Thursday, February 14, 2013

ဆင်းရဲသော်လည်း လူတော်ပညာတတ်ဖြစ်လာစေရန်

ဆင်းရဲသော်လည်း လူတော်ပညာတတ်ဖြစ်လာစေရန်

ရိုးရိုးသားသား၊ မကြောက်မရွှံ့ ၊ ပွင့်ပွင့်လင်းလင်းကို ပြောရမယ်ဆိုရင် ယနေ့အချိန်အထိ ငွေရှိမှ အဆင့်မြင့် ပညာ သင်ကြားခွင့်ရနေသေး တဲ့ ခေတ် ဖြစ်နေပါ သေးတယ်။ များသောအားဖြင့်ကို ပြောတာပါ။ မချမ်းသာပေမယ့် တကယ်ပဲ အဆင့်မြင့် ပညာသင်ကြားခွင့်ရသွားတဲ့ သူတွေလည်း တစ်ပုံကြီးပါ။ဒါကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စမို့ ဘယ်သူ့မှာမ အပြစ်မရှိပါဘူး။ အပြစ်မရှိတဲ့ ဒီလောကမှာ ကိုယ်ရဲ့ ကြိုးစားရုန်းထွက်နိုင်မှုက စံဥပမာ တစ်ခုက တိုင်းပြည်အတွက် အကျိုးကျေးဇူး ပေးနိုင်ရမှာ ဖြစ်ပါတယ်။ 

သူငယ်တန်းကနေ စကြည့် ရမယ်ဆိုရင် ငွေရှိတဲ့ မိသားစုမှာ မွေးဖွားတဲ့ ကလေးဟာ ရိုးရိုးကျောင်း ပညာရေးအပြင် အခြားသော ငွေကုန်ကြေးကျ များသာ ပညာရပ်များ၊ ကျောင်းများ တစ်မျိုးပြီး တစ်မျိုးတက်ရောက်ခွင့်ရကြ ပါတယ်။ သာမန်မိသားစု သို့မဟုတ် ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာ သူများကတော့ ပညာရေး ဆိုတာ တစ်ချိန်မှာ အလုပ်လျှောက်ရင် ပါလာတဲ့ လက်မှတ်ကလေး တစ်ခုပမာပဲ သဘောထားရရှာပါတယ်။ ပြီးတော့ အခြားသော ပညာရေးလမ်းများကိုလည်း လျှောက်လှမ်းခွင့် မရကြပါဘူး။ 

ဒီတော့ ဆင်းရဲသူများ၊ အဆင့်မြင့် ပညာသင်ကြားလိုသူများ၊ ဘဝ အတွက် သေချာသော အာမခံချက် ပညာတစ်ခု ရရှိလိုသူများအတွက် လူငယ်တိုင်းအတွက် နည်းလမ်းမျှဝေချင်ပါတယ်။

"အင်္ဂလိပ်စာ အရည်အချင်းမြင့်ပါ"
--------------------------------

အရေးအကြီးဆုံး အချက်မို့ ထိပ်ဆုံးထားပြီး အကြံပြုပါတယ်။ အင်္ဂလိပ်စာ တစ်ခုသာ ရရင် အားလုံးကို Self study ကြိုးစားလုပ်ယူလို့ ရပါတယ်။ အင်္ဂလိပ်စာတတ်ဖို့ဆိုတာကလည်း သင်တန်းအကြီးကြီးတွေ လိုက်တတ်နေ မှ မဟုတ်ပါဘူး။ စိတ်တစ်ခုက အရေးကြီးဆုံးသာ ဖြစ်ပါတယ်။ သူငယ်တန်း ကစလို့ ၁၀ တန်းအထိ သင်လာတဲ့ အင်္ဂလိပ်စာများ အခြေခံရှိတာနဲ့တင် အပြင် အင်္ဂလိပ်စာ လေ့လာဖို့က အင်မတန် လွယ်ကူနေပါပြီ။ ငွေရှိရင် လည်း ငွေကုန် သင်တန်းတက်ပြီး ငွေမရှိလည်း ပညာဒါန ကျောင်းများ ရှာတတ်နိုင်ပါတယ်။ မြန်မာပြည်က နေရာတော်တော်များများမှာ ပညာဒါန အခမဲ့ကျောင်းတွေ အတော်လေး များပြားနေပါပြီ။ 

အင်္ဂလိပ်ရုပ်ရှင်တွေ၊ သီချင်းတွေ ကြည့်ရှုနားထောင် သူတို့ ဘာသာစကားနဲ့ ဟန်ပန်အမူအရာကို လိုက်လံ အတုယူ၊ လေ့ကျင့် ပြောဆိုကြည့်ပြီးတော့ လည်း လေ့ကျင့်နိုင်ပါတယ်။ တစ်ယောက်တည်းသော်လည်းကောင်း၊ သူငယ်ချင်းများနဲ့သော်လည်းကောင်း လေ့ကျင့်ပြီးတော့ အင်္ဂလိပ်စကားပြော ကိုလည်း မြင့်တင်နိုင်ပါတယ်။ 

