Friday, December 19, 2014

ပဋိပက္ခများ မဖြစ်ပေါ်စေဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဖြတ်သန်းရန် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ တိုက်တွန်း

ဘာသာရေးလူမျိုးရေး ပဋိပက္ခများ မဖြစ်ပေါ်စေဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဖြတ်သန်းရန် မြန်မာနိုင်ငံသို့ တိုက်တွန်းကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ (The Elders) ဒုတိယဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသော နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စဂရိုဟာလမ် ဘရန့်တ်လန်းက ပြောကြားသည်

ဒီဇင်ဘာလ ၁၈ ရက်နေ့ ရန်ကုန်မြို့တော်ရှိ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော The Elders အဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“မကြာခင် လာရောက်တော့မယ့် အထွေထွေရွေးကောက်ပွဲမှာ လူနည်းစုနဲ့ လူများစုအကြား ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ မဖြစ်ပွားစေပဲနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်ပြီး ဖြတ်ကျော်နိုင်မှသာ မြန်မာ့နိုင်ငံရေးအတွက် အလားအလာ ကောင်းတာတွေ ဖြစ်ပေါ်မှာပါ” ဟု မစ္စဂရိုဟာလမ် ဘရန့်တ်လန်းက ဆိုသည်။

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး မကျူးလွန်ကြောင်း ပြသရန် အရေးကြီးသက်သေများ တွေ့ထားပြီဟုဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကို စွပ်စွဲခံထားရသည့် မြန်မာနှစ်ဦး မကျူးလွန်ကြောင်း ပြသရန် အရေးကြီးသည့် သက်သေများကို တွေ့ထားပြီ ဖြစ်ကြောင်း မြန်မာသံရုံး၏ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးထူးချစ်က ပြောကြားသည်။သို့သော်လည်း ယင်းအမှုအတွက် အရေးကြီးသည့် အဓိက သက်သေအချို့မှာ သက်သေထွက်ဆိုရန် ငြင်းဆိုနေသဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ သိထားတဲ့ တစ်ယောက် နှစ်ယောက်ကသာ ပါလာလို့ရှိရင် ဒီအမှုကြီးက ပြောင်းပြန်ဖြစ်သွားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်” ဟု ဦးထူးချစ်က ပြောဆိုသည်။

အဆိုပါအမှုကို ပြန်လည်ထုချေရန် ထွက်ဆိုပေးမည့် သက်သေအချို့ကို ရရှိထားပြီ ဖြစ်ပြီး အချို့သက်သေများကို မြန်မာသံရုံးတွင် ခေါ်ဆောင်ထားပြီ ဖြစ်ကာ အချို့မှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက်ကာ သက်သေ ထွက်ဆိုပေးရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ခရစ္စမတ်ပွဲတော်ကို ခုတုံးလုပ် အမြတ်ထုတ်ဖို့ KIA ကြံစည်


ခရစ္စမတ်ပွဲတော်နီးလာပြီဖြစ်၍ ခရစ်ယာန်ဘာသာဝင်တိုင်း ထိုပွဲတော်ကို ပါဝင်ဆင်နွှဲရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် နေကြပြီဖြစ်ပါတယ်။ အခြားသော မြို့/ရွာများတွင် ခရစ္စမတ်ပွဲတော်၏ အနှစ်သာရများ ပြည့်ဝနေသော်လည်း မြန်မာ ပြည်မြောက်ပိုင်း ကချင်ပြည်နယ် အချို့နေရာတွေမှာတော့ ဘာသာရေးကို ရောယှက်မှုတွေ ပြုလုပ်နေတာတွေ့ရ ပါတယ်။ အထူးသဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့ သွားလာလှုပ်ရှားနေတဲ့ မြို့/ရွာတွေမှာ ဘာသာရေးကို စစ်မက်ရေးရာတွေနဲ့ ရှုတ်ထွေးအောင် ပြုလုပ်နေတာဖြစ်ပါတယ်။
ထိုအထဲမှာ ဖားကန့်မြို့ပေါ် ရပ်ကွက်တွေနဲ့ လုံးခင်း၊ အောင်ဘာလေ၊ ကံဆီးစတဲ့ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံ တိုင်းရင်းသားတွေအတွက် ခရစ္စမတ်ပွဲတော်ဟာ ပျော်ရွှင်ဖို့ထက် စိတ်ညစ်စရာဖြစ်နေပါတယ်။ ဘုရားကျောင်းသွားဖို့ တောင် စဉ်းစားနေရပါပြီ။ ဘုရားကျောင်းတက်ရင် သင်းအုပ်ဆရာတွေက KIA အဖွဲ့ထဲဝင်ဖို့ စည်းရုံးရေးစကားတွေ ပြောလာကြတယ်။ ဘုရားကျောင်းတွေသွားပြီး စစ်ရေးစစ်ရာကိစ္စတွေကို နားထောင်နေတဲ့ သဘောဖြစ်နေတာကြောင့် အားလုံးကလည်းသွားဖို့ ခပ်လန့်လန့်ဖြစ်နေကြတယ်။

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား ကျောက်တံတားတရားရုံးက ဖမ်းဝရမ်းပြန်ထုတ်ထားသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေး

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ကျောက်တံတားတရားရုံးမှ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရုံးချိန်းလာရောက်ခြင်းမရှိသောကြောင့် ဖမ်းဝရမ်း ပြန်လည်ထုတ်ခဲ့သော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ်ရဲစခန်း မှ စုံစမ်းသိရသည်။

