Friday, November 7, 2014

UNA ပထမဆုံးအကြိမ် ညီလာခံ ယခုနှစ်မကုန်မီ ပြုလုပ်မည်

၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ၏ ပထမဆုံးအကြိမ် ညီလာခံကို ယခုနှစ်မကုန်မီ ပြုလုပ်မည် ဖြစ်ကြောင်း UNA အဖွဲ့ဝင် မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမင်းကျော်ဝင်းက ပြောကြားသည်။

UNA အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရေးနှင့် ပိုမိုကျစ်လျစ်သော မဟာမိတ်အဖွဲ့ ဖြစ်ပေါ်လာရေးအတွက် ညီလာခံ ခေါ်ယူခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒီနှစ်မကုန်ခင်မှာ ညီလာခံ ခေါ်ဖို့အတွက် သဘောတူညီထားတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ လုပ်မလဲ ဆိုတာတော့ ညှိနှိုင်းနေဆဲပါ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် ကမ်းနားလမ်း တစ်လျှောက် မိုးပျံလမ်း တည်ဆောက်ရန် လုပ်ဆောင် သွားမည်

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုမှာ တစ်နေ့တခြား များပြားလာလျက် ရှိရာ ထိုသို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းနိုင်ရေးအတွက် မိုးပျံလမ်းများ တည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ မှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုပါကြီးအလောင်း ရန်ကုန်ကို သယ်လာပြီ

ကိုပါကြီး၏ အလောင်းကို မော်လမြိုင်မှ ရန်ကုန်သို့ နိုဝင်ဘာ ၇ရက် နံနက်တွင် သယ်ဆောင်လာပြီဟု လိုက်ပါသတင်းယူသည့် မဇ္ဈိမ သတင်းအဖွဲ့က သတင်းပေးပို့သည်။

ကိုပါကြီး၏ အလောင်းအား နံနက် ၈နာရီခန့်တွင် မော်လမြိုင်မှ သယ်ဆောင်လာပြီး ယခု နံနက် ၁၀နညရီတွင် သထုံသို့ ရောက်ရှိပြီဖြစ်သည်။

လမ်းတစ်လျောက်တွင် လုံခြုံရေးရဲတချို့နှင့် လမ်းကြောင်းရှင်းပေးသည့် ယဉ်ထိန်းရဲ အချို့ကို တွေ့ရပြီး အခြေအနေတည်ငြိမ်လျက်ရှိသည်။

ဒုတိယဗိုလ်ချုပ်ကြီးကိုကို အပါအဝင် သုံးဦးကို စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ဟားဗတ်အစီရင်ခံစာတွင် ဖော်ပြ

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် ဗိုလ်ချုပ်မောင်မောင်အေးတို့ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း စစ်ရာဇဝတ်မှုအချို့ ကျူးလွန်ကြောင်း စိစစ်တွေ့ရှိထားသည်ဟု ဟားဗတ်ဥပဒေကျောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း အစီရင်ခံစာ ပြုစုသူတစ်ဦး ဖြစ်သည့် Mr. Matthew Bugher က The Voice သို့ ပြောဆိုသည်။

တပ်မတော်၏ လက်ရှိ ထိပ်တန်းခေါင်းဆောင် သုံးဦးသည် လွန်ခဲ့သည့် ခြောက်နှစ်ခန့်က ကရင်ပြည်နယ် အရှေ့ပိုင်း၌ လက်နက်ကိုင်တို့နှင့် တိုက်ပွဲဖြစ်ပွားစဉ် အဆိုပါပြစ်မှုမျိုး ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာများကို မော်တာကျည်ဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဆီယံ ကြေညာချက် ပေါက်ကြားမှု အာဆီယံဝင်နိုင်ငံများကို တရားဝင် သတိပေးမည်

မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး နောက်ဆုံးနေ့တွင်မှ ထုတ်ပြန်ကြေညာရမည့် အာဆီယံ ကြေညာချက်မူကြမ်း ဗီအိုအေ (VOA) သတင်းဌာနသို့ ပေါက်ကြားမှုနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံခေါင်းဆောင်များကို သတိပေး ပြောကြားသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်စေရန် မြန်မာအစိုးရအား သမ္မတအိုဘားမားက ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်များ တိုက်တွန်း

၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်စေရန် မြန်မာအစိုးရအား သမ္မတအိုဘားမားက ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်များ တိုက်တွန်း
Friday, November 7, 2014

၂ဝ၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်စေရန် မြန်မာအစိုးရအား သမ္မတအိုဘားမားက ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်များက တိုက်တွန်းလိုက်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်းမရှိပါက မြန်မာပြည်သူများအနေဖြင့် မိမိတို့လိုလားသော ခေါင်းဆောင်ကို ရွေးချယ်နိုင်ခွင့်မရှိဘဲ ရွေးကောက်ပွဲသည်လည်း မျှတမည်မဟုတ်ကြောင်း အမေရိကန်ဥပဒေပြုလွှတ်တော်အမတ် ၂ဝ ကျော်က သမ္မတအိုဘားမားထံ စာပို့အကြောင်းကြားကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြထားသည်။

အဆိုပါ အကြောင်းကြားစာမူကြမ်းကို ကွန်ဂရက်လွှတ်တော် အထောက်အကူပြုအဖွဲ့ဝင်တစ်ဦးက အေပီသတင်းဌာနသို့ ဗုဒ္ဓဟူး နေ့က ပေးပို့ခဲ့ခြင်းဖြစ်သည်။

အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ၂ဝ၁၅ ခုနှစ်ကုန်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရေပန်းစားနေသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရရန် အဟန့်အတားရှိနေသည်။ သမ္မတရာထူးအတွက် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ရွေးချယ်ခံခွင့်ရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်းလဲရေးကို စဉ်းစားသွားမည်ဖြစ်ကြောင်း လွှတ်တော်က ပြီးခဲ့သည့်လတွင် သဘောတူညီထားသည်။

သမ္မတအိုဘားမားသည် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး သမ္မတဦးသိန်းစိန်အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်လာခြင်းကို အမေရိကန်နိုင်ငံခြားရေး မူဝါဒအောင်မြင်မှုတစ်ခုအနေဖြင့် မှတ်ယူထားသော်လည်း အဆိုပါ ကွန်ဂရက်လွှတ်တော်အမတ်များက ပြုပြင်ပြောင်းလဲမှုများသည် လက်ရှိအချိန်တွင် ရပ်တန့်နေကြောင်း ပြောကြားသည်။

၎င်းတို့က လက်ရှိတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပေါ် တပ်မတော်၏ လွှမ်းမိုးမှုရှိသေးကြောင်း၊ တပ်မတော်အစိုးရလက်ထက်က ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်ဆင်ရန် လိုအပ်သေးကြောင်း ထောက်ပြပြောဆိုထားသည်။

“အဆိုပါ အခြေအနေများကြောင့် လာမည့်ရွေးကောက်ပွဲတွင် မြန်မာပြည်သူများအနေဖြင့် မိမိတို့ဆန္ဒအတိုင်း နိုင်ငံ့ခေါင်းဆောင်ရွေးချယ်နိုင်ခြင်းမရှိပါက အဆိုပါရွေးကောက်ပွဲသည် လွတ်လပ်သော တရားမျှတသော ယုံကြည်ထိုက်သော ရွေးကောက်ပွဲတစ်ခုဖြစ်နိုင်မည်မဟုတ်”ဟု သမ္မတအိုဘားမားထံ ပေးပို့သည့်စာတွင် ဖော်ပြပါရှိသည်။

Photo: ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်စေရန် မြန်မာအစိုးရအား သမ္မတအိုဘားမားက ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်များ တိုက်တွန်း

နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအနေဖြင့် တပ်မတော်လွှမ်းမိုးမှုရှိသေးသော လက်ရှိမြန်မာအစိုးရအပေါ်တွင် ယုံကြည်မှုထားရှိခြင်းသည် စောသေးကြောင်း၊ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများသည်လည်း ကာလအတော်ကြာကတည်းက ရပ်တန့်နေကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် အလွန်အကျွံ အကောင်းမြင်နေကြောင်း ပြောကြားသည်။
 
အဆိုပါအကြောင်းကြားစာတွင် ကွန်ဂရက်လွှတ်တော်အမတ်များက မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားဦးရေ မြင့်တက်လာနေကြောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်များ တစ်စတစ်စ ပြန်လည်လျော့ပါးလာနေကြောင်း ထောက်ပြထားပြီး အမေရိကန်အစိုးရအနေဖြင့် မြန်မာအစိုးရနှင့် ပုံမှန်ဆက်ဆံရေး မထူထောင်ခင် မြန်မာနိုင်ငံတွင် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်နိုင်စေရန် ရှင်းလင်းစွာလုပ်ဆောင်သင့်ကြောင်း ဝေဖန်ထားသည်။
 
