Wednesday, October 16, 2013

ရွာသားပခုံးပေါ်ခွစီးပြီး ရေလွှမ်းမိုးရာဒေသသို့သွားခဲ့သော တရုတ်အရာရှိ အလုပ်ဖြုတ်ခံရ

Photo: ရွာသားပခုံးပေါ်ခွစီးပြီး ရေလွှမ်းမိုးရာဒေသသို့သွားခဲ့သော တရုတ်အရာရှိ အလုပ်ဖြုတ်ခံရ
Wednesday, October 16, 2013
 
တရုတ်ပြည်ရေလွှမ်းမိုးရာ နေရာဖြစ်သော Zhejiang ပြည် နယ်သို့ သွားရောက်လေ့လာသော တရုတ်နိုင်ငံသားအရာရှိတစ်ဦး သည် ရွာသားများ၏ ပခုံးပေါ် ခွစီးပြီး လှည့်လည်ကြည့်ရှုနေသည့် ဓာတ်ပုံများ အွန်လိုင်းတွင်ပေါ် ထွက်လာသဖြင့် ပြည်သူများဒေါ သထွက်ခဲ့ကြရကြောင်း အောက် တိုဘာ၁၄ရက် မီဒီယာသတင်း များတွင် ဖော်ပြခဲ့သည်။ 

အဆိုပါဓာတ်ပုံများသည် တိုင်ဖွန်းဖီတို တိုက်ခတ်ပြီးချိန်က Sina Weibo ဝက်ဘ်ဆိုက်တွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန သတင်းများ အရ သိရသည်။ အဆိုပါအရာရှိသည် တန် ဖိုးကြီးဖိနပ်စီးထားသဖြင့် ရွာသား များပခုံးတွင် ခွစီးလာခြင်းဖြစ် ကြောင်းလည်း သတင်းများအရ သိရသည်။ 

၎င်းသည် Sanqishi မြို့နယ် အနီးရှိ ဆောက်လုပ်ရေးရုံးခန်း ၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ထို အဖြစ်အပျက်ဖြစ်ပွားပြီးနောက် ဒေ သဆိုင်ရာအစိုးရအဖွဲ့က ၎င်း ကို ရာထူးမှရပ်နားလိုက်သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။ ထိုအရာရှိ၏တန်ဖိုးကြီး ဖိနပ်ကိုချွတ်ပြီး ခြေဗလာဖြင့် လမ်း လျှောက်ခိုင်းသည်ထက် ရွာသား များပခုံးထက်တွင် ခွစီးလျှင် ပို ကောင်းမည်ဟု ရွာသားများကို တိုက်တွန်းခဲ့ကြောင်းလည်း သိရ သည်။ တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီသည် လာဘ်ပေး လာဘ်ယူမှုများကို တရားဝင်ဖြို ခွင်းလျက်ရှိသော ပါတီတစ်ခုဖြစ် ရာ အင်တာနက်သည် တရုတ်နိုင်ငံ သားများ၏ ပြဿနာများအများ ဆုံးသိရှိနိုင်ကြောင်း သိရသည်။

Ref- Reuters
Yangon Media Group
တရုတ်ပြည်ရေလွှမ်းမိုးရာ နေရာဖြစ်သော Zhejiang ပြည် နယ်သို့ သွားရောက်လေ့လာသော တရုတ်နိုင်ငံသားအရာရှိတစ်ဦး သည် ရွာသားများ၏ ပခုံးပေါ် ခွစီးပြီး လှည့်လည်ကြည့်ရှုနေသည့် ဓာတ်ပုံများ အွန်လိုင်းတွင်ပေါ် ထွက်လာသဖြင့် ပြည်သူများဒေါ သထွက်ခဲ့ကြရကြောင်း အောက် တိုဘာ၁၄ရက် မီဒီယာသတင်း များတွင် ဖော်ပြခဲ့သည်။

ရန်ကုန်မြို့၌ ဗုံးခွဲသူဟု သံသယ ရှိသူများ ဖမ်းမိပြီ

ရန်ကုန်မြို့၌ ဗုံးခွဲသူဟု သံသယ ရှိသူများ ဖမ်းမိပြီ
Wednesday, October 16, 2013

နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ပျက်ပြား စေရန် ရည်ရွယ်ပြီး ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး အချို့တွင် မသမာသူများက ဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့ကြသည်။ အထူးသဖြင့် ပြည်သူများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့် ကြမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတည်ငြိမ် အေးချမ်းမှုကို ထိခိုက် ပျက်ပြားစေရန် ဦးတည် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိ ရသည်။

အောက်တိုဘာ ၁၃ ရက် နံနက် ဝဝ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း အဝေးပြေး ကားဝင်းရှေ့ ကားမှတ်တိုင်ရှိ ခရီးသည် နားနေဆောင် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတ မြို့နယ် အခွန်လွတ် ဈေးခြံစည်းရိုး အနီး ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်၊ အောက်တိုဘာ ၁၄ ရက် နံနက် ၁ဝ နာရီခန့်တွင် အလုံမြို့နယ် ကမ်းနားလမ်းရှိ Western Park II စားသောက်ဆိုင် စားပွဲခုံ အောက်၌ ကြွပ်ကြွပ်အိတ် အနက်ဖြင့် ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ်စဉ်နှင့် ည ၁၁ နာရီ မိနစ် ၂ဝ ခန့်တွင် ကျောက်တံတား မြို့နယ် ကုန်သည်ကြီးများ ဟိုတယ် အခန်းအမှတ် ၉၂၁ ၌ ပေါက်ကွဲမှု ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ပြီး နိုင်ငံသား နှစ်ဦးနှင့် နိုင်ငံခြားသူ တစ်ဦးတို့ ဒဏ်ရာ ရရှိခဲ့ပြီး ယင်းဖြစ်စဉ်များတွင် သံသယရှိသူ စောမြင့်လွင် (ခ)မောထ ဆိုသူအား ဖြစ်စဉ်ဖြစ်ပွားပြီး ၂၄ နာရီအတွင်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာ ၉ ရက်က ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့မှ ဖြူးမြို့သို့ ထွက်ခွာ လာသည့် ဇေယျာဟိန်းယာဉ် လိုင်းပေါ်၌ တွေ့ရှိရသော ကြွပ်ကြွပ်အိပ်နှင့် ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ်စဉ်နှင့် အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ ချမ်းမြေ့တည်း ခိုခန်း အပေါ်ထပ် အခန်းအမှတ် ၆ တွင် ပေါက်ကွဲမှု ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များတွင် အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ရာ အဆိုပါ ဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ စောထွန်းထွန်း ဆိုသူဖြစ်ကြောင်း ဖော်ထုတ်ရရှိပြီး ၄င်းအား ဖမ်းဆီးရမိရေး အတွက် ပြည်သူလူထုနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

