Tuesday, January 29, 2013

“ပွဲဦးထွက်အယ်လ်ဘမ်ဖြင့် ကမ္ဘာ့ဂီတ Top Ten ၀င်နိုင်ချေရှိနေသူ နိုင်ငံ့ဂုဏ်ဆောင် ချင်းတိုင်းရင်းသူလေး Milla Hniang နှင့် ပေါ်ပြူလာ အင်တာဗျူး”

သူ၏နာမည် အပြည့်အစုံက Milla Dawt Hniang ဖြစ်ပြီး အသက် ၂၂ နှစ်ရှိ ချင်းတိုင်းရင်းသူတစ်ဦးဖြစ်ရာ ယခုအခါ အမေရိကန် ပြည်ထောင်စု ကိုလံဘီယာစီမံကိန်းမြို့၊ မေရီလန်းပြည်နယ် (Maryland)တွင် နေထိုင်သူဖြစ်သည်။ အဆိုတော်တစ်ဦးဖြစ်သလို သီချင်းလည်းရေးပါသည်။ တစ်ကိုယ်တည်းသီဆိုထားသည့်

ခိုးဝင်လာသော ရိုဟင်ဂျာများကို လက်မခံဘဲ နှင်ထုတ်သွားမည်ဟု ထိုင်းအစိုးရပြော


ထိုင်းအစိုးရသည် နိုင်ငံတွင်းသို့  အိမ်နီးချင်းမြန်မာနိုင်ငံမှ ရိုဟင်ဂျာများ ခိုးဝင်လာမှု အထူးများပြားလာသောကြောင့် နောက်ထပ် လှေဖြင့်ခိုးဝင်လာသော ရိုဟင်ဂျာများကို အခြေချခွင့်မပေးဘဲ နှင်ထုတ်သွားမည်ဟု အစိုးရထိပ်တန်းအရာရှိကြီးတစ်ဦးက ပြောကြားလိုက်သည်။

Myanmar Times ရှယ်ယာရှင်များ ကွဲပြီလား

 
 အမျိုးသမီး တစ်ယောက်ကို ထိုးကြိတ်မှု့ဖြင့် တရားစွဲခံခဲ့ရဖူးသည့် မစ္စတာ ရော့စ် ဒန်ကလေ အားတွေ့ရစဉ်

အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေနေသော The Myanmar Times အပတ်စဉ် သတင်းဂျာနယ်၏ အုပ်ချုပ်ရေးမှူး အဆင့်များနှင့် ရှယ်ယာ ပိုင်ဆိုင်ထားသူများ အပြန်အလှန် လူသိရှင်ကြား ပြဿနာ ဖြစ်ပွားခဲ့ကြသောကြောင့် နေ့စဉ်သတင်းစာ ထုတ်ဝေမည့် ကိစ္စ မတိုင်မီ ရှယ်ယာခွဲဝေမှုများ ဖြစ်လာမည်လားဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။

သပိတ်စခန်း ဖြိုခွဲခံရမှု ၂ လပြည့် ဒေသခံ ၂၀၀၀ ချီတက် ဆန္ဒပြ


လက်ပန်းတောင်းတောင်ဒေသ က ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံရမှု ၂ လပြည့် အထိမ်းအမှတ်အနေနဲ့ ဒေသခံအင်အား ၂ ထောင်ကျော်ဟာ တုံရွာသပိတ်စခန်း ကနေ ညောင်ပင်ကြီးဆိပ်ကမ်းအထိ ဒီကနေ့လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြပြီး၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးကို အဓိကထား တောင်းဆိုခဲ့တယ်လို့ အဲဒီဆန္ဒပြပွဲမှာပါဝင်တဲ့ တောကျောင်းကျေးရွာ မှ ဒေသခံ ဦးမြင့်ဌေးက RFA ကို ပြောပါတယ်။

တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့ ဟု ဦးအောင်သိန်းလင်း ပြော

ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍အမေရိကန် ၏ပြောဆိုမှုက အဓိပ္ပာယ်မရှိကြောင်းဦးအောင်သိန်းလင်းပြော
=================================================

မြန်မာအစိုးရတပ်မတော်နှင့် KIA,KIO တို့ကြား ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်ဘက်မှ တိုက်လေယာဉ် များအသုံးပြုထိုးစစ်ဆင်ခဲ့ခြင်းအား အမေရိကန်အစိုးရနှင့်ကုလသမဂ္ဂ တို့မှ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းမှာ အဓိပ္ပာယ် လုံးဝမရှိကြောင်းနှင့်ပြည်တွင်းရေး ကို ၀င်စွက်ဖက်ခြင်းသာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်း လင်းက Hot News သတင်း ထောက်နှင့်တွေ့ဆုံစဉ်ပြောကြား သွားခဲ့သည်။

ဝ'တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား


ချင်းမိုင်(မဇ္စျိမ)။   ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြောသည်။  

ကေအိုင်အေတို့၏ ခံစစ်စခန်းများကို မြန်မာ့တပ်မတော် ဘယ်လို တိုက်ခဲ့သလဲ


မြန်မာ့ တပ်မတော်သားများ အဖို့ စခန်းသိမ်းတိုက်ပွဲဆိုသည်နှင့် အရင်ဆုံး ပြန်လည် မြင်ယောင်ကြသည်မှာ ထိုင်း-မြန်မာ နယ်စပ်တွင် အိုမီဂါပုံ ၊ သို့မဟုတ် ပုလင်းခွံ တစ်လုံးပုံကဲ့သို့ အ၀င် တစ်ပေါက်သာ ရှိသည့် စခန်းများကို သိမ်းယူနိုင်ခဲ့သည့် တိုက်ပွဲများ ပင်ဖြစ်သည်။ အဆိုပါ စခန်းများသည် နိုင်ငံခြားသားများ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီး

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်ထုတ်ဝေခဲ့သော သတင်းစာများစာရင်း

(၁) သူရိယသတင်းစာ
(၂) မြန်မာ့အလင်းသတင်းစာ
(၃) ဗမာ့ခေတ်သတင်းစာ
(၄) လမ်းညွှန်သတင်းစာ
(၅) သံတော်ဆင့်သတင်းစာ(သစ်)
(၆) ဟံသာဝတီသတင်းစာ

အဲပုဂံလေယာဉ် ပျက်ကျမှုတွင် ရှာဖွေတွေ့ရှိခဲ့သည့် Black Box ၏ စစ်ဆေးတွေ့ရှိချက်များအား မီဒီယာများသို့ ရှင်းလင်းပွဲပြုလုပ် အသိပေးသွားမည်

        
အဲပုဂံလေယာဉ် ပျက်ကျမှုတွင် ရှာဖွေတွေ့ရှိခဲ့သည့် Black Box ၏ စစ်ဆေးတွေ့ရှိချက်များအား မီဒီယာများသို့ ရှင်းလင်းပွဲပြုလုပ် အသိပေးသွားမည်ဖြစ်ကြောင်းစုံစမ်းစ စ်ဆေးရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သည့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ  ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး ချီတက်လမ်းလျှောက်နေသူများအား တောင်ငူ ခရိုင် ရဲမင်းကြီးက အိပ်ကပ်ထဲက ငွေသုံးသောင်းကို လှူဒါန်းသွားခဲ့ဟုဆို

