Wednesday, November 12, 2014

(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်း စင်တာ(၁)ခန်းမတွင် အစီအစဉ် ၁၁ ရပ်ဖြင့် ကျင်းပမည်

(၂၅)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအ ဝေးနှင့် ဆက်စပ်အစည်းအဝေးများ နိုဝင်ဘာ ၁၂ရက်တွင် နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန် ဗင်းရှင်းစင်တာ(၁) ခန်းမတွင် အစီ အစဉ် ၁၁ရပ်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၂ရက် နံနက် ၈နာ ရီခွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၊ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ ရောက် ရှိမှုကို တစ်ဦးချင်း ကြိုဆိုခြင်းကို Main Lobby ၌ ကျင်းပမည်ဖြစ် သည်။

ရန်ကုန်မြို့တော်ကို အရေးပေါ်လုံခြုံရေးအဆင့် တိုးမြှင့်

Photo: ရန်ကုန်မြို့တော်ကို  အရေးပေါ်လုံခြုံရေးအဆင့် တိုးမြှင့်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

အမေရိကန်နိုင်ငံ သမ္မတဘားရက် အိုဘားမား အပါအဝင် အာဆီယံထိပ်သီး အစည်းအဝေးမှ ခေါင်းဆောင်များ ရန်ကုန်မြို့တော်သို့ လာရောက်မည့် ခရီးစဉ် ရှိသဖြင့် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးကို အနီရောင်အဆင့် သတ်မှတ်ပြီး အရေးပေါ် လုံခြုံရေး တိုးမြှင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တော်တွင် အရေးပေါ် လုံခြုံရေး တိုးမြှင့်မှုအတွက် ရဲတပ်ဖွဲ့ အင်အား နှစ်သောင်းခန့် အသုံးပြုမည် ဖြစ်ပြီး အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှုမှ တပ်ဖွဲ့ခွဲများ၊ အထူးစုံစမ်းရေးအဖွဲ့၊ စစ်မြေပြင် အင်ဂျင်နီယာတပ်နှင့် ရဲတပ်ဖွဲ့တို့ရှိ မိုင်းရှင်းလင်းရေး တပ်ဖွဲ့များ၊ မြို့နယ်     အထွေထွေ အုပ်ချုပ်ရေး အဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“၂၄ နာရီ လုံခြုံရေးကို နိုဝင်ဘာ ၇ ရက်နေ့ကတည်းက စတင်ခဲ့တာ၊ ရန်ကုန် လေဆိပ်မှာ အင်တာပို အဖွဲ့နဲ့ ပူးပေါင်းပြီး ၉ ရက်နေ့ ကတည်းက အမြင့်ဆုံး လုံခြုံရေးအဆင့် စစ်ဆေးမှုတွေ ဆောင်ရွက်နေသလို သံရုံး၊ ဟိုတယ်၊ မိုတယ်တွေနဲ့ မြို့ဝင် မြို့ထွက် ကားဂိတ်၊ သင်္ဘောဆိပ်တွေပါမကျန် နေရာပေါင်းစုံမှာ ရဲအင်အား အပြည့်နဲ့ လုံခြုံရေး ဆောင်ရွက်နေတယ်၊ လုံခြုံရေးကိစ္စမို့ အသေးစိတ်ဘယ်လို ဆောင်ရွက်ထားတယ် ဆိုတာတော့ ပြောလို့ မဖြစ်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အရေးပေါ် လုံခြုံရေး တိုးမြှင့်ထားချိန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအတွင်း ဧည့်စာရင်း စစ်ဆေးမှုများအပြင် ဒေသန္တရ လုံခြုံရေးအတွက် စားသောက်ဆိုင်များနှင့် KTV ဆိုင်များ ကို ည ၁၀ နာရီ နောက်ပိုင်း ဆိုင်ပိတ်ရန် မှာကြားထားကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများထံမှ စုံစမ်းသိရှိရသည်။

