကို မီး ရှို့တဲ့အခန်းပဲ။ အဲဒီမှာ ပြဿနာ တက်ကြတာပဲ။ မနည်းကို အသံ ရ အောင် ဖမ်းရတယ်။ အဝေးက နေရအောင် ဖမ်းယူရတယ်။ အဲဒီမှာ ပင်လယ် မီးလောင်အောင် မနည်းရှို့ ရတယ်။ ချက်ချင်း မီးမလောင်ဘူး လေ။ အဲဒီ အသံကို ရအောင် မနည်း လုပ်ရတယ်။ အဲဒီ မှာရသလောက် အသံလေးကို ယူပြီး ရန်ကုန်ပြန် ရောက်မှ အသံပြန် သန့်စင်ပြီးတော့ အကုန်ပြန် လုပ်ရတယ်။ ရုပ်ရှင်မှာ အသံက အရေး ကြီးတယ်လေ။ အသံ မပီရင် ဇာတ်လမ်း ဇာတ်ကွက် လည်း ထိရောက်မှု မရှိနိုင်ဘူးလေ။ ကျွန်တော်တို့ အဲဒီမှာ ရတုန်းက တောင် တိုက်ရိုက် အသံရအောင် မနည်း ယူခဲ့ ရတယ်။ ဒါတောင်မှ သဘာဝအတိုင်း ဖြစ်အောင် ရီဟာဇယ် လုပ်ရင်းနဲ့ တစ်ခါတည်း အရယူ ရတယ်။ တိုက် ရိုက် အသံတွေကိုလည်း ရအောင် ယူခဲ့ရ တယ်။ နောက် ပြီး အဲဒီတုန်းက Mono ခေတ်ကိုး။ အခုခေတ် နဲ့ကျ တော့ အဆင့် မမီတော့ဘူး။ အဲဒီတုန်း က ပြခဲ့မယ် ဆိုရင်တော့ ဒီကားက အသံ အကောင်းဆုံးပဲ။ ဒီဘက် Stero ခေတ်ရောက်တော့ အသံကို မယှဉ် နိုင်တော့ဘူး။ ရိုက်ပြီးခါစ Trial Show ပြသပြီးတော့ အပိတ်ခံလိုက်ရတယ်။ ပိတ်ခံရတော့ လည်း အကောင်း ဆုံး လုပ်ထား တာလေး တစ်ခု သွား ပါပြီလို့ ခံစားရတာပေါ့။ ဒီကား ကြီးက အမှတ်တရ အဖြစ်ဆုံးပဲ။ တခြား ကားတွေနဲ့ မတူဘူး။ ရိုးရိုး သာမန်ကားတွေ ထက် ခဲရာ ခဲဆစ်ရှိ ခဲ့တယ်။ အကယ်ဒမီ ကို အသံဆု အတွက် နဲ့တော့ မမျှော်လင့်ပါဘူး။ အသံ အကယ်ဒမီဆု ဆိုတာ ရခဲတဲ့ ဆုတစ်ဆုပါ။ ဒီ “မော်ကင်းဥဒါန်း” ရုပ်ရှင် ဇာတ်ကားကြီးထဲ မှာ ပါဝင်တဲ့ အနုပညာရှင်တွေရော၊ စက်အဖွဲ့ ရော၊ အသံအဖွဲ့တွေရော တကယ် ကို ကြိုးကြိုးစားစား နဲ့ လုပ်ခဲ့ကြရ တယ်။ အကယ်ဒမီ ကိုတော့ မမျှော် လင့်ထားပါဘူး”

မအေးအေးဝင်း

( Lucky Seven Flim &Video Production & Distribution)

