Tuesday, August 7, 2012

DDoS ဘယ်လိုဖြစ်လာတာလဲ၊ ဘာကြောင့်လဲ


 ဤစာမျက်နှာကို မဖော်ပြနိုင်တော့ပါ (“This page cannot be displayed”) ဆိုသော စာတန်းအား ကွန်ပျူတာ ဖန်သားပြင်၌ အင်တာနက် အသုံးပြုသည့်အခါ ရံဖန်ရံခါ တွေ့မြင်ဖူးမည်ဟု ထင်ပါသည်။ ဟုတ်ပါသည် အဆိုပါ ဝန်ဆောင်မှုများ ရပ်ဆိုင်းသည့် ဖြစ်စဉ်များသည် အင်တာနက် ဝင်ရောက် အသုံးပြုခြင်းတွင် သာမက ခေတ်မီကွန်ပျူတာ စာပို့စနစ် (E-mail) ၊ တိုးတက်သော နိုင်ငံများ၌ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသော အင်တာနက်ပေါ်မှ ပြုလုပ်နိုင်သည့် ငွေကြေးဝန်ဆောင်မူ လုပ်ငန်း (Ebanking) များ နှင့် အင်တာနက်ကွန်ယက် အခြေပြုစီးပွားရေး လုပ်ငန်းများ အားလုံး အထိပါ ကြီးမားစွာ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၈၈၈၈ အခမ်းအနားကို ပြည်ထောင်စုအဆင့် သတ်မှတ်ကျင်းပခွင့်ပြုလိုက်

From - ၈၈ မျိုးဆက်ကျောင်းသားများ Facebook


ပြန်ကြားရေး ဝဘ်ဆိုဒ်တွင် ဟက်ကာတို့ ခြိမ်းခြောက်စာ ဝင်ရေးသွား


(မြန် မာ ဂျာနယ်များ၊ ၀န်ကြီး ဌာနများ မိမိ တို့  ၀ဘ်ဆိုက်၏ လုံခြုံရေးကို အထူးဂရုပြု စောင့်ကြည့် သွားပါရန်  နှိုးဆော်အပ်ပါသည်- မြန်မာ့သားကောင်း)
From - Mizzima 

ရန်ကုန် (မဇ္ဈိမ) ။        ။ ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် ဝဘ်ဆိုက် စာမျက်နှာအား အင်္ဂါနေ့နံနက်မှ စတင်၍ ဟက်ကာများက ဝင်ရောက်တိုက်ခိုက်ကာ ခြိမ်းခြောက်စာ များ ရေးသားခဲ့ပြီး ဝက်ဆိုဒ်မှာ နာရီအတော်ကြာ ဝင်ရောက်ကြည့်ရှု မရဘဲ  ဖြစ်သွားခဲ့ရသည် ။မြန်မာအစိုးရထံသို့ သတင်းစကား ဟူ၍ “ဒီမူဆလင်တွေဟာ ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက် သတင်းစကားတခု ရှိပေမယ့် သင်တို့ကတော့ သူတို့ကို သတ်ပစ်လိုက်တယ်… မူဆလင်များကို ဆက်လက်

ကိုယ့်ကိုယ်ကိုယ် မှန်ပြီလားလို့ ကြည့်ပြီးမှ အနုပညာရှင်တွေကို ဝေဖန်ပါဆိုတဲ့ ၀ိုင်းစု


ဖွံ့ဖြိုးတဲ့ Body အလှနဲ့ မော်ဒယ် ဇာဇာထက်

“တိုင်းရင်းသားတွေဆန္ဒ မဖြည့်ဆည်းနိုင်သရွေ့ ငြိမ်းချမ်းရေး မရနိုင်…”

From -

ရှမ်းတို င်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦး သည် အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်ပြီး ထောင် ဒဏ် ၉၃ နှစ် ချမှတ်ခံထားရာမှ ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ငူ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။ သြဂုတ်လ ၄ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံရာတွင် ဦးခွန်ထွန်းဦးလည်း ပါဝင်တွေ့ဆုံခဲ့သည်။ ဦးခွန်ထွန်းဦးအား တိုင်းရင်းသား အရေးနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ် က ဆက်သွယ် မေးမြန်းထားပါသည်။

