Sunday, January 27, 2013

ဒေါက်တာမင်းဇော်ဦး(Director of Ceasefire Negotiation and Implementation Myanmar Peace Center) နှင့် တွေ့ဆုံခြင်း

တွေ့ဆုံမေးမြန်းခန်း

"ကေအိုင်အိုက စားပွဲပေါ်တက်လာမယ် အစိုးဘက်ကလည်း လိုလိုလားလားနဲ့ ဆွေးနွေးမယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးအတွက် အောင်မြင်မယ်လို့ ယုံကြည်တယ်။ နံပါတ်တစ်ကတော့ စားပွဲပေါ်တက်လာဖို့ အရေးကြီးတယ်။"

ကရင်တိုင်းရင်းသား ညီလာခံကို ဖေဖော်ဝါရီလလယ်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ပြုလုပ်မည်ြ

ကရင်တိုင်းရင်းသား ညီလာခံကို ဖေဖော်ဝါရီလလယ်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအနေဖြင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်းနှင့် တိုင်ကြားခြင်းများကြောင့် စောင့်ကြည့်စစ်ဆေး ထောက်လှမ်းမှုများ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအနေဖြင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်းနှင့် တိုင်ကြားခြင်းများကြောင့် စောင့်ကြည့်စစ်ဆေး ထောက်လှမ်းမှုများ လုပ်လျှင် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Eleven Media ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါသည်။

ခိုးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ တစ်ဦးအား လက်ဖြတ်စက် အသုံးပြု၍ အပြစ်ပေးနေပုံကို အီရန် သတင်းဌာန တစ်ခုမှ ဖော်ပြခဲ့(ဓါတ်ပုံ)


ယနေ့ ဇန်နဝါရီ ၂၇ရက် နံနက် ၅နာရီခန့်က ပြည်သူ့ရင်ပြင် ရှေ့၌ ကျင်းပခဲ့သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ပြိုင်ပွဲ မြင်ကွင်းများ(ဓါတ်ပုံ)


ကချင်အရေး အမေရိကန် ကြားဝင်ရန် တောင်းဆို


ကချင်ပြည်နယ်တွင် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေး အတွက် အမေရိကန် အစိုးရက ကူညီ ဆောင်ရွက် ပေးရန် အချက် (၅)ချက် ပါဝင်သော တောင်းဆိုစာ တစ်စောင် ကို ထိုင်းနိုင်ငံ ချင်းမိုင် မြို့  ရှိ ကချင် တိုင်းရင်းသား များက တောင်းဆို လိုက်သည်။

၂၀၁၃ ဂျန်န၀ါရီ လ ၂၅ ရက် မနေ.က အီဂျစ်နိုင်ငံကိုင်ရိုမြို.တော်မှာ လူတွေဆန္ဒပြန်ပြနေကြပြီ။ ၂၀၁၁ အာရပ်နွေဦး တော်လှန်ရေး ၂ နှစ်မြောက်အထိန်းအမှတ်--



ဘာသာရေးလွှမ်းမိုးမှုနဲ. ဗဟိုကချုပ်ကိုင် ထားမဲ.မော်ဆီအစိုးရ၏ ဖွဲ.စည်းပုံအသစ်ကို လူတွေကလုံးလုံး လက်မခံနိုင်ဘူးလို. ပြောပြီး လမ်းပေါ်တက်၊ ဆူပူ အသေခံ ပြီး ဆန္ဒတွေပြနေကြခြင်းဖြစ်တယ်။

မီးလို့စ် ဇေမန်း ချက် သမ္မတ ဖြစ်လာ


သမ္မတအဖြစ် အရွေးခံရတဲ့ မီးလို့စ် ဇေမန်းချက်သမ္မတ နိုင်ငံမှာ ပထမဆုံး အကြိမ်အဖြစ် တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့ သမ္မတ ရွေးကောက်ပွဲမှာတော့ အရင်ဆိုရှယ်လစ်ဝန်ကြီးချုပ်ဟောင်း မီးလို့စ်ဇေမန်းက အနိုင်ရရှိ သွားပါတယ်။

မကွေးပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ လူဝတ်လဲခိုင်း

မကွေးပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ လူဝတ်လဲခိုင်းလိုက်ပြီဖြစ်သည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီ ၂၇ ရက်၊ တနဂ်နွေနေ့လည် ၂ နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မကွေးပရိယတ္တိစာသင်တိုက်တွင်ဆရာတော်မှ ပြုလုပ် မည်ဖြစ်ကြောင်း အင်တာနတ်သတင်းစဉ်မှ သတင်းရရှိသည်။ 

ဆရာတော်ဦးပါမောက္ခသည် OIC ရုံးခွဲ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ် မည့်အစီအစဉ်ကိုကန့်ကွက်ခြင်း၊ လက်ပံတောင်းတောင် အရေးကိစ္စကို ကန့်ကွက်ခြင်း စသည်တို့အတွက်ဆန္ဒဖော်ထုတ်ပွဲများပြုလုပ်ရာ တွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည့် သံဃာတော်တစ်ပါးဖြစ်သည်။ 

ဦးပါမောက္ခအား တာဝန်ယူထားသည့် သံဃာ့အဖွဲ့အစည်းရာထူးများမှလည်း ထုတ်ပယ်လိုက်ပြီဖြစ်သည်။ 