အလားတူ အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ၁၆ လမ်းနှင့် လမ်း ၈ဝ ထောင့် စားသောက်ဆိုင် တစ်ဆိုင်တွင် မိုင်းတွေ့သည့်ဖြစ်စဉ်နှင့် ယနေ့ နံနက် ၃ နာရီခွဲ ခန့်တွင် စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက် ရွှေပြည့်စုံ တည်းခိုခန်း အပေါ်ဆုံး တတိယထပ် စားသောက်ခန်း ပေါက်ကွဲမှုနှင့် နံနက် ၅ နာရီ ၄၅ မိနစ် ခန့်တွင် စစ်ကိုင်းမြို့ ဆွမ်းဦး ပုညရှင်စေတီ ယာဉ်ရပ်နားနေရာ ပေါက်ကွဲမှု ဖြစ်စဉ်တို့ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး တရားခံများ ဖော်ထုတ် ဖမ်းဆီးရမိရေး အတွက် တရားဥပဒေ စိုးမိုးရေး အဖွဲ့များက ပြည်သူ လူထုနှင့် ပူးပေါင်း ဖော်ထုတ် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ဖြစ်စဉ်များတွင် ပြည်သူလူထု၏ အားတက်သရော ဝိုင်းဝန်း ကူညီမှုဖြင့် ဖော်ထုတ် ရရှိသူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တရားခံ ပေါ်ပေါက်ခြင်း မရှိသေးသည့် ဖြစ်စဉ်များကိုလည်း ပြည်သူလူထု၏ ပူးပေါင်း ကူညီမှု များဖြင့် စစ်ဆေးဖော်ထုတ် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မြ၀တီ

http://www.myanmaronlinenews.net/2013/10/blog-post_3190.html
နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ပျက်ပြား စေရန် ရည်ရွယ် ပြီး ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး အချို့တွင် မသမာသူများက ဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့ကြ သည်။ အထူးသဖြင့် ပြည်သူများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့် ကြမှုများ ဖြစ်ပေါ်စေ ပြီး နိုင်ငံ တည်ငြိမ် အေးချမ်းမှုကို ထိခိုက် ပျက်ပြားစေရန် ဦးတည် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိ ရသည်။

ဆီးဂိမ်း အားကစားသမားများ တည်းခိုမည့် ဟိုတယ် ၃၃ လုံးကို လုံခြုံရေး စစ်ဆေးမှု ပြုလုပ်သွားမည်

ဆီးဂိမ်းအားကစားသမားများ တည်းခိုမည့်ဟိုတယ် ၃၃လုံးကို လုံခြုံရေး အတွက် တိုးမြှင့်စစ်ဆေး မှုများဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
မကြာမီတွင် ကျင်းပတော့ မည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ (SEA Games) တွင် အာကစားသမားများ၊ မီဒီ ယာများ၊ လေ့လာသူများတည်း ခိုမည့် ဟိုတယ်၃၃လုံးကို ဟိုတယ် နှင့်ခရီး သွားလာရေးဝန်ကြီးဌာ န၊ ဟိုတယ် လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)တို့မှ လုံခြုံရေး အရ လိုအပ် သည် များ ကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောသည်။

နိုင်ငံတကာသတင်းတို

• အီရန်နိုင်ငံအတွင်းရှိ တက္ကသိုလ်များအား ယခင်ထက်ပို၍ လွတ်လပ်ခွင့်များ ပေးရန်အတွက် သမ္မတ ရိုဟာနီက ဆော်သြလိုက်ကြောင်း အောက်တိုဘာ ၁၅ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြ ထားသည်။ ယခင်ကာလများတွင် အီရန် တက္ကသိုလ်များမှ ပါမောက္ခများနှင့် ကျောင်းသားများမှာ ၎င်းတို့ ၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အကျဉ်းချခံရလေ့ရှိသည်။ တီဟီရမ်တက္ကသိုလ်တွင် တက်ရောက်

ဗုံး သတိ အမြဲရှိကြပါစေ

လက်ရှိ အနေအထားမှာ မြန်မာ နိုင်ငံ ရဲ့ နာမည်ရှိ မြို့တော်တော်များများ နဲ့ နေရာတွေ မှာ ဗုံးလန့်သံ ၊ ဗုံးထောင်သံ ၊ ဗုံးတွေ့သံတွေ ဟာ ကြွက်ကြွက်ညံအောင် မြည်လာကြပြီး ပြည်သူတွေရဲ့ လုံခြုံမှု ကို ခြိမ်းခြောက်လာတာတွေ တွေ့ရပါတယ်။ဒီဗုံးထောင်တဲ့ တရားခံကို ရှာဖွေ ဖမ်းဆီးမိခြင်းမရှိသေးတဲ့ အချိန်အထိ တော့ သူလောငါလော ဟိုအဖွဲ့အစည်းလော ဒီအဖွဲ့စည်းလော ဆိုတဲ့ သံသယတွေ နဲ့ဆက်စပ် တွေးတော စောင့်ကြည့်နေကြမယ်ဆိုတာ သေချာသလောက်ရှိပါတယ်။ဒီအပေါ်မှာ ကျွန်တော် အမြင်နဲ့ သုံးသပ်ဝေဖန်ခြင်းကို တင်ပြလိုပါတယ်။ 

