Wednesday, April 8, 2015

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီးညီလာခံသို့ ကိုးကန့်တပ်ဖွဲ့ တက်မည်

MNDAA
၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်းက ကရင်ပြည်နယ် လော်ခီးလာ၌ ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိပ်သီး ညီလာခံ(ဓာတ်ပုံ – မေခ/ဧရာဝတီ)
ဧပြီလအတွင်း NCCT က ဦးဆောင်ကျင်းပရန် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးညီလာခံတွင် လက်ရှိအချိန် ၌ အစိုးရနှင့် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
“ဘယ်သူ တက်ရောက်မလဲ ဆိုတာ ကျနော်တို့ မဆွေးနွေးရသေးဘူး။ ဖိတ်စာ မရောက်သေးဘူးဗျ။ လုံခြုံရေးလည်း တာဝန်ယူ တယ် ဆိုရင် တက်လို့ ရပါတယ်”ဟု MNDAA ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ဧရာဝတီကို ပြောကြားသည်။

မြန်မာအသင်းမှ လက်ခံလျှင် နိုင်ငံကိုယ်စားပြု ကစားချင်ပါသည်ဟု အင်္ဂလန်ရောက် ကရင်တိုင်းရင်းသား Kler Heh ပြောကြား

အင်္ဂလန်ပထမ တန်း Sheffield United ကလပ် အသင်းမှာသာ ကစားနေသော်လည်း မြန်မာပြည်မှလက်ခံလျှင် မြန်မာ ပြည်ကိုယ်စားပြု ကစားသမား ဖြစ် ချင်ပါတယ်ဟု ကရင်တိုင်းရင်းသား Kler Heh က မြန်မာဘောလုံးချစ် မြတ်နိုးသူများဖေ့စ်ဘွတ်ခ်သို့ ပြော သည်။
ထိုင်း-မြန်မာနယ်စပ် Kwe Ko Lo ဒုက္ခသည်စခန်းမှ မွေးဖွား လာသည့် အသက်(၁၉)နှစ်အရွယ် ကရင်တိုင်းရင်းသား Kler Heh မှာ ၁ဝ နှစ်သား အရွယ်ကပင် အင်္ဂလန် နိုင်ငံကိုရောက်ရှိကာ ကျောင်းအ သင်းမှစတင် ဘောလုံးကစားခဲ့သူ ဖြစ်သည်။

အပစ်ရပ်စာချုပ် မူကြမ်း ချုပ်ဆိုပြီးနောက် တိုက်ပွဲဆက်ဖြစ်

MNDAA
တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် (မူကြမ်း)ကို UPWC နှင့် NCCT တို့ ရန်ကုန်မြို့ရှိ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) တွင် မတ် ၃၁ ရက် နံနက်ပိုင်းက သဘောတူ လက်မှတ်ရေး ထိုးပြီး နှစ်ဖက် ခေါင်းဆောင်များ သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (မူကြမ်း)ကို နှစ်ဘက်သဘောတူ လက်မှတ်ထိုးပြီး တပတ်အတွင်း ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၃ ခုတို့ အကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတယ် လို့ သတင်း ရရှိပါတယ်။

KIA တပ်ဖွဲ့ဝင်အချင်းချင်း ဆက်ကြေးအဝေမတည့်ရာမှ ပစ်ခတ်မှုဖြစ်ပွား

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အရက်သေစာ သောက်စားပြီး ဆက်ကြေးငွေ ကိစ္စဖြင့် အချင်းချင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။
ဧပြီလ ၇ ရက်နေ့ ၊ ညနေ ၅ နာရီအချိန်ခန့်တွင် အင်ဘာပါ စခန်းတွင် KIA အဖွဲ့ဝင်များသည် အရက်သေစာများ သောက်စားနေစဉ် ဆက်ကြေးငွေ များ ပြန်လည်ခွဲယူရာတွင် အချင်းချင်း အဝေမတည့်ဖြစ် ကာ သေနတ်ဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းသို့ ပစ်ခတ်မှုကြောင့် ၁ ဦးသေ ဆုံးခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

