Thursday, November 29, 2012

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်





အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ၀ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။

နောက်ကြောင်းပြန်မလှည့်စေချင်ပါ

          နိုင်ငံတစ်ခု၊ သမိုင်းတစ်ခုဆိုတာကို အားလုံးက လက်ခံမယ်ထင်ပါတယ်။ နိုင်ငံတွေရဲ့ဖြစ်တည်မှု
 သမိုင်း နဲ့ ဖြတ် သန်းခဲ့ ရမှု ခရီးလ မ်းကြောင်း များဟာတူ သလိုလိုရှိနိုင်ပေမယ့် တစ်ကယ်တမ်းတော့ လုံးဝထပ်တူ ဆိုတာ ဘယ်မှာရှိနိုင် ပါ့မလဲဗျာ။ ကမ္ဘာ့နိုင်ငံများမြေပုံ ကိုလည်းလေ့လာ လိုက်ကြပါဦး။ တစ်ချို့နိုင်ငံ မြေပုံက ပြားတယ်။ တစ်ချို့ကျတော့

ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ပြန်မဆုတ်ရန် ရှမ်းညီလာခံ တိုက်တွန်း


စံခလပူရီ (မဇ္ဈိမ) ။        ။ ပဋိပက္ခများ လုံးဝ အဆုံးသတ်၍ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် အထူးလိုအပ်နေပြီး နောက်ပြန်မဆုတ်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ညီလာခံက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။

ဆန္ဒပြသူများအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် အထိုင်သပိတ်စခန်းဖွင့်၍ ဆန္ဒပြနေသူများအား ယနေ့နံနက် အစောပိုင်းက ရဲတပ်ဖွဲ့ဝင်များ အင်အားသုံးဖြိုခွင်းခဲ့သည့်ပုံစံနှင့် ပတ်သက်၍ နိုင်ငံရေးသမားများ၊ ရှေ့နေနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်လျှက်ရှိသည်။

မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားတဲ့ ဗြိတိ Spitfire လေယာဉ်များကို စတင်ရှာဖွေ



ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားခဲ့တယ်လို့ ယုံကြည်ရတဲ့ Spitfire ဗြိတိသျှ တိုက်လေယာဉ်တွေကို ရှေ့လာမယ့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ စတင်တူးဖေါ်ရှာဖွေဖို့ ပြင်ဆင်နေပြီလို့ ဗြိတိန် ရှာဖွေရေးအဖွဲ့ကခေါင်းဆောင် မစ္စတာ David Cundall က လန်ဒန်မြို့ စစ်သမိုင်းပြတိုက်မှာ မနေ့က ပြောကြားခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )
၂၀၁၂ ခုနှစ်၊  နိုဝင်ဘာလ   ၂၉      ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော်  ၁    ရက်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူလူထုနှင့်

သံဃာတော်များထိခိုက်ဒဏ်ရာရရှိမှု (ဓါတ်ပုံများ)




လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပြီ




လက်ပံတောင်းတောင်အရေး  ဒေသခံများနှင့် ပြောဆိုဆွေးနွေး ကာ ဟောပြောမည့်ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ ဦးတည်ကာ
 မော်တော်ယာဉ်များဖြင့် မန္တလေးမြို့မှ ထွက်ခွာလာရာ နံနက် ၁၁ နာရီတွင် ညောင်ပင်ဝင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည်မီးလောင်ဗုံးဖြင့် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသွားသော သံဃာတော်များနှင့် ရွာသူရွာသားများ ကို တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ အာရုဏ်တက်ချိန်တွင် လက်ပန်းတောင်းတောင် သပိတ်စခန်းများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသွားသော သံဃာတော်များနှင့် ရွာသူရွာသားများ ကို တွေ့ဆုံရန် မုံရွာပြည်သူ့ဆေးရုံသို့ သွားရောက်လျက်ရှိကြောင်း မုံရွာသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာပြည်သူ့ဆေးရုံသို့ သွားရောက်ပြီးမှသာ ဟောပြောပွဲပြုလုပ်မည့် ကံတက်ကုန်းကျေးရွာသို့ သွားရောက်မည်ဖြစ်သည်။
from -thevoiceweekly

