Friday, August 30, 2013

ယခုပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ်တက်ရောက်နေသော ကျောင်းသား အရေ အတွက်မှာ ယခင်ပညာသင်နှစ်ထက် နှစ်သောင်းကျော် မြင့်တက်သွားကြောင်း ပညာရေး ဝန်ကြီးဌာနအဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှသတင်းရရှိသည်။

အမျိုးသမီးပါးကို ဓားဖြင့်ခြစ်မှုအတွက် ၅ ဦးကို ဖမ်းဆီး


တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကြိုသွားသည့် အမျိုးသမီး၏ပါးကို ဓါးဖြင့် ခြစ်ခဲ့သည့် တရားခံများအား (၃)ရက်အတွင်းဖေါ်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၃၀


ရန်ကုန်မြို့က အမျိုးသမီးတယောက်ရဲ့ပါးကို ဓားနဲ့ခြစ်မှုအတွက် သံသယဖြစ်ဖွယ် ၅ ယောက်ကို စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook မှာ ရေးထားတာကို ကူးယူ ဖော်ပြလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် ပရိသတ်ကို ရွန်နီ ကျေးဇူးစကားဆို

ယခုနွေရာသီ တစ်လျှောက်လုံး အသင်းနှင့် ပတ်သက်သည့် သဘောထားကို တစ်စုံတစ်ရာ မဖွင့်ဟခဲ့သည့် ဝိန်းရွန်နီသည် ယခုအခါ မန်ချက်စတာ ယူနိုက်တက် ပရိသတ်များကို ကျေးဇူးတင်စကား ပြောဆိုလိုက်ပြီ ဖြစ်သည်။ ယူနိုက်တက်မှ ထွက်ခွာမည်ဟု သတင်းကြီး ခဲ့သော်လည်း လက်ရှိအခြေအနေတွင်မူ အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းနှင့်အတူ အနာဂတ် ဆက်လက်ဖြတ် သန်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ကွန်ဂိုတွင်သူပုန်များနှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းရှိ သူပုန်များနှင့် တိုက်ခိုက်နေသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ် ဦးကျဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု ကုလသမဂ္ဂအဖွဲ့မှ ပြောကြား လိုက်ကြောင်း သြဂုတ် ၂၉ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။



မြန်မာ့ရွှေဈေးအတက်အကျမြန်ပြီး ဆက်လက်မြင့်တက်လျက်ရှိနေ

DSC_0012 copy
မြန်မာ့ရွှေဈေးသည်ယခုလအတွင်းအတက်အကျမြန်ပြီးရက်ပေါင်းဆယ်ရက်အတွင်းကျပ်နှစ်သောင်းခန့် မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ဆီးရီးယားကိုစစ်ရေးအရ အရေးယူတိုက်ခိုက်ရန် အမေရိကန်နှင့် မဟာမိတ်များပြင်ဆင်နေ

ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲခံနေခဲ့ရသည့် ဆီးရီးယားနိုင်ငံတွင် အစိုးရကဓာတုဗေဒလက်နက်များ အသုံးပြုခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ အမေရိကန်နှင့် မဟာမိတ်များအနေဖြင့် ဆီးရီး ယားနိုင်ငံအပေါ် စစ်ရေးအရအရေးယူဆောင်ရွက်ဖွယ်ရှိနေရာ ထိုကိစ္စနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု များပြုလုပ်ခဲ့ကြကြောင်း သြဂုတ် ၂၉ ရက်က အေအက်ဖ်ပီ သတင်းဌာနမှဖော်ပြထားသည်။

တန်ဖိုးနည်းဖုန်း ပျက်စီးမှုများ၍ သုံးစွဲသူများ စိတ်ပျက်

SIM Card

ညောင်တုန်းမြို့နယ်တွင် ထုတ်ရောင်းပေးခဲ့သော တန်ဖိုးနည်း ၁,၅၀၀ ကျပ်တန် CDMA 800 MHz ၀ယ်ယူ ရရှိသော သူများမှာ သုံးစွဲပြီး မကြာမီတွင် ပျက်စီးမှုများဖြင့် ကြုံတွေ့ ကြရသဖြင့် စိတ်ပျက် နေကြကြောင်း ဖုန်းဝယ်ယူသူများက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းသည့် ဥပဒေ ပြန်ဆွေးနွေးရန် ကော်မရှင် တောင်းဆို

ပည်သူ့လွှတ်တော်က ဆက်ဆွေးနွေးရန် ဆိုင်းငံ့ထားသည့် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေကို ဆက်လက် ဆွေးနွေးပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ စာပို့ တောင်းဆို ထားကြောင်း လွှတ်တော် ကိုယ်စားလှယ် များထံမှ စုံစမ်း သိရှိရသည်။

နားထဲကို ရေ သို့မဟုတ် ဆီထည့်လျှင် နားမှိုစွဲသည့် ရောဂါ ဖြစ်နိုင်

 
ရာသီဥတု ပူပြင်းတာကြောင့် နားဆီ ခန်းခြောက်တယ် ထင်ပြီး နားထဲကို ရေ ဒါမှမဟုတ် ဆီတစ်မျိုးမျိုး ထည့်တာက နားမှိုစွဲ ရောဂါအပြင် နားကိုက်တာပါ ဖြစ်နိုင်ပါတယ်။
နားဆီက နားပြွန်ထဲမှာ ရှိသလို နားထဲမှာ အဆီကျိတ်တွေနဲ့ နားဖာချေး ထုတ်တဲ့ အကျိတ်တွေလည်း ရှိပါတယ်။ အကျိတ်တွေက ရာသီဥတု ပူလာရင် အဆီ ခြောက်တတ် ပါတယ်။

