Friday, November 14, 2014

အောင်ဘာလေ ကျပ်သိန်း ၁၅ဝဝ ဆုအပါအဝင် ဆုမဲပေါင်း ၂ဝဝဝကျော် ပိုင်ရှင်မဲ့နေ

နိုဝင်ဘာ ၂၈ ရက် နောက်ဆုံးထားကာထုတ်ယူခြင်းမရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်

အောင် ဘာလေကျပ်သိန်း၁၅ဝဝဆုနှင့် ဆု ကြီးများအပါအဝင် လာရောက် ထုတ်ယူရန်ကျန်ရှိသည့် ဆုမဲပေါင်း ၂ဝဝဝကျော် နိုဝင်ဘာ ၂၈ရက် နောက်ဆုံးထားကာ ထုတ်ယူခြင်းမရှိ ပါက ပြည်သူ့အခွန်အဖြစ်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန် များဦးစီးဌာနမှ သတင်းရရှိသည်။

ထုတ်ယူရန်ကျန်ရှိနေသေးသည့် ဆုမဲများမှာ ကျပ်သိန်း၁၅ဝဝတစ်ဆု၊ ကျပ်သိန်း၁ဝဝ တစ်ဆု၊ ကျပ် ၁ဝ သိန်း ၁၃ဆု၊ ကျပ် ၃သိန်းကိုးဆု၊ ကျပ်၂သိန်း ၉၇ဆု၊ ကျပ်၁သိန်း ၂၇ဝ ဆုများအပါအဝင် ဆုမဲ စုစု ပေါင်း ၂၂၂၁ဆုထုတ်ယူရန် ကျန် ရှိနေသေးကြောင်း ပြည်တွင်းအခွန် များဦးစီးဌာန အောင်ဘာလေသိန်း ဆုဌာနခွဲမှ သိရသည်။

အမေရိကန်သမ္မတဘားရက်အိုဘားမား မြန်မာနိုင်ငံဟု တရားဝင်ခေါ်ဝေါ်

နေပြည် တော် အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗင်းရှင်းစင်တာ(၁)တွင် ပြုလုပ် သည့် 2nd ASEAN-U.S Summit ဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အဖွင့်မိန့် ခွန်းပြောကြားရာ၌ မြန်မာဟု ခေါ် ဝေါ်သုံးစွဲသွားကြောင်း သိရသည်။

အမေရိကန်သမ္မတအိုဘားမား သည် ပထမအကြိမ် မြန်မာနိုင်ငံခရီး စဉ်အတွင်း မြန်မာဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ပြီး ယခုမြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ်ပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာ စဉ် မြန်မာနိုင်ငံဟု ထပ်မံခေါ်ဝေါ် သုံးစွဲခြင်းဖြစ်သည်။

ကြေးမုံသတင်းစာ သတင်းထောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တံခါးပိတ်ကာ ဝိုင်းရိုက်၍ ရေနွေးပူနှင့် လောင်းဟုဆို

ပဲခူးမြို့နယ်၊ ဥဿမြို့သစ်၊ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်မှူးရုံးတွင် နိုဝင်ဘာလ ၁၁ ရက် ည ၈ နာရီခန့်က ကြေးမုံသတင်းစာတိုက်မှ အလွတ်သတင်းထောက် ကိုမိုးဝင်းသူကို ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အဖွဲ့ဝင်လေးဦးက ရုံးတံခါးပိတ်ကာ ဝိုင်းဝန်းရိုက်နှက်ပြီး ရေနွေးပူဖြင့် လောင်းခဲ့ကြောင်း ကာယကံ ရှင်က ပြောကြားသည်။

ယင်းနေ့ညက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မှတ်ပုံတင် ပြုလုပ်ပေးနေကြောင်း ကြားသိသဖြင့် ၎င်း၏ ဇနီး၏ ၁၈ နှစ် မှတ်ပုံတင်ဟောင်းကို အသက် ၃၀ ပြည့် မှတ်ပုံတင်ဖြင့် လဲလှယ်ရန် သွားရောက်ရာ ရုံးအဖွဲ့ဝင်များနှင့် စကားများရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကဲ့သို့ ရိုက်နှက်ခံရမှုကြောင့် ပဲခူးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူရကြောင်း ၎င်းက ပြောကြားသည်။

ဖမ်းမိ ငါးမန်းတစ်ကောင် ဝမ်းဗိုက်တွင်း လူဦးခေါင်းနှင့် ခြေထောက်များကို တွေ့ ရှိ

Photo: ဖမ်းမိ ငါးမန်းတစ်ကောင် ဝမ်းဗိုက်တွင်း လူဦးခေါင်းနှင့် ခြေထောက်များကို တွေ့ ရှိ 
Friday, November 14, 2014

