ရုရှားဝန်ကြီးချုပ် ဒီမက်ထရိမက်ဒီဒက်၏ Twitter တွင် မိမိအနေဖြင့် ရာထူးမှ နုတ်ထွက်သွားပြီဖြစ် ကြောင်းနှင့် သမ္မတ ဗလာဒီမာပူတင် အား ဝေဖန်မှုများကို ဟက်ကာများက သြဂုတ် ၁၄ ရက်တွင် ၀င်ရောက် ရေးသားခဲ့ကြောင်း သိရသည်။
Thursday, August 14, 2014
စက်တင်ဘာလတွင် အောင်ဆန်း ရုပ်ရှင် အတွက် ဇာတ်ဝင်ခန်း နှစ်ခန်း စတင် ရိုက်ကူးမည်
နှစ်နှစ်ကျော်ကြာ ကြိုတင် ပြင်ဆင်ခဲ့ပြီး မရိုက်ကူးရ သေးသည့် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားသည် စက်တင်ဘာ လ၌ ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာဆောင်သည့် အခန်းနှင့် ၎င်း၏သားဖြစ်သူ အောင်ဆန်းလင်း သေဆုံးသည့် အခန်းများကို ရိုက်ကူးမည် ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့တွင် ပါဝင်သည့် ဦးဇာဂနာက မဇ္ဈိမကို ပြောသည်။
ရွှေတိဂုံစေတီတော်ကြီးကို ရွှေချပ်ပေါင်း တစ်သောင်းကျော်ဖြင့် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူမည်
ရွှေတိဂုံစေတီတော်ကြီး၏ ပထမကြေးဝန်း နှင့် ဒုတိယကြေးဝန်း၊ ပန်းဆွဲကြီး ၁၆ခုနေရာတွင် မူလ ရွှေမျက်ပါး အစား ရွှေစင်ပြားများ တိုးချဲ့ကပ်လှူ သွားမည် ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က မဇ္ဈိမကိုပြောသည်။
လူအစစ်နှင့် တူညီလွန်းသည့် ဖျော်ဖြေရေး အရုပ်များကို ဂျပန်ကုမ္ပဏီတစ်ခု ထုတ်လုပ်
ဂျပန်နိုင်ငံမှ ကုမ္ပဏီ တစ်ခုသည် အမျိုးသားများအတွက် ဖျော်ဖြေမှု ပေးစွမ်းမည့် အမျိုးသမီး အရုပ်များကို လူသားအစစ်နှင့်မခြား အလွန်တူညီအောင် ဖန်တီးထုတ်လုပ်လျက် ရှိသည်။
အရှေ့ဘက် ပင်လယ်ထဲသို့ တာတိုဒုံးကျည်သုံးစင်း မြောက်ကိုရီးယားပစ်ခတ်
တောင်ကိုရီးယား နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်
ရောက်ရှိနေချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်တွင် မြောက်ကိုရီးယားက တာတိုပစ်
ဒုံးကျည်သုံးစင်းကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဩဂုတ်(၁၄)ရက်တွင် မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်များကို အရှေ့ဘက် ကမ်းလွန်သို့ ဦးတည် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ “မြောက်ကိုရီးယားဟာ အရှေ့ဘက် ဂျပန် ပင်လယ်ထဲကို တာတိုပစ်ခတ်မှု သုံးကြိမ် ပြုလုပ်ခဲ့ပါတယ်”ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့် အရာရှိ တစ်ဦးက ဆိုသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် တောင်ကိုရီးယားသို့ ရောက်ရှိနေစဉ် အတောအတွင်း မြောက်ကိုရီးယားကို ရည်စူးပြီး ငြိမ်းချမ်းရေး မိန့်ခွန်းတစ်ရပ် ပြောကြားမည်ဟု ယူဆရသည်။ တောင်ကိုရီးယား ဘာသာရေး အာဏာပိုင် အဖွဲ့အစည်းများက မြောက်ကိုရီးယား ကက်သလစ် ဘုန်းတော်ကြီးများကို ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံပွဲသို့ စေလွှတ်ပေးရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း မြောက်ကိုရီးယားက ငြင်းဆန်ထားသည်။

