Thursday, November 27, 2014

အမြန်လမ်းမကြီးအား ကတ္တရာလမ်းအဖြစ် ပြောင်းလဲတော့မည်

Photo: အမြန်လမ်းမကြီးအား ကတ္တရာလမ်းအဖြစ် ပြောင်းလဲတော့မည်
Thursday, November 27, 2014

ရန်ကုန်-မန္တလေး အမြန်လမ်းအား ကွန်ကရစ်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်း လဲသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင် ရန်ကုန်-မန္တလေးလမ်းသည် ကွန် ကရစ်နှင့် ခင်းကျင်းထားသည့် လမ်းဖြစ်ပြီး လမ်း ချော်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် လမ်းလည်းဖြစ်သည်။

''ရန်ကုန်-မန္တလေး အမြန်လမ်းကို ကတ္တရာ ခင်းသွားမှာပါ။ အရင်တုန်းကတော့ ကွန်က ရစ်ခင်းထားတဲ့ လမ်းပေါ့။ ဒါပေမဲ့ သတိပြုရ မယ့်အပိုင်းနဲ့ လမ်းကို ပိုင်းခြားထားတဲ့ တံတား တွေကိုတော့ ကွန်ကရစ် ခင်းပေးထားပါတယ်'' ဟု ယင်းက ဆက်ပြောသည်။

ယင်းကတ္တရာခင်းခြင်းအား ရရှိသည့် ဘတ်ဂျက်အပေါ်မူတည်၍ နှစ်အပိုင်း အခြား အလိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ထပ်မံ သိရသည်။
''ကတ္တရာခင်းတာကိုတော့ နိုင်ငံတော်က ချပေးတဲ့ ဘတ်ဂျက်အပေါ်မူတည်ပြီး နှစ်အ ပိုင်းအခြားအလိုက် ပြုလုပ်သွားမှာပါ။ ရန်ကုန်- မန္တလေး အမြန်လမ်းတစ်ခုလုံးကို ကတ္တရာ ခင်းသွားမှာပါ''ဟု ထပ်ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ကွန်ကရစ်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်း လဲရန်မှာလည်း ကားသမားများ မျှော်လင့်နေ သည့် ရည်ရွယ်ချက်ဖြစ်ကြောင်းလည်း ကား သမားများက ပြောသည်။
''အမြန်လမ်းကို ကတ္တရာခင်းလိုက်ရင် ပိုကောင်းတာပေါ့။ လမ်းချော်မှု တော်တော် များများက ကတ္တရာလမ်းမှာဖြစ်ခဲတယ်။ ကွန် ကရစ်လမ်းတွေမှာပဲ အဖြစ်များတာ။ ဘာပဲ ဖြစ်ဖြစ် အမြန်လမ်းကြီးကို ကတ္တရာလမ်းအ ဖြစ် ပြောင်းလဲမယ်ဆိုရင်တော့ အကောင်း ဆုံးပါပဲ''ဟု ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးစံ ကောင်းက ပြောသည်။ 

ယင်းရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အား ရှစ်လမ်းသွား အမြန်လမ်း ဖြစ်စေရန်အ တွက်လည်း စီစဉ်ထားကြောင်းကိုလည်း ထပ် မံပြောကြား သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး သည် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော် ကုန်ကျခဲ့သည့် အမြန်လမ်းမကြီးဖြစ်ပြီး မြေ သား တာပေါင်အကျယ်ပေ ၂ဝဝ၊ လမ်းလယ် ကျွန်းဧရိယာ ပေ ၃ဝ နှင့် လမ်းမကြီးတစ်ဖက် စီတွင်၂၅ ပေကျယ်သည့် နှစ်လမ်းသွား (သွား/ ပြန်)စနစ်နှင့် တည်ဆောက်ထားကြောင်း သိ ရသည်။

Yangon Media Group
ရန်ကုန်-မန္တလေး အမြန်လမ်းအား ကွန်ကရစ်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်း လဲသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင် ရန်ကုန်-မန္တလေးလမ်းသည် ကွန် ကရစ်နှင့် ခင်းကျင်းထားသည့် လမ်းဖြစ်ပြီး လမ်းချော်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည့် လမ်းလည်းဖြစ် သည်။

