Monday, September 8, 2014

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး KNU ပူးပေါင်းလုပ်ကိုင်မည်

Photo: ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး KNU ပူးပေါင်းလုပ်ကိုင်မည်
Monday, September 8, 2014

ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အစိုးရအဖွဲ့ အစည်းတွေနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ ပူးပေါင်းလုပ်ကိုင်သွားဖို့ စီစဉ်နေ ကြပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ကရင်ပြည်နယ်မှာ ခရီးသွားလုပ်ငန်းတွေဆောင်ရွက်သွားဖို့ ဆွေးနွေးကြတာဖြစ်တယ်လို့ ဒီနေ့ ဆွေးနွေးပွဲမှာပါဝင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က ပြောပါတယ်။

"အဓိကဦးတည်ချက်ကတော့ အစိုးရအနေနဲ့ လုပ်ပေးနိုင်တဲ့ဟာတွေ၊ ခွင့်ပြုနိုင်တဲ့ ဟာတွေ နောက်တစ်ခါ အပစ်အခက်ရပ်စဲရေး ချုပ်ဆိုထားတဲ့အဖွဲ့တွေက နောက်ပိုင်းမှာ စီးပွားရေးဆောင်ရွက်တဲ့အခါမှာ၊ ဖွံ့ဖြိုးရေးဆောင်ရွက်တဲ့အခါမှာ လုပ်သင့်လုပ်ထိုက်တဲ့ ဟာတွေကို အဓိက မျှဝေတာဖြစ်ပါတယ်ခင်ဗျ၊ ဒီလိုလာပြီးတော့ ဒီစီးပွားရေးကုမ္မဏီတွေ ကနေပြီးတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအတွက် လုပ်ကြသေးတဲ့အဆင့်အထိ မရောက် ကြသေးပါဘူး၊ ဒီနေရာတွေမှာ ပြည်တွင်းစစ်ရဲ့အနေအထား၊ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းခွင့်ဟာ ဘယ်လောက်ရှိနိုင်လဲ၊ ဘယ်လိုရှိနေလဲဆိုတာ နိုင်ငံတကာမှာလာကြတဲ့ ရင်းနှီးမြှပ်နှံမယ့်လူတွေ၊ နောက်ထပ် နိုင်ငံတကာကနေ ကူညီကြတဲ့ NGO အဖွဲ့အစည်းတွေ အတွက်လည်း သိသင့်သိထိုက်တဲ့အတွက် မြန်မာငြိမ်းချမ်းရေးစင်တာကတော့ ဒီငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေကို ရှင်းပြပြီးဖြစ်ပါတယ်"

ကရင်ပြည်နယ်က ဘားအံ ၊ သံတောင်ကြီးမြို့နဲ့ ဇွဲကပင်တောင်တွေဟာ ခရီးသွားဧည့် သည်တွေ စိတ်ဝင်စားမှုရှိတဲ့နေရာတွေဖြစ်ပါတယ်။

ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်နိုင်ဖို့အတွက် ပြည်နယ်အတွင်း ဆွဲဆောင်မှု ရှိမယ့် နေရာဒေသတွေကို အများသိအောင် ဖေါ်ထုတ်သင့်တယ်လို့ ဆွေးနွေးခဲ့ကြတယ် လို့လည်း သိရပါတယ်။

RFA
ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အစိုးရအဖွဲ့ အစည်းတွေနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ ပူးပေါင်းလုပ်ကိုင်သွားဖို့ စီစဉ်နေ ကြပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ကရင်ပြည်နယ်မှာ ခရီးသွား လုပ်ငန်းတွေဆောင်ရွက်သွားဖို့ ဆွေးနွေးကြတာဖြစ်တယ်လို့ ဒီနေ့ ဆွေးနွေးပွဲမှာပါဝင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖက်ဒရယ်ကို ဘယ်လိုကျင့်သုံးကြမလဲ......

မြန်မာနိုင်ငံမှာလည်း ဖက်ဒရာယ်ဆိုတဲ့ အကြောင်းကို ပြောရုံနဲ့တင် မင်းပြစ်မင်းဒဏ်သင့် ခဲ့တဲ့ အနေထားကနေ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နေခဲ့တဲ့ အခုလို အချိန်ခါမှာတော့ အတန်သင့်ပြောခွင့် တောင်းဆိုခွင့်တွေ ရလာခဲ့ပါပြီ။ အခုနောက်ဆုံး ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ ဖက်ဒရာယ်ပြည်ထောင်စုအရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးဆွေးနွေးပွဲတွေက ထွက်ပေါ်လာတဲ့ ရလာဒ်ပေါ်မူတည်ပြီး အကောင်ထည်ဖော်ဖို့ နှစ်ဘက်သဘောတူထားခဲ့ပါတယ်။ ဘယ်လိုပုံစံနဲ့ အကောင်ထည်ဖော်မယ်ဆိုတာ မသိရသေးပေမဲ့ အပြုသဘောင်ဆောင်လာတာကတော့ သေချာပါတယ်။

ဗီဇာအတုဖြင့် မလေးရှားသို့ ခေါ်ဆောင်သူသုံးဦးကို ယနေ့အမိန့်ချမှတ်ဖွယ်ရှိ

မလေးရှားနိုင်ငံသိုီ့ဇာအတုများဖြင့်လာရောက်မှု ကြောင့် ထောင်ကျနေသောမြန် မာနိုင်ငံသား ၅၂ဦးကိုခေါ်ဆောင် လာသူသုံးဦးအား မလေးရှားနိုင်ငံ ဆီဗန်းတရားရုံးက ယနေ့ရုံးထုတ် စစ်ဆေးပြီးအပြီးသတ်အမိန့်ချ ဖွယ်ရှိကြောင်းသတင်းရရှိသည်။

ဇူလိုင် ၈ရက်က မလေးရှား နိုင်ငံသို့ မြန်မာ ၇၂ဦးကို ဗီဇာအ တုဖြင့် ခေါ်ဆောင်သွားမှုကြောင့် မလေးရှားနိုင်ငံရဲတပ်ဖွဲ့ကဗီဇာ အတုများဖြင့်လာရောက်သည့် မြန်မာ ၇၂ဦးနှင့်ခေါ်ဆောင်လာသူ မြန်မာသုံးဦးကို လူကုန်ကူးမှုဖြင့် ဖမ်းဆီးခဲ့သည်။

သမီးရည်းစားစကားများရာမှ ကောင်မလေးကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့

သမီးရည်းစား စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်ခဲ့ သည့် ဖြစ်စဉ်တစ်ခု လှိုင်မြို့နယ်ရှိ နိုင်ငံ ခြားဘဏ်တစ်ခုတွင် စက်တင်ဘာ ၅ ရက် က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ နံနက် ၈ နာရီခွဲခန့် က လှိုင်မြို့နယ် (၁၆)ရပ်ကွက် အင်းစိန် လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော ချေး ငွေထုတ်ချေး သည့် နိုင်ငံခြားဘဏ်တစ်ခု ၏ ရေချိုးခန်းတွင် လူသတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဘဏ်တွင် လုပ်ကိုင်နေ သော မင်္ဂလာဒုံမြို့နယ်နေ မသဲသက်စု ထွေး (၂၃)နှစ်အား ယင်းကုမ္ပဏီဝန်ထမ်း ဟောင်းဖြစ်သူ စမ်းချောင်းမြို့နယ်နေ ဖြိုးသီဟ (၂၃)နှစ်က အရိုးအသွား ၁၁ လက်မခန့်ရှိ ကြက်သွန်လှီးဓားဖြင့် ထိုး သတ်ခဲ့ခြင်းဖြစ်သည်ဟု (၁၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက ပြောသည်။