Internet Explorer နေရာမှာ အစားထိုးမယ့် Project Spartan ကို မိတ်ဆက်ပြသ



Microsoft ကုမ္မဏီ ဟာ သူ့ရဲ့ ကိုယ်ပိုင် Browser တစ်ခုဖြစ်တဲ့ Internet Explorer ကို အသုံးပြုမှု ရပ်နားလိုက်ပြီး Internet Explorer နေရာမှာ အစားထိုးမယ့် Project Spartan ကို မိတ်ဆက်ပြသခဲ့ပါတယ်။
Project Spartan ဟာ ၀က်ဘ်ဆိုက် ရှာဖွေရေး ဆော့ဖ်ဝဲလ်တစ်ခုဖြစ်ပြီး လာမယ့်နွေရာသီမှာ ထုတ်လုပ်မယ့် Microsoft ရဲ့ နောက်ဆုံးပေါ် မျိုးဆက် OS တစ်ခုဖြစ်တဲ့ Windows 10 မှာ ပါဝင်မှာဖြစ်ပါတယ်။ Project Spartan ဟာ ပိုမို မြန်ဆန်တဲ့ ရှာဖွေရေး ဆော့ဖ်ဝဲလ်တစ်ခု ဖြစ်သလို ၀က်ဘ်စာမျက်နှာတွေမှာလည်း မှတ်စု တွေရေးသာနိုင်မယ့် လုပ်ဆောင်ချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

သံချပ်ပြုတ်နေတဲ့ သင်္ကြန်ခေါင်မိုး (သို့မဟုတ်) ပါးစပ်ပိတ် ဒီမိုကရေစီ


မကြာမီရက်ပိုင်းအတွင်းမှာပင် မြန်မာတို့၏ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကြီး ရောက်ရှိလို့လာပါတော့မည်။ သင်္ကြန်ဆိုသည့်ပွဲတော်ရက်သည် ရုံးပိတ်ရက်ရှည် ကာ လဖြစ်သည့်အတွက် ကောင်းမှုကုသိုလ်အရေးကိစ္စများသလို သင်္ကြန်နှင့်ယှဉ်တွဲကာ ဖျော်ဖြေရေးအစီအစဉ်များလည်း ရှိနေသည်ပင်။ ဒီအထဲမှာ သံချပ်ဆိုတာ ကို လည်း မေ့ထားလို့ရမည်မဟုတ်ပါ။ သံချပ်တွင် ခေတ်၏အရိပ်ကိုလည်း တွေ့မြင်နိုင်ပါသည်။ သံချပ်ကိုဖြင့် မျှော်သူတွေလည်း မျှော်နေပါသည်။ သံချပ်ကို မျှော် လင့်တောင့် တသူများအတွက်  ယခုနှစ်သံချပ်နှင့်ပတ်သက်ကာ မေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်က ပျံလွန်တော်မူခဲ့သော ဆရာတော်ကြီးနှင့် လွန်ခဲ့သော သုံးလက ပျံလွန်တော်မူခဲ့သည့် တပည့် ဆရာတော်၏ မပုပ်မသိုးကြွင်းကျန်ရစ်သော ရုပ်ကလာပ် များကို အများပြည်သူဖူးမြော်နိုင်ရန် သံတွဲမြို့နယ်၌ တစ်ပြိုင်နက်တည်း အပူဇော်ခံလျက်ရှိ

နှစ်ပေါင်းသုံးဆယ် ကျော်တိုင် မပုပ်မသိုးတည်ရှိနေသည့် ဆရာတော်ကြီး၏ ရုပ်ကလာပ်နှင့် လွန်ခဲ့သည့်သုံးလခန့်က ပျံလွန်တော် မူခဲ့သည့် ဆရာတော်ကြီး၏ တပည့် ဆရာတော်၏ ကြွင်းကျန်ရုပ်ကလာပ် မှာ ယနေ့ချိန်ထိ မပုပ်မသိုးတည်ရှိ နေသဖြင့် ထိုကြွင်းကျန် ရုပ်ကလာပ် များကို အများပြည်သူများဖူးမြော် နိုင်ရန် တစ်ပြိုင်နက်တည်းအပူဇော် ခံလျက်ရှိကြောင်း သိရသည်။