“ဒီဇာတ်ကားရဲ့ အဓိက ရည် ရွယ်ချက်က တိုင်းရင်းသား လူမျိုး စု တွေပေါ့နော်။ မော်ကင်း ဆိုတာ လူ တော်တော် များများ မသိကြ ဘူး။ မော်ကင်း ဆိုတာ ဆလုံ လူမျိုး ကိုခေါ်တာပေါ့။ ဒီနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကြားထဲမှာ သူတို့ ရဲ့ စွမ်းအင်ပေါ့နော်။ သူများနဲ့ မတူ ကွဲပြားတဲ့ စွမ်းအားတွေ ရှိတယ်။ ဆလုံ လူမျိုးတွေ က ရေထဲ မှာ အကြာ ကြီးနေနိုင်တယ်။ သူတို့ရဲ့ သဘာဝ က ရေထဲမှာ နာရီပေါင်း မြောက်မြား စွာ နေနိုင်တယ်ပေါ့။ တစ်မူထူးခြား တဲ့ လူမျိုး တစ်မျိုးပေါ့။ လူဦးရေ က လည်း အင်မတန် နည်းပါတယ်။ သူ တို့ရဲ့ ဘဝ ဇာတ်ကြောင်းတွေကို ရိုက်ချင်တယ်။ အဲဒီကနေ တစ်ဆင့် ပရိသတ်တွေ အနေနဲ့ သူတို့ဘဝ အခြေအနေ ကို ထင်ထင် ရှားရှား ပေါ်ပေါ် လွင်လွင် သိစေချင်တယ်။ ငယ်ငယ်တုန်း ကသာ ကျောင်းတွေမှာ ဆလုံ လူမျိုးဆိုပြီး သင်ရတာ ရှိတယ်။ ထဲထဲဝင်ဝင် မသိကြဘူး။ ဒါကြောင့် ဒီ သူတို့ရဲ့ စွမ်းအင်တွေ အကြောင်း၊ သူတို့ရဲ့ အလေ့အထတွေ အကြောင်း သိသင့် တယ် ထင်လို့ ဒီဇာတ်ကားကို ရိုက်ဖြစ်သွားတာ။ ဒီဇာတ်ကားက လွန်ခဲ့တဲ့ ၁ဝနှစ်လောက် က ပြသမှု ကို ဆိုင်းငံ့ ခံထားရတယ်။ တိုင်းရင်း သားတွေ ရဲ့ဘဝ၊  စရိုက်တွေကို ဖော်ကျူး ရိုက်ကူးထားတာ ဆိုတော့ အဲဒီတုန်းက သက်ဆိုင်ရာတွေ အနေ နဲ့ တိုင်းရင်း သား တချို့ အပေါ် အမြင် မကြည် တာမျိုးတွေ ရှိခဲ့တာပေါ့။ အခုကျတော့ တိုင်းရင်းသားတွေ ကို ဖော်ထုတ် ကြတယ်။ တန်းတူ ညီတူ လုပ်ခွင့်ပေးတာပေါ့နော်။ အခု ကုမ္ပဏီ အနေနဲ့ အထက်ကို အသနား ခံတင် လိုက်တဲ့အချိန်မှာ သူတို့က ခွင့်ပြုချက် ပေး ခဲ့တာပေါ့။ ဒီဇာတ် ကားကို အဓိက ရည်ရွယ်တဲ့ Main Theme က နယ်စပ်တွေ မှာ နေ ထိုင်တဲ့ လူတွေ၊ ရေပိုင်နက်တွေမှာ နေထိုင်တဲ့ တိုင်းရင်းသား လူမျိုးစုတွေ က ကျူးကျော်လာတဲ့ သူတွေကို ခုခံ ကာကွယ်တဲ့ တကယ့် အမှန်တရား တစ်ခုကို တည်ပြီး ရိုက်ကူး ခဲ့တယ်။ ဒီဇာတ်ကားထဲမှာ ဆိုရင် ကျွန်းထဲမှာ အလုပ် လာလုပ်တဲ့ ဟာကို ရွာခံ လူတွေက မောင်းထုတ်ပြီးတော့ ဆ လုံ လူမျိုးခေါင်းဆောင် တစ်ယောက် က မခံ မရပ်နိုင်ဖြစ်ပြီး တွန်းလှန်ခုခံ တဲ့ ဇာတ်ပေါ့နော်။ 

“မော်ကင်းဥဒါန်း” ကို ရုံတင်တော့ ပရိသတ် စိတ်ဝင် စားမှု ခံရတယ်။ ပရိသတ် ကြိုက်နှစ် သက်မှုကို ခံရတယ်။ ဗီဒီယို အနေနဲ့ မဖြန့်သေး ဘူးပေါ့နော်။ အကယ်ဒမီ ပေးပြီးမှ ဖြန့်မယ်ဆိုလို့ ရှိရင် ပရိသတ် က အခုကတည်း က မေးနေကြပြီ။ ဒါကတော့ အဓိက ပီတိဖြစ် သွား တာ ပေါ့နော်။ အကယ်ဒမီ ကျတော့ ကိုယ့် ရဲ့ ပျော်ရွှင်မှု တစ်ခုအနေနဲ့ပဲ သက် ဆိုင်လိမ့်မယ်။ အကြီးအကျယ် မမျှော် မှန်းထားဘူး။ ဒါပေမဲ့ အဲဒီ ဆလုံဒေသ အထိ သွားပြီး အပင်ပန်းခံ ကြိုး ကြိုးစားစား ရိုက်ကူးခဲ့တဲ့ သရုပ် ဆောင်တွေကိုတော့ ရစေချင်တယ်။ နေပူထဲမှာ နေ့ပေါင်း များ စွာ နေခဲ့ ရတယ်။ အဲဒီက ပြန်ရောက်လာ တော့ မှတ်တောင် မမှတ်မိကြ ဘူး။ လူတွေ အကုန်လုံးက မည်းသည်းနေ ကြတယ်။ ကိုလူမင်း၊ ဦးကျော်ဟိန်း တို့က တအား ကြိုးစားထားကြတယ်။ ဇာတ်ပို့ပိုင်း မှာဆိုရင် သူထူးစံ၊ ညီနန္ဒ တို့လည်း ကြိုးစား ထားတာပဲ။ ရ မယ်ဆို ဒီအုပ်စု ထဲကပဲ ရသွားလိမ့် မယ်လို့ ထင်တယ်။ ဘယ်လို ပဲဖြစ်ဖြစ် ဒီကားအပေါ် အားရ ကျေနပ်မှုရှိပါ တယ်”

လူမင်း

“အကယ်ဒမီက နှစ်တိုင်း သတင်းကြီး သလို ဖြစ်နေတယ် ။နှစ်တိုင်းလည်း လွဲတာပဲ ။ ဒီနှစ်လည်း စပြီး ကြီးပြန်ပြီ။ လွဲဦးမှာပဲလား ဆိုတော့ စောင့်ကြည့် ရဦးမှာပဲ။ ဒီနှစ် အကယ်ဒမီ က သိပ် ရင်မခုန် ဖြစ်ပါဘူး။ ဒီကား ရိုက်တုန်း ကလည်း နာမည်ကြီးတဲ့ အခန်းကို ကြိုက်တယ်။ ကိုယ့် အဖေ ပင်လယ်ထဲ မှာသေလို့ ပင်လယ်ကြီး ကို ပေါက်ကွဲ ပြီး မီးရှို့တဲ့အခန်းပေါ့။ အဲဒီကားလေး က အခက်အခဲတွေ အများကြီးဖြစ်ခဲ့တယ်”