ငြိမ်းချမ်းရေးဖလားရ လက်ရွေးစင်ဘောလုံးအသင်းအား ကြိုဆိုပြီး ဂုဏ်ပြုငွေချီးမြှင့်

ရန်ကုန်- ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား(PFF Peace Cup 2014)ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းသည် စက်တင်ဘာ ၈ရက်၊ နံနက် ၉နာရီခွဲ ၀န်းကျင်က ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိ လာရာ ပြည်သူများက ကြိုဆိုခဲ့ကြသည်။
အောင်ပွဲရ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအား လေဆိပ်မှတစ်ဆင့်ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားပြုလုပ်မည့်
သုဝဏ္ဏကွင်းသို့သွားရာလမ်းတစ်လျှောက်တွင်ပြည်သူများ က ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

သမီးရည်းစားစကားများရာမှ ကောင်မလေးကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့

သမီးရည်းစား စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်ခဲ့ သည့် ဖြစ်စဉ်တစ်ခု လှိုင်မြို့နယ်ရှိ နိုင်ငံ ခြားဘဏ်တစ်ခုတွင် စက်တင်ဘာ ၅ ရက် က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ နံနက် ၈ နာရီခွဲခန့် က လှိုင်မြို့နယ် (၁၆)ရပ်ကွက် အင်းစိန် လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော ချေး ငွေထုတ်ချေး သည့် နိုင်ငံခြားဘဏ်တစ်ခု ၏ ရေချိုးခန်းတွင် လူသတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဗီဇာအတုဖြင့် မလေးရှားသို့ ခေါ်ဆောင်သူသုံးဦးကို ယနေ့အမိန့်ချမှတ်ဖွယ်ရှိ

မလေးရှားနိုင်ငံသိုီ့ဇာအတုများဖြင့်လာရောက်မှု ကြောင့် ထောင်ကျနေသောမြန် မာနိုင်ငံသား ၅၂ဦးကိုခေါ်ဆောင် လာသူသုံးဦးအား မလေးရှားနိုင်ငံ ဆီဗန်းတရားရုံးက ယနေ့ရုံးထုတ် စစ်ဆေးပြီး အပြီးသတ်အမိန့်ချ ဖွယ်ရှိကြောင်းသတင်းရရှိသည်။

ဇူလိုင် ၈ရက်က မလေးရှား နိုင်ငံသို့ မြန်မာ ၇၂ဦးကို ဗီဇာအ တုဖြင့် ခေါ်ဆောင်သွားမှုကြောင့် မလေးရှားနိုင်ငံရဲတပ်ဖွဲ့ကဗီဇာ အတုများဖြင့်လာရောက်သည့် မြန်မာ ၇၂ဦးနှင့်ခေါ်ဆောင်လာသူ မြန်မာ သုံးဦးကို လူကုန်ကူးမှုဖြင့် ဖမ်းဆီးခဲ့သည်။

အယ်လ်ကိုင်ဒါ အဖွဲ့ခွဲ ထူထောင်မည့် သတင်းကြောင့် အိန္ဒိယတွင် လုံခြုံရေးအဆင့် မြှင့်တင်ထား

Photo: အယ်လ်ကိုင်ဒါ အဖွဲ့ခွဲ ထူထောင်မည့် သတင်းကြောင့် အိန္ဒိယတွင် လုံခြုံရေးအဆင့် မြှင့်တင်ထား
Monday, September 8, 2014

အိန္ဒိယတွင် မိမိတို့၏ အဖွဲ့ခွဲ တည်ထောင်မည်ဟု အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့က ကြေညာခဲ့ပြီးနောက် နိုင်ငံတွင်း လုံခြုံရေး အဆင့်ကို တိုးမြှင့် စောင့်ကြည့်နေကြောင်း သိရှိရသည်။

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့တွင် လှုပ်ရှားနေသည့် ကမ္ဘာကျော် အကြမ်းဖက် အဖွဲ့အစည်းသည် အာရှတောင်ပိုင်းတွင် ၎င်းတို့၏ ကွန်ရက်ကို ချဲ့ထွင်သွားမည်ဟု အဖွဲ့ခေါင်းဆောင် အေမန်အယ်လ် ဇာဝါဟီရီက ပြောကြားထားသည့် ဗီဒီယိုဖိုင်တစ်ခု အင်တာနက်တွင် ပျံ့နှံ့လာသည်။ အဆိုပါ (၅၅)မိနစ်ကြာ ဗီဒီယိုတွင် ဇာဝါဟာရီက အယ်လ်ကိုင်ဒါ အဖွဲ့သည် အာဖဂန်မှ တာလီဘန် ခေါင်းဆောင် မူလာအိုမာအပေါ် ဆက်လက်၍ သစ္စာစောင့်သိမည်ဟုလည်း ပြောကြားထားသည်။

အယ်လ်ကိုင်ဒါတို့သည် အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် လှုပ်ရှားမှုများတွင် အစ္စလာမ်မစ် နိုင်ငံတော် (IS)အဖွဲ့၏ အားပြိုင်ခြင်းကို ကြုံနေရကြောင်း လေ့လာသူများက ဆိုသည်။ ဆီးရီးယားနှင့် အီရတ်တွင် လှုပ်ရှားနေသည့် IS အဖွဲ့သည် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကြောင့် လက်ရှိ ကမ္ဘာ့မီဒီယာများ၏ အလေးထား ဖော်ပြမှုကို ခံနေရပြီး အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို ပိုမိုသိမ်းသွင်း စည်းရုံးလာနိုင်ခဲ့သည်။

အယ်လ်ကိုင်ဒါတို့က အိန္ဒိယတွင် ဖြန့်ကျက် လှုပ်ရှားမည်ဟု ကြေညာချက် ထွက်ပေါ်လာပြီးနောက် အိန္ဒိယ ထောက်လှမ်းရေးနှင့် လုံခြုံရေး အေဂျင်စီများက ဇာဝါဟီရီ၏ ဗီဒီယို ထွက်ပေါ်လာပြီးနောက် နိုင်ငံအတွင်း ဒေသအချို့တွင် လုံခြုံရေး စောင့်ကြည့်အဆင့်ကို မြှင့်တင်ထားလိုက်သည်။

