Monday, October 28, 2013

ရွှေ့ပြောင်း လုပ်သား ၇၀၀ ကို ကယ်တင်လိုက်တဲ့ အီတလီကမ်းခြေစောင့် တပ်ဖွဲ့

အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့ဟာ လန်ပီချုဆာ ကျွန်းအနီးမှာ လူခုနှစ်ရာ နီးပါးကို ငါးခါခွဲပြီး ကယ်တင် ပေးခဲ့ရတယ်လို့ သိရပါတယ်။ လူဝင်မှု ကြီးကြပ်ရေးကိစ္စကို ထိပ်ဆုံး ဦးစားပေး အနေနဲ့ ဆွေးနွေးဖို့ ဥရောပ သမဂ္ဂခေါင်းဆောင်တွေ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံစဉ် ဒီကယ်ဆယ်ရေး သတင်းဟာ ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။ ဆွေးနွေးပွဲ အတွင်း

နယူးဒေလီတွင် မြန်မာနိုင်ငံသား ဒုက္ခသည် တစ်သောင်းကျော် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေ

အိန္ဒိ ယနိုင်ငံ နယူးဒေလီမြို့တွင် မြန်မာ နိုင်ငံသား ဒုက္ခသည် တစ်သောင်း ကျော်ခန့် စားဝတ်နေရေး အခက် အခဲ များ ကြုံတွေ့နေရကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီအခြေစိုက် Pann Nu ဖောင်ဒေးရှင်း ၏

ဓားခုတ်မှု ကျူးလွန်သည့် ပြိုင်ကားသမား ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်

ဆိုင်ကယ်စီးသူကို ပြိုင်ကားပေါ်မှဆင်းကာ ဓားဖြင့် ခုတ်ခဲ့သည့်ဖြစ်စဉ်မှ အမှုကျူးလွန်သူမှာ ထွက်ပြေး တိမ်းရှောင်နေ ဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

နှာပိတ်ခြင်း ကုစားနည်း

Photo: နှာပိတ်ခြင်း ကုစားနည်း
Sunday, October 27, 2013

အခုလိုရာသီအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ ဝေဒနာကတော့နှာပိတ်ခြင်းပါပဲ။ ဝေဒနာက သိပ် မဆိုးရွားပေမယ့် လူကိုခံရခက်စေတာမို့ မြန်မြန်သက်သာပျောက်ကင်းနိုင်မယ့် အိမ်တွင်းနည်းလမ်းလေးတွေကို ဖော်ပြချင်ပါတယ်။

နှာပိတ်နေတဲ့အခါ လူ့ ခန္ဓာကိုယ်ဟာ အစိုဓာတ်ကို မြှင့်တင်နိုင်ဖို့အတွက် အရည် ကို များများသောက်ပေးရ ပါမယ်။ အာဟာရဓာတ်ပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံဖျော်ရည်တွေကို သောက်ပေးသင့်ပါတယ်။ စိတ်ရောကိုယ်ပါအနားယူနိုင်အောင် ကြိုးစားပါ။ တစ်ခဏ လောက်ကွေးကောက်ပြီး နားနေမယ့်အစား အိပ်ရာထဲမှာ သေသေချာချာလဲလျောင်း ပြီး အနားယူပါ။ အနားယူလို့ရသလောက် အနားယူပါ။ တကယ်လို့မဖြစ်မနေ အလုပ်သွားရမယ် ဆိုရင်တော့ ညဘက်စောစောပြန်လာဖို့တော့ လိုမယ်နော်။

နှာပိတ်နေတယ်ဆိုရင် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သံပရာသီး တစ်ခြမ်းကို အရည်ညှစ်ပြီး ရေနွေးပူပူထဲမှာထည့်ပြီး သောက်ပါ။ ပျားရည်ဟာ သဘာဝပိုးသတ်နိုင်တဲ့အစွမ်းသတ္တိတွေရှိပြီး သံပရာသီးမှာ ဗီတာမင်စီတွေ ပါဝင် တာမို့ နှာပိတ်ခြင်းအတွက် သင့်တော်တဲ့ ဆေးတစ်လက်ပါပဲ။ လက်ဖက်ရည်ကြမ်း တို့ကိုလဲ မကြာခဏသောက်ပေးပါ။

ကြက်သားစွပ်ပြုတ်ပူပူလေးကလဲ အအေးမိနှာစေးအတွက် အထူးသင့်လျော် ပါတယ်။ ရှေးလူကြီးတွေရဲ့ လက်သုံးတော်ဆေးတစ်လက်မို့ မေ့မထားသင့်ပါ ဘူး။ နှာပိတ်တဲ့အချိန်မှာ အိပ်စက်ရတာ တကယ့်ကိုမလွယ်ပါဘူး။ အသက်ရှူရ ခက်ခဲစေတာမို့ ညဘက်အိပ်တော့မယ်ဆိုရင် ခေါင်းအုံးတွေနဲ့ သက်သောင့်သက် သာဖြစ်အောင်နေပြီးမှ အိပ်စက်သင့်ပါတယ်။

The Union Daily

အခုလိုရာသီအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ ဝေဒနာကတော့နှာပိတ်ခြင်းပါပဲ။ ဝေဒနာက သိပ် မဆိုး ရွားပေမယ့် လူကိုခံရခက်စေတာမို့ မြန်မြန်သက်သာပျောက်ကင်းနိုင်မယ့် အိမ်တွင်းနည်း လမ်းလေး တွေကို ဖော်ပြချင်ပါတယ်။