“အကြမ်းဖက်သမားတွေ ဝင်လာလို့ အနီရောင်အဆင့် လုံခြုံရေး သတ်မှတ်တယ်ဆိုတာ မဟုတ်ပါဘူး၊  နိုင်ငံ့ခေါင်းဆောင်ကြီးတွေ လာရောက်မှာမို့လို့ အနီရောင်အဆင့် လုံခြုံရေး သတ်မှတ်ထားတာ” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဝင်းကြည်က ရှင်းပြသည်။ 

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်သို့ လာရောက်မည့် အမေရိကန်နိုင်ငံ သမ္မတ အိုဘားမား ခရီးစဉ် လုံခြုံရေးအတွက် လမ်းကြောင်းများ ရှင်းလင်းရေး ကြိုတင်ဆောင်ရွက်လျက် ရှိကြောင်း၊  ရန်ကုန်မြို့တော်သို့ လာရောက် လည်ပတ်မည့် နိုင်ငံတကာ ခေါင်းဆောင်များ၏ လုံခြုံရေးအတွက် ရဲမှူးကြီးများက အနီးကပ် လုံခြုံရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“လူဦးရေ အများဆုံး နေထိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာက ပြဿနာမျိုးစုံ၊ မှုခင်းဖြစ်ရပ်မျိုးစုံ မကြာခဏ ဖြစ်ပွားပေမယ့် အဆိုးဆုံး အခြေအနေထိ ဖြစ်မသွားရအောင် သက်ဆိုင်ရာ အဖွဲ့တွေက အချိန်ပြည့် ကြိုတင်ကာကွယ်မှုနဲ့ တားဆီး နှိမ်နင်းမှုတွေကို အသင့်အနေအထား ဆောင်ရွက်ထားပါတယ်၊ အခုလို နိုင်ငံ လုံခြုံရေးအဆင့် ဆောင်ရွက်နေချိန်မှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွက် လုံခြုံရေးအင်အားက အပြည့်ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုမှ လုံခြုံရေးရဲအင်အား၊ ရဲတပ်ရင်း (၇) ခုမှ ရဲအင်အားတို့ စုပေါင်းလျှင် ရဲတပ်ဖွဲ့ဝင် သုံးသောင်းနီးပါး ရှိကြောင်း၊ အနီရောင်အဆင့် လုံခြုံရေးကာလအတွင်း တပ်မတော် (လေ) မှ နေ့စဉ် ကင်းလှည့် စစ်ဆေးမှုများ ဆောင်ရွက်မည် ဖြစ်ပြီး မြို့နယ်များအနှံ့ လုံခြုံရေး လှည့်ကင်းများ ဆောင်ရွက်ရာတွင် အသွင်ယူ စုံစမ်းစစ်ဆေးမှုများပါ ပါဝင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ လုံခြုံရေးနှင့် ကွပ်ကဲမှူးရုံးထံမှ သိရှိရသည်။
အမေရိကန်နိုင်ငံ သမ္မတဘားရက် အိုဘားမား အပါအဝင် အာဆီယံထိပ်သီး အစည်းအဝေးမှ ခေါင်းဆောင်များ ရန်ကုန်မြို့တော်သို့ လာရောက်မည့် ခရီးစဉ် ရှိသဖြင့် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးကို အနီရောင်အဆင့် သတ်မှတ်ပြီး အရေးပေါ် လုံခြုံရေး တိုးမြှင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂါလီတစ်ဦးအား အစ္စလာမ်အစွန်းရောက်အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့် ထိုင်းနိုင်ငံအစိုးရ မှ ဖမ်းဝရမ်းထုတ်ပြန်

Photo: မြန်မာနိုင်ငံမှ ဘင်္ဂါလီတစ်ဦးအား အစ္စလာမ်အစွန်းရောက်အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့် ထိုင်းနိုင်ငံအစိုးရ မှ ဖမ်းဝရမ်းထုတ်ပြန်
Wednesday, November 12, 2014