အင်္ဂလိပ်စာအရည်အချင်းတိုးတက်အောင် အလွယ်တကူ လေ့လာလို့ရတဲ့ စာအုပ်များလည်း အပြင်မှာ ရနိုင်တဲ့ အတွက် စာရေးသူမှ အကျယ်ချဲ့ မပြောလိုတော့ ပါဘူး။ အင်္ဂလိပ်စာ၊ စကား အတော်အတန် ပြောတတ်၊ နားလည် တတ်နေပြီဆိုရင်ကို ပတ်ဝန်းကျင်မှာ ကိုယ်ဟာ တစ်ဘန်းသာနေ မှာ ဖြစ်ပါတယ်။ ကမ္ဘာသုံး ဘာသာစကား အင်္ဂလိပ်စာတတ်ထားရင် ဘယ်အခြေအနေ၊ ဘယ်နေရာရောက်ရောက် အခက်အခဲများ ဖြေရှင်းနိုင် ပါတယ်။ 

အင်္ဂလိပ်စာနဲ့ ဆက်စပ်ပြီးတော့ အင်တာနက်ကလည်း လေ့လာရမယ့် နယ်ပယ်ကြီး တစ်ခု ဖြစ်လာပါတယ်။ အင်တာနက်မှာ ဗဟုသုတ ရနိုင်မယ့် အချက်အလက်ပေါင်း များစွာ ရှိနေပါတယ်။ ကိုယ်က အင်္ဂလိပ်စာ အခြေခံရှိရင်လည်း အလွယ်တကူ ဝင်ဖတ်နိုင်သလို၊ မရှိလည်း အဘိဓာန်ဆောင်လို့ အင်တာနက်မှာ စာများ လေ့လာ ဖတ်ရှုနိုင်ပါတယ်။ စာများတင်မဟုတ်ပါဘူး။ မိမိ စိတ်ဝင်စားတဲ့ ဘယ်အရာကိုမဆို ဝင်ကြည့်၊ ဝင်ဖတ်၊ ဝင်လေ့လာ၊ ဝင်အသုံးပြုကြည့်၊ ဖန်တီးကြည့်တာမျိုးတို့ ဖြစ်ပါတယ်။ 

အင်တာနက် လိုင်းမကောင်းတာတော့ မှန်ပါတယ်။ သို့ပေမယ့် ဒါစာ အမြဲတမ်းမဟုတ်ပါဘူး။ တစ်ခါခါကျ ကောင်းပါတယ်။ Browser တစ်ခုဖွင့်ဖို့အတွက် တစ်မိနစ်ထက် ပိုမကြာရင် သုံးဖို့ ကောင်းမွန်တဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ အင်တာနက်မှာ မန်ဘာဝင်လို့ရတဲ့ ပညာရေး ဖိုရမ်များ၊ ကျောင်းများ၊ အခမဲ့ ပညာရေး များ အစရှိသဖြင့် ကိုယ်ရှာဖွေရင် ရှာဖွေသလောက် တွေ့ရှိလို့ နိုင်ငံတကာ နဲ့ ပြည်တွင်း က ဖြစ်ပျက်နေမှုများကို သိရှိရမှာ ဖြစ်ပါတယ်။ 

"လမ်းတစ်ခုရွေးပါ"
----------------

မိမိ လျှောက်လှမ်းချင်တဲ့ ပရော်ဖက်ရှင် တစ်ခုခုကို ရွေးစေခြင်း ဖြစ်ပါတယ်။ မိမိ လက်ရှိမှာ ရှိနေတဲ့ ပညာအရည် အချင်းနဲ့ ဘယ်လို အရည်အချင်းတို့ ထပ်မံပေါင်းစပ်တဲ့အခါ ဘယ်လို အသက်မွေးဝမ်းကျောင်းမှု ပညာက ကိုယ့်အတွက် ကောင်းကျိုးပေးမယ်ဆိုတာ ကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်စေချင်ပါတယ်။ ကိုယ်ကိုယ်တိုင် ဘာလုပ်လို့ ဘာကိုင်ရမယ်။ ဘယ်လမ်းရွေးချယ်ရမယ် ဆိုတာမှ မသိသေးရင် တော်တော်ကို ဆိုးတဲ့ အခြေအနေပါ။ နယ်မှာပဲနေနေ၊ မြို့ ကြီးမှာပဲနေနေ ဘဝရည်မှန်းချက် အသက်မွေးဝမ်းကျောင်းမှု ပညာရပ် တစ်ခုခုကိုသာ ရွေးချယ်ထားရင် မဆင်းရဲတော့ပါဘူး။ နောက်ပိုင်းက ကိုယ်ရဲ့ ကြိုးစားမှုအပေါ်မှာသာ မူတည်တော့လို့ ဖြစ်ပါတယ်။ 