နာကျင်မှုများမှသည် ချစ်ခင်မှုများဆီသို့

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ (၁၀)၊ (၁၁)နှင့် (၁၂) တို့တွင် ““အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”” အား ဖော်ပြထားပါသည်။ ထိုဥပဒေကြမ်း၏ အပေါ်ပိုင်း၌ ““၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ National Net Work for Education Reform (NNER) ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ်များ (၄) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးစဉ် လွှတ်တော်သို့ တင်ပြရန် သဘော တူညီခဲ့ကြသည့် National Net Work for Education Reform (NNER) ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ လှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ်များ ကိုယ်စား ဒေါက်တာသိန်းလွင်၊ ဒေါက်တာ ဒေါ်ညိုညိုသင်းနှင့် ဦးအောင်ဆန်းမှိုင်းတို့ ရေးဆွဲ လက်မှတ် ရေးထိုးထားသည့် အမျိုးသား ပညာရေးကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူများ သိရှိလေ့လာ အကြံပြုနိုင်ရန် အတွက် ဖော်ပြခြင်း”” ဆိုသည့် ခေါင်းစီးစာတမ်း ပါရှိပါသည်။ ထိုဥပဒေကြမ်းကို ဖတ်ရခြင်းကြောင့် အကြံပြုချက် အချို့ကို ပေးပို့လိုသည့် ဆန္ဒဖြစ်ပေါ်မိပါသည်။

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှ အချက် ၅ဝသာ သဘောတူခဲ့ပြီး ကျန်အချက် များကို ပြင်ဆင်အတည်ပြု

အမျိုးသားလွှတ် တော်ဥပဒေကြမ်းကော်မတီမှ ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မ တီသို့ ပြင်ဆင်ချက် ၁၀၅ချက်ဖြင့် ပေးပို့ခဲ့သော အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှအချက် ၅၀ သာသဘောတူခဲ့ပြီး ကျန်အချက်များကို ပြင်ဆင် အတည်ပြုခဲ့ကြောင်း သိရသည်။
ယင်းအတွက် ယခုလ ၇ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသားပညာ ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော် သို့ ဧပြီ ၈ရက်တွင်ပြန်လည်ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

ဆိပ်ကမ်းသာပန်းခြံ ပြန်လည် တည်ဆောက်ရန် စည်ပင်က ဗီနိုင်းချိတ်ဆွဲ

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီတို့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေသော ကြည့်မြင်တိုင်မြို့နယ် ဆိပ်ကမ်းသာ ပန်းခြံကို ပြည်လည် တည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဧပြီ ၇ ရက် နေ့လည် တစ်နာရီ ၀န်းကျင်တွင် ဗီနိုင်းများ ပြန်လည် ချိတ်ဆွဲခဲ့သည်ဟု ကြည်မြင်တိုင်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းညွန့်က မဇ္ဈွိမကို ပြောသည်။

သင်္ကြန်မှာ ရွှေရင်အေး လုပ်စားကြမယ်

ရွှေရင်အေးသည် ကျွန်တော်တို့မြန်မာလူမျိုးများအလွန်နှစ်သက်ကြတဲ့ သရေစာတစ်ခုဆို ရင်လည်း မမှားပါဘူး။ ရွှေရင်အေးဆိုတဲ့အတိုင်း စားလိုက်တဲ့အခါ ရင်ကိုအေးမြစေပြီး လန်းဆန်းစေ ပါတယ်။ အုန်းရည်အနံ့ဟာ စိတ်ကို ကြည်လင်လန်းဆန်းစေတဲ့အပြင် နွေရာသီပူပူမှာ ကုန်ခန်းသွား တဲ့အားတွေကိုလည်း ပြန်လည်ပြည့်ဖြိုးတက်ကြွလန်းဆန်းစေပါတယ်။

ရေနီမြို့ SUMEC အထည်ချုပ်စက်ရုံပိုင်ရှင်က အလုပ်သမားများအား လုပ်အားခ တစ်ရက်လျှင် ကျပ် ၁၀၀ သာ တိုးမြှင့်ပေးပြီး ကျေနပ်မှုမရှိပါက အလုပ်ထွက်ခွင့်ပြုထားကြောင်း သိရ