Facebook ကြောင့် မိသားစုတစ်စုလုံး သတ်သေမှုဖြစ်ပွားခဲ့ရတဲ့ Facebook သုံးသူများ သတိပြုဆင်ခြင်ဖွယ် ရင်နင့်စရာဖြစ်ရပ်တစ်ခု

ဒီဖြစ်ရပ်လေးဟာ Facebook ပေါ်က ဖြစ်ရပ်မှန်အဖြစ်အပျက်လေးတစ်ခုပါ။Facebook သုံးစွဲသူ သမီးပျိုလေးများ အနေနဲ့ သတိပြုဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်။

ဖြူးမြို့နယ်၌ ဒုတိယအကြိမ် ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွား


Photo: ဖြူးမြို့နယ်၌ ဒုတိယအကြိမ် ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွား
Wednesday, October 16, 2013

ယခုနှစ်အတွင်း ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ်၌ ခေါင်းဖြတ်လူသတ်မှု ဒုတိယအကြိမ် ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်စဉ်တွင် ကျူးလွန်သူ အသုံးပြုခဲ့သည်ဟု ယူဆရသည့် ဓားကိုတွေ့ရှိခဲ့ကြောင်း ဖြူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားခဲ့သည့် ပတ်ဝန်းကျင်အား စစ်ဆေးချက်အရ အသတ်ခံရသူ နှစ်ဦးမှာ ထမင်းမစားမီတွင် အသတ်ခံရခြင်း ဖြစ်ကြောင်း ရဲစစ်ဆေးချက်အရ သိရှိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၂ ရက်တွင် ဖြူးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၁/၁၁၁၃ ကြား အနောက်ဘက်ကမ်း တောင်ခြေ ဒေါ်သန်းသန်းကြွယ် ပျဉ်းကတိုး စိုက်ပျိုးရေး ခြံအတွင်း ခြံစောင့်ဖြစ်သည့် ဦးဇော်မင်း (၅၆)နှစ်၊ ဒေါ် တင်လှ(၅၃)နှစ်တို့မှာ ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။ 

အသတ်ခံရသူ ကိုဇော်မင်းမှာ ခေါင်းဖြတ် သတ်ခံရပြီး အခင်းဖြစ်ပွားခဲ့ သည့် နေရာနှင့် ကိုက် ၁၀၀ အကွာ လျှိုမြောင်းအတွင်း သွေးများပေ ကျံ နေသည့် ဓား၊ ထမင်းချိုင့်နှင့် ထမင်းထုပ်တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ''အခင်းဖြစ်ပွားခဲ့တဲ့ နေရာနဲ့ မနီးမဝေးမှာရှိတဲ့ လျှိုမြောင်းတစ်ခုထဲမှာ လူသတ်တဲ့အခါမှာ အသုံးပြုခဲ့တယ်လို ထင်ရတဲ့ သွေးတွေ ပေနေတဲ့ ဓားကို တွေ့ရတယ်၊ ပြီးတော့ ထမင်းချိုင့်ထဲမှာက ဟင်းနဲ့ထမင်းတွေ ရှိနေတဲ့အတွက် သူတို့နှစ်ယောက်ကို ထမင်းမစားခင်မှာ သတ်ခဲ့တယ်လို အကြမ်းဖျင်း ယူဆထားပါတယ်။ သတ်ခံခဲ့ရတဲ့သူ နှစ်ယောက်ကနေ အိမ်အတိအကျ မရှိဘူး၊ သိတဲ့အိမ်တွေမှာ နေရင်းနဲ့ ပျဉ်းကတိုး စိုက်ပျိုးရေးခြံထဲမှာ ခြံစောင့်လုပ်နေတဲ့ သူတွေဖြစ်ပါတယ်'' ဟု ဖြူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့မှူးရဲမှူး စိုးသန်းက ပြောကြားခဲ့သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ''အခင်းဖြစ်ပွားခဲ့တဲ့ နေရာနဲ့ မနီးမဝေးမှာရှိတဲ့ လျှိုမြောင်းတစ်ခုထဲမှာ လူသတ်တဲ့အခါမှာ အသုံးပြုခဲ့တယ်လို ထင်ရတဲ့ သွေးတွေ ပေနေတဲ့ ဓားကို တွေ့ရတယ်၊ ပြီးတော့ ထမင်းချိုင့်ထဲမှာက ဟင်းနဲ့ထမင်းတွေ ရှိနေတဲ့အတွက် သူတို့နှစ်ယောက်ကို ထမင်းမစားခင်မှာ သတ်ခဲ့တယ်...
 