မျိုးစောင့်ဥပေဒဆိုသည်မှာ အပေါစားဆန်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် NLD ပါတီ သုတေသနမှူးအား ၀န်ချတောင်းပန်ရန် တောင်းဆို
မျိုးစောင့်ဥပဒေအား အပေါစားဆန်သည် ဟု ပြင်းပြင်းထန်ထန် ရှုတ်ချဝေဖန်ခဲ့သည့် NLD ပါတီမှ သုတေသနမှူး အမည်ခံ မျိုးရန်နောင်သိန်းအား သံဃာတော်များအပေါ် ၀န်ချတောင်းပန်ရန် တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။
“ဘုန်းကြီးတို့အနေနဲ့ ဒေါ်စုကို လေးစားပါတယ်။ ဒါပေမယ့် ရဟန်းရှင်လူ ပြည်သူတွေ တစ်ခဲနက် ထောက်ခံလက်မှတ်ရေးထိုးထားတဲ့ မျိုးစောင့်ဥပဒေအပေါ် ဒီလိုမျိုး ပုတ်ခတ် စော်ကားလာတာကိုတော့ လက်မခံနိုင်ဘူး။ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကအစ တစ်နိုင်ငံလုံးက အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေတဲ့ သံဃာထုတစ်ရပ်လုံးကို အပေါစားတွေလို့ မိုက်မိုက်ရိုင်းရိုင်း စော်စော်ကားကား ပြောလိုက်တာလို့ပဲ နားလည်ပါတယ်။ ဒီဒကာကြီး ပြောတဲ့ စကားအတွက် NLD ပါတီက တာဝန်ယူဖို့ လိုတယ်။ ကာယကံရှင်အနေနဲ့ ရဟန်းသံဃာတွေကို ပြန်ပြီး ၀န်ချတောင်းပန်ဖို့ လိုတယ်။ ဘုန်းကြီးတို့အနေနဲ့ NLD ပါတီကလုပ်နေတဲ့ ပုဒ်မ ၄၃၆ လက်မှတ်ကောက်ခံတဲ့ ကိစ္စမှာ ဘာမှ ၀င်ပြီး ဝေဖန်တာ မလုပ်ခဲ့ဘူး။ ဘုန်းကြီးတို့ကို လာမေးတဲ့ ဒကာ၊ ဒကာမတွေကိုတောင် မိမိသဘောဆန္ဒနဲ့ လုပ်ကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ခုဟာက ဘုန်းကြီးတို့ လ်ုပနေကိုင်နေတာတွေကို ရှုတ်ချဝေဖန်တာတွေ လုပ်လာတာကတော့ တရားလွန်လာပြီလို့ပဲ ပြောရမှာပဲ။ ဒါကြောင့် ကာယကံရှင် ဒကာကြီး မျိုးရန်နောင်သိမ်းနဲ့ NLD ပါတီအနေနဲ့ သံဃာတော်တွေကို၊ ဆရာတော်ကြီးတွေကို ၀န်ချတောင်းပန်ဖို့ တောင်းဆိုလိုပါတယ်” ဟု အင်းစိန်ရွာမ အောင်ဆန်းတပ်ဦးကျောင်းတိုက်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။
နိုင်ငံတော်သို့ အခွန်မဆောင်ဘဲ တိုင်းပြည်ဝင်ငွေများကိုလိမ်ညာယူထားသည်ဟု သက်သေအထောက်အထားများ ရှိပါက မိမိကိုတရားစွဲဆိုနိုင်ဟု ထူးကုမ္ပဏီဥက္ကဋ္ဌဦးတေဇပြောကြား
မိမိအား နိုင်ငံတော်အတွက် အခွန်မဆောင်ဘဲ တိုင်းပြည်ဝင်ငွေများကို လိမ်ညာယူထားသည်ဟု သက်သေအထောက် အထားများရှိပါက တရားစွဲဆိုနိုင်ကြောင်း ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇက ပြောကြားလိုက်သည်။သြဂုတ် ၁၂ရက်က ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင်ပြု လုပ်သည့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၂၃)ကြိမ်မြောက် နှစ်ပတ်