တန်ဖိုးနည်း အငှား အိမ်ရာများ ဆောက်လုပ်ရန် စီစဉ်

တန်ဖိုးနည်းအိမ်ရာများ စီမံကိန်း များ အပြင် တန်ဖိုးနည်း အငှားအိမ် ရာများကိုလည်း တည်ဆောက် သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိ ရသည်။ လက်ရှိမြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောက် လုပ်နေသည့် တန်ဖိုးနည်း အိမ်ရာ များမှာ အခြေခံလူတန်းစားများ လတ်တလောဝယ်ယူရန် မတတ် နိုင်သေးသည့်အတွက် အိမ်ရာ မဝယ်နိုင်ခင် ငှားရမ်းနေထိုင်နိုင် မည့် တန်ဖိုးနည်းအငှားအိမ်ရာ များ ပိုမို တည်ဆောက် သင့်ကြောင်း ကုလသမဂ္ဂ မြို့ရွာနှင့်အိုးအိမ်ပြန် လည်ထူထောင်ရေးအစီအစဉ် မြို့ပြသုတေသနနှင့် ဖွံ့ဖြိုးရေး ဌာန (UN-HABITAT) မှလည်း အကြံပြုထားကြောင်း သိရသည်။

မြော်ကဥက္ကလာပ ဆေးရုံက ပါးကွက်ကြား သရဲ

ကျွန်မရဲ့.. ကိုယ်တွေ့ဖြစ်ရပ်လေးပါ... ၂၀၀၇ သြဂုတ်လမှာ.. ကျွန်မမိခင်.. အမျိုးသမီး..ရောဂါ တစ်ခုကြောင့်.. မြောက်ဥက္ကလာဆေးရုံမှာ.. ၂ လခန့်ကြာအောင်.. ဆေးကုသမှုခံယူရ ပါတယ်.. ဆေးရုံဆိုတော့.. သိတဲ့အတိုင်း မည်သူမှ.. သွားချင်တဲ့..နေရာ.. မဟုတ်ပေမယ့်.. တကယ်တမ်း.. ဖြစ်လာတော့လည်း.. သွားရတာပါပဲ.. ၂ လဆိုတဲ့.. သက်တမ်းမှာ.. အဲ့ဒီဆေးရုံအကြောင်းမှာရှိတဲ့..ပေတတွေရဲ့..အကြောင်းကို.. သိလာရတဲ့အပြင်.. ကိုယ်ကိုယ်တိုင်ပါ...

အမေရိကန်က မာကယ်လ်၏ဖုန်းကို ၂၀၀၂ခုနှစ် ကတည်းက ထောက်လှမ်းနေခဲ့နေဖွယ်ရှိ


အောက်တိုဘာ ၂၈။

ဂျာမနီမှ Der Spiegel မဂ္ဂဇင်းက အမေရိကန်သည် ဂျာမနီအဓိပတိ အိန်ဂျယ်လာမယ်ကယ်လ်ကို လွန်ခဲ့သော ၁၀နှစ်ကျော် ကတည်းက ထောက်လှမ်းနေခဲ့ဖွယ်ရှိသည်ဟု ရေးသား လိုက် သည်။ အောက်တိုဘာ ၂၆ ရက်က ထုတ်ခဲ့သော သတင်းတွင် မာကယ်လ်၏ ဖုန်းကို NSA ၏ Special Collection Service (SCS) တွင် GE Chancellor Merkel ဟု အမှတ်အသားပြုကာ စားရင်းသွင်းထားကြောင်း ဖော်ပြသည်။ ပြီးခဲ့သော ဇွန်လက သမ္မတအိုဘားမားက ဘာလင်သို့ သွားရောက် မလည်ပတ်မီ အချိန်အထိ ထိုစာရင်းမှာ ရှိနေခဲ့သည်ဟု ဆိုသည်။

မှတ်သားစရာ ဘဝစည်းမျဉ်းများ

Photo: မှတ်သားစရာ ဘဝစည်းမျဉ်းများ
Monday, October 28, 2013

၁) ဘယ်သူ့အတွက်ကြောင့်မှ ဘယ်တော့မှ လက်မလျှော့ပါနဲ့... မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်နေတတ်ပါတယ်...

၂) သတ္တိရှိပါ... သင့်မှာသတ္တိမရှိရင်တောင်မှ ရှိချင်ဟန်ဆောင်ပါ... သတ္တိတကယ်ရှိမရှိဆိုတာ ဘယ်သူမှ သေချာမပြောနိုင်ပါဘူး...

၃) ကြီးကြီးမားမားတွေးတောကြံစည်ပါ... ကျေနပ်မှု အသေးစားလေးတွေကို နှစ်သက်ခံစားပါ...

၎) နားထောင်တတ်ပါစေ.... အခွင့်အရေးဆိုတာ တစ်ခါတစ်လေမှာ သင့်တံခါးဝကို ခပ်ဖြည်းဖြည်းပဲခေါက်တတ်ပါတယ်...

၅) လူတစ်ယောက်ရဲ့ မျှော်လင့်ချက်ကို ဘယ်တော့မှ မပိတ်ပင်ပါနဲ့... သူတို့မှာရှိတဲ့ တစ်ခုတည်းသောအရာက အဲ့ဒီမျှော်လင့်ချက်ဖြစ်နေ တတ်ပါတယ်...

၆) အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ... အပြည့်စုံဆုံးဖြစ်ဖို့ မကြိုးစားပါနဲ့...