အစိုးရက သပိတ်စခန်းများကို အကြမ်းဖက်ဖြိုခွင်းသည့်အပေါ် အမြင်

လက်ပန်းတောင်းတောင် စီမံကိန်းနယ်မြေထဲက သပိတ်စခန်းတွေကို ဒီနေ့ မနက် အရုဏ်မတက်ခင် အစိုးရက ဖြိုခွင်းရာမှာ သံဃာအပါး ၅၀ လောက်နဲ့ လူတချို့ ဒဏ်ရာရရှိ ခဲ့ပါတယ်။
အဲဒီဖြိုခွင်းမှုနဲ့ ပတ်သက်လို့ လူထုအခြေပြုလူ့အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူတချို့ရဲ့ သဘောထားကို မေးမြန်းထားပါတယ်။

ဦးဂျင်မီ (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)

“ကျနော်တို့ သဘောထားက နဂိုကတည်းက ပြောတာပဲ။ ပြဿနာကို ဖြေရှင်းရမယ်။ ဖြေရှင်းရာမှာ အကြမ်းဖက်ဖြေရှင်းတာကို ကျနော်တို့ သဘောမတူဘူး။ အဲဒါ ကျနော်တို့ရဲ့ နှစ်ပေါင်း ၂၀ ကျော် ကိုင်စွဲလာတဲ့

ပြည်သူလူထု ယုံကြည်မှု ပျောက်ကွယ် သွားနိုင်သည်ဟု ကိုးဘွဲ့ရ ဆရာတော် အစိုးရကို သတိပေး

ယမန်နေ့ အာရုဏ်တက်ချိန်တွင် လက်ပန်းတောင်းတောင် သပိတ်စခန်းများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းခြင်းကြောင့် သံဃာတော်များနှင့် ရွာသူရွာသားများ ဒဏ်ရာရှိအောင် အစိုးရ၏ ကိုင်တွယ်ပုံနှင့်ပတ်သက် ၍ ပြည်သူလူထု၏ ယုံကြည်မှုပျောက်ကွယ်နိုင်ကြောင်း အရှင်အာစရာလင်္ကာရ(ကိုးဘွဲ့ရ)ဆရာတော်က မိန့်ကြားသည်။

မှုခင်းရဲတပ်ဖွဲ့ (CID) ၏ ဓာတ်ခွဲစမ်းသပ်မှု နည်းပညာ (DNA) နှင့် လက်ဗွေစစ်ဆေးမှု အပိုင်းတို့တွင် အားနည်းမှုများရှိနေ၍ ရဲတပ်ဖွဲ့ဝင်များကို ပြည်ပနိုင်ငံများသို့ ပညာသင်စေလွှတ်မည်

ha-28-11-6
မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်အား စစ်ဆေးနေသည့် CID ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မှုခင်းရဲတပ်ဖွဲ့(CID) တွင် လုပ်ငန်းစဉ်ဖြစ်သည့် ဓာတ်ခွဲစမ်းသပ်မှု နည်းပညာ (DNA) နှင့် လက်ဗွေစစ်ဆေးမှု အပိုင်းတို့တွင် အားနည်းမှုများရှိနေသောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ပြည်ပနိုင်ငံများရှိ ရဲတပ်ဖွဲ့ ဝင်သင်တန်းများသို့ ပညာသင်စေလွှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား


နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြားခဲ့သည်။

“ကျွန်တော်ပြောနိုင်တာက ဓာတု လက်နက်လုံးဝ မပါဘူး။ ၁။ မီး သတ်ပိုက်သုံးတယ်။ ၂။ မျက်ရည် ယိုဗုံးသုံးတယ်။ ၃။ မီးခိုးဗုံး။ တဲတွေမှာ မီးလောင်တာက မီးခိုးဗုံး (Smoke Bomb) ကြောင့်ပါ။ ဓာတုပစ္စည်းမပါ ပါဘူး။" ဟု ဦးဇော်ဌေးက ပြောကြားပါသည်။