သေဆုံးသူ နှစ်ဦးမှာ ဖြူးမြို့နယ် ကျွဲမကူး ကျေးရွာရှိ ဆွေမျိုးတစ်အိမ်တွင် နေထိုင်ပြီး အလုပ်လုပ်ကိုင်သူ ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ရဲမှူးစိုးသန်းက ''ကျွန်တော်တို့ သတင်းရခဲ့တဲ့ အချိန်က ညနေ ၆ နာရီဖြစ်တယ်။ သတ်ခံရတယ်လို့ ယူဆရတဲ့ အချိန်ကတော့ မွန်းတည် ၁၂ နာရီဝန်းကျင် အချိန်ကလို့ ယူဆရတယ်။ ဒါကြောင့် တရားခံက တိမ်းရှောင်ဖို့ အခြေအနေတွေ အများကြီး ရသွားတယ်၊ အခင်းဖြစ်တဲ့ နေရာကလည်း လူတွေသွားလာမှု ဖြစ်တဲ့နေရာ ဖြစ်တယ်၊ ဒါပေမဲ့ အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်'' ဟု ပြောကြားခဲ့သည်။ လူသတ်မှု ဖြစ်စဉ်မှ ခေါင်းဖြတ် လူသတ်ခံရသူ၏ ဦးခေါင်းကို ရှာဖွေနေဆဲ ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ဖြူး မြို့နယ် ရဲတပ်မှူးက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကို ဖြူးမြို့မ ရဲစခန်း(ပ)၄၃၃/ ၁၃၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီတွင် ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ဇဟားကျေးရွာ ရန်ကုန်-မန္တလေး (ပုံမှန်)ကားလမ်း မိုင်တိုင်အမှတ် ၁၃၉/၁ နှင့် ၁၃၉/၂အကြားရှိ တံတားအမှတ်၁၄၀/၁ ဇဟား ချောင်းတံတားအောက် အနောက်ဘက်ကမ်းစပ် တစ်နေရာတွင် ပီနံအိတ်ကြီး တစ်လုံးအတွင်း အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော ဦးခေါင်းပြတ် (ဦးခေါင်းမပါ) အသက် ၂၀ ၀န်းကျင်ခန့် အမည်မသိ အမျိုးသမီး တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့နောက် ဦးခေါင်းအား ဆက်လက် ရှာဖွေရာ ညနေ ၃ နာရီတွင် မိုင်တိုင်အမှတ် ၁၃၈/၂ မှ ၁၃၈/၃ ကြား ရန်ကုန်-မန္တလေး ကားလမ်းနှင့် ရထားလမ်းကြား ကွင်းပြင်ထဲတွင် ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှ ကျူးလွန်သူကို ဖမ်းဆီးရမိရန် CID မှ စစ်ဆေး နေသော်လည်း ယခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက ခေါင်းဖြတ် လူသတ်မှု ဖြစ်ပွားခဲ့သည့် နေရာအား စစ်ဆေးနေစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)
Eleven Media Group

ယခုနှစ်အတွင်း ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ်၌ ခေါင်းဖြတ်လူသတ်မှု ဒုတိယအကြိမ် ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်စဉ်တွင် ကျူးလွန်သူ အသုံးပြုခဲ့သည်ဟု ယူဆရသည့် ဓားကိုတွေ့ရှိခဲ့ကြောင်း ဖြူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

လိပ်ခေါင်းရှိသူများ သက်သာစေမည့် အလွယ်ကုသနည်း ရှစ်သွယ်

Photo: လိပ်ခေါင်းရှိသူများ သက်သာစေမည့် အလွယ်ကုသနည်း ရှစ်သွယ်

လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစားနေရပါသလား။ လိပ်ခေါင်းဝေဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။

၁) ရေကုထုံးသုံးပါ

ရေဟာ ရောင်ရမ်းနာကျင်ကာ ယားယံနေတဲ့ လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စအိုတစ်ဝိုက်ကို အေးမြတဲ့ အဝတ်စတစ်စ ကပ်တာ ဒါမှမဟုတ် ၁၀ မိနစ်လောက် ကြက်သီးနွေးရေထဲ စိမ်ပေးတာကို လုပ်ပေးပါ။ လိပ်ခေါင်းရှိသူ အများစုဟာ အိမ်သာသုံးစက္ကူ အစား စိုစွတ်တဲ့ အိမ်သာသုံး တစ်သျှူးနဲ့ ညင်ညင်သာသာ သုတ်ပေးတာကြောင့် လိပ်ခေါင်း သက်သာတာကို တွေ့ရှိရပါတယ်။

၂) မိမိဘာသာ အလွယ်တကူ ဝယ်နိုင်သောဆေးများ သုံးပါ

မိမိဘာသာ အလွယ်တကူ ဝယ်နိုင်တဲ့ လိပ်ခေါင်း ပျောက်ဆေးတွေဟာ လိပ်ခေါင်း ဝေဒနာတွေကို ယာယီနဲ့ အမြန် သက်သာစေပါတယ်။ ခရင်မ်၊ ဂျဲလ်၊ ဟိုက်ဒရိုကော်တီဇုန်း ပါတဲ့ လိပ်ခေါင်းကု လိမ်းဆေးစတာတွေက လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ လိပ်ခေါင်းက နာကျင်ကာ ရောင်ရမ်းနေရင် ပါရာစီတမော၊ အက်စပရင်နဲ့ အိုင်ဗျူပရိုဖင်တို့ပါတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို မှီဝဲပေးဖို့ လိုပါတယ်။

၃) အမျှင်ဓာတ် များများစားပါ

အမျှင်ဓာတ်ဟာ ဝမ်းမှန်မှန် သွားစေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေက လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပြီး ဝမ်းပျော့ပျော့သွားစေကာ ဝမ်းကို အလွယ်တကူ သွားစေနိုင်ပါတယ်။ အမျှင်ဓာတ် များများပါဝင်တဲ့ အစားအစာတွေက သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဖွဲနု၊ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ညို၊ ကွေကာ စတာတွေကို များများ စားပေးပါ။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေကို စားတာက အူမကြီး ကင်ဆာ၊ နှလုံးရောဂါနဲ့ အဝလွန်တာတွေလို ပြင်းထန်တဲ့ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

၎) အစားအသောက်မှ အမျှင်ဓာတ်မရလျှင် အမျှင်ဓာတ်ဖြည့်စွက်ဆေး မှီဝဲပါ

လူအများစုဟာ အစားအသောက်မှ အမျှင်ဓာတ် အလုံအလောက်ရဖို့ ခက်ခဲတတ်ပါတယ်။ ဒါဆိုရင် အမျှင်ဓာတ် ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ ဒါမှ ဝမ်းပျော့ပျော့သွားမှာ ဖြစ်ပြီး လိပ်ခေါင်းဖြစ်နိုင်ခြေနဲ့ လိပ်ခေါင်းရှိနေသူတွေမှာ နာကျင်မှုကို လျော့ကျ စေနိုင်ပါတယ်။

