Friday, November 21, 2014

KIO စစ်သင်တန်းကျောင်းပေါ် လက်နက်ကြီးကျည်ကျမှု မတော်တဆဟု ပြည်နယ်ဝန်ကြီး ပြောကြား


ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီးရှိ စစ်သင်တန်းကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၂၃ ဦး သေဆုံးခဲ့မှုမှာ တပ်မတော်က တမင် ရည်ရွယ်ပစ်ခတ်ရာမှ မဟုတ်ဘဲ KIA တပ်များက တပ်မတော်ကို ပစ်ခတ်မှုများ ပြုလုပ်နေသဖြင့် ပြန်လည်သတိပေး ပစ်ခတ်ရာမှ ယင်းနေရာသို့ ကျရောက်သွားခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်က နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သတင်းမီဒီယာများသို့ ပြောဆိုသည်။
“ဘယ်နေရာမှာ ဘာကျောင်းရှိတယ် ဆိုတာ မသိပါဘူး” ဟု ၎င်းကဆိုသည်။

ထိရောက်တဲ့ ဆက်ဆံရေးမျိုးကို ရရှိဖို့ ဘာတွေ လိုအပ်သလဲ

Photo: ထိရောက်တဲ့ ဆက်ဆံရေးမျိုးကို ရရှိဖို့ ဘာတွေ လိုအပ်သလဲ
*****************************************

ထိရောက်တဲ့ ဆက်ဆံရေးမျိုးကို ရရှိစေဖို့ ဘာတွေ လိုအပ်ပါသလဲ။

ဘဝရဲ့ ကဏ္ဍပေါင်းစုံမှာ အောင်မြင်မှုရရှိဖို့အတွက် ထိထိရောက်ရောက်ပြောဆိုဆက်ဆံတတ်မှုဟာ တကယ့်ကို အခြေခံကျလှပါတယ်။လုပ်ငန်းတော်တော်များများလည်း လူမှုပတ်ဝန်းကျင်မှာဆက်ဆံရေး ကောင်းမွန်တဲ့သူတွေကို ပိုပြီး လိုလားကြပါတယ်။

ထိရောက်စွာ ပြောဆိုဆက်ဆံတတ်မှုဟာ လူအချင်းချင်းဆက်သွယ်ပြောဆိုကြရာမှာ အရေးပါတဲ့ သော့ချက်တစ်ခုဖြစ်တာကြောင့် အကျိုးကျေးဇူးများတဲ့ ပြောဆိုဆက်ဆံနည်းတွေကို   လေ့လာသင်ယူသင့်ပါတယ်။

တစ်ဦးနဲ့တစ်ဦးကြား ဆက်ဆံပြောဆိုကြရာမှာ တစ်ဘက်သူကို  သတင်းစကား ဘယ်လိုပို့ပြီး တစ်ဘက်သူဆီမှ သတင်းစကား ကို ဘယ်လို ရယူမလဲဆိုတဲ့ နည်းလမ်း ၂သွယ်ရှိနေပါတယ်။

နားထောင်တတ်အောင်သင်ယူထားပါ။

နားထောင်ခြင်းဆိုတာ ကြားနေခြင်းပုံစံမျိုးမဟုတ်ပါဘူး။ဒါကြောင့် ပြောနေတဲ့ စကား ကို နားထောင်ရုံမက ဘယ်လိုပုံစံမျိုးနဲ့ ပြောနေသလဲဆိုတာ လေ့လာသင်ယူဖို့လိုပါတယ်။ အခြားလူတစ်ယောက်ပြောတဲ့စကားအပေါ် ရှင်းလင်းကြောင်း တုန့်ပြန်ဖော်ပြတတ်ဖို့လိုပါတယ်။နားထောင်နေတုန်းမှာ အခြားဘာမှ မစဉ်းစားဘဲ လက်ရှိ နားထောင်ပြီး ရရှိနေတဲ့ အချက်အလက်အပေါ်မှာ အထူး အာရုံစူးစိုက်ထားဖို့လိုပါတယ်။ဒ်ီလို ဂရုစိုက်ပြီး နားထောင်ခြင်းဖြင့် သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ အခြား အသိအကျွမ်းတွေဟာ သင့်ရဲ့ နားထောင်မှုစွမ်းရည်အပေါ် အသိအမှတ်ပြုတန်ဖိုးထားလာကြပါလိမ့်မယ်။

လူတွေရဲ့ စိတ်ခံစားမှု အနေအထားကို သတိထားပေးပါ။

အခြားသူတွေ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေကို စာနာနားလည်ပေးပါ။ သူတို့ရဲ့ ကောင်းတဲ့ အချက်အလက်တွေကို အလေးထားချီးကျုးပေးပါ။ဒါတွေဟာ  လူတွေ ရှင်သန်ဖြတ်သန်းနေမှုအပေါ်မှာ  သင် သတိထားဖို့လိုအပ်တဲ့ အချက်တွေဖြစ်ပါတယ်။ လူတစ်ယောက်ယောက်နဲ့ စကားပြောရတဲ့အခါ အဆင်ပြေတဲ့ နာမည်တစ်ခုကို ခေါ်ပြီး မျက်လုံးချင်းဆုံဖြစ်အောင်ကြိုးစားပါ။ မိမိပြောလိုက်တဲ့စကားလုံတွေဟာ သူတစ်ပါးအပေါ် စိတ်ခံစားမှုတစ်စုံတစ်ရာ အကျိုးသက်ရောက်မှုဖြစ်သွားမလားဆိုတာကို စဉ်းစားပါ။ အဓိကအားဖြင့် သူတစ်ပါးလက်ခံနိုင်တဲ့ အပြုအမူအပြောအဆိုတွေနဲ့ဘဲ ပြောဆိုဆက်ဆံသင့်ပါတယ်။

ဒါ့အပြင် တစ်ဦးနဲ့ တစ်ဦးကြား ဆက်ဆံပြောဆိုကြရာမှာ အကြံဥာဏ်တောင်ခြင်းဟာလည်း တစ်ဘက်သူအား မိမိကိုယ်မိမိ တန်ဖိုးထားတဲ့စိတ်ခွန်အားမျိုးကိုရရှိစေပြီး နှစ်ဦးနှစ်ဘက် ကြားမှာ ထိရောက်တဲ့ဆက်ဆံရေးမျိုးကိုရရှိစေပါတယ်။

စာနာပေးပါ။

စာနာပေးတယ်ဆိုတာ တစ်ဘက်သားရဲ့ ခံစားမှုကို မြင်အောင်ကြည့်တတ်ပြီး ခံစားနားလည်ပေးခြင်းဘဲဖြစ်ပါတယ်။ လူတစ်ယောက်ယောက်နဲ့ ပြောဆိုဆက်ဆံရတဲ့အခါ တစ်ဘက်သူ မှသူရဲ့ အမြင်နဲ့ ပြောဆိုတုန့်ပြန်လာမှု အပေါ် အဆုံးအဖြတ်မပေးမိဖို့လိုပါတယ် ။ မိမိရဲ့ စိတ်ကို တည်ငြိမ်အောင်ထားခြင်းဖြင့် တစ်ဘက်သူရဲ့ ခံစားချက်ကို နားလည်စေဖို့အတွက် များစွာ အထောက်အကူရစေပါတယ်။