"လမ်းဖြောင့်ဖြောင့်လျှောက်ပါ" 
----------------------------

ဘယ်လိုပယောဂကြောင့်ပဲ ဖြစ်ဖြစ် ကိုယ်ရွေးချယ်ထားတဲ့ ပညာရပ်လမ်းကနေ မနောက်ဆုတ်သင့်ပါဘူး။ နောက်ဆုတ်မယ်။ နားလိုက်မယ်။ ကြိုးစားမှု ရပ်တန့်မယ်။ လမ်းလွဲမယ်။ အစရှိတဲ့ လုပ်ရပ်များက မိမိရဲ့  ဘဝတန်ဖိုးကို အပြောင်းအလဲပြုလုပ်ခြင်း ပဲ ဖြစ်ပါတယ်။ သုညက ပြန်စရတာ မလွယ်ပါဘူး။ ဒါကြောင့် လမ်းတစ်ခုရွေးပြီးရင် တည့်တည့်လျှောက်တတ်ရပါမယ်။ ရည်မှန်းချက် ခိုင်ခိုင်မာမာ ထားရှိရပါမယ်။

အကောင်းဆုံး ကြိုးစားနိုင်ရပါမယ်။ အကောင်းဆုံးဆိုလို ကြိုးစားအားထုတ်မှု ဇွဲ၊ ဝီရိယ၊ လုံ့လ တည်နေစေဖို့ ဖြစ်ပါတယ်။ စိတ်တစ်ခုက အဓိက ဖြစ်ပြီး၊ စိတ်ဓာတ်ခိုင်ခိုင်ထားလို့ ကြိုးစားရင် မိမိကြိုးစားချက်များကို ကျေနပ်နေတတ်ပါတယ်။ ဒါကတော့ အကျဉ်းချုပ်ပြောခြင်းပါ။ ကိုယ်နှစ်သက်တဲ့ ဘာသာရပ်နဲ့ အလုပ်တစ်ခုကို ရွေးချယ်မယ်ဆိုတာ ကလည်း အဆင့်များစွာ ရှိနေပါသေးတယ်။ 

"အခွင့်အလမ်းကောင်းများ ရှာဖွေပါ"
---------------------------------

တစ်ကူးတကတော့ မဟုတ်ပါဘူး။ ကိုယ့်လမ်းကိုလျှောက်နေရင်း ဒီအတွက် ပိုမို အကျိုးထူးစေနိုင်မယ့် ထောက်ပံမှုများ၊ ပညာရပ်များ ပေါ်ပေါ်လာ တတ်ပါတယ်။ လေ့လာအားထုတ်မှုဆိုတော့မှာ ဘယ်တော့မှ မရပ်တန့်ရ ပါဘူး။ အခွင့်အရေးရလျှင်ရတိုင်း သတိကြီးကြီးနဲ့ ဆုံးဖြတ်ချက်ချလို့ အထောက်အပံ့ ကောင်း တစ်ခု ဖြစ်အောင် ကြိုးစား၊ ရွေးချယ်၊ သင်ယူ၊ လေ့ လာ ရပါမယ်။ 

တစ်ခါတစ်လေကျ အဆင့်မြင့် ပညာရပ်ဆိုတာ ဘွဲ့လက်မှတ်တွေပေါ်မှာ ရှိနေတာကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ် ဘယ်လောက်လေ့ လားဖြစ်ထားတယ်။ လုပ်နိုင်တယ်ဆိုတာကလည်း အဓိက ကျပါတယ်။ ကိုယ်က စာတမ်း မပြုစုရပေမယ့် ကိုယ်လုပ်ထားတဲ့ အလုပ်က စာတမ်းပြုစုထားသူများထက် ပိုမို ထူးခြား ကောင်းမွန်နေ ရင် ဒါဟာ အဆင့်မြင့်ပညာရပ်တစ်ခုကို တတ်မြောက်ထားခြင်း တစ်မျိုးပါပဲ။ 

အဓိက ပြောချင်တဲ့ အချက်က အခုမှရောက်ရပါတယ်။ ကိုယ်က ပိုက်ဆံ မရှိဘူး။ ပညာသင်ကြားဖို့ အခွင့်အရေး မရှိဘူးဆိုရင် ယခု လက်ရှိ လုပ်နေတဲ့၊ ရွေးချယ်ထားတဲ့ ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လမ်းမှာ အကောင်းဆုံး ဖြစ်အောင် ဖန်တီးနိုင်ရပါမယ်။ သာမန်လူ ပြုလုပ် သွားလာနေတဲ့ နည်းအပြင် ကိုယ့်ဆီမှာ ရှိတဲ့ အိုင်ဒီယာအသစ် များ ပေါင်းစပ်မယ်၊ နိုင်ငံတကာက နည်းနာများ လေ့လာ လို့ ပြည်တွင်းနဲ့ လျော်ညီတဲ့ အခြေအနေတစ်ခုကို ပြန်လည်ဖန်တီးမယ်။ ချပြမယ်။ ဒါတွေကလည်း တကယ်ပဲ အသိအမှတ်ပြုခံရလောက်တဲ့ အကျိုးကျေးဇူး အထိုက်အလျောက် တစ်ခုအထိ ရရှိလိုက်မယ်ဆိုရင် ကိုယ်ဟာ အဆင့်မြင့် ပညာရပ် သင်ကြားထားသူများနဲ့ ယှဉ်နိုင်ပါပြီ။ 

