Monday, August 4, 2014

ပရဟိတကျောင်း နေကလေး ငယ်များကို ခေါ်၍ စားပွဲထိုး ခိုင်းသူအား အမှုဖွင့်

ကလေးမြို့၊ ညောင်ပင်သာနယ်မြေ အမှတ် (၆)ရပ်ကွက်၊ ကလေးမြို့ မဈေးကြီး အတွင်းရှိ လက်ဖက်ရည် ဆိုင်တစ်ဆိုင်သည် ပရဟိတကျောင်းမှ အရွယ်မရောက်သေး သည့်ကလေးသူငယ်များ ကိုခေါ်ကာ စားပွဲထိုး လုပ်စေသည့်အတွက် ရဲဌာနက စစ်ဆေးလျက် ရှိသည်။
စားပွဲထိုးလုပ်ငန်းများ လုပ်ကိုင်နေကြသည့် အရွယ်မရောက် သေးသော လူငယ်များမှာ ကလေးမြို့နယ်၊ သာစည် ကျေးရွာရှိ အေချမ်းဖြိုး လူငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှ ကလေးများ ဖြစ်သည်ဟု အဆိုပါကျောင်းရှိ ဂေဟာမှူး ဦးကြာတင့်က ဆိုသည်။“ပရဟိတကျောင်းက မွေးစားထားတဲ့ ကလေးတွေ ပျောက်သွားလို့ လိုက်လံရှာ ဖွေတဲ့အခါ အဲ့ဒီ လက်ဖက် ရည်ဆိုင်မှာ စားပွဲထိုး အလုပ်ကို ၀င်ရောက် လုပ်ကိုင်နေကြတာ ပြန်တွေ့ခဲ့ရပါတယ်” ဟု ဂေဟာမှူး ဦးကြာ တင့်က ဆက်လက်၍ ပြောပြသည်။
ထိုကျောင်းရှိ မောင်ဝေဖြိုးအောင် အသက်(၁၄)နှစ်၊ မောင်မျိုးထွန်း အသက် (၁၂)နှစ်နှင့် မောင်ဝေယံဦး အသက်(၁၃)နှစ်ဆိုသူတို့သည် လွန်ခဲ့သည့် တစ်ရက်၊ နှစ်ရက်ခန့်က အဆိုပါကျောင်းမှ ပျောက်သွားခဲ့သည် ဟု ဆိုသည်။

ခြေထောက်တွင် ဘုရားပုံတော် ဆေးမင်ကြောင် ထိုးထားသောနိုင်ငံခြားသား အား ပြည်နှင်ဒဏ်ပေး

Photo: ခြေထောက်တွင် ဘုရားပုံတော် ဆေးမင်ကြောင် ထိုးထားသောနိုင်ငံခြားသား အား ပြည်နှင်ဒဏ်ပေး
Monday, August 4, 2014

ခြေထောက်တွင် ဘုရား ပုံတော် ဆေးမင်ကြောင်ထိုးထား သော ကနေဒါနိုင်ငံသား အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီး ဌာနက ညောင်ရွှေမှ ညတွင်းချင်း ရန်ကုန်လေဆိပ်သို့ ပြန်ပို့ကာ ပြည်နှင် ဒဏ်ပေး ခဲ့ ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်း ညွှန်အသင်း (MTGA) မှ သတင်း ရရှိသည်။

ကနေဒါနိုင်ငံသား Mr Polley Jason Scott သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂၇ ရက်က ရောက်ရှိခဲ့သည်။ ၎င်း၏ ညာ ဘက်ခြေသလုံးတွင် ဗုဒ္ဓရုပ်ပွား တော်ပုံများကို ဆေးမင်ကြောင် များ ရေးထိုးထားပြီး၊ အဆိုပါ ဆေးမင်ကြောင်ဓာတ်ပုံများ လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ် တက်လာပြီးနောက် ဝေဖန်မှုများ ဖြစ် ပေါ်ခဲ့သည်။

ထို့ကြောင့် သြဂုတ် ၂ ရက် တွင် ၎င်းနှင့်ဇနီးတို့ အင်းလေးသို့ ရောက်ရှိစဉ် ရှမ်းပြည်နယ် တောင်ပိုင်း MTGA မှ တာဝန်ရှိ သူများ၊ နယ်မြေခံ ခရီးသွားရဲနှင့် ပြည်နယ် လ၀ကတို့က ၎င်းတည်း ခိုသော ဟိုတယ်တွင်သွားရောက် တွေ့ဆုံခဲ့ပြီး ပြည်နှင်ဒဏ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်း/တောင် MTGA ဒုဥက္ကဋ္ဌ ဦးစိုင်း ၀င်းကပြောသည်။

‘‘ဒီမှာက နောက်ပိုင်းမှာ ဘာ သာရေး ပဋိပက္ခတွေ ဖြစ်နေတာ ကြောင့် သူကအခုလို တက်တူး ထိုးထားရင်လည်း လုံချည်တို့၊ ဘောင်းဘီရှည်တို့ ၀တ်ပြီး ဖုံး ထားတာလည်း မဟုတ်ဘူး။ ဘောင်းဘီတိုနဲ့ လျှောက်သွားနေ တယ်။ ဘာသာရေးအစွန်းရောက် တွေနဲ့တွေ့လို့ ကြာရင် သူ့အသက်အန္တရာယ်လုံခြုံရေး စိုးရိမ် ရတာကြောင့် ချက်ချင်းပဲ ပြည်နှင်ဒဏ်ပေးဖို့ လ၀က ပြည်နယ်ဦးစီး မှူးက ဆုံးဖြတ်လိုက်တယ်’’ ဟု ဦးစိုင်းဝင်းက ပြောသည်။

အဆိုပါ ကနေဒါနိုင်ငံသား သည် မြန်မာနိုင်ငံသို့ ရန်ကုန်၊ အင်းလေး၊ မန္တလေး၊ ပုဂံ၊ မော်လမြိုင်၊ ကျိုက်ထီးရိုးသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဟောင်ကောင် သို့ သွားရောက်ရန် ၎င်း၏ ဇနီးဖြစ် သူ ဟောင်ကောင်နိုင်ငံသူနှင့် လာရောက်ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ဖြစ်ရခြင်းမှာ အဆိုပါ ဧည့်သည်သည် တစ်ဦးချင်းလွတ်လပ်စွာလည်ပတ်သော ကမ္ဘာလှည့်ခရီးသည် (F.I.T) ဖြစ်ပြီး အဖွဲ့လိုက်လည်ပတ်သော (Pa−ckage Tour) တွင်မူ ဖြစ်ပေါ်လေ့မရှိကြောင်း အီတလီဘာသာ ကျွမ်းကျင်ဧည့် လမ်းညွှန် ဦးအောင်ထွန်း လင်းကပြောသည်။