၇) အတိတ်ကအမှားတွေအပေါ် ဝမ်းနည်းကြေကွဲရင်း အချိန်ကိုမဖြုန်းပါနဲ့... အမှားကနေ သင်ခန်းစာယူပါ... ရှေ့ဆက်သွားပါ...

၈) တစ်ယောက်ယောက်က သင့်ကိုထွေးပွေ့ထားတဲ့အခါ သင်ကစပြီး မခွဲခွာလိုက်ပါနဲ့... သူတို့ဘာသာ ပြန်လွှတ်တဲ့အထိ စောင့်ပေးလိုက်ပါ...

၉) ပေါင်းစည်းလို့ရတဲ့ အရာတွေကို ဘယ်တော့မှ မဖြတ်တောက်ပစ်ပါနဲ့...

၁၀) အမြဲတမ်း မျှတတဲ့ဘဝကိုရနိုင်ဖို့ မမျှော်လင့်ပါနဲ့...

၁၁) အောင်စိတ်ရှိတဲ့သူဆီကို အောင်မြင်မှုက အရင်ဆုံးရောက်လာတတ်တယ်ဆိုတာ သတိရပါ...

၁၂) တစ်စုံတစ်ယောက်ကို ချစ်ခင်နှစ်သက်ကြောင်းပြောဖို့ အခွင့်အရေးကို ဘယ်တော့မှ ဖြုန်းတီးမပစ်ပါနဲ့...

၁၃) ဘယ်သူမှ တစ်ယောက်ထဲ ရပ်တည်လို့မရဘူးဆိုတာကို သတိရပါ... ကြီးမြတ်တဲ့ နှလုံးသားရှိပါ... သင့်ကိုကူညီတဲ့သူကို အမြန်ဆုံး ကျေးဇူးတင်လိုက်ပါ...

၁၄) ကြင်နာတဲ့စကားလေးတစ်ခွန်းရဲ့ စွမ်းအင်နဲ့ လေးနက်မှုအပေါ် ဘယ်တော့မှ လျှော့မတွက်ပါနဲ့...

၁၅) အားပါးတရ ရယ်မောလိုက်ပါ... ဘဝရဲ့ ဝေဒနာအားလုံးနီးပါးကို အပျော်စိတ်လေးနဲ့ ကုစားနိုင်ပါတယ်...

၁၆) ပြဿနာကြီးတွေကို သေချာစောင့်ကြည့်ပါ... သူတို့ဟာ အခွင့်အရေးကြီးကြီးမားမားတွေကို ဖုံးကွယ်ထားတာဖြစ်နိုင်ပါတယ်...

---------------------------------------------------------------
Ref: Daily Health Tips

နှိုင်းရင့်နွေ
https://www.facebook.com/hnaingyintnway
၁) ဘယ်သူ့အတွက်ကြောင့်မှ ဘယ်တော့မှ လက်မလျှော့ပါနဲ့... မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်နေတတ်ပါတယ်...

မြန်မာတို့ရဲ့ အနာမျိုး(၉၆) ပါး


Photo: မြန်မာတို့ရဲ့ အနာမျိုး(၉၆) ပါး
Monday, October 28, 2013

အနာမျိုး(၉၆)ပါးဆိုတာ မြန်မာလူမျိုးတွေဆုတောင်းတဲ့အခါ မကြာခဏ ကြားနေရတဲ့ ရောဂါတွေပါ။ သြကာသ ကန်တော့ချိုးလေးရွတ်လိုက်မိရင် အနာမျိုး၉၆ပါးမှ ကင်းလွှတ်ရပါ၏ လို့ဆုတောင်းကြတယ် မလား။ဆုတောင်းကြတာတော့ ဟုတ်ပါပြီ။ ဘယ်လိုအနာရောဂါမျိုးတွေပါလိမ့်။ အမှန်ဝန်ခံရရင် တချို့ရောဂါတွေ၊အမည်တွေဟာ မကြားဘူးသလို အနောက်တိုင်းဆေးပညာမှာလည်း မသင်ကြားခဲ့ဖူးပါ။ သို့သော် ဖတ်ထားမိတာကို ဗဟုသုတရဖို့ ဖော်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်လို၊ဆေးပညာလို ဘာသာပြန်ပါဆိုရင် အကုန်လုံးမပြန်တတ်တာလည်း အမှန်တရားပါ။