အထက်ပါ အချက်များအားလုံးကို လုပ်ဖို့အတွက် ငွေကြေး ဘယ်လောက်မှ မကုန်ကျပါဘူး။ ၁၀ တန်းအောင် ဖြစ်စေ၊ တက္ကသိုလ်ဘွဲ့ရဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် မိမိ လေ့လာသော ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်ဘူးဆိုရင်၊ အခက်အခဲတွေ တွေ့နေရင် အထက်ပါ အဆင့်များအတိုင်းသွားနိုင်ပါတယ်။ 

၁။ အင်္ဂလိပ်စာ အရည်အချင်း အဆင့်မြင့်ခြင်း
၂။ လမ်းတစ်ခုရွေးချယ်ခြင်း
၃။ ဇွဲရှိရှိ ကြိုးစားခြင်း
၎။ အခွင့်အလမ်းကောင်းများ ကို လက်ဆုပ်လက်ကိုင်ပြုနိုင်ခြင်း
၅။ စွန့်ဦးကြိုးစား ဖန်တီးခြင်း

အစရှိတဲ့ အဆင့်များအတိုင်း သွားမယ်ဆိုရင် ဘယ်လောက်ပဲဆင်းရဲ ဆင်းရဲ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက အကျိုးပြုစေမယ့် ပညာတတ် တစ်ဦး ဖြစ်လာစေမယ်လို့ ယုံကြည်ပါတယ်။ 
----
-----
-----
အောင်ခမ်း 
International news for myanmar


http://www.innewsmyanmar.com/2013/02/blog-post_2654.html


---
ရိုးရိုးသားသား၊ မကြောက်မရွှံ့ ၊ ပွင့်ပွင့်လင်းလင်းကို ပြောရမယ်ဆိုရင် ယနေ့အချိန်အထိ ငွေရှိမှ အဆင့်မြင့် ပညာ သင်ကြားခွင့်ရနေသေး တဲ့ ခေတ် ဖြစ်နေပါ သေးတယ်။ များသောအားဖြင့်ကို ပြောတာပါ။ မချမ်းသာပေမယ့် တကယ်ပဲ အဆင့်မြင့် ပညာသင်ကြားခွင့်ရသွားတဲ့

ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး အဆင့် ၅ နေရာသို့ မြန်မာရောက်လာနိုင်



ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ ဆန်များကို ပြည်ပနိုင်ငံများသို့ လက်ရှိဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၁၅၀,၀၀၀ တင်ပို့သွားနိုင်ရန် မျှော်မှန်းထား၍ ကမ္ဘာ့ ဆန်တင်ပို့မှု အများဆုံး နိုင်ငံများထဲတွင် ပဉ္စမနေရာသို့ ရောက်ရှိလာနိုင်ခြေရှိကြောင်း ဆန်ဈေးကွက် စောင့်ကြည့် လေ့လာသူများထံမှ သိရသည်။

နှိပ်စက်ခံရသည့် ကရင်မိန်းကလေးကို မြန်မာအစိုးရ ကူညီမည်

နှိပ်စက်ခံရသည့် ကရင်မိန်းကလေးကို မြန်မာအစိုးရ ကူညီမည်

နန်းမြနဒီ DVB ၂၀၁၃ ဖေဖော်ဝါရီလ ၁၄ ရက် 

ထိုင်းအလုပ်ရှင် လင်မယားရဲ့ ရေနွေးပူလောင်း နှိပ်စက်ခံခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင်မိန်းကလေးအတွက် နစ်နာကြေး၊ တရားမျှတမှု ရရှိရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူတွေက စီစဉ်နေပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သံအရာရှိ ဦးကျော်ကျော်လွင်က “ဒီကိစ္စကို အရေးကြီးကိစ္စတခုအနေနဲ့ လုပ်သွားမှာပါ။ လူကြီးတွေကလည်း ညွှန်ကြားထားတယ်။ နောက် လိုအပ်တဲ့ ဆေးဝါးကိစ္စတွေအတွက် လိုအပ်တဲ့ငွေကြေး၊ လူမှုရေးထောက်ပံ့ငွေတွေ အရာရှိ ၁ ယောက် ဦးဆောင်ပြီး သွားပေးမယ်။ တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ ထိုင်းအစိုးရတာဝန်ရှိသူတွေကို ဖိအားပေးတဲ့စာ၊ တိုက်တွန်းစာပေါ့ ပို့မယ်။ လိုအပ်တဲ့အမှုတွေ ထပ်စွဲရမှာပေါ့။ အခုလည်း ရှေ့နေနဲ့ တိုင်ပင်တယ်။ ထိုင်းဥပဒေအတိုင်းပေါ့။ အခုလောလောဆယ် သိထားတာ ၇ မှု။”

မြန်မာသံရုံး ကိုယ်စားလှယ်တွေဟာ ဒီ ၁ ရက် ၂ ရက်အတွင်း  မိန်းကလေးငယ်ကို စောင့်ရှောက်ထားတဲ့ ကယ်ဆယ်ရေးဂေဟာကို သွားရောက်ပြီး  ကျေးဇူးတင်စကားပြောကြားမှာဖြစ်သလို မိန်းကလေးကိုလည်း ကရုဏာကြေးအဖြစ် ထိုင်းဘတ်ငွေ သိန်းဂဏန်းလောက် ပေးဖို့ မှန်းထားတယ်လို့ ဦးကျော်ကျော်လွင်က ဆိုပါတယ်။