‘‘ဒီလို လုပ်တာကိုမြင်ရင် တော့ တာဝန်ရှိသူဟုတ်ဟုတ်၊ မဟုတ်ဟုတ် သာမန်ပြည်သူတွေ ကလည်း သိသိချင်း အကြောင်း ကြားပေးစေချင်တယ်’’ ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ဗုဒ္ဓရုပ်ပွားတော် ပုံများကို လက်မောင်းတွင်ဆေးမင်ကြောင်ထိုးသော နိုင်ငံခြားသားဧည့်သည်များကို သီရိလင်္ကာနိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင်တစ်ကြိမ် တွေ့ရှိခဲ့သောကြောင့် လေဆိပ်၌ပင် တားဆီးပြီး နိုင်ငံအတွင်းသို့ ၀င် ရောက်ခွင့်မပေးသောဖြစ်စဉ်များ ရှိခဲ့သည်။

7Day DAILY 

ပြည်နှင်ဒဏ်ခံရသည့် နိုင်ငံခြားသား၏ ခြေသလုံးတွင် ထိုးထား သည့်ဆေး မင်ကြောင်များ (ဓာတ်ပုံ− Kyaw Swar Myint)
ပြည်နှင်ဒဏ်ခံရသည့် နိုင်ငံခြားသား၏ ခြေသလုံးတွင် ထိုးထား သည့်ဆေး မင်ကြောင်များ (ဓာတ်ပုံ− Kyaw Swar Myint)
ြေြေေ
 ခြေထောက်တွင် ဘုရား ပုံတော် ဆေးမင်ကြောင်ထိုးထား သော ကနေဒါနိုင်ငံသား အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီး ဌာနက ညောင်ရွှေမှ ညတွင်းချင်း ရန်ကုန်လေဆိပ်သို့ ပြန်ပို့ကာ ပြည်နှင် ဒဏ်ပေး ခဲ့ ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်း ညွှန်အသင်း (MTGA) မှ သတင်း ရရှိသည်။ ကနေဒါနိုင်ငံသား Mr Polley Jason Scott သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂၇ ရက်က ရောက်ရှိခဲ့သည်။ ၎င်း၏ ညာ ဘက်ခြေသလုံးတွင် ဗုဒ္ဓရုပ်ပွား တော်ပုံများကို ဆေးမင်ကြောင် များ ရေးထိုးထားပြီး၊ အဆိုပါ ဆေးမင်ကြောင်ဓာတ်ပုံများ လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ် တက်လာပြီးနောက် ဝေဖန်မှုများ ဖြစ် ပေါ်ခဲ့သည်။

အချုပ်သားများကို ရိုက်နှက်ခဲ့သော အကျဉ်းထောင်ဝန်ထမ်းဟောင်းနှစ်ဦး မီဒီယာရှေ့တွင် တောင်းပန်

အင်းစိန်ထောင်တာဝန်ရှိသူများ တော်ဝင်သစ်အချောထည်စက်ရုံမှ အလုပ်သမားများအပေါ် ကြမ်းတမ်းစွာဆက်ဆံခဲ့ခြင်းကို ဝန်ချတောင်းပန်စဉ်
အင်းစိန်အကျဉ်းထောင် အတွင်း အချုပ်သားကို ရိုက်နှိက် ခဲ့သည့် ထောင်ဝန်ထမ်းဟောင်း နှစ်ဦးက ပထမအကြိမ်အဖြစ် ကျူးလွန်ခံရသူများအား မီဒီယာများရှေ့တွင် ၀န်ချတောင်းပန်ခဲ့သည်။၂၀၁၃ ခုနှစ် ဇူလိုင်က အင်းစိန်အကျဉ်းထောင်တွင် ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံထားရသော တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်သမား ကိုးဦးမှာ တရားရုံးချိန်းမှ အပြန်အချုပ်ခန်းသို့ မရောက်မီ လုံခြုံရေးဂိတ်တွင် စစ်ဆေးခံနေစဉ် ၎င်းတို့ထဲမှ နှစ်ဦးကို တပ်သား အေးမင်းအောင်က လည်ပင်းညှစ်၊ ထိုးကြိတ်ခဲ့သောကြောင့် အကျဉ်းဦးစီးအရာရှိထံ တိုင်ကြားသော်လည်း မဖြေရှင်းပေးဘဲ ခြိမ်း ခြောက်ပြောဆိုခဲ့၍ အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။ ထို့နောက် အချုပ်သားဖြစ် သူများက ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် အကျဉ်းဦးစီးအရာရှိအပါအ၀င် အေးမင်းအောင်တို့ ကို ပုဒ်မ သုံးခုဖြင့် အမှုဖွင့်ပြီး အင်းစိန်တရားရုံးတွင် တရားစွဲ ဆိုခဲ့သည်။ တရားရုံးချိန်းပေါင်း ၃၀ ကျော်တွင် အမှုဖွင့်ခံခဲ့ရသည့် ဦးစီးအရာရှိမောင်မောင်ကြီးနှင့် တပ်သားအေးမင်းအောင်တို့ကအမှုရုပ်သိမ်းရန် ညှိနှိုင်းဆွေးနွေး မှုပြုလုပ်လာခဲ့သည်။ သြဂုတ် ၃ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကျူးလွန်ခဲ့သည့်အမှားအတွက် ကျူးလွန်ခံရသူများအား မီဒီယာများရှေ့တွင် ၀န်ချတောင်းပန်ခဲ့ခြင်းဖြစ်သည်။

မာစတာစပေါ့ ဖိနပ်စက်ရုံအမှု ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာ၌ မြန်မာနိုင်ငံမှ ရှောင်ပြေးသွားသော စက်ရုံပိုင်ရှင် ကိုရီးယားလူမျိုးကို နောက်တိုးတရားခံအဖြစ် တင်မည်

မာစတာစပေါ့ ဖိနပ်စက်ရုံအမှု ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာ၌ မြန်မာနိုင်ငံမှ ရှောင်ပြေးသွားသော စက်ရုံပိုင်ရှင် ကိုရီးယားလူမျိုး Mr.In Ho Bang ကို နောက်တိုးတရားခံအဖြစ် တင်သွားမည်ဖြစ်ကြောင်း အလုပ်ရုံ၊ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ သတင်းရရှိသည်။
မာစတာပေါ့ ဖိနပ်စက်ရုံအမှုကို လှိုင်သာယာမြို့နယ် တရားရုံးတွင် ဇူလိုင် ၂၅ ရက်တွင် စတင်စစ်ဆေးခဲ့ပြီး တရားစွဲဆိုခံထားရသော စက်ရုံမန်နေဂျာနှစ်ဦးအနက် မစ္စတာဂျောင်းသာ ရောက်ရှိလာခဲ့ပြီး ဒေါ်ခင်ခင်ထွေးမှာ လာရောက်ခြင်းမရှိကြောင်း သိရသည်။
သြဂုတ် ၈ ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမည်ပြီး ဒေါ်ခင်ခင်ထွေးမှ လှိုင်သာယာမြို့နယ် လူမှုဖူလုံရေးရုံးခွဲသို့ ထည့်ဝင်ကြေးပေးဆောင်ပြီး လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၉၃ အရ စွဲဆိုထားသောအမှုအား ကျေအေးပေးရန် တင်ပြခဲ့ကြောင်း သိရသည်။
“လုပ်ငန်းရှင်ကို ဒီကိုမခေါ်ပေးနိုင်ဘူးဆိုတာ ကျွန်မတို့ အလုပ်သမားတွေအနေနဲ့ အံ့သြပါတယ်။ သူကိုယ်တိုင်လာပြီး ဖြေရှင်းပေးရမှာပါ။ အခုတော့ ကျွန်မတို့ လမ်းဘေးရောက်နေပါပြီ” ဟု မာစတာဖိနပ်စက်ရုံ အလုပ်သမားကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