ရှုပ်ထွေးမှုတွေ မရှိဖို့ မိမိဘက်က အတတ်နိုင်ဆုံး ရိုးရှင်းစွာနဲ့ ဆက်ဆံနေထိုင်ပါ။ဆွေးနွေးပြောဆိုကြရတဲ့အခါလည်း တစ်ဘက်သူကို စိတ်ဖိစီးမှုမဖြစ်စေဖို့ မပြောသင့်တဲ့အပြောအဆိုလေးတွေကို ရှောင်ရှားသင့်တယ်ဆိုတာ သတိထားရပါမယ်။

 အားပေးပါ။

တစ်ဘက်သူအပေါ်မှာ ချီးမွမ်းစကားတွေပြောဆိုပေးခြင်းဖြင့် အားတက်စေမယ့်ခွန်အားမျိုးကို ပေးပါ။ နွေးထွေးလှိုက်လှဲတဲ့ ကြိုဆိုမှုတွေပေးပါ။ တစ်ဘက်သူအား လိုအပ်ကြောင်းပြသမှု ၊ တန်ဖိုးထားကြောင်းပြသမှုဟာ သင့်ရဲ့ ထိရောက်တဲ့ဆက်ဆံရေးဘဲဖြစ်ပါတယ်။ အဲဒီအချိန်မှာတစ်ဘက်သူမှလည်း မိမိရဲ့တန်ဖိုးထားမှု ကို နားလည်သဘောပေါက်ပြီး သူတို့ရဲ့အကောင်းဆုံးအရာတွေကို ပေးအပ်ဖို့ ဝန်မလေးကြတော့ဘူး။ လူတိုင်းနဲ့ဆက်ဆံပြောဆိုရာမှာ အတတ်နိုင်ဆုံး ထိရောက်တဲ့ ကိုယ်ဟန်အနေအထားတွေ၊ လှုပ်ရှားမှုတွေနဲ့ ပွင့်လင်းရှိးရှင်းတဲ့မေးခွန်းတွေ အသုံးပြုဖို့လိုပါတယ်။

အမှန်တကယ်တော့ လူတစ်ဦးဦးနဲ့ ထိရောက်စွာပြောဆိုဆက်ဆံနိုင်မှုဟာ အောင်မြင်တဲ့ဆက်ဆံရေးကွန်ရက်တစ်ခုကို တည်ဆောက်လိုက်ခြင်းဘဲဖြစ်ပါတယ်။ ပတ်ဝန်းကျင် မှာ မိမိအတွက် ကွန်ရက်တွေအများကြီး ရှိနေပါတယ်။ မိမိရဲ့ သူငယ်ချင်း ၊ ခင်ပွန်း၊ ဇနီး၊ မိသားစု ၊လုပ်ဖော်ကိုင်ဖက် ဆိုတာတွေဟာ မိမိရဲ့ ကွန်ရက်တွေဘဲဖြစ်ပါတယ်။ ဒီကွန်ရက်တွေအပေါ်မှာ အောင်မြင်တဲ့ ဆက်ဆံရေး ရှိသူတွေဟာ နောက်ထပ် ကျယ်ပြန့်တဲ့ကွန်ရက်တွေကို ချဲ့ထွင်ဖို့ မခဲယဉ်းနိုင်တော့ပါဘူး။

ဒါကြောင့် လုပ်ငန်းတော်တော်များများ မှာ ကွန်ရက်ကောင်းစွာတည်ဆောက်နိုင်သူတွေကို လိုအပ်ကြတယ်ဆိုတာ ဆက်ဆံရေး ကောင်းမွန်ပြီး လူအများနဲ့ ကျယ်ပြန့်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ခြင်းဖြင့် အကျိုးအမြတ်များမှု ကို သိမြင်နေကြခြင်းကြောင့်ဘဲဖြစ်ပါတယ်။

ထိရောက်တဲ့ဆက်သွယ်မှု၊ဆက်ဆံမှုတွေဆိုတာ ကွန်ရက်တစ်ခုကို ကောင်းမွန်စွာ တည်ဆောက်ခြင်းဖြစ်ပြီး ခိုင်မာတဲ့ ကွန်ရက်တစ်ခုဖြစ်တည်နေဖို့ အထက်မှာဖော်ပြထားတဲ့ အချက်အလက်တွေက  ကောင်းစွာ အကျိုးပြုနိုင်ပါတယ်။

လူတွေအနေနဲ့ မိမိရဲ့ဘဝတိုးတက်မှုအတွက် ကြိုးစားရုန်းကန်ကြရာမှာ  ထိရောက်တဲ့ဆက်သွယ်ဆက်ဆံရေး ဟာ  ခိုင်မာတဲ့ကွန်ရက်တစ်ခုကို ဖြစ်စေတာကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

Yangon Life Myanmar
ထိရောက်တဲ့ ဆက်ဆံရေးမျိုးကို ရရှိစေဖို့ ဘာတွေ လိုအပ်ပါသလဲ။

ဘဝရဲ့ ကဏ္ဍပေါင်းစုံမှာ အောင်မြင်မှုရရှိဖို့အတွက် ထိထိရောက်ရောက်ပြောဆိုဆက်ဆံတတ်မှုဟာ တကယ့်ကို အခြေခံကျလှပါတယ်။လုပ်ငန်းတော်တော်များများလည်း လူမှုပတ်ဝန်းကျင်မှာဆက်ဆံရေး ကောင်းမွန်တဲ့သူတွေကို ပိုပြီး လိုလားကြပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ကိုယ်ပိုင်ဂြိုဟ်တုပိုင်ဆိုင်ရန် ဆောင်ရွက်နေ

မြန်မာနိုင်ငံအနေဖြင့် ကိုယ်ပိုင်ဂြိုဟ်တုပိုင်ဆိုင်ရန် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောသည်။

“အမြန်ဆုံးလုပ်နိုင်ဖို့လည်း လုပ်နေပါတယ်။ နိုင်ငံတကာက အဖွဲ့အစည်းတွေကိုလည်း ခေါ်ပြီးတော့ ဆွေးနွေးနေတာပေါ့” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ကိုယ်ပိုင်ဂြိုဟ်တုရှိခြင်းအားဖြင့် ကဏ္ဍစုံ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ “နိုင်ငံတိုင်းမှာ ကိုယ်ပိုင်ဂြိုဟ်တု

တပ်မတော်က ၄၃၆ မပြင်ဆင်လိုမှုသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် မသက်ဆိုင်ဟုဆို