အမေရိကန် အထူးတပ်ဖွဲ့များက အိုစမာဘင်လာဒင်ကို လုပ်ကြံသတ်ဖြတ်လိုက်ပြီးကတည်းက အယ်လ်ကိုင်ဒါတို့သည် ကမ္ဘာပေါ်တွင် အစ္စလာမ်မစ် အစွန်းရောက် လှုပ်ရှားမှုများတွင် ခေါင်းဆောင်နေရာကို ဆက်လက် ထိန်းသိမ်းရန် ရုန်းကန်နေရသည်။ လတ်တလောတွင် ဇာဝါဟီရီနှင့် အခြားသော အယ်လ်ကိုင်ဒါ ခေါင်းဆောင် အများစုသည် အမေရိကန်၏ မောင်းသူမဲ့ လေယာဉ်များ ပစ်ခတ်နေသည့် ဒုံးကျည်များကို ပါကစ္စတန်နှင့် အာဖဂန် နိုင်ငံရှိ တောင်တန်းဒေသများတွင် လှည့်လည်ပုန်းအောင်းရင်း ရှောင်ရှားနေရသည်။

Planet
အိန္ဒိယတွင် မိမိတို့၏ အဖွဲ့ခွဲ တည်ထောင်မည်ဟု အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့က ကြေညာ ခဲ့ပြီးနောက် နိုင်ငံတွင်း လုံခြုံရေး အဆင့်ကို တိုးမြှင့် စောင့်ကြည့်နေကြောင်း သိရှိရသည်။
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့တွင် လှုပ်ရှားနေသည့် ကမ္ဘာကျော် အကြမ်းဖက် အဖွဲ့အစည်းသည် အာရှတောင်ပိုင်းတွင် ၎င်းတို့၏ ကွန်ရက်ကို ချဲ့ထွင်သွားမည်ဟု အဖွဲ့ခေါင်းဆောင် အေမန်အယ်လ် ဇာဝါဟီရီက ပြောကြားထားသည့် ဗီဒီယိုဖိုင်တစ်ခု အင်တာနက်တွင် ပျံ့နှံ့လာသည်။ အဆိုပါ (၅၅)မိနစ်ကြာ

"ယူ-၁၉ ပြိုင်ပွဲ MRTV မှာ ကြည့်ရတော့မှာလား.."

Photo: "ယူ-၁၉ ပြိုင်ပွဲ MRTV မှာ ကြည့်ရတော့မှာလား.."

ပြည်သူတွေရဲ့ တောင်းဆိုချက်အရ မြန်မာယူ-၁၉ ဘောလုံးအသင်းရဲ့ ပွဲစဉ်တွေကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်နေတဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ-၁၉ အသင်းဟာ သူတို့ရဲ့ အဖွင့်ပွဲစဉ်မှာ ထိုင်း ယူ-၁၉ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပြည်သူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာခဲ့တာပါ။

မြန်မာ ယူ-၁၉ အသင်းအနေနဲ့ လာမယ့် စက်တင်ဘာ ၉ ရက် (မနက်ဖြန်)မှာ အင်ဒိုနီးရှားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အလားအလာအကောင်းဆုံး အနေအထားကို ရောက်ရှိနေတာပါ။
ဦးရဲထွဋ်ကတော့ သူ့ရဲ့ facebook စာမျက်နှာမှာ ယူ-၁၉ အသင်းရဲ့ ပြိုင်ပွဲကိုသာ မကပဲ မြန်မာ ယူ-၂၃ အသင်းနဲ့ ဂျပန်အပျော်တမ်းလိဂ်ညွှန်ပေါင်း အသင်းတို့ရဲ့ ခြေစမ်း ပွဲကိုလည်း ထုတ်လွှင့်ပေးသွားဖို့ ကြိုးစားနေတယ်လို့ အခုလို ရေးသားဖော်ပြခဲ့ပါတယ်...။

 "ပြည်သူများရဲ့ ဆန္ဒအရ မြန်မာ ယူ ၁၉ အသင်းပွဲစဉ်များကို စက်တင်ဘာ ၉ ရက်နေ့ က စတင်ပြီး တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်အောင်စီစဉ်ဆောင်ရွက်နေပါတယ်။

ဒါ့အပြင် ရန်ကုန်မှာ ကျင်းပမယ့် မြန်မာ ယူ ၂၃ အသင်းနဲ့ ဂျပန်အသင်း ခြေစမ်းပွဲကို လည်း တိုက်ရိုက်ထုတ်လွှင့်နိုင်အောင်ဆောင်ရွက်နေပါတယ်။

ထုတ်လွှင့် မယ့် အစီအစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ပြည်သူများကို အသိပေးတင်ပြမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်"
လို့ ရေးသားဖော်ပြခဲ့တာပါ။

မြန်မာပြည်သူတွေရဲ့ စိတ်ဝင်စားမှုဟာ လက်ရှိအချိန်မှာ နိုင်ပွဲဆက်နေတဲ့ မြန်မာဘောလုံးအသင်းတွေရဲ့  ပြိုင်ပွဲတွေဆီကို ရောက်ရှိနေပြီး "မြန်မာနိုင်ပြီ" ဆိုတဲ့သီချင်းကိုလည်း နှစ်ပေါင်းများစွာ မကြားရ ဖြစ်နေရာကနေ ပြန်လည် နားဆင်နေရပြီဖြစ်ပါတယ်။
ပြည်သူတွေရဲ့ တောင်းဆိုချက်အရ မြန်မာယူ-၁၉ ဘောလုံးအသင်းရဲ့ ပွဲစဉ်တွေကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်နေတဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ-၁၉ အသင်းဟာ သူတို့ရဲ့ အဖွင့်ပွဲစဉ်မှာ ထိုင်း ယူ-၁၉ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပြည်သူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာခဲ့တာပါ။

အမြောက်များဖြင့် ထပ်မံပစ်ခတ်မှုကြောင့် ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားကိန်းဆိုက်

Photo: အမြောက်များဖြင့် ထပ်မံပစ်ခတ်မှုကြောင့် ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားကိန်းဆိုက်

ဒွန်နီဆတ်၊ စက်တင်ဘာ ၇

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှ မဟာဗျူဟာအရ အရေးပါသော မာရီပိုးဆိပ်ကမ်းနှင့် ဒွန်နီဆတ်မြို့တို့တွင် လက်နက်ကြီးများ၊ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ တနင်္ဂနွေနေ့က ပြန်လည်ဖြစ်ပေါ်ခဲ့ရာ အဆိုပါ ဖြစ်ရပ်ကြောင့် ယူကရိန်းတပ်ဖွဲ့နှင့် ရုရှားလိုလားသော ခွဲထွက်ရေး သူပုန်များအကြား ခဲရာခဲဆစ် ဖော်ဆောင်ထားရသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ များစွာ ခြိမ်းခြောက်ခံနေရကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ နှစ်ဦး အပစ်အခတ် ရပ်စဲရေးအတွက် တယ်လီဖုန်းဖြင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယင်းသို့ အမြောက်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ 

ယခု ထပ်မံဖြစ်ပေါ်သော ပစ်ခတ်မှုများနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုအဖြစ် နှစ်ဖက်စလုံးက အပြန်အလှန် ပြစ်တင်ဝေဖန်လျက် ရှိကြောင်း၊ သို့သော် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိ၊ မရှိဟူသော အချက်ကို မသိရသေးကြောင်း သတင်းဌာနများက ဖော်ပြသည်။ 

