Thursday, January 24, 2013
ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အေဂျင်စီများ အတားအစီးမရှိ ၀င်ခွင့်ပြုရန် အမေရိကန်တိုက်တွန်း
ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားသော အကူ အညီပေးရေး အေဂျင်စီများအား အတားအဆီမရှိဝင်ခွင်ပြုရန် အမေရိကန်ပြည်ထောင်စုက တိုက် တွန်းကြောင်း ၂၄ ရက်နေ့ တွင် ထုတ်ပြန်သော အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တရား သူကြီးများ ကျမ်းသစ္စာ ကျိန်ဆိုရန် တိုက်တွန်း
ပြည်သူလူထု၏ ယုံကြည်မှုရရှိ စေရန်နှင့် တရားစီရင်ရေးတွင် ဖြောင့်မတ်မှန်ကန် စေရန် တရားသူကြီးများ တရားခွင်တက်တိုင်းကျမ်းသစ္စာကျိန်ဆိုရန် တိုက်တွန်း ကြောင်း ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။ ယင်းအဆိုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမအကြိမ်ပုံမှန်အစည်းအဝေးတွင် ၄င်းက အဆိုတင်ခဲ့ခြင်း ဖြစ်သည်။
ဂစ္စပနဒီမြစ်အတွင်း စက်လှေတစ်စီး လုယက်တိုက်ခိုက်ခံရ
ဂစ္စပနဒီမြစ်အတွင်း စက်လှေတစ်စီး လုယက်တိုက်ခိုက်ခံရ
Written by စိုးမင်း     Thursday, 24 January 2013 17:25 
အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့သို့ ဆန်တင်ပို့ရန်လာသော စက်လှေတစ်စီးမှာ ဇန္နဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဂစ္စပနဒီတံတားအနီးရှိ ပိုက်သည်ကုလားရွာအနီးတွင် ကုလားအုပ်စုတစ်စု၏ လုယက်တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါ စက်လှေတွင် ဆန်အိတ် ၄၅ အိတ်ပါရှိပြီး စက်ဆရာတစ်ဦးတည်းလိုက်ပါခုတ်မောင်းလာနေစဉ် စက်လှေပင်ကာ ပိုက်ကွန်တွင်မိ၍ စက်ရပ်သွားသည့်အချိန်တွင် လာရောက် တိုက်ခိုက်လုယက်ခြင်း ဖြစ်ကြောင်းသိရသည်။
" ကျောက်တော်မြို့ကို ဆန်တင်ပို့ဖို့အတွက် အပေါက်ဝကျေးရွာကနေ စက်လှေကိုခုတ်မောင်းလာတယ်။ ဂစ္စပနဒီတံတား နားကို ရောက်တာနဲ့ ပင်ကာက ရေမှာချထားတဲ့ပိုက်မှာ ငြိမ့်သွားပြီးတော့ စက်ရပ်သွားတယ်။ ပင်ကာမှာ ငြိမ့်သွားတဲ့ ပိုက်ကိုဖြေဖို့လုပ်နေတဲ့အချိန်မှာ ပိုက်သည်ကုလားရွာက ကုလားအယောက် ၂၀ ခန့် ထွက်လာပြီးတော့ တိုက်ခိုက်ဖို့ လုပ်တယ်။ အဲဒီတော့ ကျနော်လည်းလွတ်ရာလွတ်ကြောင်းဆိုပြီးတော့ မြစ်ထဲကိုခုန်ဆင်းထွက်ပြေးလို့ လွတ်မြောက် လာပါတယ်။ " ဟု ထွက်ပြေးလွတ်မြောက်လာသည့် စက်ဆရာက ပြောသည်။
အဆိုပါ လုယက်ခြင်းခံရသည့် ဆန်များမှာ ကျောက်တော်မြို့ အပေါက်ဝကျေးရွာနေ ဦးအောင်သိန်းနှင့် ဒေါ်သိန်းနုရွှေတို့၏ ဆက်စက်မှ ဆန်များဖြစ်ကြောင်း သိရသည်။
ထိုသို့ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဒေသအာဏာပိုင်များအကူအညီဖြင့် အဆိုပါစက်လှေအား လိုက်လံရှာဖွေရာ ကုလားတန်မြစ်ထဲတွင်တွေရှိခဲ့သော်လည်း ဘုတ်မှာပျက်စီးနေပြီး ဆန်အိတ်များမရှိတော့ကြောင်း သိရသည်။
အဆိုပါအခင်းအရာနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်များက ဆက်လက်လိုက်လံစုံစမ်းရာ ဇန္နဝါရီလ ၂၄ ရက်နေ့ တွင် ဆန်အိတ်များကို အဆိုပါပိုက်သည်ကုလားရွာထဲမှ ပြန်လည်သိမ်းဆည်းရမိကြောင်း နောက်ဆုံး သတင်းပေးကြားချက်အရ သိရသည်။
ဆန်အိတ်များကိုကုလားရွာထဲမှ ပြန်လည်သိမ်းဆည်းခဲ့သော်လည်း ဆန်အိတ်များကိုလုယူထားသည့် ကုလားများအား အာဏာပိုင်များက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းများ မရှိသေးကြောင်း သိရသည်။
အေးချမ်းမွန်မှ Arakan Times  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့သို့ ဆန်တင်ပို့ရန်လာသော စက်လှေတစ်စီးမှာ ဇန္နဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဂစ္စပနဒီတံတားအနီးရှိ ပိုက်သည်ကုလားရွာအနီးတွင် ကုလားအုပ်စု တစ်စု၏ လုယက်တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။
သမ္မတအား ဆုပေးခြင်းသည် ပညာရေးကဏ္ဍနှင့်သာ တွက်ချက် စဉ်းစားခဲ့ခြင်းဖြစ်
သမ္မတအား ဆုပေးခြင်းသည် ပညာရေးကဏ္ဍနှင့်သာ တွက်ချက် စဉ်းစားခဲ့ခြင်းဖြစ်
ဟင်္သာနီ (မွန်မြေ) | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၃၁ မိနစ် 
မြန်မာနိုင်ငံတွင်း နိုင်ငံရေး မငြိမ်သက်မှုနှင့် စစ်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေသော်လည်း (Bansomdej chaopraya Rajabhat University - BSRU) မှ ဂုဏ်ထူးဆောင် ဆုတံဆိပ် လာရောက် ပေးအပ်ခဲ့သည့် အပေါ်ဝေဖန်မှုများ ရှိခဲ့ခြင်းကို ယင်း တက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်းရေးမှူးမှ ပညာရေး ကဏ္ဍ တွက်ချက် စဉ်းစားမှုဖြင့်သာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမအား ပြောသည်။ 
၎င်းက “နိုင်ငံရေးက နိုင်ငံရေး နဲ့ပဲ သက်ဆိုင် ပါတယ် ၊ မြန်မာပြည် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု စစ်ပွဲတွေ အဲဒီ အခြေအနေ တွေက ဒီဂုဏ် ထူးဆောင် ဆုတံ ဆိပ်နဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိဘူးလို့ကျွန်မ မြင်တယ်၊ ကျွန်မ တို့ အခုလို ဆုတံဆိပ် ပေးအပ် တာကလည်း ပညာရေး ကဏ္ဍနဲ့ပဲ တွက်ချက် စဉ်းစားပြီး ပေးအပ်ခြင်း ဖြစ်တယ်” ဟု  မဇ္ဈိမအား ပြောသည်။ 
စီမံ ခန့်ခွဲမှု နည်းပညာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Honorary Doctor of Philosophy in Technology Management) ခေါ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို သမ္မတဦးသိန်းစိန်အား ဇန်န၀ါရီလ ၂၃နေ့ ညနေငါးနာရီတွင် သမ္မတအိမ်တော် ၌ ပေးအပ်ခဲ့ကြောင်း သမ္မတရုံး ၀ဘ်ဆိုက်တွင်ဖော်ပြထားသည်။ 
( Bansomdej chaopraya Rajabhat University - BSRU) တက္ကသိုလ်မှ အဓိပတိ ဘုတ်အဖွဲ့ ဝင်နှင့် တက္ကသိုလ် အကြံပေး အဖွဲ့များ ပါဝင်သည့် (၉) ဦးပါ ကိုယ်စားလှယ် အဖွဲ့အား တက္ကသိုလ် တွဲဖက် ပါမောက္ခ ဒေါက်တာ ဖွန်လာဆစ် နူချူချိုင်းမှ ဦးဆောင်ကာ နေပြည်တော်ရှိ သမ္မတ အိမ်တော် သဘင် ဆောင်၌ သမ္မတ အား ပေးအပ် ခဲ့ခြင်း ဖြစ်သည်။ 
သမ္မတ ဦးသိန်းစိန် က မိမိအား ယခုကဲ့သို့ ဂုဏ်ထူးဆောင် ဆုတံဆိပ် ပေးအပ် ခြင်းသည် မိမိတို့ နိုင်ငံနှင့် ပြည်သူ များ၏ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်း အားထုတ် မှုများ အပေါ် အသိအမှတ် ပြုမှု တစ်ရပ် အဖြစ် ခံယူကြောင်း ဆုပေးအပ်ပွဲ အခမ်း အနားတွင် ပြောခဲ့သည် ဟုသမ္မတရုံး ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 
ဆက်လက် ၍လည်း ထိုင်း မြန်မာ နှစ်နိုင်ငံကြား ပညာရေး ကဏ္ဍ ပူးပေါင်း လုပ်ဆောင်မှု မြင့်မား စေရန် မြန်မာ တက္ကသိုလ်နှင့် မိမိတို့ တက္ကသိုလ် များအကြား ပညာ သင်ကြားမှု ဖလှယ်ရေး အစီအစဉ် သဘောတူ စာချူပ်များ ဆက်လက် ချုပ်ဆို သွားရန် ရှိကြောင်းလည်း ( Bansomdej chaopraya Rajabhat University - BSRU) မှ တက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်း ရေးမှူးမှ မဇ္ဈိမအား ပြောသည်။ 
၎င်းက “အနာဂါတ်မှာ အာဆီယံ နိုင်ငံတွေ အကြား ကူးလူး ဆက်သွယ်မှု ကောင်းမွန် လာရင်၊ တစ်နိုင်ငံနဲ့ တစ်နိုင် ငံကြား ဘာသာ စကား ဖလှယ် သင်ကြား မှုတွေ ရှိလာမယ်၊ ဒါ့ပြင်ကို ပညာရေး ကဏ္ဍနဲ့ ပတ်သက် ပြီးတော့မြန်မာ နိုင်ငံနဲ့ ကျွန်မတို့ တက္ကသိုလ် ကြားမှာလည်း MOU စာချုပ်တွေ ဆက်လက် ချုပ်ဆို ကြဖို့ ရှိပါတယ်၊ ချုပ်ဆို နိုင်မယ် လို့လည်း မျှော်လင့် ပါတယ်” ဟု ပြောကြားခဲ့သည်။ 
ထို့ပြင် တက္ကသိုလ် အနေနှင့် ယခု ဘွဲ့တံဆိပ်ကို အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံ အသီးသီးရှိ နိုင်ငံဥသျှောင်ခေါင်းဆောင်များအား ပေးအပ် ခဲ့ပြီး ဖြစ်ကာ မြန်မာနိုင်ငံအား အာဆီယံ နိုင်ငံ အတွင်း နောက်ဆုံး ပေးအပ်နိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း မစ္စစ် ဝလင်းလက်စ် မှ ပြောကြားခဲ့ပါသည်။ 
သမ္မတ ဦးသိန်းစိန်အား အဆိုပါဆု ပေးအပ်နိုင်ရန် ဗန်ကောက် မြန်မာသံရုံးမှ တဆင့် ၂၀၁၂ နှစ်ဆန်းပိုင်း ခန့်ကပင် ဆက်သွယ် ခဲ့သော်လည်း ဒီဇင်ဘာလ မှသာ သမ္မတမှ လက်ခံရန် အကြောင်းပြန်ခဲ့သဖြင့် ၂၀၁၃ ဇန်န၀ါရီလ ၂၃ ရက်နေ့ တွင် ပေးအပ် နိုင်ခဲ့သည်။         
အေးချမ်းမွန်မှ  Mizzima - News in Burmese    တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာနိုင်ငံတွင်း နိုင်ငံရေး မငြိမ်သက်မှုနှင့် စစ်ပွဲများ ဆက် လက် ဖြစ် ပွားလျက် ရှိနေသော်လည်း (Bansomdej chaopraya Rajabhat University - BSRU) မှ ဂုဏ်ထူးဆောင် ဆုတံဆိပ်လာရောက် ပေး အပ်ခဲ့သည့် အပေါ်ဝေဖန်မှုများရှိခဲ့ခြင်းကို ယင်းတက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်းရေးမှူးမှ ပညာရေးကဏ္ဍတွက်ချက် စဉ်းစားမှုဖြင့်သာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမအား ပြောသည်။
ချို့တဲ့အသည်းဝေဒနာရှင်များကို အခမဲ့ကုပေးမည်
Photo: ချို့တဲ့အသည်းဝေဒနာရှင်များကို အခမဲ့ကုပေးမည်
Thursday, January 24, 2013
အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုးကူးစက်ခံထားရသည့် ဆင်းရဲမ်းပါးသူများ အသက်မဆုံးရှုံးစေရေးအတွက် H+100 အသည်းကူညီမှု အဖွဲ့က မန္တလေးမြို့၌ အခမဲ့ဆေးဝါးကုသ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။
အဆိုပါ H+100 အသည်းကူ ညီမှုအဖွဲ့ကို မန္တလေးမြို့ရှိ စာနယ် ဇင်းဆရာများ၊ ဆရာဝန်ကြီးများ နှင့် မန္တလေးအခြေစိုက် သဘင်အနု ပညာရှင်များ အပါအဝင် အလှူရှင် များဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ငွေကြေးချို့တဲ့သူ အသည်းရောဂါ ဝေဒနာရှင်များ၊ ဘီပိုး စီပိုးကူးစက်ခံထားရ သည့် သံဃာတော်များနှင့် ကိုယ်ဝန်ဆောင်
မိခင်များအား ဘီပိုးစီပိုးကြောင့် အသက်မသေဆုံးစေရေးအတွက် အထူးဦးစားပေး၍ အခမဲ့ကုသပေးလျက်ရှိသည်ဟု ၄င်းအဖွဲ့ မှ အဖွဲ့ဝင် ဦးသောင်း ထွန်းက ပြောသည်။
၎င်းအဖွဲ့အနေဖြင့် ငွေကြေးချို့တဲ့သူ အသည်းဝေဒနာရှင်များ အနက် ၇ ဦးအား ၂ဝ၁၂ ခုနှစ်အတွင်း ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ပြီး ရန်ပုံငွေ အခက်အခဲ အရ အခမဲ့ဆေးဝါးကုသပေးမှု အား ရပ်ဆိုင်းခဲ့သော်လည်း ယခု အခါ ပြင်ပအလှူရှင်များ၏ ပံ့ပိုးလှူ ဒါန်းငွေဖြင့် လူနာအသစ်များအား လက်ခံကုသပေးသွားမည် ဖြစ် ကြောင်း သိရသည်။
”အဓိက ကတော့ ငွေကြေး မတတ်နိုင်တဲ့သူတွေနဲ့ ဘီပိုး၊ စီပိုးဖြစ်ရင် ဆေးကုသစရိတ် မတတ်နိုင်လို့ အသည်းခြောက်တာတို့၊ အသည်းကင်ဆာတို့ဖြစ်ပြီး သေကြရ တယ်။ အဲဒီလိုမျိုး မဖြစ်ရအောင် ငွေကြေးမတတ်နိုင်တဲ့ သူတွေကို ကျွန်တော်တို့အဖွဲ့က အသည်း လုပ်ဆောင်ချက်တွေ အခမဲ့စစ်ပေးတာတို့၊ Ultra Sound  ရိုက်ပေးတာတို့၊ ရောဂါပိုး ရှိ မရှိ စစ်ပေးတာ တို့ကို အခမဲ့လုပ်ပေး