ဒါ့အပြင် အနိုင်ကျင့်ခဲ့တဲ့ ထိုင်းအလုပ်ရှင်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းအာဏာပိုင်တွေကနေတဆင့် တရားဝင်ကန့်ကွက်စာ ပေးပို့ပြီး ဥပဒေဘောင်အတွင်းက ကူညီပေးသွားမယ်လို့ ပြောပါတယ်။

    လွန်ခဲ့တဲ့ ၅ နှစ်က ကမ်ဖိုင်ဖိတ်ခရိုင် ဆိုင်းငမ်းမြို့နယ်က  မြန်မာရွှေ့ပြောင်းအလုပ်သမား နိုင်းအောင်နဲ့ နန်းဒိုင်း တို့ရဲ့ သမီးဖြစ်သူဟာ မိဘတွေ ကြံခင်းထဲမှာအလုပ်လုပ်နေတုန်း ထိုင်းလင်မယား ၂ ဦးရဲ့ ဖျားယောင်းသွေးဆောင်ပြီး ကျွန်ပြုခိုင်းစေခံရတဲ့အပြင် အမျိုးမျိုးနှိပ်စက်ခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့မှာ သူမဟာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ရွာသားတွေက လူမှုကယ်ဆယ်ရေးဌာနကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကလေးမ တကိုယ်လုံးမှာ အပူလောင်တဲ့ဒဏ်ရာ၊ နားရွက်ကို ကပ်ကြေး နဲ့ ဖြတ်ထားတဲ့ ဒဏ်ရာတွေနဲ့ ခန္ဓာကိုယ်ရဲ့ အရေပြား ၅၀ ရာခိုင်နှုန်းက ပျက်စီးနေပြီး အသားအရည်ရဲ့ အဆင့် ၃ ထိ နက်ဝင်နေတယ်လို့ ကမ်ဖိုင်ဖစ်ခရိုင် ဆေးရုံ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဘယ်ဘက်လက်မောင်း အသားနဲ့ နံကြားက အသားကပ်နေပြီး လှုပ်ရှားလို့ မရတဲ့အတွက် အမြန်ဆုံး ခွဲစိတ်ကုသဖို့ လိုနေပြီး အရေပြားတွေ နဂိုအတိုင်း ပြန်ဖြစ်ဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။

နှိပ်စက်တဲ့ ထိုင်းလင်မယားကို ဖြားယောင်းမှု၊ မတရား ညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ အသက် ၁၅ နှစ်အောက် ကလေးငယ်ကို  လူကုန်ကူးမှု၊ တရားမ၀င်အလုပ်သမားလက်ခံမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု စတဲ့ ပြစ်မှု ၇ ခုနဲ့ ကမ်ဖိုင်ဖိတ် ရဲစခန်းနဲ့ ခရိုင်အလုပ်သမား ကာကွယ်ရေးရုံးက  စွဲချက်တင်ထားတယ်လို့ ထိုင်းရဲဘက်ဆိုင်ရာအရာရှိတဦးက ထိုင်းသတင်းဌာနကို ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁၈ ရက် မှာ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဆီမှာ ဖြောင့်ချက်ပေးဖို့ ချိန်းထားတယ်လို့ ဆိုပါတယ်။

နန်းမြနဒီ DVB ၂၀၁၃ ဖေဖော်ဝါရီလ ၁၄ ရက်

ထိုင်းအလုပ်ရှင် လင်မယားရဲ့ ရေနွေးပူလောင်း နှိပ်စက်ခံခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင်မိန်းကလေးအတွက် နစ်နာကြေး၊ တရားမျှတမှု ရရှိရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူတွေက စီစဉ်နေပါတယ်။

ကရုဏာ ကော်ဖီ တစ်ခွက်

coffee-13-feb(၁)
၁၉၉၃ ခုနှစ် နိုဝင်ဘာလမှာ ယူကေနိုင်ငံ ပီတာဗရာမြို့ကနေပြီး မြောက်ဘက် စကော့တလန်ရွှေ့ရ တယ်။ ကျွန်တော့်ရင်ထဲ အိပ်မက်မက်ခဲ့တဲ့ အက်ဒင်ဗရာ မြို့တော်ဆီ။ သူငယ်ချင်းဆန်းလွင်က ခေါ်ပေးလို့။ ကျွန်တော်တို့တုန်းက ယူကေသွား။ ဟိုက ဆေးရုံကြီးတစ်ခုခုက သမားတော်ကြီး တစ်ယောက်ယောက်ဆီမှာ attachment ယူပြီး လက်တွေ့သင်တန်းဆင်းကြရတယ်။ သူတို့

တန်ဖိုးနည်းအိမ်ရာအတွက် လျှောက်လွှာများ စတင်ခေါ်ယူ

Photo: တန်ဖိုးနည်းအိမ်ရာအတွက် လျှောက်လွှာများ စတင်ခေါ်ယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄။