တပ်မတော်သည် အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းပါ ပုဒ်မ ၄၃၆ ကို မပြင်ဆင်လိုမှုသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သဘောထား မဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

နိုဝင်ဘာ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

လမ်းဖောက်လုပ်နေသည့် စစ်သည်နှင့် မြေထိုးယာဉ်အား ကေအိုင်အေ အဖွဲ့က လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်မှုကြောင့် လုံခြုံရေး လိုက်ပါနေသော တပ်မတော် စစ်ကြောင်းက ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ ကေအိုင်အေ စခန်းအတွင်း ကျရောက် ပေါက်ကွဲ သဖြင့် ထိခိုက် ဒဏ်ရာရမှုများ ရှိကြောင်း သိရှိရ

တပ်မတော် အနေဖြင့် ပုံမှန် လုပ်ငန်းစဉ် ဖြစ်သော လုံခြုံရေးတာဝန်များ လဲလှယ် ခြင်း၊ ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်းများ ပြုပြင်ဖောက်လုပ်ခြင်းတို့ကို သက်ဆိုင်ရာ နယ်မြေမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ အခါ အားလျော်စွာ ကြိုတင် အသိအပေးခြင်း၊ ပုံမှန် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ ထိုသို့ လုပ်ဆောင်ခဲ့သော်လည်း ကေအိုင်အေ (ကချင်) အဖွဲ့သည် ဇွန် ၁ ရက်၊ စက်တင်ဘာ ၁၃ ရက်နှင့် ၂၆ ရက်၊ အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ၊ လွယ်ရင်း ကျေးရွာအနီးရှိ တပ်မတော် စခန်းများအား လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့မှုများ ရှိခဲ့သဖြင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ (ကေအိုင်အို) သို့ အကြိမ်ကြိမ် အကြောင်းကြား သတိပေး ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆေးဘက်ဝင်အပင်မှ ဖော်စပ်သည်ဆိုသည့် လိင်အားတိုးဆေး အချို့ အန္တရာယ်ရှိဟု ထိုင်းဆေးသိပ္ပံဋ္ဌာန သတိပေး

Photo: ဆးဘက်ဝင်အပင်မှ ဖော်စပ်သည်ဆိုသည့် လိင်အားတိုးဆေး အချို့ အန္တရာယ်ရှိဟု ထိုင်းဆေးသိပ္ပံဋ္ဌာန သတိပေး 
Friday, November 21, 2014

ဘန်ကောက်ပို့စ်၊ နိုဝင်ဘာ၂၀။ အမျိုးသားများ အတွက် ရောင်းချသော ဆေးဘက်ဝင် အပင်မှ ထုတ်လုပ်ထားသည် ဆိုသည့် လိင်အား တိုးဆေး အချို့တွင် ပန်းသေပန်းညိုး ရောဂါကို ကုသသည့် ဗီယာဂရာ ဆေးတွင် ပါဝင်သော ဓါတုဒြပ်ပေါင်းနှင့် ဆင်တူသော အေးလ်ဒင် နာဖီးလ်(Aildenafil) ပါဝင်ကြောင်း တွေ့ရှိ ထားသည်။သို့သော် ၎င်းအား အတည်ပြု ထောက်ခံထားခြင်း မရှိသည့်အတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဟု ထိုင်းဆေးသိပ္ပံ ဋ္ဌာနက သတိပေးထား သည်။အမျိုးသား များ၏ လိင်မှုဆန္ဒကို မြင့်မားစေသည်ဆိုကာ ဈေးကွက်တွင် ရောင်းချနေသော ပရဆေးအချို့ကို ယင်းဋ္ဌာက မကြာသေးမီ က စုံစမ်းစစ်ဆေးခဲ့သည်။

ဆေးအများစုတွင် ဆရာဝန်၏ ညွှန်ကြားချက် လိုအပ်သော့ အရာ သုံးမျိုး ဖြစ်သည့် ဆီလ်ဒင်နာဖီးလ်၊ တာဒါနာဖီးလ်နှင့် ဗာဒင်နာဖီးလ်တို့ ပါဝင်ကြောင်း ဋ္ဌာနက တွေ့ရှိခဲ့သည်။ ဆေးအချို့တွင် အေးလ်ဒင်နာဖီးလ် ပါဝင်ပြီး ၎င်းဓါတုဒြပ်ပေါင်းက ကျားလိင်အင်္ဂါ၏ သွေး လွှတ်ကြောနှင့် အခြားသွေးလွှတ်ကြော များကို ကြီးမားစေခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မျက်နှာ နီမြန်းခြင်း၊ အစာမကြေခြင်း၊ အသက်ရှူ ခက်ခဲခြင်း၊ အမြင်အာရုံ၊အကြားအာရုံ ထိခိုက်ခြင်း အပြင် နောက်ဆုံးတွင် အန္တရာယ် ဖြစ်လောက်သည် အထိ သွေးဖိအား ကျဆင်းကာ အသက်ဆုံးရှုံး နိုင်သည်ဟု ဆေးသိပ္ပံဋ္ဌာန ညွှန်ကြားရေးမှူးချုပ် အပီချိုင်း မောင်ခိုလ်က ပြောကြားခဲ့သည်။

Mizzima
ဘန်ကောက်ပို့စ်၊ နိုဝင်ဘာ၂၀။ အမျိုးသားများ အတွက် ရောင်းချသော ဆေးဘက်ဝင် အပင်မှ ထုတ်လုပ်ထားသည် ဆိုသည့် လိင်အား တိုးဆေး အချို့တွင် ပန်းသေပန်းညိုး ရောဂါကို ကုသသည့် ဗီယာဂရာ ဆေးတွင် ပါဝင်သော ဓါတုဒြပ်ပေါင်းနှင့် ဆင်တူသော အေးလ်ဒင် နာဖီးလ်(Aildenafil) ပါဝင်ကြောင်း တွေ့ရှိ ထားသည်။သို့သော် ၎င်းအား အတည်ပြု ထောက်ခံထားခြင်း မရှိသည့်အတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဟု ထိုင်းဆေးသိပ္ပံ ဋ္ဌာနက သတိပေးထား သည်။အမျိုးသား များ၏ လိင်မှုဆန္ဒကို မြင့်မားစေသည်ဆိုကာ ဈေးကွက်တွင် ရောင်းချနေသော ပရဆေးအချို့ကို ယင်းဋ္ဌာက မကြာသေးမီ က စုံစမ်းစစ်ဆေးခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ယူ ၂၀ ကစားသမားစာရင်း ထုတ်ပြန်

နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် ဖီဖာကမ္ဘာ့ဖလား ယူ ၂၀ ပြိုင်ပွဲအတွက် ပဏာမ မြန်မာ့ လက်ရွေးစင် ယူ ၂၀ ကစားသမားစာရင်းကို နည်းပြအဖွဲ့က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဂိုး- မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ ပြည့်စုံချစ် (ရတနာပုံ လူငယ်)၊ ဝေလင်းအောင် (ရန်ကုန် လူငယ်)

