![]() |
| Yingyin post China တရုတ်နိုင်ငံမှရင်ကျန်းမြို့ တွင်ဖမ်းဆီးရမိ ခဲ့သော မြန်မာငွေ စက္ကူအတုများ ထုတ်လုပ်ရာ တွင်အသုံးပြုခဲ့သောပုံနိပ်စက်များ |
တရုတ်နိုင်ငံတွင် မြန်မာငွေစက္ကူအတုများ ထုတ်လုပ်မှု KIO အဖွဲ့မှ အချို့ ပါဝင်ပတ်သက်မှုရှိနေ မေလ ၇ ရက် ၂၀၁၃ ယခုနှစ် ဧပြီလ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့တွင် တရုတ်နိုင်ငံသားများထံမှ မြန်မာငွေကျပ် (၅၀၀၀)တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရုတ်အစိုးရ တာဝန်ရှိသူများမှ တရုတ်နိုင်ငံတွင်း ကွင်းဆက် တရားခံများအား ဖမ်းဆီးဖော်ထုတ်ခဲ့ရာ ဧပြီလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ ရင်ကျန်းမြို့တွင် တရားခံ(၆) ဦးအား မြန်မာငွေစက္ကူ အတုပြုလုပ်သည့် စက်(၇)လုံး ၊ မြန်မာငွေ အတု(၅၀၀၀)တန်နှင့် (၁၀၀၀၀)တန် ၁၁.၄ ကုဋေ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်း ရရှိသည်။



![မစိုးရိမ်ဆရာတော် ဦးဝီရသူနဲ့အစ္စလာမ်ဘာသာဝင် ဦးရွှေကြည် ဆွေးနွေး"
Tuesday, May 07 ,2013
မန္တလေး၊မစိုးရိမ် ကျောင်းတိုက်ရဲ့ နာယက ဆရာတော်ဦးဝီရသူနဲ့ အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်းရွှေကြည်ကုမ္ပဏီပိုင်ရှင် ဦးရွှေကြည်တို့ ဘာသာရေးအရညှိနှိုင်းဆွေးနွေးမှုတစ်ရပ်ကိုရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က မကွေးပရိယတ္တိ စာသင်တိုက်မှာ မနေ့ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
အခုလို နှစ်ဘက် တွေ့ဆုံဆွေးနွေးပွဲကနေ တစ်ဘက်နဲ့ တစ်ဘက် နားလည်မှုရှိလာတယ်လို့ ဆရာတော် ဦးဝီရသူက RFAကို မိန့်ကြားပါတယ်။
"ဦးဇင်းတို့ ဒီလိုမျိုးတွေ မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေ သိလာတယ်။ဒီလိုပဲ ရင်းနှီး၊ထိတွေ့မယ်ဆိုရင် ဦးရွှေကြည်ဘက်ကလည်း ရင်းနှီးချင်တဲ့သူတွေ၊ဦးဇင်းတို့ဘက်ကလည်း ထိတွေ့ချင်တဲ့သူတွေ တိုးပွားလာမယ်။ အပြန်အလှန် နားလည်မှုတွေ ရလာမယ်ဆိုရင်တော့ မြန်မာပြည်ထာဝရ ငြိမ်းချမ်းမယ်လို့ ဦးဇင်းပြောနိုင်ပါတယ်"
ဒါ့အပြင် နှစ်ဘာသာငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ နိုင်ငံတွင်း ပြည်သူတွေ အထိတ်တလန့်မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းရှိရေး စတဲ့အချက်တွေကို ဆရာတော်ဦးဝီရသူက အဓိကထား ဆွေးနွေးခဲ့ကြောင်း မိန့်ကြား ပါတယ်။
ဦးရွှေကြည်ကလည်း မြန်မာနိုင်ငံတွင်း ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာအကြား ငြိမ်းချမ်းမှုရှိပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ဖို့ အခုလို တွေ့ဆုံဆွေးနွေးကြတာဖြစ်တယ်လို့ ပြောပါတယ်။