တောင်ငူမြို့သို့ စတင်ဝင်ရောက်နေသော ငြိမ်းချမ်းရေး ချီတက် လမ်းလျောက် အဖွဲ့နှင့် ဒေသ ခရိုင် ရဲမင်းကြီးတို့ တွေ့ဆုံဆွေးနွေးပြီးသည့် နောက် အားလုံး အဆင်ပြေ နားလည်မှု ရသွားကာ ငြိမ်းချမ်းရေး အဖွဲ့ ဆက်လက် လမ်းလျောက် ဖြတ်သန်းခွင့် ရသွားသည့် အပြင်။ လမ်းလျောက် အဖွဲ့ အတွက် လိုအပ်သော စားသောက်ဖွယ် အလှူဒါန အတွက် ရဲမင်းကြီးနှင့် အုပ်ချုပ်ရေးမှူးတို့က အိတ်ကပ်တွင်း ပါသမျှ ငွေ သုံးသောင်းကျပ်ကျော်ကို ချက်ချင်း ထုတ်ယူ လှူဒါန်းသွားယုံမျှ မက။ ငြိမ်းချမ်းရေး တေးသီချင်းများ သီဆိုသွားနိုင်ပါကြောင်း ငြိမ်းချမ်းရေး အတွက် သူတို့လည်း ဆုတောင်းပေးလိုက်ကြောင်း သိရသည်
from -Facebook

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား လစ်လပ်လျက်ရှိသော သာသနာရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ (ဇန်န၀ါရီ ၂၈ ရက်) တွင် ဇန်န၀ါရီ ၂၂ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း သတင်းရ ရှိသည်။

မောင်တောမြို့ သုံးမိုင်ဝေသာလီကျေးရွာအနီးရှိ မေယုဂေါက်ကွင်းမှ နားနေဆောင်ကို ဘင်္ဂလီများ မီးရှို့ဖျက်ဆီး

ဇန်န၀ါရီလ ၂၈ ရက် ညနေ ၈နာရီ ၃၀မိနစ်ခန့်တွင် မောင်တောမြို့ သုံးမိုင် ဝေသာလီကျေးရွာအနီးရှိ မေယုဂေါက်ကွင်းမှ နားနေဆောင်ကို အနီးအနားရှိ ဘင်္ဂလီကျေးရွာများမှ အကြမ်းဖက် ဘင်္ဂလီများ လာရောက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

“ဘီလျံနာအဖြစ် အမွေဆက်ခံရမည့် တရုတ်အမျိုးသမီး ချစ်သူအလိုရှိနေ”

ဘီလျံနှင့်ချီသော ငွေကြေးများအတွက် အမွေဆက်ခံရမည့်သူ တစ်ဦးအတွက် ကြင်ရာဖက် ရရှိရန်မှာ ခက်ခဲသော ကိစ္စတစ်ခု မဟုတ်ဟု ယူဆရန် ရှိသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ အကြွယ်ဝ အချမ်းသာဆုံးဖြစ်သော သူဌေးကြီး၏ အမွေခံ သမီးကမူ သူမ၏ ဘဝသည် လူအများ ထင်မှတ်ထားသည်ထက် ခက်ခဲစွာ

ငြိမ်းချမ်းရေးအတွက် ပူတာအိုမြို့တွင် ဆန္ဒပြ



ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်ပွဲတစ်ခုကို ဒေသခံတိုင်းရင်းသား ရပ်မိရပ်ဖအဖွဲ့များက ဦးဆောင်၍ ပူတာအိုမြို့တွင် ယနေ့ (ဇန်န၀ါရီ ၂၉) နံနက် ၁၀ နာရီမှ စတင်ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ရခိုင်လက်နက်ကိုင်ခေါင်းဆောင် တရုတ်မှာ ယာယီထိန်းသိမ်းခံရ



 ကချင်ပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ရခိုင့်တပ်မတော်မှ ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်သည် တရုတ်နိုင်ငံသို့ ရောက်ရှိစဉ် သောကြာနေ့က ခေတ္တ ထိမ်းသိမ်း စစ်ဆေးခံခဲ့ရပြီး ယခုအခါ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးစကားလုံး ဗဟုသုတ အချို့ပါ။ စိတ်ဝင်စားသူတွေအတွက် ...