နောက်တန်း – ထိုက်ထိုက်အောင် (ဧရာဝတီ)၊ နန်းဝေမင်း (ရန်ကုန်လူငယ်)၊ နိုင်လင်းထွန်း (မနောမြေ)၊ နန္ဒကျော် (မကွေး)၊ သီဟထက်အောင် (ဇေယျာရွှေမြေ)၊ ညီညီလွင် (KBZ)၊ ရဲရင့်အောင် (မြန်မာ ဘောလုံးအကယ်ဒမီ၊ မန္တလေး)အလယ်တန်း – ရဲဝင်းလှိုင် (ရန်ကုန် လူငယ်)၊ စွမ်းထက်အောင် (ရန်ကုန်)၊

နယူးယောက်ပြည်နယ်က စံချိန်ချိုးတဲ့ နှင်းမုန်တိုင်း

Photo: နယူးယောက်ပြည်နယ်က စံချိန်ချိုးတဲ့ နှင်းမုန်တိုင်း 
Friday, November 21, 2014

၂၀၁၄ ခုနှစ်ရဲ့ ဆောင်းဦးပေါက် ရာသီမှာ နှင်းမုန်တိုင်းကြီးတခုဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်မှာ ဝင်ရောက် တိုက်ခတ်နေ ပါတယ်။ အခုအချိန် အထိ ဆိုရင် နှင်းမုန်တိုင်း တိုက်ခတ်မှု ခံနေရတဲ့ ဒေသတွေ မှာ နှင်းထု ဟာ ၆ပေ ဝန်းကျင် ရှိနေပြီး အဖျားခတ် တိုက်ခတ်မှု ခံရတဲ့ ဒေသတွေ မှာတော့ ၄ပေ ပတ်ဝန်းကျင်မှာ ရှိတယ်လို့ ဒေသခံ မြန်မာ တချို့က ပြောပြ ပါတယ်။ နှင်းမုန်တိုင်း တိုက်ခတ်ခံရတဲ့ ဒေသ မှာ နေထိုင်နေတဲ့ မြန်မာ လူမျိုးတွေရဲ့ နှင်းမုန်တိုင်း အတွေ့အကြုံတွေကို မခွာညိုက စုစည်းတင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် အတွင်းက ဘတ်ဖဲလိုမြို့ဟာ ၂၄ နာရီကြာ နှင်းမုန်တိုင်းဒဏ်ကို ခံခဲ့ရပြီး တောင်ပိုင်းကျတဲ့ ဘက်တွေက ပိုပြီး ဆိုးဝါးတယ် လို့ ဒေသခံတွေက ပြောပါတယ်။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က စီရင်စု (၁၀) ခုကို အရေးပေါ်အခြေအနေ ကြေညာ ထားပြီး နှင်းမုန်တိုင်း အရေးပေါ် ကြေညာချက် ထုတ်ပြန်စဉ် အုပ်ချုပ်ရေးမှူးက အပြင်မထွက်ကြဖို့ အခုလို သတိပေးသွားပါတယ်။

"အခု ကျထားတဲ့ နှင်းထု ပမာဏကြောင့် အခြေအနေက တော်တော်ဆိုးနေပါတယ်။ လမ်းပေါ်မှာ ပျက်နေတဲ့ ကားတွေကြောင့် လမ်းရှင်း ရတာ ပိုပြီးတော့ ခက်ခဲစေ ပါတယ်။ ဒါကြောင့် လမ်းကိုလည်း သုံးလို့မရ၊ နှင်းတွေလည်း ဖယ်လို့မရ ဖြစ်နေပါ တယ်။ အခြေအနေ အားလုံးဟာ ကောင်း မလာဘဲ ပိုဆိုးဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ဒီနေ့ နေ ထွက်လာလို့ အခြေအနေပိုကောင်းလာမယ်လို့တော့ မမျှော်လင့်ကြပါနဲ့၊ နေထွက်လာလို့ ပို ကောင်းလာအောင် လုပ်ပေးချင်ပေမယ့် နောက်ထပ် နှင်းထပ်ကျဖို့ ရှိနေပါတယ်။”

အခု မုန်တိုင်းအတွင်းကျနေတဲ့နှင်းထုပမာဏဟာ အရင်နှစ်တွေက တဆောင်းတွင်းလုံး ပုံမှန်ကျတဲ့နှင်းပမာဏနဲ့ ညီမျှတယ်လို့ ပြောကြပါတယ်။ လမ်းမတွေပေါ် ပိတ်ဆို့နေတဲ့ နှင်းထုကြောင့် အင်္ဂါနေ့ကတည်းက အလုပ်တွေ၊ ကျောင်းတွေကိုလည်း အင်္ဂါနေ့ကတည်းက ပိတ်ထားရပြီး အနည်းဆုံး နောက် ထပ် ၃-၄ ရက်လည်း ပိတ်ထားရဖွယ် ရှိတယ်လို့ထင်ကြောင်း ဘတ်ဖဲလိုမြို့မှာ နေထိုင်နေတဲ့ ကိုမျိုးသန့်က  ပြောပါတယ်။

"ကျောင်းတွေ ပိတ်ရတယ်။ အလုပ်တွေ အကုန်ပိတ်ရတယ်။ လမ်းတွေကို မထွက်ရဘူးဆိုပြီး အမိန့်ထုတ်ထားတယ်။ ဒီအစိုးရက ပြီးခဲ့တဲ့ ဒီနှင်းစကျတဲ့အချိန်မှာကတည်းက ဒါပေမဲ့ လူတွေက ထွက်တဲ့လူတွေက ရှိတယ်။"

ထူထပ်တဲ့နှင်းထုကြောင့် ကားဆက်မောင်းလို့ မရတော့ဘဲ ကားထဲမှာတင် အအေးဒဏ်ကြောင့် သေဆုံးသွားသူ တစ်ဦးအပါအဝင် နှင်း မုန်တိုင်းနဲ့ ဆက်စပ်ပြီး သေဆုံးသူ (၇ ) ဦး ရှိကြောင်းလည်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ အာဏာပိုင်တွေရဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောကြားခဲ့တဲ့အကြောင်းကိုလည်း ပြောပြပါတယ်။