"ဒီတွေ့ဆုံမှုက သာမန်တွေ့ဆုံမှုတော့ မဟုတ်ဘူး။ အကြမ်းဖက် ခံရတာတွေ၊ အိုးအိမ်ဖျက်စီးခံရတာတွေကို အများဆုံးကူညီပေးတာ ရဟန်းတော်တွေလေ၊ရဲထက်တောင် အများဆုံး ကူညီပေးတယ်လေ။မြန်မာလူမျိုးတွေ တိုးတက်ချင်တယ်။တိုင်းရင်းသား အားလုံးစည်းလုံးညီညွတ်ပြီး အောင်မြင်ချင်တယ်၊ဒီတော့ လက်တွေ့ကျကျ အလုပ်လုပ်မှ ရမယ်လေ"
ဒီဆွေးနွေးပွဲကို ဦးရွှေကြည်ဘက်က ဖိတ်ကြားခဲ့တာဖြစ်ပြီး မကွေးကျောင်းတိုက်ဆရာတော် ဦးပေါမောက္ခ က စီစဉ်ပေးခဲ့တာလို့ သိရပါတယ်။
RFA Burmese
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-ash3/s480x480/21209_571703662870276_601484461_n.jpg)








!["မြန်မာအသင်းနဲ့မန်ယူကစားသမားဟောင်းများ ဘောလုံးကစားမည်"
Tuesday, May 07 ,2013
လာမယ့်ဇွန်လ (၉) ရက်နေ့မှာ ကမ္ဘာကျော် မန်ချက်စတာ ယူနိုက်တက်အသင်းမှာပါဝင်ကစားခဲ့ကြတဲ့ ဘောလုံးသမားဟောင်းတွေနဲ့
မြန်မာအသင်းတို့ သုဝဏ္ဏ အားကစားကွင်းမှာ ချစ်ကြည်ရေး ရန်ပုံငွေပွဲ အဖြစ် ကစားကြမှာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကစားခဲ့ကြတဲ့ ဒင်းနစ် အီဝင်(Denis Irwin)၊အန်ဒီ ကိုး(Andy Cole)၊နဲ့ ကလေတန် ဘလက်မိုး( Clayton Blackmore )နဲ့ လီရှိတ်(Lee Sharpe) တို့ ပါဝင်မယ်လို့ သိရပြီး၊
မြန်မာဘက်က Myanmar National League ( MNL ) နဲ့ ကစားကြမှာဖြစ်ပါတယ်။
ဒီပွဲကရရှိတဲ့ ရန်ပုံငွေကို ဘုန်းတော်ကြီးကျောင်း ပညာရေး၊ ဆေးရုံတွေ နဲ့  HIV ဝေဒနာရှင်တွေ ပြန်လည် ထူထောင်ရေးတွေအတွက် လှူဒါန်းမှာဖြစ်ပါတယ်။
ပရိသတ်တွေ တခဲနက် လာရောက်အာေးပးကြပြီး၊ ရန်ပုံငွေအမြောက်အများရလိမ့်မယ်လို့ မျှော်လင့်ကြောင်း Clayton Blackmore က ပြောဆိုခဲ့ပါတယ်။
သူနဲ့ Denis Irwin တို့ ဟာ ပြီးခဲ့တဲ့ ဧပြီလ (၂၆) ရပ်နေ့က သုဝဏ္ဏ ကွင်းကိုသွားရောက်ကြည့်ရှုခဲ့ကြပြီး၊ နိုင်ငံတကာအဆင့်မီဖြစ်ဖို့ ဆောင်ရွက်ရဦးမယ်လို့ ပြောကြ ကြောင်း The Times of India သတင်းက ဖေါ်ပြပါတယ်။
RFA Burmese
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-ash3/s480x480/935101_571624512878191_2137022576_n.jpg)




![ဂျာမနီအခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်
Tuesday, May 07 ,2013
ဂျာမနီနိုင်ငံ အခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း BMW ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
အဆိုပါ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာကို ဝေဇယန္တာလမ်း (ရတနာလမ်းအနီး) တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်မည် ဖြစ်ပြီး BMW ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ကုမ္ပဏီမှာ Inspiration de Formosa အုပ်စုဖြစ်သည်။
Inspiration de Formosa အုပ်စုသည် BMW ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ ဖွင့်လှစ်မည့်နေရာတွင် မကြာမီဖွင့်လှစ်မည် ဖြစ်ကြောင်း ကြော်ငြာဘုတ်များဖြင့် အသိပေး ကြေညာထားသည်။