အနာမျိုး (၉၆)ပါး ဆိုတာ


၁။ဖဝါးပူပါဒရက်နာ
၂။ဘိန်းပြဲ ကိုယ်ရောင်နာ
၃။ကုတ်ဟီးချောင်းဆိုးနာ
၎။ဝက်ရူးနာ
၅။ရှူနာ
၆။ဖက်သကပ်နာ
၇။ကြို့ထိုးနာ
၈။စိမ်ရေသင့်နာ
၉။ကြွက်နို့နာ
၁၀။ထွတ်မြင်းနာ
၁၁။ခူကိုက်နာ
၁၂။သနပတ်နာ
၁၃။မှည့်နာ
၁၄။တင်းတိပ်နာ
၁၅။သင်းခွေချပ်နာ
၁၆။ပွေးညှင်းနာ
၁၇။ရေယုန်နာ
၁၈။အသားမာနာ
၁၉။ကြက်လည်ပင်းကြီးနာ
၂၀။အနာမှောက်ခုံ
၂၁။ရမ်းနမဲနာ
၂၂။မွေးကျွတ်နာ
၂၃။သွေးစုနာ
၂၄။ဝက်ခြင်နာ၊ဝက်ချုပ်နာ
၂၅။တောင်စဉ် ခုနှစ်ထပ်နာ
၂၆။အနာပဆုပ်
၂၇။ဆင်ကူ လည်ပြတ်နာ
၂၈။ဖွတ်သိုနာ
၂၉။အနာ သစ်ငုတ်
၃၀။ရေဇူနာ
၃၁။အိုင်းနာ
၃၂။အိုင်ငယ်ရေမြွေဆိပ်နာ
၃၃။ခရုဘေနာ
၃၄။သက်တံ ခေါင်းလျှိုနာ
၃၅။သတပိုနာ
၃၆။မြွေလက်ပတ်နာ
၃၇။ဆံကျင်နာ
၃၈။မှန်ကင်းနာ
၃၉။အနာ ပတ္တမြား
၄၀။မင်နာ
၄၁။ဂရင်ဂျီ အနာမီး
၄၂။နဂါးပွက် နဂါဖုံးနာ
၄၃။ငရှဥ့်ပွက်နာ
၄၄။ကိန္နရာနာ
၄၅။မုတ္တကိတ်နာ
၄၆။ထွက်နာ၊ဝက်အူနာ
၄၇။သရက်ကင်းနာ
၄၈။အနာထွက်
၄၉။အထင်ကလိနာ
၅၀။မုက္ခစိုနာ
၅၁။ကာလနာ
၅၂။မြင်းသရိုက်ပိတ် ဝမ်းပျက်နာ
၅၃။မျက်စိနာ
၅၄။သွေးကျနာ
၅၅။ခေါင်းခဲဦးယဉ်းနာ
၅၆။အမူးနာ
၅၇။နှလုံးသွေးနာ
၅၈။တကျည်းနာ
၅၉။ဂူနာ
၆၀။ကျပ်သဖီနာ
၆၁။မေဓုန်သနပတ်နာ
၆၂။သွေးပျက်နာ
၆၃။နူနာ
၆၄။ဝဲနာ
၆၅။အင်ပြင်နာ
၆၆။မြေပြုတ်ရှပ်နာ
၆၇။သွေးကင်ပိန့်နာ
၆၈။ဝက်ခမ်းနာ
၆၉။လိင်သေနာ
၇၀။မုဿနာ
၇၁။လေပူလောင်နာ
၇၂။ရိစွဲနာ
၇၃။ဆီးအောင့်နာ
၇၄။အော့နာ
၇၅။မြွေငန်းသွေးငန်းနာ
၇၆။ဂျွမ်းခိုက်နာ
၇၇။သွေးမွှန်နာ
၇၈။အတွင်း သွေးပျက်နာ
၇၉။သွေးသဖုံးနာ
၈၀။ကလမူနာ
၈၁။နို့ယဉ်နာ
၈၂။ကျဗဟုံး ကြက်ညှာနာ
၈၃။နို့မြွေသူငယ်နာ
၈၄။ကျောက်နာ
၈၅။ဝက်သက်နာ
၈၆။မီးယပ်နာ
၈၇။မြုံနာ
၈၈။မြေသလိပ်နာ
၈၉။သည်းခြေနာ
၉၀။လေနာ
၉၁။တုတ်သံနာ
၉၂။ဒူလာသရော သွေးသွန်နာ
၉၃။ဥတုယာဉ်ငယ်မန်းနာ
၉၄။ပယောဂနာ
၉၅။လောဘ၊ဒေါသ၊မောဟနှင့် ယှဉ်သောအနာ
၉၆။ကိလေသာနှင့် ယှဉ်သောအနာ
စတာတွေပဲ ဖြစ်ပါတယ်။
(မြန်မာ့သမိုင်းဝင် ဖြစ်ရပ်များ ၁၀၀ မှ ကူးယူဖော်ပြပါသည်။)

ဒေါက်တာ အေးမင်းထူး

ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်

အနာမျိုး(၉၆)ပါးဆိုတာ မြန်မာလူမျိုးတွေဆုတောင်းတဲ့အခါ မကြာခဏ ကြားနေရတဲ့ ရောဂါတွေပါ။ သြကာသ ကန်တော့ချိုးလေးရွတ်လိုက်မိရင် အနာမျိုး၉၆ပါးမှ ကင်းလွှတ်ရပါ၏ လို့ဆုတောင်းကြတယ် မလား။ဆုတောင်းကြတာတော့ ဟုတ်ပါပြီ။ ဘယ်လိုအနာရောဂါမျိုးတွေပါလိမ့်။ အမှန်ဝန်ခံရရင်

အနိမ့်ဆုံး စပါးဈေး သတ်မှတ်ပေးရန် သမ္မတထံ စာတင်မည်

ပြည်တွင်းတွင် စပါးဈေးကို အနိမ့်ဆုံးဈေး သတ်မှတ်ပေးရန်အတွက် တောင်သူ လယ်သမားများ၏ လက် မှတ်များ စုဆောင်း၍ သမ္မတထံ စာတင်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ တောင်သူ လယ် သမားများ နှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM) မှ ပြောရေးဆိုခွင့်ရှိသူ ဦးယဉ်အေး က မဇ္ဈိမ သို့ အောက်တိုဘာ ၂၇ တွင် ပြောသည်။

အဆင့်မြင့်မြို့ပတ်ရထား ခရီးသည်အပြည့် လိုက်ပါစီးနင်းမှု မရှိပါက တစ်ခေါက်လျှင် ကျပ်နှစ်သိန်းကျော် အရှုံးရှိ