သတင်းနှင့် ဓာတ်ပုံ- အင်တာနတ်သတင်းစဉ် (ပုံမှာ စာရွက်ဖတ်နေသော ဦးပါမောက္ခနှင့်
ယခုအခါ လူဝတ်လဲပြီးသွားသော ဦးဂမ္ဘီရတို့ကို တွေ့ရစဉ်)
မကွေးပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ လူဝတ်လဲခိုင်းလိုက် ပြီဖြစ် သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီ ၂၇ ရက်၊ တနဂ်နွေနေ့လည် ၂ နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မကွေးပရိယတ္တိစာသင်တိုက်တွင်ဆရာတော်မှ ပြုလုပ်

ဧရာဝတီ အနောက်ဘက်ခြမ်း ဘဏ်များ အပြိုင်အဆိုင် ဖွင့်လှစ် ဒေသခံ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိလာ

ဧရာဝတီ အနောက်ဘက်ခြမ်း ဘဏ်များ အပြိုင်အဆိုင် ဖွင့်လှစ် ဒေသခံ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိလာ

ဧရာဝတီမြစ် အနောက်ခြမ်း ဒေသတစ်ခွင် ပခုက္ကူ ကျောထောက် နောက်ခံ ဒေသများ ဖြစ်သည့် ယောနယ်၊ ချင်းပြည်နယ်၊ ကလေး၊ တမူးတို့တွင် သွားလာမှု လွယ်ကူ၍ သစ်တောထွက် ပစ္စည်းများ၊ လယ်ယာမြေထွက် သီးနှံမျိုးစုံများ၊ ရေနံ အပါအဝင် သယံဇာတ များပါ ထွက်ရှိသောကြောင့်
စီးပွားရေး ကြွယ်ဝ လာမှုနှင့် အတူ တံခါးဝ မြို့တော်ဖြစ်သည့် ပခုက္ကူမြို့သို့ ဘဏ် လုပ်ငန်းရှင် များမှ ဘဏ်ခွဲများ အပြိုင် အဆိုင် ဖွင့်လှစ် လုပ်ကိုင်လာသည်။

ပခုက္ကူမြို့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင် ငံတော်၏ စီးပွားရေး ဘဏ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များ ဖြစ်ကြသော ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ ပထမ ပုဂ္ဂလိက ဘဏ်၊ ကမ္ဘောဇဘဏ်၊ မွေး/ရေဘဏ်၊ အင်းဝဘဏ်၊ မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်၊ မြဝတီဘဏ်နှင့် ယခု United Amara Bank (ပခုက္ကူဘဏ်ခွဲ) ဖွင့်လှစ် ထားရှိပြီး ဖြစ်သည်။ ပခုက္ကူမြို့သို့ ဘဏ်လုပ်ငန်း ရှင်ကြီးများမှ စီးပွားရေး အသွင်တစ်ရပ် အဖြစ် ဘဏ်များဖွင့်လှစ် လုပ်ကိုင်လာခြင်းကြောင့် လူငယ်များ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိလာပြီး ပခုက္ကူ ဒေသတစ်ခွင် လူမှုစီးပွားရေး အခြေအနေများ မြင့်မားတိုးတက် လာကြောင်း သိရသည်။


http://www.myawady.net.mm/allnews/local/item/5415-2013-01-26-11-08-51#.UQSIRp28B8E

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဧရာဝတီမြစ် အနောက်ခြမ်း ဒေသတစ်ခွင် ပခုက္ကူ ကျောထောက် နောက်ခံ ဒေသများဖြစ်သည့် ယောနယ်၊ ချင်းပြည်နယ်၊ ကလေး၊ တမူးတို့တွင် သွားလာမှု လွယ်ကူ၍ သစ်တော ထွက်ပစ္စည်းများ၊ လယ်ယာမြေထွက် သီးနှံမျိုးစုံများ၊ ရေနံအပါအဝင် သယံဇာတများပါထွက်ရှိသောကြောင့်စီးပွားရေး ကြွယ်ဝလာမှုနှင့်အတူ တံခါးဝမြို့တော်ဖြစ်သည့် ပခုက္ကူမြို့သို့ ဘဏ်လုပ်ငန်းရှင်များမှ ဘဏ်ခွဲ

ကမ္ဘာ့ဒုတိယအကောင်းဆုံး social networking အဖြစ် Google+ ရပ်တည်...

ကမ္ဘာ့ဒုတိယအကောင်းဆုံး social networking အဖြစ် Google+ ရပ်တည်...

လက်ရှိအခြေအနေအရ Facebook ကို အသုံးပြုသူ active user ပေါင်း သန်း၇၀၀ ကျော်ရှိပြီး ပထမနေရာမှရပ်တည်နေပါတယ်။ Google+ ကတော့ဒုတိယနေရာကနေ အသုံးပြုသူ active user ပေါင်း သန်း၃၄၀ကျော်ရှိနေပြီဖြစ်ပါတယ်။ ဒီအခြေအနေတိုင်းဆက်သွားမယ်ဆိုရင် Google+ အသုံးပြုသူများ တစ်နေ့တစ်ခြားတိုးပွားလာဖို့ရှိတယ်လို့ ခန့်မှန်းချက်တွေအရသိရပါတယ်။

Ref: ZDNET

အေးချမ်းမွန်မှ  Info Tech For Myanmar (IT4M) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia   လက်ရှိအခြေအနေအရ Facebook ကို အသုံးပြုသူ active user ပေါင်း သန်း၇၀၀ ကျော်ရှိပြီး ပထမနေရာမှရပ်တည်နေပါတယ်။ Google+ ကတော့ဒုတိယနေရာကနေ အသုံးပြုသူ active user ပေါင်း သန်း၃၄၀ကျော်ရှိနေပြီဖြစ်ပါတယ်။