အစိုးရနှင့် NCCT ခေါင်းဆောင်များ သီးသန့်တံခါးပိတ်ဆွေးနွေး

Photo: အစိုးရနှင့် NCCT ခေါင်းဆောင်များ သီးသန့်တံခါးပိတ်ဆွေးနွေး
Monday, August 4, 2014

တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးအတွက် ညှိနှိုင်း ရန် ခက်ခဲနေသည့် အချက်များကို အစိုးရအဖွဲ့၊တပ်မတော်နှင့် NC-CT တို့မှ ထိပ်သီးခေါင်းဆောင် များတစ်ဖက်လျှင် သုံးဦးစီ မြစ်ကြီး နားမြို့တွင် သီးသန့်တံခါးပိတ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၃ ရက်တွင် ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ လေးနာ ရီနီးပါးကြာပြုလုပ်သော အလွတ်သဘောတွေ့ဆုံပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ဒုတိယရှေ့နေချုပ်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင်နိုင်ဟံသာ၊ ဖဒိုစောကွယ်ထူးဝင်း၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းတို့မှာ အခြားကိုယ်စားလှယ်များမပါဘဲ နှစ်နာရီခန့်ကြာ သီးသန့်တံခါးပိတ်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

‘‘တစ်ဆို့နေတဲ့ အရေးကြီးတဲ့ကိစ္စတွေပေါ့ဗျာ။ ဥပမာ ဖက်ဒရယ်ကိစ္စအပေါ် အမြင်မတူညီတာတွေ၊ တပ်ဖွဲ့စည်းရေးမှာ အမြင် မတူညီတာတွေ။ ဘာကြောင့်၊ ဘာကြောင့်ဟိုဘက်က ဘယ်လို မြင်လဲ၊ ဒီဘက်က ဘယ်လိုမြင်လဲ က ဘယ်လိုမြင်လဲဆိုတဲ့ ဝေါဟာ ရကိစ္စတွေပေါ့’’ဟု နိုင်ဟံသာက တွေ့ဆုံပွဲအပြီး၌ ပြောသည်။

လိုင်ဇာထိပ်သီးအစည်းအ ဝေးအပြီး ဆက်လက်ပြုလုပ်သော မြစ်ကြီးနားတွေ့ဆုံပွဲသို့ အစိုးရ ဘက်မှ မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) အကြံပေးအရာရှိများ အပါအ၀င် ကိုယ်စားလှယ် ၈ ဦး၊ NCCT ကိုယ်စားလှယ် ၁၂ ဦး နှင့် နည်းပညာပိုင်းဆိုင်ရာ အဖွဲ့ဝင် များ၊ ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့(PCG) တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

‘‘ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ်နဲ့ တစ်ချက်ချင်းစီအပေါ် မှာ ပြန်ပြီးသုံးသပ်တာ။ ဒါမှလည်း ပွင့်ပွင့်လင်းလင်းဆုံးဖြတ်တာ အမြင်ဖလှယ်တဲ့ သဘောပါ’’ဟု MP-C မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာသဘောတူညီ ချက်စာချုပ်(မူကြမ်း)တွင် စကား လုံးအသုံးအနှုန်းဝေါဟာရများ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များအပါအ ၀င် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ညှိ နှိုင်းရန်အချက်(၃၁)ချက်ကျန်ရှိသည်။

ဇူလိုင်လနှောင်းပိုင်းက လိုင် ဇာမြို့တွင် ခြောက်ရက်ကြာပြု လုပ်ခဲ့သော NCCT ထိပ်သီး ခေါင်းဆောင်များအစည်းအဝေးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များအစည်းအဝေး၌ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေး အခြေခံတောင်းဆိုချက်ကို ဆက်လက် စွဲ ကိုင်သွားရန်ဆုံးဖြတ်ခဲ့သည်။ ယင်းအခြေခံတောင်းဆိုချက်ကို အစိုးရနှင့် တပ်မတော်ဘက်မှ ကောင်းစွာ လက်မခံသေးသည့် သဘောထားရှိနေသေးကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားထားသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲ၌ ၀န်ကြီးဦးအောင်မင်း စကားပြောကြားစဉ် (ဓာတ်ပုံ-အောင်ခိုင်)
7Day Daily
ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲ၌ ၀န်ကြီးဦးအောင်မင်း စကားပြောကြားစဉ် (ဓာတ်ပုံ-အောင်ခိုင်)

 တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးအတွက် ညှိနှိုင်း ရန် ခက်ခဲနေသည့် အချက်များကို အစိုးရအဖွဲ့၊တပ်မတော်နှင့် NC-CT တို့မှ ထိပ်သီးခေါင်းဆောင် များတစ်ဖက်လျှင် သုံးဦးစီ မြစ်ကြီး နားမြို့တွင် သီးသန့်တံခါးပိတ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အီဘိုလာ ဗိုင်းရပ်စ်ပိုး အကူးစက်ခံထားရသော အမေရိကန်ဆရာဝန် မိခင်နိုင်ငံသို့ ပြန်ရောက်

အနောက်အာဖရိကသို့ စေတနာ့ ဝန်ထမ်းအဖြစ် တာဝန် သွားရောက် ထမ်းဆောင်စဉ် အီဘိုလာ ဗိုင်းရပ်စ်ပိုး အကူးစက်ခံခဲ့ရသော အမေရိကန် ဆရာဝန်သည် စနေနေ့က အမေရိကန်ပြည်ထောင်စုသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
ဒေါက်တာ ကန့်ဘရန်တလေသည် အာဖရိကမှ အတ္တလန်တာ မြို့ပြင်ရှိ လေတပ်အခြေစိုက် စခန်းတစ်ခုသို့ သီးသန့်လေယာဉ်ဖြင့် ဒေသစံတော်ချိန် နံနက် ၁၁း၅၀ နာရီတွင် ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် တာဝန်ရှိသူများက ၎င်းကို အတ္တလန်တာမြို့ရှိ အမ်မိုရီ တက္ကသိုလ်ဆေးရုံ သီးခြား ကုသဆောင်သို့ ပို့ဆောင်ခဲ့သည်။ထိုကဲ့သို့ ဒေါက်တာဘရန်တလေကို တာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်သည်ကို ဒေသတွင်း ရုပ်သံလိုင်းများက တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ကြသည်။ဒေါက်တာဘရန်တလေကဲ့သို့ပင် အနောက်အာဖရိကသို့ သွားရောက်ပြီး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူများအတွက် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ သွားရောက် လုပ်ဆောင်စဉ် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသော အမေရိကန်လူမျိုး ခရစ်ယာန် သာသနာပြု နန်စီရိုက်ဘိုလ်ကိုလည်း ဒေါက်တာဘရန်တလေကို ခေါ်ဆောင်ခဲ့သည့် နည်းလမ်းအတိုင်း လာမည့် ရက်ပိုင်းအတွင်း မိခင်နိုင်ငံသို့ ပြန်လည် ခေါ်ဆောင်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ရာဇကုမာရ်ကျောက်စာ ကမ္ဘာ့အမွေအနှစ်အထိမ်းအမှတ်စာရင်း ဝင်၊မဝင် ၂ဝ၁၅တွင် ဆုံးဖြတ်မည်