နယ်ခြားစောင့်တပ်အဖြစ် လက်ခံရန် ‘မူ’ မရှိဟု ALP ပြော


စံခလပူရီ (မဇ္ဈိမ) ။       ။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အနေဖြင့် နယ်ခြားစောင့်တပ် BGF အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် သဘောထား မရှိကြောင်း ALP ဒု-ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် က ပြောကြားလိုက်သည်။ALP အား အင်အားတိုးချဲ့ကာ BGF တခုအဖြစ် ဖွဲ့စည်းပေးရန် ဝန်ကြီး ဦးအောင်မင်း က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့်တွေ့ဆုံစဉ် သဘောထား ပြုခဲ့သည့်အပေါ် ALP ဒု-ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် က တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။“အစိုးရ ဘက်က အခုအထိ ကျနော်တို့ကို ပြောတာဆိုတာ၊ ဆွေးနွေးတာ၊ ကမ်းလှမ်း လာတာမျိုး ဘာမှ မရှိသေးပါဘူး။ ကျနော်တို့ ပါတီရဲ့ သဘောထားက ရှင်းရှင်းလေးပါ။ နယ်ခြားစောင့်တပ် BGF ကို လက်ခံဖို့ မူ မရှိပါဘူး” ဟု မဇ္ဈိမကိုပြောသည်။

ပိတ်ထားသော လိုင်ဇာ-ဗန်းမော်လမ်းကြောင်းအား KIA မှ ဆိုင်ကယ်နှင့် သုံးဘီး ဆိုင်ကယ်များ ၀င်/ထွက်ခွင့်ပြန်ပေး



၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့မှ စတင်၍ ပိတ်ထားသော လိုင်ဇာ-ဗန်းမော် လမ်းကြောင်းအား KIA အနေဖြင့် သြဂုတ်လ (၂)ရက်နေ့မှစတင်ပြီး ဆိုင်ကယ်နဲ့ သုံးဘီး ဆိုင်ကယ်များအား လိုင်ဇာအတွင်းသို့ဝင်/ထွက် သွားလာ ခွင့်ပေး ထားကြောင်း  ဒသခံသုံးဘီးဆိုင်ကယ်သမား တစ်ဦးထံမှ သိရှိရပါတယ်။
``ကျွန်တော်တို့ဒီဆိုင်ကယ်နဲ့ သုံးဘီး ဆိုင်ကယ်တွေအပေါ်မှာ တရုတ်နိုင်ငံက လုပ်တဲ့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ စက်သုံးဆီတွေကို ဒေါ့ဖုန်ယန်းကို ပို့ပေးရပါတယ်။ ပြီးတော့မှ စုပုံပြီး ဗန်းမော်ဘက်ကို ယာဉ်ငယ် တွေနဲ့ တစ်ဆင့်သယ်ရပါတယ်။

Goodbye မြန်မာပြည်

From - Voice Of  Myanmar ဘလော့

 
 ဟိုး အ ရ င်ခေ တ် ဆက် ဆက် က လည်း အစိုးရ သတင်း စာတွေ က ရေးချင် တာရေးနေ တာကိုပဲ ပြည်သူတွေက ဖတ်ချင်သည် ဖြစ်စေ မဖတ်ချင်သည် ဖြစ်စေ ဖတ်ခဲ့ရတယ် ၊ ခုသမ္မတကြီး ဦးသိန်းစိန် လက်ထက်ရောက်တော့ လည်း မီဒီယာ လွတ်လပ်ခွင့် အထိုက်လျောက် ဆိုသလိုရလာလို့ ပြည်သူတွေ အသိပညာ ဗဟုသုတ တိုးမလားအောင့်မေ့ပါတယ်ဂျာနယ်တွေ  ရးချင်တာ  ရေးချင် သလိုေ ရးေ န တာ ကို ဖတ်နေရတာပါဘဲ၊ အစွန်းတစ်ဘက် ကနေ နောက်ထပ် အစွန်းတစ်ဘက်ကိုရောက်သွားတာကလွဲလို့ ဘာမှထူးမလာပါဘူး ။ 

ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေစိုးမိုးရေး အမြင်

 From - ပြည်သူ့ခေတ်

"ဥပဒေစိုးမိုးရေးဆိုတာ ထိန်းချုပ်ဖို့မဟုတ်ကြောင်း၊ လူ့အဖွဲ့အစည်းကို ကာကွယ်စောင့်ရှောက်ဖို့ အတွက်ဖြစ်ကြောင်း"
                                                                            ဥက္ကဋ္ဌ
                                                                           တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ

အင်ဒို လွှတ်တော်မှ ရိုဟင်ဂျာအရေး လေ့လာရေးအဖွဲ့ စေလွှတ်ရန်စီစဉ်

From -Mizzima
နယူးဒေလီ (မဇ္ဈိမ)။   ။ ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ၏  ပြည်သူ့ လွှတ်တော်မှ ကိုယ်စားလှယ် အဖွဲ့တဖွဲ့အား မြန်မာပြည်ရှိ ရိုဟင်ဂျာ မူဆလင်များအရေး သွားရောက်လေ့ လာရန် ရွေး ချယ်စေလွှတ် မည်ဟု သိရသည်။မြန်မာနိုင်ငံ အတွင်းရှိ မူဆလင် ရိုဟင်ဂျာများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည် ဆိုသည့် စွပ်စွဲချက် များနှင့်ပတ်သက်၍ သွားရောက်လေ့လာရန် အတွက် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ Marzuki Alie က ဆိုသည်။

အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့တွင် ဒေါ်စု ရုပ်တု ထားရှိမည်

From - Mizziama

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တပိုင်းပုံ ပလာစတာ ရုပ်တု တခုကို အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့တွင် ထားရှိမည်ဖြစ်ကြောင်း မြန်မာ့အရေး လှုပ်ရှားနေသည့် ဒေသခံ အဖွဲ့တခုဖြစ်သည့် မဏိပူရပြည်နယ် အခြေစိုက် Solidarity committee for Burma’s Democracy (SCBD) အဖွဲ့က ထုတ်ဖော် ပြောကြား လိုက်သည်။ ရုပ်တု ဖွင့်ပွဲကို  မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး ၈၈၈၈ နှစ်ပတ်လည် သြဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် မိုးရေးမြို့ သတင်းထောက်များအသင်းခန်းမ၌ အခမ်းအနား ကျင်းပကာ ဆွေးနွေးပွဲများလည်း ပြုလုပ်သွားမည်ဟု ဆိုသည်။

သတင်းစာတွင်ပါလာသော စာပေစီစစ် က The Voice နှင့် Envoy တို့အား ခေါ်ယူပြောကြားသည့် သတင်း

 From -ပေါ်ပြူလာ

 The Voice Weekly ဂျာနယ်နှင့် Envoy ဂျာနယ်တို့ ထုတ်ဝေခွင့်ယာယီ ရပ်ဆိုင်းခြင်းနှင့် ပက်သက်၍ ယနေ့ထုတ်   နိုင်ငံပိုင် သတင်းစာများ တွင် ဖော်ပြပါရှိသော သတင်းဖြစ်သည်။ အဆိုပါ ဂျာနယ်နှစ်စောင် အား ထုတ်ဝေခွင့်ယာယီရပ်စဲကြောင်းစာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ဇူလိုင်လ ၃၁ ရက် ကခေါ်ယူအသိပေးခဲ့ခြင်းဖြစ်သည်။

အီဂျစ် သံရုံးရှေ့ ဆန္ဒပြမည်ဟု သတင်းထွက်ပေါ်

နေ့လည် ၁ နာရီခန့်တွင် ရန်ကုန်မြို့ရှိ အီဂျစ် သံရုံးရှေ့တွင် ဆန္ဒပြမည်ဟု  Facebook တွင် ပြောနေကြသည်။