နိုင်ငံရေး စကားလုံးတွေမှာ လက်ဝဲ၊ လက်ယာ ဆိုပြီး ခွဲခြား ပြောဆိုမှုတွေ ရှိသလို .. ဒီလူက လက်ဝဲ ဝါဒီ၊ ဒီလူက လက်ယာ ဝါဒီဆိုပြီး ပြောဆိုကြတာ ရှိပါတယ်။

" . . . သာသနာ့ အာဇာနည် . . . "


ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး  လက်နှိပ်စက် ကိုယ်တိုင်ရိုက်ကာ ဘုရားဟော တ၇ားတော်များအား မှတ်တမ်းတင်နေပုံ
 
ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ အီမြောင်ဘတ်တို့ ရင်းရင်းနှီးနှီးတွေ့ဆုံကြစဉ်

တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် သည် တောင်ကိုရီးယား သမ္မတ  နှင့်  ဇန်န၀ါရီ ၂၉ ရက် နံနက်ပိုင်းက  တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

စာမေးပွဲဖြေနေစဉ် မေးခွန်းကို ပြင်ပယူထုတ်မှုဖြစ်ပွား

ဂျပန်နိုင်ငံ နာဂါစကီမြို့တွင် အသက် ၁၉ နှစ်အရွယ် ကျောင်းသူတစ်ဦးသည် စာမေးပွဲဖြေနေစဉ် မိမိရရှိထားသည့် မေးခွန်းကို စာဖြေခန်းထဲမှ ယူထုတ်သွားပြီး ပြင်ပတွင်စောင့်နေသည့် ကျူရှင်ဆရာကို ပေးအပ်ခဲ့သည့် အမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကျင်းပရေးအဖွဲ့မှ ထုတ်ပြန်ပြောကြားခဲ့သည်။

ပလပ်စတစ်ခေတ်အတွေး

၁၉၃၀ လောက်ကတည်းက ပလပ်စတစ်ဆိုသည့်ဝေါဟာရ ဈေးကွက်ကိုရောက်လာသည်။ အိမ်တိုင်းသို့ ပလပ်စတစ်သွားပွတ်တံ အသွင်ဖြင့် ဝင်လာခြင်းဖြစ်သည်။
ပလပ်စတစ်ကိုမသုံးကြေးဆိုသည့် စကားသံတွေညံလာချိန်တွင်  ဘာသုံးမည်နည်းဆိုသည့် အမေးလည်း ပေါ်လာသည်။ ပလပ်စတစ်ကို

ခွေးကိုသေအောင်ရိုက်မှုဖြင့် အသက် ၁၁ နှစ်သမီး အဖမ်းခံရ

ကလေးအချို့သည် ရိုင်းစိုင်းရက်စက်သည့် စိတ်ရှိကြသဖြင့် မိမိခွေးကို သေအောင်ရိုက်သတ်သည့် အမှုတစ်ခု နယူးယော့ခ် တောပိုင်းတွင် ဖြစ်ပွားခဲ့သည်။ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တိရစ္ဆာန် ရိုက်နှက်ညှင်းဆဲ သတ်ဖြတ်မှုဖြင့် အရေးယူခံရဖွယ်ရှိကြောင်း သိရသည်။

နိုင်ငံပိုင် နေ့စဉ်ထုတ် သတင်းစာများအား ပြည်သူများထံသို့ ပို့ဆောင်သူများမှ နေ့စဉ်ဖြန့်ဝေလျက်ရှိရာတွင် ဌာနမှခွင့်ပြုချက်မရှိ၊ အသိအမှတ်မပြုထားသည့် အခြေားကြော်ငြာစာရွက် အမျိုးမျိုး ထည့်သွင်းခြင်း မပြုရန် သတိပေး


