Thursday, October 9, 2014

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ကျပ် ၁၅ဝဝတန် စီဒီအမ်အေ ဆင်းမ်ကတ်များ တိုင်းနှင့်ပြည်နယ်အနှံ့ထပ်မံရောင်းချပေးမည်

ကျပ် ၁၅ဝဝဖြင့်စီဒီအမ်အေဆင်းမ်ကတ် များ တိုင်းနှင့်ပြည်နယ်အနှံ့ ထပ်မံ ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ သိရသည်။

ဆင်းမ်ကတ်များ ဈေးကွက်သို့ အရေအတွက်များစွာ ဖြန့်ဖြူးနိုင်ရန် အတွက် လက်ရှိတွင် CDMA 800 MHz လိုင်းတိုးချဲ့ခြင်း လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်လျက်ရှိ သည်ဟုသိရသည်။

ဗြိတိန်စုံတွဲအသတ်ခံရမှု စစ်ဆေးရာတွင် ထိုင်းရဲများ ညှဉ်းပန်းနှိပ်စက်ခဲ့ဟု မြန်မာလုပ်သားတစ်ဦး ထွက်ဆို

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် အသတ်ခံ ခဲ့ရသော ဗြိတိန်နိုင်ငံသားစုံတွဲကို သတ်ဖြတ်ခဲ့ သည်ဟု စွပ်စွဲခံထားရသော မြန်မာနိုင်ငံသား နှစ် ဦးတွင် တစ်ဦးက ၄င်းတို့အား စစ်ဆေးမှုပြုလုပ် စဉ် နှိပ်စက်ညှဉ်းပန်းမှုများ ရှိခဲ့သည်ဟု ပြောကြား ခဲ့သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ နှိပ်စက်ညှဉ်းပန်းမှု အဆိုအတွက် လွတ်လပ်စွာ စစ်ဆေးခွင့်ပြုရန် တောင်းဆိုထားပြီး ဖမ်းဆီးခံ ထားရသော မြန်မာနိုင်ငံသား နှစ်ဦးအတွက် တရား မျှတမှု မရှိမည်ကို စိုးရိမ်ပူပန်လျက် ရှိနေသည်ဟု သိရသည်။

ကွန်ဒိုဆောက်မည့်နေရာတွင် ဗုံးခိုကျင်းဟောင်းတွေ့၍ လုပ်ငန်းရပ်နားထား

မျက်စိဆေးရုံအနီး ဖိုး စိန်လမ်းသွယ်ရှိ နေအိမ်တစ်အိမ် ကို ကွန်ဒိုဆောက်လုပ်ရန် မြေညှိ ရာ၌ အနက်သုံးပေ ရှိပြီး အခိုင် အခံ့တည်ဆောက်ထားသော ဗြိ တိသျှခေတ် ဗုံးခိုကျင်းဟောင်း တစ်ခုတွေ့ရှိခဲ့ သဖြင့် ဆောက် လုပ်ရေးလုပ်ငန်းများရပ်နားထား ကြောင်း သတင်းရရှိသည်။

အဆိုပါဗုံးခိုကျင်းသည် ၀င် ပေါက်နှစ်ခုပြုလုပ်ထားပြီး အိမ် ထဲမှ ၀င်ရောက်ကြည့်ရှုနိုင်သလို အိမ်အပြင်ဘက်ကလည်း ၀င် ရောက်၍ရနိုင်ပြီး မြေအနက် သုံး ပေခန့်တွင် တွေ့ရှိခဲ့ရသည်ဟု သတင်းရရှိ သည်။

ဗြိတိန်နှစ်ဦးအသတ်ခံရသည့်အမှုမှ တရားလိုပြသက်သေမောင်မောင်က အမှုနှင့်ပတ်သက်ပြီး မည်သည့်အရာမျှ သိရှိခြင်းမရှိဟုပြောကြား

ဗြိတိန်နှစ်ဦးအသတ်ခံရသည့်အမှုတွင် တရားလိုပြသက်သေအဖြစ်ထွက်ဆိုမည့် မောင်မောင်နှင့် မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာ ၈ ရက်က ကော့စမွီမြို့ရဲစခန်းတွင် တွေ့ဆုံခွင့်ရခဲ့ကြောင်း မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန်းထံမှ သိရသည်။