နေတယ်။ ဆေးဖိုး မတတ်နိုင်တဲ့သူတွေကို လည်း လုံးဝ
ပျောက်ကင်းတဲ့အထိ အခမဲ့ကုပေးတယ်”ဟု ၄င်းက ဆို သည်။
ထိုသို့ အခမဲ့ကုသပေးခြင်းကို မန္တလေးမြို့၌ လစဉ် ၂ဝ ရက် နေ့မှ ၂၄ ရက်နေ့အထိ တစ်လလျှင် လေးရက်တိုင် ဆောင်ရွက်ပေးနေ ခြင်းဖြစ်ပြီး လူနာများ ဆေးဝါးကုသ ရန်အတွက် လိုအပ်သောရန်ပုံငွေအား H+100 အဖွဲ့ဝင်များမှ တစ်လလျှင် ကျပ်တစ်ထောင်နှုန်းဖြင့် လှူဒါန်းလျက်
ရှိကြောင်း၊ ငွေကြေးချို့တဲ့၍ အသည်းရောဂါ ခံစားနေ ရသူများ အနေဖြင့် လူရွှင်တော် စာရေးဆရာ ဦးချစ်စရာ ဖုန်း -ဝ၉-၄၃၁၄၁၆၇၃၊ ဦးစောနေဝင်း (ရူပဗေဒ) ဖုန်း-ဝ၉-၂ဝ၂၅၄၄၅ တို့သို့ ဆက်သွယ်စုံစမ်း၍ အကူအညီ
တောင်းခံနိုင်ကြောင်း ထပ်မံသိရ သည်။
PN-020
Popular Myanmar News Journal
အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုးကူးစက်ခံထားရသည့် ဆင်းရဲမ်း ပါးသူများ အသက်မဆုံးရှုံးစေရေးအတွက် H+100 အသည်းကူညီမှု အဖွဲ့က မန္တလေးမြို့၌ အခမဲ့ဆေးဝါးကုသ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။
အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းက ဗုဒ္ဓရုပ်ပွားတော်များ ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ် ရရှိ
အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းက ဗုဒ္ဓရုပ်ပွားတော်များ ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ် ရရှိ
အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းကဟု  မှန်းဆရသော ဗုဒ္ဓရုပ်ပွားတော် (၁၄) ဆူကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနောက်မြောက်ဘက်တွင် တည်ရှိသော Naogaon ခရိုင်အတွင်းရှိ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း နေရာ တစ်ခုက ရှာဖွေ တူးဖေါ် ရရှိခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသနဌာနမှ အဆိုပါ ခရိုင်အတွင်းရှိ Jagdal Vihara ကျောင်းတော် နေရာအား ပြန်လည်တူးဖေါ်စဉ် အဆိုပါ ရှေးဟောင်း  ဗုဒ္ဓရုပ်ပွားတော်များကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။
သုတေသနဌာနကို ကိုးကားပြီး ယနေ့ထုတ် The Independent သတင်းစာက ဖေါ်ပြရာတွင် အဆိုပါ ကြေးဖြင့် သွန်းလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော် ၁၄ ဆူကို ကျောင်းတော်၏နောက် ရေသွယ်မြောင်းတစ်ခု ထဲမှ ရှာဖွေတွေ့ရှိသည်ဟု ဖေါ်ပြသည်။
ရှာဖွေတွေ့ရှိခဲ့သော ဗုဒ္ဓ ရုပ်ပွားတော်များ၏ အရွယ်အစားမှာ ၃ လက်မမှ ၁၂ လက်မထိ အမြင့်ရှိပြီး အေဒီ ၆ ရာစုမှ ၁၇ ရာစုအတွင်းက လက်ရာများ ဖြစ်ကာ အဆိုပါ ဒေသတွင် နေထိုင်ခဲ့သူ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ် ခဲ့ပုံရသည်ဟု ရှေးဟောင်း သုတေသနဌာနက ခန့်မှန်း ပြောဆိုသည်။
ယခု တူးဖေါ်နေသော Jagdal ကျောင်းတော် နေရာမှာ ရှေးဟောင်းသုတေသန ဆိုက်တစ်ခု ဖြစ်ပြီး ရှာဖွေ တွေ့ရှိသော ဗုဒ္ဓရုပ်ပွားတော်များမှာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသည်ဟု ဆိုသည်။
ရုပ်ပွားတော်များကို ဘိုကာရာခရိုင် ရှေးဟောင်းသုတေ သနသို့ ယခုအခါ ပြောင်းရွှေ့ထားလိုက်ပြီဟုဆိုသည်။
ဒေသခံများကမူ Jagdal Vihara တွင် ပြတိုက်ဖွင့်လှစ်ပြီး ထားရှိရန် လိုလားနေကြသည်ဟု သိရသည်
အေးချမ်းမွန်မှ  Narinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းကဟု မှန်းဆရသော ဗုဒ္ဓရုပ်ပွားတော် (၁၄) ဆူကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနောက်မြောက်ဘက်တွင် တည် ရှိသော Naogaon ခရိုင်အတွင်းရှိ ရှေးဟောင်း ဘုန်းတော် ကြီးကျောင်း နေရာတစ်ခုက ရှာဖွေ တူးဖေါ်ရရှိခဲ့သည်။
ဘင်္ဂါလီများအား လူမှောင်ခို ကူးရာတွင် ပါဝင်ပါတ်သက်သော ထိုင်းကြည်းတပ် အရာရှိအချို့အား စုံစမ်းစစ်ဆေးရန် ထိုင်းကြည်းတပ် ဦးစီးချုပ်က ညွှန်ကြား ခဲ့ခြင်း
ဘင်္ဂါလီများအား လူမှောင်ခို ကူးရာတွင် ပါဝင်ပါတ်သက်သော ထိုင်းကြည်းတပ် အရာရှိအချို့အား စုံစမ်းစစ်ဆေးရန် ထိုင်းကြည်းတပ် ဦးစီးချုပ်က ညွှန်ကြား ခဲ့ခြင်း
မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရွှေ့ပြောင်း အလုပ်သမား များအား ထိုင်းနိုင်ငံမှ တစ်ဆင့် တတိယ နိုင်ငံ တစ်နိုင်ငံသို့ လူမှောင်ခို ကူးရာတွင် အကူအညီ ပေးခဲ့သည်ဟု သံသယ ရှိသည့် ထိုင်းကြည်းတပ်မှ အရာရှိ အချို့အား စုံစမ်း စစ်ဆေးမှု ပြုလုပ်သွားရန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ညွှန်ကြား ခဲ့သည်ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ Reuters သတင်း တစ်ရပ်အရ သိရှိရပါသည်။ အဆိုပါ လူမှောင်ခို ကူးမှုတွင် ပါဝင်ပတ်သက်သည့် စစ်သည်များအား တရားစွဲဆိုခြင်းနှင့် တပ်မတော်မှ ထုတ်ပစ်ခြင်းတို့ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြား ခဲ့ပါသည်။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု တစ်ရပ် အရ ကြည်းတပ်မှ ဗိုလ်မှူးနှင့် ဗိုလ်မှူးကြီး အဆင့်ရှိ အဆင့်မြင့် အရာရှိ အချို့သည် ထိုင်းနိုင်ငံမှ တစ်ဆင့် မလေးရှား နိုင်ငံ အတွင်းသို့ မြန်မာနိုင်ငံမှ ဘင်္ဂါလီများအား တရားမဝင် လူမှောင်ခို ကူးရာတွင် ပါဝင် ပတ်သက် ခဲ့သည်ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ Bangkokpost သတင်းစာတွင် ရေးသားဖော်ပြ ထားသည်ဟု သိရှိ ရပါသည်။ ကြည်းတပ် အရာရှိ အချို့ အနေဖြင့် ၎င်းတို့၏ ကိုယ်ချင်းစာနာ စိတ်ကြောင့်သာ အဆိုပါ ဘင်္ဂါလီ ကိစ္စတွင် စတင် ပါဝင် ပတ်သက်ခြင်း ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြား ခဲ့ပါသည်။ ထိုင်းအစိုးရ အနေဖြင့် ဘင်္ဂါလီ များအား စီးနင်း ရှာဖွေခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ထားသည့် ဘင်္ဂါလီ ရွှေ့ပြောင်း အလုပ်သမား များကို အကူအညီ ပေးရန် နိုင်ငံတကာ လူသားချင်း စာနာထောက်ထား ရေး အေဂျင်စီ များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ သို့ရာတွင် တရားမဝင် ဝင်ရောက် နေထိုင်မှု အတွက် ဖမ်းဆီးခံ ထားရသော ဘင်္ဂါလီ များကိုမူ နှင်ထုတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရှိ ရပါသည်။
http://www.myawady.net.mm/allnews/global/item/5246-2013-01-24-13-29-10#.UQEVoZ28B8E
အေးချမ်းမွန်မှ   မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းနိုင်ငံမှ တစ်ဆင့် တတိယ နိုင်ငံ တစ်နိုင်ငံသို့ လူမှောင်ခိုကူးရာတွင် အကူ အညီပေးခဲ့သည်ဟု သံသယရှိသည့် ထိုင်းကြည်းတပ်မှ အရာရှိ အချို့ အား စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားရန် ကြည်းတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး
ကမ္ဘာပျက်လျှင်တောင် မသေနိုင်ပဲ အသက်ရှင်စေမည့် နည်းလမ်း
ကမ္ဘာပျက်လျှင်တောင် မသေနိုင်ပဲ အသက်ရှင်စေမည့် နည်းလမ်း
လက်ရှိ ကမ္ဘာ့ထိပ်သီး သိပ္ပံပညာရှင်တို့ ရှာဖွေ ဖော်ထုတ်နေတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ကြောက်စရာလည်း ကောင်းသလို၊ အံ့သြဖို့ လည်း ကောင်းပါတယ်။
ယင်းကတော့ လူ့စိတ်ကို စက်ရုပ်ထဲ အားလုံး ပို့ဆောင်ခြင်း ဖြစ်ပါတယ်။ အသက် လိပ်ပြာကို လွဲပြောင်းတဲ့ သဘောအတိုင်းပါပဲ။ တီထွင်မယ့် စက်ရုံက လူတစ်ယောက်နီးပါး ဥာဏ်ရှိရမယ် သို့မဟုတ်၊ လူကလွဲပြောင်းပေးလိုက်တဲ့ ဥာဏ်ရည်အားလုံးကို မပျက်ဆီးပဲ မှတ်သားနိုင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ မြွေတွေ အရေခွံလှဲတာထက်တောင် ပို ဆန်းနေပါတယ်။ မြွေအရေခွံလှဲပေမယ့် သူ့ကိုယ်က ဒီတိုင်းပါပဲ။ ဒီမှာ လူ့ခန္ဓာကိုယ် တစ်ခုလုံးကို ထားခဲ့ရမှာ ဖြစ်ပါတယ်။
ကိုယ့်ဆီမှာရှိတဲ့ မှတ်ဥာဏ်၊ အိုင်ကျူလယ်ဗယ်အားလုံးကို စက်ရုပ် ဆီ ရောက်အောင် Upload လုပ်ပေးရုံပါပဲ။ ဒီမှာတောင် ကိုယ် မမှတ်မိစေ ချင်တဲ့အကြောင်းအရာတွေကိုတောင် ချန်ထားလို့ရမယ်လို့ ဆိုပါတယ်။ ယင်း စက်ရုပ်ကလည်း အနည်းဆုံး နှစ်ပေါင်း ၅၀၀ လောက် ကတော့ တာရှည်ခံ မှာလို့ ဆိုပါတယ်။
ကွန်ပြူတာ ချစ်ပ်၊ နာနိုဓာတ်ပြားများထဲမှာ လူ့လိပ်ပြာ ဝင်ခိုအောင်းဖို့ ဆိုတာ စဉ်းတော့စဉ်းစားစရာပါပဲ။ ဒီလိုနဲ့ စက်ပစ္စည်း ပြတ်ရင် ပြင်လိုက်၊ အသစ် လှဲလိုက်၊ ပိုကောင်းတဲ့ စက်ရုပ်ခန္ဓာကိုယ်ကို ကူးပြောင်းလိုက်နဲ့ သူတို့ တွေး ထားတဲ့ အတွေးကတော့ အံ့မခန်းပါပဲ။ ဒီတော့ ပထမဆုံး အဆင့်က လူတစ်ယောက်နီးနီး တွေးခေါ်နိုင်၊ ခံစားနိုင်တဲ့ စက်ရုပ် သို့မဟုတ် နှလုံးသား ပါတဲ့ စက်ပစ္စည်း၊ Memory , ဟာ့ဒ်ဝဲများ တီထွင်ရမှာက ပထမအဆင့်ဖြစ်ပါ တယ်။
ယင်းစက်ရုံက နေရာစုံသွားလာနိုင်၊ ပိုမို သန်မာ၊ လှုပ်ရှားနိုင်ပြီး၊ ကိုယ်ပါပဲ လုပ်ချင်လုပ်ချင်၊ ပရိုဂရမ်ဆွဲ သွင်းလိုက်ရုံ ဖြစ်ပြီး စွယ်စုံတတ်ကျွန်းမယ့် သူတောင် ဖြစ်လာနိုင်ပါတယ်။
ထိကိုင်လို့မရပေမယ့် ပညတ်အတိုင်း ရှိနေတဲ့၊ အချစ်၊အမုန်း၊ သံယောဇဉ် ဆိုတာတွေကို စက်ရုပ်ဦးနှောက်မှာ ထည့်သွင်းနိုင်ပြီဆိုရင် အောင်မြင်ဖို့ ပထမဆုံး ခြေလှမ်းပါပဲ။ လူ့မှတ်ဥာဏ်ကိုကူးပြောင်းလို့ရတယ် ဆိုတော့ နှစ်ကိုယ်ခွဲတောင် ဖြစ်လာမလားပဲ။ ဒီတော့ အနာဂတ်မှာ လူသားတွေ ထာဝရ အသက်ရှင်မယ့် သူများ ဖြစ်မဖြစ်ဆို တာ စောင့်ကြည့်ရုံ ပဲ ဖြစ်ပါတယ်။
--
Ref: techblog
ရိုးရာလေး နည်းပညာ
http://www.yoyarlay.com/science-tech/134-inventions/33968-how-to-live-longer
အေးချမ်းမွန်မှ YoYarLay   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia လက်ရှိ ကမ္ဘာ့ထိပ်သီးသိပ္ပံပညာရှင်တို့ ရှာဖွေ ဖော်ထုတ်နေတဲ့ နည်း လမ်းဖြစ်ပါတယ်။ ကြောက်စရာလည်း ကောင်းသလို၊ အံ့သြဖို့ လည်း ကောင်းပါတယ်။
ယင်းကတော့ လူ့စိတ်ကို စက်ရုပ်ထဲအားလုံး ပို့ဆောင်ခြင်း ဖြစ်ပါ တယ်။ အသက်လိပ်ပြာကို လွဲပြောင်းတဲ့ သဘောအတိုင်းပါပဲ။ တီထွင်
နယူးဇီလန်ကထုတ်သော တစ်ယောက်စီး မိုးပျံဝတ်ဆုံ
နယူးဇီလန်ကထုတ်သော တစ်ယောက်စီး မိုးပျံဝတ်ဆုံ
တစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့ သွားမှာဆိုတော့ သိပ်တော့ ကြောက်စရာ မလို ပါဘူး။ Science Fiction ရုပ်ရှင်တွေထဲက Jetpack ကို တကယ်ဖြစ်အောင် ဖန်တီးလိုက်တာ ကတော့ နယူးဇီလန်က Martin အမည်ရ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းထုတ် ကုမ္မဏီ ဖြစ်ပါတယ်။
ပင်လယ်ရေပြင်အထက် ၂.၅ ကီလိုမီတာအထိ မိုးပေါ်ပျံနိုင်တယ်လို့ ဆိုပါ တယ်။ ဓာတ်ဆီတိုက်ကီတစ်လုံးနဲ့ ကီလိုမီတာ ၅၀ သွားနိုင်ပါတယ်။ အရင် မော်ဒယ်တုန်းကထက် ပိုသွားနိုင်တယ်ပါတယ်။ အရေးပေါ် အခြေ အနေ မှာ အသုံးပြုရန် အတွက်သာ ဖြစ်ပြီး စစ်တပ်တွေမှာ အသုံးပြုနေပြီ လို့ ဆိုပါတယ်။ သို့ပေမယ့် မြို့ တွင်း မှာ အသုံးပြုနိုင်ဖို့ ဖြစ် လာ တော့ မယ်လို့ဆို ပါတယ်။