သို့သော် BBC သတင်းဌာန ရေးသားဖော်ပြချက်အရ ရုရှားလိုလားသော ခွဲထွက်ရေး ဝါဒီများက မာရီပိုးအနီးရှိ ယူကရိန်းအစိုးရ အတွက် အရေးကြီးသည့် စစ်ဆေးရေးစခန်းကို အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

Reuters သတင်းဌာန၏ ရေးသားဖော်ပြချက်အရ အမြောက် သို့မဟုတ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမှာ ဒိုနက်စ်လေဆိပ်အနီးတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ယင်းလေဆိပ်ကို ယူကရိန်းအစိုးရက ထိန်းချုပ်ထားကြောင်း၊ သို့သော် ဒိုနက်စ်မြို့သည် ခွဲထွက်ရေးသူပုန်တို့၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိကြောင်း သိရသည်။ 

ခွဲထွက်ရေးသူပုန်တို့က အဆိုပါ လေဆိပ်တွင် မည်သူတစ်ဦး တစ်ယောက်မျှ မရှိဘဲ တိုက်ခိုက်မှုများသည် လေဆိပ်အနီးရှိ စစ်အခြေစိုက်စခန်းကို ဦးတည်ခြင်း ဖြစ်သည်ဟု ပြောကြားသည်။ 

“အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ အသံကို နားထောင်ကြည့်ကြပါဦးဗျာ။ ဒီမှာတော့ တကယ့်တိုက်ပွဲတွေ အမှန်အကန် ဖြစ်နေတာလေ” ဟု လက်နက်ကိုင် သူပုန်တစ်ဦးက လှောင်ပြောင် ပြောဆိုသည်။ 

ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားစဉ် ပစ်ခတ်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့မှုနှင့် ပတ်သက်၍ ယူကရိန်းစစ်ဘက်မှ တာဝန်ရှိသူတစ်ဦးက “ရုရှားတွေဟာ အကြမ်းဖက်သမားတွေပါ။ သူတို့က ကျုပ်တို့ကို ကြောက်လန့်အောင် လုပ်နေတာ။ သူတို့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် လေးစားမှု မရှိပါဘူး။ တစ်ချိန်လုံး လိမ်ညာနေကြတာ” ဟု ပြောကြားသည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှ မဟာဗျူဟာအရ အရေးပါသော မာရီပိုးဆိပ်ကမ်းနှင့် ဒွန်နီဆတ်မြို့တို့တွင် လက်နက်ကြီးများ၊ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ တနင်္ဂနွေနေ့က ပြန်လည်ဖြစ်ပေါ်ခဲ့ရာ အဆိုပါ ဖြစ်ရပ်ကြောင့် ယူကရိန်းတပ်ဖွဲ့နှင့် ရုရှားလိုလားသော ခွဲထွက်ရေး သူပုန်များအကြား ခဲရာခဲဆစ် ဖော်ဆောင်ထားရသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ များစွာ ခြိမ်းခြောက်ခံနေရကြောင်း Reuters သတင်း ဌာနက ရေးသားဖော်ပြသည်။ 

ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ နှစ်ဦး အပစ်အခတ် ရပ်စဲရေးအတွက် တယ်လီဖုန်းဖြင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယင်းသို့ အမြောက်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ 

တရုတ်-မြန်မာ ရေနံပိုက်လိုင်း တည်ဆောက်ရေးစခန်း မီးရှို့မှု လုပ်သား ၁၇ ဦးကို နှစ်ရှည် ထောင်ဒဏ်များချ

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် အမ်းမြို့နယ်ရှိ တရုတ်-မြန်မာ ရေနံပိုက်လိုင်း တည်ဆောက်ရေးစခန်း မီးရှို့ခံရမှုနှင့် မြန်မာနိုင်ငံသား အလုပ်သမားသုံးဦးကို ထောင် ၁၀ နှစ်၊ ၁၄ ဦးကို ခြောက်နှစ်စီ ချမှတ်လိုက်ကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

အဆိုပါ မီးရှို့မှု ဖြစ်ပွားပြီး ရှစ်လခန့်အကြာ စက်တင်ဘာလ ၅ ရက်နေ့တွင် အမ်းမြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အလုပ်သမားများကို မီးရှို့မှု၊ ပိုင်နက်ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှု စသည့် ပုဒ်မများဖြင့် ပြစ်ဒဏ်ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ကျ ရဲအရာရှိက ပြောဆိုသည်။

ဆယ်စုနှစ်တစ်စုနီးပါးခန့် ဆုဖလားနှင့်ဝေးကွာနေသည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို MFF ကြိုဆိုဂုဏ်ပြုမည်

ဆယ်စု နှစ်တစ်စုနီးပါးခန့်ဆု ဖလားနှင့်ဝေး ကွာနေခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း ဖိလစ် ပိုင်ငြိမ်းချမ်းရေးဖိတ်ခေါ်ဖလားပြိုင် ပွဲတွင်ဗိုလ်စွဲပြီးနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အောင်ပွဲရအား ကစားသမားများကို ဂုဏ်ပြုကြိုဆို မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သည် ပြီးခဲ့သည့် ဘရူနိုင်းဖိတ်ခေါ် ဖလားပြိုင်ပွဲတွင် ဗီယက်နမ်အသင်း ကို ဗိုလ်လုပွဲတွင် ၄-၃ဂိုးဖြင့်အနိုင် ရရှိအောင် စွမ်းဆောင်ပေးနိုင်သည့် မြန်မာယူ-၁၉အသင်းကို ဘရူနိုင်း နိုင်ငံမှ ပြန်လည်ရောက်ရှိလာချိန် တွင် ရန်ကုန်လေဆိပ်မှစတင်ကာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့သည်။

IS စစ်သွေးကြွများကို ချေမှုန်းရန် အာရပ်နိုင်ငံများအဖွဲ့ချုပ် သဘောတူ

Photo: IS စစ်သွေးကြွများကို ချေမှုန်းရန် အာရပ်နိုင်ငံများအဖွဲ့ချုပ် သဘောတူ
Monday, September 8, 2014

အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့နှင့် ပတ်သက်၍ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ၊ နိုင်ငံ တကာနှင့် ပူးပေါင်းရန် ပြင်ဆင်ထားများအတွက် အာရပ်နိုင် ငံများအဖွဲ့ချုပ်က သဘော တူညီ ကြောင်း စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို၌ ပြုလုပ်သည့် အာရပ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အဖွဲ့ ခေါင်းဆောင် နာဘီအရာဘီက ဂျစ်ဟတ်စစ်ပွဲ ဆင်နွှဲနေသူ များနှင့် နိုင်ငံရေးအရရော စစ်ဆေးအရပါ တွေ့ဆုံဖြေရှင်းရန် တောင်းဆိုလိုက်ပြီး အခြားစစ်သွေးကြွများကလည်း အာရပ်နိုင်ငံများအပေါ် ခြိမ်း ခြောက်မှုများ လုပ်ဆောင်နေကြောင်း ပြောကြားသည်။