ထိုအကြောင်းကြားစာပေးပို့သည့် လွှတ်တော်အမတ်များတွင် Republican ပါတီဝင် အမတ်များသာမက Democratic ပါတီဝင်အမတ်များလည်း ပါဝင်ခဲ့ပြီး စတင်ရေးသားခဲ့သူများတွင် Democratic ပါတီကိုယ်စားလှယ် ဖြစ်ပြီး ကွန်ဂရက်လွှတ်တော်အတွင်း မြန်မာနိုင်ငံအကြောင်း အဓိကပြောကြားလေ့ရှိသူ Joe Crowley နှင့် Republican ပါတီကိုယ်စားလှယ်ဖြစ်ပြီး အာရှဆိုင်ရာ ကွန်ဂရက် Panel အဖွဲ့ဥက္ကဠ Steve Chabot တို့လည်း ပါဝင်ကြောင်း သိရသည်

၂၀၁၂ ခုနှစ် နိုဝင်ဘာလက ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ အမေရိကန်သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-သန်းဇော်ထွန်း)
Eleven Media Group
နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအနေဖြင့် တပ်မတော်လွှမ်းမိုးမှုရှိသေးသော လက်ရှိမြန်မာအစိုးရအပေါ်တွင် ယုံကြည်မှုထားရှိခြင်းသည် စောသေးကြောင်း၊ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများသည်လည်း ကာလအတော်ကြာကတည်းက ရပ်တန့်နေကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် အလွန်အကျွံ အကောင်းမြင်နေကြောင်း ပြောကြားသည်။

ကိုပါကြီးအလောင်းကို ၂၄ နာရီအတွင်း သင်္ဂြိုဟ်ရန် စည်ပင်က မိသားစုထံစာပို့

ကိုပါကြီးအလောင်းကို ရင်ခွဲစစ်ဆေးပြီးချိန်ကစပြီး ၂၄ နာရီအတွင်း သင်္ဂြိုဟ်ဖို့ မွန်ပြည်နယ် စည်ပင် သာယာရေး ကော်မတီက စာထုတ်ပြန်ပြီး ကိုပါကြီးရဲ့ ဇနီးဒေါ်သန္တာဆီကို ပေးပို့ထားတယ်လို့ ဒီမို ကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။
အဲဒီစာမှာ အလောင်းကို ရင်ခွဲပြီးစီးချိန်ကစပြီး ၂၄ နာရီအတွင်း သက်ဆိုင်ရာ သုသာန်မှာ သဂြိင်္ိုဟ်ပေးဖို့ နိုဝင်ဘာလ ၅ ရက်နေ့က စည်းဝေး ဆုံးဖြတ်ခဲ့ကြောင်း လည်း ပါရှိပါတယ်။ ဒါပေမယ့် ဘယ်သုသာန်ကိုမှ ရည်ညွန်းမထားဘူးလို့လည်း နော်အုန်းလှက ပြောပါတယ်။

သုံးရက်ဆက် မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ လမ်းများနှင့် မြို့နယ်အချို့တွင် ရေကြီးမှုများဖြစ်ပွား

နိုဝင်ဘာ ၄ ရက်မှစတင်ကာ သုံးရက်ဆက် တိုက်မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိလမ်း များနှင့် မြို့နယ်အချို့၌ နိုဝင်ဘာ ၆ ရက် တွင် ရေကြီးမှုများဖြစ်ပွားခဲ့သည်။

ယင်းသို့ မိုးရွာသွန်းမှုကြောင့် ရန်ကုန် မြို့ရှိတောင်ဥက္ကလာပ၊ မရမ်းကုန်၊ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ လှိုင်၊ စမ်း ချောင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတ စသည်မြို့နယ်များရှိ ရပ်ကွက်များတွင် ရေ ကြီးမှုများဖြစ်ပွားခဲ့ပြီး အချို့မြို့နယ်များ၌  ခါးလယ်လောက်အထိပင် ရေကြီးမှုများ ဖြစ် ပွားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ပိုမိုအားကောင်းကာ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး စောင့်ကြည့်ရမည့် အနေအထားရှိနေ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ် နေသော မုန်တိုင်းသည် မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကာ ပိုမိုအားကောင်းပြီး ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ နိုင်သော ကြောင့် စောင့်ကြည့်ရမည့် အနေအထားရှိနေ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီး ဌာနမှ သိရသည်။

နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ မြန်မာသံတော်ဆင့်ဂျာနယ် ထုတ်ဝေသူမှ ဂျာနယ်ဖြန့်ချိရေးအထိ ၁၁ ဦးကို တရားရင်ဆိုင်ရန်အတွက် သမ္မန်စာပို့

မြန်မာသံတော်ဆင့်ဂျာနယ်ပါဆောင်းပါးသည် နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ မြန်မာသံတော် ဆင့်ဂျာနယ်၏ ထုတ်ဝေသူ/အယ်ဒီတာချုပ် မှ ဖြန့်ချိရေးအထိ ၁၁ ယောက်ကို တရားစွဲ ဆိုခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် တရားရုံးက ဆင့် သမ္မန်စာပေးပို့ခဲ့သည်ဟု အဆိုပါဂျာနယ်၏ တာဝန်ခံ အယ်ဒီတာတစ်ဦးဖြစ်သူ ဦးအောင် ထွန်းလင်းက  The Daily Elevenသို့ ပြော ကြားသည်။

ပုဗ္ဗသီရိတရားရုံးမှ ရုံးတော်သို့ လာ ရောက်ရန်ဆင့်ခေါ်စာကို နိုဝင်ဘာ ၅ ရက် က မြန်မာ သံတော်ဆင့် ဂျာနယ်သို့ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် စွဲဆိုဆင့်ခေါ် ခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘီလာရုစ်မှ ပြန်လည်ရောက်ရှိ

ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည် ရေးခရီး သွားရောက်ခဲ့သည့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မ တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည်  နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိ လာကြောင်း သိရသည်။

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ခြင်းမရှိ

ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၈၀ ခန့်၊ အိန္ဒိယနိုင်ငံ ပို့ဘလဲ(လ်)ယားမြို့၏ အနောက်မြောက်ဘက် မိုင် ၃၆၀ ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့ တောင်ဘက် မိုင် ၃၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

တင်းမာမှုများမဖြစ်စေရေး ပဋိပက္ခညှိနှိုင်းရေးအဖွဲ့သို့ ဦးစွာအကြောင်းကြားရန် နှစ်ဖက်သဘောတူ

နှစ်ဖက်တင်းမာမှု များမဖြစ်စေရန် အောက်ခြေရှိ အစိုးရနှင့် ကေအိုင်အေအောက် ခြေတပ်များအချင်းချင်း ထုတ်ပြန် မှုများမပြုလုပ်ဘဲ ပဋိပက္ခညှိနှိုင်း ရေးအဖွဲ့သို့ ပထမဆုံးအကြောင်း ကြားရန် နှစ်ဖက် သဘောတူ ခဲ့ကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့တွင် နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် (၈) ကြိမ် မြောက် ပဋိပက္ခဖြေရှင်းရေးအဖွဲ့ တွေ့ဆုံပွဲ၌ ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

‘‘အောက်ခြေချင်းစာပို့တာ တွေ တစ်ခုခုလုပ်မယ်ဆိုရင် ပဋိ ပက္ခဖြေရှင်းရေးအဖွဲ့ကို အရင်အ ကြောင်းကြားဖို့ ဆွေးနွေးခဲ့ကြ တယ်။ အရင်က အောက်ခြေမှာ ဖြစ်ပြီးမှ ဒီအဖွဲ့ကို ရောက်လာ တယ်ဆိုတော့ နောက်ကျတာတွေ ရှိတယ်’’ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ (PCG) မှ ဦးအင်ရှန်ဆန်အောင်က ပြောသည်။

အာဆီယံထိပ်သီးအစည်းအဝေးတက်မည့် နိုင်ငံ့ခေါင်းဆောင် ၁၈ ဦး လုံခြုံရေး ရဲမှူးကြီး ၁၈ ဦး တာဝန်ယူမည်

Photo: အာဆီယံထိပ်သီးအစည်းအဝေးတက်မည့် နိုင်ငံ့ခေါင်းဆောင် ၁၈ ဦး လုံခြုံရေး ရဲမှူးကြီး ၁၈ ဦး တာဝန်ယူမည်
Friday, November 7, 2014