တွေ့ဆုံရာတွင် တရားခံပြသက်သေဖြစ်သည့် မောင်မောင်၊ ထိုင်းရဲမှူးကြီးတစ်ဦး၊ စကားပြန်တစ်ဦးနှင့် မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့တို့ နှစ်နာရီကြာတွေ့ဆုံခွင့်ရခဲ့ပြီး မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ဝင်များက လူသတ်မှုနှင့်ပတ်သက်သည့် အချက်အလက်များကို ပွင့်ပွင့်လင်းလင်း တွေ့ဆုံမေးမြန်းခဲ့သည်ဟု သိရသည်။

တောင်ကြီးဗုံးကွဲမှုအပြီး နေပြည်တော်တွင် ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးတွဲကင်းလှည့်နေ


တောင်ကြီးမြို့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ်(၂၀၂) ဆက်သွယ်ရေးတပ်နှင့် ယာဉ်ထိန်းရုံးဝင်ပေါက် အနီး တို့တွင် ချိန်ကိုက်ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲမှု အပြီး နေပြည်တော်ကောင်စီနယ် မြေတွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်ပူးတွဲ ကင်းလှည့်ကာ လုံခြုံရေး တင်းကျပ်ထားသည်ဟု နေပြည်တော်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အဖွင့်ပွဲစဉ်တိုင်းမှာ ခက်ခဲကြောင်း မြန်မာယူ-၁၉ နည်းပြ ဂတ်ဆီဇီ ပြောကြား

အောက်တိုဘာလ ၉ရက်နေ့(ယနေ့) ည ၆နာရီခွဲတွင် ယှဉ်ပြိုင်ကစားရမည် ၂၀၁၄ခုနှစ် အာရှယူ-၁၉ ပြိုင်ပွဲမှ ယီမင်အသင်းနှင့် တွေဆုံရမည့် အဖွင်ပွဲစဉ်မှာ ခက်ခဲနိုင်ကြောင်း၊ အဖွင်ပွဲစဉ်တွင် အနိုင်ရရှိရန် သေချာစွာ ပြင်ဆင်ထားကြောင်း၊ မြန်မာပရိသတ်များ ကွင်းလုံးပြည့် လာရောက်အားပေးမည်ဟု ယုံကြည်ကြောင်း မြန်မာယူ-၁၉ အသင်း နည်းပြချုပ်ဖြစ်သူ ဂတ်ဆီဇီမှ ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

ထိုင်းလေယာဉ်မှူး မီးလောင်ဒဏ်ရာရ၍ ရန်ကုန် ဝိတိုရိယဆေးရုံတွင် ဆေးကုမည်


Photo: ထိုင်းလေယာဉ်မှူး မီးလောင်ဒဏ်ရာရ၍ ရန်ကုန် ဝိတိုရိယဆေးရုံတွင် ဆေးကုမည်
Thursday, October 9, 2014

B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ထိုင်းလေယာဉ်မှူး Mr.Chat Chawal သည် မီးလောင်ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာ အချို့ရရှိထား၍ အောက်တိုဘာ ၈ရက် ညနေပိုင်းတွင် ပူတာအိုမှ ထွက်ခွာလာကာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံတွင် ဆေးကုသမှု ခံယူမည်ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုဘိုထွန်းက မဇ္ဈိမကို ပြောသည်။

"အခုပဲ ပူတာအိုကို ရောက်နေပါပြီ။ ရန်ကုန်မှာဆေးကုသဖို့ သူ့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒီနေ့ ရန်ကုန်အရောက် အမြန်ဆုံးဆောင်ရွက်နေ တယ်"ဟု ယင်းကဆိုသည်။

အောက်တိုဘာ ၈ရက် နံနက်က ထိုင်းလေယာဉ်မှူးကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းကို လန်ဆာထုကျေးရွာသို့ ဒေသခံ ရဝမ်လူမျိုးများ၏ အကူအညီဖြင့် ခေါ်ဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် ကချင်ပြည်နယ် ပူတာအိုမြို့တွင် SOS Medical အဖွဲ့မှ ဆရာများနှင့် ဆေးကုသမှု ခံယူခဲ့သည်။ မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးမှာမူ တောထဲရှိ ဂူတစ်ခုတွင် ရှိနေပြီး မျက်လုံးဒဏ်ရာ ရထားသည်ဟု ကိုဘိုထွန်းက ပြောသည်။ လက်ရှိတွင် ဦးအောင်မြတ်တိုးကို ကယ်ဆယ်ရေး ဆင်းနေဆဲဖြစ်သည်ဟု ယင်းကဆိုသည်။

