Friday, January 9, 2015

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည့်သတင်း မဟုတ်ဟု NLD ငြင်းဆို

Photo: ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည့်သတင်း မဟုတ်ဟု NLD ငြင်းဆို

ဇန်န၀ါရီလ ၉ ရက်၊ ၂၀၁၅

လာမည့် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ပေါ်လာမည့် အစိုးရအဖွဲ့သစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟိုကော်မတီဝင်များက ငြင်းဆိုလိုက်သည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်း ပြင်ဆင်နိုင်ခြင်း မရှိပါက ဥပဒေပြုလွှတ်တော် တစ်ရပ်ရပ်တွင် ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖွယ် ရှိကြောင်း NLD ပါတီ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးကို ကိုးကားပြီး ပြည်တွင်းမီဒီယာတစ်ခု ဖြစ်သော The Trade Times ၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြထားမှုအပေါ် ၎င်းတို့က ယင်းသို့ ငြင်းဆိုခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်းမှာ ပြင်ဆင်နိုင်အောင် ကြိုးစားနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချပါဘူး၊ ဒီလို သတင်းမှားတွေက ခဏခဏ ဖြစ်တတ်တာပဲလေ” ဟု NLD ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ဆိုသည်။
ထို့အပြင် NLD ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆုံးဖြတ်ချက် ချမှတ်နေခြင်းသည် ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများ အပေါ်တွင်သာ မူတည်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိပါက ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်သော လွှတ်တော်တစ်ရပ်ရပ်၏ ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း The Trade Times တွင် ဖော်ပြထားသည်။

NLD ပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း “ကျွန်တော်ကတော့ ဥက္ကဋ္ဌ ဒီလိုဆုံးဖြတ်ချက် ချမယ်လို့ မယုံဘူး၊ အဲဒါသတင်းမှား တစ်ခုပါ” ဟု ဆိုသည်။

“ဖွဲ့စည်းပုံ ပြင်ဆင်ဖို့အချိန်က မလုံလောက်တော့ဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ နေရာ ထမ်းဆောင်ခွင့်ရရင်လည်း ဝမ်းသာကျေနပ်မှာပါ” ဟု NLD ပါတီ ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ မုံရွာအောင်ရှင်က ပြောကြားကြောင်း The Trade Times က ဖော်ပြထားသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ဥက္ကဋ္ဌ နေရာ ထမ်းဆောင်မည့် ကိစ္စကို ပြောကြားခဲ့ခြင်း မရှိကြောင်း စာရေးဆရာ မုံရွာအောင်ရှင်က ငြင်းဆိုသည်။

“ကျွန်တော် အဲဒီလို လုံးဝမပြောခဲ့ပါဘူး၊ အားလုံးအသိပဲလေ ဒီအချိန်ဟာ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အားလုံးက ကြိုးစားပမ်းစား လုပ်နေကြတာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတ ဖြစ်နိုင်ဖို့ အတွက်ကို ကြိုးစားနေကြတာပါလို့ ပြောခဲ့တာ၊ နိုင်ငံခြားသားတစ်ယောက် ဆိုတော့ မြန်မာလို နားလည်မှု အားနည်းပြီး ရောထွေးသွားတာ ဖြစ်မယ်။ သေချာတာတော့ ကျွန်တော်ဟာ ပြောရေးဆိုခွင့်ရှိသူ မဟုတ်ဘူး၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် ကြိုးစားမည်ဟု ဖော်ပြချက်တွင် သတင်းမီဒီယာ ကျင့်ဝတ်အရ မှန်ကန်ကြောင်း The Trade Times မီဒီယာ အယ်ဒီတာချုပ် ဦးခင်မောင်အေးက ပြောကြားသည်။
“ဦးအောင်ရှင်က ပြောတာ သေချာပါတယ်၊ နိုင်ငံခြားသား တစ်ယောက်တည်း မဟုတ်ပါဘူး၊ မြန်မာနိုင်ငံသား သတင်းထောက်တစ်ဦးပါ ပါပါတယ်၊ သေသေချာချာ အချက်အလက်ရရှိလို့ ရေးသားထားတာပါ၊ တစ်ဖက်က သဘောထား ဘယ်လိုရှိသလဲ ဆိုတာတော့ မသိပါဘူး” ဟု ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတ ဖြစ်ခွင့်ကို တားမြစ်ထားသည်ဟု ဆိုသော ပုဒ်မ ၅၉ (စ) ပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်နိုင်ခြင်း မရှိပါက NLD ပါတီက လွှတ်တော်မဲဆန္ဒနယ် အများစုတွင် အနိုင်ရရှိသော်လည်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ နေရာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို တင်မြှောက်နိုင်မည် မဟုတ်ပေ။

ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်နိုင်ခြင်း မရှိပါက ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံသွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ၂၀၁၄ နှစ်ကုန်ပိုင်းတွင် နိုင်ငံခြား သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။

သို့သော်လည်း အဆိုပါ ပြောဆိုချက်သည် နားလည်မှု မှားယွင်းခြင်းကြောင့် မှားယွင်းဖော်ပြထားခြင်း ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင်များက ငြင်းဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာမည့် လွှတ်တော်များတွင် ပြင်ဆင်အတည်ပြုနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။

The Voice Weekly
လာမည့် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ပေါ်လာမည့် အစိုးရအဖွဲ့သစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟိုကော်မတီဝင်များက ငြင်းဆိုလိုက်သည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်း ပြင်ဆင်နိုင်ခြင်း မရှိပါက ဥပဒေပြုလွှတ်တော် တစ်ရပ်ရပ်တွင် ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖွယ် ရှိကြောင်း NLD ပါတီ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးကို ကိုးကားပြီး ပြည်တွင်းမီဒီယာတစ်ခု ဖြစ်သော The Trade Times ၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြထားမှုအပေါ် ၎င်းတို့က ယင်းသို့ ငြင်းဆိုခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်းမှာ ပြင်ဆင်နိုင်အောင် ကြိုးစားနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချပါဘူး၊ ဒီလို သတင်းမှားတွေက ခဏခဏ ဖြစ်တတ်တာပဲလေ” ဟု NLD ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ဆိုသည်။

ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖို့ နိုင်ငံရေးခေါင်းဆောင်တွေကို သမ္မတဖိတ်ကြား


ဒီလ ၁၂ ရက်နေ့မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲကိစ္စတွေ ကို နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေး ဖို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို သမ္မတရုံးက ဒီနေ့ ဖိတ်ကြားလိုက်ပါတယ်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဖိတ်ကြားခံရပြီး၊ ကိုယ်တိုင် တက်ရောက်မယ်လို့ RFA ကို အတည်ပြုပြောပါတယ်။

ဆွေးနွေးပွဲကိုတက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အစိုးရက ဘယ်လိုအကောင်အထည်ဖော် မလဲဆိုတာတွေ မေးမြန်းဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

လက်ပံတောင်းတောင်သူ သေဆုံးမှု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် တစ်ကိုယ်တော်ဆန္ဒပြ

လက်ပံတောင်းတောင် ဒေသခံ တောင်သူအမျိုးသမီးတစ် ဦးသေဆုံးခဲ့မှုအတွက် အဓိကတာ ၀န်ရှိသည့် စစ်ကိုင်းတိုင်းဒေသ ကြီး ၀န်ကြီးချုပ် ရာထူးမှနုတ် ထွက်ပေးရန် စစ်ကိုင်းမြို့တွင် တစ် ကိုယ်တော် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးသည် တိုင်း ဒေသကြီးအတွင်း နေထိုင်သည့် ဒေသခံ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို အကာကွယ် မပေးနိုင်ဘဲ လက်ပံတောင်းတောင် ပဋိပက္ခကြောင့် တောင်သူအမျိုး သမီး သေဆုံးခဲ့ရမှုဖြစ်စဉ်တွင် လည်း အဓိကတာဝန်ရှိသူဖြစ် သည်ဟု တစ်ကိုယ်တော်ဆန္ဒထုတ် ဖော်ခဲ့သည့် စစ်ကိုင်းမြို့ဒေသခံ ဦးသန်းထိုက်ဦး က ပြောသည်။

တရုတ်နိုင်ငံမှ ဆောင်းမုတ်သုံလေများကြောင့် ဇန်န၀ါရီ ၁၀ ရက်အထိ အချိန်အခါမဟုတ် မိုးရွာနိုင်