အဆင့်မြင့်မြို့ပတ်ရထား ခရီးသည်အပြည့် လိုက်ပါစီးနင်းမှု မရှိပါက တစ်ခေါက်လျှင် ကျပ်နှစ်သိန်းကျော် အရှုံးရှိ
Monday, October 28, 2013

ရန်ကုန်မြို့ အတွင်း မကြာသေးမီက ပြေးဆွဲလျက် ရှိနေသည့်အဆင့်မြင့် မြို့ပတ်ရထား (RBE) ပြေးဆွဲမှုတွင် ခရီးသည်အပြည့် လိုက်ပါ စီးနင်းခြင်း မရှိပါက တစ်ခေါက်လျှင် ကျပ်နှစ်သိန်းကျော် အရှုံးရှိကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ အဆင့်မြင့် မြို့ပတ်ရထား (RBE) ပြေးဆွဲချိန်မှ စတင်၍ နိုင်ငံခြား ခရီးသွား များသာ စီးနင်းမှု များကြောင်း၊ ပြည်သူအများစုသည် ရိုးရိုးတန်း ကျပ် ၁ဝဝ၊ အထူးတန်း ကျပ် ၂ဝဝ သာရှိသော မြို့ပတ် ရထားများသာ စီးနင်းမှု ပိုများကြောင်း၊ ယင်းကဲ့သို့ ရှိနေမှုသည် ပြေးဆွဲကာလ အနည်းငယ်မျှသာ ရှိသေးပြီး သိရှိမှု နည်းပါးခြင်းကြောင့် စီးနင်းမှု နည်းနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

''ပြည်သူတွေ အဆင်ပြေစွာ စီးနင်းနိုင်ဖို့ လက်မှတ်ခ ကိုလည်း အသင့် တော်ဆုံး ဆောင်ရွက် ပေးထားပါတယ်။ လက်ရှိပြေးဆွဲနေတဲ့ ရထားတွေလည်း အရှုံးခံ ဆွဲပေးနေတာ၊ သွားလာရေး အဆင်ပြေအောင်ပါ'' ဟု ၎င်းက ပြောကြားသည်။

ယင်းအဆင့်မြင့် မြို့ပတ်ရထား ခရီးစဉ် တစ်ကြောင်းလျှင် ဆီ ၇၅ ဂါလန် ကုန်ကျကြောင်း၊ လူအပြည့် ပါဝင်မှသာ ကုန်ကျ ဆီဖိုးငွေ ပြန်လည် ရရှိမည်ဖြစ်ရာ လက်ရှိတွင် အပြည့်ပါဝင်မှု နည်းကြောင်း၊ ရထား စီးနင်းခ အနေဖြင့် ကျပ် ၄ဝဝ သတ်မှတ်ပေးထားပြီး နေ့စဉ် ခရီးမိုင် ၂၉ မိုင် ပြေးဆွဲပေးလျက် ရှိနေကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံမှ တင်သွင်း ပြေးဆွဲနေ သော အဆင့်မြင့် (RBE) မြို့ပတ် ရထားများတွင် အဆင့်မြင့် အိမ်သာ စနစ် ပါဝင်ပြီး ခရီးစဉ် တစ်ကြောင်းလျှင် ကုန်ကျငွေ ကျပ် ၂၆ဝဝဝဝ ရှိကြောင်း၊ အခြားမြို့ပတ် ရထား များ လမ်းကြောင်းအတိုင်း ပြေးဆွဲ ပေးလျက် ရှိနေပြီး ယင်းအတွက် အများပြည်သူများမှာ ရိုးရိုးမြို့ပတ် ရထားသာ အသုံးပြု သွားလာမှု များကြောင်း သိရှိရသည်။

မြ၀တီ
ရန်ကုန်မြို့ အတွင်း မကြာသေးမီက ပြေးဆွဲလျက် ရှိနေသည့်အဆင့်မြင့် မြို့ပတ်ရထား (RBE) ပြေးဆွဲ မှုတွင် ခရီးသည်အပြည့် လိုက်ပါ စီးနင်းခြင်း မရှိပါက တစ်ခေါက်လျှင် ကျပ်နှစ်သိန်းကျော် အရှုံး ရှိကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဓားဖြင့်ခုတ်သည်ဆိုသည့်အမှု ပြစ်မှုကျူးလွန်သူများကို မိဘများကိုယ်တိုင် ရဲလက်အပ်

ကြည့်မြင်တိုင် စက်ဆန်းတွင်ဖြစ်ပွားခဲ့သည့် ဓားခုတ်မှုတစ်ခုတွင် ပြစ်မှုကျူးလွန်သူလေးဦးအား မိဘများ ကိုယ်တိုင် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု စက်ဆန်းနယ်မြေရဲစခန်းမှ အမှုစစ် ဒု-ရဲအုပ် မိုးကျော် က မဇ္ဈိမကို အောက်တိုဘာ ၂၇ ရက်က ပြောသည်။

ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး ဆက်လက်မြင့်တက်

ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးအပေါ်မူတည်ကာ ဆက်လက်မြင့်တက်နေကြောင်း ရွှေဆိုင်လုပ် ငန်းရှင်များက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်တွင် ပြည်တွင်းရွှေဈေး ကျပ် ၆၉၂,၅၀၀ ဈေး ပေါက်လျက်ရှိပြီး အောက်တို ဘာလ၀က်ပိုင်းကျပ် ၆၇၉,၀၀၀ဈေး နှင့် နှိုင်းယှဉ်လျှင် ၁၃,၀၀၀ထိ ဈေးမြင့်တက်နေကြောင်း ယင်းတို့က ဆိုသည်။

