ဒီဇင်ဘာ ၃ ရက်တွင် ကျ ရောက်သည့် အပြည်ပြည်ဆိုင်ရာ
မသန်စွမ်းသူများနေ့အထိမ်းအ မှတ် အကြိုလှုပ်ရှားမှုပြိုင်ပွဲများမှ
ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ စစ်
ကိုင်းတိုင်းဒေသကြီး မြန်မာနိုင်ငံ မျက်မမြင်များအသင်းရုံးနှင့်
ရောင်ခြည်သစ် မျက်မမြင်ကျောင်းတို့ ၌ ဒီဇင်ဘာ ၂ ရက်က ကျင်းပခဲ့ သည်။
စစ်ကိုင်းတိုင်းဒေသကြီး
မြန် မာနိုင်ငံမျက်မမြင်များအသင်း၊ မြန်မာနိုင်ငံမသန်စွမ်းအရင်းအ မြစ်ဌာန
(မုံရွာ)နှင့် ရောင်ခြည်သစ်မျက်မမြင်ကျောင်းတို့ ပူးပေါင်း၍ ၂၀၁၅
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအခမ်းအနားများ
ကျင်းပခဲ့ခြင်း ဖြစ်သည်။