ဖိလစ်ပိုင်နိုင်ငံတွင် တံငါသည်တစ်စု ဖမ်းမိသည့် ကျားမန်းတစ်ကောင်ကို ဝမ်းဗိုက်ခွဲစဉ် စိတ်နှလုံးပျက်စဖွယ် လူဦးခေါင်းနှင့် ခြေထောက် တို့ ကို တွေ့ ရှိခဲ့ကြသည်။တံငါသည် ဘိုဒွိုင်းဂေါဂေါ့ဒ် နှင့် အဖွဲ့ သည် ဘိုဟိုးနှင့် ကာမီဂျင်းကျွန်းစုများကြား ငါးဖမ်းနေခဲ့စဉ် အလေးချိန် အားဖြင့် ပေါင်၁၃၀၀ခန့် ရှိမည့် ကျားငါးမန်းကြီး တစ်ကောင်ကို ဖမ်းမိရခဲ့သည်။ ၎င်းတို့ တံငါသည်အဖွဲ့ က ယင်းကျားငါးမန်း ကောင်၏ ဝမ်းဗိုက်ကို ခွဲလိုက်ကြစဉ် စိတ်နှလုံး နောက်ကျိဖွယ် ကောင်းအောင် ငါးမန်း၏ အစာအိမ်အတွင်း အစာချက်လျက်ရှိပြီး အနေအထားဖြင့် လူဦးခေါင်းနှင့် ခြေထောက် တို့ ကို တွေ့ ရှိလိုက် ကြခြင်း ဖြစ်သည်။

"တကယ်ကို အော့နှလုံး နာစရာ ကောင်းတယ်။ အဲဒီအချိန်က ထွက်ပေါ်လာတဲ့ အနံ့ ကြီးကိုလည်း ရွံ့ ရှာသွားခဲ့ရတယ်။" ဟု ဘိုဒွိုင်းက မန်ဒါနယူးစ်သို့ ပြောခဲ့သည်။ "ကျွန်တော်က အသက် ၂၀ လောက်ကတည်းက တံငါသည် ဖြစ်ခဲ့သူပါ။ တသက်နဲ့ တစ်ကိုယ် ငါးမန်း ဝမ်းဗိုက်ထဲက လူ့ သားအလောင်း အပိုင်းပိုင်း အပြတ်ပြတ်ကို မတွေ့ ဖူးခဲ့ဘူး။"ဟု ၎င်းက ဆက်လက်ပြောသည်။

လူဦးခေါင်းနှင့် ခြေထောက်များ ဝမ်းဗိုက်တွင်း တွေ့ ခြင်းကြောင့် ကံမကောင်းမှုများ ဆောင်ကျဉ်းလာနိုင်သည့်ဟု စွဲလမ်းယုံကြည်မှုအရ ယင်းကျားမန်းကြီး ကို ပင်လယ်တွင်းသို့ ပြန်လည်လွှင့်ပစ်ခဲ့သည်။ သို့သော်လည်း ငါးမန်း၏ တောင်ပံနှင့် ဆူးတောင်များကို အမှတ်တရ အဖြစ်သိမ်းထား ခဲ့ကြသည်။
       
ယင်းကျားငါးမန်းကြီး ဝမ်းတွင်းမှ လူသည် စက်တင်ဘာ ၁၃ရက်က မုန်တိုင်းကြောင့် နစ်မြုပ် သွားသည့် ခရီးသည် ရေယာဉ်တွင် လိုက်ပါခဲ့သည့် ခရီးသည် တစ်ဦး ဖြစ်နိုင်သည်ဟု ဒေသခံ များက ယုံကြည် ကြသည်။