မီးပွိုင့်ထူထဲလှတဲ့ မြို့ တွေမှာ လူတိုင်းသာ ယင်း မိုးပျံဝတ်ဆုံနဲ့ ပျံနေကြရင် တစ်နေရာရာမှာ တိုက်မှာတော့ အမှန်ပါပဲ။ ဒီတော့ လူအချို့ သာ ဝယ်စီးနိုင်ဖို့ ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
ရိုးရာလေး နည်းပညာ
http://www.yoyarlay.com/science-tech/134-inventions/33969-jetpack-by-martin
အေးချမ်းမွန်မှ YoYarLay   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
တစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့ သွားမှာဆိုတော့ သိပ်တော့ ကြောက်စရာ မလိုပါဘူး။ Science Fiction ရုပ်ရှင်တွေထဲက Jetpack ကို တကယ်ဖြစ်အောင် ဖန်တီးလိုက်တာကတော့ နယူးဇီလန်က Martin အမည်ရ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းထုတ် ကုမ္မဏီ ဖြစ်ပါတယ်။
ပင်လယ်ရေပြင်အထက် ၂.၅ ကီလိုမီတာအထိ မိုးပေါ်ပျံနိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ဆီတိုက်ကီတစ်လုံးနဲ့ ကီလိုမီတာ ၅၀ သွားနိုင်ပါ
မြို့နယ်အချို့တွင် အခမဲ့ဆေးကုခန်းများတွင်ကျယ်လာ၍ ပုဂ္ဂလိကဆေးခန်းငယ်များ လူနာလျော့လာ
Photo: မြို့နယ်အချို့တွင် အခမဲ့ဆေးကုခန်းများတွင်ကျယ်လာ၍ ပုဂ္ဂလိကဆေးခန်းငယ်များ လူနာလျော့လာ
Thursday, January 24, 2013
အခမဲ့ဆေးခန်းများ ဖွင့်လှစ်ထားရှိ သည့် ဆင်ခြေဖုံးရပ်ကွက်များတွင် ပုဂ္ဂလိကဆေးခန်းငယ်များသို့ သွားရောက်ကုသမှုမှာ သိသိသာသာ
လျော့နည်းသွားကြောင်း အထွေထွေရောဂါကုဆရာဝန်အချို့ က ပြောကြားသည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်မှ စတင်ကာ အဖွဲ့အစည်းများ၏ အခမဲ့ဆေးကုသ
ပေးသော ဆေး ခန်းများ များပြားလာပြီး မြို့နယ် အချို့တွင် ထိုကဲ့သို့သော ဆေး ခန်း ငါးခန်း ဖွင့်လှစ်ကုသနေ၍ ငွေကြေးဖြင့် ကုသည့် ဆေးခန်းများတွင် လူနာအရေအတွက် သိသိသာသာ
နည်းသွားခြင်းဖြစ်သည်။““အရင်ကဆို တစ်နေ့ကို လူ နာ ၂၀ ကျော်လောက်ရှိတယ်။ ဒီနေ့ဆို အခုချိန်ထိ တစ်ယောက်ပဲ ရှိသေးတယ်”” ဟုအထွေထွေ ရော ဂါကုဆရာဝန် ဒေါက်တာထွန်း သိန်းက ပြောသည်။““အခမဲ့ဆေးခန်းတွေရှိလာ တာကောင်းတာပေါ့။
ဆေးကုဖို့ မတတ်နိုင်တဲ့ သူတွေအတွက် အရမ်းအဆင်ပြေတယ်။ ဒါပေမဲ့ ဆေးခန်းတွေကတော့ လူနာ တ ဖြည်းဖြည်း နည်းလာတာသိသာ တယ်။ အတွေ့အကြုံရှိတဲ့ ဆရာ ၀န်တွေတောင် ဒီလိုလူနာနည်း လာတဲ့အခါ အတွေ့အကြုံနည်း သေးပြီး ကျောင်းပြီးတာ မကြာသေးတဲ့ ဆရာဝန်လေး
တွေ ဘာ လုပ်ရမလဲ မသိတော့ဘူး”” ဟု ရွှေပြည်သာမြို့နယ်မှ ဆရာဝန်တစ်ဦး ကပြောသည်။
ထိခိုက်၊ ဖျားနာစသည့် အထွေထွေရောဂါများအား အဓိက ကုသပေးသော ထိုအခမဲ့ဆေးခန်း များတွင် ဖွင့်လှစ်သည့် ရက်များ တွင် လူနာ ၆၀ဦးခန့် ကုသပေးရ ကြောင်း အမျိုးသားဒီမိုကရေစီ အ ဖွဲ့ချုပ်၏ ကျန်းမာရေးဆိုင်ရာ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။အခမဲ့ဆေးကုခန်းလေးခုခန့် ရှိသည့်
သာကေတမြို့နယ်အတွင်း မှ ဆရာဝန်တစ်ဦးကလည်း ““အရင်ကဆို လူနာ ၃၀ ၀န်းကျင် လောက်က ပုံမှန်ပဲ။ အခုဆိုရင် တစ်နေ့ကို ၁၀ယောက်တောင်
မပြည့်ချင်တော့ဘူး။ ဒါကလည်း ကုန်ကျစရိတ်သက်သာတဲ့ အခမဲ့ဆေးခန်း
ကို ၀င်ငွေနည်းတဲ့အတွက် လူတွေအားကိုးကြတာထုံးစံပဲလေ””ဟု 
အဆိုပါ ဆရာဝန်ကပြောသည်။
7Day News Journal
အခမဲ့ဆေးခန်းများ ဖွင့်လှစ်ထားရှိသည့် ဆင်ခြေဖုံးရပ်ကွက်များတွင် ပုဂ္ဂလိကဆေးခန်းငယ်များသို့ သွားရောက်ကုသမှုမှာ သိသိ သာသာ လျော့နည်းသွားကြောင်း အထွေထွေရောဂါကုဆရာဝန်အချို့ က ပြောကြားသည်။
လွန်ခဲ့သည့်တစ်နှစ်ခန့်မှစတင်ကာ အဖွဲ့အစည်းများ၏ အခမဲ့ဆေး ကု သပေးသော ဆေးခန်းများများပြားလာပြီး မြို့နယ်အချို့တွင် ထိုကဲ့သို့ သော ဆေး ခန်း ငါးခန်း ဖွင့်လှစ်ကုသနေ၍ ငွေကြေးဖြင့် ကုသည့် ဆေး
မိုးပေါ်ပျံမယ့်ကား Moller M400
မိုးပေါ်ပျံမယ့်ကား Moller M400
ကနေဒါအင်ဂျင်နေယာ Paul Moller မှ နှစ်ပေါင်းလေးဆယ်ကြာ ကြိုးစားပြီးနောက် ထွက်ရှိလာတဲ့ ကားလေယာဉ် ဖြစ်ပါတယ်။
ကားဆိုတာထက် မိုးပျံ လေယာဉ်တစ်စီးပါပဲ။ သို့ပေမယ့် ရည်ရွယ်ချက်က ကားကြပ်တဲ့ မြို့ ကြီး၊ ပြကြီး တွေမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၃၀၀ နှုန်းနဲ့ မိုးပေါ်ပျံသန်းနိုင်ပါတယ်။ လူတစ်ယောက်စီးကနေ လူ ၆ ယောက်စီးလောက်အထိ ဖြစ်လာဖို့အတွက် ကြိုးပမ်းနေကြပါတယ်။
၂၀၀၄ ခုနှစ်က စမ်းသပ်ပျံသန်းမှု အသေးစား ပြုလုပ်ပြခဲ့ပြီး ၂၀၀၆ နှစ်လယ် မှာ အကြီးစား ပျံသန်းမှု တစ်ခုပြုလုပ်ဖို့ကြေညာခဲ့ပေမယ့် မပျံဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ် တဖြည်းဖြည်း ရက်ရွှေ့  သွားပါတယ်။ ယခု ၂၀၁၃ မှာတော့ တကယ်ပဲ မောင်းနှင်နိုင်ပြီ ဖြစ်တဲ့ Moller M400 Skycar များကို ထုတ်ဖော်ပြသမယ်လို့ ယုံကြည်နေပါတယ်။
Moller ကုမ္မဏီအပြင် Freedom Motor ကထုတ်တဲ့ Rotapower အမည်ရ အင်ဂျင်ကိုလည်း အသုံးပြုထားပါတယ်။ ဒါကြောင့် အင်ဂျင်လုပ်ဆောင်ချက် Upgrade လုပ်ထားပြီး ၉၀၀ ကီလိုဂရမ် ဝမ်အားတင်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ ယင်း Skycar ဖြစ်လာဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ မက ကုန်ကျထားဖြစ်တယ်လို့ ဆိုပါတယ်။
၁ ယောက်စီးက ၆ ယောက်အထိ အစားစား ထုတ်လုပ်မှာ ဖြစ်ပါ တယ်။ မောင်းနှင်ပုံကလည်း လက်ရှိ လေယာဉ်ပျံများလောက် မရှုပ်ထွေးစေ ပဲ ကွန်ပြူတာ ထိန်းချုပ်စနစ် နဲ့ လူတိုင်း မောင်းနှင်နိုင် ဖန်တီးပေးထားမှာ လို့ ဆိုပါတယ်။ Mollar M400 အပြင် M400X, M600, M800 အမျိုးအစား စုံလင်စွာ ထုတ်လုပ်သွားမှာ ဖြစ်ပြီး တစ်စီးစီရဲ့  ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅ သိန်းဝန်းကျင် လောက်ကနေ ကုန်ကျမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
International news for myanmar
http://www.innewsmyanmar.com/2013/01/moller-m400.html
အေးချမ်းမွန်မှ   International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကနေဒါအင်ဂျင်နေယာ Paul Moller မှ နှစ်ပေါင်းလေးဆယ်ကြာ ကြိုး စားပြီးနောက် ထွက်ရှိလာတဲ့ကားလေယာဉ် ဖြစ်ပါတယ်။
ကားဆိုတာထက် မိုးပျံ လေယာဉ်တစ်စီးပါပဲ။ သို့ပေမယ့် ရည်ရွယ်ချက် က ကားကြပ်တဲ့ မြို့ ကြီး၊ ပြကြီး တွေမှာအသုံးပြုဖို့ ဖြစ်ပါတယ်။ တစ်နာ ရီ မိုင် ၃၀၀ နှုန်းနဲ့ မိုးပေါ်ပျံသန်းနိုင်ပါတယ်။ လူတစ်ယောက် စီးကနေ လူ ၆ ယောက်စီးလောက်အထိ ဖြစ်လာဖို့အတွက် ကြိုးပမ်းနေကြပါ
ကရာတေးဒို အဖွဲ့ချုပ် ရန်ပုံငွေဖျော်ဖြေပွဲ Iron Cross တေးဂီတ အဖွဲ့က Kick Rock Show အမည်ဖြင့် မန္တလေးမြို့တွင်ဖျော်ဖြေမည်
Photo: ကရာတေးဒို အဖွဲ့ချုပ် ရန်ပုံငွေဖျော်ဖြေပွဲ Iron Cross တေးဂီတ အဖွဲ့က Kick Rock Show အမည်ဖြင့် မန္တလေးမြို့တွင်ဖျော်ဖြေမည်
Thursday, January 24, 2013
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အကြို
မြန်မာနိုင်ငံကရာတေးဒို အဖွဲ့ချုပ် ရန်ပုံငွေဖျော်ဖြေပွဲ အဖြစ် မန္တလေးမြို့
မြို့တော်ဥယျာဉ် အားကစားကွင်း၌ Iron Cross တေးဂီတ အဖွဲ့က Kick Rock Show အမည်ဖြင့် ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီတွင်
ဖျော်ဖြေမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကရာတေးဒို ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဇော်နိုင်က ပြောကြားသည်။
The Voice Weekly
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို မြန်မာနိုင် ငံကရာတေးဒို အဖွဲ့ချုပ်ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် မန္တလေးမြို့ မြို့တော် ဥယျာဉ် အားကစားကွင်း၌ Iron Cross တေးဂီတ အဖွဲ့က Kick Rock
အမေနေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ မန္တလေးမြို့တွင် ကျင်းပမည်
Photo: အမေနေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ မန္တလေးမြို့တွင်
ကျင်းပမည် 
Thursday, January 24, 2013
အမေနေ့ အထိမ်းအမှတ် အဖြစ် မန္တလေးမြို့တော် ချမ်းအေးသာဇံမြို့နယ်
မောရဂီဝါ ရပ်ကွက် ၇၃ x ၇၄ လမ်းကြား ၃၄ x ၃၅ လမ်းကြား သီရိဆန်တိုးဆီးမား မယ်တော်ကြီး ကျောင်းဝင်းအတွင်း စာရေးဆရာ သုံးဦးက စာပေ ဟောပြောမည် ဖြစ်ကြောင်း အမေနေ့
ဖြစ်မြောက်ရေး ကော်မတီထံမှ စုံစမ်း သိရှိရသည်။
ဟောပြောမည့် စာရေးဆရာများမှာ ဦးဖုန်းမြင့်အောင်(မန္တလေး)၊ အမျိုးသား စာပေဆုရှင် မစန္ဒာ၊ အမျိုးသား စာပေဆုရှင် ယဉ်ယဉ်နု(မန္တလေး)တို့ ဖြစ်ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် စတင် ကျင်းပမည်
ဖြစ်သည်။
The Voice Weekly
အမေနေ့ အထိမ်းအမှတ် အဖြစ် မန္တလေးမြို့တော် ချမ်းအေး သာဇံမြို့နယ်မောရဂီဝါ ရပ်ကွက် ၇၃ x ၇၄ လမ်းကြား ၃၄ x ၃၅ လမ်းကြား သီရိဆန်တိုးဆီးမား မယ်တော်ကြီး ကျောင်းဝင်းအတွင်း စာရေးဆရာ သုံးဦးက စာပေ ဟောပြောမည် ဖြစ်ကြောင်း အမေနေ ဖြစ်မြောက်ရေး ကော်မတီထံမှ စုံစမ်း သိရှိရသည်။
ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများက တံတား လုံခြုံရေး ကင်းအား အကြောင်းမဲ့ လက်ပစ် ဗုံးဖြင့် ဝင်ရောက် ပစ်ခတ်
ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများက တံတား လုံခြုံရေး ကင်းအား အကြောင်းမဲ့ လက်ပစ် ဗုံးဖြင့် ဝင်ရောက် ပစ်ခတ်
Thursday, January 24, 2013
ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အကြမ်းဖက် တိုက်ခိုက်မှု အဖြစ် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် ဖားကန့်မြို့၊ မရှီကထောင် တံတား လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသော ရဲကင်း စခန်းအား ဆိုင်ကယ် စီးလာသည့် ကေအိုင်အေ ၂ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ် ထွက်ပြေး ခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်မှုကြောင့်
ရဲတပ်ဖွဲ့ဝင် ၁ ဦး နိုင်ငံတော် အတွက် အသက် ပေးလှူ ခဲ့ရသည်။
ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ပြည်သူများ ထိတ်လန့် တုန်လှုပ် စေရုံ သာမက တရားဥပဒေ စိုးမိုးရေး တာဝန်ယူ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များအား အကြောင်းမဲ့ အကြမ်းဖက် လုပ်ရပ် များ ဆောင်ရွက်လျက် ရှိရာ 
(၃/ ၂၀၁၃) ထုတ်ပြန် ကြေညာ ခဲ့ပြီးသည့် နောက်ပိုင်း ၁၁ ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိပါသည်။