အာဆီယံ ပြုပြင်ပြောင်းလဲမှု မလုပ်ရင် ခေတ်နှင့်လျော်ညီတော့မည် မဟုတ်

From - Mizzima

(သတင်းသုံးသပ်ချက်)
ဗုဒ္ဓဟူးနေ့ဆိုလျှင် အာဆီယံ သက်တမ်း ၄၅ နှစ် ပြည့်တော့မည်။ ယခုလိုအချိန်တွင် အဖွဲ့ကြီးကို တည်ထောင်ခဲ့သူ ထံမှ သတိပေး စကားသည် ပိုလို့ပင် ကျယ်လောင်လာနေသည်။“အာဆီယံအနေနဲ့ တစုတစည်းထဲ မနေရင် အကွဲကွဲ အပြားပြား ဖြစ်ကုန်လိမ့်မယ်” ဟု စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး အက်စ်ရာဂျာရတ်နမ် က ၁၉၆၇ ခုနှစ်က အာဆီယံ အဖွဲ့ကြီးကို တည်ထောင်အပြီး ထိုအချိန်က ဘာကြောင့် တစုတစည်းထဲ နေဘို့ လိုအပ်ကြောင်းကို ပြောရာတွင် ထည့် သွင်းပြောကြား  သွားခဲ့သည်။ ယခုလိုအချိန်တွင် ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ဟောနမ်ဟွန်က ပူးတွဲ ကြေညာချက်သစ် ထုတ်ပြန်နိုင်ရေး အတွက် အခြားနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆက်သွယ် ကြိုးပမ်းနေဆဲပင်ရှိသေးသည်။ 

ဗိုင်းရပ်စ် ( Virus) ကာကွယ်ခြင်း အစီအမံ

From-  မြန်မာကွန်ပျူတာအရေးပေါ်တုံပြန်ရေးအဖွဲ့





ဗိုင်းရပ်စ် ကာကွယ်ခြင်းအစီအမံ ၇ ချက်။

၁။ ဗိုင်းရပ်စ်ကာကွယ်ခြင်း ဆော့ဝဲလ်ကို နောက်ဆုံး (latest version) အသုံးပြုသင့်ပါသည်။
၂။ အီးမေးလ်နှင့် တွဲဆက်နေသော ဖိုင်များကို ဦးစွာ ဗိုင်းရပ်စ် စစ်ဆေးပါ။
၃။ ဒေါင်းလုတ် လုပ်ထားသော ဖိုင်များကို ဦးစွာ ဗိုင်းရပ်စ် စစ်ဆေးသင့်ပါသည်။
၎။ ကွန်ပျူတာညွှန်ကြားချက်စနစ်များသည် လုံခြုံမှုစနစ်ကို အသုံးပြုသင့်ပါသည်။
၅။ Security Patch ကို အသုံးပြုသင့်ပါသည်။
၆။ ဗိုင်းရပ်စ်ကူးစက်ခြင်းလက္ခဏာများကို လျစ်လျူမရှု့ သင့်ပါ။
၇။ အရေးကြီးသော အချက်အလက်များကို မဖြစ်မနေ backup ပြုလုပ်ပါ။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူမည့် တရားဥပဒေ စိုးမိုးရေ ကော်မတီ ဖွဲ့စည်း

From - TheVoiceWeekly 
အဆိုပါ ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်းများ၊ မီဒီယာများကြား တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိမရှိကို ကြပ်မတ် ထိန်းကျောင်း ရမည်ဖြစ်ပြီး ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာက ပြောကြားခဲ့သည်။ ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

နိုင်ငံခြား မီဒီယာတွေမှာ ရိုဟင်ဂျာအရေး လိမ်ညာပြောဆိုနေသောကုလား Waker Uddin


ဖုန်းဆိုး မြွေရိုင်းတွေ ပေါတဲ့ နေပြည်တော်

 From -ဧရာဝတီ

 ဖုန်း ဆိုးမြေရိုင်းတွေပေါ တဲ့ နေပြည်တော်လို့ ပြောရမလားပါပဲ။ မနေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက် ထောက် တယောက်ဖြစ်၊ လွှတ်တော် အမတ်ဒေါ်စုစုလွင် ရဲ့ ခင်ပွန်းဖြစ်တဲ့ ဦးထင်ေ ကျာ်ဟာ ဇနီး သည် ကို လွှတ်တော် တက် ဖို့ လိုက်အပို့မှာ တည်းခိုနေရာ အနီးမှာ ပဲ  မြွေဆိုး ကိုက်လို့ အရေးပေါ်  ဆေးရုံတင် လိုက် ရ ပါတယ်  သေချာတာ ကေ တာ့  နေပြည်တော်မှာ မြွေဆိုးတွေ ပေါ တယ် ဆိုတာနဲ့ အချိန်မရွေး  လွှတ်တော် ကိုယ် စား လှယ်တော်ကြီးတွေ ပိုး ထိမှာ စိုးမိ ပါသေး တယ်။