- ကမ္ဘာ့ အမွေအနှစ်အထိမ်းအမှတ် စာရင်း ဝင်ရန်အတွက် ယူနက်စကိုသို့ တင် ပြထားသော ရာဇကုမာရ်ကျောက် စာကို လာမည့် ၂ဝ၁၅တွင် စာရင်း ဝင်၊မဝင် အဆုံးအဖြတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ရာဇကုမာရ် ကျောက်စာကို ယူနက်စကိုမှ သတ်မှတ်ထားသော စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိကို လာရောက်စစ်ဆေးခဲ့ပြီး ၂ဝ၁၅ခုနှစ်တွင် ပြုလုပ်မည့် ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ဗဟိုကော်မတီ၏အစည်းအဝေး၌ အဆုံးအဖြတ်ပေး သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသိန်းလွင်က ပြောသည်။''ပျူမြို့ဟောင်းတွေကို အဆုံး အဖြတ်ပေးသလိုပဲ သူတို့လုပ်တဲ့အ စည်းအဝေးမှာ ဒီကျောက်စာဟာ အမွေအနှစ်စာရင်း ဝင်သင့်တယ်၊ မဝင်သင့်ဘူးဆိုပြီး အဆုံးအဖြတ် ပေးသွားမှာ''ဟု ယင်းက ဆက်လက် ပြောသည်။

လိုင်းသစ်တိုးချဲ့မှုတွေ များပြားလာတဲ့အတွက် ၀င်ငွေအခက်အခဲ ကြုံတွေ့ နေရတဲ့ မုံရွာမြို့ကအမြန်ရေယာဉ်လိုင်းများ

မုံရွာကနေ ချင်းတွင်းမြစ်အထက်ပိုင်း ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်လိုင်းသစ်တွေ တိုးချဲ့လာတဲ့အတွက် အမြန်ရေယာဉ်လိုင်းတွေ ရပ်တည်ဖို့
အခက်အခဲတွေ့နေကြတယ်လို့ သိရပါတယ်။ မုံရွာကနေ ချင်းတွင်း အထက်ပိုင်းကိုပြေးဆွဲနေတဲ့ အမြန်ရေယာဉ်လိုင်း ၅ လိုင်းရှိပြီး ယာဉ်အစီးရေ တစ်ရာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အမြန်ရေယာဉ်တစ်စီးမှာ အနည်းဆုံး လူဦးရေ (၁၀၀) ၀န်းကျင်တင်ဆောင်နိုင်ပေမယ့် လက်ရှိမှာတော့ တစ်စီးမှာ လူ ၂၀ ကနေ ၃၀ ၀န်းကျင်သာတင်ဆောင်နေရတယ်လို့ သိရပါတယ်။ယခုအခါမှာ အမြန်ရေယာဉ်အသင်းတွေ တည်ထောင်မှုဟာ ပိုမိုများပြားလာပြီး အမြန်ရေယာဉ် အရေအတွက်ဟာလည်း ပိုမိုများပြားလာခဲ့ပါတယ်။ ဒါကြောင့် အမြန်ရေယာဉ် အသင်းတွေအနေနဲ့ မိမိတို့လုပ်ငန်း ပုံမှန်လည်ပတ်ဖို့အတွက် ဈေးနှုန်းတွေကို လျှော့ချပြေးဆွဲနေ ရတယ်လို့ သိရပါတယ်။


ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်ကို ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ရန် အမျိုးသားဥပဒေပြု လွှတ်တော် သဘောတူ

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-xpa1/t1.0-9/10537427_658918117536683_1509106309874148670_n.jpg ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွတ်ချိန် အိုချာအား ကြားဖြတ်အစိုးရ၀န်ကြီး ချုပ် အဖြစ်ခန့်အပ်ရန် အမျိုးသား ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီထားကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ်တွင် သြဂုတ် ၄ ရက်က ဖော်ပြခဲ့သည်။ငြိမ်းချမ်းရေးနှင့်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအမျိုးသားကောင်စီ (NCPO) အကြီးအကဲဗိုလ်ချုပ်ကြီး ပရာရွတ်သည် ၀န်ကြီးချုပ်တစ်ဦး၏ တာ ၀န်များကို ထိထိရောက်ရောက် လုပ်ဆောင်နေပြီဖြစ်ရာ ၎င်း အနေဖြင့် ၀န်ကြီးချုပ်ရာထူးနှင့် ထိုက်တန်ကြောင်း လွှတ်တော်သတင်း ရင်းမြစ် တစ်ဦးက ပြောကြားသည်။

အမေရိကန် စားသောက်ဆိုင်က ထမင်းကျေးဇူး သိသူများအား ၁၅ ရာခိုင်နှုန်း ဈေးလျှော့ယူ

Photo: အမေရိကန် စားသောက်ဆိုင်က ထမင်းကျေးဇူး သိသူများအား ၁၅ ရာခိုင်နှုန်း ဈေးလျှော့ယူ
Monday, August 4, 2014

မြောက်ကာရိုလိုင်းနား ပြည်နယ်မှ စားသောက်ဆိုင် တစ်ဆိုင်သည် အစားအသောက်များ စားသည့်အခါ ထိုအတွက် ဘုရားရှိခိုး၍ ၎င်းတို့စားသော အစားအစာ၏ ကျေးဇူးတော်ကို ထုတ်ဖော် ပြသမည် ဆိုပါက ဖောက်သည်များကို ၁၅ ရာခိုင်နှုန်း ဈေးလျှော့ ပေးသည်ဟု သြဂုတ် ၄ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။
ဝက်စတမ် ဆာလမ်မ်မြို့ရှိ မေရီ၏ ဂူမေးဒိုင်းနား စားသောက်ဆိုင်က ထိုသို့ လျှော့နှုန်း ပေးခဲ့သည်မှာ လေးနှစ်ကြာ ခဲ့ပြီ ဖြစ်ကြောင်း ဝါရှင်တန် တိုင်းမ် သတင်းစာတွင် ဖော်ပြ ထားသည်။ ထို စားသောက်ဆိုင် ပိုင်ရှင် မေရီဖက်လန်းက မူဝါဒ တစ်ရပ် အနေဖြင့် လျှော့နည်း ပေးခြင်း မဟုတ်ကြောင်း သို့ရာတွင် မိမိတို့ စားသော အစာ၏ ကျေးဇူးကို အသိအမှတ် ပြု၍ သူတစ်ပါးနှင့် မတူသော ဆောင်ရွက်မှု မျိုးကို ပြနိုင်သော သူများကို လက်ဆောင် ပေးသည့် အနေဖြင့် ပေးခြင်း ဖြစ်ကြောင်း ပြောသည်။