သူထူးစံ 

“အဲဒီခေတ်မှာ က အဲဒီလောက်ထိ ကုန်ကျခံတဲ့ ကားတစ်ကားမှ မရှိဘူး။ ၈နှစ်လောက် ကြာမှ ထွက်လာတာ ဆိုတော့ ပရိသတ်တွေ ကြည့် ချင်တဲ့ အချိန်မှာ မကြည့်ရဘူး။ ဇာတ်လမ်း သဘော တရားက ခေတ်နဲ့ နည်းနည်း ကွာဟသွားတာ ရယ်၊ Up to date မဖြစ်တော့ဘူး။ အမှတ်တရ တွေကတော့ အများကြီးပါပဲ။ သရုပ်ဆောင်တွေ လည်း အများကြီးပါတယ်။ အဲဒီကားက အတွေ့ အကြုံတွေ အများကြီး ရှိတော့ ဘာပြောရမှန်း လဲတောင် မသိတော့ ဘူး။ အဲဒီကားနဲ့ ပတ်သက် ပြီးတော့ အစ်ကို့ဘဝ အပြောင်း အလဲ နည်းနည်း ရှိသွားတယ်။ အကယ်ဒမီ ကိုတော့ မပြောတတ် ဘူး။ အဲဒီကားမှာ ပါဝင်တဲ့ actor တွေက တအား တော်တယ်။ အတွေ့အကြုံတွေ လည်း အများ ကြီး ရခဲ့တယ်။ စိတ်ဓာတ်တွေလည်း ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ခဲ့တယ်”

နန္ဒ

“အဲဒီဇာတ်ကား ရိုက်တဲ့အချိန်မှာ ကျွန်တော့် အစ်ကို ဗျိုက်လည်း ပါတယ်။ အားလုံးက ထင်ကြတာက ဒီ ဇာတ်ကားက ၇နှစ်လောက် ရုံတင်တာ နောက် ကျသွား တဲ့ အတွက် ဗျိုက်ရဲ့ နောက်ဆုံး ဇာတ်ကားလို့ ထင်ကြတယ်။ တကယ်တမ်းတော့ မဟုတ်ဘူး။ အဲဒီတုန်းက သူ အစာအိမ် ဖြစ်နေတယ်။ ကျွန်တော်တို့ သွားရတဲ့ ခရီးက လည်းဝေးတယ်။ လူအပိုလည်း ခေါ်လို့ မရဘူး။ ဗျိုက်က အစာအိမ် အချဉ်ပေါက်တယ်။ ဆရာဝန် နဲ့ပြတော့ ခရီးသွားလို့ ရတယ် ဆိုလို့ လိုက်သွား ကြတာ။ ဦးကျော်ဟိန်း တို့ကအစ မနန္ဒာ၊ ကိုလူမင်း တို့ကအစ ဝိုင်း ဂရုစိုက်ကြပါတယ်။ ကျွန်တော် ဇာတ်ကားကြီးကို ရိုက်ပြီးတဲ့ အချိန်မှာ ပြန်ကြည့်တော့ ကျွန်တော် ကြိုက်တာ ကိုသူထူး စံပေါ့။ သူ တအားကောင်းတယ်။ သူ့ရဲ့ပုံစံနဲ့ ဇာတ်ရုပ်နဲ့ ကိုက်ညီတယ်။ ခုနစ်နှစ်ကြာမှ ရုံ တင်တော့လည်း ပြန်ကြည့်ဖြစ်တယ်။  ခုနစ် နှစ် ကြာသွားတော့ ခေတ်လည်း နည်း နည်း နောက်ကျ သွားတယ် လို့ခံစားရတယ်။ ဆလုံ လူမျိုးတွေနေတဲ့ ရွာကမ်းစပ်မှာ ရှိတဲ့ရေပြင် ပေါ်ကနေ ခြေတံရှည် အိမ်ဆောက်ပြီး တည်းခဲ့ ရတယ်။ ဆလုံ လူမျိုးတွေ နဲ့ နီးနီး ကပ်ကပ်ကို တွေ့ခဲ့တယ်။ ကျွန်တော် ကတော့ ဆလုံ လူမျိုး မလုပ်ရဘူး။ ပင်လယ်ဓါးပြလို့ ပုံစံမျိုး သရုပ် ဆောင် ရတာပေါ့။ ဒီ ဇာတ်ကားက ဘဝ မှာမေ့လို့ မရတဲ့အမှတ် တရတွေအများ ကြီး ပါ ပဲ။ တအား  ပံပိုးမှု ကောင်းလို့သာ သွား ရိုက်ဖြစ်တာပါ။

ထက်လူလူ
ဆင်ဆာ ပိတ်ပင်ထားခံ ရတာကနေ ရှစ်နှစ်ကျော် ကြာမြင့် ပြီးနောက် မှ ပြန်လည် ပြသ ခွင့်ရခဲ့တဲ့ “မော်ကင်းဥဒါန်း” ရုပ်ရှင် ဇာတ်ကားကြီး အကြောင်း ကို တင်ပြမှာဖြစ်ပါတယ်။ ယင်းဇာတ်ကားကြီးကို ၂ဝဝ၃ ခုနှစ်လောက်က ရိုက်ကူး ဖန် တီးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆုံးဖြတ်ချက် ကုလ အတည်ပြု