တရုတ်နိုင်ငံဘက်မှ ၀င် ရောက်လာသော ဆောင်းမုတ်သုံ လေများကြောင့် မြန်မာနိုင်ငံဒေသ အနှံ့တွင် ဇန်န၀ါရီ ၁၀ ရက်ခန့် အထိ အချိန်အခါမဟုတ် နေရာကွက်၍ မိုးများရွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြော ကြားသည်။
အချိန်အခါမဟုတ်မိုးရွာ မည့် အဓိကဒေသများမှ ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်နှင့် မန္တလေးတိုင်းတို့ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
‘‘အခုလတ်တလောက အင် ဒိုချိုင်းနားတစ်ခုလုံးဖြစ်နေတာ ပါ။ ရေငွေ့ပါတဲ့ လေတွေ တိုက် လာတော့လေ။ ဇန်န၀ါရီ ၁၀ ရက်လောက်အထိ အချိန်အခါမဟုတ် မိုးရွာနိုင်ပါတယ်။ မရွာတဲ့ ဒေသ တွေမှာဆိုရင်လည်း မိုးအုံ့နေတာ မျိုးတွေဖြစ်မယ်။ ဒါတွေက စိုက် ပျိုးရေးကဏ္ဍမှာ သက်ရောက်မှုရှိ လို့ သတိထားဖို့လိုတယ်’’ဟု ဒေါက်တာထွန်းလွင်ကသတိပေး သည်။

အရက်ဖိုးတောင်းရာ မပေးသည့် ဖခင်ဖြစ်သူအား သံပိုက်ဖြင့်ရိုက်၍ သေဆုံး


၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁ဝ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ မင်းလှ မြို့နယ်၊ ငနောင်မုန်း ရေနံမှော်တွင် လူတစ်ဦးသေဆုံး နေကြောင်း သတင်းအရ ရေနံမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ငနောင်မုန်းရေနံမှော်တွင် ရေနံခပ် လုပ်ငန်းလုပ်ကိုင်သူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ညောင်စောက်ရွာနေ ဦးကျော်စိန်(၆၇)နှစ်တွင် နဖူးချိုင့်ဝင်ဒဏ်ရာ၊ ရင်ဘတ်အား သွားဖြင့်ကိုက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိ ရသည်။

စည်းစိမ်ပေါင်ပြီး ရုပ်ရှင်တစ်ကားပြီးအောင်ရိုက်ခဲ့တဲ့ ဗင်ဒီဇယ်


ဗင်ဒီဇယ် ကို Fast and Furious ကားမောင်း အက်ရှင် ရုပ်ရှင် ကြည့်ဖူးသူများ သိမှာပါ။ သူ့မှာ အခြားသော အောင်မြင်တဲ့ ဇာတ်ကားပေါင်း များစွာ ရှိနေသေးပြီး ယင်းထဲမှာ Riddick လည်း ပါဝင်ပါတယ်။ ၂၀၁၃ ခုနှစ်က ရုံတင်ပြသတဲ့ Riddick ကို ရိုက်ဖို့အတွက် ပရိုဂျူဆာနဲ့ ဒါရိုက်တာတို့မှာ ငွေ အလုံအလောက် မရှိပါဘူး။
ဒါနဲ့ ဗင်ဒီဇယ်ဟာ သူ့ရဲ့ အိမ်ကိုပါ အပေါင်အဖြစ် ထားပြီး ရတဲ့ ငွေကို ရုပ်ရှင် ဇာတ်ကားအတွက် ထုတ်ပေးခဲ့ပါတ်။ နောက်တော့ ဇာတ်ကားဟာ အောင်မြင်သွားပြီး ငွေလည်း များစွာ ပြန်လည်ရရှိခဲ့ပါတယ်။ အင်တာဗျူး တစ်ခုမှာ ဖြေတော့ သူ့အနေနဲ့ အဲ့ဒီ ဇာတ်ကားသာ ပြီးအောင် မရိုက်နိုင်ခဲ့ရင် သူဟာ အိမ်ခြေမဲ့ တစ်ဦး ဖြစ်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ ပါတယ်။

တိုက်ကြီးတွင် လယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးဆိုင် မီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ မီးသတ်လမ်း၊ အမှတ် ၁၁ ရှိ လယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးဆိုင်တွင် ဇန်နဝါရီ ၈ရက် နေ့လည် ၁၂နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်းဖိုး ငွေကျပ် ၅၁သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကား၊ ပျဉ်ခင်း နှစ်ထပ်ရှိ လယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးဆိုင်၏ အပေါ်ထပ်တွင်ရှိသော မတ်တပ်ပန်ကာ ဖွင့်ထားရာမှ မော်တာဂျမ့်ဖြစ်တာ၍ အပူလွန်ကဲရာမှ ဘေးကာဗာအဖုံး အရည်ပျော်ကျပြီး ဝါးနှီးအထုံးများပေါ်သို့ ကျ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် ကော်မတီငြင်းဆို