ပျောက်ဆုံးသွားသည့် ရဟတ်ယာဉ်ပေါ်တွင် လေယာဉ်မှူး နှစ်ဦး အပါအဝင် ဦးတေဇ၏ ကိုယ်ရေးလက်ထောက် ရွှေရင်တော်ကြီးတို့ ပါသွားခဲ့ပြီး ရွှေရင်တော်ကြီးကို အောက်တိုဘာ ၇ရက်တွင် ပြန်လည် လန်ဆာထုရွာတွင် တွေ့ရှိခဲ့သည်။

သို့သော် ပျောက်ဆုံးရဟတ်ယာဉ်နှင့် ပတ်သက်၍ တွေ့ရှိသည်၊ မတွေ့ရှိသည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

"လေယာဉ်ပျက်ကျတာ ဟုတ်၊မဟုတ်ဆိုတာတော့ မထုတ်ပြန်နိုင်သေးဘူး။ လေယာဉ်ထက် လူကအရေးကြီးဆုံးပဲ’’ ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္ဈိမကို ပြောထားသည်။

B4 ရဟတ်ယာဉ်မှာ ခါကာဘိုရာဇီတောင်တွင် ပျောက်နေသည့် တောင်တက်သမားနှစ်ဦးကို ရှာဖွေသည့်အဖွဲ့အား ရိက္ခာသွားပို့ရင်း စက်တင်ဘာ ၂၇ ရက်တွင် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးအား ရှာဖွေသည့်လုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းထားပြီး လာမည့် ပွင့်လင်းရာသီ ရောက်မှသာ ဆက်လက်ရှာဖွေမည်ဟု ဦးတေဇက အောက်တိုဘာ ၅ရက်က ကြေငြာထားသည်။

"ကယ်ဆယ်ရေးသမားတွေ အသက်အန္တရာယ်ရှိတဲ့အတွက် မြေပြင်ရှာဖွေရေးတွေ ပြန်ဆင်းလာပါပြီ။ အခု ဂျပန်တောင်တက်သမားတွေကို သူတို့တောင်တက် ရင်းတွေ့ခဲ့ရင် ကူညီပေးဖို့ ပြောထားပါတယ်" ဟု ဦးဖြိုးကိုကိုသက်က ပြောသည်။

ခါကာဘိုရာဇီ တောင်ထိပ်အထိ တက်ခဲ့သည့် တောင်တက်သမား နှစ်ဦးမှာ သြဂုတ်လ ၃၁ရက်မှ စတင်ကာ အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ထိုင်းလေယာဉ်မှူး Mr.Chat Chawal သည် မီးလောင်ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာ အချို့ရရှိထား၍ အောက်တိုဘာ ၈ရက် ညနေပိုင်းတွင် ပူတာအိုမှ ထွက်ခွာလာကာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံတွင် ဆေးကုသမှု ခံယူမည်ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုဘိုထွန်းက မဇ္ဈိမကို ပြောသည်။

နေရာသစ်တစ်ခုကိုရောက်သွားတိုင်း ခံစားချက်အသစ်ကို ရရှိနိုင်တာမို့ ခရီးသွားရတာ နှစ်ခြိုက်ပါတယ်လို့ ဖွင့်ဟလိုက်တဲ့ နွယ်ဒါလီထွန်း

Photo: နေရာသစ်တစ်ခုကိုရောက်သွားတိုင်း ခံစားချက်အသစ်ကို ရရှိနိုင်တာမို့ ခရီးသွားရတာ နှစ်ခြိုက်ပါတယ်လို့ ဖွင့်ဟလိုက်တဲ့ နွယ်ဒါလီထွန်း
Thursday, October 9, 2014