ရုပ်ရှင်၊ ဗီဒီယိုများ ပြန်လည်ရိုက်ကူးခွင့်ပြုလိုက်သည့် ရန်ကုန်တက္ကသိုလ်နယ်မြေ

ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းမှာ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ကြော်ငြာနောက်ခံရိုက်ကူးခွင့်တွေကို အကြောင်း အမျိုးမျိုးကြောင့် ရိုက်ကူးမှုခွင့်ပြုခြင်းကိုရပ်နားထား ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ၃ လပိုင်းကမှ တရားဝင်ပြန်ရိုက်ခွင့် ခွင့်ပြုလိုက်တယ်လို့သိရပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာ နောက်ခံ ဇာတ်ကားတွေ ရိုက်ကူးခွင့်ကို ၂၀၁၃ ခုနှစ်၊ မတ်လကမှ တရားဝင်ရိုက်ခွင့်ပြန်လည်ခွင့်ပြုထားခဲ့ပြီး ဗီဒီယို၊ ကြော်ငြာ သတင်း ရိုက်ကူးခွင့် ၈ ခုခန့် လာရောက်ရိုက်ကူးပြီးပြီဖြစ်တယ်လို့ သိရပါတယ်။

ပဋိပက္ခကြောင့် မြန်မာ အပြောင်းအလဲကို ထိခိုက်လို့ဆို

Photo: ပဋိပက္ခကြောင့် မြန်မာ အပြောင်းအလဲကို ထိခိုက်လို့ဆို
Monday, October 28, 2013

မွတ်ဆလင် ဆန့်ကျင်ရေး အသွင်ဆောင်နေတဲ့ ရခိုင်ဒေသက ဘာသာရေး ပဋိပက္ခတွေဟာ မြန်မာရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေတဲ့ အဓိကအချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ် စားလှယ် သောမတ်စ်အိုဟေး ကင်တားနားက ပြီးခဲ့တဲ့ သောကြာနေ့က နယူး ယောက်မြို့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကန်တားနား ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ တတိယ ကော်မတီ အစည်းအဝေးမှာ မစ္စတာ ကင်တားနားက အခုလို ပြောလိုက်တာဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လ နဲ့ အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း အနည်းဆုံး ၁၉၂ ဦး သေဆုံးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှု ခြေလှမ်းတွေကို စတင်နေ ပေမယ့် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်း တွေကို လိုက်နာကျင့်သုံးဖို့ လိုအပ်နေသေးတဲ့အကြောင်း မစ္စတာ ကင်တားနားက ပြောကြားလိုက်တာဖြစ်ပါတယ်။ ရခိုင်အရေးကိစ္စမှာ ပထမအကျော့ ပဋိပက္ခ ကြောင့် လူပေါင်း ၇ သောင်း ခွဲ အိုးအိမ်စွန့်ခွါခဲ့ရသလို ဒုတိယကျော့ ပဋိပက္ခ ကြောင့် လူပေါင်း ၃ သောင်းခွဲကျော် ဒုက္ခရောက်ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်အသစ်တွေ ပေးခဲ့လို့ အခုလို ပဋိပက္ခ ဖြစ်လာရတယ်ဆိုတဲ့ ပြောဆိုချက်ကိုတော့ မစ္စတာ ကင်တားနားက ငြင်းဆိုလိုက်ပြီး ဒီလိုလုပ်ရပ်ဟာ နိုင်ငံရေး လူမှုရေး ရည်ရွယ်ချက်တွေနဲ့ လူတစုက လုပ်ဆောင်တာ ဖြစ်ကြောင်း၊ ပွင်းလင်း လူ့အဖွဲ့အစည်းတွေဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာကြတယ်လို့ တုန့်ပြန်ပြောကြား ခဲ့ပါတယ်။

ABC Radio
မွတ်ဆလင် ဆန့်ကျင်ရေး အသွင်ဆောင်နေတဲ့ ရခိုင်ဒေသက ဘာသာရေး ပဋိပက္ခတွေဟာ မြန်မာရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေတဲ့ အဓိကအချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ် စားလှယ် သောမတ်စ်အိုဟေး ကင်တားနားက ပြီးခဲ့တဲ့ သောကြာနေ့က နယူး ယောက်မြို့မှာ ပြောကြားလိုက်ပါတယ်။

ဖခင်၏ မီးရှို့သတ်ခြင်း ခံခဲ့ရသည့် အသက် ၁၅ နှစ်အရွယ် ယီမင်အမျိုးသမီးငယ် တစ်ဦး

စေ့စပ်ထားသူနဲ့ အဆက်အသွယ် လုပ်တာကြောင့် အသက် ၁၅ နှစ်အရွယ် ယီမင် အမျိုးသမီးငယ် တစ်ဦးကို သူမရဲ့ဖခင်က မီးရှို့ သတ်ပစ်ခဲ့ကြောင်းယီမင်ပြည် ထဲရေး ၀န်ကြီးဌာနက ပြောကြား ပါတယ်။ အသတ်ခံရသူရဲ့ အသက် ၃၅ နှစ်အရွယ်ရှိ ဖခင်ကို တိုင်ဖ်စီရင်စု အနီးရှိ ရွာတစ်ရွာမှာ ဖမ်းမိ ခဲ့ပါတယ်။ အမျိုးသမီးငယ် အသတ်ခံရတဲ့ အချိန်ကိုတော့ ပြောကြားခြင်း မရှိပါဘူး။ ဒီလို လူသတ်မှုမျိုးကို ကျူးလွန်သူတွေ ကတော့ ဒါဟာ ဂုဏ်တက်ဖွယ် ရာဇ၀တ်မှုလို့ ယုံကြည် နေကြပါတယ်။