Photo: လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် ကော်မတီငြင်းဆို

ဇန်န၀ါရီလ ၉ ရက်၊ ၂၀၁၅

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားရ တာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အပြည့်အ၀ လိုက်နာအကောင်အထည်ဖော်မှု မရှိတာကြောင့်ဆိုတဲ့ ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မဟုတ်မှန်ကြောင်း အစီရင်ခံစာအကောင်အထည်ဖော်မှု ကော်မတီက ဒီနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ငြင်းဆိုလိုက်ပါတယ်။
အကောင်အထည်ဖော်မှု ကော်မတီအနေနဲ့ စုံစမ်းရေးကော်မတီရဲ့အစီရင်ခံစာပါ တိုက်တွန်းအကြံပြုချက်တွေ ထက်တောင်ကျော်လွန်ပြီး ဆောင်ရွက်ပေးနေ တယ်လို့ အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

"စုံစမ်းရေးကော်မရှင် ဥက္ကဌက ပြောတယ်ပေါ့၊ သို့သော်လည်း လိုက်နာမှုမရှိဘူးဆိုတဲ့အပိုင်းက ကျနော်တို့ဖက်က စုံစမ်းရေးကော်မရှင် အကြံပေးချက်တွေကို အပြည့်အဝဆောင်ရွက်ပေးနေတယ်၊ ဒီအစီရင်ခံစာမှာပါတဲ့ အချက်တွေအပြင်တောင်မှ ပိုပြီးတော့ဆောင်ရွက်ပေးနေတာတွေကို တင်ပြလိုတယ်၊ လျော်ကြေးတွေပေးလိုက်ဆိုပြီး ကျနော်တို့ပေးတယ်၊ သို့သော် ကျနော်တို့ရဲ့ စေတနာမေတ္တာကို နားလည်တဲ့လူထုက လာထုတ်တယ်၊ လျော်ကြေးမထုတ်တဲ့လူတွေကို ကျနော်တို့က ဖြောင်းဖျပြီး အိမ်တိုင်ယာရောက်လိုက်ပေးတယ်၊ အဲဒီ့ရွာတွေမှာကို လိုက်ပြီးတော့ပေးတယ်၊ အဲ့လိုပေးတဲ့ဟာကို လက်မခံတဲ့သူက မလိုက်နာတာလား၊ ကျနော်တို့က စုံစမ်းရေးကော်မရှင်မှာပါတဲ့အတိုင်း လျော်ကြေးပေးနေတာ နှစ်ကြိမ်၊ သုံးကြိမ်အထိပေးနေတာကို လျော်ကြေးမယူပါဘူးလို့ ပြောနေတဲ့သူတွေ၊ ကျနော်တို့ကတော့ ဒီစုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာ ဆောင်ရွက်ပါတယ်၊ အဲတော့ မလိုက်နာဘူးဆိုတာ မဟုတ်ပါဘူး
ဒါ့အပြင် ပဋိပက္ခတွေ ထပ်မံမပေါ်ပေါက်စေဖို့အတွက် ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ လည်း အတွင်းရေးမှူး ဦးတင်မြင့်က ဆိုပါတယ်။ ဒေသခံတောင်သူတွေကို သွေးထိုးလှုံ့ဆော်နေသူတွေနဲ့ ပြင်ပအဖွဲ့အစည်းတွေကို အမှုဖွင့်အရေးယူဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်က ကျေးရွာ ၂၆ ရွာကို ကြေးနီစီမံကိန်းဧရိယာအဖြစ် သတ်မှတ်ထားရာကနေ ၇ ရွာကို ထပ်တိုးဧရိယာအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က စီမံကိန်းတိုးချဲ့ဧရိယာတွေမှာ ၀မ်ပေါင် ကုမ္ပဏီဝန်ထမ်းတွေက ခြံစည်းရိုးဝင်ခတ်ရာ တားမြစ်ခဲ့တဲ့ ဒေသခံတွေတောင် သူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေပဋိပက္ခဖြစ်ပွားပြီး ဒေသခံတောင် သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

RFA Burmese
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားရ တာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အပြည့်အ၀ လိုက်နာအကောင်အထည်ဖော်မှု မရှိတာကြောင့်ဆိုတဲ့ ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မဟုတ်မှန်ကြောင်း အစီရင်ခံစာအကောင်အထည်ဖော်မှု ကော်မတီက ဒီနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ငြင်းဆိုလိုက်ပါတယ်။
အကောင်အထည်ဖော်မှု ကော်မတီအနေနဲ့ စုံစမ်းရေးကော်မတီရဲ့အစီရင်ခံစာပါ တိုက်တွန်း အကြံပြုချက်တွေ ထက်တောင်ကျော်လွန်ပြီး ဆောင်ရွက်ပေးနေ တယ်လို့ အကောင်အထည် ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