"လက်ပံတောင်းတောင်စီမံကိန်း စာချုပ်များ ပြန်ဖျက်မည်ဆိုက ကတိ စကားနှင့်တန်ရာတန်ကြေး ထည့်တွက်ရန်လိုဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား"

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဖျက်ပစ်မည်ဆိုပါက တန်ရာတန်ကြေးနှင့် ကတိစကားများ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် မုံရွာခရီးစဉ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးနှင့် မုံရွာမြို့အကြားရှိ မြင်းမူ၊ ညောင်ပင်ဝန်းသို့ ယနေ့နံနက် (၁၀)နာရီကျော် ခန့်တွင် ရောက်ရှိနေပြီ ဖြစ်ပြီး လမ်းတစ်လျှောက် ကြိုဆိုသူ များပြားသောကြောင့် ယာဉ်တန်းမှာ ဖြည်းဖြည်းချင်းသာ သွားနိုင်ကြောင်း သိရသည်။ မုံရွာမြို့သို့ ရောက်ရှိပါက ခေတ္တနားပြီး မူလ အစီအစဉ်အတိုင်း လက်ပံတောင်းဒေသသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်
from -EMG

ပျက်စီးနေသော တရားစီရင်ရေးနှင့် ချည့်နဲ့နေသော မဏ္ဍိုင်များ

ယခင် ဗဟိုတရားရုံးချုပ် (ယခု ရန်ကုန်တိုင်း တရားရုံးချုပ်) နှင့် ရန်ကုန်တိုင်း စုပေါင်းတရားရုံး နှစ်ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချမှုကို ရှေ့နေများ ကန့်ကွက်ခဲ့ကြသည် (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးသမိုင်းဟာ ၁၉၄၈ မတိုင်မီက မြန်မာနိုင်ငံမှာ High Court သာရှိပြီး အယူခံကိုတော့ အိန္ဒိယနဲ့ အင်္ဂလန်ကိုသွားရတယ်။ အဆင့်အနေနဲ့တော့ နိမ့်တာပေါ့။ ၁၉၄၈ လွတ်လပ်ရေးရပြီးတော့ မြန်မာတရားစီရင်ရေးက Common Law Family ထဲမှာပါပြီး

သမ္မတ လက်မှတ် မထိုးသည့်တိုင် လွှတ်တော်ဆိုင်ရာ ဥပဒေ နှစ်ရပ်ကို အတည်ပြု

ပြည်ထောင်စုလွှတ်တော် မြင်ကွင်း (ဓာတ်ပုံ – Reuters)
နိုင်ငံတော်သမ္မတက လွှတ်တော်ဆိုင်ရာ ဥပဒေ နှစ်ရပ်ကို လက်မှတ်ထိုးရန် သဘောမတူသော်လည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည်။

အတည်ပြုပြီး ဥပဒေကြမ်းအပေါ် သမ္မတက မှတ်ချက်ပြုခြင်းအား လွှတ်တော်ကိုယ်စားလှယ်အချို့ ဝေဖန်



ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသော ဥပဒေကြမ်းတစ်ခုအား နိုင်ငံတော်သမ္မတက သ၀ဏ်လွှာ ပေးပို့မှတ်ချက်ပြုခြင်းသည် ဥပဒေပြုခြင်းမဏ္ဍိုင်အား အုပ်ချုပ်ရေးမဏ္ဍိုင်နောက်တွင် ထားလိုသော သဘောဆောင်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြားသည်။

မြန်မာဆန်စပါးကဏ္ဍ ပုဂ္ဂလိသို့တာဝန်ယူစေတော့မည်



နိုင်ငံတကာတွင် မြန်မာ့ဆန်ဈေးကွက် ရရှိရေးနိုင်စေရေးအတွက် ဆန်စပါးမူဝါဒများ ပြောင်းလဲကျင့်သုံး၍ ဆန်စပါးဈေးကွက်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းကာ အပြည်အဝ တာဝန်ယူဆောင်ရွက် စေတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