ရေနီ SUMEC အထည်ချုပ်အလုပ်သမားများ လုပ်အားခတိုးမြှင့်ရရှိရေး စက်ရုံဝင်းအတွင်း ဆန္ဒပြနေသည်ကို ဧပြီ ၆ ရက်က တွေ့ရစဉ်
ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရေနီမြို့ SUMEC အထည်ချုပ်စက်ရုံပိုင်ရှင်က အလုပ်သမားများအား လုပ်အားခတစ်ရက်လျှင် ကျပ် ၁ဝဝ သာ တိုးမြှင့်ပေးပြီး ကျေနပ်မှုမရှိပါက အလုပ်ထွက်ခွင့်ပေးထားကြောင်း ဆန္ဒပြအလုပ်သမားများထံမှ သိရသည်။
 

MNDAA ပြောရေးဆိုခွင့်ရှိသူ ထွန်းမြတ်လင်းအား မဟုတ်မမှန် သတင်းထုတ်လွှင့်မှုဖြင့် အမှုဖွင့်အရေးယူ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ မီဒီယာများအား မဟုတ်မမှန် သတင်းထုတ်လွှင့်ခဲ့သည့် MNDAA ပြောရေးဆိုခွင့်ရှိသူ ထွန်းမြတ်လင်းအား ဧပြီ ၄ ရက်နေ့ တွင် လောက်ကိုင်မြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး ပဲခူးတွင် လူ ၅၀၀ ခန့်ဆန္ဒရန် စီစဉ်

လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် အဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံသူ ပြည်သူများလွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ပွဲကို ဧပြီ ၁၀ ရက်တွင် ပဲခူးမြို့၌ လူအင်အား ၅၀၀ ခန့်ဖြင့် ပြုလုပ်မည်ဟု ဆန္ဒပြပွဲဖြစ်မြောက်ရေးစီစဉ်သူ ကိုဇင်မျိုးအောင်က မဇ္ဈိမကိုပြောသည်။
ဆန္ဒထုတ်ဖော် လမ်းလျှောက်ပွဲကို မနက် ၇ နာရီခွဲအချိန်တွင် ပင်စည်းဈေးအနီးမီးပွိုင့်မှ စတင်မည်ဖြစ်ပြီး ဇိုင်းဂနိုင်းရပ်ကွက် မြောက်ပိုင်း  မနက် ၁၁ နာရီ အချိန်တွင် ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။ ဟောပြောပွဲတွင် ပဲခူးမြို့ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့(ဗကသ) ဥက္ကဋ္ဌ ကိုမျိုးကိုကိုခိုင်၊ ပဲခူးမြို့ ဗကသ အဖွဲ့ဝင်တစ်ဦးနှင့် ကျောင်းသားမိဘတစ်ဦးတို့က ဟောပြောမည်ဖြစ်သည်။

အရေးပါ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ အရာရောက်ဖို့ နိုင်ငံရေးပါတီတွေတိုက်တွန်း



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ် ခေါင်းဆောင်တွေ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ အခုလို ဆွေးနွေးမှုတွေဟာ အရေးပါတဲ့ ဆွေးနွေးပွဲဖြစ်သလို အရာရောက်ဖို့လည်း လိုတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့က သုံးသပ် ပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ရွေးကောက်ပွဲ အောင်မြင်ဖို့နဲ့ ဖွဲ့စည်းပုံပြင်ဖို့ ဘယ်ဟာ ပိုအရေးကြီးသလဲ

၂၀၁၅ ခုနှစ် နှစ်ဝက်အတွင်းသို့ ဝင်ရောက်လာတော့မည်ဖြစ်ရာ မြန်မာနိုင်ငံအတွက် အရေးကြီးအကြောင်းအရာနှစ်ခု သို့တည်းမဟုတ် မလုပ်မဖြစ် လုပ်ရမည့် အကြောင်းအရာနှစ်ခုရှိလာသည်။ ထိုအချက်နှစ်ခုမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်သည်။

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရက သူ၏သက်တမ်းအတွင်း ၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် လိုလားလျက်ရှိနေသည်ကို မလွဲမသွေတွေ့မြင်ရမည်ဖြစ်သည်။ သမ္မတ သာမက၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိသည့် အထွေထွေ ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အပျက်မခံနိုင်ဟု ထုတ်ဖေါ်ပြောဆိုလာသည်။

အနာဂတ်အတွက် ဟောကိန်းမထုတ်ရန် ဗေဒင်ဆရာကို ထိုင်းဝန်ကြီးချုပ် အမိန့်ပေး




သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဟောကိန်းထုတ်တာကို ရပ်တန့်ဖို့ နာမည်ကြီးဗေဒင်ဆရာ နိုင်းဝါးရင်း ဘိုဝိလတ်လိုတ်ကို ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ပေးလိုက်ပါတယ်။