ရန်ကုန်မြို့၊ မြို့တော်ခန်းမ အနီးရှိ စည်ပင်သာယာ ၁၀ ထပ်ရုံးတွင်
တန်ဖိုးနည်းအိမ်ရာများ အတွက် လျှောက်လွှာများ စတင်ခေါ်ယူ
နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေး ကော်မတီ
မှ သိရသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာအတွက် လူ ၁ ဦးလျှင် လျှောက်လွှာ
တစ်စောင်နှုန်း လျှောက်ထားနိုင်ပြီး လျှောက်လွှာ တစ်စောင်လျှင်
၁၀၀ ကျပ်ဖြင့် စတင်ရောင်းချနေကြောင်း သိရသည်။

"နှုန်းထား ဘယ်လောက်ဆိုတာ မကြေညာရသေးဘူး။ အပြင်ထက်
လည်း သက်သာမယ်။ နေရာနဲ့ အဆောက်အဦးအပေါ် မူတည်ပြီး
သိန်း ၁၀၀ ပက်ချာလည်လောက်တော့ ကျလိမ့်မယ်ထင်တယ်"ဟု
လာရောက် လျှောက်ထားသူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊ ဈေးများဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ဆက်လျဉ်းပြီး"သိန်း ၂၀၀ လောက်တော့ မဖြစ်နိုင်
ဘူး။ ၂၀၀ ဆိုရင် တိုက်ခန်း ၁ ခန်းကို အပြင်မှာပဲ၊ ဝယ်တော့မယ်။
ဒီလိုလျှောက်ထားတာ ကြရင် အရစ်ကျနဲ့ အရင်ဆုံးပိုက်ဆံသွင်းရမယ်
လို့တော့ ကြားတယ်" ဟုလာရောက်လျှောက်ထားသူ ဒေါ်မြင့် ဆိုသူက
ပြောသည်။

အဆိုပါ တန်ဖိုးနည်း အိမ်ရာ လျှောက်ထားရာတွင် အစိုးရဝန်ထမ်း
နှင့် သာမန်ပြည်သူများ အတွက် လျှောက်လွှာခွဲခြားထားပြီး စတင်
ဆောက်လုပ်မည့် နေရာမှာ မြောက်ဒဂုံအပိုင်းဘက်တွင် ဖြစ်သည်ဟု
သိရှိထားကြောင်း လျှောက်ထားသူအချို့က ဆိုကြသည်။

"၂၀၀၅ လောက်က ၁၅ သိန်းဖုန်းတွေ လျှောက်ခွင့်ပေးတော့ လည်း
လူတွေ ကြိတ်ကြိတ်တိုးပြီး လျှောက်လိုက်ကြတာ။ ပြီးရင် ရောင်းစား
ကြနဲ့ ရှုပ်ရှက်ခက်နေမှာ မြင်ယောင်တယ်။ အခုဟာက အဆောက်အဦး
ကတော့ မဆောက်ရသေးဘူး။ လျှောက်လွှာတွေ စခေါ်ပြီး ဈေးသတ်
မှတ်မယ်။ ပြီးရင် ရောင်းတော့မယ်" ဟု ဈေးကွက် ကျွမ်းကျင်သူတစ်
ဦးက ၎င်း၏ အမြင်ကို ပြောသည်။

စူးရှ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄။

ရန်ကုန်မြို့၊ မြို့တော်ခန်းမ အနီးရှိ စည်ပင်သာယာ ၁၀ ထပ်ရုံးတွင်
တန်ဖိုးနည်းအိမ်ရာများ အတွက် လျှောက်လွှာများ စတင်ခေါ်ယူ
နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေး ကော်မတီ
မှ သိရသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာအတွက် လူ ၁ ဦးလျှင် လျှောက်လွှာ
တစ်စောင်နှုန်း လျှောက်ထားနိုင်ပြီး လျှောက်လွှာ တစ်စောင်လျှင်၁၀၀ ကျပ်ဖြင့် စတင်ရောင်းချနေကြောင်း သိရသည်။

အမျိုးသား လွှတ်တော် ဥက္ကဌ၊ပြည်သူ့ လွှတ်တော် ဥက္ကဌ နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ India အောက်လွှတ်တော်ဥက္ကဋ္ဌ Meira Kumar နဲ့အတူ တွေ့ရစဉ်


ဒုတိယပင်လုံ ပေါ်ထွန်းပါစေ

နေပြည်တော် ပြည်ထောင်စုနေ့ ညစာစားပွဲတွင် သမ္မတဦးသိန်းစိန် အမှူးပြုသော အစိုးရခေါင်းဆောင်များ၊ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်ခေါင်းဆောင်များနှင့် အပစ်ရပ် လက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ်များအပါအဝင် လူမျိုးစု

ဇာတိပြလာတဲ့ KIA


မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ်တစ်သိန်းKIA တောင်းခံ
========================================