ဟက်လန်းက မိမိ၏ အယူအဆကို မှန်ကန်သည်ဟု ဆိုကာ လုပ်ခြင်း မဟုတ်ကြောင်း၊ အစားကောင်း အသောက် ကောင်းများ ပေါကြွယ်လှသော နိုင်ငံ တစ်နိုင်ငံတွင် နေရခြင်း၏ ကျေဇူးကို သိကြောင်း ပြသည့် စိတ်ထားမျိုး ရှိသော သူများကို တွေ့ရသည့် အခါ သူ့နှလုံးသားတွင် နွေးထွေး သွားကြောင်း ယခုကဲ့သို့ ပြုခြင်းမှာ ဘာသာရေး မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကို တစ်စုံတစ်ရာ ပြောင်းလဲ စေလိုခြင်းသာ ဖြစ်ကြောင်း ပြောသည်။

ခရီးသွား နေစဉ် အတွင်း ထိုစားသောက်ဆိုင်သို့ ဝင်ရောက် စားဖူးသော ဖောက်သည် တစ်ဦးကမူ  ၎င်းနှင့် လုပ်ဖော် ကိုင်ဖက်များသည် အစာစားစဉ် အတွင်း ဘုရားရှိခိုးရာ စားပွဲထိုး မိန်းကလေးတစ်ဦးသည်  စားသောက် ပြီးချိန်တွင် ရောက်လာပြီး ရှိခိုးခြင်းအတွက် ကျသင့်သည့် ငွေမှ ၁၅ ရာခိုင်နှုန်း လျှော့ယူကြောင်း ပြောကြားခဲ့သည်။ မြောက်ကာရိုလိုင်းနား ပြည်နယ်မှ စားသောက်ဆိုင် တစ်ဆိုင်သည် အစားအသောက်များ စားသည့်အခါ ထိုအတွက် ဘုရားရှိခိုး၍ ၎င်းတို့စားသော အစားအစာ၏ ကျေးဇူးတော်ကို ထုတ်ဖော် ပြသမည် ဆိုပါက ဖောက်သည်များကို ၁၅ ရာခိုင်နှုန်း ဈေးလျှော့ ပေးသည်ဟု သြဂုတ် ၄ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

ရှင်ကျန်းဒေသ တိုက်ခိုက်မှုတွင် အရပ်သား ၃၇ ဦး သေဆုံးဟု တရုတ်အစိုးရ သတင်းထုတ်ပြန်

Photo: ရှင်ကျန်းဒေသ တိုက်ခိုက်မှုတွင် အရပ်သား ၃၇ ဦး သေဆုံးဟု တရုတ်အစိုးရ သတင်းထုတ်ပြန်
Monday, August 4, 2014

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် အရပ်သား ၃၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် လက်နက်ကိုင် ၅၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရဲစခန်းတစ်ခုနှင့် အစိုးရရုံးများကို ဓားများ၊ ပုဆိန်များ ကိုင်ဆိုင်ထားသူများက ဇူလိုင် ၂၈ ရက်တွင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား ၂၁၅ ဦးကို ဖမ်းဆီးခဲ့ပြီး အရပ်သား ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သော်လည်း အသေအပျောက်စာရင်း အတိအကျကို ယခုကဲ့သို့ ပထမဆုံးအကြိမ် ကြေညာခဲ့ခြင်းဖြစ်သည်။

ဝီဂါမွတ်စလင်များနှင့် ဟန်တရုတ်လူမျိုးတို့အကြား ၂၀၀၉ ခုနှစ်မှ စတင်ခဲ့သည့် တိုက်ခိုက်မှုများတွင် သေဆုံးသူ စုစုပေါင်းမှာ ၂၀၀ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ရှင်ကျန်းဒေသမှ ခွဲထွက်ရေးတောင်းဆိုသူများက လုပ်ဆောင်ခြင်းဖြစ် ကြောင်း တရုတ်အစိုးရ က ပြောကြားထားသည်။

Ref:AFP
တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် အရပ်သား ၃၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် လက်နက်ကိုင် ၅၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရဲစခန်းတစ်ခုနှင့် အစိုးရရုံးများကို ဓားများ၊ ပုဆိန်များ ကိုင်ဆိုင်ထားသူများက ဇူလိုင် ၂၈ ရက်တွင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား ၂၁၅ ဦးကို ဖမ်းဆီးခဲ့ပြီး အရပ်သား ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သော်လည်း အသေအပျောက်စာရင်း အတိအကျကို ယခုကဲ့သို့ ပထမဆုံးအကြိမ် ကြေညာခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးသည့် စစ်သား သေဆုံးသွားပြီဟု အစ္စရေးစစ်တပ် အတည်ပြု


Photo: ပျောက်ဆုံးသည့် စစ်သား သေဆုံးသွားပြီဟု အစ္စရေးစစ်တပ် အတည်ပြု
Monday, August 4, 2014

သြဂုတ် ၁ ရက်က ဂါဇာတောင်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့သည့် အသက် ၂၃ အရွယ် အစ္စရေးစစ်သား ဟာဒါဂေါ်ဒင်သည် သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောကြားလိုက်သည်။
ဟာဒါဂေါ်ဒင်ကို တိုက်ပွဲများဖြစ်နေစဉ်အတွင်း ဟားမတ်စ်စစ်သွေးကြွများက ဖမ်းဆီးသွားသည်ဟု ယူဆရပြီး ၎င်းပျောက်ဆုံးသွားပြီးနောက် ၇၂ နာရီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် နာရီပိုင်း အတွင်း ပျက်ပြားသွားခဲ့သည်။

အစ္စရေးပြည်သူများ၏ လုံခြုံရေးကို စိတ်ချနိုင်သည်အထိ ဂါဇာတွင် စစ်ဆင်ရေးများ လုပ်ဆောင်သွား မည်ဟု ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ပြောကြားထားသည်။

ဟာဒါဂေါ်ဒင်ကို မိမိတို့ ဖမ်းဆီးမထားကြောင်း ၎င်းပုန်းအောင်းနေသည့် နေရာကိုလည်း မသိကြောင်း ဟားမတ်စ်တို့က ပြောကြားသည်။

အစ္စရေးစစ်သား ဖမ်းဆီးခံခဲ့ရသည့် ဆိုသော နေရာတွင် မိမိတို့ တပ်ဖွဲ့ဝင်များလည်း ပျောက်ဆုံးသွား ကြောင်းနှင့်  ဂေါ်ဒင်သည် အစ္စရေးတို့၏ လေကြောင်းမှ တိုက်ခိုက်မှုတွင် သေဆုံးသွားခြင်း ဖြစ်နိုင်ကြောင်း ဟားမတ်စ်အဖွဲ့က ပြောကြားထားသည်။

အစ္စရေးစစ်ဦးစီးချုပ်က  ကေဖာဆာဘာမြို့ရှိ ဂေါ်ဒင်၏ မိသားစုထံ  သြဂုတ် ၂ ရက် ညတွင် သွား ရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဇူလိုင်လလယ်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အစ္စရေးဘက်မှ သေဆုံးသူ ၆၆ ဦး ရှိသွားပြီ ဖြစ်ကာ တပ်ဖွဲ့ဝင်နှစ်ဦးသာ ပါဝင်ခဲ့သည်။

