Sunday, August 12, 2012

ဒုသမ္မတအသစ်တစ်ယောက် ရွေးလိုက်ကြရအောင်

 From- အေမ့အိမ္ဘေလာ့


 
      သမ္မတကြီး ဦးသိန်းစိန်ရဲ့ အစိုးရသစ်အဖွဲ့မှာ ဒုသမ္မတ တစ်ယောက်အနားယူသွားလို့ တစ်နေရာ လစ်လပ်နေတာ အခုဆိုရင် တစ်လကျော်ရှိသွားပါပြီ။ အဲဒီဒုသမ္မတက စစ်တပ်ကိုယ်စားပြု စစ်တပ်က ရွေးချယ်ပေးထားတဲ့ တစ်ချိန်က ဗိုလ်ချုပ်ကြီးရာထူးယူထားတဲ့ ဦးတင်အောင်မြင့်ဦးဖြစ်ပါတယ်။

ရန်ကုန် အမှိုက်များမှ လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်

From-  Mizzima



ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်မြို့မှ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်၍ ထွက်ရှိလာသည့် အမှိုက်အစို တန်ချိန် ၆၀၀ ဖြင့်  နေ့စဉ် လျှပ်စစ် ဓါတ်အား ထုတ်ရန် စီစဉ်နေကြောင်း မြို့တော် စည်ပင် ယာရေးကော်မီ က ပြောသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့တွေ့ဆုံ

From-  blog.irrawaddy.org


 
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦသိန်းစိန် ယမန်နှစ် သြဂုတ်လအတွင်းက တွေ့ဆုံစဉ် (ဓာတ်ပုံ - AP)
သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြောင်း သတင်းရ ပါတယ်။

တိုင်းရင်းသားများ ညီလာခံ စက်တင်ဘာလ၌ ကျင်းပမည်

 From-  Mizzima


စံခလပူရီ (မဇ္ဈိမ)။   ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)မှ ကြီးမှူး၍ တိုင်းရင်းသား အဖွဲ့အစည်း ပေါင်းစုံ ပါဝင်သည့် တိုင်းရင်းသား ညီလာခံ တရပ်ကို လာမည့် စက်တင်ဘာ လလယ် ခန့်တွင်ခေါ်ယူကျင်းပသွားမည်ဟု ညီလာခံကျင်းပရေးအဖွဲ့ခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း တိုက်ခိုက်ခံရ

From-  Myanmar Express


အင်ဒိုနီရှား နိုင်ငံ၏ တောင်ဘက် ဆူလာဝီစီမြို့တွင်ရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်း ကိုအစ္စလာမ်ဘာသာ လူအုပ်စု တစ်ခုမှ သြဂုတ်လ ၁၀ရက်(သောကြာ)နေ့က တိုက်ခိုက်ခဲ့ သည် ဟုJakataglobe ဆိုဒ်တွင် ရေးသား ထားသည်။

အစ္စလာမ်မစ် ကာကွယ်ရေးတပ်ဦး ဗုဒ္ဓဘာသာ ဘုရားကျောင်း ၂ ခုကို တိုက်ခိုက်

From-  rfa.org

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေအတွင်း ဘင်္ဂါလီ ရိုဟင်ဂျာတွေ အသတ်ခံရတဲ့အပေါ် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီ ပြည်နယ် မခါဆာမြို့မှာ မနေ့က ဆန့်ကျင် ဆန္ဒပြကြရာက ဗုဒ္ဓဘာသာ ဘုရားကျောင်း ၂ ခုကို တိုက်ခိုက်ခဲ့ကြပါတယ်။

ရုရှားရေတပ်အား နျူကလီးယား လက်နက်များဖြင့် အဆင့်မြှင့်သွားမည်

From-  Demoeyan De Moe Facebook
တိုင်းပြည် လုံခြုံရေးအတွက် ရေတပ်ကို နျူကလီးယား လက်နက်များဖြင့် အဆင့်မြှင့်တင်ပြီး၊ မဟာအင်အားကြီးနိုင်ငံ ဖြစ်အောင် စွမ်းဆောင် သွားမည်ဟု ရုရှားသမ္မတ ဗလာ ဒီမာပူတင်က ဇူလိုင်လ၊ ၃၀ ရက်မှာ အတည်ပြု ပြောကြား သွားသည်။

စင်ကာပူနန့်ယမ်း နည်းပညာတက္ကသိုလ်တွင် ပညာသင်ယူရန် မြန်မာကျောင်းသူ နှစ်ဦး ရွေးချယ်ခံရ

From- Demoeyan De Moe Facebook
စင်ကာပူနိုင်ငံရှိ နန့်ယမ်းနည်းပညာတက္ကသိုလ်တွင် ကွန်ပျူတာ   သိပ္ပံ ဘွဲ့ကြို သင်တန်း တက်ရောက်ရန် မြန်မာ ကျောင်းသူနှစ်ဦးကို စင်ကာပူအစိုးရက ပညာသင်ဆု ရွေး ချယ်ပေးအပ် လိုက်ကြောင်း စင်ကာပူသံရုံးမှ သတင်းထုတ်ပြန်သည်။

စားသောက်ဆိုင်များနှင့် ဘီယာဘားများတွင် သုံးနိုင်သည့် Restaurant Master ဆော့ဖ်ဝဲ ထွက်ရှိ

From- Demoeyan De Moe Facebook


ဆော့ဖ်ဝဲခွေကို ဈေးကွက်တွင်း၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဆော့ဖ်ဝဲကို Excellent Software  & Game ဈေးကွက်ဖြန့်ချိခြင်း ဖြစ်ပြီး ယခင်ထွက်ရှိခဲ့ သည့် ဈေးရောင်းချမှု ဆိုင်ရာ ဆော့ဖ်ဝဲများဖြစ်သော Mini Seller နှင့် Super Market Manager တို့ကဲ့ သို့ပင် လူတိုင်း အသုံးပြု နိုင်ရန် အရိုး ရှင်းဆုံး ဒီဇိုင်း ရေးဆွဲထားကြောင်းသိရသည်။