နိုင်ငံပိုင် နေ့စဉ်ထုတ် သတင်းစာများအား ပြည်သူများထံသို့ ပို့ဆောင်သူများမှ နေ့စဉ်ဖြန့်ဝေလျက်ရှိရာတွင် ဌာနမှခွင့်ပြုချက်မရှိ၊ အသိအမှတ်မပြုထားသည့် အခြေားကြော်ငြာစာရွက် အမျိုးမျိုးအား အခကြေးငွေယူကာ သတင်းစာများအတွင်း ကြားညှပ်ဖြန့်ချီလျက်ရှိသည့်အတွက် နိုင်ငံပိုင်သတင်းစာများ

တရုတ်အစိုးရက ကမ္ဘောဒီးယား စစ်တပ်ကို လက်နက်တပ်ဆင် လေ့ကျင့်ပေးမည်


တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားစစ်တပ်အား စစ်ရေးလေ့ကျင့်ပေးရန် နှစ်နိုင်ငံသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး  ကမ္ဘောဒီးယား အစိုးရအား   နောက်ဆုံးပေါ်စစ်လက်နက်များထေက်ပံ့သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိရာ ပထမအသုတ်အဖြစ် စစ်သုံးရဟတ်ယာဉ် ၁၂ စီးပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

KNPP အပစ်အခတ်ရပ်စဲပြီးနောက် လွှတ်တော်တွင် အဆိုတင်သွင်းခြင်း မေးမြန်းခြင်း ပိုမိုအဆင်ပြေလာ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးပြုလုပ် ထားသည့်အတော်အတွင်း
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်နယ်၏ဒေသဖွံ့ဖြိုးတိုးတက်ရေး အဆိုတင် သွင်းတာတွေ မေးခွန်းမေး တာတွေ ဆောင်ရွက်တဲ့အခါ ယခင်ကထက် ပိုမိုအဆင်ပြေလာတယ်လို့ မဲဆန္ဒနယ်အမှတ်(၃) ဒီးမော့ဆိုမြို့နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘိုးရယ်က ပြောပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်


တရားဝင်ရောက်နေသူများ အမေရိကန် နိုင်ငံသား ဖြစ်ခွင့် အထက်လွှတ်တော် ချုပြ

အမေရိကန်အထက်လွှတ်တော် ပါတီနှစ်ရပ်စလုံးပါတဲ့အဖွဲ့က လူဝင်မှုကြီးကြပ်ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစီအစဉ်ကို ကြေညာစဉ်။ (ဇန်နဝါရီ ၂၈၊ ၂၀၁၃)
 အမေရိကန် အထက်လွှတ်တော်က ပါတီနှစ်ရပ်စလုံး ပါတဲ့အဖွဲ့ကနေ လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အစီအစဉ်တရပ်ကို ကြေညာဖွင့်ချလိုက်ပါတယ်။ အဲဒီ့မှာတော့ တိုင်းပြည်တွင်း မှာ လက်ရှိအားဖြင့် တရားမဝင်နေထိုင်နေသူတွေ ကို နိုင်ငံသားဖြစ်စေမယ့် နည်းလမ်းလည်း ပါဝင်ပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် ကေအိုင်အေနှင့် တိုက်ပွဲဆင်နွှဲနေ သည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် များအား အပင်ပန်း အဆင်းရဲ ခံပြီး တာဝန်ကျေပွန်မှုများကြောင့် စစ်မြေပြင် အဆင့်တိုး( Jump Promotion) ပေးအပ် ချီးမြှင့်သွား မည်


မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် ကေအိုင်အေနှင့်
တိုက်ပွဲဆင်နွှဲနေ သည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်
များအား အပင်ပန်း အဆင်းရဲ ခံပြီး တာဝန်ကျေပွန်မှုများကြောင့်
စစ်မြေပြင် အဆင့်တိုး( Jump Promotion) ပေးအပ် ချီးမြှင့်သွား မည် ဖြစ်ကြောင်း သိရသည်။