အဆိုပါ ကြော်ငြာဆိုင်းဘုတ်တွင် ဖော်ပြထားသည့် ဆက်သွယ်ရမည့် တာဝန်ရှိသူ Mr Jack ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပိတ်ထားခြင်းကြောင့် အသေးစိတ် အချက်အလက်များကိုမူ မသိရှိရချေ။ Inspiration de Formosa အုပ်စုသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ကုန်သွယ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းတို့ဖြင့် မှတ်ပုံတင်ထားပြီး ဒေါ်သန်းသန်းဌေးက မန်နေးဂျင်း ဒါရိုက်တာအဖြစ် တာဝန်ယူထားကြောင်း သိရသည်။
ပြုပြင်ပြောင်းလဲလာသည့် မြန်မာနိုင်ငံ၏ အခြေအနေများကြောင့် နိုင်ငံတကာ ကားကုမ္ပဏီများ၊ ယာဉ်အပိုပစ္စည်းနှင့် ၀န်ဆောင်မှု ကုမ္ပဏီများသည် ပြည်တွင်းဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လာကြပြီး ယခုဒုတိယ လေးလပတ်အတွင်း အမေရိကန်အခြေစိုက် Ford ကားကုမ္ပဏီနှင့် တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီတို့၏ တရားဝင် ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာများ ဖွင့်လှစ်ကြမည်ဖြစ်သည်။
ထို့ပြင် ဂျပန်အခြေစိုက် Toyota၊ Nissan၊ Honda၊ Suzuki ကုမ္ပဏီ တို့ကလည်း ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာများ ဖွင့်လှစ်ပြီးဖြစ်ကာ Mitsubishi ကားကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဂျာမနီအခြေစိုက် Bosch ကုမ္ပဏီကလည်း ယခုလအတွင်း ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာ ဖွင့်လှစ်မည်ဖြစ်သည်။ BMW ကားကုမ္ပဏီသည် မြန်မာဈေးကွက်တွင် လူကြိုက်များသော ထိပ်တန်းအမှတ်တံဆိပ် ဖြစ်သည်။ BMW ကို ၁၉၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြူးနစ်မြို့တွင် အခြေစိုက်ထားသည်။ BMW သည် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများ အဓိကထုတ်လုပ်ပြီး Rolls-Royce နှင့် Mini ကဲ့သို့ ကမ္ဘာကျော် ကားကုမ္ပဏီ အချို့ကိုလည်း ပိုင်ဆိုင်သည်။
BMW ကားကုမ္ပဏီသည် ၂၀၁၂ ခုနှစ်အတွင်း မော်တော်ယာဉ် ၁ ဒသမ ၇ သန်းကျော် ရောင်းချခဲ့ရပြီး ၎င်း၏ ကားမော်ဒယ် အချို့မှာ 1 - 7 စီးရီး မော်ဒယ်များ၊ X1၊ X3၊ X5၊ X6၊ Z4၊ M3၊ M5၊ M6၊ X5M၊ X6M တို့ဖြစ်သည်။
Singapore Feel
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-prn1/s480x480/601844_571611379546171_695318588_n.jpg)


![NLDမှ အများပိုင်ခြံခတ် ရွာသားများနှင့်ပဋိပက္ခဖြစ်
Tuesday,May 07,2013