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃

KIA တပ်မဟာ(၂) တပ်ရင်းအမှတ်(၅)အနေနဲ့ လမိုင်းယန်တိုက်နယ်အတွင်းမှာရှိကြတဲ့ မော်တော်ယာဉ် တွေအနေနဲ့ ယာဉ်တစ်စီးကိုငွေကျပ်(၁)သိန်းအခွန်ငွေပေးဆောင်ကြဖို့ အကြောင်းကြားထားပါတယ်။ အဲဒီငွေ တွေကိုတော့ လာမဲ့မတ်လ(၁)ရက်နေ့နောက်ဆုံးထား

လစ်လပ်သွားသည့် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနေရာတွင် လူမှုရေးဝန်ကြီး ဦးတင်စိုးအား ခန့်အပ်

ha-14-2-1လစ်လပ်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နေရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးတင်းစိုးအား ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး ကျင်းပ၍ ယှဉ်ပြိုင်သူမရှိ ရွေးချယ်တင်မြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး စကားဝိုင်း ဆွေးနွေးပွဲကျင်းပမည်


မော်ကွန်း မဂ္ဂဇင်းက စီစဉ်သည့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး စကားဝိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ မှ ၃ နာရီ မိနစ် ၃၀ အထိ အမှတ် ၁၈၁၊ ဒုတိယထပ် (ဘီ)၊ ၃၆ လမ်း (အလယ်) ရှိ မြန်မာဂျာနယ်လစ် ကွန်ယက် (Myanmar Journalist Network - MJN) ရုံးခန်းတွင် ကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ များထံမှ သိရသည်။
TheVoiceWeekly

ငြိမ်းချမ်းရေးတကယ်လိုချင်ရင် လာဆွေးနွေးဖို့ ကေအိုင်အိုကို ကာချုပ်ဖိတ်ခေါ်


ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အနေနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုရင် အချိန်မရွေးလာရောက် တွေ့ဆုံဆွေးနွေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပါတယ်။

အငှား ယာဉ်မောင်းက ခရီးသည် ကို အဓမ္မ ကျူးလွန်ရန် ကြိုးပမ်း


ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာ ဂေါက်ကွင်း အနီး တွင် ဖေဖော်ဝါရီလ ၈ ရက်၊ ည ၁၀ နာရီ က အငှားယာဉ်ပေါ် လိုက်ပါ လာသည့် အသက် ၃၅ နှစ် အရွယ် အမျိုးသမီး ကို ယာဉ်မောင်း က အဓမ္မ ကျုးလွန်ရန် ကြိုးပမ်းမှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး ထံမှ စုံစမ်း သိရှိ ရသည်။

သဲဖြူချောင်းသည် မူးယစ်ဆေးသုံးစွဲသူများ စားကျက်ဖြစ်လာ

ကချင်ပြည်နယ် ဟိုပင်မြို့နှင့် တစ်မိုင်ဝန်းကျင်ဝေးသော သဲဖြူချောင်းတွင် ကျောင်းသားအချို့ အပါအ၀င် နေ့စဉ် လူဦးရေ ၅၀၀ ကျော်အထိ လာရောက်၍ မူးယစ်ဆေးဝါး ၀ယ်ယူသုံးစွဲနေကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအဖွဲ့က ပြောသည်။

ရခိုင်ပြည်နယ်အရေးကိစ္စ သက်ဆိုင်ရာ လူမျိုးစု ၂ စုတို့ ညှိနှိုင်းအဖြေရှာရမည်ဟု ကင်တားနားပြော


ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်နေသော လူမျိုးစု ၂ စု အတူတကွ ပြန်လည် အခြေချ နေထိုင်နိုင်ရေးသည် နိုင်ငံတကာ အဖွဲ့အစည်းများ ၀င်ရောက် ဆောင်ရွက်၍ မရဘဲ ထိုလူမျိုးစု ၂ စုကသာ ဆွေးနွေး ညှိနှိုင်း အဖြေရှာရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ် သို့ ၂ ရက်ကြာ ခရီးသွားရောက်စဉ် ပြောကြားသည်။

ကားနံပါတ်များ အင်္ဂလိပ်အက္ခရာ ပြောင်းရန်စီစဉ်


ကားနံပါတ်များ အင်္ဂလိပ်အက္ခရာ ပြောင်းရန်စီစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

လက်ရှိ မောင်းနှင်နေသည့် မြန်မာအက္ခရာနံပါတ် ကားများအား အင်္ဂလိပ်အက္ခရာသို့ပြောင်းရန်စီစဉ်နေပြီဖြစ်ကြောင်း သမ္မတ
ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကပြောသည်။ 

“စည်းကမ်းမဲ့ မောင်းနေတဲ့ ယာဉ်တွေကို ဖမ်းဖို့အတွက် တပ်မယ့်စက်တွေက မြန်မာအက္ခရာကို မသိဘူး။ ဒါကြောင့် အင်္ဂလိပ်
အက္ခရာပြောင်းဖို့ လုပ်ရတာ” ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှစ၍ အငှားယာဉ်အဖြစ် အသုံးပြုသော ယာဉ်များအား AA အက္ခရာဖြင့် နံပါတ်များ  စတင် ထုတ်ပေးခဲ့သည်။