" ပြည်နယ်အုပ်ချုပ်ရေးမှူးရော၊ ခရိုင်အုပ်ချုပ်ရေးမှူးရော မြို့တော်ဝန် ရောပေါ့ သူတို့တွေ မနက်က သတင်းစာရှင်းလင်းပွဲ လုပ်တော့ ပြည်သူတွေက မထွက်နဲ့ဆို မထွက်နဲ့ပေါ့။ အရေးပေါ်ကြေညာတာကို မသိတာလည်း ပါတယ်။ တချို့ကလည်း သိလျက်နဲ့ ထွက်တာလည်း ပါတယ်။ ဟိုင်းဝေးတွေမှာ ကားတွေက ရာနဲ့ချီပြီး ပိတ်မိသွားတယ်။ ကျန်းမာရေးက အရေးပေါ် အခြေအနေဖြစ်တဲ့ အခြေအနေမှာ ဆေးရုံကားက ဝင်လို့မရဘူး။ လူတွေ  သေတာပေါ့နော်။ ၇ယောက်။ တချို့ကျတော့လည်း ကားထဲမှာ နေရင်းနဲ့ နှင်းထုက များလာတော့ ကားကို အုပ်သွားတဲ့အခါကျတော့ တစ်ယောက်က ကားထဲမှာ သေနေတယ်။"

အခုလို ဆောင်းဦးကာလမှာ နှင်းမုန်တိုင်းကျရောက်မှုဟာ ပုံမှန်အနေအထားမျိုး မဟုတ်တာကို သတိထားမိကြောင်းလည်း ဒေသခံတွေက ပြောနေကြတာပါ။

ကိုမျိုးသန့်ကတော့ သူနေတဲ့ နှစ်တွေအတွင်း ၂၀၀၁ ခုနှစ်က ပြင်းထန်တဲ့ မုန်တိုင်းတခုကို ခံခဲ့ရဖူးကြောင်း၊ ၂၀၀၆ ခုနှစ်မှာတော့ ရေခဲမုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်မီးတွေပြတ်တောက်ပြီး အအေးဒဏ်ကို အပြင်းအထန် ခံခဲ့ရကြောင်းနဲ့ ပြီးခဲ့တဲ့ နှစ် ကတော့ ရေခဲမှတ်အောက် ၅၀ ဒီဂရီအထိ ကျသွားတာကို ကြုံခဲ့ရကြောင်း ပြောပြပါတယ်။

" မနှစ်ကကျတော့ လေတိုက်တာရယ်၊ ဆောင်းလယ်မှာ ဖြစ်တာပေါ့နော်။ ဒီနှစ်ကတော့ ဆောင်းတောင် မဝင်သေးဘူး။ ခရစ်စမတ်မတိုင်ခင် ဆောင်းတရားဝင် ဝင်မှာပေါ့နော်။ ဒါပေမဲ့ အခုက ဆောင်းတွင်းမဟုတ်သေးဘူး။ ဆောင်းဦးပေါက်ပဲ ရှိသေးတယ်။ "

ဒီညပိုင်းမှာ နှင်းထပ်ကျဖို့ ရှိကြောင်း မိုးလေဝသ သတင်းတွေမှာ ကြေညာ ထားပြီး ဒီတခါ နှင်းထပ်ကျမယ်ဆိုရင် နှင်းထုဟာ ၈ ပေအထိ ရှိလာနိုင်ကြောင်း လည်း ပြောထားပါတယ်။တနင်္ဂနွေနေ့မှာ နေရောင်ပြန်လည်မြင်ရဖွယ် ရှိပေမယ့် နေအပူရှိန်ကြောင့် နှင်းထုအရည်ပျော်ပြီး ရေကြီးဖွယ် ရှိတယ်လို့လည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

VOA

နှင်းမုန်တိုင်းတိုက်ခတ်ခံလိုက်ရတဲ့ နယူးယောက်ပြည်နယ် Buffalo မြို့ (နိုဝင်ဘာ ၂၀၊ ၂၀၁၄)
၂၀၁၄ ခုနှစ်ရဲ့ ဆောင်းဦးပေါက် ရာသီမှာ နှင်းမုန်တိုင်းကြီးတခုဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်မှာ ဝင်ရောက် တိုက်ခတ်နေ ပါတယ်။ အခုအချိန် အထိ ဆိုရင် နှင်းမုန်တိုင်း တိုက်ခတ်မှု ခံနေရတဲ့ ဒေသတွေ မှာ နှင်းထု ဟာ ၆ပေ ဝန်းကျင် ရှိနေပြီး အဖျားခတ် တိုက်ခတ်မှု ခံရတဲ့ ဒေသတွေ မှာတော့ ၄ပေ ပတ်ဝန်းကျင်မှာ ရှိတယ်လို့ ဒေသခံ မြန်မာ တချို့က ပြောပြ ပါတယ်။ နှင်းမုန်တိုင်း တိုက်ခတ်ခံရတဲ့ ဒေသ မှာ နေထိုင်နေတဲ့ မြန်မာ လူမျိုးတွေရဲ့ နှင်းမုန်တိုင်း အတွေ့အကြုံတွေကို မခွာညိုက စုစည်းတင်ပြပေးထားပါတယ်။

ဖွဲ့စည်းပုံပြင်ရေး သမ္မတနှင့် ကာချုပ်၏ အဆုံးအဖြတ်မဟုတ်ဘဲ လွှတ်တော်သာ တာဝန်ရှိဟု သမ္မတပြော

Photo: ဖွဲ့စည်းပုံပြင်ရေး သမ္မတနှင့် ကာချုပ်၏ အဆုံးအဖြတ်မဟုတ်ဘဲ လွှတ်တော်သာ တာဝန်ရှိဟု သမ္မတပြော 
Friday, November 21, 2014

ရန်ကုန် (မဇ္ဈိမ)။ ။ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်မှာ အဓိကမကျဘဲ လွှတ်တော်သာ အဓိက တာဝန်ရှိသည်ဟု သမ္မတ ဦးသိန်းစိန်က ဗီအိုအေ သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောလိုက်သည်။"ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးသည် အဓိက ခုနကလို တာဝန်အရှိဆုံးကတော့ လွှတ်တော်ထဲမှာပဲ။ ဒုတိယကတော့ ပြည်သူပဲ။ 

အစိုးရကလည်း ဘာလုပ်လိုက်ပါ၊ ပြင်လိုက်ပါ၊ မပြင်လိုက်ပါနဲ့ ကျွန်တော်တို့ ပြောလို့မရဘူး။ တပ်ကလည်း သွားပြီးတော့ ခင်ဗျား ဒါပြင်လိုက်ပါ၊ မပြင်လိုက်ပါနဲ့ ပြောလို့ မရပါဘူး။ တပ်ကို ကျွန်တော်တို့က ခင်ဗျားတို့က ဒါပြင်ဖို့အတွက် ပြောလိုက်ပါ၊ ဒါမပြင်ဖို့အတွက် ပြောလိုက်ပါ ကျွန်တော်ပြောလည်း ဘာမှ အဓိပ္ပါယ် မရှိဘူး။ ခုနကလို တပ်ကပြောလည်း ခင်ဗျား မပြင်နဲ့ဗျာဆိုလို့လဲ လွှတ်တော်ထဲကနေ အတည်ပြု ဆုံးဖြတ်လိုက်ရင် ပြင်လို့ရတာပဲ၊ ခုနကလို။ ဒါပြင်ပါဗျာ ဆိုလို့လဲ လွှတ်တော်ထဲကနေ သူတို့ မဲနဲ့ခွဲ ဆုံးဖြတ်တယ်၊ မဲအရ သူတို့က အရေးသာမှု မရှိဘူးဆိုရှိရင်လည်း ဒါဟာ ခုနကလို ဟိုဒင်းဖြစ်မှာပဲ။ အဓိကကတော့ ခုနကလို လွှတ်တော်ရဲ့ အဆုံးအဖြတ်ပဲ"ဟု သမ္မတက ဦးသိန်းစိန်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေးတွင် အဓိကကျသည့် ပုဒ်မ ၄၃၆ကို ပြင်ရန်မှာ နိုင်ငံတော် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်ပေါ်တွင် အဓိကမူတည်နေသည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ရက်က နေပြည်တော် တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