ပါလက်စတိုင်းဘက်မှလည်း သေဆုံးသူ ၁၇၀၀ ခန့်ရှိခဲ့ပြီး အများစုမျာ အရပ်သားများ ဖြစ်ကြောင်း သိရသည်။
Ref:BBC
သြဂုတ် ၁ ရက်က ဂါဇာတောင်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့သည့် အသက် ၂၃ အရွယ် အစ္စရေးစစ်သား ဟာဒါဂေါ်ဒင်သည် သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောကြားလိုက်သည်။
ဟာဒါဂေါ်ဒင်ကို တိုက်ပွဲများဖြစ်နေစဉ်အတွင်း ဟားမတ်စ်စစ်သွေးကြွများက ဖမ်းဆီးသွားသည်ဟု ယူဆရပြီး ၎င်းပျောက်ဆုံးသွားပြီးနောက် ၇၂ နာရီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် နာရီပိုင်း အတွင်း ပျက်ပြားသွားခဲ့သည်။

အီရတ်တွင် ကာ့ဒ်တပ်ဖွဲ့များနှင့် တိုက်ခိုက်ပြီးနောက် ရေနံမြေငယ် နှစ်ခုကို ISIS အဖွဲ့ သိမ်းယူနိုင်ခဲ့

Photo: အီရတ်တွင် ကာ့ဒ်တပ်ဖွဲ့များနှင့် တိုက်ခိုက်ပြီးနောက် ရေနံမြေငယ် နှစ်ခုကို ISIS အဖွဲ့ သိမ်းယူနိုင်ခဲ့
Monday, August 4, 2014

ISIS အဖွဲ့ ဂျီဟတ်ဝါဒီ တိုက်ခိုက်ရေး သမားများသည် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ရေနံမြေငယ်နှစ်ခုကို တနင်္ဂနွေနေ့က သိမ်းပိုက်နိုင်ခဲ့ကြပြီး၊ ကာ့ဒ်ဒစ်ရှ် ပက်ရှ်မာဂါ (Kurdish peshmerga) တပ်ဖွဲ့များ နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် ထိုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကာ့ဒ် အရာရှိများက ဆိုသည်။
ဂျီဟတ်ဝါဒီ ISIS အဖွဲ့သည် အီရတ်၏ ဒုတိယမြို့တော် မိုဆူးလ် (Mosul) ၏ အနောက်မြောက်ပိုင်းရှိ ဇူးမား (Zumar) ဒေသအား စနေနေ့ က စတင်တိုက်ခိုက် ခဲ့ကြရာ၊ နှစ်လနီးပါး ကြာလာပြီဖြစ်သော တိုက်ပွဲများတွင် ကာ့ဒ်တပ်ဖွဲ့များလည်း ပိုမိုနက်ရှိုင်းစွာ ပါဝင်လာခဲ့သည်။

"ဂျီဟတ်ဝါဒီ တွေဟာ ဇူးမားမှာ ရှိတဲ့ ပက်ရှ်မာဂါ စခန်းတစ်ခုကို တိုက်ခိုက်ခဲ့လို့ ပြင်းထန်တဲ့ တိုက်ပွဲ ပေါ်ပေါက်ခဲ့ပါတယ်” ဟု အီရတ်၏ အဓိက ကာ့ဒ်ပါတီ ကြီး နှစ်ခုအနက် တစ်ခုဖြစ်သည့် မျိုးချစ် ကာ့ဒစ်စတန် အစည်းအရုံးမှ အရာရှိတစ်ဦးက ဆိုသည်။ ပက်ရှ်မာဂါ တပ်သား ၁၄ ဦး သေဆုံးခဲ့ကြောင်း အဆိုပါ အရာရှိက အေအက်ဖ်ပီ ကို ပြောပြခဲ့သည်။ ထိုအရေအတွက်မှာ ကာ့ဒ်တပ်ဖွဲ့မှ ထိပ်တန်းအရာရှိတစ်ဦးက အတည်ပြုထားသော အရေအတွက်ဖြစ်သည်။

ထို့ပြင် ထိုနေရာ အနီးအနားရှိ ဆီးရီးယား နယ်ခြား ဒေသတစ်ခုတွင် ဖြစ်ပွါးခဲ့သော တိုက်ပွဲ တစ်ခုတွင်လည်း နောက်ထပ် ပက်ရှ်မာဂါ တပ်သား နှစ်ဦး သေဆုံး သွား ခဲ့သည်ဟု ဆိုသည်။ ပက်ရှ်မာဂါ တပ်သားများ အနေဖြင့် ISIS တပ်သား ၁၀၀ ဝန်းကျင်ခန့်ကို တိုက်ပွဲ အတွင်း သတ်ဖြတ် နိုင်ခဲ့ကြောင်းနှင့် ၃၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မျိုးချစ် ကာ့ဒစ်စတန် အစည်းအရုံးမှ အရာရှိက ဆိုသည်။

ပက်ရှ်မာဂါ တပ်ဖွဲ့သည် ဂျီဟတ်ဝါဒီ ISIS အဖွဲ့ကို တွန်းလှန်တိုက်ခိုက်ခဲ့သော်လည်း တနင်္ဂနွေနေ့တွင် ဆုတ်ခွာခဲ့ရာ ISIS အနေဖြင့် Ain Zalah နှင့် Batma ရေနံမြေ နှစ်ခုအပါအဝင် ထိုဒေသတစ်ဝိုက်ကို သိမ်းယူသွားနိုင်ခဲ့ကြကြောင်း ပက်ရှ်မာဂါ အရာရှိများက ဆိုခဲ့ကြသည်။
mizzimaburmese ISIS အဖွဲ့ ဂျီဟတ်ဝါဒီ တိုက်ခိုက်ရေး သမားများသည် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ရေနံမြေငယ်နှစ်ခုကို တနင်္ဂနွေနေ့က သိမ်းပိုက်နိုင်ခဲ့ကြပြီး၊ ကာ့ဒ်ဒစ်ရှ် ပက်ရှ်မာဂါ (Kurdish peshmerga) တပ်ဖွဲ့များ နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် ထိုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကာ့ဒ် အရာရှိများက ဆိုသည်။
ဂျီဟတ်ဝါဒီ ISIS အဖွဲ့သည် အီရတ်၏ ဒုတိယမြို့တော် မိုဆူးလ် (Mosul) ၏ အနောက်မြောက်ပိုင်းရှိ ဇူးမား (Zumar) ဒေသအား စနေနေ့ က စတင်တိုက်ခိုက် ခဲ့ကြရာ၊ နှစ်လနီးပါး ကြာလာပြီဖြစ်သော တိုက်ပွဲများတွင် ကာ့ဒ်တပ်ဖွဲ့များလည်း ပိုမိုနက်ရှိုင်းစွာ ပါဝင်လာခဲ့သည်။

လှေဖြင့် ခိုးဝင်လာသည့် တမီးလ်လူမျိုးများကို သြစတြေးလျက ပစိဖိတ်သမုဒ္ဒအတွင်းရှိ ကျွန်းသို့ ပို့ထား