“အဖြေမရှိတဲ့ ပုစ္ဆာများ”

From -ဧရာဝတီ 

မနေ့က CNN သတင်း ဌာနက ထုတ်လွှင့်တဲ့ Samuel Burke ရဲ့ သတင်း ဆောင်း ပါးလေး မြင်ရ ကြည့်ရတော့ ရင် ထဲ မချိအောင် ခံစား ရ တယ်။ အာ ဖဂ န် ကျေး လက် တခုမှာ အသက် ၁၁ သမီးအရွယ် မိန်းကလေးငယ်နဲ့ အသက် ၄၀ အရွယ် အမျိုးသားတို့ မင်္ဂလာ ပွဲ အကြောင်းပါ။အဲဒီ မိန်းကလေး ငယ်လေးက ဓာတ်ပုံရိုက်တဲ့ သူကို ပြောပြာတာ မှာတော့ သူက ကျောင်းဆရာမဖြစ်ဖို့ ရည်မှန်း ထားတာ ကြောင့် အခု လို စေ့စပ်လိုက် တာကို ၀မ်းနည်း တယ် တဲ့။

ပြည်ထောင်စုဝန်ကြီးတွေ မုံရွာမှာ ရန်ဖြစ်

From -ဧရာဝတီ
 စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင်ပြုလုပ်သည့်လယ်ယာကဏ္ဍနှ င့် သား ငါး ဖွံ့ဖြိုး တိုး တက်ရေး   ဆွေးနွေး ပွဲ သည် ပြည်ထောင် စု ၀န် ကြီးများ တစ် ဦးနှင့် တစ်ဦး အပြန် အလှန် ပုဂ္ဂိုလ်ရေး ပုတ် ခတ်ပြော ဆို ကြပြီး နောက်ပိုင်း ပွဲပျက် သွားခဲ့ကြောင်း ဋ္ဌာန ဆိုင်ရာများနှင့် နီးစပ်သည့် ဒေသခံ တို့က ပြောသည်။သြဂုတ်၅ရက်နေ့ မုံရွာမြို့၊  မြို့တော်ခန်းမ၌ နေ့လည် ၁ နာရီတွင် ပြုလုပ်သည့် ယင်း အ လုပ် ရုံ ဆွေးနွေးပွဲသို့ စစ် ကိုင်းဒေသကြီး ၀န်ကြီးချုပ်၊ စီးပွား/ကူးသန်း ၀န်ကြီး၊ သမ၀ါယမ၀န်ကြီး၊ လုပ်ငန်းရှင်များ၊ လယ်သမား ကိုယ် စား လှယ် များ တက်ရောက် ခဲ့ကြောင်း ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၃ တွင် ရေး ထား သည်။

အီဂျစ်အစိုးရ က တာဝန်ခံရမည်

From -Kyaw Swa Htoon Facebook


 ဗီယင်နာ သဘော တူ ညီ မှု အရ လက် မှတ် ထိုး ထားသော   နို င် ငံ တိုင်းသည် ထိုတိုင်းပြည် အတွင်းရှိ သံရုံးအတွင်းသို့ ဝင်ရောက် ခွင့်မရှိ။ ထို့ပြင် မည်သည့် အခြေအနေတွင် မဆို ဖျက်ဆီးခြင်း၊ တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရမည်။ (အပိုဒ်၃၁)  Article 31. The host nation may not enter the consular premises, and must protect the premises from intrusion or damage.(Vienna Convention on Consular Relations) 
"တိုင်းပြည် တစ်ပြည်သည် သူ့နိုင်ငံ အခြေစိုက် သံရုံးကို ကာကွယ်ပေးရန် တာဝန်ရှိသည်။ ယနေ့တွင် အီဂျစ်ရှိမြန်မာသံရုံး အလံအား ဖြုတ်ချကာ