အာဆီယံထိပ်သီးအ စည်းအဝေးတက်ရောက်မည့် နိုင်ငံ့ခေါင်းဆောင် ၁၈ ဦး၏ လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၁၈ ဦးက တစ်ဦးချင်း တာဝန်ယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက် အထိ နေပြည်တော်တွင် ကျင်းပ မည့် အာဆီယံထိပ်သီးအစည်း အဝေးသို့ ဥရောပနှင့် အာရှမှ အင် အားကြီး ရှစ်နိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့မှ ခေါင်း ဆောင်များ တက်ရောက်မည် ဖြစ်သည်။ ထို့ပြင် အာဆီယံနိုင်ငံ ၁၀နိုင်ငံခေါင်းဆောင်များပါ တက်ရောက်မည် ဖြစ်၍ စုစုပေါင်း ထိပ် သီးခေါင်းဆောင် ၁၈ ဦးအတွက် လုံခြုံရေးကို ရဲမှူးကြီး ၁၈ ဦးအား ရဲချုပ်က တာဝန်ပေးခဲ့ခြင်း ဖြစ် ကြောင်း သတင်းရရှိသည်။ ထိပ် သီးအစည်းအဝေးသို့ တက်ရောက် မည့် နိုင်ငံတကာခေါင်းဆောင် များတွင် ၎င်းတို့၏ လုံခြုံရေးအဖွဲ့ များလည်း ပါရှိလာမည် ဖြစ်သည်။‘‘သူတို့တွေ အဓိကသွားမယ့် လေဆိပ်၊ MICC ခန်းမနဲ့ ဟိုတယ် တွေမှာ ကျွန်တော်တို့က ရဲအင် အားအပြည့်နဲ့ လုံခြုံရေးစောင့် မယ်။ နိုင်ငံ့ခေါင်းဆောင်တစ် ယောက်ကို ကျွန်တော်တို့က တစ် ယောက်ချင်း လုံခြုံရေးယူသွား မယ်’’ဟု အာရှနိုင်ငံတစ်ခုမှ ခေါင်းဆောင်တစ်ဦးကို လုံခြုံရေးယူပေး မည့် ရဲမှူးကြီးတစ်ဦးက ပြော သည်။ အမေရိကန်သမ္မတ အိုဘား မား၏ လုံခြုံရေးကို ငွေကြေးခ၀ါချ မှု တိုက်ဖျက်ရေးအဖွဲ့မှ ရဲမှူးကြီး ကျော်ဝင်းသိန်း တာဝန်ယူရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အာဆီယံထိပ်သီးအစည်း အဝေးသို့ တက်ရောက်မည့် နိုင်ငံခေါင်းဆောင်များ တည်းခိုရန် မူလက နေပြည်တော်ရှိ ဟိုတယ် ၁၁ လုံးတွင် စီစဉ်ထားခဲ့သော်လည်း လိုအပ်ချက်အရ နောက်ထပ် ဟိုတယ်ခုနစ်လုံးကို ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံငှားရမ်းခဲ့ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် လုံခြုံရေးရဲအင်အားလည်း ထပ်မံတိုးခဲ့ရကြောင်း သတင်းရရှိသည်

အာဆီယံထိပ်သီးအစည်းအဝေး လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − MOI)
7Day Daily
အာဆီယံထိပ်သီးအ စည်းအဝေးတက်ရောက်မည့် နိုင်ငံ့ခေါင်းဆောင် ၁၈ ဦး၏ လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၁၈ ဦးက တစ်ဦးချင်း တာဝန်ယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက် အထိ နေပြည်တော်တွင် ကျင်းပ မည့် အာဆီယံထိပ်သီးအစည်း အဝေးသို့ ဥရောပနှင့် အာရှမှ အင် အားကြီး ရှစ်နိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့မှ ခေါင်း ဆောင်များ တက်ရောက်မည် ဖြစ်သည်။ ထို့ပြင်

တရုတ်ခရီးစဉ်တွင် နှစ်နိုင်ငံကောင်းကျိုး ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Photo: တရုတ်ခရီးစဉ်တွင် နှစ်နိုင်ငံကောင်းကျိုး ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Friday, November 7, 2014