၅) ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ

ရေကို များများသောက်တာဟာ ဝမ်းပျော့ပျော့ သွားစေပြီး လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပါတယ်။ ရေအလုံအလောက် သောက်တာက လိပ်ခေါင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ပူတဲ့နေ့တွေနဲ့ လေ့ကျင့်ခန်း လုပ်ချိန်တွေမှာ တစ်နေ့ ရေရှစ်ခွက်လောက် သောက်ပေးပါ။ ဒါ့အပြင် အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ကို လျှော့သောက်ပါ။ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို အားပေးစေပြီး ဝမ်းကို မာကျောစေကာ လိပ်ခေါင်းကြောင့် နာကျင်မှုကို တိုးစေနိုင်ပါတယ်။

၆) လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်ပါ

လေ့ကျင့်ခန်းဟာ လိပ်ခေါင်း မဖြစ်အောင် ကာကွယ်ရေးနဲ့ ကုသရေးမှာ အရေးပါတဲ့ အချက်ပါပဲ။ နေ့စဉ်ဘဝမှာ အထိုင်များရင် တစ်နာရီကြာတိုင်း မတ်တပ်ရပ်ပြီး လမ်းလျှောက်ကာ လှုပ်ရှားမှုတွေကို လုပ်သင့်ပါတယ်။ အိမ်သာသွားရင် ကြာကြာထိုင်တာ၊ အလေးအပင် မတာတွေကို ရှောင်သင့်ပါတယ်။

၇) ဝမ်းသွားချင်စိတ်ကို အလေးထားပါ

မိသားစုတိုင်းအတွက် နံနက်ခင်း အချိန်က အလုပ်များလှပါတယ်။ အိမ်သာသွားဖို့ အချိန် မပေးနိုင်တာကြောင့် ဝမ်းသွားချင်စိတ်ကို လျစ်လျူရှုမိရာက ဝမ်းချုပ်ကာ လိပ်ခေါင်းဖြစ်သူတွေ များလှပါတယ်။ ဒါကြောင့် ဝမ်းသွားချင်စိတ် ပေါ်တိုင်း အချိန်ပေးပြီး အိမ်သာ တက်ပေးဖို့ လိုပါတယ်။ ဝမ်းချုပ်တာကြောင့် ဝမ်းသွားချိန် ကြာတာကလည်း လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။

၈) ကိုယ်ဝန်ဆောင်ချိန်တွင် အထူးဂရုစိုက်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်း အဖြစ်များပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စအို နာကျင်တာနဲ့ ယားယံတာလို ဝေဒနာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်စက်စဉ်၊ အနားယူစဉ် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လဲလျောင်းတာကြောင့် သွေးပြန်ကြောတွေ အပေါ် ဖိအား သက်ရောက်မှု လျော့ကျစေပါတယ်။ ဒါကြောင့် လိပ်ခေါင်းကို သက်သာစေပါတယ်။

ဇွန်ခိုင်ဦး
(ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH
လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစားနေရပါသလား။ လိပ်ခေါင်းဝေဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။

ခြောက်ရက်အတွင်း ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှု မှတ်တမ်း


နိုင်ငံတ၀န်း ဗုံးပေါက်ကွဲခြင်းနှင့် ဗုံးတွေ့ရှိရသည့် နေရာများ

၁- အောက်တိုဘာ ၉ ရက်နေ့ ညနေ ၄ နာရီခန့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးစာတိုက်ရုံးရှေ့ ခရီးသည် တင်ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတလုံးတွေ့ရှိခဲ့သည်။

တရားမ၀င် ၀င်ရောက်မှု တားဆီးရေးပါဝင်သည့် ရခိုင်တိုင်းရင်းသားတို့၏ တင်ပြချက်ကို အမြန်ဆောင်ရွက်ပေးရန် သမ္မတထံ သူရဦးရွှေမန်း တောင်းဆို

ရခိုင်တိုင်းရင်းသားများ တောင်းဆိုထားသည့် တရားမ၀င် ၀င်ရောက်မှု တားဆီးရေး အပါအ၀င် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားတိုးတက်ရေးတို့ကို အစိုးရက အမြန်ဆောင် ရွက်ပေးရန် သူရဦးရွှေမန်းက သမ္မတထံသို့ အောက်တိုဘာ ၁၅ ရက်က သ၀ဏ်လွှာ ပေးပို့လိုက်သည်။

ဗုံးများတွေ့ရှိနေခြင်းသည် တမင်လုပ်ဆောင် နေခြင်းဖြစ်ပြီး လမ်းလွဲရောက်ရှိသွားနိုင်သည့် ထောင်ချောက်ထဲသို့ မ၀င်ရောက်မိစေရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး


Photo: ဗုံးများတွေ့ရှိနေခြင်းသည် တမင်လုပ်ဆောင် နေခြင်းဖြစ်ပြီး လမ်းလွဲရောက်ရှိသွားနိုင်သည့် ထောင်ချောက်ထဲသို့ မ၀င်ရောက်မိစေရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး
Wednesday, October 16, 2013

ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများ အပါအ၀င် နေရာတော်တော် များများ၌ ဗုံးများတွေ့ရှိ နေရခြင်းသည် ပြည်သူများအကြား အကြောက်အလန့်နှင့် လှုပ်လှုပ်ရှားရှား ဖြစ်စေရန်အတွက် တမင်ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ် သည်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၅ ရက်က ဝေဖန်ပြောကြားသည်။