ယမန်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ ကျေးရွာတွင် မြေပြန်လည်ရရှိရေး ပြုလုပ်သော အဖွဲ့သည် NLDမှ ဟုဆိုကာ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အိုးအိမ်မှ သိမ်းထားသော မြေအပါအဝင် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား အကွက်ချ ခြံစည်းရိုး ခတ်လိုက်သောကြောင့် ရွာသားများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရွှေပြည်သာ ရဲစခန်းတွင် ခေါင်းဆောင်သူ နှစ်ဦးအား ထိမ်းသိမ်းထားရကြောင်း သိရသည်။
“သူတို့က NLDအလံတွေထောင်၊ ဗိုလ်ချုပ်ပုံတွေ၊ အမေစုပုံတွေကိုထောင်ပြီး ပေ ၂၀x၆၀ မြေကွက်တွေ ချနေတာ။ NLDပါတီဝင်က တစ်ယောက်တည်း ပါတာပါ။ အဲ့ဒီမြေတွေကို ရောင်းစားဖို့ လုပ်နေလို့ ရွာသားတွေနဲ့ ပြဿနာ တက်နေတယ်လို့ ရပ်ကျေးက အကြောင်းကြားတာနဲ့ လိုက်သွားပြီး မှတ်တန်းတွေတော့ ရိုက်ထားတယ်။ ရွှေပြည်သာ NLDက ရဲရဲတောက်သိန်းအောင်နဲ့ အမှန်တရားဖော်ထုတ်ရေး အဖွဲ့က ကိုကိုနိုင်တို့ကို ရွှေပြည်သာ ရဲစခန်းက ခေါ်သွားပါတယ် ” ဟု မြောက်ပိုင်းခရိုင် NLDတာဝန်ခံ ဦးရန်နိုင်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။
ရွှေပြည်သာမှ NLD အဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးသိန်းအောင်သည် ရွှေပြည်သာ ၁၈ရပ်ကွက်မှ NLD အဖွဲ့ဝင်များအား ဝါးတစ်ရာ ကျေးရွာတွင် မကြောက်တရား ဟောပြောပွဲရှိသည်ဟုဆိုကာ ခေါ်သွားပြီးနောက် အမှန်တရားဖော်ထုတ်ရေး အဖွဲ့မှ ကိုကိုနိုင်နှင့် ပူးပေါင်း၍ ယခင် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော ဧကဝက်ခန့်ရှိသောမြေနှင့် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား ခြံစည်းရိုး ခတ်လိုက်သောကြောင့် ကျေးရွာသားများနှင့် ပြဿနာဖြစ်ပွားခဲ့သည်ဟု ရွှေပြည်သာ၁၈ရပ်ကွက်မှ NLDပါတီဝင်တစ်ဦးက ပြောကြားသည်။
ထိုသို့ ပြဿနာဖြစ်ပွားသောကြာင့် ယင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဥက္ကဋ္ဌအပါအဝင် ရပ်မိရပ်ဖများ၊ ထိုမြေများခြံစည်းရိုးခတ်သော ဦးကိုကိုနိုင်၊ ဦးသိန်းအောင်တို့နှင့် အဆိုပါမြေကိစ္စအား ဆွေးနွေးကြရာ ပြေလည်မှု မရရှိဘဲ ၎င်းကျေးရွာသားများက မကျေမနပ်ဖြစ်ပွားကာ ဘုန်းတော်ကြီးကျောင်းသို့ တစ်ရွာလုံးဝိုင်းထားသောကြောင့် ရွှေပြည်သာ ရဲစခန်းမှ မြို့နယ်မှူးနှင့် မြို့နယ်NLDမှ တာဝန်ရှိသူများက သွားရောက်ဖြေရှင်းခဲ့ပြီး မြေကွက်များ အကွက်ချ၍ ခြံစည်းရိုးခတ်သော ဦးဆောင်သူနှစ်ဦးအား ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရွှေပြည်သာ မြို့နယ်ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ပြောကြားသည်။
ယင်းကိစ္စအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အဆင့်ဆင့်တင်ပြထားပြီး ဖြစ်သောကြာင့် NLDပါတီ နာမည်အသုံးချမှုအား အရေးယူရန်နှင့် ပတ်သက်၍ ဗဟိုမှချမှတ်သည့် အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကဆက်လက် ပြောကြားသည်။
အောင်သိုက်
့မြန်မာ့ခေတ်