Facebook အသုံးမပြုရန် တားမြစ်မှုကြောင့် အိန္ဒိယ အမျိုးသမီးငယ် တစ်ဦး မိမိကိုယ်ကိုယ် ဆုံးစီရင်

 
  အိန္ဒိယနိုင်ငံတွင် ဆယ်ကျော်သက် အရွယ် ကောလိပ်ကျောင်းသူ တစ်ဦးအား ၎င်း၏မိဘများကFacebook ကဲ့သို့သော လူမှုကွန်ရက် ဝက်ဘ်ဆိုက်များကို အသုံးမပြုရန် တားမြစ်မှုကြောင့် အဆိုပါ ကျောင်းသူသည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြား ခဲ့သည်။

သရုပ်ဆောင် မင်းညီတို့ မိသားစုနဲ့ မိုင်တိုင်၂၇၆ ကားအက်ဆီးဒင့်

Photo: သရုပ်ဆောင်မင်းညီတို့ မိသားစုနဲ့ မိုင်တိုင်၂၇၆ ကားအက်ဆီးဒင့်
---------------------------------------------------------------
အောက်တိုဘာ(၂၆)ရက်နေ့ ကမိသားစုပုဂံဘုရားဖူးအသွား
ညသန်းခေါင်ကျော်အောက်တိုဘာ(၂၇)ရက်နေ့ နံနက်၂နာရီ
၄၅မိနစ်ကမိုင်တိုင်၂၇၆ မှာကားအက်ဆီးဒင့်ဖြစ်ကာ မိထ္ထိလာဆေးရုံသို့ တက်ရောက်ဆေးကုသမူခံယူ ခဲ့ရသူရုပ်ရှင်သရုပ်ဆောင်မင်းညီနဲ့ မိသားစုအတွက် မိတ်ဆွေများ၊ပရိသတ်များနဲ့ အနူပညာမောင်နှမ များကမှစိတ်ပူကာစိုရိမ် မကင်းရှိခဲ့ကြရပါသည်။“အဆိုးထဲကအကောင်း
ဆိုသလို ကလေးတွေဘာမှကြီးကြီး မားမားအနာတရမဖြစ်ခဲ့ဘူး”လို့ 
ကိုမင်းညီကဆိုကြောင်းနဲ့ ထိခိုက်ဒဏ်ရာရခဲ့သူကိုမင်းညီတို့ ဇနီး
မောင်နှံမှာ လည်းယခုအခါသက်သာနေပြီဖြစ်ကြောင်းစိတ်အေးဖွယ် သိရပါသည်။“မိုင်တိုင်၂၇၆ မင်းကိုတသက်မမေ့ဘူး အရှင်လတ်လတ်ငရဲကျတဲ့ည ၂နာရီ၄၅”ဟုကိုမင်းညီကဖေ့ဘုတ်
ကိုကိုယ်တိုင်သုံးကာရင်ဖွင့်ထားပါသည်။

phpto credit-Min Nyi

Popular Journal
အောက်တိုဘာ(၂၆)ရက်နေ့ ကမိသားစု ပုဂံဘုရားဖူး အသွား ညသန်းခေါင်ကျော် အောက်တိုဘာ (၂၇)ရက်နေ့ နံနက်၂နာရီ ၄၅မိနစ်ကမိုင်တိုင်၂၇၆ မှာကားအက်ဆီးဒင့်ဖြစ်ကာ မိထ္ထိလာဆေးရုံ သို့ တက်ရောက် ဆေးကုသမူ ခံယူ ခဲ့ရသူရုပ်ရှင်သရုပ်ဆောင်မင်းညီနဲ့ မိသားစုအတွက် မိတ်ဆွေများ၊

၂ဝ၁၅ ကိစ္စ ဦးသိန်းစိန် ကိုယ်တိုင်ပြောမယ်

၂ဝ၁၅ ကိစ္စ ဦးသိန်းစိန် ကိုယ်တိုင်ပြောမယ်
Monday, October 28, 2013

သမ္မတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် သူဝင် အရွေးခံ မခံ ဆိုတာကို သူကိုယ်တိုင် ပြည်သူတွေကို အသိပေး ပြောကြားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် ဝင် အရွေးမခံ တော့ဘူးလို့ သူ့ကို ပြောခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ရက်နေ့မှာ လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောဆိုခဲ့အပြီး ၂ရက်အကြာမှာ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က အခုလို တုန့်ပြန် ပြောလိုက်တာပါ။

သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက်ဟာ သမ္မတနဲ့ ကြိုတင် သဘောတူပြီး ထုတ်ပြန်ခဲ့တာ မဟုတ်ဘူးလို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်ကတော့ လုပ်ထုံး လုပ်နည်းအရ သူရ ဦးရွှေမန်းအနေနဲ့ ဒီလို ထုတ်ဖေါ် မပြောသင့်ဘူးလို့ သုံးသပ်ပါတယ်။

သမ္မတနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေ ရှိနေတယ်လို့ အများက ယူဆနေ ချိန်မှာပဲ အခု ဒီကိစ္စ ပေါ်ပေါက်ခဲ့တာပါ။