အိန္ဒိယနိုင်ငံမှ လှေဖြင့်ခိုးဝင်လာပြီး ခိုလှုံခွင့်တောင်းခံထားသည့် တမီးလ်ဒုက္ခသည် ၁၅၇ ဦးကို သြစတြေးလျ အာဏာပိုင်များက ပစိ ဖိတ်သမုဒ္ဒရာအ တွင်းရှိ နာအူရူကျွန်းသို့ ပို့ထားကြောင်း သိရသည်။အဆိုပါ ဒုက္ခသည်များက အိန္ဒိယအရာရှိများနှင့် တွေ့ဆုံရန် ငြင်းဆိုခဲ့သောကြောင့် ၎င်းတို့၏ ခိုလှုံ ခွင့် တောင်းခံမှုကို စိစစ်နေစဉ်အတွင်း ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ တမီးလ်ဒုက္ခသည်များသည် ဇွန်လအတွင်းက လှေဖြင့် ခိုးဝင်လာစဉ် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့အား သြစတြေးလျ ကုန်းတွင်းပိုင်းသို့ ခေါ်ဆောင်ကာ အိန္ဒိယအရာရှိ များနှင့် တွေ့ဆုံပေးရန် စီစဉ်ခဲ့သော်လည်း ဒုက္ခသည်များက ငြင်းဆိုခဲ့သည်။ ယင်းတမီးလ်လူမျိုးများသည် အိန္ဒိယနိုင်ငံ၊ ပွန်ဒီချာရီမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သော်လည်း သီရိလင်္ကာ နိုင်ငံမှ ရွှေ့ပြောင်းလာသူများဖြစ်နိုင်ကြောင်း အာဏာပိုင်များ က ပြောကြားသည်။ ၎င်းတို့ကို ၀က်စ တန်းသြစတြေးလျရှိ ကာတင်လူဝင်မှုကြီးကြပ်ရေးစခန်းတွင် ထိန်းသိမ်းထားခဲ့သည်။ ကလေးငယ် ၅၀ ဦးပါဝင်သည့် ယင်းဒုက္ခသည်များကို နာအူရူကျွန်း သို့မဟုတ် သီရိလင်္ကာသို့ ပြန်ပို့ ပေးဖွယ်ရှိကြောင်း သြစတြေးလျလူဝင်မှုကြီးကြပ်ရေးဝန်ကြီး စကော့မော်ရစ်ဆန်က ပြောကြားသည်။

ငါးမွေးမြူရေးနှင့် ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များကို ကျပ်သုံးဘီလီယံ ချေးငွေပေးမည်

မွေးမြူရေးလုပ်ငန်းရှင် များထံမှအကြွေးကျပ်ငွေသုံးဘီ လီယံကျော်ရှိသော်လည်းငါးမွေး မြူရေးနှင့် ပင်လယ်ကမ်းဝေးငါး ဖမ်းလုပ်ငန်းရှင်များကို ချေးငွေ ကျပ်သုံးဘီလီယံခွဲထပ်မံချေးပေး ရန်စီစဉ်နေကြောင်းမွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှသတင်းရ ရှိသည်။‘‘နည်းပညာတွေ၊ ငွေကြေး တွေလိုတယ်လို့အမြဲပြောနေလို့ အခုလိုထပ်ပြီးထောက်ပံ့ပေးတာ ။ နိုင်ငံတော်သမ္မတကြီးလည်းချေး ငွေပေးဖို့ လမ်းညွှန်ထားတယ်’’ဟု အဆိုပါဝန်ကြီးဌာန ဒုတိယ၀န် ကြီးဦးခင်မောင်အေးက ပြော ကြားသည်။
ငါးမွေးမြူရေးလုပ်ငန်းရှင် များအတွက် ချေးငွေကျပ်တစ်ဘီ လီယံခွဲကို တွံတေး၊ မအူပင်၊ ညောင်တုန်းနှင့်လက်ပံတန်းမြို့ နယ်တို့ရှိ လုပ်ငန်းရှင်များအား ချေး ပေးရန် စီစဉ်ထားသည်။အဆိုပါ ချေးငွေကို ခိုင်မာမှုရှိစေရန် ၀ိုင်း ကြီးချုပ်စနစ်ဖြင့် ထုတ်ချေးပေး မည်ဖြစ်သည်။

နာရေးဝန်ဆောင်မှုအဖွဲ့က အလောင်း မှားမြုပ်သဖြင့် ပြန်လည် တူးဖော်ခဲ့ရ

အမေရိကန် နိုင်ငံ ဟူစတန်မြို့ရှိ ဟူစတန် နာရေး ဝန်ဆောင်မှု အဖွဲ့သည်  ရုပ်အလောင်း မှားယွင်း မြုပ်မိခဲ့ပြီး မှားယွင်းကြောင်း သိရှိခဲ့သည့် အချိန်တွင် ရုပ်အလောင်းအား ပြန်လည် တူးဖော်ခဲ့ရ သည်ဟု သြဂုတ်လ ၄ ရက်က နယူးယောက် ဒေးလီး သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။ရုပ်အလောင်းပိုင်ရှင် ဘရုစ်လောဆန်မှ အသုဘ အခမ်းအနားသို့ လာရောက်ချိန်တွင် အခေါင်းထဲရှိ ရုပ်အလောင်းသည် ၎င်း၏ မိခင်ဖြစ်သူ၏ ရုပ်အလောင်း မဟုတ်ကြောင်းကို ရိပ်မိခဲ့သည်။ ထို့နောက် ၎င်းသည် တစ်စုံတစ်ခု မှားယွင်း နေကြောင်း စဉ်းစားမိခဲ့ သော်လည်း ရုပ်အလောင်းအား မပုပ်ပွ စေရန် စီမံထားမှု များကြောင့် ယခုလို ရုပ်ပြောင်း သွားခြင်း ဖြစ်နိုင်သည် ဟူ၍ အမှုမဲ့ အမှတ်မဲ့ နေခဲ့သည်ဟု ဆိုသည်။ထို့နောက် စဉ်းစားရ အလွန်ကြပ်လာ သောကြောင့် လောဆန်သည် နာရေး ဝန်ဆောင်မှု အဖွဲ့၏ ဝန်ထမ်းအား "ဒါကျွန်တော့် အမေနဲ့ မတူသလိုဘဲ"ဟု ပြောကြား ခဲ့သော်လည်း ရုပ်အလောင်းသည် လောဆန်၏ အမေ ဖြစ်ကြောင်းကို ယင်းဝန်ထမ်းမှ ခိုင်ခိုင်မာမာ ပြောကြား ခဲ့သည်။"ဒီအလောင်းက ကျွန်တော့် အမေအလောင်း မဟုတ်ဘူးလို့ နာရေး ဝန်ဆောင်မှု ဝန်ထမ်းကို ပြောပြခဲ့တယ်"ဟု လောဆန်က ပြောကြား ခဲ့ပြီး "အလောင်းများ မှားနေလား မသိဘူး၊ တစ်ယောက်ယောက်များ ဖြစ်နေ မလား"လို့ မေးခဲ့ပေမယ့် ၎င်းဝန်ထမ်းက "ကျွန်မတို့ ဒီလို အမှားမျိုးတွေ မလုပ်ပါဘူး"ဟု ပြန်လည် ပြောဆို ခဲ့သည်ဟု လော်ဆန်က ပြောကြားခဲ့သည်။

လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်၍ သေဆုံးသူအတွက် မြန်မာ-ယန်စီကုမ္ပဏီမှ လျော်ကြေးသိန်း၂ဝဝပေး