မြန်မာနိုင်ငံမှ ဘင်္ဂါလီလူမျိုး၊ အစ္စလာမ်ဘာသာဝင်တစ်ဦးအား ထိုင်းနိုင် ငံတောင်ပိုင်း ရှိ အစ္စလာမ်အစွန်းရောက် အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှု၊ မွတ်စလင်အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုတို့ဖြင့် ထိုင်းနိုင်ငံအစိုးရ မှ ဖမ်းဝရမ်း ထုတ်ပြန်လိုက်ကြောင်းကို ထိုင်းနိုင်ငံရှိ ယနေ့ထုတ် The Nation သတင်းစာမှ ထုတ်ပြန်ကြေငြာခဲ့ ကြောင်း သိရှိရပါသည်။

၎င်း၏အမည်မှာ သန်းဝင်း (ခေါ်) ဟာဆန် ဖြစ်ပြီး အသက် ၅၃ နှစ်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ၎င်းအနေဖြင့် မြန်မာနိုင်ငံအတွင်းမှ ထိုင်းနိုင်ငံသို့ ခိုးဝင်ကာ ထိုင်းတောင်ပိုင်းရှိ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်နေခြင်း ကြောင့် ထိုင်းအစိုးရက နိုဝင်ဘာလ (၇) ရက်နေ့က ဖမ်းဝရမ်းစတင်ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

သန်းဝင်း (ခေါ်) ဟာဆန်မှာ ၎င်း၏ ပုံပန်းသဏ္ဍန်ကိုပြုပြင်ရန်အတွက် ထိုင်းနိုင်ငံတွင် ပလတ်စတစ် ဆာဂျီ ပြုလုပ်ရန် စီစဉ်နေသူဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ရန်ကြံစည်နေသူ ဖြစ်ကြောင်းနှင့် ယခုအခါတွင် ၎င်းအား ဖမ်းဆီးရန်အတွက် ဖမ်းဝရမ်းအား မြို့ပြရဲတပ်ဖွဲ့များနှင့် လူဝင်မှု ကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ ဖြန့်ဝေပြီးဖြစ်ကြောင်းကို The Nation သတင်းစာတွင်ဖော်ပြထားပါသည်။

သန်းဝင်း(ခ) ဟာဆန် (၅၃) နှစ်မှာ ဘင်္ဂါလီလူမျိုး အစ္စလာမ်ဘာသာ ၀င်တစ်ဦးဖြစ်ပြီး မွတ်စလင် အစွန်းရောက် အကြမ်းဖက်အဖွဲ့ ၀င်များနှင့် ဆက်သွယ်မှု၊ မြန်မာနိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးရေး အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်ရန်ကြံစည်မှု၊ မွတ်စလင်အစွန်းရောက်များအား ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်နယ်မြေ တွင် စစ်သင်တန်းများပေးရန် ကြံစည်မှုများကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလိုရှိနေသူတစ်ဦး ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။ 
အဆိုပါ သန်းဝင်း (ခ) ဟာဆန်မှာ ယခင်က မြန်မာနိုင်ငံရှိ မြစ်ကြီးနားမြို့ တွင်နေထိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခု အခါတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ရာမှ ထိုင်းနိုင်ငံအစိုးရ၏ ဖမ်းဝရမ်းထုတ်ပြန်ခြင်းကို ခံခဲ့ရသူ တစ် ဦးဖြစ်ကြောင်း သိရှိရပါသည်။

နေလင်း
မြန်မာနိုင်ငံမှ ဘင်္ဂါလီလူမျိုး၊ အစ္စလာမ်ဘာသာဝင်တစ်ဦးအား ထိုင်းနိုင် ငံတောင်ပိုင်း ရှိ အစ္စလာမ်အစွန်းရောက် အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှု၊ မွတ်စလင်အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုတို့ဖြင့် ထိုင်းနိုင်ငံအစိုးရ မှ ဖမ်းဝရမ်း ထုတ်ပြန်လိုက်ကြောင်းကို ထိုင်းနိုင်ငံရှိ ယနေ့ထုတ် The Nation သတင်းစာမှ ထုတ်ပြန်ကြေငြာခဲ့ ကြောင်း သိရှိရပါသည်။