အတိုက်အခံပါတီခေါင်း ဆောင်တစ်ဦးအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ပထမဆုံး အကြိမ်သွားရောက်မည့်ခရီးစဉ် တွင် နိုင်ငံနှစ်နိုင်ငံ ကောင်းရာ ကောင်းကျိုးများကိုသာ ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဥက္ကဋ္ဌအနေဖြင့် ဒီဇင် ဘာလတွင် တရုတ်ပြည်သူ့သမ္မ တနိုင်ငံသို့ သွားရောက်မည်ဖြစ် သော်လည်း အစီအစဉ်အသေး စိတ်ကို ပါတီက ထုတ်ဖော်ပြော ကြားခြင်းမရှိခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်က လည်း စီစဉ်နေဆဲဖြစ်၍ လတ်တ လောမပြောနိုင်သေးကြောင်းသာ ဖြေကြားခဲ့သည်။

သို့သော် နိုဝင်ဘာ ၁၂ရက်မှ ၁၄ရက်အထိ ပြုလုပ်မည့် အာဆီ ယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်မည့် တရုတ်ဝန်ကြီး ချုပ်လီကီကျန်းသည် ၎င်း၏ ခရီး စဉ်အတွင်းဒေါ်အောင်ဆန်းစု ကြည်နှင့် သီးသန့်တွေ့ဆုံမည်မ ဟုတ်ကြောင်း ရိုက်တာသတင်းဌာ နက နိုဝင်ဘာ ၆ရက် ရက်စွဲဖြင့် သတင်းရေးသားထားသည်။

၂၀၁၂ခုနှစ်တွင် ဒေါ်အောင် ဆန်းစုကြည် နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်ပြီးနောက် ပြည်ပခရီးစဉ်များ ပြည်လည်သွားရောက်ချိန်တွင် တရုတ်နိုင်ငံမပါဝင် သဖြင့် မီဒီယာများက မေးခွန်း ထုတ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် သွား ရောက်ရန်ဆန္ဒရှိသော်လည်း တရုတ်အစိုးရက တရားဝင်ဖိတ် ခေါ်မှသာ သွားရောက်နိုင်မည်ဖြစ် ကြောင်း ပြန်လည်ဖြေဆိုခဲ့ဖူး သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် များနှင့် ပါတီဝင်များအနေဖြင့်မူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အဖွဲ့အစည်းများ၏ ဖိတ်ခေါ် မှုဖြင့် တရုတ်နိုင်ငံသို့ လေ့လာရေး ခရီးစဉ် အနည်းဆုံး ၄ကြိမ်ခန့်သွား ခဲ့ဖူးသည်ဟု သိရသည်

နိုဝင်ဘာ ၆ ရက်က သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများကို ဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily
အတိုက်အခံပါတီခေါင်း ဆောင်တစ်ဦးအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ပထမဆုံး အကြိမ်သွားရောက်မည့်ခရီးစဉ် တွင် နိုင်ငံနှစ်နိုင်ငံ ကောင်းရာ ကောင်းကျိုးများကိုသာ ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဥက္ကဋ္ဌအနေဖြင့် ဒီဇင် ဘာလတွင် တရုတ်ပြည်သူ့သမ္မ တနိုင်ငံသို့ သွားရောက်မည်ဖြစ် သော်လည်း အစီအစဉ်အသေး စိတ်ကို ပါတီက ထုတ်ဖော်ပြော ကြားခြင်းမရှိခဲ့ပေ။

အင်းစိန်မြို့နယ်တွင် ဓားဖြင့် အနုကြမ်းစီးသူများအားဖမ်းမိ

အင်းစိန်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ နံနက် ၂ နာရီတွင် ဓားဖြင့်အနုကြမ်း စီးခြိမ်းခြောက်လုယက် ခဲ့သည့်အ မှုမှ တရားခံများကို သုံးရက်အ တွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှသတင်းရရှိ သည်။

နိုဝင်ဘာ ၃ရက် နံနက် ၂နာ ရီခန့်က အင်းစိန်မြို့နယ်၊ စဥ့်ငူရပ် ကွက်ရှိ ‘ဆုံဆည်းရာ’စားသောက် ဆိုင်တွင် ဓားဖြင့်အနုကြမ်းစီးလု ယက်မှုဖြစ်ပွားခဲ့ပြီး သုံးရက်အကြာတွင် တရားခံများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။