အီရတ်နှင့် ဆီးရီးယားနိုင်ငံများရှိ နယ်မြေအချို့ကို သိမ်းပိုက်ထားသည့် IS တပ်ဖွဲ့များအား အမေရိကန် က လေကြောင်းမှ တိုက်ခိုက်မှုများကို လည်း ထောက် ခံကြောင်း အရာဘီက ပြောကြားသည်။

ဂျီဟတ်အုပ်စုများကို နှိမ်နှင်းရန် နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရေးအတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ အစီအစဉ်ကိုလည်း အီရတ်အစိုးရက ကြိုဆိုကြောင်း ကြေညာထားသည်။

အီရတ်နိုင်ငံရှိ အယ်လ်ခိုင်ဒါအဖွဲ့ခွဲတစ်ခုမှ ပေါ်ပေါက်လာသည့် IS အဖွဲ့သည် ဆီးရီးယားပြဿနာတွင် အင်အားကြီးထွားလာခဲ့ပြီး ၎င်းတို့၏ခေါင်းဆောင် အဘူဘာကာ ဘာဒါးသည် မွတ်စလင်အားလုံး အတွက် မှန်ကန်ဖြောင့်မတ်သည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ပြောကြားထားသည်။

Ref:AFP

Mizzima
အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့နှင့် ပတ်သက်၍ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ၊ နိုင်ငံ တကာနှင့် ပူးပေါင်းရန် ပြင်ဆင်ထားများအတွက် အာရပ်နိုင် ငံများအဖွဲ့ချုပ်က သဘော တူညီ ကြောင်း စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို၌ ပြုလုပ်သည့် အာရပ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အဖွဲ့ ခေါင်းဆောင် နာဘီအရာဘီက ဂျစ်ဟတ်စစ်ပွဲ ဆင်နွှဲနေသူ များနှင့် နိုင်ငံရေးအရရော စစ်ဆေးအရပါ တွေ့ဆုံဖြေရှင်းရန် တောင်းဆိုလိုက်ပြီး အခြားစစ်သွေးကြွများကလည်း အာရပ်နိုင်ငံများအပေါ် ခြိမ်း ခြောက်မှုများ လုပ်ဆောင်နေကြောင်း ပြော ကြားသည်။

အမျိုးသမီးလေးဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သူ အာဖဂန်နိုင်ငံသား ခုနစ်ဦး သေဒဏ်ချမှတ်ခံရ

afghan-rape
အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးလေးဦးအား အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့သူ လေးဦးကို တရားရုံးက စက်တင်ဘာ ၇ ရက်တွင် သေ ဒဏ်ချမှတ်လိုက်ကြောင်း သိရ သည်။တာလီဘန်ခေတ်ကျော်လွန် သွားပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ လုပ် ဆောင်နေသော်လည်း အဆိုပါ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုဖြစ်စဉ်က အမျိုး သမီးများ အကြမ်းဖက်ခံရမှုများ ရှိနေဆဲဖြစ်ကြောင်းကို ပြသလျက် ရှိသည်။

ဂျပန်သွားမည့် လုပ်သားများ လိမ်လည်ခံရသည့် ငွေကြေးပြန်ရရေး ဆရာတော် ဦးဝီရသူ လုပ်ဆောင်

ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ အလုပ်သမား ၁၀၀ ကျော်ထံမှ ငွေကျပ် သိန်းသုံးထောင်ကျော် လိမ်လည်ခဲ့သည့် တရားဝင် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီထံမှ ငွေပြန်ရရန် ဆရာတော် ဦးဝီရသူ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်နေကြောင်း ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ရက်မှ ဦးရွှေကြည်က ပြောကြားသည်။

လိုင်စင်ရ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ဖြစ်သည့် ကျော်ကျော်နိုင် ကုမ္ပဏီထံမှ

ပြည်သူ့ဆန္ဒပေါ်မူတည်၍ သမ္မတနောက်တစ်ကြိမ် ထပ်လုပ်ရန် ဆုံးဖြတ်သွားမည်ဟု ဦးသိန်းစိန်ပြောကြား

Photo: ပြည်သူ့ဆန္ဒပေါ်မူတည်၍ သမ္မတနောက်တစ်ကြိမ် ထပ်လုပ်ရန် ဆုံးဖြတ်သွားမည်ဟု ဦးသိန်းစိန်ပြောကြား
Monday, September 8, 2014

တိုင်းပြည်အခြေအနေ နှင့် ပြည်သူလူထု၏ စိတ်ဆန္ဒရှိမှု အပေါ်မူတည်၍ သမ္မတသက် တမ်းနောက်တစ်ကြိမ်လုပ်ကိုင် ရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြား လိုက်သည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ဒုတိယ သက်တမ်းဆက်လက် လုပ်ကိုင်ရန် ရှိ၊ မရှိ သမ္မတသက်တမ်း သုံးနှစ်ကျော်လာသည်အထိ တ ရားဝင် တိတိကျကျပြောကြားခဲ့ ခြင်းမရှိခဲ့ဘဲ ယခုဥရောပခရီးစဉ် အတွင်း ဥရောပခေါင်းဆောင် များနှင့် ဥရောပသတင်းဌာနများ ၏ မေးမြန်းမှုများကို ပထမဆုံး ပြောကြားလိုက်ခြင်းလည်း ဖြစ် သည်။

ဂျာမနီ ဝန်ကြီးချုပ်နှင့် သမ္မတ၊ ဆွစ်ဇာလန်သမ္မတတို့နှင့် တွေ့ဆုံရာ၌ ၂၀၁၅ တွင် သမ္မတ ဦးသိန်းစိန်အနေဖြင့် မည်သို့ဆက် လက်လုပ်ဆောင်မည်နည်း ဆို သည့်မေးခွန်းများကို အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ် ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့ခြင်းဖြစ်သည်။

‘‘ဂျာမနီမှာရော ဆွစ်ဇာလန် မှာပါ ခေါင်းဆောင်တွေ၊ မီဒီယာ တွေက သမ္မတကြီး ၂၀၁၅ မှာ ဘာဆက်လုပ်မလဲဆိုတဲ့အချက် ကို အရမ်းသိချင်ကြတယ်။ ဒါပဲ မေးနေတယ်။ ၂၀၁၅ မှာ သမ္မတ အဖြစ်ဆက်ပြီးတာဝန်ယူဖို့ စိတ် ဆန္ဒရှိ၊ မရှိမေးတဲ့မေးခွန်းတွေနဲ့ ကြုံတိုင်း သမ္မတကြီးက တိုင်း ပြည်ရဲ့အခြေအနေနဲ့ ပြည်သူတွေ ရဲ့ ဆန္ဒပေါ်မူတည်ပြီး ဆုံးဖြတ် မယ်လို့ဖြေခဲ့တယ်’’ဟု ၎င်းက ပြောကြားသည်။

ယခင်က သမ္မတဦးသိန်းစိန် အား ၂၀၁၅ အလွန် နိုင်ငံရေး မျှော်မှန်းချက်ကို မေးမြန်းတိုင်း လက်ရှိအစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များကို အကောင်းဆုံးအာရုံစိုက်ထားပြီး ၂၀၁၅ အတွက် ကြိုတင်စဉ်းစားထားခြင်းမရှိဟု မကြာခဏဖြေကြားခဲ့ သည်။