“အာဆီယံ ပုံစံနမူနာယူပြီး တင်ပြထားတာ၊ ပြည်နယ်တိုင်းဒေသကြီး အမည်ကိုရှေ့ကထည့်မလား၊ နောက်ကထည့်မလား  အကြံဉာဏ်တောင်းထားတယ်” ဟု ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။

မကြာသေးမီရက်ပိုင်းကစ၍ ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသော  ကားများ အား အရေးယူရန်အတွက် ယာဉ်
ထိန်းရဲအင်အား တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် မောင်းနှင် နေသော မော်တော်ယာဉ်စီးရေ လေးသိန်းခန့်နှင့် ဆိုင်ကယ်စီးရေ ၂၃ သိန်းခန့်ရှိကြောင်း ကုန်း လမ်းပို့ဆောင်ရေး ဦးစီးဌာနမှ မကြာသေးမီ ရက်ပိုင်းက ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

လက်ရှိ မောင်းနှင်နေသည့် မြန်မာအက္ခရာနံပါတ် ကားများအား အင်္ဂလိပ်အက္ခရာသို့ပြောင်းရန်စီစဉ်နေပြီဖြစ်ကြောင်း သမ္မတ

ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကပြောသည်။

ဗြိတိန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ လန်ဒန်တွင် လူ့အခွင့်အရေးကိစ္စများ ဆွေးနွေး

ဗြိတိန်အစိုးရ၏ နိုင်ငံခြားရေးရာနှင့် ဓနသဟာယအဖွဲ့ဆိုင်ရာရုံး (FCO)၏ အကြီးအကဲ နိုင်ငံခြားရေးရာနှင့် ဓနသဟာယရေးရာဝန်ကြီး ၀ီလီယံဟော့ဂ်သည် လန်ဒန်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဗြိတိန်ဝန်ကြီးများဖြစ်သော ဟူဂိုဆွိုင်ရာ၊ အလန်ဒန်ကန်တို့နှင့်အတူ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ဗြိတိန်အစိုးရက သတင်းထုတ်ပြန်သည်။

နိုင်ငံတော် အဆင့် ဆိုက်ဘာ တိုက်ခိုက်မှု Google သတိပေးချက် စိတ်ပူရန် မလို

နိုင်ငံတော် အဆင့် ဆိုက်ဘာ တိုက်ခိုက်မှု Google သတိပေးချက် စိတ်ပူရန် မလိုမိမိ GMail သို့ ဝင်လိုက်သည်နှင့် 'သတိ။ လူကြီးမင်း၏ အကောင့် သို့မဟုတ်  ကွန်ပျူတာကို နိုင်ငံတော် အဆင့် တိုက်ခိုက် သူများက ထိုးဖောက် ဝင်ရောက်ရန်
ကြိုးပမ်းမှုများ ရှိလာနိုင်သည်' ဟူသည့် သတိပေးချက်ကို တွေ့လျှင် အထူး စိုးရိမ် မသွားပါနှင့်။

ရုရှားတွင် ၀မ်းတစ်ထွာအတွက် လူသားစားလေသလား

မော်စကို - လူသူအရောက်အပေါက် နည်းသော တောနက်ကြီးတစ်ခုထဲ၌ သုံးလတာမျှ
လမ်းပျောက်ခဲ့ပြီးနောက် ပြန်လည် ကယ်ဆယ်ခြင်းခံခဲ့ရသူ လူ နှစ်ဦးသည် အသက်ဆက်
ရှင်ရေး အတွက် အခြားအဖော်တစ်ဦးကို သတ်ဖြတ်၍ လူသားကို စားသောက်ခဲ့ ပုံရသဖြင့်
ရုရှားစုံစမ်းစစ်ဆေးရေး များက လူသတ်မှုတစ်ခုအဖြစ် အမှုဖွင့် စုံစမ်းသွားမည်ဖြစ်ကြောင်း
အရာရှိ များက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောသည်။

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင်သွားရောက်

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့ အင်းစိန်ထောင်ကို သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာလူ့အခွင့်အရေးကော်မရှင်၊ ၈၈ မျိုးဆက်ကျောင်းသား
များအဖွဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ ဖြစ်ထွန်း တိုးတက်မှုတွေနဲ့ ပြုပြင် ပြောင်းလဲရေး အခြေအနေတွေအပေါ် မေးမြန်း ဆွေးနွေး ခဲ့ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်း က တင်ပြထားပါတယ်။

လက်ပံတောင်းတောင်အရေး ကင်တားနား အထူးစိတ်ဝင်စား

၅ ရက်ကြာ ခရီးစဉ်နဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံဆီ ရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့  နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး၊ ဒီ့နောက် ကချင်ပြည်နယ်ကို ဆက်သွားဖို့ ရှိပါတယ်။ 

မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု အမေရိကန် အချိန်ယူသင့်

လက်ရှိ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေရှိပြီး စိန်ခေါ် အကဲစမ်းချက်တွေလည်း ရှိနေတာမို့၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ချည်းကပ်တဲ့ နေရာမှာ အလောတကြီး မူဝါဒ ပြောင်းလဲတာ မျိုးတွေ မလုပ်သင့်ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ၀ါရှင်တန်ဒီစီက Heritage Foundation မှာ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပြောသွားတာပါ။