Tuesday, August 13, 2013

ကင်တားနား၏ သဘောထားမှန်ကို သုံးသပ်ခြင်း


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ယခု တစ်ကြိမ်နဲ့ဆိုရင် (၇) ကြိမ်တိုင်တိုင်ရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခရီးစဉ် (၆) ကြိမ်နဲ့

အီရတ်နိုင်ငံ တစ်ဝန်းတွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အဓိက ထိုးစစ်ကြီး တစ်ရပ် အစိုးရ စတင်မည် အီရတ်နိုင်ငံ တစ်ဝန်းတွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အဓိက ထိုးစစ်ကြီး တစ်ရပ် အစိုးရ စတင်မည်

ဘဂ္ဂဒက် သြဂုတ် ၁၂
အီရတ် ကာကွယ်ရေး ဦးစီးချုပ်နှင့် ၀န်ကြီးချုပ် နျူရီအယ်လ်မာ လီကီတို့သည် နိုင်ငံ တစ်ဝန်းတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု များကြောင့် လူပေါင်း ၆၀ ကျော်သေဆုံးပြီး ၂၀၀ ဦးခန့်ဒဏ်ရာ ရရှိ ခဲ့ပြီးနောက် နိုင်ငံ အနောက်ပိုင်းရှိ ကျယ်ပြန့်သော သဲကန္တာရ အယ်လ်ဂျာဇီရာ ဒေသတွင် အကြမ်းဖက် သမားများအား ရှာဖွေ တိုက်ခိုက်မည့် အဓိက ထိုးစစ် တစ်ရပ်ကို ပြုလုပ်ရန် သဘောတူညီ ခဲ့ကြသည်ဟု နိုင်ငံပိုင် သတင်းဌာန တစ်ခုက သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

နော်ေ၀၀န်ကြီးချုပ်က တက္ကစီသမား ယောင်ဆောင်၍ ပြည်သူများ၏ လိုအင်ဆန္ဒကို စုံစမ်းခဲ့

 နော်ေ၀၀န်ကြီးချုပ် Jens Stolten berg သည် မွန်းလွဲပိုင်းတစ်ခုတွင် တက္ကစီမောင်းသမား အယောင် ဆောင်၍ မဲဆန္ဒရှင်များ၏ လိုအင်ဆန္ဒများကို ရှာဖွေရန် ကြိုးစားခဲ့ကြောင်း ထုတ်ဖော်ပြော ဆိုခဲ့သည်ဟု သြဂုတ် ၁၂ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

ဌာနဆိုင်ရာ ဝန်ထမ်းများကို နိုင်ငံတော်မှ နှစ်ရှည်ချေးငွေပေးဦးမည်ဟု သိရ


Photo: ဌာနဆိုင်ရာ ဝန်ထမ်းများကို နိုင်ငံတော်မှ နှစ်ရှည်ချေးငွေပေးဦးမည်ဟု သိရ
Tuesday, August 13, 2013

ဌာနဆိုင်ရာ ဝန်ထမ်းများအား ၎င်းတို့ရသည့် လစာ၏ ဆယ်ဆကို နှစ်ရှည်ပေးသွင်းစနစ်ဖြင့် အစိုးရမှ ငွေထုတ်ချေးပေးမည် ဖြစ်ကြောင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနမှ ဦးစီးမှူးတစ်ဦးက The Messenger ဂျာနယ်သို့ ပြောကြားသည်ဟု သိရသည်။

“ဝန်ထမ်းတစ်ယောက်က လစာတစ်သိန်းရတယ်ဆိုရင် ဆယ်သိန်းအထိ ချေးမယ်။ ပြီးမှ လစာထဲက အရစ်ကျ ဖြတ်သွားမယ်”ဟု ၎င်းက ပြောသည်ဟု ဆိုသည်။ ယင်းကဲ့သို့ ထုတ်ချေးနိုင်ရန်အတွက် ယခင်အစိုးရလက်ထက်က ချေးငှားဖူးသည် ဝန်ထမ်းများ၏ စာရင်းများကို ကောက်ယူလျက်ရှိပြီး ယခင် အကြွေးများ အားလုံး ပြန်ရပြီးပါက လစာ၏ ၁၀ဆကို ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

“တကယ်သာ ထုတ်ချေးမယ်ဆိုရင်တော့ ဝန်ထမ်းတွေအတွက် ဝမ်းသာစရာပေါ့”ဟု မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခုမှ အကြီးတန်း ဘဏ်စာရေးတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ထုတ်ချေးရာ၌ ဝန်ထမ်းများ၏ လုပ်သက်များ၊ ပင်စင်ယူမည့် အချိန်နှင့် ၎င်းတို့၏ အသက်များကို တွက်ချက်ကာ ပြန်ဆပ်ရမည့် လစဉ်ငွေပမာဏကို တွက်ချက်မည် ဖြစ်ကြောင်း သိရသည်။

အကယ်၍ သတင်းသာ အတည်ဖြစ်ပါက ဌာနဆိုင်ရာ ဝန်ထမ်းများ ဝမ်းသာစရာပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းအထိမ်းအမှတ်အဖြစ် ဝန်ထမ်းများကို လစာများ တိုးပေးမည်ဟုလည်း ကောလာဟလ ထွက်နေသည်။ ယခုကဲ့သို့ နှစ်ရှည်ချေးငွေ ချေးပေးမည်ဆိုလျှင်လည်း မဆိုးပါ။ လစာ၏ ဆယ်ဆဆိုသဖြင့် ယခင်ကြွေးကျန် ရှိသူများလည်း ဖြစ်သည့် နည်းနှင့် ပြန်ဆပ်ကြရလိမ့်မည်။ ကြွေးများ ကျေမှ ချေးငွေကို ရကြရမှာ ဖြစ်ပါသည်။ ငွေချေးပြီးလျှင်တော့ ဘာလုပ်ကြမည်နည်း။

The Messenger

Myanmar ICT
ဌာနဆိုင်ရာ ဝန်ထမ်းများအား ၎င်းတို့ရသည့် လစာ၏ ဆယ်ဆကို နှစ်ရှည်ပေးသွင်းစနစ်ဖြင့် အစိုးရမှ ငွေထုတ်ချေးပေးမည် ဖြစ်ကြောင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနမှ ဦးစီးမှူးတစ်ဦးက The Messenger ဂျာနယ်သို့ ပြောကြားသည်ဟု သိရသည်။

သုံးလသား အရွယ် ကလေးငယ် တစ်ဦး ခန္ဓာကိုယ် အတွင်း အလိုအလျောက် မီးတောက် လောင်သည့် ဝေဒနာ ခံစားခဲ့ရ

ချန်နိုင်း သြဂုတ် ၁၂
အိန်္ဒိယနိုင်ငံ တမီးလ်နာဒူ ပြည်နယ် ချန်နိုင်းမြို့တွင် ရာဟုလာ အမည်ရှိ သုံးလသား ကလေးငယ် တစ်ဦးသည် ခန္ဓာကိုယ် အတွင်း အလိုအလျောက် မီးတောက်လောင် သည့် ဝေဒနာကို ခံစားခဲ့ရ ပြီးနောက် ကိုယ်ခန္ဓာ လောင်ကျွမ်းမှု ဝေဒနာကို ခံစား ခဲ့ရကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယ အစိုးရ နေရပ် ပြန်ပို့



Photo: ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယ အစိုးရ နေရပ် ပြန်ပို့
Tuesday, August 13, 2013

တိုက်ခိုက်ခံရမှုများကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယ အစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရကို ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့ ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ် မြို့နယ်ရှိ အာတီဗာသိ အဖွဲ့မှ အတွင်းရေးမှူး ဦးဦးထွန်းလှက The Voice သို့ ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ခါ့ရ်ခရဆော်ရီမြို့နယ် တွင် ဘင်္ဂါလီ ဆိုင်ကယ် ကယ်ရီသမား တစ်ဦးကို ရခိုင် မျိုးနွယ်စုဝင်များ က ပြန်ပေးဆွဲသည်ဟူသော ကောလာဟလ သတင်း အခြေခံကာ ယင်းဒေသတွင် နေထိုင်သည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ်သည့် မရာမာ၊ သက်၊ ဒိုင်းနက်များကို ဘင်္ဂါလီများက နေအိမ်များကို မီးရှို့၊ တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ နယ်စပ် ထရိပူရဒေသများသို့ ထွက်ပြေး ခိုလှုံနေရကြောင်း အာတီဗာသိ အဖွဲ့မှ သိရှိရသည်။

ယင်းဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် အစိုးရက နစ်နာကြေးအဖြစ် မိသားစု တစ်စုလျှင် တာကာ ၂၅,၀၀၀ (ကျပ်သုံးသိန်း ဝန်းကျင်) ကူညီပေးပြီး အိမ်မဲ့နေသူများအတွက် ယာယီ ရွက်ဖျင်တဲများ ဆောက်လုပ်ပေး ထားကြောင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားနပ် ရိက္ခာများလည်း ကူညီထား ပြီး အိမ်ဆောက်ပေးမည်ဟုလည်း ကတိပေးထားကြောင်း ဦးဦးထွန်းလှက ဆိုသည်။

“အိမ်တွေ ပြန်ဆောက်ပေးဖို့ ပြောတာပါပဲ။ ဘင်္ဂလား အစိုးရက ဘယ်တုန်း က ကတိတည်ဖူးလို့လဲ” ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ကတိအတိုင်း လုပ်ဆောင်မှု အားနည်းခြင်းအပေါ် ၎င်းက မေးခွန်းထုတ် သည်။

သြဂုတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိုက် ခံရမှုကြောင့် ရခိုင် မျိုးနွယ်စုဝင် ၁၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသမီး တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း၊ ယင်းတိုက်ခိုက်မှု တွင် ကျေးရွာ လေးရွာမှ အိမ်ခြေ ၃၅ လုံး မီးရှို့ခံခဲ့ရပြီး နေအိမ် ၂၀၀ ကျော် ပျက်စီးခံခဲ့ရကြောင်း အာဒီဗာသိ (မွတ်ဆလင် မဟုတ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်သည့် ဌာနေ တိုင်းရင်းသားများ အဖွဲ့) အဖွဲ့၏ စာရင်းများအရ သိရှိရသည်။

တိုက်ခိုက်မှုတွင် ဦးဆောင်သူဟု ယူဆရသူ လေးဦးကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဖမ်းဆီးပြီး သံသယရှိသူ ၃၀၀ ကျော်ကိုလည်း စာရင်း ပြုစုကာ လိုက်လံ ဖမ်းဆီးနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများ တွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်တန်း နယ်အတွင်း ဘင်္ဂါလီများက ရခိုင် မျိုးနွယ်စု များ အပါအဝင် အခြား လူမျိုးများအပေါ် တိုက်ခိုက်မှုသည် ၂၀၁၃ ခုနှစ်တွင် ယခုအကြိမ်ဆိုလျှင် ငါးကြိမ်ရှိပြီ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ခင်မောင်အေး

The Voice Weekly
တိုက်ခိုက်ခံရမှုများကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယ အစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရကို ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့ ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ် မြို့နယ် ရှိ အာတီဗာသိ အဖွဲ့မှ အတွင်းရေးမှူး ဦးဦးထွန်းလှက The Voice သို့ ပြောကြားသည်။

မြန်မာသံရုံ ဗုံးခွဲဖို့ ငွေကြေးထောက်ပံ့သူလို့ ယူဆရသူကို ရဲတွေဖမ်းမိထား

Photo: မြန်မာသံရုံ ဗုံးခွဲဖို့ ငွေကြေးထောက်ပံ့သူလို့ ယူဆရသူကို ရဲတွေဖမ်းမိထား
Tuesday, August 13, 2013

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့အတွက် ငွေကြေးထောက်ပံ့မှုလုပ်တယ်လို့ ယူဆရသူကို အင်ဒိုနီးရှားရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

မြန်မာသံရုံးဗုံးခွဲဖို့ ကြိုး စား ရာ မှာ ငွေကြေး ထောက်ပံ့မှု လုပ်ခဲ့တယ်လို့  စွပ်စွဲခံရသူ Muhammad Syaiful Sabani ကို သောကြာနေ့က ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး မကြာသေးခင်ကပဲ အဂ္ဂယာန ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဗုံးပေါက်ကွဲမှုနဲ့ ဆက်နွယ်မှု ရှိမရှိဆိုတာကိုပါ စစ်ဆေးနေပါတယ်။

မြန်မာသံရုံး ဗုံးခွဲဖို့ ကြံစည်မှုနဲ့ အဂ္ဂယာနဘုရား ဗုံးပေါက်မှုတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ပဋိပက္ခနဲ့ ဆက်နွယ်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ၊ မွတ်စလင်တွေ ဖိနှိပ်ခံရတာကို အစ္စလာမ်ဘာသာဝင် အများစု ဖြစ်ကြတဲ့ အင်ဒိုနီးရှားနိုင်ငံသား တချို့က မကျေမနပ် ဖြစ်နေကြတာဖြစ်ပါတယ်။  

မြန်မာသံရုံးကို ဗုံးဖောက်ခွဲဖို့ ကြိုးစားခဲ့တဲ့ လူနှစ်ယောက်ကို အင်ဒိုနီးရှားရဲတွေက မေလတုန်းက ဖမ်းဆီးခဲ့တဲ့အပြင် အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးနဲ့ ဗုံးပြုလုပ်သူကို နောက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ခုအခါမှာ ဖောက်ခွဲမှုအတွက် ရံပုံငွေရှာဖွေပေးသူလို့ ယူဆရသူကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ခုဖမ်းဆီးခံရသူဟာ ငွေကြေးတွေ ရရှိဖို့ ရွှေဆိုင်တချို့မှာ ခိုးယူတာတွေ လုပ်နိုင်တယ်လို့ ရဲတွေက ခန့်မှန်းထားပါတယ်။

ABC Radio Australia

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမြို့ (Credit: Reuters)
အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့အတွက် ငွေကြေးထောက်ပံ့မှု လုပ်တယ်လို့ ယူဆရသူကို အင်ဒိုနီးရှားရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံ ရောင်းချပေးနေရ၍ မီတာခများ လျှော့ချမည့် အစီအစဉ် မရှိကြောင်း လျှပ်စစ်ဒုဝန်ကြီး ပြောကြား

တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံ ရောင်းချပေးနေရ၍ မီတာခများ လျှော့ချမည့် အစီအစဉ် မရှိကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက သြဂုတ် ၁၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အမြင်အားကောင်းစေမည့် အကျင့် ခုနှစ်ရပ်

အမြင်အားကောင်းစေမည့် အကျင့် ခုနှစ်ရပ်
အမြင်အာရုံကို ကောင်းမွန်အောင် ဂရုစိုက်ပေးတာက ဘဝအရည် အသွေးကို တိုးတက် စေပါတယ်။ အောက်ပါ အကျင့်ကောင်းတွေကို ထိန်းသိမ်းနေထိုင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။
မျက်စိကို နေကာမျက်မှန်ဖြင့် ကာကွယ်ပါ

ကျန်းမာရေးနှင့် ပတ်သက်ပြီး ဇက်ကြောတက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ

ကျန်းမာရေးနှင့် ပတ်သက်ပြီး ဇက်ကြောတက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ





ဇက်လေ့ကျင့်ခန်း ပြုလုပ်ပါ
အသက်ရှူ သွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ သင်ရဲ့ညာဘက် နားရွက်ကို ဘယ်ဘက် ပခုံးထိ ရောက်အောင် ဖြည်းဖြည်းနှိမ့်ချ လာပါ။ အသက်ရှူ သွင်းရင်း ဦးခေါင်းကို မူလ နေရာ ပြန်ထားပေးပါ။ အသက်ပြင်းပြင်းနဲ့ ဖြည်းဖြည်း ရှူထုတ်ကာ မကြာခဏ ပြုလုပ် ပေးပါ။ တခြား တစ်ဘက် ပြောင်းလုပ်ပါ။

အဆင့်မြင့်ဓာတ်ဆီ၊ အဆင့်မြင့် ဒီဇယ်ဆီနှင့် ဖုန်းဟန်းဆက်များ တရားမ၀င် တင်သွင်းမှု များပြားနေပြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ရပါက ဆိုင်များသို့ ၀င်ရောက်ဖမ်းဆီး စစ်ဆေးမည်