အဝေးသင်စာရေးမ မသမာမှုကြောင့် မအူပင်ကျောင်းသူများ စာမေးပွဲမဖြေဘဲ နေရပ်ပြန်

မအူပင် တက္ကသိုလ်မှ အဝေးသင် ကျောင်းသား ကျောင်းသူ(၂၀)ခန့် စာမေးပွဲမဖြေဘဲ နေရပ်ပြန် ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင် တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူ (၂၀) ခန့်မှာAsssignment များကို သက်ဆိုင်ရာ တာဝန်ယူထားသူက မတင်ပေး သဖြင့် စာမေးပွဲ မဖြေတော့ဘဲ နေရပ်သို့ ပြန်သွား ကြကြောင်း သိရသည်။

မအူပင် အဝေးသင် တက္ကသိုလ်တွင် ဖြေဆိုမည့် (Gerography,Myanmar, History) အထူးပြု ကျောင်းသား ကျောင်းသူ (၁၀၀) ကျော်ခန့်၏ Assignment များကို သက်ဆိုင်ရာ တာဝန်ယူ ထားသူက ယနေ့ အချိန်အထိ တင်ပေးခြင်း မရှိသဖြင့် အချို့ ကျောင်းသားများ စာမေးပွဲ မဖြေဆိုတော့ ဘဲ နေရပ်သို့ ပြန်ကြခြင်း ဖြစ်သည်။

MPT သုံးစွဲသူများအား ၀န်ဆောင်မှုအသစ်များ ချပေးမည်ဟု ဆို

Photo: MPT သုံးစွဲသူများအား ၀န်ဆောင်မှုအသစ်များ ချပေးမည်ဟု ဆို
Wednesday, November 12, 2014

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းအသုံးပြုသူ များ ရွေးချယ်ခွင့်ရရှိစေမည့် ၀န်ဆောင်မှုပုံစံသစ်များကို မကြာမီချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လူတော်တော်များများက တော့ ဈေးလျှော့ပေးမယ်ဆိုတာ ပဲ ပြောနေကြတယ်။ ဈေးလျှော့ပေးတာထက် သုံးစွဲသူတွေကို ရွေးချယ်ခွင့်ရစေမယ့် Plan အသစ် တွေ ချပေးသွားမယ်ဆိုရင် ပိုမှန်မယ်။ မကြာခင်မှာ စပြီးပေးသွား မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြား သည်။

လက်ရှိတွင် မိုဘိုင်းအသုံးပြု သူများကြား၌ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းသည် ဒီဇင်ဘာမှစ ၍ ဖုန်းခေါ်ဆိုခနှုန်းထားများ လျှော့ချပေးသွားမည်ဟု သတင်း များထွက်ပေါ်နေသော်လည်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းက အ တည်ပြုခြင်းမရှိဘဲ ရွေးချယ်စရာPlan အသစ်များကိုသာ ချပေး သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

‘‘လက်ရှိ တခြားအော်ပရေ တာတွေ ပေးနေသလိုမျိုး Plan တွေနဲ့ ၀န်ဆောင်မှုပုံစံတွေ ချပေးသွားမှာပါ။ အရင်ကလို ၀န်ဆောင်မှုက ပုံသေကြီးမဟုတ်တော့ပါဘူး။ Plan တွေအများကြီးစီစဉ်ထားပါတယ်။ ဘာတွေပါမလဲဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ပေးသွားမှာပါ’’ဟု ဦးမြင့်သိန်းထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် လက်ရှိတွင် ဖုန်း ခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၅၀ ကျပ်နှင့် SMS တစ်စောင်လျှင်၁၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိပြီး အသစ်ချပေးသွားမည့် Planအသစ်များတွင် အဆိုပါဝန် ဆောင်မှုပုံစံမှာ ပြောင်းလဲသွားနိုင် သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် လက်ရှိအချိန်အထိ ဆင်းမ်ကတ်ပေါင်း ၁၁ သန်းကျော်ရောင်းချပေးထားသည်