Mizzima
ဖိလစ်ပိုင်နိုင်ငံတွင် တံငါသည်တစ်စု ဖမ်းမိသည့် ကျားမန်းတစ်ကောင်ကို ဝမ်းဗိုက်ခွဲစဉ် စိတ်နှလုံးပျက်စဖွယ် လူဦးခေါင်းနှင့် ခြေထောက် တို့ ကို တွေ့ ရှိခဲ့ကြသည်။တံငါသည် ဘိုဒွိုင်းဂေါဂေါ့ဒ် နှင့် အဖွဲ့ သည် ဘိုဟိုးနှင့် ကာမီဂျင်းကျွန်းစုများကြား ငါးဖမ်းနေခဲ့စဉ် အလေးချိန် အားဖြင့် ပေါင်၁၃၀၀ခန့် ရှိမည့် ကျားငါးမန်းကြီး တစ်ကောင်ကို ဖမ်းမိရခဲ့သည်။ ၎င်းတို့ တံငါသည်အဖွဲ့ က ယင်းကျားငါးမန်း ကောင်၏ ဝမ်းဗိုက်ကို ခွဲလိုက်ကြစဉ် စိတ်နှလုံး နောက်ကျိဖွယ် ကောင်းအောင် ငါးမန်း၏ အစာအိမ်အတွင်း အစာချက်လျက်ရှိပြီး အနေအထားဖြင့် လူဦးခေါင်းနှင့် ခြေထောက် တို့ ကို တွေ့ ရှိလိုက် ကြခြင်း ဖြစ်သည်။

ရိုဟင်ဂျာပဲ ဆက်ခေါ်မယ်ဆိုတဲ့ ဘန်ကီမွန်းပြောဆိုချက်ကို မဘသ ကန့်ကွက်

မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်မယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ပြောဆိုချက်ကို ကန့်ကွက်တယ်လို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က နိုဝင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်း ပြောဆိုတာဟာ မြန်မာပြည်သူ၊ ပြည်သားတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ အကြား နားလည်မှု လွဲမှားစေနိုင်ရုံသာမက လူမျိုးရေး ပဋိပက္ခတွေပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်လို့ အဲဒီသဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဆီယံ အစည်းအဝေးပြီးဆုံး

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ အစည်းအဝေးနဲ့ တခြား ဆက်စပ် အစည်းအဝေးတွေ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

နှစ်ရက်ကြာ ကျင်းပတဲ့ အစည်းအဝေးအတွင်း အီဘိုလာ ရောဂါအကြောင်း၊ IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့အကြောင်းနဲ့ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုအကြောင်းတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် လာမယ့်နှစ် အာဆီယံ အစည်းအဝေးကို မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပဖို့ရှိတဲ့အတွက် သမ္မတ ဦးသိန်းစိန်က မလေးရှားဝန်ကြီးချုပ် Najib Razak ကို ဥက္ကဌရာထူး လွဲအပ်လိုက်ပြီ ဖြစ်ပါတယ်။

KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ဒေသခံပြည်သူ များအား ဖမ်းဆီးခေါ်ဆောင် လျက်ရှိ

Photo: KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ဒေသခံပြည်သူ များအား ဖမ်းဆီးခေါ်ဆောင် လျက်ရှိ
Friday, November 14, 2014

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ကြာရာပတ္တီး (အေ) နယ်မြေသို့ နိုဝင်ဘာ ၉ ရက် ည ၉ နာရီခွဲခန့် နှင့် နိုဝင်ဘာ ၁ဝ ရက် ည ၁၂ နာရီခွဲခန့် တို့တွင် KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ အင်အား ငါးဦးသည် အရပ်ဝတ် များဖြင့် ရောက်ရှိလာပြီး နေအိမ်များ နှင့် လမ်းမပေါ်များမှ မနန်ရှင်း၂၄ နှစ်၊ မဒခွမ်ကျင် ၂၂ နှစ်၊ မခွန်ဆား ၂၈ နှစ်၊ မောင်ဝဒမ်းဂျုံ ၁၆ နှစ်၊ မောင်နမ့်ဟီးဆင် ၁၇ နှစ်၊ မောင်ကိဘောမ် ၁၉ နှစ်၊ မောင်ခေါင်ဂျုံး ၁၉ နှစ်၊ မောင်ပေါင်ခမ်းကူး ၂ဝ နှစ်၊မောင်ဆောင်ချမ်း (ခ) မာနော် ၂ဝ နှစ်၊ မောင်ထချီဖုန် ၂၂ နှစ်၊ မောင်ဘောက်နော် (ခ) ဒွန်ဆာဘော် ၂၃ နှစ် နှင့် မောင်တန်ကူးဆင်ရန် ၂၅ နှစ်၊ အမျိုးသမီး သုံးဦး ၊ အမျိုးသားကိုးဦး စုစုပေါင်း ၁၂ ဦးတို့အား လူသစ် အဖြစ် အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားသည်။
အဆိုပါ ဖမ်းဆီး ခေါ်ဆောင် သွားသူများအား အမြန်ပြန်လည် စေလွှတ်ပေး နိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရ ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှ KIO ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့သို့ အကြောင်းကြား ခဲ့သဖြင့် နိုဝင်ဘာ ၁၁ ရက်နံနက် ၈ နာရီခွဲခန့်တွင် အမျိုးသမီး သုံးဦး၊ အမျိုးသား ခြောက်ဦး စုစုပေါင်း ကိုးဦးအား ပြန်လည် စေလွှတ်ပြီး ကျန်ရှိသည့် မောင်ဝဒမ်းဂျုံ၊ မောင်တန်ကူးဆင်ရန် နှင့် မောင်ခေါင်ဂျုံး တို့အားလည်း နိုဝင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီခွဲတွင် ပြန်လည် စေလွှတ်ခဲ့သည်။
ထိုသို့ KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ကျေးရွာများသို့ ဝင်ရောက်၍ ဒေသခံပြည်သူ များအား လက်နက် အားကိုးဖြင့် အဓမ္မလူသစ် စုဆောင်းခြင်းများ မပြုလုပ်နိုင်ရေး အတွက် တပ်မတော် စစ်ကြောင်း များက နယ်မြေ လုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