ဧပြီ ၅ ရက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ကို လာရောက်ရာမှာ ၃ နှစ်လောက် အာဏာကို ဆက်လက် ထိန်းသိမ်းရအုံးမယ်လို့ ဗေဒင်ဆရာက ဟောကိန်းထုတ်ပြီးတဲ့နောက် အခုလို အမိန့်ပေးလိုက်တာလို့ ဘန်ကောက်ပိုစ်သတင်းစာက ရေးပါတယ်။

Novotel ဟိုတယ် လုပ်ငန်းရှင် ဦးဇော်ဇော်နှင့် တွေ့ဆုံခြင်း

 ဦးဇော်ဇော်
ဦးဇော်ဇော်နှင့် ဧရာဝတီတို့ တွေ့ဆုံမေးမြန်းစဉ်။(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)
စစ်အစိုးရ လက်ထက်တွင် ပေါ်ထွက်လာသော ခရိုနီသူဌေးများအနက် မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်သည် အစိုးရ သစ်တက်လာချိန်တွင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာစံချိန်စံညွှန်းမီရန် ပြုပြင် ပြောင်းလဲ၍ နိုင်ငံတကာ ဈေးကွက် ထိ ထိုးဖောက်ရန် ကြံရွယ်လုပ်ဆောင်နေသူ ဖြစ်သည်။ ဧပြီလ ၃ ရက်နေ့တွင် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့် အဆင့် Novotel Hotel ကို ရန်ကုန်၌ ဖွင့်လှစ်နိုင်ခဲ့သော ဦးဇော်ဇော်က ဧရာဝတီ မြန်မာပိုင်းအယ်ဒီတာ ရဲနည်နှင့် တွေ့ဆုံရာတွင် ဘဝဖြတ်သန်းမှု၊ စီးပွားရေးနှင့် နိုင်ငံရေးအမြင်များနှင့် ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတို့ကို ရှင်းလင်းပြောပြပါသည်။

မီဒီယာဖိနှိပ်ရေးမူဝါဒကို အရှိန်မြှင့်လာသည့် ထိုင်းအာဏာသိမ်းစစ်အစိုးရ

ဘန်ကောက်မြို့ရှိ NBT ရုပ်သံသတင်းဌာနထိန်းချုပ်ခန်းအတွင်းတွေ့ရသည့် စစ်သားများ(ဓာတ်ပုံ − အီးပီအေ)
(ဇွဲရဲဝင့် ဘာသာပြန်ဆိုသည်)

ထိုင်းအာဏာသိမ်း စစ်အစိုးရက စစ်အုပ်ချုပ်ရေး အမိန့် ရုပ်သိမ်းပြီး ပုဒ်မ (၄၄) အမိန့် ပြောင်းလဲထုတ်ပြန်လိုက်ခြင်းဖြင့် နိုင်ငံ၏ မီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်ပိတ်ဆို့ရန် ခြေလှမ်းမှာ ပိုမို ခိုင်မာ မြင်သာလာစေခဲ့ပြီ ဖြစ် သည်။

ပြီးခဲ့သည့်နှစ် မေလ ၂၂ ရက်၊ အာဏာသိမ်းပြီးကတည်း က ထိုင်းနိုင်ငံတွင် မီဒီယာလွတ် လပ်ခွင့်မှာ တစ်စထက် တစ်စ စနစ်တကျ ကန့်သတ်ခံလာရ သည်။ ပြီးခဲ့သည့် သီတင်းပတ် ကမူ ဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာ ဦးဆောင်သည့် အစိုးရက စစ်အုပ်ချုပ်ရေး ဖယ်ရှားပြီး အ ခြေခံ ဥပဒေသစ်တွင် ပါရှိသည့် ပုဒ်မ (၄၄) လုံခြုံရေး သတ်မှတ်ချက်သစ်ကို ပြဋ္ဌာန်းကြောင်း ကြေညာသည်။ အဆို ပါ သတ်မှတ်ချက်သည် စစ်အုပ်ချုပ်ရေးထက်ပင် ကန့်သတ်ချက်ကြီးမားပြီး ထိုင်းဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့်ကို ပိုမိုကျယ်ပြန့်သွားစေကြောင်း လေ့လာသူများက ချက်ချင်းပင် ဝေဖန်ထောက်ပြခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ငွေကြေးလိုအပ်ချက်မှာ ကြီးမားပြီး အခြေခံအဆောက်အအုံကဏ္ဍအတွက် နှစ်စဉ် ဒေါ်လာ ငါးဘီလျံ မှ ခုနစ်ဘီလျံကြား လိုအပ်နေ