အမျိုးသမီး တပ်ကြပ်ကြီးစာရေးများခေါ်ယူ

ရန်ကုန်- တပ်မတော်က ဒုတိယ အကြိမ် ခေါ်ယူလိုက်သည့် အမျိုး သမီးတပ်ကြပ်ကြီး စာရေးရာထူး အတွက် စတင်လျှောက်ထားနိုင် ပြီး ရွေးချယ်ခံရပါက သင်တန်း ကာလအတွင်း ပြင်ပမှ အဝေး သင်တက္ကသိုလ်စာမေးပွဲများကို အဆင်ပြေစွာ ဖြေဆိုနိုင်ရန် စီစဉ် ပေးမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းစစ်ဌာနချုပ်မှ သတင်းရရှိ သည်။
အမျိုးသမီးတပ်ကြပ်ကြီး စာ ရေးရာထူးများကို တပ်မတော်က ၂၀၁၄ တွင် စတင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရွေးချယ်ခံရသူများအား အခြေခံစစ်ပညာရပ်များ၊ အခြေခံ ရုံးလုပ်ငန်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာရပ်တို့ကို တစ်နှစ်ခွဲကြာ သင်ကြားပေးခြင်းဖြစ်သည်။
အဆိုပါ သင်တန်းသို့ အသက် (၁၆)နှစ်ပြည့်ပြီးသော တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အိမ်ထောင်မရှိသူ အမျိုး သမီးများ လျှောက်ထားနိုင်ပြီး သင်တန်းကာလအတွင်း ပြင်ပအဝေးသင်တက္ကသိုလ်များထံမှ ဘွဲ့ရရှိသည်အထိ ဖြေဆိုနိုင်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို စစ်တွေ လေဆိပ်တွင် ရဟန်းရှင်လူပြည်သူများ ဆန္ဒပြ

ရခိုင်ပြည်နယ်သို့ရောက် ရှိလာသော ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ်ရန်ဟီး လီကို စစ်တွေလေဆိပ်မှ မြို့တွင်း မဝင်ရောက်ရန် ရဟန်းသံဃာ တော်များ အပါအဝင် ဒေသခံ ပြည်သူများက ကန့်ကွက်ဆန္ဒပြ ဖော်ထုတ်ခဲ့ကြောင်းသတင်းရရှိ သည်။
ဇန်နဝါရီ ၈ ရက်ညနေ ၆ နာရီကျော်က ရန်ဟီးလီ စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။ ရဟန်း သံဃာတော်များအပါအဝင် အင်အားငါးရာနီးပါးက ရန်ဟီးလီမြို့တွင်းသို့မဝင်ရောက်ရန် လေဆိပ်ရှေ့တွင် ဗီနိုင်းများ ကိုင်ဆောင်၍ ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ရန်ဟီးလီသည် ဘင်္ဂါလီများဘက်မှ တစ်ဖက်သတ်အမြင်ဖြင့်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်မှမရှိကြောင်း ကြေညာထားသည့်ရိုဟင်ဂျာအမည်သုံးစွဲခြင်း၊ ရခိုင်တိုင်းရင်းသားများ ခံစားချက်ကို ဂရုမစိုက်ခြင်း တို့ကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်းလည်း စစ်တွေမြို့ခံများကပြောသည်။

ကင်မွန်းစခန်းအနီးတွင် နိုင်ငံခြားသူအား အဓမ္မပြုကျင့်သူကို ထောင်ဒဏ် ၄၃ နှစ်ချ


ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအနီးတွင် ပီရူးနိုင်ငံ သူအား အဓမ္မပြုကျင့်ခဲ့သော အမျိုးသားကို ထောင်ဒဏ် ၄၃ နှစ်ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ ၂၀ ရက်တွင် အဆိုပါအမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၂၀ အကြာ ဇန်န၀ါရီ ၈ ရက်တွင် သထုံခရိုင် တရားရုံးက အဆိုပါပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
‘‘တရားလို၊ တရားခံ၊ ထင် မြင်ချက်၊ ဆေးစစ်ချက်တွေခိုင်လုံ တဲ့အတွက် ဒီနေ့မှာပဲ သထုံခရိုင် တရားရုံးကနေ အမိန့်ချလိုက်ပါ ပြီ။ ထောင်ဒဏ် ၄၃ နှစ်ပါ’’ဟု မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှရဲအရာရှိတစ်ဦးက ပြောသည်။