ရိုဟင်ဂျာတွေကို နိုင်ငံသားပေးဖို့ ကုလဆုံးဖြတ်
မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းတွေကြား ငြိမ်းငြိမ်းချမ်းချမ်း အတူတွဲ နေထိုင်နိုင်ကြဖို့နဲ့ တဘက်ကိုတဘက် သည်းခံနိုင်ကြဖို့အတွက် ဘာသာကွဲတွေကြား ဆွေးနွေးမှုတွေကို အားပေးလုပ်ဖို့ အစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
 

အထိုင်များသော အလုပ်ကြောင့် စောစော စီးစီး သေဆုံးစေနိုင်

တစ်ခါထိုင်ရင် သုံးလေး နာရီကျော် ကြာတဲ့ သူတွေကို လေ့လာခဲ့ရာ စောစော စီးစီး သေဆုံး နိုင်ခြေ မြင့်မား နေတယ်လို့ လေ့လာမှု နှစ်ခု အရ သိရပါတယ်။

တိုင်း၊ ပြည်နယ် လွှတ်တော်များနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များ အချိတ်အဆက် လွဲနေဆဲဖြစ်

သက်ဆိုင်ရာဒေသအလိုက် ဖွံ့ဖြိုးရေးဆောင်ရွက်ရန် ကြန့်ကြာ

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သုံးနှစ်တာကာလ၀န်းကျင်သို့ ရောက်ရှိချိန်အထိ တိုင်း၊ ပြည်နယ် လွှတ် တော်များနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များအကြား ချိတ်ဆက် ဆောင်ရွက်နိုင်မှု အားနည်းနေ ဆဲဖြစ်ကာ အကောင်အထည်ပေါ်မှု နည်းပါးသေးသည်ဟု တိုင်းပြည်နယ်၊ လွှတ်တော် ဥက္ကဋ္ဌများ ၊ ဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များက မဇ္ဈိမကို ပြောသည်။

ဘားအံဆွေးနွေးပွဲ ကေအိုင်အိုတက်ရန် မသေချာသေး

လာမည့် ဒီဇင်ဘာလတွင် ဘားအံမြို့၌ ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဒုတိ ယအကြိမ် တွေ့ဆုံပွဲသို့ ကေအိုင်အိုမှ တက်ရောက်ရန် အာမမခံနိုင်သေးဟု ကချင်လွတ်မြောက်ရေးအ ဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားလိုက်သည်။

ယာဉ်မရပ်ရ လမ်းမကြီးများတွင် ရပ်ထားသောယာဉ် ၁၃၇ စီးအား ရှစ်ရက်အတွင်း ဖယ်ရှား အရေးယူခဲ့


နိုဝင်ဘာ ၁၅ ရက်က ဗဟန်းမြို့နယ်အတွင်း စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်တစ်စီးကို ကရိန်းယာဉ်ဖြင့် ဖယ်ရှားအရေးယူစဉ်
ရန်ကုန်တိုင်းဒေသကြီး ယာဉ်မရပ်ရအဖြစ် သတ်မှတ်ထားသော လမ်းမကြီးများတွင် ရပ်နားထားသော ယာဉ်အစီးရေ ၁၃၇ စီးကို ရှစ်ရက်အတွင်း ဖယ်ရှား အရေးယူခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် သိရသည်။

လေကြောင်းဘေးကင်းရေး ပုဂ္ဂလိက ကုမ္ပဏီတွေကို ဖိတ်ခေါ်မည်

လေကြောင်းဘေးကင်းရေး ပုဂ္ဂလိက ကုမ္ပဏီတွေကို ဖိတ်ခေါ်မည်

မြန်မာ့လေကြောင်း လုံခြုံစိတ်ချဘေးကင်းရေးနဲ့ လေဆိပ်တွေရဲ့ အခြေအနေ တိုးတက်လာဖို့အတွက် ပြင်ပပုဂ္ဂလိက ကုမ္ပဏီတွေကိုငှားရမ်းဖို့ အစိုးရက ရည်ရွယ်နေကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ခရီးသွားတွေ တိုးတက်များပြားလာနေတာနဲ့အမျှ၊ လေယာဉ်မတော်တဆ ဖြစ်ပွားနှုန်းကလည်း ကမ္ဘာ့ပျမ်းမျှအဆင့်ထက် ၉ ဆရှိနေတယ်လို့ လေကြောင်းအာဏာပိုင်တွေကပြောပါတယ်။ အခုဆိုရင် မြန်မာ့လေကြောင်းကို အစိုးရက အင်တိုင်အားတိုက် တိုးခဲ့နေသလို၊ ပုဂ္ဂလိက လေကြောင်းလိုင်းတွေကလည်း ခရီးစဉ်တွေ တိုးခဲ့နေတာမို့ မတော်တဆဖြစ်ပွားမှု ပိုပြီးတိုးပွားလာမှာကို အစိုးရကစိုးရိမ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်းလေယာဉ် မတော်တဆမှု ၄ ကြိမ် ဖြစ်ပွားခဲ့ရာမှာ တစ်ကြိမ်မှာ လူသေဆုံးမှု ရှိခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအတွင်း လေယာဉ်ကွင်း  ၆၉ ခုထဲက ၃၂ ခုကို အဆင့်မြှင့်ပြီး လုပ်ကိုင်ဆောင်ရွက်ကြဖို့ ပြည်တွင်းကုမ္ပဏီတွေကို အစိုးရကဖိတ်ခေါ်မယ်လို့ သိရပါတယ်။ လေကြောင်းဝန်ဆောင်မှု တိုးတက်လာရေးနဲ့ လေဆိပ်တွေ အမြင်လှရေးအတွက် အခုလို ဖိတ်ခေါ်ဖို့ စီစဉ်နေတာဖြစ်ကြောင်း အရပ်ဘက်လေကြောင်းဌာန အရာရှိကြီးတစ်ဦးက ပြောပါတယ်။