“ကျွန်တော်တို့လည်း ဦးကျော်မြင့်ကို ဖမ်းဆီးရမိဖို့ လိုက်လံစုံစမ်းနေပါတယ်။ ဦးကျော်မြင့်ကို အာမခံပေးတဲ့ လူနှစ်ယောက်ကိုတော့ တရားရုံးကပဲ ကိုင်တွယ်ဖြေရှင်းမှာပါ” ဟု ကျောက်တံတားမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းတင်က ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံး လစာနှစ်သိန်းအထိ တိုးမြှင့်ပေးရန် သူရဦးရွှေမန်း တိုက်တွန်း

နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံးလစာကို ကျပ်တစ် သိန်းနှစ်သောင်းမှ နှစ်သိန်းအထိ တိုးမြှင့်ပေးစေ လိုကြောင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ၀န်ကြီးဌာန များသို့တိုက်တွန်း လိုက်ကြောင်း သတင်းရရှိသည်။

လက်ရှိရနေသည့် အနိမ့်ဆုံး လစာ ကျပ်ခြောက်သောင်းခန့်မှ နှစ်ဆကျော် တိုးမြှင့်ပေးရန်ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရအဖွဲ့ဝန်ကြီး ဌာနများအား ပြောကြားခဲ့ခြင်းဖြစ် သည်။

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး မကျူးလွန်ကြောင်း ပြသရန် အရေးကြီးသက်သေများ တွေ့ထားပြီဟုဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကို စွပ်စွဲခံထားရသည့် မြန်မာနှစ်ဦး မကျူးလွန်ကြောင်း ပြသရန် အရေးကြီးသည့် သက်သေများကို တွေ့ထားပြီ ဖြစ်ကြောင်း မြန်မာသံရုံး၏ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးထူးချစ်က ပြောကြားသည်။သို့သော်လည်း ယင်းအမှုအတွက် အရေးကြီးသည့် အဓိက သက်သေအချို့မှာ သက်သေထွက်ဆိုရန် ငြင်းဆိုနေသဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ သိထားတဲ့ တစ်ယောက် နှစ်ယောက်ကသာ ပါလာလို့ရှိရင် ဒီအမှုကြီးက ပြောင်းပြန်ဖြစ်သွားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်” ဟု ဦးထူးချစ်က ပြောဆိုသည်။

VGastro Bar မှ တာဝန်ရှိသူများ အပြစ်မရှိကြောင်းငြင်းဆို

ဗုဒ္ဓရုပ်ပွားတော်ကို နား ကြပ်တပ်ထားသောပုံဖြင့် ကြော် ငြာခြင်းကြောင့် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသည့် VGas-tro Bar ဆိုင်မှ တာဝန်ရှိသူသုံးဦးက ၎င်းတို့၌ အပြစ်မရှိကြောင်း တရားရုံးတွင် ငြင်းဆိုခဲ့သည်။
ဘားဆိုင်ကို ဗုဒ္ဓရုပ်ပွား တော်ပုံဖြင့် ကြော်ငြာသည့် VGastro Bar ဆိုင်မှ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာထွဋ်ကို ကိုလွင်နှင့် အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသား ဖီးလစ်တို့ကို ဒီဇင်ဘာ ၁၈ ရက်က ဒုတိယ အကြိမ်ရုံးထုတ်စစ်ဆေးခဲ့သည်။ ရုံးထုတ်စစ်ဆေးရာတွင် တရားသူ ကြီးက အပြစ်ရှိသလားဟု မေး မြန်းရာ ၎င်းတို့သုံးဦးက အပြစ်မရှိ ဟု ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

အနိမ့်ဆုံးလုပ်ခလစာ စစ်တမ်းကို ၂ လအတွင်း အပြီးကောက်ရန် ဆုံးဖြတ်

မြန်မာနိုင်ငံမှာ အလုပ်သမား အနိမ့်ဆုံးလုပ်ခစာ သတ်မှတ်နိုင်ရေးအတွက် စစ်တမ်းကောက်ယူမှုကို နှစ်လအတွင်း အပြီးဆောင်ရွက်ဖို့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီက ဆုံးဖြတ်လိုက်တယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီရဲ့ ပဉ္စမအကြိမ် အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီး

ဘင်္ဂါလီတစ်ဦးလျှင် ကျပ် ၁၃ သိန်းဖြင့် ရန်ကုန်ပို့ရန် ကြိုးစားသူများဖမ်းမိ

ဘင်္ဂါလီတစ်ဦးလျှင် ကျပ် ၁၃ သိန်းဖြင့် စစ်တွေမှ ရန်ကုန် မြို့သို့ ကားဖြင့်ပို့ရန် ကြိုးစားရာတွင် ပါဝင်ပတ်သက်သည့် ဘင်္ဂါလီများ ကို ဖမ်းဆီးစစ်ဆေးနေကြောင်း နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အမ်းမြို့ စစ်ဆေးရေးဂိတ် တွင် အိမ်စီးကားတစ်စီးပေါ်မှ မသင်္ကာဖွယ် ဘင်္ဂါလီအမျိုးသား လေးဦးကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် လဝက ပူးပေါင်းထားသည့် စစ် ဆေးရေးအဖွဲ့က ဒီဇင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခဲ့သူ လေးဦးအနက် နှစ်ဦး မှာ ဘင်္ဂါလီများကို ငွေကြေးယူ၍ ရန်ကုန်သို့ ပို့မည့်သူများဖြစ်ပြီး ကျန်နှစ်ဦးမှာ စစ်တွေသက်ကယ် ပြင် ဘင်္ဂါလီဒုက္ခသည်စခန်းမှဖြစ် ကြောင်း အမ်းမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးသောင်းလွင်က ပြောသည်။