ရန်ကုန်တိုင်း
ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော လမ်းများတွင်
စည်းကမ်းမဲ့စွာ ရပ်နားနေသည့် မော်တော်ယာဉ်များကို ကရိန်းယာဉ်များဖြင့်
ဖယ်ရှားအရေးယူရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဖမ်းဆီးရေး
အဖွဲ့များကို တိုးမြှင့်အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး
အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က
နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
Thursday, November 28, 2013
ပုဂံတွင် ကမ္ဘာလှည့်ခရီးသွား လာရောက်မှု များပြားလာခြင်းနှင့်အတူ ယဉ်ကျေးမှုနှင့် မလျော်ညီသော အပြုအမူများ ပိုမိုကြုံတွေ့လာရ
ပုဂံဒေသသို့
ကမ္ဘာလှည့် ခရီးသွားဧည့်သည် အများအပြား ၀င်ရောက်လာခြင်းနှင့်အတူ
ယဉ်ကျေးမှုနှင့် မလျော်ညီသော အပြုအမူများ ပိုမိုကြုံတွေ့လာရကြောင်း သိရသည်။
ကမ္ဘာလှည့် ခရီးသွားများ၏ လုံခြုံရေးဆောင်ရွက်ရာတွင် ဒေသတွင်း ၀င်ရောက်လာသော ခရီးသွားဧည့်သည်များ၏ လုံခြုံရေး၊ ၎င်းတို့၏ ငွေကြေးပစ္စည်းများ လုံခြုံရေးထိခိုက် ဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ရသကဲ့သို့ ၀င်ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွားများထဲမှ အဆင့်အတန်း မရှိသော ဧည့်သည်တချို့၏ ကျူးလွန်လာမည့် ယဉ်ကျေးမှုနှင့် မှုခင်းဆိုင်ရာ ချိုးဖောက်မှုများ ကိုလည်း ဒေသခံအဖွဲ့အစည်းများ အနေဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
ကမ္ဘာလှည့် ခရီးသွားများ၏ လုံခြုံရေးဆောင်ရွက်ရာတွင် ဒေသတွင်း ၀င်ရောက်လာသော ခရီးသွားဧည့်သည်များ၏ လုံခြုံရေး၊ ၎င်းတို့၏ ငွေကြေးပစ္စည်းများ လုံခြုံရေးထိခိုက် ဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ရသကဲ့သို့ ၀င်ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွားများထဲမှ အဆင့်အတန်း မရှိသော ဧည့်သည်တချို့၏ ကျူးလွန်လာမည့် ယဉ်ကျေးမှုနှင့် မှုခင်းဆိုင်ရာ ချိုးဖောက်မှုများ ကိုလည်း ဒေသခံအဖွဲ့အစည်းများ အနေဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်၏ တောက်ပံ့မှုရရှိမည့်မြို့နယ် ဧရာဝတီတိုင်း ဒေသကြီးအတွင်း၌ ရွေးချယ်
ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ပေးမည့် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဧရာဝတီတိုင်း
ဒေသကြီး ၂၆ မြို့နယ် အတွင်းမှ ထောက်ပံ့ရမည့် မြို့နယ်ရွေးချယ်ပွဲကို
နိုဝင်ဘာ ၂၆ ရက်က ပုသိမ်မြို့ ကမ်းနားလမ်းရှိ မြို့တော် ခန်းမတွင်
ပြုလုပ်ကျင်းပခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်၏ ဆုံးဖြတ်ချက်မှာ အလွန်အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျနိုင်ငံတွင် မြန်မာမိသားစုများနှင့် တွေ့ဆုံရာ၌ ပြောကြား
သြစတြေးလျနိုင်ငံသို့ ပထမဆုံးအကြိမ် အဖြစ်ရောက်ရှိနေသော မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၇ ရက်၌ ဆစ်ဒနီမြို့ရှိ
ဆစ်ဒနီပြဇာတ်ရုံတွင် ကျင်းပသည့် မြန်မာမိသားစုများနှင့် တွေ့ဆုံရာတွင်
မိန့်ခွန်းပြောကြားရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင်
ကာကွယ်ရေးဦးစီးချုပ်၏ ဆုံးဖြတ်ချက်မှာ အလွန်အရေး ပါကြောင်း ပြော ကြားသည်။
ကမ္ဘာ့ဖလား ကျင်းပဖို့ ပြင်ဆင်နေတဲ့ ဘရာဇီးအတွက် နောက်ဆုံးပေါ် ပြဿနာ
ကမ္ဘာ့ဖလား(၅)ကြိမ် ဗိုလ်စွဲခဲ့တဲ့ ဘရာဇီးဟာ (၂၀၁၄)ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့အတွက် အခက်အခဲ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့အတွက် နောက်ဆုံးပေါ်ပြဿတာ့ လာမယ့် ဒီဇင်ဘာမှာ ကွင်း(၆)ကွင်း ပြင်ဆင်မှု အပြီးသတ်နိုင်ပါ့မလားဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲ ကျင်းပမယ့် ဆော်အိုပေါ်လိုကဘောလုံးကွင်းဟာ ၀န်ချီစက်နဲ့ တိုက်မိတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့သလို လူ(၃)ဦး သေဆုံးခဲ့တာကြောင့်ပဲဖြစ်ပါတယ်။
Subscribe to:
Posts (Atom)