ခရီးသွားရတာ နှစ်ခြိုက်တဲ့ အနုပညာရှင်တွေထဲမှာ ချစ်စရာကောင်းတဲ့ အပြုံး၊ ဟန်ပန်အမူအရာလေးနဲ့ ပရိသတ်ကို ဖမ်းစားထားတဲ့ နွယ်ဒါလီထွန်း ဆိုတဲ့ ကောင်မလေးကလည်း တစ်ယောက်အပါအ၀င်ပေါ့။ မကြာသေးခင်ကပဲ စင်ကာပူကို ခရီးသွားဖြစ်တဲ့အပြင် နောက်ထပ် သူမသွားချင်တဲ့ ခရီးစဉ်တွေအကြောင်း ပြောပြပေးသွားတာက “စင်ကာပူကို ခရီးသွားဖြစ်တာကတော့ မိသားစုနဲ့သွားတွေ့ဖြစ်တာပေါ့။ နောက် အဲ့ဒီမှာ ရှော့ပင်းလုပ်ဖြစ်တယ်။ အဲ့ဒီကပြန်လာတော့ သူငယ်ချင်းနဲ့ဘန်ကောက်ကို ထပ်သွားဖြစ်တယ်။ ရှော့ပင်းပဲပေါ့။ စင်ကာပူကတော့ ဒါလီ တစ်ယောက်တည်းသွားတာ။ ဒီနှစ်ထဲမှာသွားဖြစ်တဲ့ ခရီးဆိုရင် ပြည်တွင်းက မန္တလေးများတယ်။ ပွဲတွေများတယ်။ နောက်စင်ကာပူ ၊ ဘန်ကောက်ပေါ့ ။ ဒီနှစ်ထဲမှာ သွားချင်တဲ့နေရာတွေက ဒါလီ မရောက်ဖူးသေးတဲ့ ချင်းပြည်နယ်တို့၊ ရခိုင်ဖက်တို့ကစ္စပနဒီတို့အရမ်းသွားကြည့်ချင်တယ်။ ပြည်ပဆို အီဂျစ်တို့၊ ကမ္ဘောဒီးယားတို့သွားကြည့်ချင်တယ်။”လို့ သူမက ဖွင့်ဟသွားပါတယ်။

ခရီးသွားတဲ့အခါ များသေားအားဖြင့် ဒီက၀တ်သွားတဲ့ တစ်စုံစာလောက်ပဲ ပြင်ဆင်ထည့်သွားတတ်တဲ့ အကြောင်းကိုလည်း သူမက “ခရီးသွားရင် များသောအားဖြင့် ဒီက၀တ်သွားတဲ့တစ်စုံပဲ ထည့်သွားဖြစ်တယ်။ နောက် ည၀တ်အကျီင်္ယူသွားတယ်။ ဒါပဲ။ ဟိုရောက်ရင် လဲ ထပ်ဝယ်လာတော့ ပြန်သယ်လာရမှာဆိုတော့ အ၀တ်အစားကို သိပ်မထည့်ဖြစ်ဘူး။ နောက်ပြီးတော့ ကိုယ်သုံးနေကျ skin care တော့ ထည့်ဖြစ်တယ်။ အဓိကက ကိုယ်သောက်နေကျ ဆေးမျိုးလေးတွေပဲထည့်သွားဖြစ်တယ်” တဲ့။

ခရီးသွားပြီးပြန်လာချိန်တိုင်း စိတ်သစ်လူသစ်နဲ့ အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာနိုင်တယ်လို့ ဖွင့်ဟလိုက်တဲ့ သူမရဲ့ ခရီးသွားရတာ စိတ်ကိုကြည်လင်စေပါသတဲ့။ “ခရီးသွားရတာ စိတ်ကိုအရမ်း ကြည်လင်ပြီး လန်းဆန်းသွားစေတယ်။ မဟုတ်ရင် ကိုယ့်အိမ်နဲ့ ရှုတင်ကြီးပဲ နေ့စဉ်နဲ့အမျှ သွားနေရတာဆိုတော့ စိတ်က relax မဖြစ်တာတို့၊ ပုံမှန်လည်ပတ်နေမြဲပဲဖြစ်နေတယ်။ ခရီးသွား လိုက်တဲ့ခါကျမှ အမြင်သစ်လဲမြင်ရမယ်။ ဖက်ရှင်လဲ လေ့လာလို့ရတယ်။ စိတ်ချမ်းသာမှုလဲ ရှိတယ်။ နေရာသစ်တစ်ခုကို ရောက်သွားတိုင်း ကိုယ့်စိတ်က ခံစားချက်အသစ်ဖြစ်စေပါတယ်”လို့ သူမက ဆိုပါတယ်။