ထိုသို့ဗုံးများတွေ့ရှိ နေရခြင်းကြောင့် ပြည်သူများ ကြောက်လန့်မှုများ ဖြစ်ပွားအောင် လုပ်နေခြင်းကြောင့် စိုးရိမ်လွန်ကဲမှု မဖြစ်စေဘဲ လမ်းလွဲသို့ ရောက်ရှိ သွားနိုင် သည့် ထောင်ချောက်ထဲသို့ မ၀င်မိစေရန် သတိထားရန် လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
"ပြည်သူတွေက စိုးရိမ်တော့ စိုးရိမ်တာပေါ့။ 

ဗုံးတွေဘာတွေ ဖြစ်တယ်ဆိုတော့။ ဒါပေမဲ့ အမေကတော့ ယုံကြည်တယ်။ အမေတို့ ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတတ်မှာပါ။ ဒါတွေက တမင်ပေါ့နော် လှုပ်လှုပ်ရှားရှား ဖြစ်အောင်လို့ ဆွတာဆိုတော့ အဲဒီ့ထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ တမင် စိတ်လှုပ်ရှားအောင် လန့်ဖျတ်အောင် လမ်းလွဲအောင် တမင်လုပ်တာဆိုတော့ ဒီထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတတ်ဖို့ လိုတယ်။ ဒါကို သတိတော့ ထားရမှာပေါ့။ စိုးရိမ်မှု လွန်ကဲနေလို့တော့ ဘယ်ဖြစ်မလဲ။ လူများတဲ့ နေရာသွားရင် အန္တရာယ် ဖြစ်မလားဆိုတာ စိုးရိမ်လာရတာပေါ့။ သတိရှိတာတော့ မမှားပါဘူး။ ဒါပေမဲ့ အစိုးရိမ် လွန်နေလို့တော့လည်း မကောင်းဘူး။ ဘာပဲပြောပြော မဇ္ဈိမပဋိပဒါပေါ့" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှုအပေါ် အာရုံပြောင်းစေရန် အဖွဲ့အစည်း တစ်ခုခုက လုပ်ဆောင်နေသည်ဟုထင်ပါသလားဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က "အဲဒါလည်း ဖြစ်နိုင်တာပေါ့။ ပြောလို့တော့ မရဘူးပေါ့နော်။ ဒါက အုပ်ချုပ်ရေးပိုင်း ဆိုင်ရာက ဘယ်သူတွေ လုပ်တာလဲဆိုတာ ဖော်ထုတ်ပေး မှ ဖြစ်မှာပေါ့။ မှန်းခြေနဲ့ သိပ်စဉ်းစားနေရင် တစ်ခါတလေ မဖြစ်သင့် တာတွေ ဖြစ်သွားလိမ့်မယ် တင်းမာမှုတွေ ဖြစ်သွားနိုင်မယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက "ဒါကတော့ ဗုံးခွဲတဲ့ အဖွဲ့အစည်းဆိုမှတော့ ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့။ ဗုံးတွေနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းပဲ ဖြစ်မှာပေါ့" ဟု ဗုံးများတွေ့ရှိနေရခြင်းမှာ မည်သည့်အဖွဲ့ အစည်းမှ လုပ်ဆောင်နေသည်ဟု ယူဆ၍ ရပါသနည်းဟူသော မေးခွန်း ကို ဖြေကြားခဲ့ပြီး ပြည်တွင်းပြည်ပမှ ဆိုသည်မှာ စစ်ဆေးမှု ပေါ်ပေါက်လျှင် သိရှိနိုင်မည်ဟု ဖြေကြားခဲ့သည်။

အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်း အဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

Eleven Media Group

ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများ အပါအ၀င် နေရာတော်တော် များများ၌ ဗုံးများတွေ့ရှိ နေ ရခြင်းသည် ပြည်သူများအကြား အကြောက်အလန့်နှင့် လှုပ်လှုပ်ရှားရှား ဖြစ်စေရန်အတွက် တမင်ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ် သည်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၅ ရက်က ဝေဖန်ပြောကြားသည်။

နောက်ဆုံးရ အားကစားသတင်းတိုများ

Photo: နောက်ဆုံးရ အားကစားသတင်းတိုများ
Wednesday, October 16, 2013

ဘောလုံးသတင်းတွေ တင်ပေးပါဆိုပြီးတောင်းဆိုကြတဲ့ ပရိသတ်တွေအတွက် သတင်းတိုကဏ္ဍကို ထပ်ဖြည့်ပေးလိုက်ပါတယ်။

***အင်တာမီလန်ဥက္ကဋ္ဌ မိုရက်တီမှာ အသင်းရှယ်ယာ (၇၀)ရာခိုင်နှုန်းကို အင်ဒိုနီးရှားလုပ်ငန်းရှင် သိုဟီယာထံ ရောင်းချလိုက်ပြီဖြစ်သည်။

***လာမည့်အပြောင်းအရွှေ့ကာလတွင် မိုနာကို တိုက်စစ်မှူး ဖယ်လ်ကာအိုကို ခေါ်ယူဖွယ်ရှိကြောင်း ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က အရိပ်အမြွက် ပြောကြားခဲ့သည်။

***ပွဲထွက်ကစားခွင့် မရပါက အသင်းပြောင်းမည်ဟု အာဆင်နယ် နောက်ခံလူ ဗာမေလန်က ခြိမ်းခြောက်ခဲ့သည်။

***ဘာစီလိုနာ နောက်ခံလူ ပီကေးက ရီးရဲလ်နောက်ခံလူ အာဘီလိုအာနှင့် ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း ဖွင့်ဟသွားသည်။

***နယူးကာဆယ်တိုက်စစ်မှူး ရီမီမှာ စိန့်ဂျိမ်းပတ်ကွင်းနှင့် မိုင်ဝက်အကွာတွင် တက္ကစီတစ်စီးကို ကားဖြင့်ဝင်တိုက်ခဲ့ကြောင်း သိရသည်။