အိုင်အက်စ်၏ ခြိမ်းခြောက် မှုကို တွန်းလှန် နိုင်မည်ဟု ပါကစ္စတန် ယုံကြည်

Photo: အိုင်အက်စ်၏ ခြိမ်းခြောက် မှုကို တွန်းလှန် နိုင်မည်ဟု ပါကစ္စတန် ယုံကြည်
Thursday, November 27, 2014

အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ၂၆။ အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေ အများ အပြား သိမ်းပိုက် ထားသော အိုင်အက်စ် စစ်သွေးကြွ များသည် အခြားနိုင်ငံ များကို မျက်စောင်း ထိုးလာ သည်။ ၎င်းအုပ်စု၏ ကာလီဖိတ် နိုင်ငံတော် အကျယ်အ၀န်း ရည်မှန်း ချက်မှာ မြောက်အာ ဖရိကမှ အရှေ့တောင် အာရှ အထိ ကျယ်ဝန်း သည်။

အထူးသဖြင့် စိမ့်ဝင် ထိုးဖောက်ရန် လွယ်ကူသည့် နိုင်ငံ တစ်ခုမှာ ပါကစ္စတန် နိုင်ငံဖြစ်သည်။ အိုင်အက်စ်တွင် ပျောက်ကြား စစ်ဆင်ရေး လက်နက်များ အပြင်   ခေတ်မီ လေယာဉ်ပစ် လက်နက်များ၊ တင့်ကားများ အပြင် ဂျက်တိုက် လေယာဉ် များပင် ရှိသည်ဟု ယူဆ ရသည်။

“သူတို့ဘာမှ လုပ်နိုင်မယ် မထင်ပါဘူး။ ပါကစ္စတန်ဟာ သူ့ရဲ့ပြည်သူတွေ၊ သူ့ရဲ့ စစ်တပ်၊ တခြားအ ချက်တွေကြောင့် အလွန် အင်အား တောင့်တင်း ပါတယ်။ ဒါ့ကြောင့် သူတို့ ပါကစ္စတန်ကို ဘာမှ လုပ်နိုင်မယ် မထင် ပါဘူး"ဟု ထောက်လှမ်းရေး အရာ ရှိဟောင်း တစ်ဦးဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ် ရှေဇက်ဂျမ်ရှက်အေ ယက်ဇ်က ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းကဲ့သို့ ယုံကြည်မှု လွန်ကဲခြင်းက ရလဒ်ပြောင်းပြန် ဖြစ်စေ နိုင်ကြောင်း အခြား သူများက ထောက်ပြ ကြသည်။ပါကစ္စတန် သည်နိုင်ငံတွင်း သို့ တာလီဘန်တို့ စီးဝင်မှုနှင့် ပတ်သက် ၍လည်း အလားတူ ကြေညာ ချက်များ ထုတ်ပြန် ဖူးသည်။

ထို့နောက် စစ်သွေးကြွ များသည် နိုင်ငံတွင်း ၀င်ကာ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့ကြသည်။ သို့သော်လည်း ပါကစ္စတန် သည် အကြမ်းဖက် လှုပ်ရှား မှုများ အမြစ် တွယ်ရန် ဖြစ်နိုင်ကြောင်း လုံခြုံရေး ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် လေတပ် အငြိမ်းစားဒု - မာရှယ် ရှေဇက်ချောက် ဒရီက ပြောကြားခဲ့သည်။

အိုင်အက်စ် အဖွဲ့သည် ပါကစ္စတန် ဒေသတွင်းရှိ အစွန်းရောက် အဖွဲ့အစည်း များနှင့် အဆက် အသွယ် ရနေပြီ ဖြစ်ကြောင်း ပါကစ္စတန်တွင် ပြုလုပ်သည့် အိုင်အက်စ် တပ်မှူး များ၏ အစည်း အဝေးမှ စီအင်အေက သတင်း ရရှိ ခဲ့သည်။ ၎င်းအဖွဲ့ များတွင် ပါကစ္စတန်၏ အကြီး မားဆုံး ဘာသာရေး၊ နိုင်ငံရေး ပါတီ တစ်ခုလည်း ပါဝင် သည်ဟု ဆိုသည်။