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းအသုံးပြုသူ များ ရွေးချယ်ခွင့်ရရှိစေမည့် ၀န်ဆောင်မှုပုံစံ သစ်များကို မကြာမီချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လူတော်တော်များများက တော့ ဈေးလျှော့ပေးမယ်ဆိုတာ ပဲ ပြောနေကြတယ်။ ဈေးလျှော့ပေးတာထက် သုံးစွဲသူတွေကို ရွေးချယ်ခွင့်ရစေမယ့် Plan အသစ် တွေ ချပေးသွားမယ်ဆိုရင် ပိုမှန်မယ်။ မကြာခင်မှာ စပြီးပေးသွား မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြား သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြားတွင် နယ်စပ်ဝင်၊ ထွက်ဂိတ် ရှစ်ခုရှိပြီး သံလွင်မြစ်ကူးတံတားဆောက်လုပ်ရန် တရုတ်ဘက်မှ အဆိုပြုထားကြောင်း နိုင်ငံခြားရေးဒုဝန်ကြီး ပြောကြား

မြန်မာ-တရုတ် နှစ်နိုင်ငံအကြားတွင် နယ်စပ်ဝင်၊ ထွက်ဂိတ် ရှစ်ခုရှိပြီး အိမ်နီးချင်းငါးနိုင်ငံအနက် အများဆုံးဖြစ်ကာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့နယ်ခွဲနှင့် တရုတ်နိုင်ငံ လုံလင်ခရိုင်အကြား သံလွင်မြစ်ကူးတံတား ဆောက်လုပ်ရန် တရုတ်ဘက်မှ အဆိုပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်က ပြောကြားသည်။

အစိုးရမှတောင်းခံမည့် ဘတ်ဂျက်ပမာဏကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ မတင်ပြမီ လွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ဦးစွာညှိနှိုင်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

အစိုးရမှတောင်းခံမည့် ဘတ်ဂျက်ပမာဏကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ မတင်ပြမီ ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ဦးစွာညှိနှိုင်းရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့ သည်။

နိုဝင်ဘာ ၁၁ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တင်သွင်းသည့် “ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်း” နှင့် ပတ်သက်၍ ဥပဒေတစ်ပိုဒ်ခြင်းစီအလိုက် အတည်ပြုရာတွင် ယခုအချက်အလက်အား ထည့်သွင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းသို့ RSO ဖောက်ခွဲရေးသမားလေးဦး ရောက်ရှိနေဟု သတင်းထွက်ပေါ်မှုမှာ စိုးရိမ်စရာမရှိကြောင်း ရဲဌာနချုပ်ပြောကြား

မြန်မာနိုင်ငံအတွင်းသို့ RSO အဖွဲ့ဝင် ဖောက်ခွဲရေးသမားလေးဦး ရောက်ရှိ နေသည့် သတင်းထွက် ပေါ်နေ မှုမှာ စိုးရိမ်စရာမရှိကြောင်းနှင့် တစ်နိုင်ငံလုံးတွင် လုံခြုံရေးကို ရာနှုန်းပြည့်ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ ရဲမှူးကြီးဇော်ခင်အောင်က နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ထို့အပြင် ယင်းကဲ့သို့ သတင်းထွက်ပေါ်နေသော RSO အဖွဲ့မှ ဖောက်ခွဲရေး သမားလေးဦးကို အမြန်ဆုံး ဖမ်းဆီးရမိရန် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အားလုံး ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။