အဓိက နိုင်ငံတကာလေဆိပ်ဖြစ်တဲ့ ရန်ကုန်လေဆိပ်ကို ခေတ်မီအောင် ပြုပြင်မွမ်းမံနေပေမဲ့ ကျန်တဲ့ ပြည်တွင်းလေဆိပ်တွေကတော့ ဆောင်ရွက်ပုံညံ့ဖျင်းနေတဲ့အပြင်၊ အခြေခံနည်းပညာနဲ့  လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာတွေလည်း ချို့တဲ့နေပြီး၊ တချို့နေရာတွေမှာ အရေးပေါ်ပြင်ဆင်မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက လေဆိပ်အများစုဟာ သေးငယ်ပြီး၊ လုံခြုံဘေးကင်းရေးအတွက်လည်း အန္တရာယ်ရှိတယ်လို့ တချို့လေဆိပ်တွေမှာ လုံခြုံရေးပစ္စည်းတွေတပ်ဆင်ဖို့ ကန်ထရိုက်ရရှိထားတဲ့ ဂျပန် ဆူမီတိုမို ကော်ပိုရေးရှင်း ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

အမေရိကန်ဒေါ်လာသန်း  ၁၅၀ ကုန်ကျမယ့် ရန်ကုန်လေဆိပ် ပြုပြင်မွမ်းမံရေးလုပ်ငန်းကို Asia World ကုမ္ပဏီက ဦးဆောင်နေပြီး၊ မန္တလေးလေဆိပ်ကို ဂျပန် မစ်ဆုဘီရှီ ကော်ပိုရေးရှင်း၊ ဟံသာဝတီလေဆိပ်သစ်ကို တောင်ကိုရီးယား Incheon ကော်ပိုရေးရှင်းတို့ လုပ်ကိုင်ခွင့်ရထားပါတယ်။ မြန်မာ့လေကြောင်း လုံခြုံစိတ်ချဘေးကင်းရေးနဲ့ လေဆိပ်တွေရဲ့ အခြေအနေ တိုးတက်လာဖို့ အတွက် ပြင်ပပုဂ္ဂလိက ကုမ္ပဏီတွေကိုငှားရမ်းဖို့ အစိုးရက ရည်ရွယ်နေကြောင်း ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။

ပြုံးနေတဲ့ သူကို သတိထားကြပါ

လတ်တလော မြန်မာနိုင်ငံရေး ပတ်ဝန်းကျင်မှာ သောင်းသောင်းပျပျ အသံလွင်နေ တာတဲ့ ခြေဥ ပြင် မလား သစ်မလားဆိုတဲ ပြင်သစ်ကိစ္စပဲဖြစ်သည်။တိုင်းရင်းသား ပါတီတွေနဲ့နိုင်ငံရေး ပညာ ရှင်တွေ ကတော့ ခြေ/ဥ ပြင်ဆင်ဖို့လိုတယ် လို့ဆိုပါသည်။အမှန်တကယ်လဲ လိုပါသည်။ ပြည်သူ အကျိုး စီးပွားအတွက် ပိတ်ဆို့ နေသော ခြေ/ဥပါအချက်တွေကိုပြင်ဆင်ဖို့လိုပါသည်။ပြင်ဆင်ဖို့ရာအတွက်လည်း
လွှတ်တော်မှာ တရားဥပဒေနဲ့အညီကော်မရှင် ဖွဲ့စည်းပေးထားပြီး ပြင်ဆင်လိုတဲ့ အချက်တွေကို ဒီဇင် ဘာလကုန်မှာ တင်သွင်းကြဖို့ ခွင့်ပြုထားပါသည်။သို့သော် NLD ပါတီ အနေနဲ့ လွှတ်တော် ကလည်း ပြင်ဆင်ဖို့ ကော်မရှင် ဖွဲ့စည်း ပေးထားပါလျှက် ပြည်သူ့အသံ ၊ ပြည်သူဆန္ဒ ဆိုတဲ့ စကားလုံးတွေနဲ့ ပွဲအစကို ကဆုန်ပေါက် ထွက်လာတာဟာ ဘာရည်ရွယ်ချက်လဲဆိုတာ သူကိုယ်တိုင်တော့ ကောင်းကောင်း သိနေမှာပါ။
 

မြန်မာအလှမယ် ထားထက်ထက် Miss Popular Vote Award ဆွပ်ခူး

Photo: မြန်မာအလှမယ် ထားထက်ထက် Miss Popular Vote Award ဆွပ်ခူး
Wednesday, November 20, 2013

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ Miss Grand International 2013 ပြိုင်ပွဲမှာ Miss Popular Vote Award ဆုကို မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ထားထက်ထက်က မနေ့ညက ဆွပ်ခူးရရှိသွားပါ တယ်။ 