လက်ပံတောင်းကြေးနီ စီမံကိန်း လုပ်ကိုင်နေသော မြန်မာ-ယန်စီကုမ္ပဏီတွင် မေလပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် တန် ၁ဝဝ ကားကြီးမှ စူဇူကီး ဒယ်ဘယ်ကတ် ကားလေးအား တက်ကြိတ်ခဲ့ရာ ဒယ်ဘယ်ကတ်ကားတွင်ပါသည့် အလုပ်သမား ကိုမင်းမင်းစိုး သေဆုံးခဲ့မှုကို လျော်ကြေး သိန်း၂ဝဝ ပေးလိုက်သည်။ယန်စီကုမ္ပဏီကသေဆုံးသူအတွက် လျော်ကြေးပေးရာတွင် ကျန်ရစ်သူမိသားစုနှင့် ညှိနှိုင်းဆောင်ရွက်ရာ အဆင်မပြေဖြစ်ခဲ့ပြီး သြဂုတ် ၃ ရက်ကမှ မြန်မာကျပ် သိန်း၂၀၀ ဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် (MTUF) ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက ပြောသည်။"အကောင်းဆုံးရလာဒ်ကတော့ ယန်စီကော့ပါးလိမိတက်အနေနဲ့  နောက်နောင်မှာ မိမိတို့ ယန်စီအလုပ်သမားများအား ယခုကဲ့သို့ မဖြစ်စေအောင် လုံခြုံဘေးကင်းတဲ့ လုပ်ငန်းခွင်အဖြစ် ကာကွယ်စောင့်ရှောက်ပါမယ်လို့ ဝန်ခံကတိပြုသွားတာပါပဲ"ဟု MTUF ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက မဇ္ဈိမကို ပြောသည်။ယန်စီကုမ္ပဏီအနေဖြင့် စတင်ညှိနှိုင်းခဲ့စဉ်က ယခုကဲ့သို့ အလုပ်သမားများ ဘေးအန္တရာယ်ထပ်မံမဖြစ်ပွားစေရန် ဂရုစိုက်မည်ဟုသော ကတိကိုမပေးကြောင်း၊ လျော်ကြေး သာပေးမည်ဟု ဆိုခဲ့သည်။ သို့သော် ဇနီးဖြစ်သူက လက်မခံခဲ့ပေ။

လူ့အခွင့်အရေးအပြည့်အ၀ရှိသော မြန်မာနိုင်ငံ

လူသားတိုင်းတွင် တူညီသည့် အခွင့်အရေးများ ရှိကြပါသည်။ တူညီသော ဥပဒေဖြင့် အကာအကွယ် ပေးမှုကိုလည်း လူသားတိုင်းရရှိခံစားကြရပါသည်။ လူသားတစ်ဦးရရှိသင့်သော အခွင့်အရေးကို လူ့အခွင့်အရေး ဟုဆိုပါက မှားနိုင်မည်မထင်ပေ။ သို့ရာတွင် လူ့အခွင့်အရေးဟူသည် နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ကွဲပြား ခြားနားသကဲ့သို့ ကိုးကွယ်ယုံကြည်ရာ ဘာသာအယူဝါဒအရလည်း ကွဲပြားခြားနားမည် ဖြစ်ပါသည်။ ထို့အတူ နိုင်ငံ တစ်နိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံခြားသားတို့အကြား ရရှိခံစားနိုင်ခွင့်ရှိသည့် လူ့အခွင့်အရေးဆိုသည်မှာ လည်း မတူညီနိုင်ပေ။ ဤနေရာတွင် စာရေးသူအနေဖြင့် လူ့အခွင့်အရေးဆိုသည်ကို မည်သည့်စံပေတံဖြင့် တိုင်းတာ၍ ရနိုင်ပါမည်နည်းဟု မေးစရာရှိလာပါသည်။ အမေရိကန်နိုင်ငံ၏ လူ့အခွင့်အရေးနှင့် အခြားသော နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးကား မည်သည့်အခါမျှ တူညီနိုင်မည်မဟုတ်ချေ။ ကိုးကွယ်ယုံကြည်ရာ ဘာသာ အယူဝါဒ၊ ယဉ်ကျေးမှုကွဲပြားခြားနားခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေပေါ်တွင်မူတည်၍ လူ့အခွင့်အရေး ဟူသော ပေတံသည် ကွဲပြားခြားနားနေမည်သာ ဖြစ်ပါသည်။

တရုတ်ဆန်ကုန်သည်နှစ်ဦး ဆန်ဖိုးပြန်ပေးရန် ဆက်သွယ်လာဟုဆို

မူဆယ်ကုန်သည်များထံ မှ ဆန်ဝယ်ယူပြီး သတ်မှတ်ရက် တွင် ငွေမပေးသော တရုတ်ဆန်ကုန်သည်နှစ်ဦးဆန်ဖိုးပေးရန် ပြန် လည် ဆက်သွယ်လာကြောင်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့နေသော ကုန်သည်အချို့ကပြောသည်။အဆက်အသွယ်ပြတ်နေ သော တရုတ်ကုန်သည်နှစ်ဦးအ နက် တစ်ဦးမှာ သြဂုတ် ၂ ရက်တွင် ရွှေလီမြို့၌ မြန်မာဆန်ကုန်သည် များနှင့် တွေ့ဆုံညှိနှိုင်းမှုများပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။‘‘မြန်မာကို ပေးစရာရှိတာ တွေကို မကြာခင်ဖြေရှင်းပေးမယ် လို့ပြောခဲ့တယ်။ နောက်တစ် ယောက်ကတော့ တစ်ဆင့်စကား ကြားတာ။သူလည်း ဖြေရှင်းပေးပါ မယ်လို့ သိရတယ်’’ဟု မူဆယ်မြို့ မှ ဆန်ကုန်သည်ဦးမင်းသိန်းက ပြောသည်။တရုတ်ကုန်သည် နှစ်ဦး သည် မူဆယ်ဆန်ကုန်သည်များ ထံသို့ ယွမ်ငွေ သုံးဆယ့်ရှစ်သိန်း ကျော် (မြန်မာငွေကျပ် သိန်း ခြောက်ထောင်နီးပါး) ဖိုး ဆန်ဝယ် ထားပြီး ငွေပေးရန်ရှိနေသည်။ တရုတ်ကုန်သည်နှစ်ဦးအနက် တစ် ဦးနှင့် ညှိနှိုင်းမှုအရ ဆန်ဖိုးငွေ တရုတ်ယွမ် ၂၄ သိန်းခန့်ကို ပြန် လည်ရှင်းလင်းပေးမည်ဖြစ်ပြီး ကျန်တစ်ဦးထံမှ ယွမ်ငွေ ၁၄ သိန်းကျော်ကို ရှင်းလင်းပေးနိုင်မည်ဟု သိရသည်။ တရုတ်ကုန်သည်နှစ်ဦးသည် မြန်မာ့ဆန်ကို ဇူလိုင်လလယ်မှ စတင်ဝယ်ယူ၍ သတ်မှတ်ကာလအတွင်း အကြွေးပြန်မဆပ်ဘဲ ဇူလိုင်လကုန်ရက်တွင် အဆိုပါကုန်သည်နှစ်ဦးနှင့် ဖုန်းအဆက်အသွယ်ပြတ်သွားခြင်းကြောင့် မြန်မာဆန်ကုန်သည်များ စိုးရိမ်ခဲ့ကြသည်။