ယခု ဥရောပခရီးစဉ်တွင်မူ သမ္မတဒုတိယသက်တမ်းအတွက် တိုင်းပြည်နှင့် ပြည်သူလူထုဆန္ဒ ပေါ်မူတည်ဆုံးဖြတ်မည်ဟု ပြော ကြားလာခြင်းဖြစ်သည်။

ထို့အပြင် သမ္မတဦးသိန်းစိန် သည် ယခုဥရောပခရီးစဉ်အတွင်း ဖက်ဒရယ်ပြည်ထောင်စုစနစ် အကြောင်းကိုလည်း စိတ်ဝင် တစားလေ့လာနေပြီဖြစ်သည်။ အထူးသဖြင့် စီရင်ပိုင်ခွင့်အာဏာ ကို အစိုးရနှင့် ဖက်ဒရယ်ကောင်စီ တို့ပူးပေါင်းဆောင်ရွက်သည့် ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ် စနစ်အပေါ် စက်တင်ဘာ ၅ ရက်နံနက်တွင် အချိန်သီးသန့်ပေး၍ ဆွေးနွေးလေ့လာခဲ့သည်။

‘‘ဖက်ဒရယ်ကိစ္စမှာ မှတ် သားစရာကတော့ ဆွစ်ဇာလန်မှာ ၁၈၄၈ လောက်ကစပြီး အဆင့် ဆင့်ပြောင်းခဲ့ရတယ်။ နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည် ထောင်စုဖွဲ့စည်းပုံကို ၂၀၀၈ မှာ အကြီးဆုံးအပြောင်းအလဲလုပ်ခဲ့ တယ်။ အဲဒီလိုလုပ်ဖို့အတွက် ၁၅ နှစ်လောက်ပြင်ဆင်ရတယ်။ ဒါ တောင်မှ ပြင်ပြီးသားအချက် တချို့ကို ချက်ချင်းမလုပ်နိုင်ဘူး။ ဘဏ္ဍာရေးကိစ္စတချို့ကို ဆယ် နှစ်ကျော်လောက်အချိန်ဇယားဆွဲ ပြီး လုပ်ရမယ်လို့ပြောတယ်။ သူ တို့ဆိုလိုတာက ကျွန်တော်တို့ဆီ မှာလည်း ရေတိုချက်ချင်းလုပ်ရ မယ့်ကိစ္စ၊ ရေရှည်အဆင့်ဆင့် လုပ်ရမယ့်ကိစ္စစသဖြင့် စဉ်းစား သင့်တယ်လို့ဆိုတယ်’’ဟု ဦးရဲ ထွဋ်က ဆွစ်ဇာလန်ဖက်ဒရယ် ကောင်းမှုကို ပြောကြားသည်။

ပြီးခဲ့သည့် အာဇာနည်နေ့က အာဇာနည်ခေါင်းဆောင်များအား သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် တို့ဆွမ်းကပ်လှူပွဲတွင် သမ္မတဦးသိန်းစိန်က အနားယူသည့်အခါ စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဆွမ်းကပ်ပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေးအသိုင်းအဝိုင်းအား ပြောကြားခဲ့သည်။

၂၀၁၅ တွင် သမ္မတဖြစ်လို ကြောင်း ပြောကြားထားသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက သမ္မတဦးသိန်းစိန် အနေဖြင့် နောက်တစ်ကြိမ်သက် တမ်းအတွက် ဝင်ရောက်လုပ်ကိုင် မည်မဟုတ်ကြောင်း ပြောကြား စဉ်ကလည်း နောက်သက်တမ်း ဆက်လုပ်၊ မလုပ်ကို သမ္မတကိုယ် တိုင်သာ ပြည်သူသို့ အသိပေး မည်ဖြစ်ကြောင်း သမ္မတပြောခွင့် ရပုဂ္ဂိုလ်မှတစ်ဆင့် သမ္မတဦးသိန်း စိန်က တုံ့ပြန်ခဲ့သည်။

ပြည်ပခရီးစဉ်သွားတိုင်း ဝေ ဖန်ခံရသည့် ဘင်္ဂါလီဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ယခုဥရောပခရီးစဉ်မတိုင်မီကတည်းက ဒုက္ခသည်နှစ်ထောင်ကျော် ပြန်လည်စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ်နှင့် သဘောတူလိုက်ခြင်းကလည်း ယခုဥရောပခရီးစဉ်အတွင်း ဆွေးနွေးပွဲများ ကို ပိုမိုချောမွေ့စေခဲ့သည်။

‘‘ဒီတစ်ခေါက်ခရီးစဉ်မှာ နှစ် နိုင်ငံလုံးမှာ မြန်မာလို့ပဲသုံးတယ်။ ရခိုင်ကိစ္စ ဆွေးနွေးတဲ့အခါမှာ လည်း ရိုဟင်ဂျာစကားလုံးမသုံး ဘူး။ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ် စလင်ဘာသာဝင်တွေလို့ပဲသုံး တာ သတိထားမိတယ်’’ဟု ဦးရဲ ထွဋ်က ဆိုသည်။

လာမည့်ရွေးကောက်ပွဲအ တွင်း သမ္မတဖြစ်လိုကြောင်း ပြောကြားထားသူများမှာ ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်တို့ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ကြောင့် သမ္မတဖြစ်ခွင့် ကန့်သတ်ခံနေရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို ဆွစ်ဇာလန်သမ္မတနှင့်အတူစက်တင်ဘာ ၅ ရက်ကတွေ့ရစဉ်(PETER SCHNEIDER/ EPA)
7Day Daily
တိုင်းပြည်အခြေအနေ နှင့် ပြည်သူလူထု၏ စိတ်ဆန္ဒရှိမှု အပေါ်မူတည်၍ သမ္မတသက် တမ်းနောက်တစ်ကြိမ်လုပ်ကိုင် ရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြား လိုက်သည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ဒုတိယ သက်တမ်းဆက်လက် လုပ်ကိုင်ရန် ရှိ၊ မရှိ သမ္မတသက်တမ်း သုံးနှစ်ကျော်လာသည်အထိ တ ရားဝင် တိတိကျကျပြောကြားခဲ့ ခြင်းမရှိခဲ့ဘဲ ယခုဥရောပခရီးစဉ် အတွင်း ဥရောပခေါင်းဆောင် များနှင့် ဥရောပသတင်းဌာနများ ၏ မေးမြန်းမှုများကို ပထမဆုံး ပြောကြား လိုက်ခြင်းလည်း ဖြစ် သည်။

ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ဝင်ပူးခြင်းများရှိခဲ့သော်လည်း သိပ္ပံနည်းဖြင့်သာ ရှာဖွေသင့်ကြောင်း ဒေါက်တာချစ်စံဝင်းပြော

Photo: ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ဝင်ပူးခြင်းများရှိခဲ့သော်လည်း
သိပ္ပံနည်းဖြင့်သာ ရှာဖွေသင့်ကြောင်း ဒေါက်တာချစ်စံဝင်းပြော 
Monday, September 8, 2014

ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ဝင်ပူးခြင်းများ ရှိခဲ့ သော်လည်း ခေါင်းလောင်းဆယ်ယူရန် သိပ္ပံ နည်းပညာများကို အသုံးပြုရှာဖွေသင့်ကြောင်း မြန်မာသမိုင်းအဖွဲ့ဝင်၊ ရှေးဟောင်းသုတေ သီ ဒေါက်တာချစ်စံဝင်းက ပြောသည်။

အဆိုပါ ခေါင်းလောင်းဆယ်ယူ ရာတွင် ခေါင်းလောင်းကိုစိတ်စွဲပြီး သေဆုံး သူများမှာ မကျွတ်မလွတ်ဘဲ ပူးကပ်ခြင်း များရှိခဲ့ကြောင်း သိရသည်။
''ပူးတာတွေတော့ ဖြစ်ခဲ့ဖူးတယ်။ ဓမ္မစေတီခေါင်းလောင်း ရှာဖွေခွင့်ရခဲ့တဲ့ ဒေါ်ခင်အေးသိန်းကတော့ သူ့ကိုယ်တွေ့ အဖြစ်အပျက်ကို ပြောပြဖူးတယ်။ အမျိုးသမီး တစ်ယောက်က ညောင်လေးပင်မှာ ပူးပြီး ပြောတယ်။ ပြင်သစ်လိုလဲ မဟုတ်၊ စပိန်လို လဲမဟုတ်ဘူး။ ပေါ်တူဂီစကားနဲ့ ပြောတာ။ ဝင်ပူးတာက ငဇင်ကာဖြစ်တယ်လို့ ပြော တယ်။ ခေါင်းလောင်းကြီးကိုစွဲပြီး မကျွတ် ဘူးလို့ပြောတယ်။ အဲဒီလို အဖြစ်အပျက်တွေ ကတော့ အများကြီးပဲ၊ ယုံကြည်လို့တော့ မရပါဘူး။ ဆရာကတော့ နဂါးမေးပြီး ဗေ ဒင်မေးပြီးတော့ ရှာလို့မရဘူး။ ရိုးရာနည်း တွေနဲ့အတူ သိပ္ပံနည်းကျ ရှာဖွေဖို့လိုတယ်'' ဟု ဒေါက်ချစ်စံဝင်းက ပြောသည်။

သိပ္ပံနည်းပညာများဖြစ်သော ရူပ ဗေဒနည်းပညာဖြင့် အသံလှိုင်းအား ထုတ် လွှင့်ရှာဖွေခြင်းနှင့် ဓာတုဗေဒနည်းပညာ များဖြစ်သော ကြေးဓာတ်များသော ရေပြင် နေရာတွင် ရှာဖွေခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် လက်ရှိဆယ်ယူရေးအ ဖွဲ့အား လေးစားအသိအမှတ်ပြုကြောင်း ပြောသည်။
''ဦးစံလင်းတို့ ရှာဖွေနေတယ်။သူတို့ရှာဖွေတာကို လေးစားတယ်။ ရှာတွေ့ ရင်ကောင်းမယ်။ နဂါးတွေနဲ့ရှာရင်တော့ မရနိုင်ဘူး။ သံတုံးက ရေထဲကျသွားတာကို ခေတ်မီ ရူပဗေဒ၊ ဓာတုဗေဒနည်းပညာ မပါဘဲ ဒီခေါင်းလောင်းကြီး ဘယ်လိုမှမရ နိုင်ဘူး''ဟု ယင်းက ဆက်ပြောသည်။

ခေါင်းလောင်းဆယ်ယူရေးအ တွက် သတင်းများထုတ်ပြန်ရာတွင် နဂါး များ ပါလာသောကြောင့် ဝေဖန်မှုများခံရ ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက် ၍ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အ ထောက်အကူပြု ပြန်ကြားရေးတာဝန်ခံ ဦးကြည်ဝင်းက ''အန်ကယ့်ကို အချို့တွေ က နဂါးပြန်ကြားရေး ဦးကြည်ဝင်းလို့တောင် ပြောကြတယ်။ အန်ကယ် သည်းခံပါတယ်။ အန်ကယ်တို့က ဝိပဿနာသမားတွေဆို တော့ သည်းခံပါတယ်''ဟု ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ် ယူရေးကို ယခင်ယဉ်ကျေးမှုဝန်ကြီးဦးကျော် ဆန်းလက်ထက်တွင် စာတမ်းဖတ်ပွဲများပြု လုပ်ကာ စင်ကာပူမှပညာရှင်များ၊ ရေကြောင်း ကျွမ်းကျင်ပညာရှင်များ၊ အလှူရှင်များနှင့် ဆွေးနွေးခဲ့ဖူးကြောင်းနှင့် ယဉ်ကျေးမှုဝန်ကြီး အပြောင်းအလဲဖြစ်သွားပြီးနောက် ယဉ် ကျေးမှုဝန်ကြီးဌာနမှ နှုတ်ဆိတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

YangonMediaGroup
ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ဝင်ပူးခြင်းများ ရှိခဲ့ သော်လည်း ခေါင်းလောင်းဆယ်ယူရန် သိပ္ပံ နည်းပညာများကို အသုံးပြုရှာဖွေသင့်ကြောင်း မြန်မာသမိုင်းအဖွဲ့ဝင်၊ ရှေးဟောင်းသုတေ သီ ဒေါက်တာ ချစ်စံဝင်းက ပြောသည်။

အဆိုပါ ခေါင်းလောင်းဆယ်ယူ ရာတွင် ခေါင်းလောင်းကိုစိတ်စွဲပြီး သေဆုံး သူများမှာ မကျွတ်မလွတ်ဘဲ ပူးကပ်ခြင်း များရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် တိုက်ခိုက်မည့် သတင်းများကြောင့် မောင်တောနယ်စပ် လုံခြုံရေးတိုးမြှင့်

အကြမ်းဖက်တိုက်ခိုက် မှုများ ပြုလုပ်မည့် သတင်းများ ထွက်ပေါ်နေမှုကြောင့် ရခိုင်ပြည် နယ် မောင်တော နယ်စပ်လုံခြုံရေးကို အထူးတင်းကျပ်ထားကြောင်း သတင်းရရှိသည်။

တစ်ဖက်နိုင်ငံ နယ်စပ်အ ခြေစိုက် ရိုဟင်ဂျာသွေးစည်းညီ ညွတ်ရေးအဖွဲ့ (RSO) မှ အ ကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ် မည့်သတင်းများ ထွက်ပေါ်နေမှု ကြောင့် နယ်စပ်လုံခြုံရေးကို တိုး မြှင့်ထားခြင်းဖြစ်ပြီး ဌာနဆိုင်ရာ ၀န်ထမ်းများကိုလည်း လုံခြုံရေး သတိထားရန် သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း ရခိုင်ပြည် နယ် ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောသည်။ အသေးစိတ်အချက် အလက်များကိုမူ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်သည့်အ တွက် ပြောဆိုနိုင်ခြင်း မရှိဟု ၎င်း က ဆိုသည်။