8.1.1
ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
အဆင့်မြင့်ဓာတ်ဆီ (92 Ron & 95 Ron)၊ အဆင့်မြင့် ဒီဇယ်ဆီ (Premium Diesel) နှင့် ဖုန်းဟန်းဆက် များအား တရားဝင် လိုင်စင်လျှောက်ထား၍ တင်သွင်းခွင့် ပြုခဲ့သော်လည်း တရားဝင် လိုင်စင်ဖြင့် တင်သွင်း မှု မရှိဘဲ မှောင်ခိုလမ်းကြောင်းမှသာ တင်သွင်းနေသဖြင့် ထိုသို့ တင်သွင်းနေမှု များအား အစိုးရ အဖွဲ့ ခွင့်ပြုချက် ရရှိပါက ဆိုင်များသို့ပင် ၀င်ရောက်ဖမ်းဆီးမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခိုးမှုအများအပြား ဖြစ်ပွားနေသဖြင့် လမ်းပေါ်ရှိ စွန့်ပစ်ပစ္စည်း ကောက်သူများကို လိုက်လံဖမ်းဆီး

8.1.1
သင်္ဃန်းကျွန်း မြို့နယ်အတွင်း အသုံးဝင်စွန့်ပစ်ပစ္စည်းများကို လိုက်လံကောက်ယူ နေသူတစ်ဦး (ဓာတ်ပုံ- ၀င်းမြင့်ကျော်)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခိုးမှုဖြစ်စဉ်များ အများအပြား ဖြစ်ပွားနေသည့်အတွက် လျော့ကျစေရန် လမ်းပေါ်ရှိ ကောက်တိုသမားများ (အသုံးဝင် စွန့်ပစ်ပစ္စည်း ကောက်သူ) ကို လိုက်လံဖမ်းဆီး စစ်ဆေး လျက်ရှိကြောင်း သြဂုတ် ၁၂ ရက် နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် မိုင် ၄၀၀ လမ်းလျောက်ဆန္ဒပြ

Rangoon: waiting for the release of political prisoners
တစ်ကိုယ်တော် ​အစာငတ်ခံဆန္ဒပြခဲ့တဲ့ ​သံဃာတော် ​အရှင် ​ယက္ခဝံသဟာ ​နိုင်ငံရေး ​အကျဉ်းသားဟောင်း ​တချို့နဲ့အတူ ​ရန်ကုန်မြို့ကနေ ​မန္တလေး၊ ​မဟာမြတ်မုနိဘုရားကြီးထိ ​လမ်းလျှောက် ​ဆုတောင်းမှုကို ​သြဂုတ်လ ​၁၁ ​ရက်နေ့က ​စတင်ခဲ့ပါတယ်။

သီရိလင်္ကာမှာ ဗလီတစ်ခုကို ဗုဒ္ဓတွေတိုက်ခိုက် ၁၂ ဦး ဒဏ်ရာရ

မွတ်စလင်တွေ စာသုံးနိုင်အောင် ပြုလုပ်ထားတဲ့ ဟာလာအစားအစာတွေ မရောင်းချဖို့အတွက် သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြခဲ့ (Credit: AFP) 
သီရိလင်္ကာနိုင်ငံရဲ့ ​မြို့တော်ရှိ ​ဗလီတစ်ခုကို ​ဗုဒ္ဓဘာသာဝင်တွေ ​ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ​အနည်းဆုံး ​လူ ​၁၂ ​ယောက် ​ဒဏ်ရာရရှိခဲ့တယ်လို့ ​သိရပါတယ်။

အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများ ပြည်သူလူထုကို ဗဟိုမပြုဘဲ အထက်လူကြီး များကိုသာ ဗဟိုပြု

အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများသည် ပြည်သူလူထုကို ဗဟိုမပြုဘဲ အထက်လူကြီး များကိုသာ ဗဟိုပြုနေကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အစီရင်ခံစာအရ သိရသည်။

တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး ယိမ်းယိုင်နေမှုတို့ကို ထောက်ပြထားသော ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ပထမဆုံး အစီရင်ခံစာ လွှတ်တော်သို့တင်သွင်း

8.1.1
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းစဉ်
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ပထမဆုံးသော အစီရင်ခံစာကို သြဂုတ် ၁၂ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။