ပြည်မြန်မာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ကြာရာပတ္တီး (အေ) နယ်မြေသို့ နိုဝင်ဘာ ၉ ရက် ည ၉ နာရီခွဲခန့် နှင့် နိုဝင်ဘာ ၁ဝ ရက် ည ၁၂ နာရီခွဲခန့် တို့တွင် KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ အင်အား ငါးဦးသည် အရပ်ဝတ် များဖြင့် ရောက်ရှိလာပြီး နေအိမ်များ နှင့် လမ်းမပေါ်များမှ မနန်ရှင်း၂၄ နှစ်၊ မဒခွမ်ကျင် ၂၂ နှစ်၊ မခွန်ဆား ၂၈ နှစ်၊ မောင်ဝဒမ်းဂျုံ ၁၆ နှစ်၊ မောင်နမ့်ဟီးဆင် ၁၇ နှစ်၊ မောင်ကိဘောမ် ၁၉ နှစ်၊ မောင်ခေါင်ဂျုံး ၁၉ နှစ်၊ မောင်ပေါင်ခမ်းကူး ၂ဝ နှစ်၊မောင်ဆောင်ချမ်း (ခ) မာနော် ၂ဝ နှစ်၊ မောင်ထချီဖုန် ၂၂ နှစ်၊ မောင်ဘောက်နော် (ခ) ဒွန်ဆာဘော် ၂၃ နှစ် နှင့် မောင်တန်ကူးဆင်ရန် ၂၅ နှစ်၊ အမျိုးသမီး သုံးဦး ၊ အမျိုးသားကိုးဦး စုစုပေါင်း ၁၂ ဦးတို့အား လူသစ် အဖြစ် အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားသည်။

အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၌ အိန္ဒိယဝန်ကြီးချုပ်က ဘာသာရေးနှင့် အကြမ်းဖက်မှုအကြား ဆက်နွှယ်ချက်မှန်သမျှကို ပယ်ဖျက်ပစ်ရန် တောင်းဆို

နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်၌ ပြုလုပ်သော အရှေ့အာရှ ထိပ်သီးဆွေးနွေး ပွဲတွင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ဘာသာ ရေးနှင့်အကြမ်းဖက်မှုအကြား ဆက်နွှယ်ချက် မှန်သမျှကို ပယ်ဖျက်ပစ်ရေးတို့အတွက် အ ခြားနိုင်ငံများကို တောင်းဆို ခဲ့ကြောင်း သိရ သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်မလှည့်ရေး အိုဘားမား သတိပေး

အမေရိကန်သမ္မတဘာရက်အိုဘားမားက မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးသည် နောက်သို့ ပြန်ဆုတ်နေကြောင်း မြန်မာအာဏာပိုင်များအား နိုဝင်ဘာ ၁၃ ရက်တွင် သတိပေးခဲ့သည်။ မြန်မာနိုင်ငံသည်  စစ်တပ်က အုပ်စိုးခဲ့သည့် အထီးကျန်နိုင်ငံအ ဖြစ်မှ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေကြောင်း ပြသရန် ရည်ရွယ်ထားသည့် နိုဝင်ဘာ ၁၃  ရက် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ အို ဘားမားက ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ် သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတရေး ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ၂ဝ၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရေးတို့နှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။  

နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဆောင် I-12 တွင် နိုဝင်ဘာ ၁၃ရက် မွန်းလွဲ ၁ နာရီအချိန်၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က

ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ) အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအများစု မပြင်ဆင်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ) အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအများစု မပြင်ဆင်သင့်ကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြခြင်း ဖြစ် သည်။
 ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်က ဆွေးနွေးရာတွင် “ပုဒ်မ ၅၉(စ)နဲ့ပတ်သက်ပြီးတော့ ကိုယ်စားလှယ်များ သိရှိနိုင်ရေး တင်ပြလိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်များအသီးသီးက ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးချက်များအရ မဲခွဲဆုံးဖြတ်ခြင်း ပြုလုပ်တဲ့နေရာမှာ ကော်မတီဝင် ၃၁ ဦးအနက် ၂၆ ဦး အစည်းအဝေးတက်ရောက်ခဲ့ပြီးတော့မှ ငါးဦးသာ ပယ်ဖျက်ရန် စကားအသုံးအနှုန်းပြောင်းရန် အဆိုပြုခဲ့ပြီး ကျန် ၂၁ ဦးက မူလအတိုင်းသာထားရှိရန် ထောက်ခံခဲ့ပါကြောင်း တင်ပြလိုပါတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မတွေကို ပြင်ဆင်လိုပါက အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအပိုင်းမှာပါတဲ့အတိုင်း ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်”ဟု ဆွေးနွေးသည်။

ရိုဟင်ဂျာ/ဘင်္ဂါလီဟု ဘန်ကီမွန်း ပူးတွဲသုံးနှုန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ မွတ်စလင်အသိုင်းအ၀ိုင်းကို ရိုဟင်ဂျာ/ဘင်္ဂါလီဟု ပထမဆုံးအကြိမ် ပူးတွဲသုံးနှုန်းခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၌ ပြုလုပ်နေသော(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဒုတိယနေ့တွင် မီဒီယာအချို့နှင့် တွေ့ဆုံစဉ် မစ္စတာဘန်က ယင်းကဲ့သို့ သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၂ ရက် အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့ အပြီးပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ကုလအတွင်းရေးမှူးချုပ်က လူနည်းစုအခွင့်အရေးကို အသိအမှတ်ပြုပြီး ရိုဟင်ဂျာဟုသာ

အခြေခံဥပဒေအချက်အချို့ ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း ဦးသိန်းစိန်ကို အိုဘားမားတိုက်တွန်း

အမေရိကန်သမ္မ တအိုဘားမားက အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တစ် စုံတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့ကို ရည်ညွှန်းပြီး ကန့်သတ်သကဲ့သို့ ဖြစ်နေသည့် ပုဒ်မများအား ပြင် ဆင်ရန် မြန်မာအစိုးရ အနေဖြင့် စဉ်းစားသင့်ကြောင်း သမ္မတဦး သိန်းစိန်ကို တိုက်တွန်းပြောကြား လိုက်သည်။

ရခိုင်ပြည်နယ်အရေးဆွေး နွေးရာတွင် ရခိုင်ပြည်နယ်၌ ရှိ သော ဘင်္ဂါလီလူမျိုးများအား ရိုဟင်ဂျာဟု သုံးနှုန်းခြင်းမရှိဘဲ မွတ်စလင်လူနည်းစုများဟုသာ ခေါ် ဝေါ်ပြောဆိုခဲ့ကြောင်း ဦးရဲထွဋ် ကပြောကြားသည်။

လွှတ်တော်သို့ လေ့လာရန်လာသော ဒီချုပ်ပါတီဝင်များအား နေပြည်တော်သို့ ၀င်ခွင့်မပြု

လွှတ်တော်သို့ လာရောက်လေ့လာသည့် ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ပါတီဝင်တစ်ရာ ကျော်အား လုံခြုံရေးအကြောင်းပြ ချက်ဖြင့် နေပြည်တော်သို့ ၀င်ခွင့်မပြုခဲ့ကြောင်း သတင်းရရှိ သည်။

နေပြည်တော်အ၀င် ဂိတ် ပေါက်ဖြစ်သည့် စီလမ်းဆုံ စစ် ဆေးရေးဂိတ်တွင် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ပိတ်ပင်ခဲ့မှုသည် သမ္မတညွှန်ကြားချက်ဖြင့် နေပြည်တော်ကောင်စီမှ အမိန့်အရဖြစ် ကြောင်း အုပ်ချုပ်ရေးပိုင်းက ပြော ဆိုခဲ့သည်ဟု အင်န်အယ်လ်ဒီပါတီမှ ဒဂုံဆိပ်ကမ်းမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ မျိုးအောင်ကပြောသည်။