“၄၃၆ ကို တပ်မတော်သားတွေက မပြင်လိုဘူးလို့ ပြောတယ်၊ ဒါက သူတို့ အပိုင်းပါ၊ မိမိတို့ သဘောကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ရာမှာ ၄၃၆ ကို အဓိကထား စဉ်းစားဖို့ လိုတဲ့အတွက် အောင်မြင်အောင် ကြိုးစားသွားမှာဖြစ်တယ်။ အောင်မြင်ဖို့ အတွက် ကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဦးဆောင်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရှိတယ်၊ နောက်ပြီး အစိုးရအဖွဲ့ ကို ဦးဆောင်တဲ့ နိုင်ငံတော်သမ္မတ ရှိတယ်၊ သမ္မတအနေနဲ့  တကယ်တမ်းကျတော့ တပ်မတော်အပေါ်မှာ ထိုက်သင့်တဲ့ သြဇာရှိသူဖြစ်တဲ့ အတွက် အောင်မြင်ရေးဟာ သူတို့အပေါ် မူတည်နေပါတယ်”ဟု သူရဦးရွှေမန်းက ပြောခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံခြေခံဥပဒေပါ အရေးကြီး ပုဒ်မများအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရေ၏ ၇၅ ရာနှုန်းနှင့်အထက်၊ တစ်နည်းအားဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံးနှင့် တပ်မတော်သားကိုယ်စားလှယ် အနည်းဆုံး နှစ်ဦးက ထောက်ခံမှ သာ ပြင်ဆင်ခွင့်ရမည်ဖြစ်သည်။

Mizzima
ရန်ကုန် (မဇ္ဈိမ)။ ။ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်မှာ အဓိကမကျဘဲ လွှတ်တော်သာ အဓိက တာဝန်ရှိသည်ဟု သမ္မတ ဦးသိန်းစိန်က ဗီအိုအေ သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောလိုက်သည်။"ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးသည် အဓိက ခုနကလို တာဝန်အရှိဆုံးကတော့ လွှတ်တော်ထဲမှာပဲ။ ဒုတိယကတော့ ပြည်သူပဲ။ 

အစိုးရကလည်း ဘာလုပ်လိုက်ပါ၊ ပြင်လိုက်ပါ၊ မပြင်လိုက်ပါနဲ့ ကျွန်တော်တို့ ပြောလို့မရဘူး။ တပ်ကလည်း သွားပြီးတော့ ခင်ဗျား ဒါပြင်လိုက်ပါ၊ မပြင်လိုက်ပါနဲ့ ပြောလို့ မရပါဘူး။ တပ်ကို ကျွန်တော်တို့က ခင်ဗျားတို့က ဒါပြင်ဖို့အတွက် ပြောလိုက်ပါ၊ ဒါမပြင်ဖို့အတွက် ပြောလိုက်ပါ ကျွန်တော်ပြောလည်း ဘာမှ အဓိပ္ပါယ် မရှိဘူး။ ခုနကလို တပ်ကပြောလည်း ခင်ဗျား မပြင်နဲ့ဗျာဆိုလို့လဲ လွှတ်တော်ထဲကနေ အတည်ပြု ဆုံးဖြတ်လိုက်ရင် ပြင်လို့ရတာပဲ၊ ခုနကလို။ ဒါပြင်ပါဗျာ ဆိုလို့လဲ လွှတ်တော်ထဲကနေ သူတို့ မဲနဲ့ခွဲ ဆုံးဖြတ်တယ်၊ မဲအရ သူတို့က အရေးသာမှု မရှိဘူးဆိုရှိရင်လည်း ဒါဟာ ခုနကလို ဟိုဒင်းဖြစ်မှာပဲ။ အဓိကကတော့ ခုနကလို လွှတ်တော်ရဲ့ အဆုံးအဖြတ်ပဲ"ဟု သမ္မတက ဦးသိန်းစိန်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သင့် မပြင်ဆင်သင့်နှင့် ပတ်သက်၍ တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အပြန်အလှန်ဆွေးနွေး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သင့်၊ မပြင်ဆင်သင့်နှင့် ပတ်သက်၍ တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ နိုဝင်ဘာ ၂ဝ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးကျော်ဦးက ဆွေးနွေးရာတွင် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအား မပြင်ဆင်လိုကြောင်း ဆွေးနွေးနေသည်မဟုတ်ဘဲ မူလအတိုင်း ထားရှိသင့်သည်များကို ထားရှိပေးရန်သာ ဆွေးနွေးနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

စိတ်ကြွဆေးပြားများ သိုလှောင်ဖြန့်ဖြူးရောင်းချခဲ့သည့် Natural Force ကုမ္ပဏီပိုင်ရှင်၏ ပိုင်ဆိုင်မှုများကို စတင်ချိပ်ပိတ်

Photo: စိတ်ကြွဆေးပြားများ သိုလှောင်ဖြန့်ဖြူးရောင်းချခဲ့သည့် Natural Force ကုမ္ပဏီပိုင်ရှင်၏ ပိုင်ဆိုင်မှုများကို စတင်ချိပ်ပိတ် 
Friday, November 21, 2014

စိတ်ကြွဆေးပြားများ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ်ခဲ့သည့် Natural Force ကုမ္ပဏီပိုင်ရှင်၏ ဘဏ်များတွင် အပ်နှံထားသော ငွေကြေး၊ အိမ်များ၊ စက်သုံးဆီဆိုင်၊ ဆိုင်ခန်း၊ ဂိုဒေါင်၊ မော်တော်ယာဉ်များ အပါအဝင် အခြားပိုင်ဆိုင်မှုများကို နိုဝင်ဘာ ၂ဝ ရက်မှ စတင်ကာ ချိပ်ပိတ်စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ နိုဝင်ဘာ ၂ဝ ရက် ညနေပိုင်းတွင် စုံစမ်းသိရသည်။ အဆိုပါ ချိပ်ပိတ်သိမ်းဆည်းစစ်ဆေးမှုများ စတင်ပြုလုပ်ရာတွင် နိုဝင်ဘာ ၂ဝ ရက် နံနက်ပိုင်းက Natural Force ကုမ္ပဏီပိုင်ရှင် ရဲထွန်းကျော်၏ဇနီး ဒေါ်ခင်သန္တာဝင်း အမည်ပေါက်ဖြစ်သော ရန်ကုန်မြို့ ယုဇနပလာဇာ တတိယထပ် အခန်း B (၁၂) ၊ B(၁၄) ရှိ BQ Beauty Queen Fashion Shop အား ငွေကြေးစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေဌာန၊ နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက လာရောက်ချိပ်ပိတ်ပြီး ဆိုင်အတွင်းရှိပစ္စည်းများကို သိမ်းဆည်းသွားကြောင်း သိရသည်။ 