Miss Grand International 2013 ရဲ့နောက်ဆုံး အဆင့် ပြိုင်ပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ 

ထားထက်ထက်ဟာ Miss Popular Vote Award အတွက် အွန်လိုင်းက မဲပေးမှု အမှတ်ပေါင်း ၈ ထောင်
ကျော်နဲ့ အခုလို ဆွတ်ခူးရရှိသွားတာ ည်း ဖြစ်ပါ တယ်။ 

ဒီအပြင် ထားထက်ထက် ဟာ Miss Grand International 2013 ပြိုင်ပွဲရဲ့ Final မှာ Top 20 စာရင်းဝင် အဖြစ်လည်း ရွေး ချယ်ခံခဲ့ရပါတယ်။ 

အခုလို Miss Popular Vote ဆု ရရှိတာနဲ့ ပတ်သက်ပြီး ထားထက်ထက်က သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးထားပါတယ်။ 

“ထားထက်ထက် အရမ်းတန်ဖိုးထားရတဲ့ မိဘပြည်သူပရိသတ်ကြီးကပေးတဲ့ Miss Popular Vote ဆုကို မိဘပြည်သူ ပရိသတ်ကြီးကြောင့် ရရှိခဲ့ပါပြီရှင်....ထားထက်ထက် Top 20 ထဲဝင်ခဲ့ပြီး Top 10 ထဲကို မဝင်ခဲ့တဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်ရှင်..... ကိုယ်တိုင်လာရောက် အားပေးကြတဲ့ သူတွေ
ရော online မှအားပေးကြသူများရော channel 7 မှအားပေးနေကြသူများ အားလုံးကို ထားထက်ထက် အရမ်း အရမ်းအရမ်းကြီးကိုကျေးဇူးတင်ပါတယ်ရှင်...Top 10 ထဲ မဝင် ခဲ့ပေမယ့် ပြိုင်ပွဲတိုင်းမှာ ထားထက်ထက် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်ခဲ့တာကို ကြည့်ရှုခဲ့ရတဲ့ မိဘပြည်သူကြီးများ အားလုံး အားရကျေနပ်မယ်လို့ထင်ပါတယ်ရှင်” လို့ ဆိုပါတယ်။ 

Miss Grand International 2013 သရဖူကိုတော့ Puerto rico နိုင်ငံက Miss Janelee Marcus Chaparro က ဆွပ်ခူးရရှိသွားတာပါ။ 

1st Runner up ကို Dominican Republic၊ 2nd Runner up ကို Slovak Republic၊ 3rd Runner up ကို Philippines နဲ့ 4th Runner up ကို Australia နိုင်ငံက အလှမယ်တွေက ရရှိသွားခဲ့ပါတယ်။ 

Best National Costume ကို တရုတ်နိုင်ငံက အလှမယ်က ရရှိပြီး Best Swimsuit ဆုကို "Latvia" နိုင်ငံက အလှမယ် ရရှိကာ Best Evening grown ဆုကို " Dominican Republic "က အလှမယ်က ရရှိသွားကြပါ တယ်။ 

အိမ့်သံစဉ် 

ဧရာဝတီblog
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ Miss Grand International 2013 ပြိုင်ပွဲမှာ Miss Popular Vote Award ဆုကို မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ထားထက်ထက်က မနေ့ညက ဆွပ်ခူးရရှိသွားပါ တယ်။

ကိုယ်အလေးချိန် ကျဆင်းစေမည့် အလွယ်နည်းများ

ကိုယ်အလေးချိန် ကျဆင်းစေမည့် အလွယ်နည်းများ

(၁) သက်သတ်လွတ်စားပါ

အသားမပါဘဲ သက်သတ် လွတ် ဟင်းလျာတွေကို စားပေးတာ က သင့် ခန္ဓာကိုယ် အလေးချိန် ထိန်း သိမ်းရာမှာ အဓိက ကျတဲ့ နည်းလမ်း တစ်ခု ပါပဲ။ ပဲ နွယ်ပဲညွန့်၊ ပဲပေါင်မုန့် နဲ့ ပဲဟင်းချိုတွေ စားပေး တာက အမျှင်ဓာတ် ကို ရရှိ စေတာ ကြောင့် သင်ရဲ့ ကိုယ်အ လေးချိန် ကို ထိန်းသိမ်း ရာ ရောက်ပါ တယ်။

(၂) အစာစား ချိန် သီးသန့်ထားပါ

အစာစား ဖို့ အချိန်မိနစ် ၂ဝ ပေးပြီး ဖြည်းဖြည်း စားပါ။ ဒါဟာ ရှင်းလင်း လွယ် ကူပြီး ကိုယ် အလေးချိန် ကျဆင်း စေနိုင် တဲ့ ထိပ်တန်း နည်းလမ်း တစ်ခုပါ။ အ စာ ကို တစ်လုတ် ချင်း၊ တစ်ကိုက် ချင်း အရသာ ခံစား သုံးပါက အစာစား ချိန် သိသိ သာသာ နှေးကွေး သွား စေပါတယ်။ အစာ ကို အမြန် စားသုံး ပါက တင်းတိမ် သွားပြီး ဆာလောင်မှု ပြေပျောက် သွားပြီ ဆိုတဲ့ သတင်း အချက်အလက် ကို ဦးနှောက် ဆီ ပို့ဆောင် တဲ့ နေရာ ကို ပိတ်ဆို့ လိုက်တာကြောင့် အစာ ပိုစား မိစေပါတယ်။