ခင်ဆွေသက်
Trend Myanmar

AFC U-19 Championship Myanmar 2014အား မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှ တိုက်ရိုက်(Live)ထုတ်လွှင့်ပေးသွားမည်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် UFC U-19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲများကို ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့မှ (၂၃)ရက်နေ့အထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။အဆိုပါဘောလုံးပြိုင်ပွဲ၌ အာရှနိုင်ငံ(၁၆)နိုင်ငံတို့ မှ အသက်(၁၉)နှစ်အောက် အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းများပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး မြန်မာ U-၁၉ အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စု(က)တွင် အီရန်၊ ထိုင်း၊ ယီမင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။ မြန်မာ U-၁၉ အသင်းသည် အောက်တိုဘာလ (၉)ရက်နေ့ ညနေ(၆)နာရီခွဲတွင် ယီမင်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်အဖြစ်လည်းကောင်း ၊အောက်တိုဘာလ(၁၁)ရက်နေ့ ညနေ (၆)နာရီခွဲတွင်ထိုင်းအသင်းနှင့်လည်းကောင်း၊ အောက်တိုဘာလ(၁၃)ရက်နေ့ ညနေ (၆)နာရီခွဲတွင် အီရန်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။ အဆိုပါ မြန်မာ U -၁၉ အမျိုးသားလက်ရွေးစင်ဘောလုံးအသင်း၏ အုပ်စုပွဲစဉ်များကို မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်မှ တိုက်ရိုက်(Live)ထုတ်လွှင့်ပေးသွား မည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင်သကောင်းပါးအပ် ပါသည်။

မန်မာလူငယ်ဘောလုံးအသင်းများအတွက် အရေးကြီးလှတဲ့ အောက်တိုဘာ(၉) တိုက်ပွဲများ

အောက်တိုဘာလ (၉) ရက်နေ့ဟာ မြန်မာဘောလုံးချစ်ပရိတ်သတ်တွေအတွက် သတင်းကောင်းများ ရရှိခံစားလိုတဲ့ နေ့တစ်နေ့အဖြစ်
ဖြစ်တည်လာနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါနေ့မှာ မြန်မာ ယူ-၁၉ အမျိုးသားလူငယ်အသင်း၏ ယီမင်အသင်းနှင့် အာရှပွဲ အဖွင့်ပွဲစဉ်စတင်ကစားရမည်ဖြစ်သလို မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းဟာလည်း တရုတ်တိုင်ပေအသင်းနဲ့ အာရှခြေစစ်ပွဲနောက်ဆုံးပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

အသည်းရောင်အသားဝါစီပိုး ကင်ဆာဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိ

အသည်းရောင်အသားဝါစီပိုးမှာ အသည်းကင်ဆာဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိပြီး ကြိုတင်စစ်ဆေးကုသရန် လိုအပ်ကြောင်း အသည်းရောဂါဆရာဝန်ကြီးအချို့က အကြံပြုပြောဆိုသည်။

‘‘စီပိုးကနေ ၈၀ ရာခိုင်နှုန်း အသည်းကင်ဆာဖြစ်နိုင်တယ်။ ဘီပိုးထက် စီပိုးဖြစ်တဲ့လူဦးရေက နည်းပေမယ့် ကင်ဆာဖြစ်နှုန်းကျတော့ ဘီပိုးထက်များတယ်’’ဟု အသည်းရောဂါကုဆရာဝန်ကြီး ဒေါက်တာ ခင်ပြုံးကြည်က ဆိုသည်။

အသည်းရောင်အသားဝါဘီပိုးကြောင့် ကင်ဆာဖြစ်နိုင်ခြေမှာ ၂၅ ရာခိုင်နှုန်းရှိသော်လည်း စီပိုးကြောင့် ကင်ဆာဖြစ်နိုင်ခြေမှာ ၈၀ ရာခိုင်နှုန်းရှိသည်။ ထို့ပြင် အသက်(၁၀)နှစ်အရွယ်တွင် စီရောဂါပိုး ၀င်ရောက်သွားလျှင် ရောဂါလက္ခဏာမပြဘဲ နောင်နှစ်ပေါင်း ၂၀ ကြာမှ ရောဂါဖြစ်သည်ကို သိရှိနိုင်သည်။