http://www.myawady.net.mm/allnews/headline/item/5247-2013-01-24-13-30-12#.UQDgTZ28B8E
မြ၀တီ
ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် ဖားကန့်မြို့၊ မရှီကထောင် တံတားလုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော ရဲကင်းစခန်းအား ဆိုင်ကယ်စီးလာ သည့် ကေအိုင်အေ ၂ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေးခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်မှုကြောင့်ရဲတပ်ဖွဲ့ဝင် ၁ ဦး နိုင်ငံတော်အတွက် အသက် ပေးလှူခဲ့ရသည်။
တိုက်တေနီယမ်ရှာဖွေမှုကြောင့် အငူမော်ကမ်းခြေဒေသ၌ ကမ်းပါးပြိုမှုများ ကြုံတွေ့လာ
တိုက်တေနီယမ်ရှာဖွေမှုကြောင့် အငူမော်ကမ်းခြေဒေသ၌ 
ကမ်းပါးပြိုမှုများ ကြုံတွေ့လာ
Thursday, January 24, 2013
ရခိုင်ပြည်၊ မောင်တောမြို့နယ် ကမ်းခြေတစ်လျှောက်တွင် ရှားပါးတိုက်တေနီယမ် သတ္တုပါသည့် သဲများအားတူးဖော်စမ်းသပ်
ခဲ့မှုများကြောင့် ကမ်းခြေဒေသများ၌ ကမ်းစပ်ပြိုမှုများကြုံတွေ့နေရ
ကြောင်း  ဒေသခံတို့က ဆိုသည်။
“ကမ်းခြေက သဲတွေကို တူးပြီးစမ်းသပ်ခဲ့တဲ့အတွက် တစ်ဖက်မှာ ဘာဖြစ်လဲ
ဆိုတော့ ကမ်းစပ်တွေ ပြိုတယ်။  လယ်ကွင်းသို့ ရေကျော်တယ်။  ကမ်းနား
တစ်လျှောက်သဲတွေတူးတော့ကမ်းတွေက ရေတိုက်စားလာတယ်။”
ဟုမောင်တောဒေသခံတစ်ဦးက ပြောသည်။
ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေ  ဒုံးပိုက်အုပ်စုအတွင်းရှိ သဲသောင်ပြင်မှာ ၃မိုင်ရှည်ပြီး  ပင်လယ်ကမ်းခြေရှိ သဲများကို   နေရောင်ခြည်အောက်တွင် ကြည့်လျှင်
ငွေရောင်လင်းလက်နေသဖြင့် သတ္တုများပါဝင်နိုင်သည့်အတွက် စမ်းသပ်မှုများ   ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ ပင်လယ်ကမ်းခြေ အနီးရှိ 
သဲများကို ၂၀၀၇ ခုနှစ်တွင် တရုတ် ကုမ္ပဏီတစ်ခုမှ  တစ်နှစ်လုံးနီးပါး စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း တရုတ်ကုမ္ပဏီတစ်ခုမှ အဆိုပါဒေသအတွင်းရှိ သဲများအား စမ်းသပ်မှုများပြုလုပ်ခဲ့ရာ  ရသေ့တောင်မြို့နယ် ဒုံးပိုက်၊ ကိုးတန်ကောက်၊ မောင်တောမြို့နယ် သဝင်ချောင်း၊ ဇော်မတက် စသည့် ဒေသများတွင် တိုက်တေနီယမ်ပါ သဲများ တွေ့ရှိကြောင်းသိရသည်။
ထိုစမ်းသပ်မှုများအရ ယူရေနီယမ်၊ တိုက်တေနီယမ်၊ ဇိုင်ကိုနီယမ်အပါအဝင် အခြားဓာတ်သတ္တုပေါင်း ၂၀ ကျော်ပါဝင်တွေ့ရှိရသည်ဟု   ပြည်ပအခြေစိုက် မီဒီယာမှ ထုတ်လွင့်မှုအရ သိရသည်။
“ စမ်းသပ်ခဲ့တဲ့ သဲတွေကို အငူမော်ကနေ ရေချမ်းပြင်သို့ပို့တာ တွေ့ရတယ်။  ၂၀၀၇ခုနှစ်က  တရုတ်ကုမ္ပဏီတစ်ခုကနေပြီး ပင်လယ်ကမ်းစပ်နဲ့ လယ်ကွင်းကြားမှာ ရှိတဲ့ သဲခုံတွေကို စက်တွေနဲ့ တူးတယ်။  မြေတွေလည်း ကွင်းတွေ ဖြစ်သွားတော့ လှိုင်းတွေက လယ်ကွင်းထိ တက်လာတယ်။ ကမ်းစပ်မှာရှိတဲ့ အပင်တွေလည်း သေတယ်။ ကမ်းတွေလည်း ပြိုတယ်။’’ဟု ဒုံးပိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးသိန်းကျော်က ဆိုသည်။
သဲတွင်ပါရှိသည့် တိုက်တေနီယမ်သတ္တု ထုတ်လုပ်နိုင်ခွင့်ရရှိနိုင်ရန်
အတွက် ပြည်တွင်း အခြေစိုက် Gold Finder ကုမ္ပဏီမှ
ပြည်ထောင်စုအစိုးရအပြင် ပြည်နယ်အစိုးရအဖွဲ့နှင့်လည်း ညှိနှိုင်းဆွေးနွေးလျှက်ရှိကြောင်း သိရသည်။ 
အမေရိကန်မှ ထုတ်ပြန်သည့် မဟာဗျူဟာမြောက်ပစ္စည်းစာရင်းဝင် တိုက်တေနီယမ်သတ္တုမှာ အထူးသဖြင့် လက်နက်ထုတ်လုပ်သည့်နေရာ၊ တင့်ကား၊ တိုက်လေယာဉ်နှင့် အခြားစက်ပစ္စည်း အမျိုးမျိုးထုတ်လုပ်ရာ၌ အသုံးဝင်သည့်ရှားပါး သတ္တုတစ်မျိုးဖြစ်သည်။
မိုးဝေ - ရခိုင်ပြည်နယ် (မြစ်မခ)
Myit Makha Mediagroup
ရခိုင်ပြည်၊ မောင်တောမြို့နယ် ကမ်းခြေတစ်လျှောက်တွင် ရှားပါး တိုက်တေနီယမ် သတ္တုပါသည့် သဲများအားတူးဖော်စမ်းသပ် ခဲ့မှု များကြောင့် ကမ်းခြေဒေသများ၌ ကမ်းစပ်ပြိုမှု များကြုံတွေ့နေ ကြောင်း ဒေသခံတို့က ဆိုသည်။
“ကမ်းခြေက သဲတွေကို တူးပြီးစမ်းသပ်ခဲ့တဲ့အတွက် တစ်ဖက်မှာ
အမေရိကန် သမ္မတ အိုဘားမားက စစ်မက် မရှိသော မိတ်ဖက် ပူးပေါင်းမှု လုပ်ဆောင် သွားမည်ဟု ကတိပြု ခဲ့ခြင်း
အမေရိကန် သမ္မတ အိုဘားမားက စစ်မက် မရှိသော မိတ်ဖက် ပူးပေါင်းမှု လုပ်ဆောင် သွားမည်ဟု ကတိပြု ခဲ့ခြင်း
အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အမေရိကန် နိုင်ငံ အနေဖြင့် ကမ္ဘာ တစ်ဝန်းတွင် ခိုင်မာသော မိတ်ဖက် ပူးပေါင်းမှုများ တိုးပွား စေရေးနှင့် စစ်မက် မရှိသော လုံခြုံမှု ဖော်ဆောင်ရေး တို့အတွက် ကတိပြုကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်သော ဒုတိယ အကြိမ် သမ္မတ သက်တမ်း ရာထူး အပ်နှင်းသည့် အခမ်း အနားတွင် ပြောကြား ခဲ့သည်ဟု Newsnow သတင်းတစ်ရပ် အရ သိရှိ ရပါသည်။
အမေရိကန် နိုင်ငံသည် ကမ္ဘာ တစ်ဝန်းတွင် ခိုင်မာသော မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှုများ ဖော်ဆောင် နိုင်ရေး အတွက် အလေးထား ဆက်လက်ထိန်းသိမ်း ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ အင်အားကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်ရေးထက် ငြိမ်းချမ်းသော ကမ္ဘာတွင် မည်သူ တစ်ဦး တစ်ယောက်မျှ မနစ်နာ စေရေး အတွက် ပဋိပက္ခများကို ပိုမိုကိုင်တွယ် ဖြေရှင်း ပေးနိုင်စွမ်း ရှိသော မိတ်ဖက် အဖွဲ့အစည်းများ တိုးချဲ့ ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း အိုဘားမားက ပြောကြား ခဲ့ပါသည်။ အမေရိကန် ပြည်သူများ သည် လုံခြုံ ငြိမ်းချမ်းမှု သေချာ ခိုင်မာစေရေး အတွက် စစ်ပွဲများ ဆင်နွှဲနေရန် မလိုအပ်ဟု ယုံကြည် ထားကြောင်း အီရတ် စစ်ပွဲ ပြီးဆုံးမှုနှင့် အာဖဂန်မှ အမေရိကန် တပ်ဖွဲ့များ ရုပ်သိမ်းမည့် ကိစ္စတို့ကို ရည်ညွှန်း၍ အိုဘားမားက ပြောကြား ခဲ့ပါသည်။ 
ထို့အပြင် အိုဘားမားသည် အာရှ၊ အာဖရိက၊ အမေရိကနှင့် အရှေ့ အလယ်ပိုင်း ဒေသတို့တွင် ဒီမိုကရေစီ ဖော်ဆောင်မှု များကို ထောက်ကူ ပေးသွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြား ခဲ့ပါသည်။ တရုတ်နိုင်ငံ အနေအဖြင့် ဒေသတွင်း အင်အား ကြီးထွား လာလျက် ရှိစဉ် အိုဘားမား အစိုးရသည် အာရှ ဒေသရှိ မိတ်ဖက် နိုင်ငံများနှင့် ဆက်ဆံမှု ခိုင်မာရေး အလေးထား ဆောင်ရွက်လျက် ရှိသည်ဟု သိရှိ ရပါ သည်။
http://www.myawady.net.mm/allnews/global/item/5166-2013-01-23-22-30-15#.UQDrB528B8E
အမေရိကန်သမ္မတဘားရက်အိုဘားမားက အမေရိကန် နိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ခိုင်မာသော မိတ်ဖက်ပူးပေါင်းမှုများ တိုး ပွား စေရေးနှင့် စစ်မက်မရှိသော လုံခြုံမှု ဖော်ဆောင်ရေးတို့ အတွက် ကတိပြုကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်သော ဒုတိယ အကြိမ် သမ္မတသက်တမ်း ရာထူးအပ်နှင်းသည့် အခမ်းအနား တွင် ပြောကြားခဲ့သည်ဟု Newsnow သတင်းတစ်ရပ် အရ သိရှိ ရပါသည်။
ဆမားဟော်ရွာမှလီဆူးများအား KIA မှတပ်သားသစ်အဖြစ်စုဆောင်း
ဆမားဟော်ရွာမှလီဆူးများအား KIA မှတပ်သားသစ်အဖြစ်စုဆောင်း
==========================================
ဝိုင်းမော် ဇန်န၀ါရီလ ၂၄ရက်
 လုံထန်စခန်းမှ KIA တပ်သားတစ်ဦးမှ ရွာမှ လီဆူးအဖိုးအိုကို ပြောဆို မှုအရ သူတို့စခန်းက လူတွေကို ထပ်မံစုဆောင်းခြင်း များကို ထပ်မံပြုလုပ် မည်ဖြစ်ပြီး စုဆောင်းရရှိသည့် လူသစ်များကို သူတို့တပ်ရင်း ၃ အနီးတွင် သင်တန်းဖွင့်လှစ် မည်ဖြစ်ကြောင်းသိရှိရသည်။ အစိုးရတပ်နှင့် KIA တို့၏ တိုက်ပွဲများတွင် KIA ဘက်မှထိခိုက်ကျဆုံးမှုတွေ များပြား နေခြင်း ကြောင့် တပ်သားသစ်တွေလိုအပ်မှုကို အမြန်ဆုံး ဖြည့်တင်းရန် အတွက် ဗဟို လူသစ်များကို အမြန်ဆုံးနှင့် အများဆုံးရအောင်စုဆောင်းဖို့ အမိန့် ထုတ်ထားသည့်အတွက် လူသစ်များကို အမြန်စု ဆောင်နေ ရခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့ပါသည်။
ဝိုင်းမော်မြို့နယ် ဆမားဟော်ရွာသို့ ဇန်န၀ါရီလ ၂၁ရက်နေ့ည ၉ နာရီလောက်တွင် KIA လုံထန်စခန်းမှ အဖွဲ့တွေရောက်ရှိလာပြီး ရွာ မှ ဒေသခံရွာသား တွေကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရှိရပါ သည်။ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသောရွာသားများသည် လီဆူး အမျိုးသားအသက် ၁၈ နှစ်မှ ၄၀ ကြား လူငယ်လူလတ်ပိုင်း
လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွဲဝေမှုတွင် ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့်သုံးစွဲသွားမည်ဟု နိုင်ငံတော် သမ္မတပြောကြား
လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွဲဝေမှုတွင် ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့်သုံးစွဲသွားမည်ဟု နိုင်ငံတော် သမ္မတပြောကြား
Thursday, January 24, 2013
လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွဲဝေမှုတွင် ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၃ရက်က
နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ ဘန်ဆွန်ဒက် ချောင်ဘရာ ရာဂျာ ဘတ်တက္ကသိုလ်
( Bansomdejchaopraya Rajabhat University - BSRU)မှ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား စီမံခန့်ခွဲမှု နည်းပညာဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။          
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''မျိုးဆက်သစ်လူငယ်တွေဟာ
နိုင်ငံ့အနာဂတ်အတွက် မျော်လင့်ချက် ဖြစ်ပါတယ်။ပညာရည်
မြင့်မားစေဖို့အတွက် နိုင်ငံတကာအကူအညီနဲ့ အတွေ့အကြုံတွေ ရယူပြီးတော့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးမှုနောက်ကျဆဲ ဖြစ်ပါတယ်။ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ကျေးလက်
ဒေသ ဖွံ့ဖြိုးရေး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ပြီး လာမယ့် ဘဏ္ဍာရေးနှစ်ကစပြီး ဘတ်ဂျက်ခွဲဝေမှုမှာ ပညာရေးကဏ္ဍအတွက် အဆများ စွာတိုးမြှင့်သုံးစွဲဖို့စီမံဆောင်ရွက်ထားပါတယ်''ဟု ပြောကြားခဲ့ပါသည်။                  
''အစိုးရအဖွဲ့အနေဖြင့် အဆင့်မြင့် ပညာရေးနယ်ပယ် ပြုပြင်ပြောင်းလဲရေး၊
အသက်မွေးဝမ်းကျောင်း ပညာရပ်များအား လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချနိုင်မည့် သင်ကြားရေး မြှင့်တင်မှု အစီအစဉ်များကို
ဆောင်ရွက်လျက်ရှိကြောင်း၊ကျောင်းသားအခြေပြု သင်ကြားမှု နည်းစနစ်များနှင့် အခြေခံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကိုလည်း ပညာရေးနယ်ပယ်မှ ပါဝင်ပတ်သက်သူများနှင့် ညှိနှိုင်းတိုင်ပင်