(၃) ပန်ကန်ပြားသေးသေး အသုံးပြုပါ

နေ့လယ်စာ နဲ့ ညစာ ထမင်း ပန်းကန် တွေက လည်း သင့် ခန္ဓာကိုယ် ထိန်းသိမ်းရေး မှာ အရေး ပါပါ တယ်။ သင်စား တဲ့ ထမင်းစား ပန်းကန်ပြား အရွယ် အ စားကို စားနေကျ အရွယ် အစား အောက် နှစ်လက်မ လောက်သေးတဲ့ အရွယ် အစား နဲ့ စားပါ။ ဒီလိုပန်း ကန်ပြား အရွယ် အစား ကို လျှော့ချ လိုက်တာ က တစ် နေ့ကို ကယ်လိုရီ ၁ဝဝ-၂ဝဝ လောက်အထိ လျှော့ချ စားမိစေပြီး တစ်နှစ်ကို ၁ဝ ပေါင်ကနေ ပေါင် ၂ဝ အထိ လျော့နည်း ကျဆင်း စေပါတယ်။

(၄) ဖန်ခွက် သေးသေး ရှည်ရှည် နှင့် သောက်ပါ

သင်ဟာ အခမ်း အနား တစ်ခုခု မှာ ဖြစ်စေ၊ အ ပေါင်းအသင်း မိတ်ဆွေ တွေနဲ့ သွားလာ စားသောက် ရတဲ့ အခါ ဖြစ်စေ၊ ရှောင်လွှဲ လို့မရတဲ့ အခြေ အနေမျိုး မှာ မဖြစ်မနေ အချိုရည်တစ်ခုခု သောက်တဲ့ အခါဖြစ် စေ ဖန်ခွက် သေးသေး ရှည်ရှည် ကို အသုံး ပြုပြီး သောက် သုံးပါ။ အဲဒီ ဖန်ခွက်မျိုး အသုံးပြု တာကြောင့် သင်ရဲ့အ ချိုရည် သောက်သုံးမှုတွေ လျော့နည်း သွားစေ ပါတယ်။

(၅) ၈၀/ ၂၀ စဉ်းမျဉ်းကို လိုက်နာပါ

သင်ဟာ အစာစားတဲ့အခါ ဗိုက်ပြည့်သွားအောင် စားမယ့်အစား ၈ဝ ရာခိုင်နှုန်းအထိပဲ ပြည့်အောင် စားပြီး ကျန်တဲ့ ၂ဝ ရာခိုင်နှုန်းလောက်တော့ လျှော့ စားပေးပါ။ ဒါဟာ သင့်ခန္ဓာကိုယ်အလေးချိန် လျှော့ ချရာမှာ လိုက်နာ သင့်တဲ့ စည်းမျဉ်းတစ်ခုပါ။

(၆) ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင် လုပ်ပါ

တစ်နေ့ကို ကယ်လိုရီ ၁ဝဝ လောင်ကျွမ်းစေ တာက သင့်ကို တစ်နှစ် အတွင်းမှာ ကိုယ် အလေးချိန် ၁ဝ ပေါင် ကျဆင်း သွားအောင် စွမ်းဆောင်နိုင်ပါတယ်။ တစ်နေ့ ကို အိမ်သန့်ရှင်းရေး မိနစ် ၃ဝ ကြာအောင် လုပ်ပါက ကယ်လိုရီ ၁ဝဝ လောင်ကျွမ်း စေပါတယ်။  

ဇာခြည်ဝင်း (ဆေးဝါး တက္ကသိုလ်)
Good Health
(၁) သက်သတ်လွတ်စားပါ

အသားမပါဘဲ သက်သတ် လွတ် ဟင်းလျာတွေကို စားပေးတာ က သင့် ခန္ဓာကိုယ် အလေးချိန် ထိန်း သိမ်းရာမှာ အဓိက ကျတဲ့ နည်းလမ်း တစ်ခု ပါပဲ။ ပဲ နွယ်ပဲညွန့်၊ ပဲပေါင်မုန့် နဲ့ ပဲဟင်းချိုတွေ စားပေး တာက အမျှင်ဓာတ် ကို ရရှိ စေတာ ကြောင့် သင်ရဲ့ ကိုယ်အ လေးချိန် ကို ထိန်းသိမ်း ရာ ရောက်ပါ တယ်။

အဆိုတော် ချမ်းချမ်း ဘုဏ်းသိုက်ရဲ့ ကိုယ်ဝန်လွယ်ထားပြီ

သရုပ်ဆောင်၊အဆိုတော်ချမ်းချမ်း က နိုဝင်ဘာလ ၁၂ရက်နေ့က ‘အချစ် ထက်မက’ ဒီဗီဒီအတွက် စတင် ရိုက်ကူးနေပြီဖြစ်ရာ ‘ကိုယ်သိထားတယ်’ သီချင်းလေးမှာ ဘုဏ်း သိုက်နဲ့အတူ ချမ်းချမ်းက ပါဝင်သရုပ် ဆောင်ထား ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း မှာလည်း တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးကူညီရင်း အနုပညာအလုပ်တွေကို လုပ်နေတဲ့ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့မှာ ခုဆိုရင် ရင်သွေးလေးရှိနေပြီ ဖြစ်ကြောင်း သိရတဲ့ အတွက်မေး ကြည့် ဖြစ်တဲ့အခါ 

မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသော တိုင်းရင်းသား ၇၀၀ ကျော်အား ယာယီနေထိုင်ခွင့် ပါမစ်များ ထုတ်ပေးထား

မိုးလွန်ကာလတွင် ဘင်္ဂလားဒေ့ရှ်မှ တိုင်းရင်းသားများ မြန်မာနိုင်ငံ အတွင်းသို့ စတင်ဝင်ရောက်လာပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသော တိုင်းရင်းသား ၇၀၀ ကျော်အား ယာယီနေထိုင်ခွင့် ပါမစ်များ ထုတ်ပေးထားကြောင်း သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ ဝန်ထမ်းအိမ်ရာများ Cable TV ကို Digital စနစ်ဖြင့် ကြည့်ရှုရတော့မည်

နေပြည်တော် ကောင်စီနယ်မြေရှိ ကံ့ကော်အိမ်ရာ၊ ခရေအိမ်ရာ အကွက် ၁/၂/၃/၄/၅၊ အိမ်တော်၊ လွှတ်တော်၊ ပိတောက်အိမ်ရာ၊ အိုးအိမ်၊ ပြည်ထောင်စုဝန်ကြီးရုံးများ၊ ဘောဂသီရိကားဝင်း၊ ရေဆင်း၊ တပ်ကုန်း စသည်တို့တွင် အဆောက်အအုံ ၂၆၅၂ လုံးရှိရာ အဆိုပါနေရာများအတွက် CATV Point ၃၀၉၉၂ ခုကို ချိတ်ဆက်ထားကြောင်း သိရသည်။

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အစည်းအဝေး ရန်ကုန်မြို့၌ ယနေ့ပြုလုပ်မည်

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အစည်းဝေးကို နိုဝင်ဘာ ၂၀ ရက် မှ ၂၁ ရက်ထိ ရန်ကုန်မြို့၌ ပြုလုပ်မည် ဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက The Daily Eleven သို့ ပြောကြားသည်။

အများပြည်သူပိုင် မြေကွက်များ ဈေးပေါပေါဖြင့် ရယူထားပြီး နိုင်ငံတော်သို့ အခွန်ကျပ်ဘီလျံ ၄၀၀ နီးပါး မသွင်းသည့် လုပ်ငန်းရှင်များအား အစိုးရက တင်းကျပ်စွာ တောင်းခံမှု မရှိ၍ ပြည်သူ့ဘဏ္ဍာများ ထပ်မံနစ်နာ

အများပြည်သူပိုင် အဆောက်အအုံ၊ မြေကွက်နှင့် စက်ရုံ စုစုပေါင်း ၁၁၆၃ ခုအား ယခင်အစိုးရ လက်ထက်နှင့် ယခုအစိုးရ လက်ထက်တို့တွင် ရယူထားပြီး ထိုသို့ ရယူရာတွင် နိုင်ငံတော် သို့ ပေးသွင်း ရမည့် ၀င်ငွေခွန်၊ တံဆိပ်ခေါင်းခွန် အခွန်ငွေ ကျပ်ဘီလျံ ၄၀၀ နီးပါး မပေးသွင်းသည့် လုပ်ငန်းရှင်များ ယနေ့အထိ ရှိနေကြောင်း စုံစမ်းသိရှိ ရသည်။

မန္တလေးမြို့တွင် OIC အလိုမရှိကြောင်း အချက်ငါးချက်ဖြင့် ဆန္ဒပြ

S-20-11
မန္တလေးမြို့တွင် သံဃာတော်များက OIC အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် နေသည်ကို တွေ့ရစဉ်
မန္တလေးမြို့တွင် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်က OIC အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြောင်း သိရသည်။
သံဃာအပါး ၂၀၀ ကျော်က ယင်းသို့ ဆန္ဒထုတ်ဖော်မှုအား ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ် ဦးပွားဘုရားမှ စတင်ကာ OIC ကန့်ကွက်ခြင်း ခေါင်းစဉ်ဖြင့် စစ်ကိုင်း-မန္တလေးလမ်း၊ ဗိုလ်အိမ်လမ်းဆုံမှ စာတိုက်ကွေ့၊ ထို့နောက် ဘုရားကြီး အရှေ့မုခ်အား ပတ်လမ်းလျှောက်ကာ ဂဠုန်နီ ဆရာတော်မှ OIC နှင့် ပတ်သက်သော ကန့်ကွက်ချက် ငါးချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် ဆန္ဒပြသူများမှာ ဦးပွားဘုရားသို့ ပြန်လည်လမ်းလျှောက်ကာ လူစုခွဲခဲ့ ကြသည်။

ငြိမ်းချမ်းရေးနေ့တွင် ဆန္ဒပြုသူနှစ်ဦးကို စီရင်ချက်ချမည့်ရက် ရွှေ့ဆိုင်း

၂၀၁၂ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က စီတန်းလှည့်လည်ကာ ဆန္ဒပြုခဲ့ကြသူများထဲမှ ပုဒ်မ ၁၈ဖြင့် တရားစွဲဆို ခံထားရသူ နှစ်ဦးကို ၂၀၁၃ခုနှစ် နိုဝင်ဘာ ၁၉ရက်တွင် စီရင်ချက်ချရန် ချိန်းဆိုထားသော်လည်း လာမည့်တစ်ပတ်သို့ ပြောင်းလဲချိန်းဆိုခဲ့သည်ဟု တရားစွဲဆိုခံထားရသည့် ကာယကံရှင်များက မဇ္ဈိမကို ပြောသည်။