လည်အသင်းသားစုံညီအစည်းအဝေးအခမ်းအနားတွင် ဦးတေဇက မီဒီ ယာများကို
ယင်းကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ဦးတေဇက ''အခွန်မဆောင်ဘူးဆိုရင်လဲ တရားရုံးတင်ပါ။ ကိုယ် တိုင်လိုက်ရှင်းပေးမယ်''ဟု ဆိုသည်။လက်ရှိတွင် တိုင်းပြည်တွင် ဖြစ်ပျက်လျက်ရှိသောပြဿ နာမှာ စီးပွားရေး မတည်ငြိမ်ခြင်းကြောင့်ဖြစ်ကြောင်း ယင်းကမှတ်ချက်ပေးသည်။
လက်ရှိတွင် ဦးတေဇပိုင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ အစု ရှယ်ယာများကို ယခင်ဗိုလ်ချုပ်ကြီး ဦးနေဝင်း၏ မိသားစုထံ ရောင်းချခဲ့ ခြင်းကြောင့် ဝေဖန်မှုများ ခံနေရကြောင်း သိရသည်။
Democracytoday

ကျောက်မျက်အသင်းဥက္ကဋ္ဌတာဝန် နောက်လူများကို နေရာပေးလိုဟု ဦးတေဇပြော
လက်ရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်နေသော ဦးတေဇက နောက်လူများကိုသာ နေရာပေး လို၍ ဥက္ကဋ္ဌရာထူးဖြင့် ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိတော့ကြောင်းပြောကြားလိုက်သည်။
ဦးတေဇအနေဖြင့် ဥက္ကဋ္ဌ သက်တမ်းသုံးကြိမ်ဆက်တိုက် ထမ်းဆောင်ခဲ့ပြီးဖြစ်၍ ဆက်မလုပ်လိုတော့ကြောင်း၊ နိုင်ငံတကာစံနှုန်းများအရဆိုလျှင်လည်း ဥက္ကဋ္ဌသက်တမ်းသုံးကြိမ်မှာ အလွန်ပင်များကြောင်း ၎င်းကရှင်းပြသည်။
‘‘နောက်လူတွေနေရာပေးရ တော့မယ်။ ကိုယ်ကအခုတော့ မပါတော့ဘူး။ နောက်လူတွေ လည်း အတွေ့အကြုံရစေချင်လို့ လွှဲပေးချင်တာပါ။ ဥက္ကဋ္ဌဆက် လုပ်ပါဆိုရင်လည်း ကိုယ်ဆက် မလုပ်ချင်တော့ဘူး’’ဟု ၎င်းက ပြောသည်။
ပဟေဠိဆန်တဲ့ MH 370 ပျောက်ဆုံးမှု နောက်ဆက်တွဲ ပဟေဠိဆန်မှု
ကမ္ဘာလောကကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေက နောက်ထပ် ထူးဆန်းတာတွေ ထပ်ဖြစ်လေ့ ရှိတတ်တယ် ဆိုတဲ့ စကားက မှန်သလိုဖြစ်နေပါပြီ။ အခုလည်း ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့ကတည်းက မလေးရှားနိုင်ငံ
ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ပီကင်း မြို့ကို အသွား ထူးထူးဆန်းဆန်း
ပျောက်ဆုံးနေဆဲဖြစ်တဲ့ မလေးရှားလေကြောင်းလိုင်း MH 370 လေယာဉ်
ပေါ် ပါသွားတဲ့ ခရီးသည် ၄ ဦး ရဲ့ ဘဏ် အကောင့်တွေကနေ ငွေ ထုတ်ယူမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီအကြောင်း The Straits Times သတင်းတပုဒ်မှာ MH370 လေယာဉ်ခရီးသည်တွေရဲ့ ဘဏ်အကောင့်က ထူးဆန်းစွာ ငွေ ထုတ်ယူမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့က သတင်း ရေးသားထားပါ တယ်။

မိန်းမကိစ္စအရှုပ်အရှင်းကြောင့် နာမည်ကြီးနေသည့် NLD ပါတီ အတွင်းရေးမှူးမှ မျိုးစောင့်ဥပေဒဆိုသည်မှာ အပေါစားဆန်ဟု ဝေဖန်ခဲ့
ဒီနေ့မိုးလေးကလည်း အေးအေး ကော်ဖီလေးတစ်ခွက်သောက်ရင်းအပျင်း ပြေဂျာနယ် လေးတစ်စောင်လောက်ဖတ်လိုက်ဦးမယ်ဆိုပြီး ကောက်ကိုင် လိုက်တာမှာ မျက်စိထဲ အမြင်မတော်တာ တန်းတွေ့တယ်။ဘာရေးထားလဲဆိုတော့ မျိုးစောင့်ဥပဒေဆိုတာ
အပေါစားနိုင်ငံရေးပုံစံပဲဆိုပြီး မျိုးစောင့်ဥပဒေဖြစ်ပေါ်လာဖို့
ကြိုးစားနေကြတဲ့ ဆရာတော်တွေနဲ့မျိုးချစ်လူငယ်မောင်မယ်များကို စော်ကားပြီး
ပြောဆိုထားတာကို တွေ့ရတယ်။
ဒီစကားကို ဘာလို့သူပြောသလဲ။ မျိုးရန်နောင်သိမ်းဆိုတာ ဘယ်လိုလူမျိုးလဲ။NLD ပါတီက အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ရဟန်း သံဃာတော်တွေနဲ့မျိုးချစ်လူငယ်တွေကို ဘာကြောင့် စော်ကားတဲ့ စကားပြောခဲ့ရသလဲ၊ ဇတ်လမ်းကတော့ ပုဒ်မ ၅၉ (စ) ကနေ စရတယ် လို့ပြောရမှာပါပဲ။

သံကန့်လန့်ကာ နောက်ကွယ်က
သံကန့်လန့်ကာ နောက်ကွယ်က
* အသက်ခရီးမှာဖြင့်
တစ်ဝက်ကြီး ကျော်ခဲ့ပြီ။
* ထိရောက်စွာ ဘယ်အလုပ်တွင်မှ
ကယ်ဟုတ်စွာ နိုင်ငံအကျိုးကို သည်ပိုးမဆောင်ရွက်နိုင်လို့
စိတ်စက်မကြည်။ * ပါရမီ
ကံလှီထင့်သည့်ဘဝ။
* နိုင်ငံတော်
မှုကုန်ထမ်းဖို့မှာ
ဉာဏ်စွမ်းမယိုမင့်သော်လည်း
ခွင့်လှည့်မကျ။

စိတ်ကောင်း စေတနာကောင်းအစဉ်မွေးပါ
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
စေတနာသည် လူတိုင်းနှင့် ထိုက်တန်ပါ၏။ စေတနာသည် လူတိုင်းနှင့်မထိုက်တန်ဟူ၍ မမှတ်ယူသင့်ပေ။ အဘယ်ကြောင့်ဆိုသော် စေတနာကောင်းရှိသူထံသို့ ကောင်းကျိုးတရားများ ရောက်ရှိပြီး စေတနာဆိုးရှိသူထံသို့ ဆိုးကျိုးတို့ ရောက်ရှိမည်ဖြစ်ရာ ကိုယ်ပြုသည့်ကံ ကိုယ်ထံသာ ပြန်လည်ရောက်ရှိသည်ဖြစ်သောကြောင့် ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းနေအောင်၊ ဘယ်သူတော်တော် မတော်တော် ကိုယ်ကတော် နေအောင် ကြိုးစားရမည်ဖြစ်သည်။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ- တရား ကိုစောင့်ရှောက် သောသူအား တရားက ပြန်လည်စောင့်ရှောက်” ကြောင်း ဘုရားရှင် ဟောကြား ခဲ့ပေသည်။ ထို့ကြောင့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်၊ သူများ မိုးခါးရေသောက်လည်း ကိုယ်မသောက်မိအောင် သတိရှိရှိဖြင့် တရားအသိ အမြဲရှိနေကြရမည်ဖြစ်၏။
ပေါင်မုန့်လေး တစ်လုံး
လွန်ခဲ့တဲ့ နှစ်နှစ် ဆယ် ကျော် ကာလတုန်း က အိမ်ရှင်မ တစ်ယောက် ဟာ သူ့မိသားစု စားဖို့အတွက် ပေါင်မုန့် ဖုတ်နေ ပါတယ်။အဲဒီလို ပေါင်မုန့် ဖုတ်နေရင်း မှာ စိတ်ကူး တစ်ခု ရပြီး ပေါင်မုန့် အပို တစ်လုံး ကိုပါ ဖုတ်လိုက် ပါတယ်။ ပြီးတော့ အဲဒီပေါင်မုန့် ကိုဗိုက်ဆာ နေတဲ့ တစ်ယောက်ယောက် များ ရှိခဲ့ရင် ယူသွား နိုင်ဖို့ အတွက် သူတို့ အိမ်ရှေ့ ပြူတင်း ပေါက် မှာ ထားထား လိုက်ပါတယ်။
Subscribe to:
Posts (Atom)