ALP ကို နယ်ခြားစောင့်တပ်ဖွဲ့ကာ အင်အားထပ်တိုးစေချင်ဟု ဦးအောင်မင်းပြော

 From - Yagon Press International

သြဂုတ် ၇၊ ၂၀၁၂၊ YPI

ALP ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် (ဓါတ်ပုံ-ဒီဗွီဘီ)
ရခိုင် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP Arakan Liberation Party) ကိုနယ်ခြားစောင့်တပ်ဖွဲ့ကာ ယခုလက်ရှိ အင်အား ထက် အဆ ၂၀ ၀န်းကျင် တိုးစေချင် သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း အဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက ပြောကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော် က ပြော သည်။ပြီး ခဲ့ သည့် လ ကုန် ပိုင်းက ၎င်း တို့ ပါ တီနှင့်တွေ့ ဆုံစဉ် ပြည်ထောင်စု ၀န်ကြီးက အထက်ပါ အတိုင်းပြောခဲ့ သည်ဟု ၎င်းက ပြောသည်။'' ၀န်ကြီး ကတော့ ဖွဲ့စေချင် တယ်ပြောတယ်။ ဒါပေမယ့် (ALP) ရဲ့အင်အားက နည်းနေတော့ ထပ်တိုး စေချင်တယ် လို့လည်း ပြောတယ်" ဟု ဦးမျိုးကျော်က ဆို သည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကော်မတီဥက္ကဌဖြစ်လာမည်

ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သော ကော်မတီ တရပ်ကို ဖွဲ့စည်းရန် အစီစဉ်ရှိကြော သိရသည်။ ယင်းကော်မတီတွင် ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်မှ ဥက္ကဌ အဖြစ် တာဝန် ယူရမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

အမေဖြစ်ချင်တာ အကုန်လုံး ဖြစ်အောင် လုပ်ပေးတယ်

 From -  မြန်မာဝမ်း
 
အ မေ ဖြစ် ချင် တာ အ ကုန် လုံး ဖြစ် အောင် လုပ် ပေး တယ်  ကိုယ့် ရဲ့ အနု ပညာတွေ   အောင် မြင် ဖို့ အတွက် တ ချို့ အ ရာ တွေကို စွန့် လွှတ် ပြီး ကြိုး စား ရ ပါ တယ်။ အေ သင်ချို ဆွေ က လည်း ပ ထ မ ဆုံး တစ် ကိုယ်ေ တာ်   တေး စီး ရီး ပေါက် တဲ့ အိုး အောင် မြင် ဖို့ အ တွက် ပ ညာ ရေးကို စ တေး ခဲ့ ရ ပါ တယ်။  ကိုယ် ၀ါ သ နာ ပါတဲ့ ဂီ တ ဘက် ကို လည်း အာ ရုံ စိုက် ပြီး လှုပ် ရှား ခဲ့ တာ ကြောင့် ဂီတ ဘက်မှာ နေရာ ရခဲ့တဲ့ အေသင်က အခု ဆိုရင် သရုပ်ဆောင် ဘက်မှာပါ နာမည်  ရရှိ နေပါပြီ။ အေသင်ချိုဆွေက ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ပေါက်တဲ့အိုး ထွက် အပြီး မှာ ဒုတိယ တစ် ကိုယ်တော် တေးစီးရီး မထွက် သေးဘဲ အမှတ်တရ တေးစီးရီး အဖြစ် အနီးဆုံးလူ နမ်းမှာလား တေးစီးရီးကို တိပ်၊ စီဒီ အနေနဲ့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၄ ရက်လွတ်လပ်ရေးနေ့ မှာ ဖြန့်ချိ ခဲ့တာပါ။   ဂီတ၊ ရုပ်ရှင် အလုပ် တွေနဲ့ မအား လပ်တဲ့ အေသင်ချိုဆွေက နှစ်သစ် ကိုလည်း ရန်ကုန်မှာ မိဘတွေနဲ့ အတူ မကြို လိုက်ရဘဲ နယ်က ပရိသတ်၊ ဂီတ မောင်နှမ တွေနဲ့သာ ကြိုလိုက် ရတယ်လို့ ဆိုပါတယ်။