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ 

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ 
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ် တရက် ရပ်တန့်စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ သဘောကွဲ


ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား နဲ့ အမေရိကန်နိုင်ငံတွေဟာ ဆီးရီးယား အရေး တံခါးပိတ်ဆွေးနွေးပွဲကို ဒုတိယနေ့ အဖြစ်ပြုလုပ်ခဲ့ကြပေမယ့် စစ်ရေးအရ အရေးယူဖို့အတွက်တော့ တညီ တညွတ် တည်း ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။ သူတို့ရဲ့ ကြာသပတေးနေ့ အစည်းအဝေးဟာ တနာရီတောင် မကြာခဲ့သလို သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေ ကိုလည်း ဘယ်သူ ကမှ ပြန်လည် မဖြေကြားခဲ့ပါဘူး။

အိမ်ထောင်မှုသုခ အပြည့်အ၀ခံစားနိုင်စေရန် အရေးပါသောဗီတာမင်များ


ဗီတာမင်ဘီတွေဟာ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံမှန် လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဗီတာမင်ဘီ ပမာဏဟာ ထွက်ရှိလာတဲ့ လိင်ဟော် မုန်း ပမာဏနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဗီတာမင်ဘီ ခိျု့တဲ့မှု ဖြစ်ရင် နုံးချည့် ညောင်းညာတာနဲ့ အားအင် မရှိတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ အနားယူဖို့နဲ့ အိပ်စက်ဖို့ လိုအပ်နေပါတယ်။ ဗီတာမင်ဘီ အုပ်စုဟာ ဦးနှောက်လုပ်ငန်းဆောင်တာနဲ့ တွေးခေါ်နိုင်စွမ်းမှာ အရေးပါတဲ့ အပြင် စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများတာ တို့ကို လည်း လျော့ကျစေ ပါတယ်။ တချို့ ဗီတာမင်ဘီ အမျိုးအစားတွေက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သာမက အထွေထွေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါ တယ်။

"မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ်ဆဲ"


Photo: "မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ်ဆဲ"
=================================

Friday, 30 August 2013


အမေရိကန်စစ်တပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပေမယ့် မြောက်ကိုရီးယား နဲ့ ဆက်ဆံရေးအပေါ်စိုးရိမ်နေဆဲဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။

ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေး ၀န်ကြီးတွေ နဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား နဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေရဲ့ စည်းဝေးပွဲ ပြင်ပမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel နဲ့ မြန်မာအစိုးရ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်တို့ Nပီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က သီးခြားတွေ့ဆုံခဲ့ကြစဉ်မှာ မြန်မာနိုင်ငံ ရဲ့ ပြုပြက်ပြောင်းလဲမှုတွေ ဆက်လက် တိုးတက်နေဖို့အရေးကြီးသလို၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့လည်း အရေးကြီး ကြောင်း Chuck Hagel က ဆွေးနွေးခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်အစိုးရ အကြမ်းဖက်မှု နဲ့ ဘဏ္ဍာရေး စုံစမ်းထောက်လှမ်းရေး ဌာန အကြီးအကဲ David Cohen က မြန်မာနိုင်ငံ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ညွှန်ကြားရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး ကို မြောက်ကိုးရီးယားနိုင်ငံက စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ၀ယ်ယူခဲ့တဲ့ကိစ္စနဲ့ ပိတ်ဆို့အရေးယူ ကြောင်း ကြေညာခဲ့ပါတယ်။

အခုလို အမေရိကန် နဲ့ မြန်မာ ကာကွယ်ရေးဝန်ကြီးနှစ်ဦး သီးခြားတွေ့ဆုံခဲ့တာဟာ နှစ်နှစ်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

RFA
အမေရိကန်စစ်တပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပေမယ့် မြောက်ကိုရီးယား နဲ့ ဆက်ဆံရေးအပေါ်စိုးရိမ်နေဆဲဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။
8.1.1
ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကြားတွင် တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
မြန်မာနိုင်ငံအတွင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် ရဲမေအင်အား ၆၀၀ ကျော် အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။

စက်တင်ဘာလလယ်နှင့် ဒီဇင်ဘာ လကုန်ပိုင်း၌ ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းသုံးလုံး ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံတွင် မုတ်သုံစတင် ဆုတ်ခွာရာ စက်တင်ဘာလ လယ်ပိုင်းမှ ဒီဇင်ဘာလ အကုန်အထိ ဘင်္ဂလား ပင်လယ်အော်၌ မုန်တိုင်းအနည်းဆုံး သုံးကြိမ် ဖြစ်ပွားနိုင်ကြောင်း Myanmar Climate Change Watch မှ ထုတ်ပြန်ချက်အရ သိရသည်။
8.1.1
ယခုနှစ်အတွင်း ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ - မျိုးမင်းထက်)
မြို့နယ်အလိုက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကို နာမည်ကျော် ကုမ္ပဏီကြီးအချို့ အပါအ၀င် ကုမ္ပဏီ ၂၀ ကျော်က လုပ်ကိုင်ခွင့် ရရှိထားကြောင်း သတင်းရရှိသည်။