ဆောင်ရွက်နေကြောင်း၊ ပညာရေးအဆင့် မြှင့်တင်ရာတွင် ပုဂ္ဂလိက ပါဝင်မှုကို မြှင့်တင်ပေးနိုင်ရန် ပုဂ္ဂလိက စာသင်ကျောင်းများ
ပေါ်ထွန်းလာရေးအတွက် ဥပဒေများကို ပြဌာန်းပေးခဲ့ကြောင်းနှင့် ကလေးငယ်များ အခြေခံပညာရေးအား သင်ကြားနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။            
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေမူကြမ်းတွင် ၂၀၁၁-၂၀၁၂ဘဏ္ဍာ ရေးနှစ်ကထက် ကျန်းမာရေးကဏ္ဍအတွက် လေးဆနှင့် ပညာရေးကဏ္ဍအတွက်
နှစ်ဆတိုးမြှင့်ခဲ့ကြောင်း သိရသည်။
Eleven Media Group
လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွဲဝေမှုတွင် ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၃ရက် က နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ ဘန်ဆွန်ဒက် ချောင်ဘရာ ရာဂျာ ဘတ်တက္ကသိုလ်  (Bansomdejchaopraya Rajabhat University - BSRU) မှနိုင်ငံတော်
မိုဘိုင်းဖုန်းချထားမည့် အစီအစဉ်မှာ ကွန်ရက်စနစ်ကြောင့် ဆိုင်းငံ့နေ
မိုဘိုင်းဖုန်းချထားမည့် အစီအစဉ်မှာ ကွန်ရက်စနစ်ကြောင့် ဆိုင်းငံ့နေ
Thursday, January 24, 2013
မိုဘိုင်းဖုန်းကွန်ရက်များတည်ငြိမ်ရန် ဦးစားပေးဆောင်ရွက်နေခြင်းကြောင့်
မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချပေးမည့်တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ်အစီအစဉ်မှာ ဆိုင်းငံ့နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များအား  မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း၊ ရတနာပုံတယ်လီပို့အပြင် အခြားပုဂ္ဂလိကကုမ္ပဏီများမှ ကျပ်တစ်သိန်းအောက်ဖြင့် စတင်ရောင်းချ ပေးမည်ဖြစ်ရာ ကွန်ရက်စနစ်အား ဦးစားပေးနေသောကြောင့် ယခုကဲ့သို့   နှောင့်နှေးနေခြင်းဖြစ် သည်။
လက်ရှိအချိန်တွင် မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ရောင်းချမည့်နှုန်းထားကို သတ်မှတ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြထားပြီး ဝန်ကြီးဌာနမှ ချမှတ်ပေးသော နှုန်းထားအတိုင်းသာ ရောင်းချပေးသွားမည် ဖြစ်သည်ဟု သိရသည်။
“တန်ဖိုးနည်းဖုန်းတွေ မချထားမီ မီဒီယာများက တစ်ဆင့် ဖိတ်ခေါ် အသိပေးသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ၊ 
အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။
၎င်းတန်ဖိုးနည်း ဖုန်းများမှာ ယခုလအတွင်း အမှန်တကယ်
ချထားပေးမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ 2G, 3G ဆင်းမ်ကတ် အရေအတွက် ၁ ဒသမ ၄ သန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပုဂ္ဂလိကကုမ္ပဏီ
 ၁၃ ခုနှင့် အကျိုးတူ ပူးပေါင်း၍ ရောင်းချပေးသွားမည် ဖြစ်သည်။
"ဒီမိုဘိုင်းကွန်ရက်တွေကို အကောင်းဆုံးဖြစ်အောင်တော့ လုပ်သင့်တယ်။ အဲဒီလိုဖြစ်အောင်လို့လည်း ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ လုပ်ဆောင်ပေးသင့်တယ်" ဟု မိုဘိုင်းဖုန်းအသုံးပြုသူ ကိုအောင်ဇော်က
ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ယခုအခါ မိုဘိုင်းဖုန်းကဏ္ဍအား လက်ရှိထက်များစွာ တိုးတက်မှု ရှိစေရန် အတွက် ပြည်တွင်း၊
ပြည်ပပုဂ္ဂလိကကုမ္ပဏီများအား  ယှဉ်ပြိုင်လုပ်ကိုင်စေမည်
ဖြစ်ကြောင်းကိုလည်း သိရသည်။ 
ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ဘတ်ဂျက်ကို မမှီခိုပဲ ဆက်သွယ်ရေးကဏ္ဍကို ကောင်းမွန်စေရန်   ဆောင်ရွက်သွားမည် ဖြစ်သည်။
ဥာဏ်ဥာဏ် (မြစ်မခ)
Myit Makha Mediagroup
မိုဘိုင်းဖုန်း ကွန်ရက်များတည်ငြိမ်ရန် ဦးစားပေးဆောင် ရွက်နေခြင်းကြောင့်မြန်မာ့ ဆက်သွယ်ရေး မှ ရောင်းချပေးမည့် တန်ဖိုး နည်း မိုဘိုင်းဆင်းမ်ကတ်အစီအစဉ်မှာ ဆိုင်းငံ့ နေခြင်းဖြစ်ကြောင်း သိရ သည်။အဆိုပါ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များအား မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့အပြင် အခြားပုဂ္ဂလိက ကုမ္ပဏီ များမှ ကျပ်တစ်သိန်းအောက်ဖြင့် စတင်ရောင်းချ ပေးမည်ဖြစ်ရာ
အချိန်ကိုအရောင်နဲ့ပြမယ့် နာရီ
အချိန်ကိုအရောင်နဲ့ပြမယ့် နာရီ 
Thursday, January 24, 2013
ထူးတော့ထူးဆန်းပါတယ်။ ပြီးတော့ ဒီနာရီကို ကာလာဘလိုင်းတို့ အသုံးပြု မယ်ဆိုရင် ခက်ခဲမယ့် အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲဆို သူက အချိန် ကို အရောင်နဲ့ ခွဲခြားလို့ ဖြစ်ပါတယ်။
ဥပမာ မနက် အိပ်ယာထချိန်ကို အစိမ်းရောင်လို့ပေးထားပြီး alarm ပါတွဲ ပေးထားရင် ပိုအဆင်ပြေပါမယ်။ ပြီးတော့ နေ့လည်ထမင်းစားချိန်ကို အဝါရောင်ပေး၊ ညနေ ကော်ဖီသောက်ချိန်ကို အနီရောင်ပေး အစရှိသဖြင့် လိုသလို Option ပေးလို့ရပါတယ်။ ၂၄ နာရီလုံးကို ခွဲခြားပေးဖို့ အရောင်တော့ ပေးမထားလောက်ဘူးထင်ပါတယ်။ သူက အဓိက အားဖြင့် မနက်အိပ်ယာထချိန်၊ ထမင်းစားချိန်၊ နေ့လည်စာချိန်၊ ညနေရုံးဆင်းချိန်၊ ည စာစားချိန်၊ ညအိပ်ယာဝင်ချိန် အစရှိသဖြင့် အရေးကြီးတဲ့ အချိန်တွေ ကိုပဲ ပြသမှာ ဖြစ်ပါတယ်။
LED မျက်နှာပြင်နဲ့ ဖြစ်ပြီး ပုံမှာ မြင်တွေ့ရတဲ့ ဒီဇိုင်းအတိုင်းပါပဲ။ အချိန်ကို နာရီမဟုတ်ပဲ ဖုန်းတို့လို နေရာကနေကြည့်နိုင်တယ်ဆိုရင် လက်မှာ ပတ်တဲ့ နာရီနေရာကို ဖက်ရှင် တစ်ခုခုနဲ့ အစားထိုးနိုင်ပါတယ်။ ဒါကြောင့်ပဲ ယင်းစိတ်ကူးနဲ့ ယခု Color in time နာရီကို ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒီဇိုင်နာ ကတော့ Maxim Mezentsev ဖြစ်ပြီး မကြာမီ ထုတ်လုပ်တာ့ မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
ထူးတော့ထူးဆန်းပါတယ်။ ပြီးတော့ ဒီနာရီကို ကာလာဘလိုင်းတို့ အသုံးပြုမယ် ဆိုရင် ခက်ခဲမယ့် အနေအထားမှာရှိပါတယ်။ ဘာလို့လဲဆို သူကအချိန်ကို အရောင်နဲ့ ခွဲခြားလို့ ဖြစ်ပါတယ်။
ဥပမာ မနက်အိပ်ယာထချိန်ကို အစိမ်းရောင်လို့ပေးထားပြီး alarm ပါတွဲ ပေးထား ရင် ပိုအဆင်ပြေပါမယ်။ ပြီးတော့ နေ့လည်ထမင်းစားချိန်ကို အဝါရောင်ပေး၊ ညနေ ကော်ဖီသောက်ချိန်ကို အနီရောင်ပေးအစရှိသဖြင့် လိုသလို Option ပေးလို့ ရပါတယ်။ ၂၄ နာရီလုံးကို ခွဲခြားပေးဖို့ အရောင်တော့ ပေးမထားလောက်ဘူးထင် ပါတယ်။ သူက အဓိကအားဖြင့် မနက်အိပ်ယာထချိန်၊ ထမင်းစားချိန် ၊ နေ့လည် စာချိန်၊ ညနေရုံးဆင်းချိန်၊ ညစာစားချိန်၊ ညအိပ်ယာဝင်ချိန်အစရှိသဖြင့် အရေးကြီးတဲ့အချိန်တွေကိုပဲ ပြသ မှာ ဖြစ်ပါတယ်။
ဆီးဂိမ်းဝိုင်ဖိုင် အင်တာနက်ထုတ်လွှင့်ခွင့် ပြည်တွင်းကုမ္ပဏီနှစ်ခု ရရှိ
ဆီးဂိမ်းဝိုင်ဖိုင် အင်တာနက်ထုတ်လွှင့်ခွင့် ပြည်တွင်းကုမ္ပဏီနှစ်ခု ရရှိ
Thursday, January 24, 2013
ဆီးဂိမ်း၌ သုံးစွဲခွင့်ပေးမည့် ဝိုင်ဖိုင်အင်တာနက်ထုတ်လွှင့်ခွင့်ကို ပြည်တွင်း
ကုမ္ပဏီနှစ်ခုအား လုပ်ကိုင်ခွင့်ပေးလိုက်ပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ သိရသည်။
လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီ နှစ်ခုမှာ Red Link နှင့် မြန်မာတယ် လီကွန်းကုမ္ပဏီများဖြစ်ပြီး နေပြည် တော်၊ မန္တလေး၊ ငွေဆောင်နှင့် ပုဂံမြို့လေးမြို့တွင် လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။
“ တင်ဒါခေါ်ထားတဲ့ ကုမ္ပဏီ တွေထဲက ရွေးချယ်ဆောင်ရွက် 
သွားတာပါ။ ပြိုင်ပွဲမကျင်းပမီ ပြီးစီး အောင်ဆောင်ရွက်သွားဖို့ မှာကြား ထားပါတယ်”ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးကျော်မျိုးသန်းက ပြောသည်။
Red Link ကုမ္ပဏီသည် မန္တလေးနှင့်ငွေဆောင်တွင် လုပ်ကိုင်ခွင့်
ရရှိမည်ဖြစ်ပြီး နေပြည်တော်နှင့် ပုဂံကို မြန်မာတယ်လီကွန်း ကုမ္ပဏီမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။
“ ဆက်သွယ်ရေးက သတ်မှတ် ပေးထားတဲ့အချိန်အမီ ပြီးစီးအောင် ဆောင်ရွက်သွားမှာပါ။ လက်ရှိလည်း ဝိုင်ဖိုင်စနစ်နဲ့ပုဂံဘုရားတွေမှာ ထုတ်လွှင့်ပေးနေတဲ့အတွက် အခက်အခဲမရှိနိုင်ပါဘူး”ဟု Red Link ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
မြန်မာ တယ်လီကွန်းသည် လည်း နေပြည်တော်တွင် ဝိုင်ဖိုင် စနစ်အတွက် ဖိုင်ဘာကေဘယ်လိုင်းများ သွယ်တန်းလျက်ရှိကြောင်း၊ တချို့မှာ ပြီးစီးသည့်အနေအထား ရှိပြီဖြစ်ကြောင်း၊ ကျန်ရှိသည့်အပိုင်းကိုလည်း အချိန်မီပြီး စီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့
ဆက်သွယ်ရေးလုပ် ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
(၂၇) ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ ရန်ကုန်၊ မန္တလေး၊နေပြည်တော်နှင့်
ငွေဆောင်တွင် ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတွင် အမျိုးသမီး
ဘောလုံးပြိုင်ပွဲ၊ ငွေဆောင်တွင် ရွက်လှေအားကစား ပြိုင်ပွဲနှင့် 
ရန်ကုန်တွင် အမျိုးသား ဘောလုံးပြိုင်ပွဲအုပ်စုပွဲ အပါအဝင် ကစားနည်း
လေးမျိုးနှင့် နေပြည်တော်တွင် ကျန်ရှိသည့် အားကစားနည်း ၂၂ နည်း ပြိုင်ပွဲများ ကျင်းပ မည်ဖြစ်သည်။ ကျင်းပသည့် ပြိုင်ပွဲတိုင်းတွင် ကြည့်ရှုသူ
များအား အင်တာနက်သုံးစွဲခွင့် ပေးမည်ဟု အားကစားဝန်ကြီး
ဌာနမှ ထုတ်ပြန် ထားသည်။
အောင်ဇော်
Popular Myanmar News Journal
ဆီးဂိမ်း၌သုံးစွဲခွင့်ပေးမည့် ဝိုင်ဖိုင်အင်တာနက်ထုတ်လွှင့်ခွင့်ကို ပြည် တွင်းကုမ္ပဏီနှစ်ခုအား လုပ်ကိုင်ခွင့်ပေးလိုက်ပြီဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
ရေဒီယိုသတ္တိကြွစံချိန်ချိုး ငါးတစ်ကောင်ဖမ်းမိ
ရေဒီယိုသတ္တိကြွစံချိန်ချိုး ငါးတစ်ကောင်ဖမ်းမိ
Thursday, January 24, 2013
ဂျပန်နိုင်ငံ ဖူကူရှီမားမြို့၌ ဆူနာမီပြီးနောက် ဆိုးရွားလှသည့် အနုမြူ မတော်တဆမှုကြီးဖြစ်ပွားပြီးချိန်တွင် အခင်းဖြစ်ပွားခဲ့သည့်   နေရာအနီး၌
ရေဒီယိုသတ္တိကြွစံချိန်ချိုး ငါးတစ်ကောင်ကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
“ ဒီငါးကိုတော့ မိုက်လို့ အမည်ပေးထားပါတယ်။ မိုက် မှာပါတဲ့
ရေဒီယိုသတ္တိကြွမှုနှုန်းကတော့ လက်ခံနိုင်တဲ့ အတိုင်းအတာထက် အဆပေါင်း ၂၅၀၀ ပိုများနေပါတယ်”ဟု TEPCOမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မိုက်အား တိုင်းတာကြည့်ရာ၌ ၁ ကီလိုဂရမ်မှာ ရေဒီယို သတ္တိကြွမှု 
၂၅၄,၀၀၀ becquerels အထိရှိနေခဲ့ကြောင်းနှင့် လူအများ စားသုံးနိုင်သည့် ရေဒီယိုသတ္တိကြွပမာဏမှာ ၁ ကီလိုဂရမ်တွင် 
၁၀၀ becquerels ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လ(၂၁)ရက် နေ့က ဖမ်းမိခဲ့သည့်
ရေဒီယိုသတ္တိအကြွဆုံးငါးမှာ တစ်ကီလိုဂရမ်တွင် ၂၅၈၀၀ 
becquerels အထိပဲ ပါရှိခဲ့ကြောင်းကိုလည်း သိရသည်။
TEPCO ( Tokyo Electric Power Company ) မှ တာဝန်ရှိသူများအနေဖြင့် အခင်းဖြစ်ပွါးခဲ့သည့် ဖူကူရှီးမား ဒိုင်ချီ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့်  ၂၀ ကီလိုမီတာ အနီးတဝိုက်တွင် ရေဒီယိုသတ္တိကြွငါးများ အပြင်ထွက်၍ အခြား ငါးများအား အစားမခံရစေရန် ပိုက်များ ချထားကြောင်းကိုလည်း TEPCOမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“မိုက်မှာ ကျွန်တော်တို့ မျှော်လင့်ထားသလို ရေဒီယိုသတ္တိကြွပြီးတဲ့နောက် မျက်လုံးသုံးလုံးပါလာတာတို့၊ ခြေထောက်တွေ ပါလာတာတို့နဲ့ အခြားထူးခြားတဲ့ခန္ဓာကိုယ်အပြောင်းအလဲတွေတော့ ထူးထူးခြားခြား
မတွေ့ရပါဘူး။”ဟု ၄င်းက ပြောသည်။
ကိုဒေ(မြစ်မခ)
Myit Makha Mediagroup
ဂျပန်နိုင်ငံ ဖူကူရှီမားမြို့၌ ဆူနာမီပြီးနောက် ဆိုးရွားလှသည့် အနုမြူ မတော်တဆမှုကြီးဖြစ်ပွားပြီးချိန်တွင် အခင်းဖြစ်ပွားခဲ့သည့် နေရာအနီး၌
ရေဒီယိုသတ္တိကြွစံချိန်ချိုး ငါးတစ်ကောင်ကို ဖမ်းဆီးမိခဲ့ကြောင်း သိရ သည်။
ဘဏ်ကြားခံချိတ်ဆက်ရောင်းဝယ်မည့် ရွှေဗဟို ဈေးကွက်ဖော်မည်
ဘဏ်ကြားခံချိတ်ဆက်ရောင်းဝယ်မည့် ရွှေဗဟို ဈေးကွက်ဖော်မည်
====================================
ဘဏ်များနှင့်ချိတ်ဆက်ကာ ရွှေအရောင်းအဝယ် ဗဟိုဈေးကွက် (Single Market) ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီလိုလုပ်ရတာကတော့ ဈေးကွက်ကို ပိုခိုင်မာစေချင်လို့ပါ။ ဝယ်တဲ့သူလည်း အာမခံချက်ရှိမယ်။ ရောင်းတဲ့သူလည်း အာမခံချက်ရှိမယ်။ ပြီးတော့ ရွှေရဲ့အရည်အသွေး၊ စံချိန်စံညွှန်း အားလုံး ခိုင်မာတဲ့ စနစ်လေး ဖြစ်သွားအောင် ဗဟိုဈေးကွက်ပုံစံနဲ့ အကောင်အထည်ဖော်သွားမှာပါ'' ဟု မြန်မာနိုင်ငံ ရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှဈေးကွက်အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်ဝင်း (ဦးထုံရွှေပန်းထိမ်) ကပြောသည်။
အဆိုပါ ဈေးကွက်သည်ဘဏ်ကိုကြားခံထား၍ဘဏ်၌ မိမိအပ်နှံထားသော ငွေကြေးပေါ်တွင်မူတည်၍ အရောင်းအဝယ်ပြုလုပ် မည့်ပုံစံဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ရွှေအရောင်းအဝယ် ဗဟိုဈေးကွက်ကို ရန်ကုန်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ရန်ကုန်၌ အဆိုပါစနစ်အောင်မြင်ပါက မန္တလေးတွင်ထပ်မံ၍လုပ်ဆောင် သွားမည်ဖြစ်ကြောင်း
သိရသည်။
ထိုမှတစ်ဆင့် မြန်မာပြည်အနှံ့တွင် ဆက်လက်အကောင် အထည်ဖော်ဆောင်ကာ အီလက်ထရောနစ်စနစ်ဖြင့် ချိတ်ဆက်ကျင့်သုံးသွား ရန်စီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
''ဒီစနစ်ပေါ်လာရင် အရင်ကတည်းကအရောင်းအဝယ်ပြုလုပ်နေတဲ့ မိရိုးဖလာအရောင်းအဝယ်ကလည်း ပျောက်သွားမှာမဟုတ်ပါဘူး။ ဘဏ်စနစ်ကြားခံပြီး လုပ်တာမျိုးမဟုတ်ဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ကလည်းရှိနေမှာပါ'' ဟုအထက်ပါပုဂ္ဂိုလ်ကပြောသည်။
ရွှေအရောင်းအဝယ်ဗဟို ဈေးကွက်ကို ၂ဝ၁၃ ခုနှစ်ကုန်ပိုင်းတွင်စတင် အကောင်အထည် ဖော်ရန်ရည်ရွယ်ထားသော်လည်း လုံခြုံရေးစိတ်ချရသော နေရာနှင့်ဘဏ်များနှင့် ချိတ်ဆက် လုပ်ကိုင်မည်ဖြစ်သောကြောင့် ဆက်သွယ်ရေးကောင်းမွန်သောနေရာဖြစ်ရန် အတွက် နေရာရှာဖွေဆဲဖြစ်ကြောင်းလည်း ဦးကျော်ဝင်းက ပြောသည်။
ရွှေဘုံသာရှိ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ''ရောင်းသူဝယ်သူ နှစ်ဦးစလုံးအတွက်
စိတ်ချရတာပေါ့။ ဒါဆိုလေပတ်ကားစနစ်လည်း လုံးဝပျောက်ကွယ်သွားမယ်'' ဟု ဗဟိုဈေးကွက်ပေါ်လာမည့်အပေါ် သူ၏အမြင်ကို ပြောသည်။
ယနေ့ရွှေဈေးတွင် ကျင့်သုံးလျက် ရှိသောစနစ် သည် ဈေးကွက်ကိုထိန်းချုပ်ထားခြင်း မရှိဘဲကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းရှိ အခြေအနေအရပ်ရပ်ပေါ် မူတည်၍ ဈေးဖြတ်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ရွှေဗဟို ဈေးကွက်ပေါ်ပေါက်လာပါကသဘာဝကျသော ရွှေဈေးနှုန်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ မြန်မာ့ရွှေပေါက်ဈေးသည် အခေါက်ရွှေတစ်ကျပ်သား လျှင် ၇၆၅ဝဝဝ ဖြစ်၍ ၁၅ ပဲရည်တစ်ကျပ်သားလျှင် ၇၂ဝ၅ဝဝ ဖြစ်ကာ ကမ္ဘာ့ရွှေဈေးမှာတစ်အောင်စလျှင် ၁၆၆၈ ကန်ဒေါ်လာဖြစ်ကြောင်း သိရသည်။
အိမ်စည်စိုးစံ၊ ရန်နိုင်
အေးချမ်းမွန်မှ   Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဘဏ်များနှင့်ချိတ်ဆက်ကာ ရွှေအရောင်းအဝယ် ဗဟိုဈေးကွက် (Single  Market) ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီလိုလုပ်ရတာကတော့ ဈေးကွက်ကို ပိုခိုင်မာစေချင်လို့ပါ။ ဝယ်တဲ့ သူ လည်းအာမခံချက်ရှိမယ်။ ရောင်းတဲ့သူလည်း အာမခံချက် ရှိမယ်။ ပြီးတော့ ရွှေရဲ့အရည်အသွေး၊ စံချိန်စံညွှန်းအားလုံး ခိုင်မာတဲ့
၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း ရခိုင်ပြည်နယ်မှာ လူဦးရေ စာရင်းကောက်ခံ
၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း ရခိုင်ပြည်နယ်မှာ လူဦးရေ
စာရင်းကောက်ခံ
Thursday, January 24, 2013
ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စီစစ်ဖို့အတွက် လူဦးရေစာရင်း ကောက်ခံရာမှာ မြေပုံမြို့နယ် ပြီးစီးသွားပြီဖြစ်ပြီး ကျောက်တော်၊ မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ ဆက်လက်ဆောင် ရွက်နေတယ်လို့ ရခိုင်ပြည်နယ် လဝကမှူး ဦးကျော်ရင်ဦးက RFA ကို မနေ့က ပြောပါတယ်။
“ပေါက်တောမှာက တချို့နေရာလေးတွေနည်းနည်းကျန်ထား
တာတွေရှိတယ်၊ အထူးသဖြင့် ငှက်ချောင်းနဲ့ ကြိမ်နီပြင် တို့မှာ နည်းနည်းကျန်သေးတယ်၊ အရင်တုန်းကထက် ပိုကောက်လို့ပြီး
သွားတယ်၊ ကျနော်တို့ အခုဆက်ကောက်နေတာ ကျောက်တော်၊
မြောက်ဦး၊ မင်းပြား ၃ခု လက်ရှိအနေအထားအရတော့ ရိုဟင်ဂျာဆိုတဲ့ ဒီအယူအဆတွေသုံးစွဲလာတာပေါ့၊ အဲဒီမှာ ရိုဟင်ဂျာ လို့ပြောတဲ့အခါ စာရင်းကောက်တဲ့အခါ အခက်အခဲတော့ တွေ့ရတာပေါ့၊ ဒီကိစ္စကလည်း ရိုဟင်ဂျာ၊ ဘင်္ဂါလီဆိုတာက နိုင်ငံတော်အဆင့်သွားတဲ့ ကိစ္စတွေဖြစ်တယ်”
အခုဆောင်ရွက်နေတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်တွေပြီးရင် စစ်တွေမြို့နယ်မှာ ဆက်လက်ကောက်ခံမယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက အိမ်ထောင်စုနဲ့ လူဦးရေစာရင်းတွေ သိရှိနိုင်ဖို့ နယ်စပ်ဒေသ လူဝင်မူစစ်ဆေးကွပ်ကဲရေး
ဌာနချုပ်က ဦးစီးပြီး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
RFA Burmese
ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စီစစ်ဖို့အတွက် လူဦးရေစာရင်း ကောက်ခံရာမှာ မြေပုံမြို့နယ် ပြီးစီး သွားပြီဖြစ်ပြီး ကျောက်တော်၊ မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ ဆက်လက်ဆောင် ရွက်နေတယ်လို့ ရခိုင်ပြည်နယ် လဝကမှူး
ဒေါက်တာဆိတ်ဖွား ကို ဖော်ထုတ်ဖို့ လွှတ်တော်မှာ ကော်မရှင် ဖွဲ့စည်းတော့မည်
ဒေါက်တာဆိတ်ဖွား ကို ဖော်ထုတ်ဖို့ လွှတ်တော်မှာ ကော်မရှင် ဖွဲ့စည်းတော့မည်
Thursday, January 24, 2013
ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာမှာ အဆိုးမြင်ဝေဖန်
ရေးသားဖော်ပြနေတဲ့ ဒေါက်တာ ဆိတ်ဖွားဆိုတဲ့ ကလောင်နာမည်နဲ့ သုံးစွဲသူကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးတကြီး ပြင်ဆင်နေကြပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်က အတည်ပြု
လိုက်တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနှစ်ခုကို အင်တာနက်စာမျက်နှာပေါ်မှာ ဥပဒေအထက်မှာ (Above The Law) ဆိုပြီး ဝေဖန်ရေးသားချက်တွေဟာ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို စော်ကားထားတာ
ဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်ပေးဖို့ မရမ်းကုန်းမြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်က တင်သွင်းခဲ့တာ ဖြစ်ပြီး၊ သူတင်သွင်းတဲ့ အဆိုကို သဘောတူမတူ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ
ထောက်ခံမဲ (၃၄၇) ကန့်ကွက်မဲ (၁၅၇) ၊ ကြားနေမဲ (၄၂) မဲ ရရှိခဲ့ပြီး ထောက်ခံမဲများတဲ့ အတွက် ပြည်ထောင်စု လွှတ်တော်က
ကော်မရှင်ဖွဲ့စည်းပြီး၊ စုံစမ်းစစ်ဆေးကာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူသွားမယ်လို့ ဒီကနေ့ အတည်ပြုခဲ့ပါတယ်။
RFA Burmese
ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ် သက်ပြီး အင်တာနက် စာမျက်နှာမှာ အဆိုးမြင်ဝေဖန်ရေး သားဖော်ပြနေတဲ့ ဒေါက်တာ ဆိတ်ဖွားဆိုတဲ့ ကလောင်နာမည် နဲ့ သုံးစွဲသူကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို အရေး တကြီး ပြင်ဆင်နေကြပါတယ်။
ဆီးရီးယားနိုင်ငံ ဟုမ်းစ်ပြည်နယ်ရှိ စစ်ဘက် စစ်ဆေးရေးဂိတ် တစ်ခုအား လက်နက်ကိုင် အုပ်စု တစ်စုက တိုက်ခိုက်ခြင်းကို ဆီးရီးယား စစ်ဘက် တပ်ဖွဲ့ဝင် များက တွန်းလှန် နိုင်
ဆီးရီးယားနိုင်ငံ ဟုမ်းစ်ပြည်နယ်ရှိ စစ်ဘက် စစ်ဆေးရေးဂိတ် တစ်ခုအား လက်နက်ကိုင် အုပ်စု တစ်စုက တိုက်ခိုက်ခြင်းကို ဆီးရီးယား စစ်ဘက် တပ်ဖွဲ့ဝင် များက တွန်းလှန် နိုင်
ဆီးရီးယားနိုင်ငံ ဟုမ်းစ်ပြည်နယ်ရှိ စစ်ဘက် စစ်ဆေးရေးဂိတ် တစ်ခုအား လက်နက်ကိုင် အုပ်စု တစ်စုက တိုက်ခိုက်ခြင်းကို ဆီးရီးယား စစ်ဘက် တပ်ဖွဲ့ဝင် များက တွန်းလှန် နိုင်ခဲ့ကြောင်း သိရှိ ရပါသည်။
Likud-Beitenu Union မြို့ Tal Um Sakher ရပ်ကွက်ရှိ စစ်ဘက် အဆောက် အအုံအား လက်နက်ကိုင် များက ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်များ သေဆုံးခဲ့ကြောင်း သိရှိ ရပါသည်။ တိုက်ပွဲပြီး နောက် စစ်ဘက် တပ်ဖွဲ့ဝင် များက လက်နက်၊ ခဲယမ်း မျိုးစုံအား သိမ်းဆည်း ရမိ ခဲ့ပါသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့၌ပင် Aleppo မြို့၌ လက်နက်ကိုင် လူတစ်စုအား စစ်ဘက်တပ်ဖွဲ့ဝင် များကသုတ်သင် နိုင်ခဲ့ပါ သည်။
http://www.myawady.net.mm/allnews/global/item/5158-2013-01-23-15-32-23#.UQCnJu72usc
အေးချမ်းမွန်မှ   မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဆီးရီးယားနိုင်ငံ ဟုမ်းစ်ပြည်နယ်ရှိ စစ်ဘက်စစ်ဆေးရေးဂိတ် တစ်ခု အား လက်နက်ကိုင်အုပ်စုတစ်စုက တိုက်ခိုက်ခြင်းကို ဆီးရီးယား စစ်ဘက်တပ်ဖွဲ့ဝင်များက တွန်းလှန် နိုင်ခဲ့ကြောင်း သိရှိရပါသည်။
Likud-Beitenu Union မြို့ Tal Um Sakher ရပ်ကွက်ရှိ စစ်ဘက် အဆောက်အအုံအား လက်နက်ကိုင်များက ဇန်နဝါရီလ ၂၁ ရက်နေ့
ပညာရေးချေးငွေ၊ ကျောင်းသားချေးငွေများကို အစိုးရနှင့် ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးပေးရန် တိုက်တွန်းသွားမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးပြောကြား
ပညာရေးချေးငွေ၊ ကျောင်းသားချေးငွေများကို အစိုးရနှင့် ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးပေးရန် တိုက်တွန်းသွားမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးပြောကြား 
Thursday, January 24, 2013
ပညာရေးချေးငွေနှင့် ကျောင်းသားချေးငွေများကို အစိုးရနှင့် ပုဂ္ဂလိက
ဘဏ်များမှ ထုတ်ချေးပေးရန် တိုက်တွန်းသွားမည်ဟု ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ
မောင်မောင်သိမ်းကပြောကြားခဲ့သည်။
မူဆယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်ဘိုးအောင်
မေးမြန်းသည့် ''မြန်မာနိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များမှ ပညာရေးဆိုင်ရာ ချေးငွေများနှင့် ကျောင်းသား ချေးငွေများ(Education Loans and Student Loans)ကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေး
ပေးမည့် အစီအစဉ်ရှိ၊ မရှိ''မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ
မောင်မောင်သိမ်းက''နိုင်ငံတကာမှာတော့ပညာရေးချေးငွေနှင့် ကျောင်းသား
ချေးငွေများကို ပေးလျက်ရှိနေပါတယ်။ မြန်မာပြည်မှာရှိတဲ့ ဘဏ်တွေ
ကတော့ အစိုးရဘဏ်လေးဘဏ်၊ ပုဂ္ဂလိက ဘဏ် ၁၉ ဘဏ် ရှိပါတယ်။ အဲဒီဘဏ်တွေအားလုံးဟာ ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဘဏ်တို့၊ဖွံ့ဖြိုးမှုဘဏ်တို့ကတော့ မြန်မာပြည်မှာ
လောလောဆယ် မရှိသေးပါဘူး။ မကြာခင်မှာတော့ ပေါ်ပေါက်လာစရာ အကြောင်းရှိပါတယ်။ ထို့အတွက်ကြောင့် လောလောဆယ်မှာတော့ ပညာရေးချေးငွေနဲ့ ကျောင်းသားချေးငွေများကို ပေးနိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ သို့သော်လည်း ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှုဆိုတာ အနာဂတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံတော်ရဲ့ အနာဂတ်လှပဖို့ အိပ်မက်လှလှ မက်နိုင်ဖို့အတွက်ပညာရေးချေးငွေတွေ၊
ကျောင်းသားချေးငွေတွေပေးဖို့ ဘဏ်များကို တိုက်တွန်းပေးသွားမှာ
ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
Eleven Media Group
ဓာတ်ပုံ - Pyithu Hluttaw - ပြည်သူ့လွှတ်တော်
ပညာရေးချေးငွေနှင့် ကျောင်းသားချေးငွေများကို အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များမှ ထုတ်ချေးပေးရန် တိုက်တွန်းသွားမည်ဟု ဇန်န၀ါရီလ ၂၃ ရက်နေ့တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက် တာ မောင်မောင်သိမ်းကပြောကြားခဲ့သည်
ကေအိုင်အေမှ မရှီကထောင်ရဲကင်းအား မိုင်းပစ်ဖော်ခွဲခဲ့
ကေအိုင်အေမှ မရှီကထောင်ရဲကင်းအား မိုင်းပစ်ဖော်ခွဲခဲ့
==========================================
ဖားကန့် ဇန်န၀ါရီ ၂၄ရက်
 ယနေ့မနက် ၃နာရီခန့်တွင် ဖားကန့်မြို့  ဘေလီတံတား(မရှီကထောင် တံတား) အနီးရဲကင်းအား KIA မှ ဆိုင်ကယ်နှင့် ရောက်လာပြီး မိုင်းပစ်ခွဲခဲ့ ကြောင်းသိရှိရပါသည်။ ၎င်းရဲကင်းတွင် ရဲတပ်ရင်း(၃၀)မှ ၁၀ဦး လုံခြုံရေး ယူလျက်ရှိသည်။ မြို့မရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်လမ်းမှ ဆိုင်ကယ် ဖြင့် ကေအိုင်အေ၂ဦး ဖြတ်လာပြီး ရဲကင်းကို မိုင်းပစ်ခွဲခဲ့ ၍ လုံခြုံရေး ယူနေသော ရဲတစ်ဦး သေဆုံးခဲ့ကြောင်းသိရှိရသည်။
         KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း KIA မှ ထိခိုက် ကျဆုံးမှုရှိ နေချိန်တွင် ရဲစခန်းနှင့် ရဲကင်းများကို လာရောက်ပစ်ခတ်မှု စီးနင်း မှုများရှိလာကြောင်း၊ သူတို့ကိုပြန်လည်တိုက်ခိုက်နိုင်သော အစိုးရတပ် စခန်း ကို မလုပ်ရဲဘဲ ရဲတွေကိုသာ စီးနင်းတိုက်ခိုက်မှုများကို ပြုလုပ် နေကြောင်း ဖားကန့်မြို့ခံ တစ်ဦး၏ အဆိုရသိရှိရသည်။ လုံခြုံရေး ယူထားသော ရဲကင်း ကို KIA မှ တိုက်ခိုက်ခဲ့သောကြောင့် ဖားကန့်မြို့ ဒေသခံ များက မြို့ကိုလာ ရောက်ပစ်ခတ်မှုများ ဖြစ်လာနိုင်၍ စိုးရိမ်မှုများရှိနေကြောင်း ၎င်းဒေသခံမှ ပြောကြား ခဲ့သည်။
ယနေ့မနက် ၃နာရီခန့်တွင် ဖားကန့်မြို့ ဘေလီတံတား(မရှီကထောင် တံတား) အနီးရဲကင်းအား KIA မှ ဆိုင်ကယ်နှင့် ရောက်လာပြီး မိုင်း ပစ်ခွဲခဲ့ ကြောင်းသိရှိရပါသည်။ ၎င်းရဲကင်းတွင် ရဲတပ်ရင်း(၃၀)မှ ၁၀ဦး လုံခြုံရေး ယူလျက်ရှိသည်။ မြို့မရပ်ကွက်နှင့် ငှက်ပျောတော ရပ်ကွက် လမ်းမှ ဆိုင်ကယ် ဖြင့် ကေအိုင်အေ၂ဦး ဖြတ်လာပြီး ရဲကင်းကို မိုင်းပစ်ခွဲခဲ့၍ လုံခြုံရေးယူနေသော ရဲ တစ်ဦး သေဆုံးခဲ့ကြောင်းသိရှိရသည်။
မြ၀တီရုပ်မြင်သံကြား Digital Set Topbox ၄ နေရာ ထပ်မံ တိုးချဲ့ထုတ်လွှင့်
မြ၀တီရုပ်မြင်သံကြား Digital Set Topbox ၄ နေရာ ထပ်မံ
တိုးချဲ့ထုတ်လွှင့်
Thursday, January 24, 2013 
မြ၀တီရုပ်မြင်သံကြား ၏ Digital Set Topbox စနစ်ဖြင့် ထုတ်လွှင့်မှု အစီအစဉ်များအား နေရာ (၄)နေရာ ထပ်မံ တိုးချဲ့ ထုတ်လွှင့်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ထပ်မံ တိုးချဲ့ထုတ်လွှင့်သော မြို့များမှာ ပဲခူးမြို့ပေါ် ၊ မိတ္ထီလာ ၊ ပြင်ဦးလွင် နှင့် မုံရွာမြို့နယ်ရှိ ၂၃ ရပ်ကွက် နှင့် မြို့သစ်ရပ်ကွက် ၊ အိုးဖိုတောင် တို့တွင် ဖမ်းယူ ကြည့်ရှု နိုင်ပြီ ဖြစ်သည်။
ယခင် Digital Set Topbox စနစ်ဖြင့် ဖမ်းယူ ကြည့်ရှုနိုင်သော မြို့ကြီးများမှာ နေပြည်တော် ၊ ရန်ကုန် ၊ စစ်ကိုင်း ၊ ချောက် ၊ တောင်ငူ ၊ တောင်ကြီး ၊ ပြည် ၊ ပုသိမ် နှင့် မော်လမြိုင် မြို့ကြီးများ၏ မိုင် ၅၀ ပတ်လည်တွင် ဖမ်းယူ ကြည့်ရှုနိုင်ပြီး မြ၀တီ Digital Set Topbox စနစ်သည် လစဉ်ကြေး ၊ နှစ်စဉ်ကြေး များ ပေးသွင်းရန် မလိုဘဲ Free to Air TV လိုင်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။
မြ၀တီ
မြ၀တီရုပ်မြင်သံကြား ၏ Digital Set Topbox စနစ်ဖြင့် ထုတ်လွှင့်မှု အစီအစဉ်များအား နေရာ (၄)နေရာ ထပ်မံတိုးချဲ့ထုတ်လွှင့်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ထပ်မံ တိုးချဲ့ထုတ်လွှင့်သော မြို့များမှာ ပဲခူးမြို့ပေါ် ၊ မိတ္ထီလာ ၊ ပြင်ဦးလွင် နှင့် မုံရွာမြို့နယ်ရှိ ၂၃ ရပ်ကွက် နှင့် မြို့သစ်ရပ်ကွက် ၊ အိုးဖိုတောင် တို့တွင် ဖမ်းယူ ကြည့်ရှု နိုင်ပြီ ဖြစ်သည်။
"ပထမဆုံး Firefox OS သုံးထားသော စမတ်ဖုန်းများ ထွက်ရှိလာတော့မည်"
"ပထမဆုံး Firefox OS သုံးထားသော စမတ်ဖုန်းများ ထွက်ရှိလာတော့မည်"
-------------------------------------------------------
HTML-5 ကိုအခြေပြု၍ ရေးဆွဲထားသော Firefox OS အသုံးပြုထားသော စမတ်ဖုန်းများ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ထိုဖုန်းများကတော့ GeekPhone ရဲ့ Keon ဆိုသော ဖုန်းနဲ့  Peak ဆိုသော ဖုန်း ၂လုံးပဲ ဖြစ်ပါတယ်။
အဖြူရောင်ဖုန်းလေးကတော့ GeekPhone Peak ဖြစ်ပြီး ဖုန်း ၂လုံးထဲတွင်တော့ ပိုမို၍ကောင်းမွန်သော ဖုန်းဖြစ်ပါတယ်။ Peak တွင် 1.2GHz Dual-Core Snapdragon S4 Chipset၊ 512MB RAM နှင့် 4GB Internal Storage တို့ ပါဝင်ပါတယ်။ Display အနေနဲ့ ကတော့ ၄.၃လက်မအရွယ် qHD IPS Display ကိုအသုံးပြုထားပြီး LED Flash ပါဝင်သော 8MP ကင်မရာ၊ အရှေ့ကင်မရာအနေနဲ့ ကတော့ 2MP ကင်မရာတို့  ပါဝင်ပါတယ်။ ဘက်ထရီအနေနဲ့ ကတော့ 1800 mAh ဘက်ထရီကို အသုံးပြုထားပြီး Micro SD Card Slot လည်းပါဝင်မည် ဖြစ်သလို ပုံမှန်အတိုင်း Bluetooth၊ Wifi တို့ လည်း ပါဝင်မည် ဖြစ်ကြောင်း သိရပါတယ်။
လိမ္မော်ရောင်ဖုန်းလေးကတော့ GeekPhone Keon ဖြစ်ပြီး Firefox ရဲ့အမှတ်အသား အရောင်ဖြစ်တဲ့ လိမ္မော်ရောင်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Keon တွင် 1GHz Snapdragon S1 CPU၊ 512MB RAM နှင့် 3.5” HVGA Display တို့ ပါဝင်မည် ဖြစ်ပါတယ်။ Internal Storage အနေနဲ့ ကတော့ 4GB ပါဝင်ပြီး ကင်မရာအနေနဲ့ ကတော့ 3MP ဖြစ်ကြောင်း သိရပါတယ်။ Flash မပါဝင်သလို အရှေ့ကင်မရာလည်း မပါဝင်ကြောင်း သိရပါတယ်။ ဘက်ထရီအနေနဲ့ ကတော့ 1580 mAh ဘက်ထရီကို အသုံးပြုထားတာ ဖြစ်တယ်လို့  သိရပါတယ်။
GeekPhone မှပြောကြားချက်အရ ယခု Firefox OS Developer စမတ်ဖုန်းများကို နောက်လမှ စတင်၍ ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းကိုတော့ ပြောကြားသွားခြင်း မရှိသေးပါဘူး။
Source : GSMArena
အေးချမ်းမွန်မှ Info Tech For Myanmar (IT4M)   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
HTML-5 ကိုအခြေပြု၍ ရေးဆွဲထားသော Firefox OS အသုံး ပြု ထားသော စမတ်ဖုန်းများ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ထိုဖုန်းများ ကတော့ GeekPhone ရဲ့ Keon ဆိုသော ဖုန်းနဲ့  Peak ဆိုသော ဖုန်း ၂လုံးပဲ ဖြစ်ပါတယ်။
မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်မှုရနေပြီဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား
Photo: မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်မှုရနေပြီဟု တရုတ်နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြောကြား
Thursday, January 24, 2013 
မြန်မာအစိုးရက နိုင်ငံမြောင်ပိုင်းရှိ ကချင်လွတ်မြောင်ရေး တပ်မတော် ကေအိုအေအား ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းမည်ဟု ကြေငြာ ပြီးနောက် မြန်မာနှင့် တရုတ်အကြား
နယ်စပ်တွင် တည်ငြိမ်မှုရနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။
အထက်ပါ ပုဂ္ဂိုလ်က ယူနန်ပြည်နယ်အစိုးရသည် နယ်စပ်
ဒေသတွင် တရုတ်ပြည်နှင့် ၎င်းတို့၏ အကျိုးစီးပွားများကို
ကာကွယ်ရန် ဥပဒေ စည်း မျဉ်းများ ထုတ်ပြန်ဆောင်ရွက်ပြီး
ဖြစ်ကြောင်း ဆိုသည်။
၎င်းက “တရုတ်ဘက်အခြမ်းဟာ မြန်မာဘက် အခြေအနေကို သတိထား စောင့်ကြည့် နေပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကိုလည်း တရုတ် - မြန်မာနယ်စပ်တလျှောက်မှာ တည်
ငြိမ်မှု ရဖို့ ဖြစ်နိုင်သမျှ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်း ထားပါတယ်” ဟု ပြောကြားသည်။
ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လိုင်က အပစ်အခတ်ရပ်စဲရေးကို သက်ဆိုင်သူအဖွဲ့များအနေဖြင့် နည်းလမ်းရှာဖွေနိုင်မည်ဟု
မျှော်လင့်ပြီး ဆွေးနွေးပွဲ များ ပြုလုပ်ခြင်းမှာ မှန်ကန်သော
ဖြေရှင်းချက်ဖြစ်ကြောင်း ဆိုသည်။
မစ္စတာဟောင်၏ ယခုမှတ်ချက်သည် ရန်ကုန်သို့ တရုတ်အစိုးရ အထူးကိုယ်စားလှယ် ဖူယင်း သွားရောက်ကာ မြန်မာသမ္မတ ဥိးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
တရုတ်နှင့် မြန်မာသည် နှစ်နိုင်ငံနယ်စပ်အရှည် ၂,၂၀၀ ကီလိုမီတာ ထိစပ်နေပြီး နယ်စပ်ဒေသတလျှောက်တွင် နှစ်နိုင်ငံ ပြည်သူများမှာ နီးကပ်စွာ နေထိုင်နေကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဟောင်က ဆိုသည်။
REF: Peopledaily
The Myanma Age မြန်မာအစိုးရက နိုင်ငံမြောင်ပိုင်းရှိ ကချင်လွတ်မြောင်ရေး တပ်မတော် ကေအိုင်အေအား ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်း မည်ဟု ကြေငြာပြီးနောက် မြန်မာနှင့် တရုတ်အကြားနယ်စပ်တွင် တည်ငြိမ်မှုရနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။ အထက်ပါ ပုဂ္ဂိုလ်က ယူနန်ပြည်နယ်အစိုးရသည် နယ်စပ်ဒေသတွင် တရုတ်ပြည်နှင့် ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန်ဥပဒေစည်းမျဉ်းများ
SAMSUNG ဖုန်း နဲ့ အာမခံကတ်
SAMSUNG ဖုန်း နဲ့ အာမခံကတ်
ရန်ကုန် ဟင်းန်းဆက် ဈေးကွက်ထဲက Samsung ဖုန်းတွေမှာ စင်္ကာပူအလုံးနဲ့ ကုမ္ပဏီအလုံး ဆိုပြီး နှစ်မျိုးရှိပါတယ်။
စင်္ကာပူအလုံးကို Paralla Inport - အတိုကောက်အားဖြင့် PI လို့ ခေါ်ပြီး၊ ကုမ္ပဏီအလုံးကိုတော့ TSE လို့ခေါ်ကြပါတယ်၊ Thailand Samsung Electronic ရဲ့ အတိုကောက်ပါ။
ကုမ္ပဏီအလုံးက ယိုးဒယားက ၀င်တာဖြစ်ပြီးတော့ ဖုန်းက ပါကင်ပိတ် လာပါတယ်။ အာမခံကတ်ပြား (Warranty Card)ပါပါတယ်။ကတ်သက်တမ်း
က တနှစ် ဖြစ်ပါတယ်။ဒါကြောင့် ဖုန်းဝယ်တဲ့သူတွေအနေနဲ့ ကိုယ်ဝယ်တဲ့
ဖုန်းက ကုမ္ပဏီအလုံး ဖြစ်တယ် ဆိုရင် ပါကင်ပိတ် ဟုတ်ရဲ့လား ဆိုတာ ကြည့်ဖို့လိုပါတယ်။ ပြီးတော့ အာမခံကတ် တောင်းဖို့ လိုပါမယ်။
အာမခံကတ်ကာလ တနှစ်အတွင်းဖုန်းချို့ယွင်းမှုတခုခုဖြစ်ခဲ့ရင် သက်ဆိုင်ရာ
ကုမ္ပဏီ တွေ၊ Service Centre တွေမှာ သွားရောက် ပြုပြင်နိုင်ပါတယ်။
ပြင်ဆင်ပေးဖို့ ငြင်းရတဲ့ အကြောင်းရင်းများ
ဟင်းန်ဆက်မှာ ဖြစ်တတ်တဲ့ စက်ရုံက ထုတ်လုပ်ကတည်းက ပါလာတဲ့ ချို့ယွင်းချက်တွေကိုပဲ Warranty Card က တာဝန်ယူတာပါ။
အားသွင်းကြိုး စတဲ့ တယ်လီဖုန်းအပိုပစ္စည်းတွေ ချို့ယွင်းမှုမျိုးကိုတော့ အဲဒီနေရာတွေမှာ မပြုပြင်ပေးပါဘူး။ အသုံး ပြုသူတွေကြောင့်ဖြစ်တတ်တဲ့
ဖုန်းပြုတ်ကျတာ၊ ရေ၀င်တာတွေကို တာဝန်မယူပါဘူး။
ပြီးတော့ ဖုန်းကို သတ်မှတ် ထားတဲ့ Samsung Service Centre မဟုတ်ဘဲ တခြားနေရာတွေ၊ ဆိုင်တွေမှာ ပြုပြင်ထားပြီးသား ဆိုရင်လည်း ၀န်ဆောင်မှု (Service) မပေးတော့ပါဘူး။
ဘယ်မှာ ပြင်ပေးသလဲ
Warranty ပေးထားတဲ့ ဖုန်းတွေကို မြန်မာပြည်တွင်း Samsung ဖုန်းရောင်းတဲ့ အကြီးဆုံး ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Mobile Tel နဲ့ Cyber City တို့ကနေ ၀န်ဆောင်မှု ပေးနေပါတယ်။ပြီးတော့ Samsung Service Centre တွေကလည်း ၀န်ဆောင်မှု ပေးနေပါတယ်။
အေးချမ်းမွန်မှ   ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန် ဟင်းန်းဆက် ဈေးကွက်ထဲက Samsung ဖုန်းတွေမှာ စင်္ကာပူ အလုံးနဲ့ ကုမ္ပဏီအလုံး ဆိုပြီး နှစ်မျိုးရှိပါတယ်။
စင်္ကာပူအလုံးကို Paralla Inport - အတိုကောက်အားဖြင့် PI လို့ ခေါ်ပြီး၊ ကုမ္ပဏီအလုံးကိုတော့ TSE လို့ခေါ်ကြပါတယ်၊ Thailand Samsung Electronic ရဲ့ အတိုကောက်ပါ။
ထိုင်းနိုင်ငံ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ မြန်မာ နိုင်ငံသို့လာရောက်မည်
ထိုင်းနိုင်ငံThailand Board of Investment (BOI) ၏ ဦးဆောင်မှုဖြင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၄၆ ဦး ပါဝင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၃ ရက်မှ ၆ ရက်အထိ မြန်မာ နိုင်ငံသို့ ကုန် သွယ်ရေးနှင့်ရင်းနှီး မြှုပ်နှံမှုတိုးမြှင့် ဆောင်ရွက် နိုင်ရေးအတွက်လာရောက်ကြမည် ဖြစ်သည်။
ကုန်တင်ယာဉ်ဈေးကွက်၌ အရစ်ကျ Suzuki Carry ကားများ အရောင်းသွက်နေ
Photo: ကုန်တင်ယာဉ်ဈေးကွက်၌ အရစ်ကျ Suzuki Carry ကားများ အရောင်းသွက်နေ
Thursday, January 24, 2013  
ဈေးနှုန်းကွာဟချက်ကြောင့် ရန်ကုန်ကုန်တင်ယာဉ်ဈေးကွက်အတွင်း Suzuki Carry ကားများမှာ Light Truck ကားများထက် ပိုမိုရောင်းသွက်နေကြောင်း ကားအရောင်းပြခန်းများထံမှ သိရသည်။
Suzuki Carry ကားများအား ဂျပန်မှ တိုက်ရိုက်တင်သွင်းခြင်းဖြစ်ပြီး
Light Truck ကားအများစုမှာ တရုတ်မှ တင်သွင်းပြီး ပြည်တွင်းတွင်
ပြန်လည်တပ်ဆင်သည်ဟု သိရသည်။
ယခင်က ပစ္စည်းများသယ်ယူပို့ဆောင်ရန် Light Truck နှင့်အခြားကုန်တင်
ယာဉ်ကြီးများ အရောင်း အ၀ယ်များသော်လည်း ယခုနောက်ပိုင်း Suzuki Carry ကားများမှာ ၄င်းတို့၏ ဈေးကွက်ဝေစု လုယူ လာခြင်းဖြစ်ကြောင်း သိရသည်။
``Suzuki Carry တွေက ဈေးလည်း သက်သာတယ်၊ ပြီးတော့ ကားအနေအထားကလည်း ပစ္စည်းတင်လို့ကောင်းတယ်၊ လူစီး
အတွက်ဆိုရင်လည်း အဆင်ပြေတယ်၊ ဒါကြောင့် Light Truck လို ကားမျိုးထက် ပိုရောင်းလာရတာပါ၊ ´´ ဟု ကြည့်မြင့်တိုင်မြို့နယ်မှ Truck ကားများ အဓိက ရောင်းချနေသည့် Farmer Auto ကားအရောင်းပြခန်းမှ ကိုဥာဏ်လင်းအောင် မှ ပြောသည်။
အဆိုပါ အရောင်းပြခန်း၌ (၂)လတာကာလအတွင်း ၂၀၀၂ မှ ၂၀၀၇
မော်ဒယ်အထိ ကားအစီးရေ ၄၀ လောက် ရောင်းချပြီးဖြစ်ကြောင်းသိရသည်။
ဈေးနှုန်းများအနေဖြင့် Suzuki Carry ကားများသည် (၈၄) သိန်း ၀န်းကျင်ရှိပြီး Light Truck ကားများသည် (၁၂၆) သိန်းဝန်းကျင်ရှိသည်။
`` Suzuki Carry တွေက ဈေးကတော့ တော်တော်လေး အဆင်ပြေပြီး ၀ယ်ချင်စရာ ကောင်းပါတယ်၊ ဒါပေမဲ့ အကြမ်းသိပ်မခံဘူး၊ (၁) နှစ်လောက် သုံးကြည့်ရင် သိမှာပါ၊ ကားမှာ သုံးထားတဲ့ အမျိုးအစားတွေက
တော်တော်လေးညံ့တယ်၊ Light Truck တွေ ကတော့ တော်တော်လေး အကြမ်းခံပါတယ်၊ ဈေးကတော့ ပိုကြီးတာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့
ဆီမှာလည်း Suzuki Carry တွေပဲ အရောင်းများတယ်´´ သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာဖြစ်သူ ကိုမင်းထက်ကိုက ပြောသည်။
ယခုနောက်ပိုင်း ကားအရောင်းပြခန်းများတွင် အရစ်ကျစနစ်နှင့်ရောင်းချ
သည့်စနစ်များရှိလာသည့် နောက်ပိုင်း အရစ်ကျဖြင့် ၀ယ်ယူမှုများ
လာကြောင်းကိုလည်း သိရသည်။ Suzuki Carry ကားများကိုလည်း လက်ငင်းထက် အရစ်ကျ ပိုမိုရောင်းရသည်ဟု ကားအရောင်းစင်တာ
ဈေးကွက်မှ သိရသည်။
``ကျွန်တော်ကတော့ ဒီကားကို ကျောင်းဖယ်ရီအတွက် ၀ယ်ဖြစ်သွားတာပါ၊ ၀ယ်ထားတာ လေးလလောက်ရှိပြီ၊ အရစ်ကျပဲ ၀ယ်ထားတာပါ၊ အခုထိတော့ အင်ဂျင်နဲ့ ပတ်သက်ပြီး ပြဿနာ မရှိသေးပါဘူး၊ ဒါပေမဲ့ တာယာကတော့ မကောင်းဘူး၊ ကျွန်တော်ပဲ ၀ယ်တုန်းက မစစ်လိုက်မိတာလား မသိဘူး၊ ၀ပ်ရှော့မှာ သွားစစ်ကြည့်တော့ ဘီးက အတွင်းမှာ ဖာထားတာတွေရှိတယ်၊
တွေ့တော့ ၀ယ်တဲ့ဆိုင်ကို သွားပြောတော့ ဘီးအကုန်ပြန်လဲ ပေးပါတယ်၊ ဒါပေမဲ့ ဒီလိုမဖြစ်သင့်ဘူး၊ ဒါက ကိုယ့် Car Show Room ပဲ သိက္ခာ
ကျတာပေါ့ ´´ ဟု Suzuki Carry ၀ယ်ယူစီးနေသူ ကိုဖြိုးဝေကိုမှ ပြောသည်။
Suzuki Carry ကားများကို အရစ်ကျ ၀ယ်ယူပါက (၃၄) သိန်းကျော် လက်ငင်းပေးချေရပြီး ကျန်သည့် ၁၂ လအတွက်  တစ်လလျှင် ၅ သိန်း
ဝန်းကျင်ဖြင့် ပေးချေရကြောင်း သိရှိရသည်။
မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup
ဈေးနှုန်းကွာဟချက်ကြောင့် ရန်ကုန်ကုန်တင်ယာဉ်ဈေးကွက်အတွင်း Suzuki Carry ကားများမှာ Light Truck ကားများထက် ပိုမိုရောင်း သွက်နေကြောင်း ကားအရောင်းပြခန်းများထံမှ သိရသည်။
Suzuki Carry ကားများအား ဂျပန်မှ တိုက်ရိုက်တင်သွင်းခြင်းဖြစ်ပြီး Light Truck ကားအများစုမှာ တရုတ်မှတင်သွင်းပြီး ပြည်တွင်း တွင် ပြန်လည်တပ်ဆင်သည်ဟု သိရသည်။
ကမ္ဘာ့စီးပွားရေး တိုးတက်မယ်လို့ IMF ခန့်မှန်း
ကမ္ဘာ့စီးပွားရေး တိုးတက်မယ်လို့ IMF ခန့်မှန်း 
Thursday, January 24, 2013 
IMF လို့ခေါ်တဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ဒီနှစ်မှာ ပိုမိုအင်အားကောင်းလာလိမ့်မယ်လို့
ပြောဆိုပါတယ်။
မနေ့ကထုတ်ပြန်တဲ့ IMF ရဲ့အစီရင်ခံစာမှာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုး
တိုးတက်မှုနှုန်းဟာ ဒီနှစ်မှာ ၃.၅ % အထိ တိုးမြင့်လာနိုင်တယ်လို့ ပါရှိပါတယ်။ ဒါဟာ မနှစ်က ဖွံ့ဖြိုးမှုနှုန်းထက် ဆယ်ပုံ ၃ ပုံ တိုးမြင့်
လာတာဖြစ်တယ်လို့ IMF ရဲ့စီးပွားရေးပညာရှင်တွေက ဆိုပါတယ်။
တဘက်မှာလည်း အမေရိကန်အစိုးရရဲ့ ဘဏ္ဍာရေးဖြတ်တောက်မှု
ရေတိုစီမံကိန်း တရားလွန်ဖော်ဆောင်မှုတွေ၊ ဥရောပမှာ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်နေတာတွေဟာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အန္တရာယ်တွေ ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ ကြွေးမြီပြဿနာတွေအပေါ်မှာ အမေရိကန်အစိုးရ အတွင်း သဘောတူညီမှုရပြီး ဘဏ္ဍာရေးအသုံး
စရိတ်လျှော့ချတဲ့ အလယ်အလတ် နည်းလမ်း ကနေ  ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာကြဖို့ တိုက်တွန်းထားပါ တယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း ဒီနှစ်မှာ စီးပွားရေးဖွံ့ဖြိုးမှု ၂ % 
အထိ ရှိနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ ၅.၅ % အထိရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယူရိုငွေကြေး သုံးစွဲတဲ့ နိုင်ငံတွေအနေနဲ့ကတော့ ဒီနှစ်မှာ စီးပွားဖွံ့ဖြိုးမှုနှုန်း အနည်းငယ် ကျုံ့လိမ့်မယ်လို့ ဆိုပါတယ်။ 
ဗွီအိုအေ
IMF လို့ခေါ်တဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ဒီနှစ်မှာ ပိုမိုအင်အားကောင်းလာလိမ့်မယ်လို့
ပြောဆိုပါတယ်။
ငပလီတွင် နော်ဝေနိုင်ငံသားတစ်ဦး ရေနစ်သေဆုံး
ငပလီတွင် နော်ဝေနိုင်ငံသားတစ်ဦး ရေနစ်သေဆုံး
Thursday, January 24, 2013 
 သံတွဲမြို့၊ မြပြင်ကျေးရွာ AMATA ဟိုတယ်တွင် တည်းခိုလျက်ရှိသော နော်ဝေနိုင်ငံသား Mr. Stabursbik Airfinm သည် ဇန်န၀ါရီလ (၂၃) ရက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် ဟိုတယ်ရှေ့ ပင်လယ် ကမ်းစပ်တွင် ရေကူးနေစဉ် ရေမြုပ်သေဆုံးသွားကြောင်းသိရှိရသည်။ Mr. Sta bursbik Airfinm သည် အသက် (၅၉) နှစ်ရှိပြီဖြစ်ပြီး ၎င်း၏အလောင်းအား သံတွဲမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ် သည်များ စစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
သံတွဲမြို့၊ မြပြင်ကျေးရွာ AMATA ဟိုတယ်တွင် တည်းခိုလျက် ရှိသော နော်ဝေနိုင်ငံသား Mr. Stabursbik Airfinm သည် ဇန်န၀ါရီလ (၂၃) ရက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် ဟိုတယ်ရှေ့ ပင်လယ် ကမ်းစပ်တွင် ရေကူးနေစဉ် ရေမြုပ်သေဆုံးသွားကြောင်းသိရှိရသည်။ Mr. Sta bursbik Airfinm သည် အသက် (၅၉) နှစ်ရှိပြီဖြစ်ပြီး ၎င်း၏