Gmail Login Page အတုနှင့် အစစ် နှိုင်းယှဉ်ပြထားသည့်ပုံ

User တွေအနေနဲ့ မိမိတို့ ကြည့်ရှု့နေတဲ့  Address ကို သေချာကြည့်ဖို့လိုပါတယ်။ URL ခေါ် Address ကတော့ ဘယ်သူမှ အတုလုပ်လို့မရပါ

Facebook အတု သတိပြု


 Facebook၊ Gmail ၊Yahoo login Page အတုတွေ ဖန်တီးပြီး  user တွေ ရဲ့ Password ကို ရယူတဲ့နည်းကို Phishing နည်းလို့  ခေါ်ပါတယ်။ အင်တာနက် User တွေ အနေနဲ့ မိမိ ကြည့်လိုတဲ့ website address ကို သေသေ ချာချာ ကြည့်ဖို့ လိုပါတယ်။
 
 From - ကိုလင်း သလ္လာဝတီ

 တစ်လောက Facebook အတုပေါ်ပြီး နောက် ထပ် Facebook အတု ထပ်ပေါ်လာပါပြီ။ ယခင် တစ်ခေါက်က ပေါ်ပေါက်တဲ့ Facebook အတု ထက်ပို ပိုသားနား သွားပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် အတုလို့တောင် ထင်ရက်စရာ မရှိအောင်   ပြင်ဆင် ထားတာ တွေ့ရမှာ ဖြစ်ပါ တယ်။ယခု တ စ်ခါတော့ အတုလို့ မထင်ရအောင် Logo, icon, စာသားတွေက အစ တူအောင် လုပ်ထားပါတယ်။ အဓိက ပိုသွားတာကတော့ ( � ) ဒီ သင်္ကေတ လေးဖြစ်ပါတယ်။ Facebook မှာ အဲဒီလို သင်္ကေတ မပါပါဘူး။ � အများအပြား  ပါဝင်နေတဲ့  အတွက် အတုမှန်း အလွယ် တကူ  ခွဲခြားနိုင်ပါတယ်။

မဟာဗျူဟာမြောက်အရေးပါသော မြန်မာအပေါ် ရိုဟင်ဂျာကို ခုတုံးလုပ်လေသလား


From -မောင်ကိုသက် facebook
   
အမေရိကန် သမ္မတ အိုဘားမား၏ ပေါ်လစီအသစ်သည် အာရှပစိဖိတ် စိုးမိုးရေးဖြစ် သည်။ အာရှပစီဖိတ် စိုးမိုးရေး အတွက် အမေရိကန် အနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်နိုင်ရန်လိုလာသည်။ သို့အတွက် မဟာမိတ်နိုင်စာချုပ်နိုင်ငံများ ကို ပြုလုပ်ခဲ့သည်။ သို့သော်ငြားလည်း စစ်အေးခေတ် ကာလအတွင်းနှင့် စစ်အေးခေတ် လွန်ဆယ်စုနှစ် အတွင်းတွင်အမေရိကန်သည် အာရှ-ပစိဖိတ်ဆိုင်ရာ မဟာဗျူဟာကို အကောင်အထည် မဖော်နိုင်ခဲ့။ သူ့အတွက် မမျှော်လင့်ဘဲ လက်သီးချက်ပြင်းပြင်း မိသွားခဲ့သည်။ ထိုလက်သီးချက်မှာ 9/11 အရေးအခင်းဖြစ်လေသည်။ ထို့ကြောင့် War on Terror ဟုကြေငြာကာ အရှေ့အလယ်ပိုင်းနှင့် အာဖဂန်သို့ အာရုံလှည့်သွားခဲ့သည်။ ထိုဆယ်စုနှစ် နှစ်စုနီးပါး အတွင်းတွင် တိန့်ရှောင်ပင်၏ ပေါ်လစီနှင့်အတူ နိုးထလာခဲ့သော တရုတ် နဂါးကြီးက တဖြည်းဖြည်း ကြီးထွားလာခဲ့ပေသည်။

"၈.၈.၈၈"အရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ် ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်