သမ္မတနဲ့ လွှတ်တော်အကြားမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ ဆိုင်ရာ ခုံရုံး ကိစ္စ အငြင်းပွားတာမျိုး ဖြစ်ခဲ့သလို ငြိမ်းချမ်းရေး အကောင်အထည် ဖေါ်ရေး လုပ်ငန်းစဉ်တွေကို သူရ ဦးရွှေမန်းက စိတ်ကြေနပ်မှု မရှိတာကြောင့် အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး အစည်းအဝေးတွေ ခေါ်ဖို့ တောင်းဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီတခုတည်းက ပြိုင်ဘက် အချင်းချင်း သူရ ဦးရွှေမန်း အခုလို ပြောခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ကို ပြိုင်ဘက် အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ်လို့ ပြည်တွင်းက
 ဆောင်းပါးရှင် စည်သူအောင်မြင့်က သုံးသပ်ပါတယ်။

BBC
သမ္မတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် သူဝင် အရွေးခံ မခံ ဆိုတာကို သူကိုယ်တိုင် ပြည်သူတွေကို အသိပေး ပြောကြားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြော ပါတယ်။

လူ ၇၉ ဦးသတ်မှုဖြင့် အဖမ်းခံခဲ့ရသည့် လူငယ်တစ်ဦး

အသက် ၂၀ အရွယ်ရှိ ဂျူအန်ပက်ဘလိုဗက်ကွက်ဇ် ဟာ ရဲတစ်ဦး၊ ကချေသည် ၁ ဦး၊ သူ့ရဲ့ပြိုင်ဘက်တွေ နဲ့ ဘေးကရပ်ကြည့်သူတွေကို သတ်မှုနဲ့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။ မွန်တာရေးနဲ့ ပတ်ဝန်းကျင်ဒေသ ဟာ အမြတ်ထုတ်တတ်တဲ့ မူးယစ်ဆေးရောင်းဝယ်သူ တွေနဲ့ပြည့်နေတဲ့ နေရာလည်းဖြစ်ပြီး  ဗက်ကွက်ဇ် ကို အောက်တိုဘာလ ၈  ရက်နေ့မှာ အမျိုးသမီး အဖော်တစ်ဦးအပါအ၀င် ဆေးခြောက်၃၅ ထုတ်၊ ကိုကင်း ၂၂ ထုပ်နဲ့အတူ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကေအိုင်အိုကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့များနှင့် တွေ့ဆုံ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် ကေအိုင်အိုကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ (Technical Advisory Team) များနှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရရှိနေသဖြင့် မြောက်ဦးမြို့တွင် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုများ ရရှိနေပြီ ဖြစ်သဖြင့် ယခင်ထုတ်ပြန် ထားသော ပုဒ်မ ၁၄၄ ညမထွက် အမိန့်အား မြို့နယ်အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်မှ စတင် ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြည်တွင်းစစ်မီး အပြီးသတ်ငြှိမ်း နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD ပါတီဥက္က္ကဋ္ဌ ပြောကြား



Photo: ပြည်တွင်းစစ်မီး အပြီးသတ်ငြှိမ်း နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD ပါတီဥက္က္ကဋ္ဌ ပြောကြား
Monday, October 28, 2013

ပြည်တွင်းစစ်မီး အပြီးသတ် ငြှိမ်းနိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း NLD ပါတီ ဧရာဝတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဟင်္သာတမြို့၊ ဟုန်စံစီ ခန်းမတွင် အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲနှင့် ပြည်သူ့သဘောထား ခံယူပွဲ၌ Eleven Media ၏ မေးမြန်းချက်အား ၎င်းက ထိုသို့ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"ပြည်တွင်းစစ်ရဲ့ အဓိကက သံသယပဲ။ အဲဒီ သံသယကို ချေဖျက်နိုင်အောင် ပွင့်လင်းမြင်သာမှုနဲ့ သဘောထားကြီးမှုတွေ လိုအပ်တယ်။ ဒါတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းရမယ်။ ပြည်တွင်းစစ်၊ အာဏာရှင် အုပ်ချုပ်ရေး ဒါတွေအကုန်လုံးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေခံပြီး ပေါ်လာတာပဲ။ ဒီအခြေခံ ပြဿနာကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက "ဒီမိုကရေစီကျင့်စဉ်၊ ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် လုပ်တဲ့အခါ အပြန်အလှန် ညှိနှိုင်းဆွေး နွေးရမယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဦးတည်ရမယ်။ အကြမ်းဖက်မှုကို မသုံးဘဲ တိုင်းပြည်တည်ငြိမ်ရေးကို ဦးတည်ရမယ်။ ဒီနည်းလမ်းတွေကိုသုံးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

အခမ်းအနားသို့ အခြေခံဥပဒေ ပြင်ဆင်ရေး ဗဟိုကော်မတီဝင်များနှင့် ဟင်္သာတ ခရိုင်အတွင်း မြို့နယ်များမှ NLD ပါတီဝင်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၅၀၀ ခန့်တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲရေးထက် ပြင်ဆင်ရေးကို ထောက်ခံခဲ့ကြသည်။

Eleven Media Group 

ဟင်္သာတမြို့တွင် ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲကို အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး)
ပြည်တွင်းစစ်မီး အပြီးသတ် ငြှိမ်းနိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း NLD ပါတီ ဧရာဝတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။