မေမြတ်နိုးကို ရဲတိုင်ပြီးအရေးယူမည်ဟု Miss Asia Pacific World ကော်မတီ သတိပေး

ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီက မြန်မာအလှမယ်မေမြတ်နိုးကို လိမ် ညာမှုများအတွက် ကိုရီးယားနှင့် မြန်မာရဲတပ်ဖွဲ့များထံသို့ ရာဇ၀တ်မှုနှင့် အရေးယူရန် တောင်းဆို သွားမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

ကိုရီးယား အော်ဘဇာဘာ သတင်းစာတွင် စက်တင်ဘာ ၆ ရက် ဖော်ပြထားသော အဆိုပါအဖွဲ့အစည်း၏ ကြေညာ ချက်၌ ယင်းကဲ့သို့ ရေးသားထား ခြင်းဖြစ်သည်။ ထိုကြေညာ ချက်တွင် မေမြတ်နိုးအား အချက် သုံးချက်ကြောင့် မယ်ပွဲဆုရှင် အဖြစ်မှ ဖယ်ရှားခဲ့ရသည်ဟု ဆို သည်။

ခါးနာသက်သာစေမည့် သဘာဝကုထုံး

Photo: ခါးနာသက်သာစေမည့် သဘာဝကုထုံး
----------------------------------------------

အထိုင်များ၍သော်၎င်း၊ အားကစားတစ်ခုခုကြောင့်သော်၎င်း ခါးနာနေလျှင် အောက်ပါ သဘာဝကုထုံးနည်းဖြင့် သက်သာအောင် ကုသနိုင်ကြပါတယ်။ 

အဲဒီနည်းကတော့ သင်္ဘောရွက်ဖြင့် ကုသတဲ့နည်း ဖြစ်ပါတယ်။ 

ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ်နဲ့ ခပ်သန့်သန့်လေးကို တစ်ရွက် ခူးယူပြီး အကျီ င်္အတွင်း နာနေတဲ့ ခါးပေါ်ကို ကပ်ထားပြီး ပက်လက်လန်ပြီး အိပ်ပါ။ 

ခန္ဓာကိုယ်မှ အပူများကို သင်္ဘောရွက်မှ သဘာဝဓါတ်သဘောဖြင့် စုပ်ယူပေးပါည်။ ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာတဲ့အထိ တစ်ပတ် ၁၀ ရက်ခန့် ညစဉ် လုပ်ပေးနိုင်ပါတယ်။ 

မနက်အိပ်ယာထတဲ့အချိန် ရေတစ်ခွက်သောက်ပြီးလျှင် နောက်ဖေးမ၀င်မီ ခါးနာသက်သာစေမည့် လေ့ကျင့်ခန်းကို အရင်လုပ်ပေးပါ။ 

လုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ပုံထဲမှာ ပြထားပေးတဲ့အတိုင်း တည့်တည့် မတ်သပ်ရပ်ပြီး ခါးကို ရှေ့သို့ အနည်းငယ် ကိုင်းပြီးလျှင် ခါးကို အားပြုပြီး ဖြေးဖြေးချင်းစီ စကောဝိုင်းသလိုမျိုး ဘယ်ပြန်ညာပြန် ၁၀ ကြိမ်ခန့် လှည့်ပေးပါ။ 

ဒီလိုလေ့ကျင့်ခန်းကို လုပ်ပေးခြင်းအားဖြင့် ခါးရိုးခါးဆစ်မှ အပူများထွက်သွားပြီး အကျောများလည်း ပွင့်သွားသလို အညောင်းအညာများလည်း ပြေသွားစေပါတယ်။ 

ညနေပိုင်း ရေချိုးခါနီးမှာလည်း နောက်တစ်ကြိမ် လေ့ကျင့်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။ 

သတိပြုရန်။ ။ ခါးလှည့်သည့်အခါ ဖြေးညှင်းစွာ လှည့်ရပါမည်။ ခွန်အားထည့်ပြီး အလျှင်အမြန်လုပ်ပါက အခန့်မသင့်လျှင် ပိုနာသွားတတ်ပါသည်။ 

လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။ 

စောနွဲ့ နေဆိုင်(ပူတာအို)

ကျန်းမာရေးသတင်းများ
အထိုင်များ၍သော်၎င်း၊ အားကစားတစ်ခုခုကြောင့်သော်၎င်း ခါးနာနေလျှင် အောက်ပါ သဘာဝကုထုံးနည်းဖြင့် သက်သာအောင် ကုသနိုင်ကြပါတယ်။ 

အဲဒီနည်းကတော့ သင်္ဘောရွက်ဖြင့် ကုသတဲ့နည်း ဖြစ်ပါတယ်။ 

ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ်နဲ့ ခပ်သန့်သန့်လေးကို တစ်ရွက် ခူးယူပြီး အကျီ င်္အတွင်း နာနေတဲ့ ခါးပေါ်ကို ကပ်ထားပြီး ပက်လက်လန်ပြီး အိပ်ပါ။ 

ခန္ဓာကိုယ်မှ အပူများကို သင်္ဘောရွက်မှ သဘာဝဓါတ်သဘောဖြင့် စုပ်ယူပေးပါည်။ ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာတဲ့အထိ တစ်ပတ် ၁၀ ရက်ခန့် ညစဉ် လုပ်ပေးနိုင်ပါတယ်။ 

သတိသမ္ပဇဉ် အသိဉာဏ်ယှဉ် မာယာများတဲ့ စစ်မြေပြင်

အယ်လ်ကေဒါ ခေါင်းဆောင် အေမင် အယ်လ်ဇာဝါဟီရီက အိန္ဒိယတိုက်ငယ်မှာ Qaedat al – Jihad ဆိုတဲ့ အကြမ်းဖက်အဖွဲ့ အစည်းအသစ်တစ်ခုထူထောင် လိုက်ပြီး မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ တိုက်ခိုက်မှုတွေပြုလုပ်သွားမယ်ဆိုတဲ့ သတင်း ကို စက်တင်ဘာ ၅ ရက်နေ့ထုတ် သတင်းစာ/ ဂျာနယ်တွေမှာတွေ့ရပါတယ်။
ဒါ့အပြင် ကက်ရှ်မီးယားနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မငြိမ်မသက်မှုတွေကို အသုံးချပြီး အသစ်ဖွဲ့စည်းလိုက်တဲ့အဖွဲ့ ရေပန်းစား လာအောင်လုပ်ဆောင်သွားမှာဖြစ်ပြီး အာဖဂန် တာလီဘန်ခေါင်းဆောင် မူလာ မူဟာမက်အိုမာနဲ့ ပါကစ္စတန်ထိပ်တန်း စစ်သွေး ကြွခေါင်းဆောင် အဆင်အူမာတို့ရဲ့ ခေါင်းဆောင်မှုတွေကို အဲဒီအဖွဲ့သစ်က အသိအမှတ်ပြုသွားမယ်လို့ ဇာဝါဟီရီက ပြောခဲ့ ကြောင်း စက်တင်ဘာ ၅ ရက်ထုတ် Daily Eleven သတင်းစာမှာဖေါ်ပြထားပါတယ်။