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ](https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-prn1/s480x480/12023_571600889547220_1412360668_n.png)

![တိုင်းရင်းသားပါတီတွေနဲ့ သမ္မတတွေ့ဆုံ
Tuesday,May 07,2013
မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီတွေကို နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စအပါအ၀င် ရခိုင်ပဋိပက္ခ အစီရင်ခံစာ အကြောင်း တွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက တိုင်းရင်းသားပါတီ ၈ ပါတီနဲ့ နိုင်ငံရေးပါတီ ၁၀ ပါတီတို့က သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်ချက်နဲ့ နေပြည်တော်မှာ တတိယ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေက သမ္မတ ဦးသိန်းစိန်ကို တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စစ်ရေးတင်းမာမှု အခြေအနေတွေ၊ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေ၊ ရခိုင်အစီရင်ခံစာအကြောင်းတွေကို ပါတီတစ်ခုချင်းအလိုက် ၅ မိနစ်စီ တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာပါတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ရေဒီယို သြစတေးလျ သတင်းဌာနကို အခုလို ပြောပြပါတယ်။
“၁၈ ပါတီဆိုတော့ ၁၈ မျိုးပေါ့၊ တိုင်းရင်းသား နယ်မြေတွေမှာ အေးချမ်းမှု မရှိတာတွေ တင်ပြတာပေါ့၊ တွေ့ဆုံဆွေးနွေးဖို့ သူတို့ နယ်မြေတွေမှာ ဖြစ်နေတဲ့ ကိစ္စတွေပေါ့၊ အခု လက်ရှိ တိုက်ပွဲတွေ အဓိက ရှင်းပြတာပေါ့၊ ပြည်နယ် တစ်ချို့ကလည်း ပြောတယ် သူတို့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အုပ်ချူပ်ရေးရ ဒေသတွေက အမတော်ကြေးရတယ်ပေါ့၊ နောက်ပြီးတော့ ရေခမ်းခြောက်ကုန်ပြီး ဆည်တွေ များများ ဆောက်ပေးဖို့ အဲ့ဒါတွေတော့ ပါတာပေါ့ဗျား။”
သမ္မတ ဦးသိန်းစိန် ကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပေါ်နေတာတွေကို အမြန်ဆုံးရပ်စဲအောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း ဦးခွန်ထွန်းဦးက ဆက်ပြောပြပါတယ်။
“တင်ပြတာအားလုံးတော့ သူကတော့ အထူးသဖြင့် လုံခြုံရေးကိစ္စတွေမှာ တိုက်ပွဲတွေ ဘာတွေဖြစ်တာ သူက ရပ်စဲအောင်တော့ သူအမြန်ဆုံး လုပ်ပေးမယ်လို့ သူပြောတာပဲ။ ဘယ်တော့လုပ်မလဲတော့ မသိဘူး၊ လယ်ယာမြေ သိမ်းတဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ တချို့မှာ မြို့နယ်မှာ အားနည်းချက် ရှိတာတွေပေါ့၊ တိုင်းရင်းသား ကိစ္စကလည်း မပြီးဘူးဖြစ်နေတာကိုး၊”
ဒီဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီကို ဖိတ်ကြားခဲ့ခြင်းမရှိခဲ့ခြင်းမရှိဘူးလို့ သိရတဲ့အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash3/s480x480/942753_571593306214645_755571375_n.jpg)