***ဂျူဗင်တပ်နှင့် လာဇီယိုတို့မှာ လာမည့်အပြောင်းအရွှေ့တွင် ဗီလာတိုက်စစ်မှူးဘန်တီကီကို ပေါင်သန်း(၃၀)ဖြင့် ခေါ်ယူရန် ပြင်ဆင်
နေကြောင်း သတင်းရရှိသည်။

http://yoyarlay.com/sport/football/38344-2013-10-15-18-25-51
ဇော်ထွန်း(ရိုးရာလေး)
ဘောလုံးသတင်းတွေ တင်ပေးပါဆိုပြီးတောင်းဆိုကြတဲ့ ပရိသတ်တွေအတွက် သတင်းတိုကဏ္ဍကို ထပ်ဖြည့်ပေးလိုက်ပါတယ်။

ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးထွက်မည်



Photo: ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးထွက်မည်
Wednesday, October 16, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု သီတင်းပတ်ကုန်ပိုင်းမှာ ဥရောပကို ခရီးထွက်ခွာမှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဗြိတိန်နိုင်ငံနဲ့ အီတလီနိုင်ငံတွေဆီ သွားရောက်မယ့် ခရီးစဉ်အတွင်း EU ဥရောပသမဂ္ဂ၊ ဥရောပပါလီမန်နဲ့ ဥရောပကောင်စီတို့က တာဝန်ရှိသူတွေအပြင် EU နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှာ ဖြစ်ပါတယ်။
 
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တော်မှာ အောက်တိုဘာ ၂၀ ရက် တနင်္ဂနွေနေ့မှာ ဥရောပကောင်စီဥက္ကဋ္ဌ Herman Van Rompuy နဲ့တွေ့ဆုံဖို့ အစီအစဉ်ရှိပြီး၊ တနင်္လာနေ့ ကျရင်တော့ လူဇင်ဘတ်နိုင်ငံမှာ EU ဥရောပသမဂ္ဂနိုင်ငံ ၂၈ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ နေ့လည် စာစားရင်း တွေ့ဆုံဖို့ရှိတယ်လို့ ဥရောပကလာတဲ့ သတင်းတွေမှာ ဖော်ပြ ပါတယ်။ အောက်တိုဘာ ၂၂ ရက် အင်္ဂါနေ့မှာတော့ ပြင်သစ်နိုင်ငံ Strasbourg မြို့က ဥရောပပါလီမန်မှာကျင်းပမယ့် ဆုပေးပွဲ အခမ်းအနားမှာ Sakharov လူ့အခွင့်အရေးဆုကို လက်ခံယူမှာ ဖြစ်ပါတယ်။
 
ဒီဆုက ၁၉၉၀ ခုနှစ်ထဲက ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပသ မဂ္ဂက ပေး ထားတဲ့ဆုဖြစ်ပြီး အခုမှ သူကိုယ်တိုင် ဆုကို လက်ခံယူမှာ ဖြစ်ပါ တယ်။ အောက်တိုဘာ ၂၂ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။
 
ဗြိတိန်မှာတော့ ၅ ရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ
မြောက်ပိုင်း အိုင်ယာလန်ကိုသွားပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို လေ့လာမှာဖြစ်သလို Sandhurst တော်ဝင်စစ်တက္ကသိုလ် ကို လည်း သွားရောက်ပြီး စစ်ပညာလေ့ကျင့် သင်ကြားမှုတွေကို လေ့လာဖို့ ရှိပါတယ်။ Sandhurst တော်ဝင်စစ် တက္ကသိုလ်မှာပဲ ဗိုလ်လောင်းတွေ ကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
 
ဗြိတိန်နိုင်ငံ ခရီးစဉ်ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံ ကိုသွားပြီး မြန်မာ့ဒီမိုကရေစီရေးကို တောက်လျှောက် အားပေးထောက်ခံခဲ့ တဲ့ မြို့ ၄ မြို့ဆီကို သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ အခုခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယမြောက် ဥရောပခရီးစဉ်ဖြစ်ပါတယ်။


VOA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု သီတင်းပတ်ကုန်ပိုင်းမှာ ဥရောပကို ခရီးထွက်ခွာမှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဗြိတိန်နိုင်ငံနဲ့ အီတလီနိုင်ငံတွေဆီ သွားရောက်မယ့် ခရီးစဉ်အတွင်း EU ဥရောပသမဂ္ဂ၊ ဥရောပပါလီမန်နဲ့ ဥရောပကောင်စီတို့က တာဝန်ရှိသူတွေအပြင် EU နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်ငလျင် ၇၀ ထက်မနည်း သေဆုံး



Photo: ဖိလစ်ပိုင်ငလျင် ၇၀ ထက်မနည်း သေဆုံး
Wednesday, October 16, 2013

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးသွားတဲ့ဒေသမှာ ဒီကနေ့ အစောပိုင်းက အင်အားပြင်းတဲ့ ငလျင်တခု လှုပ်ခတ်တာကြောင့် လူ ၇၃ ယောက်ထက် မနည်းသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရသွားပါတယ်။

ပြင်းအား ၇ ဒဿမ ၂ ရှိတဲ့ ငလျင်ဟာ ဘိုဟိုလ်ကျွန်းနားမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူအများစုဟာ အဲဒီဒေသမှာဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ငယ် အများအပြားကြောင့် အဆောက်အဦးတွေပြိုကျ၊ လမ်းတွေပျက်စီးကုန်ပြီး ထိတ်လန့် ကြောက်ရွံ့နေတဲ့ ဒေသခံတွေဟာ အိမ်တွေ ရုံးတွေထဲကနေ ထွက်ပြေးခဲ့ကြပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒီကနေ့ ဆက်လုပ်နေကြတာနဲ့ အမျှ သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
ငလျင်ဒဏ်ကြောင့် ဆိုင်တွေ၊ လမ်းတွေ အပြင်းအထန် ပျက်စီးသွားတာကို လူမှုဆက်သွယ်ရေး ကွန်ယက် အင်တာနက်စာမျက်နှာတွေမှာ တင်ထားတဲ့ ပုံတွေမှာတွေ့ရပါတယ်။ 