ဒေါ်ခင်သန္တာဝင်း အမည်ပေါက်ဆိုင်၌ ၎င်း၏ ဖခင်ဖြစ်သူမှ ဆက်လက်ရောင်းချ နေစဉ် ယခုကဲ့သို့ လာရောက်ချိပ်ပိတ် သိမ်းဆည်းခြင်းဖြစ်ပြီး ဒေါ်ခင်သန္တာဝင်း ဖခင်ပိုင်ဆိုင်သည့် ဆိုင်ရှိပစ္စည်းများကိုမူ ယူဆောင်သွားခြင်းမရှိဘဲ ပြန်လည်အပ်နှံခဲ့ကြောင်း ယုဇနပလာဇာမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ “ရဲထွန်းကျော်ရဲ့ မိန်းမ အမည်ပေါက်နဲ့ ဖွင့်ထားတဲ့ဆိုင်ကို တာဝန်ရှိသူတွေက လာပြီးတော့ တာဝန်အရဆောင်ရွက်တာ ဖြစ်တယ်” ဟု ယုဇနပလာဇာမှ တာဝန်ရှိသူတစ်ဦး နိုဝင်ဘာ ၂ဝ ရက် ညနေပိုင်းက ဆိုသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက “ရဲထွန်းကျော်နဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ချိပ်ပိတ်ပြီးတော့ စတင်စစ်ဆေးနေပါပြီ။ 

သူပိုင်ဆိုင်တဲ့ပစ္စည်းတွေ အကုန်လုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် မသိမ်းဆည်းသေးပါဘူး။ ဒါတွေကို သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေက စစ်ဆေးမှုတွေ၊ သိမ်းဆည်းမှုတွေက လုပ်ထုံးလုပ်နည်းတွေနဲ့ မှန်တယ်၊ မှားတယ်ဆိုတာကို ပြန်လည်စစ်ဆေးပြီးတော့မှ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမှာဖြစ်ပါတယ်။ အခု သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်နေတယ်ဆိုတော့ ပြောင်းရွှေ့လို့မရဘူး။ ဖျောက်ဖျက်လို့မရဘူး။ ရောင်းလို့မရပါဘူး။ သူပိုင်ဆိုင်မှုတွေအထဲက တရားဝင်ငွေကြေးနဲ့ ရရှိလာတဲ့ပစ္စည်းတွေရှိတယ်ဆိုရင် အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ပြမယ်ဆိုရင်တော့ ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူပိုင်ဆိုင်တဲ့အရာတွေအားလုံးကို ယာယီချိပ်ပိတ်တဲ့သဘောပါပဲ”ဟု နိုဝင်ဘာ ၂ဝ ရက် ညနေပိုင်းတွင် ပြောကြားသည်။ 

အလားတူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိကြီး တစ်ဦးကလည်း “ဒီနေ့ ဩဂုတ်လအတွင်းက မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခဲ့တဲ့ လုပ်ငန်းရှင်ဖြစ်သူရဲ့ ဆက်စပ်တဲ့ပစ္စည်းတွေ၊ ကားတွေကို သိမ်းဆည်းတာ ဖြစ်ပါတယ်။ တချို့ပစ္စည်းတွေကိုတော့ ခံဝန်နဲ့ပြန်ပေးပါတယ်။ မော်တော်ယာဉ်တွေကိုတော့ စသုံးလုံးက သိမ်းဆည်းပါတယ်”ဟု ပြောကြားသည်။ လက်ရှိအချိန်တွင် Natural Force ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်သည့်စာရင်းများမှာ မရမ်းကုန်းမြို့နယ် ကုန်းမြင့်ရိပ်သာရှိ ခြံဝင်းနှင့် နေအိမ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပေ ၃ဝ x ပေ ၆ဝ အကျယ်အဝန်းရှိ တိုက်ခန်းတစ်ခန်း၊ ယုဇနပလာဇာရှိ ဆိုင်ခန်းနှစ်ခန်း၊ ပုဇွန်တောင်မြို့နယ်ရှိ ဂိုဒေါင်တစ်လုံး၊ မော်တော်ယာဉ်ခုနစ်စီး၊ ရေယာဉ်ခုနစ်စီး၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အုတ်သဲကျောက် ဂိုဒေါင်တစ်လုံး၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အုတ်သဲကျောက်လုပ်ငန်း၊ မြောက်ဦးမြို့နယ်ရှိ ဟိုတယ်ခရီးမှ ၁၅ နှစ်စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်နေသည့် မြောက်ဦးဟိုတယ်၊ ပေါက်တောမြို့နယ်ရှိ ဧက ၁ဝဝ အကျယ်အဝန်းရှိ ပုစွန်မွေးမြူရေးကန်၊ မြေပုံမြို့နယ်ရှိ ဧက ၂ဝဝ ရှိ ပုစွန်မွေးမြူရေးကန်နှင့် စစ်တွေမြို့ရှိ ထူးစက်သုံးဆီဆိုင်တို့ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ကုန်သွယ်မှုဘဏ်၊ Apex ဘဏ်၊ စင်ကာပူရှိ ဘဏ်တစ်ခုနှင့် ထိုင်းနိုင်ငံရှိ ဘဏ်တစ်ခုတို့တွင် အပ်နှံပြီး လည်ပတ်နေသောငွေကြေးများကို သိမ်းဆည်းရန် စစ်ဆေးနေကြောင်း သိရသည်။ ယင်းကဲ့သို့ မရမ်းကုန်းမြို့နယ်ရှိ ရဲထွန်းကျော်နေအိမ်မှ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်မှာ ဩဂုတ် ၂၉ ရက် ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းပေါ်တွင် ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်း ဖမ်းဆီးရမိရာမှ ကွင်းဆက်အဖြစ် ၎င်းနေအိမ်အတွင်း မှ ဆေးပြား ၂ဝ၁ဝဝဝ နှင့် ဘိန်းဖြူ ၃၅ဝ ဂရမ်တို့အပြင် လက်နက်များကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

Eleven Media Group
စိတ်ကြွဆေးပြားများ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ်ခဲ့သည့် Natural Force ကုမ္ပဏီပိုင်ရှင်၏ ဘဏ်များတွင် အပ်နှံထားသော ငွေကြေး၊ အိမ်များ၊ စက်သုံးဆီဆိုင်၊ ဆိုင်ခန်း၊ ဂိုဒေါင်၊ မော်တော်ယာဉ်များ အပါအဝင် အခြားပိုင်ဆိုင်မှုများကို နိုဝင်ဘာ ၂ဝ ရက်မှ စတင်ကာ ချိပ်ပိတ်စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ နိုဝင်ဘာ ၂ဝ ရက် ညနေပိုင်းတွင် စုံစမ်းသိရသည်။ အဆိုပါ ချိပ်ပိတ်သိမ်းဆည်းစစ်ဆေးမှုများ စတင်ပြုလုပ်ရာတွင် နိုဝင်ဘာ ၂ဝ ရက် နံနက်ပိုင်းက Natural Force ကုမ္ပဏီပိုင်ရှင် ရဲထွန်းကျော်၏ဇနီး ဒေါ်ခင်သန္တာဝင်း အမည်ပေါက်ဖြစ်သော ရန်ကုန်မြို့ ယုဇနပလာဇာ တတိယထပ် အခန်း B (၁၂) ၊ B(၁၄) ရှိ BQ Beauty Queen Fashion Shop အား ငွေကြေးစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေဌာန၊ နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက လာရောက်ချိပ်ပိတ်ပြီး ဆိုင်အတွင်းရှိပစ္စည်းများကို သိမ်းဆည်းသွားကြောင်း သိရသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ ရလဒ်များအနက် အချို့ကိစ္စရပ်များသည် ၂၀၁၅ မတိုင်မီ အသက်ဝင်နိုင်မည်ဖြစ်သော်လည်း အချို့ကိစ္စရပ်များသည် ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ဖွဲ့စည်းပြီးမှသာ အသက်ဝင်မည်ဟု ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ ရလဒ်များအနက် အချို့ကိစ္စရပ် များသည် ၂ဝ၁၅ မတိုင်မီ အသက်ဝင်နိုင်မည်ဖြစ်သော်လည်း အချို့ကိစ္စရပ်များသည် ရွေးကောက် ပွဲပြီးနောက် လွှတ်တော်ဖွဲ့စည်းပြီးမှသာ အသက်ဝင်မည်ဟု ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။ “၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်း”ကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းစဉ် ဦးစောလှထွန်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ဦးစောလှထွန်းက ပြောကြားရာတွင် “ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ရလဒ် များကို လာမည့်ရွေးကောက်ပွဲ သက်တမ်းတစ်လျှောက် ပြုပြင်ပြောင်းလဲ ကျင့်သုံးသွားရမှာ ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရလဒ်ဖြစ်သော အချို့ကိစ္စရပ်များသည် ရွေးကောက်ပွဲ မတိုင်မီ အသက်ဝင်နိုင်ပြီး အချို့ကိစ္စရပ်များသည် လွှတ်တော်ဖွဲ့စည်းပြီးမှသာ အသက်ဝင်မှာဖြစ်ပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သင့် မပြင်ဆင်သင့်နှင့် ပတ်သက်၍ တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အပြန်အလှန်ဆွေးနွေး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သင့်၊ မပြင်ဆင်သင့်နှင့် ပတ်သက်၍ တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ နိုဝင်ဘာ ၂ဝ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးကျော်ဦးက ဆွေးနွေးရာတွင် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအား မပြင်ဆင်လိုကြောင်း ဆွေးနွေးနေသည်မဟုတ်ဘဲ မူလအတိုင်း ထားရှိသင့်သည်များကို ထားရှိပေးရန်သာ ဆွေးနွေးနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးထိမှန်မှု ရည်ရွယ်ချက်ရှိရှိ ပစ်လိုက်ခြင်းမဟုတ်ကြောင်း ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ရှင်းလင်း

KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးထိမှန်မှုမှာ ရည်ရွယ်ချက်ရှိရှိ ပစ်လိုက်ခြင်းမဟုတ်ကြောင်း ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်က နိုဝင်ဘာ ၂ဝ ရက်တွင် မြစ်ကြီးနားမြို့၌ သတင်းထောက်များကို ရှင်းလင်းပြောကြားသည်။

နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၂ဝ မိနစ်ခန့်က  KIO ဗဟိုဌာနချုပ် ရုံးစိုက်ရာ လိုင်ဇာမြို့အနီးရှိ KIA  ဗိုလ်သင်တန်းကျောင်းသို့ တပ်မတော်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး KIA ဗိုလ်လောင်းသင်တန်းသား ၂၃ ဦးသေဆုံးခဲ့ပြီး သင်တန်းနည်းပြ ၂ဝ ဦး ဒဏ်ရာရရှိခဲ့သည်။

အခြေခံဥပဒေပုဒ်မ ၄၃၆ နှင့် ၅၉ (စ)ကို ပြင်ဆင်ရန် တပ်မတော်သားအမတ်များ လက်မခံ

အခြေခံဥပဒေပြင် ဆင်ရေးအတွက် ဆွေးနွေးရန် စာ ရင်းပေးသွင်းထားသည့် လွှတ် တော်ကိုယ်စားလှယ် အရေအ တွက်၏ သုံးပုံနှစ်ပုံကျော် ဆွေး နွေးမှုများ ပြုလုပ်ပြီးသော်လည်း ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန်ကိုမူ တပ်မတော်သား အမတ်များက မထောက်ခံ ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၃ ရက်မှ စတင် ကာ အခြေခံဥပဒေပြင်ဆင်ရေး ကို ပြည်ထောင်စုလွှတ်တော်၌ စတင်ဆွေးနွေးရာ ဆွေးနွေးရန် စာရင်းပေးသွင်းထားသည့် လွှတ် တော်ကိုယ်စားလှယ် ၁၄၆ ဦးရှိ ကာ နိုဝင်ဘာ ၂၀ ရက်ထိ လွှတ် တော်ကိုယ်စားလှယ် ၁၀၃ ဦး ဆွေးနွေးပြီး ဖြစ်သည်။

ပုဒ်မ ၄၃၆ ကိစ္စ သူရဦးရွှေမန်း ပြောကြားချက် သမ္မတ သဘောမတူ

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး သည် သမ္မတအပေါ်တွင် မူတည် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြော ကြားချက်ကို သမ္မတက သဘော မတူကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင် ရေးအတွက် လွှတ်တော်အမတ် များအား စည်းရုံးရန်မှာ ပြည် ထောင်စုလွှတ်တော် နာယက တွင်သာ တာဝန်ရှိကြောင်း သမ္မတဦးသိန်းစိန်က တုံ့ပြန်လိုက်သည်။

နိုဝင်ဘာ ၁၈ ရက်က သူရ ဦးရွှေမန်း၏ သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားချက်အပေါ် သမ္မတက ၎င်း၏ ပြောရေးဆိုခွင့် ရှိသူမှတစ်ဆင့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။