လွှတ်တော်နှင့်သမ္မတအကြား သဘောထားကွဲလွဲမှုမှာ အသွင်ကူးပြောင်းရေးကိုထိခိုက်နိုင်



လွှတ်တော်နှင့် နိုင်ငံတော်သမ္မတအကြား သဘောထားကွဲလွဲမှု များ ဖြစ်ပေါ်နေခြင်းသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကိုပါ ထိခိုက် လာနိုင်စေမည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာနေသူတစ်ဦး က ပြောကြားသည်။နိုင်ငံတော်အေးချမ်းသာရာရေးနှင့် ဖွံဖြိုးရေးကောင်စီ လက်ထက်က ရေးဆွဲပြဋ္ဌာန်းခဲ့သော  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ

တရုတ်ကောင်စစ်ဝန်ရုံးရှေ့၌ ဆရာတော်ဝီရသူမှ ဦးဆောင်ဆန္ဒဖော်ထုတ်မည် မဟုတ်

 
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆရာတော် ၀ီရသူမှ ဦးဆောင်၍ ဆန္ဒထုတ်ဖော်သွား မည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ မဟုတ်မမှန်ကြောင်း ဆရာတော်မှ မိန့်ကြားခဲ့သည်။"ဦးဇင်းကို ဘယ်သူကမှ လာပြီးမလျှောက်သလို ၊ ဘယ်သူမှလဲ လာပြီးတိုင်ပင်မှု မပြုလုပ်ပါဘူး" ဟု ဆရာတော်ဝီရသူက မိန့်ကြားသည်။

ရခိုင်ပါတီဝင်တချို့ကို ရဲက ခေါ်ယူ ခြိမ်းခြောက်နေ

ပေါက်တောမြို့နယ်၊ ချင်းပြည်နယ်ထဲက ရခိုင်တိုင်းရင်းသားတွေ နေထိုင်တဲ့ ပလက်ဝ မြို့နယ်တို့မှာ ပါတီဝင်အဖြစ်လျှောက်ထားသူတွေကို အမည်နဲ့မှတ်ပုံတင်တွေ ကွဲလွဲနေတယ် ဆိုပြီးတော့ ပါတီဝင်တွေကို ခေါ်ယူ စစ်ဆေးတာ၊ ခြိမ်းခြောက်တာနေတယ်လို့ ALD ရဲ့ ပေါက်တော မြို့နယ် ဒု ဥက္ကဋ္ဌ ဦးမြတ်ထွန်းက ဧရာဝတီကို ပြောပါတယ်။

ဒီနှစ်ရဲ့ လိင်ဆွဲဆောင်မှု အရှိဆုံး အမျိုးသား မြောက်ကိုရီးယား ခေါင်းဆောင်လေး ကင်ဂျုံအန်း

မြောက်ကိုရီးယား ခေါင်းဆောင်လေး ကင်ဂျုံအန်းက ဒီနှစ်ရဲ့ လိင်ဆွဲေ ဆာင်မှု အရှိဆုံး အမျိုးသားလို့ ဆိုပါတယ်။အမေရိကန် ကြက်သွန်နီ စာစောင်က အဲဒီလို နောက်ပြောင်သတ်မှတ်လိုက်တာပါ။ သို့သော်ငြား တရုတ် ကွန်မြူနစ်ပါတီရဲ့ People’s Daily - ပြည်သူ့ နေ့စဉ်သတင်းစာ အင်တာနက်စာမျက်နှာမှာ  အဲဒါကို အတည်ယူပြီး သတင်းရေးထားပါ တယ်။ အင်္ဂါနေ့မှာပါ။