ရန်ကုန် ဆင်ခြေဖုံးမြို့နယ်တစ်ခုရှိ အရေးပါသည့် လမ်းပိုင်းတစ်ခုကို မပြုပြင်မီတွေ့ရစဉ်(ဓာတ်ပုံ-နွဲ့ယဉ်အေး)
မြန်မာနိုင်ငံငွေကြေးလိုအပ်ချက်မှာ ကြီးမားပြီး နှစ်စဉ် GDP တိုးတက်နှုန်း ရှစ်ရာခိုင်နှုန်းရရှိရန်အတွက် အခြေခံအဆောက်အအုံကဏ္ဍအတွက် တစ်နှစ် ဒေါ်လာ ငါးဘီလျံ မှ ခုနစ်ဘီလျံ အကြား လိုအပ်ချက်ရှိကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ADB ဘဏ် မှ ၂ဝ၁၇-၂ဝ၂၁ ငါးနှစ်စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းရာ၌ အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဗင်ဖရက်ဗင်ကလိုင်က ပြောကြားသည်။ 
 

သာယာဝတီထောင်၌ဖမ်းဆီးထားသော ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ကျောင်းသားကျောင်းသူများနှင့် ၀န်းရံပြည်သူများအား တတိယအကြိမ်ရုံးထုတ်သည့်နေ့တွင် ဖမ်းဆီးခံထားရသူအားလုံး ပြန်လွှတ်ပေးရန် ဗကသကျောင်းသားများ တရားရုံးရှေ့ဆန္ဒပြ

အချုပ်ကားဖြင့်ခေါ်ဆောင်လာသည့် ကျောင်းသားများအား လာရောက်နှုတ်ဆက်နေကြစဉ်
လက်ပံတန်းမြို့နယ်တွင် မတ်လအတွင်းက အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြမှုကြောင့် သာယာဝတီအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ၀န်းရံပြည်သူများအား ဧပြီ ၇ ရက် နံနက်ပိုင်းတွင် လက်ပံတန်းမြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက် ၁၃၁ ချက်ဖြင့် ပြည်သူ့လွှတ်တော်အတည်ပြု၊ ကျောင်းသားကိုယ်စားလှယ်များတောင်းဆိုထားသည့် အချက် ၁၁ ချက်ကို ထည့်သွင်းအတည်ပြုထားပြီး စကားလုံးကွဲလွဲမှု အနည်းငယ်သာရှိဟုဆို

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက် ၁၃၁ ချက်ဖြင့် ပြည်သူ့လွှတ်တော်က ဧပြီ ၇ ရက်တွင်အတည်ပြုခဲ့ပြီး ကျောင်းသားကိုယ်စားလှယ်များတောင်းဆိုထားသည့် အချက် ၁၁ ချက်ကို ထည့်သွင်းအတည်ပြုထားကာ စကားလုံးကွဲလွဲမှု အနည်းငယ်သာရှိသည်ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ အတွင်းရေးမှူးဦးစောလှထွန်းက ပြောကြားသည်။

အပစ်ရပ်အလွန်ခယောင်းလမ်းကို လက်ချင်းချိတ်ကျော်ဖြတ်ကြ

လွတ်လပ်ရေးရပြီးကတည်း က အမြစ်တွယ်ခဲ့သော ပြည်တွင်း စစ်ကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးညှိနှိုင်းလျက် သူနိုင်ကိုယ်နိုင်ဖြေရှင်းနိုင်ခြင်းမရှိလျှင် ဒီမို ကရေစီပြုပြင်ပြောင်းလဲရေးသည် အချည်းနှီးပင် ဖြစ်သည်။ အပစ် အခတ်ရပ်စဲရေးသည် ပြည်တွင်း စစ်ချုပ်ငြိမ်းရေး၏ ကနဦးခြေ လှမ်းဖြစ်ပြီး နောင်လာမည့် ခြေ လှမ်းများနှင့်အတူ ခယောင်းလမ်း ရှည်ကြီးကို ဖြတ်သန်းရဦးမည် ဖြစ်သည်။ အပစ်ရပ်အလွန်၊ ခြေ လှမ်းများပိုစိပ်လေ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် တိုင်းရင်း သားခေါင်းဆောင်များအကြား လက်ချင်းချိတ်ထားရေးသည် ဗျူဟာမြောက် ပိုအရေးကြီးလေ ဖြစ် သည်။

မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရခိုင်ပြည်နယ်ရောက်

စံမောင်သန်း

 ( ယခု ဓါတ်ပုံများမှာ နိရဉ္စရာက လက်ခံရရှိခဲ့သော ကာကွယ်ရေး ဦးစီးချူုပ်ရုံးမှ ပေးပို့သော ဓါတ်ပုံများ ဖြစ်ကြပါသည်။)
( ယခု ဓါတ်ပုံများမှာ နိရဉ္စရာက လက်ခံရရှိခဲ့သော ကာကွယ်ရေး ဦးစီးချူုပ်ရုံးမှ ပေးပို့သော ဓါတ်ပုံများ ဖြစ်ကြပါသည်။)
မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဧပြီလ ၇ ရက်နေ့က ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အခြေခံ ပညာကျောင်းများသို့ ကွန်ပျူတာများ  လှူဒါန်း ပေးအပ်ခဲ့သည်ဟု သတင်း ရရှိသည်။

ပြည်တွင်းထုတ်ဓာတ်ဆီ အစိုးရဈေးချသော်လည်း ဈေးကွက်တွင်း မကျ


ပုဂ္ဂလိကစက်သုံးဆီဆိုင်တွင် ဆီဖြည့်နေသော ယာဉ်များ(ဓာတ်ပုံ−နစ်ကီ)

 ပြည်တွင်းထုတ်ဓာတ်ဆီ ကို အစိုးရက အရောင်းဆိုင်များသို့ ဈေးနှုန်းလျှော့ချဖြန့်ချိပေးခဲ့သော် လည်း ပုဂ္ဂလိကအရောင်းဆိုင် အများစုမှာ ယခင်ဈေးနှုန်းအတိုင်း သာ ဆက်လက်ရောင်းချနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

လက်မှတ်ဈေးတင်ရောင်းသော ယာဉ်လိုင်း ၁၂ လိုင်းကို အရေးယူထားဟုဆို

သီတင်း တစ်ပတ်အ တွင်း လက်မှတ်ဈေးမြှင့်တင်ရောင်းချမှုဖြင့် ယာဉ်လိုင်း ၁၂လိုင်းကို အရေးယူ ထားကြောင်း မထသအဝေးပြေးမှ သတင်းရရှိ သည်။

၂၀၁၅ ဧပြီလဆန်းမှစ၍ သင်္ကြန်ကာလအတွင်း ကား လက်မှတ်ခ ဈေးတိုးမြှင့် ရောင်းချ သည့် ယာဉ်လိုင်းများကို မထသ (အဝေးပြေး) က  အရေးယူရန် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံကျောင်းသားနှင့် ၀န်းရံသူအချို့ ဦးခေါင်းတွင် ဒဏ်ရာများရရှိထားဟု မိသားစုဝင်များပြောကြား

ဧပြီ ၇ ရက် ရုံးထုတ်ချိန်တွင် တွေ့ရသည့် မဖြိုးဖြိုးအောင်နှင့် မအိသဉ္ဇာမောင် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ပင်မကျောင်းသား သပိတ်စစ်ကြောင်း ဖြိုခွင်းခံရစဉ် ရိုက်နှက်ဖမ်းဆီးခံရသည့် ကျောင်းသားများနှင့် ၀န်းရံသူအချို့တွင် ဦးခေါင်း၌ ထိခိုက်ဒဏ်ရာရရှိ၍ စိုးရိမ်ဖွယ်ရာရှိနေကြောင်း လက်ပံ တန်းမြို့နယ် တရားရုံးတွင် ဧပြီ ၇ ရက် ရုံးထုတ်စဉ် ၎င်းတို့၏ မိသား စုဝင်များက ပြောကြားသည်။