အဲဒီဒေသက သမိုင်းဝင် အဆောက်အဦး အများအပြား ထိခိုက် ပျက်စီးခဲ့တယ်လို့ မျက်မြင်တွေ့သူတဦးက ဗွီအိုအေကို ပြောပါတယ်။

VOA
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးသွားတဲ့ဒေသမှာ ဒီကနေ့ အစောပိုင်းက အင်အားပြင်းတဲ့ ငလျင်တခု လှုပ်ခတ်တာကြောင့် လူ ၇၃ ယောက်ထက် မနည်းသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရသွားပါတယ်။

သတိပေးနှိုးဆော်ချက်

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင် ကာလများတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်ခြင်းများ ကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများထံမှ ရပ်ရွာ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကိုထိခိုက်အောင်ပြုလုပ်လာနိုင်ခြင်း တို့ကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များပစ်ဖောက်ခြင်းကို တားမြစ်သည်။

အောက်တိုဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်နှစ်ခု၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

တစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မင်္ဂလာဒုံမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင်  မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း  သိရသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများမှာ အုပ်စုဖွဲ့ ကျူးလွန်ခြင်းဟု ရဲတပ်ဖွဲ့က ယူဆထား၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ငူမြို့တို့တွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများနှင့် ပတ်သက်၍ သံသယရှိသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေ

AA-16-10
အောက်တိုဘာ ၁၅ ရက် ည ၁၂ နာရီခန့်တွင် သင်္ဃန်းကျွန်း မြို့နယ်အတွင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်၊ မန္တလေး၊ တောင်ငူမြို့များတွင် ဗုံးဆက်တိုက် ပေါက်ကွဲမှုနှင့် မပေါက်ကွဲမှုနှင့် ဗုံးများကို တွေ့ရှိရသည့် ဖြစ်စဉ်များမှ ကျူးလွန်သူဟု ယူဆထားသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း တရားဝင် ထုတ်ပြန်ချက်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ချိန်ကိုက်ဗုံးများ ဖောက်ခွဲမှုကို အုပ်စုဖွဲ့ ပြုလုပ်နေခြင်းဖြစ်ပြီး အဓိက ကျူးလွန်သည်ဟု ယူဆခံရသူ တစ်ဦးကို မွန်ပြည်နယ်အတွင်း အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကြည့်မြင်တိုင် မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံအား ၃ နာရီအတွင်း ဖမ်းဆီးရမိ

ကြည့်မြင်တိုင် မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ လူသတ်တရားခံအား အခင်းဖြစ်ပွားပြီးနောက် ၃နာရီအတွင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပ လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူ ၂၃ ဦးထဲမှ အချို့က စွဲချက်အမိန့်ကို မကျေနပ်၍ ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းမှု တိုင်းတရားလွှတ်တော်ရုံး လက်ခံ

လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူ ၂၃ ဦးထဲမှ အချို့မှ စွဲချက်အမိန့်ကို မကျေနပ်၍ ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ လက်ခံခဲ့ကြောင်း သိရသည်။
ယင်းအမှုမှ ကျူးလွန်သူ ၂၃ ဦးကို ကြိုတင် ကြံရွယ်သည့် လူသတ်မှုပုဒ်မဖြစ်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂-၁(ခ)နှင့် ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၄ တို့ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး စက်တင်ဘာ ၁၇ရက်တွင် ကျူးလွန်သူ ၂၃ ဦး၏ ပြန်ခေါ်သက်သေများကို စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
    

မြန်မာနိုင်ငံတွင် ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် လာရောက်လည်ပတ်မည့် သူများအား အမေရိကန်သံရုံးမှ သတိပေးစာ ထုတ်ပြန်

CC-16-10
အောက်တိုဘာ ၁၄ ရက်ညပိုင်းက Traders ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အမေရိကန် နိုင်ငံသားများအတွက် အမေရိကန်သံရုံးက သတိပေးစာတစ်စောင်အား အမေရိကန်သံရုံး ၀က်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများမှတစ်ဆင့် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

အိမ်ကွင်းမှာ အနိုင်ရလဒ်နှင့်အတူ အောင်ပွဲခံနိုင်ခဲ့သည့် အဖြူရောင် ခြင်္သေ့များ


မနေ့ညက ဥရောပခြေစစ်ပွဲအုပ်စုပွဲစဉ်များအပြီးမှာတော့ အင်္ဂလန်အသင်းက ဘရာဇီးသို့ သွားရောက်ခွင့်တနေရာ အတွက် အိမ်ကွင်း ၀င်ဘာလေ မှာ ဂျရတ် နှင့် ရွန်းနေးတို့၏ သွင်းဂိုးများဖြင့် ပိုလန်အသင်းကို အနိုင်ယူလိုက်နိုင်ပါတယ်။ ပွဲစဉ်ကို ပိုလန်အသင်းပရိတ်သတ်ပေါင်း ၂ သောာင်း ခန့်လောက်ထိ ဆူဆူညံညံဖြင့် သူတို့နိုင်ငံအသင်းကို ကြောက်ခမန်းလိလိအားပေး ခဲ့ကြတာကိုတွေ့ရ ပါတယ်။ ဒုတိယပိုင်းလောက်မှာလည်း ပိုလန်အသင်းမှ ပရိတ်သတ်တစ်ဦး ကွင်းထဲကို ၀င်ရောက်ပြေး လာပြီး နှောက်ယှက်သလိုဖြစ်တာကြောင့် ခဏရပ်ထားခဲ့ရပါသေးတယ်။