Ref: CNA
Mizzima - News in Burmese  

အကြမ်းဖက် သမားများကို ရှာဖွေနေသည့် ပါကစ္စတန် စစ်သားများ
အကြမ်းဖက် သမားများကို ရှာဖွေနေသည့် ပါကစ္စတန် စစ်သားများ

အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ၂၆။ အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေအများအပြား သိမ်းပိုက်ထားသော အိုင်အက်စ် စစ်သွေးကြွ များသည် အခြားနိုင်ငံများကို မျက်စောင်း ထိုးလာသည်။ ၎င်းအုပ်စု၏ ကာလီဖိတ် နိုင်ငံတော်အကျယ်အ၀န်း ရည်မှန်းချက်မှာ မြောက်အာဖရိကမှ အရှေ့တောင်အာရှအထိ ကျယ်ဝန်းသည်။

ငြိမ်းချမ်းရေး အထောက်အကူပြုရန် ပါတီ ၅၆ ခု နိုင်ငံရေးမူဘောင် ချမှတ်


Photo: ငြိမ်းချမ်းရေး အထောက်အကူပြုရန် ပါတီ ၅၆ ခု နိုင်ငံရေးမူဘောင် ချမှတ်
Thursday, November 27, 2014

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အထောက်အကူ ပြုနိုင်ရန် နိုင်ငံရေး ပါတီ ၅၆ ခုက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် တခု ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ချမှတ်လိုက်သည့် ယင်းမူဘောင်(Political Frame Work)တွင် ပါဝင်ဆွေးနွေးမည့် အစုအဖွဲ့၎ ဖွဲ့ ၊ ဆွေးနွေးမည့် အချက် ၁၉ ချက်နှင့် စုစုပေါင်း အခန်း ၈ ခန်း ပါဝင်သည်ဟု သိရသော်လည်း အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော် မူဘောင်ကို အများပြည်သူ လေ့လာအကြံပြုနိုင်စေရန် ပါတီ ၅၆ ခု၏ အင်တာနက် စာမျက်နှာများတွင် ဖြန့်ဝေ တင်ပြသွားမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။

နိုင်ငံရေး ပါတီ ၅၆ ခု ကိုယ်စားပြုသည့် ကိုယ်စားလှယ် ၁၅ ဦးက ဦးဆောင် ဆွေးနွေးထားသော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ရေး ဆွဲရေး ကော်မတီ (PPIC)က ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါတီ ၅၆ ခုကို ကိုယ်စားပြုသည့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တရပ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ဒါကို လုပ်တာဟာ ငြိမ်းချမ်းရေးကို တစုံတရာ အထောက်အကူ ပြုနိုင်မယ် ထင်လို့ လုပ်ရတာပါ”ဟု ရခိုင် အမျိုးသားပါတီ (ANP) ဗဟိုကော်မတီဝင် ဦးဦးလှစောက ဧရာဝတီသို့ ပြောသည်။

ယခု ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၅၆ ပါတီမှ ကိုယ်စားလှယ်များက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး ချုပ်ဆိုနိုင်ရန်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန်တို့ကို မျှော်မှန်းထားကြသည်ဟု သိရ သည်။

လက်ရှိ အချိန်တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီ(UPWC) ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA) တို့က ရေးဆွဲနေသည့် မူဘောင်များလည်း ရှိထားပြီး ဖြစ်သည်။

ထိုကဲ့သို့ ရေးဆွဲထားပြီး ဖြစ်သည့် မူဘောင်များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျန်ရှိနေသေးသည့် နိုင်ငံရေး ပါတီများနှင့် လည်း ဘုံသဘော တူညီမှုရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီကိုယ်စားလှယ်များက ပြောသည်။

“ကျနော်တို့ရဲ့ မူဘောင်ကို အတင်းအကျပ် ကိုင်ထားမှာ မဟုတ်ပါဘူး။ ညှိနှိုင်းမယ်၊ လျှော့သင့်တာ လျှော့မယ်၊ ယူသင့်တာ ယူမယ်။ ပြည်သူအတွက် အကောင်းဆုံးဖြစ်မယ့်ဟာကိုပဲ ကြည့်မှာပါ”ဟု ချင်းအမျိုးသား ပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောသည်။