ပျောက်ဆုံးမြန်မာရေလုပ်သား ၁၅ဦး၏ရုပ်အလောင်းများ ရှာတွေ့

ရုရှားသင်္ဘောနစ်မြှုပ်ပြီးနောက် ပြန်လည်လွတ်မြောက်လာသော မြန်မာသင်္ဘောသားများ(ဓာတ်ပုံ−ရုရှားနိုင်ငံဆိုင်ရာမြန်မာသံရုံး)

ရုရှားငါးဖမ်းသင်္ဘော တိမ်းမှောက်မှုတွင်ပျောက်ဆုံးနေ သော မြန်မာရေလုပ်သား ၁၉ဦး အနက် ၁၅ဦး၏ ရုပ်အလောင်း များရရှိထားကြောင်း ရုရှားနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက ဧပြီ ၇ရက် တွင် သတင်း ထုတ်ပြန်သည်။

ရန်ကုန် ၄၅ မြို့နယ် အခြေခံ မဲဆန္ဒရှင်စာရင်း ကောက်ယူမှု အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်လျက်ရှိ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁၅ ခုနှစ် အောက်တိုဘာ လကုန်နှင့် နိုဝင်ဘာလဆန်းတွင် လွတ်လပ်၍ တရားမျှတသော အထွေထွေ ရွေးကောက်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပြီး ရန်ကုန် တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်ရှင်အဖွဲ့ခွဲမှလည်း အခြေခံမဲဆန္ဒရှင်စာရင်းများကို အဆင့်သုံးဆင့်ခွဲ၍ ကောက်ယူနေကြောင်း သိရသည်။ အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူခြင်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုနှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
မေး ။ ။ ရန်ကုန် တိုင်းဒေသကြီး အတွင်း ၁ဝ မြို့နယ်မှာ အခြေခံမဲဆန္ဒရှင် စာရင်းကောက်ယူထားတာသိရပါတယ်။ ကျန်တဲ့ မြို့နယ်တွေကိုလည်း ဘယ်လို ကောက်ယူသွားမလဲ ဆိုတာ သိပါရစေ။

ဒီမြေတွေ တရုတ်ပိုင်မြေဆိုတာမဟုတ်ပါဘူး

"အဖွားတို့ တစ်သက်လုံး ဒီရွာမှာနေလာတာ ဒီမြေတွေ တရုတ်ပိုင်ဆိုတာ တစ်ခါမှ မကြားခဲ့ဘူး" ကုန်းဆာကျေးရွာတွင် နေထိုင်သည့် အသက် (၉၀) အရွယ် ဒေါ်ငင်းဆိုင်အားတွေ့ဆုံမေးမြန်းထားမှုကိုဖော်ပြပေးလိုက်ပါသည်။ တွေ့ဆုံမေးမြန်းရာတွင် အဖွားအနေဖြင့် ရှမ်းဘာသာစကားကိုသာ ပြောဆိုတတ်သဖြင့် မြေးဖြစ်သူကိုစိုင်းနော်ခမ်းမှ ဘာသာပြန်ဆို ပေးထားပါသည်။

၄၈ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ သမ္မတအိမ်တော်တွင် ယနေ့ပြုလုပ်မည်

နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများပါဝင်သော ၄၈ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးတွင် ယနေ့ (ဧပြီ ၈ ရက်)ညနေ၌ ပြု လုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ တွင် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ချောမွေ့ရေး၊ တစ်နိုင် ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင် ရာစာချုပ်
(NCA) မူကြမ်း အတည်ပြုနိုင်ခဲ့ခြင်းကိစ္စ၊ ရွေးကောက်ပွဲ မတိုင်မီကြားကာလ နိုင်ငံရေး တည်ငြိမ်ရေးတို့ကို ဆွေးနွေးမည့် တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံရသူများထံမှ သိရသည်။
‘‘အရင်တစ်ခါကလို ၄၈ ပွင့် ဆိုင်တွေ့ဆုံပွဲပဲ ဖြစ်နိုင်ပါတယ်။ ဒီတစ်ခါတော့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွေက ဥက္ကဋ္ဌတွေလည်း ပါမယ် ထင်တယ်’’ဟု တွေ့ဆုံပွဲသို့တက်ရောက်မည့် ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးနိုထန်ကပ် က ပြောသည်။