ယနေ့ ထိုင်း-မြန်မာ နယ်စပ် ပစ်ခတ်မှု တခုတွင် မူးယစ်ဆေး သယ်ဆောင်သူ ၂ ဦးကို စိတ်ကြွဆေးပြား အလုံး လေးသောင်း နှင့်အတူ အသေ ဖမ်း


2012 မူးယစ်ဆေးဝါး သယ်ဆောင်လာသူများနှင့် ယနေ့ ထိုင်း-မြန်မာ နယ်စပ် ပစ်ခတ်မှု တခုတွင် မူးယစ်ဆေး သယ်ဆောင်သူ ၂ ဦးကို စိတ်ကြွဆေးပြား အလုံး လေးသောင်း နှင့်အတူ အသေ ဖမ်းဆီးရမိ သည် ဟု ထိုင်း စစ်တပ် သတင်းရပ်ကွက်က ပြောသည်။ ထိုင်း စစ်တပ်က သတင်းအရ မယ်ဟောင်ဆောင် ခရိုင် မယ့်စွတ်ဦးနှင့် နမ်းဖယ်ဒင်း ကျေးရွာ

အီဂျစ်ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်ရင်ဆိုင်



အီဂျစ်သမ္မတ မိုဟာမက်မော်ရ်စီကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲကို ကိုင်ရိုမြို့မှာ ဒီနေ့ ဗုဒ္ဒဟူးနေ့မှာလည်း ဆက်လက် ဆင်နွှဲနေပြီး ရဲတပ်ဖွဲ့ ၀င်တွေနဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်နေကြဆဲပါ။
ကိုင်ရိုမြို့ရှိ အမေရိကန်သံရုံးအနီးက လမ်းမပေါ်မှာ ခဲတွေနဲ့ပေါက်နေကြတဲ့ ဆန္ဒပြ လူအုပ်ကြီးကို ရဲတွေက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲခဲ့ရပါတယ်။

ယနေ့နံနက် (၃)နာရီမှစတင်ကာ သပိတ်စခန်း (၆)ခုကို မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် တိုက်ခိုက်ဖြိုခွင်းခြင်း သတင်းနှင့်မှတ်တမ်း(ဓါတ်ပုံ)များ



လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား နိုဝင်ဘာ လ၂၉ ရက်နေ့  နံနက် ၃နာရီအချိန်မှစတင်၍  လုံခြုံရေး ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့သဖြင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်း ဧရိယာတွင် ရောက်ရှိနေေ သာ Eleven Media Group  မှ သတင်းထောက်၏ သတင်းပေးပို့ချက် အရ သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံစေတီတော်နှင့် မဟာဝိဇယစေတီ မြင်ကွင်းများ



လက်ပံတောင်းတောင် ဖြစ်စဉ်မှ ဒဏ်ရာရသံဃာတော်အချို့


တရုတ်ပတ်စ်ပို့ ဖိလစ်ပိုင်တံဆိပ်တုံးမထု

ဖိလစ်ပိုင်နိုင်ငံဟာ အာရှနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံရဲ့ အီလက်ထရောနစ်နိုင်ငံကူးလက်မှတ်သစ်ကို တံဆိပ်တုံးမထုတဲ့ ဒုတိယမြောက် နိုင်ငံဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံက သူ့ရဲ့အဲဒီနိုင်ငံကူး လက်မှတ် သစ်ထဲမှာ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေကို သူတို့ရဲ့ ပိုင်နက်အဖြစ်နဲ့ ဖော်ပြထားပါတယ်။

လက်ပန်းတောင်းတောင် သပိတ်စခန်း လုံထိန်းရဲတွေ စီးနင်းဖြိုခွဲ

မုံရွာမြို့အနီး၊ ဝမ်ပေါင်ကုမ္ပဏီနီရှေ့ရှိ ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒပြနေတဲ့ ပင်မသပိတ် စခန်း၊ ကျော်ရွာသပိတ်စခန်းတွေကို နံနက်သုံးနာရီမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်းပြီး မီးသတ်ပိုက်တွေ၊ မီးလောင်ဗုံးတွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။