PPIC တွင် တိုင်းရင်းသား ပါတီ ၂၂ ခု စုစည်းထားသော ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF)မှ ကိုယ်စားလှယ် ၄ ဦး၊ ပါတီ ၁၁ ခု စုစည်းထားသော ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် (FDA) မှ ကိုယ်စားလှယ် ၃ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေး ပါတီ မှ ၁ ဦး ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် တခြားပါတီများမှ ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ၁၅ ဦး ပါဝင်ကြောင်း သိရသည်။

PPIC ကို ပါတီ ၅၆ ခု၏ သဘောတူညီမှုဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ

နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက် ၂ ရက်ကျင်းပသော နိုင်ငံရေးပါတီ ၅၆ ခု ၏ မူဘောင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဇူးဇူး/ဧရာဝတီ)

နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက် ၂ ရက်ကျင်းပသော နိုင်ငံရေးပါတီ ၅၆ ခု ၏ မူဘောင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဇူးဇူး/ဧရာဝတီ)

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အထောက်အကူ ပြုနိုင်ရန် နိုင်ငံရေး ပါတီ ၅၆ ခုက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် တခု ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ပြည်သူ့ အပေါ် အကျိုးပြုသည့် နည်းဥပဒေများ ထွက်ရှိရေး ဒေါ်အောင်ဆန်းစုကြည် အရေးကြီး အဆိုတင်

လွှတ်တော်မှ ပြဋ္ဌာန်း လိုက်သော ဥပဒေ များသည် ပြည်သူလူထု၏ ဘ၀ကို အကျိုးပြုစေရန် လိုအပ်နေသော နည်း ဥပဒေများ ဆောလျင်စွာ ပြဋ္ဌာန်း ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ကော့မှူး မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယမန် နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။

ဝန်ထမ်းလစာ တိုးမြှင့်ရေး အသေးစိတ် စိစစ်နေကြောင်း ဘဏ္ဍာရေးဝန်ကြီး ပြောကြား

တပ်မတော်သား၊ ရဲနှင့် အစိုးရဝန်ထမ်းများ ဂုဏ်နှင့် သိက္ခာအညီ သင့်တင့်မျှတသော လစာရရှိစေရန် အသေးစိတ်ရရှိရေး အတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ အသေးစိတ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အစတွင် သင့်တင့်မျှတသော လစာတိုးမြှင့်ရေးအတွက် နိုဝင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုချက်ကြောင့် ယင်းကိစ္စ အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်၏ စီမံကိန်းများ မှန်ကန်စွာ လုပ်ဆောင်ရေးနှင့် အခက်အခဲများ ရှိပါက အစိုးရအဖွဲ့ အနေနှင့် လွှတ်တော်သို့ ရှင်းလင်းတင်ပြရန် အဆိုကို ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် သာပေါင်း မဲဆန္ဒနယ်မှ ဦးဝင်းသန်းက အရေးကြီးအဆို တင်သွင်းရာ ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်၌ ယနေ့တွေ့ဆုံရန် NLD ပါတီကဖိတ်ကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များ နေပြည်တော်၌ နိုဝင်ဘာ ၂၇ ရက် (ယနေ့) တွေ့ဆုံရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဖိတ်ကြား ထားကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များအား နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ဖိတ်စာများပေးပြီး ဖိတ်ကြားခဲ့ကြောင်း၊ အလွတ် သဘော တွေ့ဆုံရန်ဖြစ်ကြောင်း သိရသည်။ 

ပဲခူးတိုင်းနေသူ ကြေးမုံသတင်းစာ အလွတ်တန်းသတင်းထောက်က ၎င်းကိုရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများက ဝိုင်းဝန်းရိုက်နှက် ခဲ့ခြင်းကြောင့် ဆေးရုံ ၁၁ ရက် တက်ရသည်ဟုဆိုကာ ရှင်းလင်း

ပဲခူးတိုင်းဒေသကြီး ဥဿာမြို့သစ်၊ အ မှတ် ၂ ရပ်ကွက်နေ ကြေးမုံ သတင်းစာ အလွတ် တန်းသတင်းထောက်ဖြစ်သူ ကိုမိုးဝင်းသူမှ ၎င်းကို အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက် ခဲ့ခြင်းကြောင့် ဆေးရုံသို့ ၁၁ ရက်ကြာတက်ခဲ့ ရကြောင်း သတင်းစာ ရှင်းလင်း ပွဲကို နိုဝင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာဂျာနယ် လစ်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာ ရှင်းလင်းပွဲကို ဖြစ်စဉ် တွင်ရှိနေသည့် ဇနီးဖြစ်သူနဲ့ အတူပြုလုပ်ခဲ့ပြီး ဖြစ်ပွားပုံမှာ နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီ တွင် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၌ မှတ်ပုံတင်လုပ်ပေးနေသည်ကို သွားရောက် ပြုလုပ်ရာမှ ယင်းကဲ့သို့ရိုက်နှက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ဦးမှုရယူ ထိုးစစ်ဆင်ခြင်းများ နှစ်ဖက်စလုံးရှောင်ရန် လက်နက်ကိုင်သုံးဖွဲ့တိုက်တွန်း

လက်ဦးမှုရယူ၍ ထိုးစစ် ဆင်တိုက်ခိုက်ခြင်းများကို နှစ်ဖက် စလုံးမပြုလုပ်ကြရန် ‘၀’၊ မိုင်းလား နှင့် ရှမ်းပြည်တပ်မတော်(မြောက်) တို့ကပူးတွဲသဘောထား ထုတ်ပြန် သည်။

ထို့အပြင် ကေအိုင်အေဗိုလ် လောင်းသင်တန်းကျောင်းသို့ လက်နက်ကြီးကျရောက်ပေါက် ကွဲမှုအပေါ် ကန့်ကွက်ကြောင်း လည်းပါရှိသည်။

မြန်မာဘက်သို့ ကျူးကျော်ထားသည့် အဆောက်အအုံများ အိန္ဒိယ ဖယ်ရှားပေးမည်

မြန်မာနှင့်အိန္ဒိယ နိုင်ငံနယ်နိမိတ်တွင် အိန္ဒိယနိုင်ငံဘက် က ကျူးကျော်ထားသောနယ်များကို ပြန်လည်စိစစ်ဖယ်ရှားပေးမည် ဟု အိန္ဒိယအစိုးရက အကြောင်းပြန်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘မြန်မာဘက်က နယ်နိမိတ် မှာ သူတို့စစ်တပ်အဆောက်အအုံ တွေ၊ လူနေအဆောက်အအုံတွေ ရှိတယ်။ ဖယ်ရှားဖို့ပြောတဲ့အခါ စစ်တပ်အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး ချက်ချင်းဖယ်ရှားလို့ ရပေမယ့် အရပ်ဘက်တွေကျူး ကျော်ထားတဲ့နယ်တွေကို ချက် ချင်းဖယ်ရှားလို့ အဆင်မပြေဖြစ် နေတယ်။ ဗဟိုအစိုးရက ပြည် နယ်အစိုးရကို သေချာဆွေးနွေး ညှိနှိုင်းရဦးမယ်လို့ပြောပါတယ်’’ ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲသတင်းများကို စိုးရိမ်ကြောင်း ကန်အစိုးရပြော

ကချင်ပြည်နယ်တွင် စစ် ပွဲများပြန်လည်ဖြစ်ပွားနေသည့် သတင်းများအပေါ် အလေးအ နက်စိုးရိမ်ကြောင်း အမေရိကန်သံ ရုံးက ထုတ်ပြန်ကြေညာသည်။

အထူးသဖြင့် ကချင်ပြည် နယ်အတွင်းရှိ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများအနီးတွင် မ ကြာသေးမီက တိုက်ပွဲများဖြစ်ပွား နေသော သတင်းများအပေါ်စိုးရိမ် လျက်ရှိပြီး တိုက်ပွဲများသည် အား နွဲသောဒေသခံများကို အန္တရာယ် ဖြစ်စေလျက်ရှိကြောင်း ဖော်ပြ ထားသည်။