Saturday, May 25, 2013

လက်နက် အရောင်း အ၀ယ်ဂိုဏ်း ဒက္ကားမြို့တွင် ဖမ်းမိ

မြန်မာ နယ်စပ် အနီး တွင် ဘင်္ဂလာဒေခ်ျ့မှ နယ်ခြားစောင့် တပ်ရင်း တစ်ရင်း တိုးချ

New BGB Battalion opened Burma border

မြန်မာနယ် အနီးတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့မှ ရာမူး (ပန်းဝါ) မြို့နယ်တွင် နယ်ခြားစောင့် ဘီဂျီဘီ တပ်ရင်း တစ်ခုကို တိုးချလိုက်သည်ဟု သိရသည်။

ဂျပန်ဝန်ကြီးချုပ် အာဇာနည်ဗိမာန်ကို သွားရောက်ဂါရ၀ပြု

ဂျပန်ဝန်ကြီးချုပ် အာဇာနည်ဗိမာန်ကို သွားရောက်ဂါရ၀ပြု 

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မေလ ၂၅ရက်နေ့ မနက်က ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကို သွားရောက် ဂါရ၀ပြုနေပုံ မြင်ကွင်း။ (Photos: Reuters) - From : DVB TV News —

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မေလ ၂၅ရက်နေ့ မနက်က ရန်ကုန်မြို့

မေလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ဝ၉၃ဝ နာရီတွင် တွေ့မြင်ရသည့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်

Photo: မေလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ဝ၉၃ဝ နာရီတွင် တွေ့မြင်ရသည့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် တိမ်ထု ဖြစ်ပေါ်မှု အခြေအနေဖြစ်ပါသည်။ လေဖိအားနည်းဆဲလ် သို့မဟုတ် လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေမရှိသေးပါ။

အေးချမ်းမွန် Credit & Copy From >MMweather Page < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
မေလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ဝ၉၃ဝ နာရီတွင် တွေ့မြင်ရသည့် ဘင်္ဂလားပင်လယ်အော်နှင့်

“ရင်သားကင်ဆာ ဓာတ်ရောင်ခြည်ကုထုံးသစ် ဂျပန်တွင် စမ်းသပ်”

Photo: “ရင်သားကင်ဆာ ဓာတ်ရောင်ခြည်ကုထုံးသစ် ဂျပန်တွင် စမ်းသပ်”

ဂျပန်နိုင်ငံမှ ကင်ဆာရောဂါ အထူးကု ဆရာဝန် တစ်ဦးသည် ရင်သားကင်ဆာအတွက် ထိရောက်မှုရှိပြီး ခွဲစိတ်ကုသမှု မပါဝင်သည့် ရေတို ဓာတ်ရောင်ခြည် ကုထုံးသစ်တစ်ခုကို ပထမဆုံးအကြိမ် စတင် စမ်းသပ်လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဒေါက်တာ ကူမီကို ကာရာဆာဝါက သူမအနေဖြင့် အားပြင်းသည့် ion ဓာတ်ရောင်ခြည် ကုထုံးတစ်ခုကို ဆေးရုံဆေးခန်းတွင် အသုံးပြုသည့် ပထမဆုံး စမ်းသပ်မှုကို လုပ်ဆောင်နေခြင်းဟု ရှင်းပြခဲ့သည်။ အမျိုးသား ဓာတ်ရောင်ခြည် သိပ္ပံဌာနကလည်း အဆိုပါ စမ်းသပ်မှုအတွက် ပါဝင်ကူညီ ပံ့ပိုးပေးခဲ့သည်။

ဟောလီးဝုဒ်မင်းသမီး အန်ဂျလီနာ ဂျိုလီ၏ သားမြတ်ဖြတ်ထုတ် ကုသမှုနှင့်အတူ ကမ္ဘာပေါ်တွင် ရင်သားကင်ဆာ တိုက်ဖျက်ရေး လုပ်ငန်းကို တစ်ကမ္ဘာလုံး စိတ်ဝင်စားမှု မြင့်တက်နေချိန်တွင် ယခုကုထုံးသစ်ကို ကာရာဆာဝါက စမ်းသပ်လာခြင်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21618


ဂျပန်နိုင်ငံမှ ကင်ဆာရောဂါ အထူးကုဆရာဝန် တစ်ဦးသည် ရင်သားကင်ဆာအတွက် ထိရောက်မှုရှိပြီး

“လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ် FIFA အဆိုပြု”

Photo: “လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ် FIFA အဆိုပြု”

ဘောလုံးပွဲစဉ်အတွင်း လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က မိတ်ဆက် အဆိုပြုလိုက်ပြီ ဖြစ်သည်။ FIFA က အဆိုပြုလိုက်သည့် အရေးယူမှုအသစ်အရ လူမျိုးရေးခွဲခြားသည့် ကစားသမားကို ၅ ပွဲပယ်ပြစ်ဒဏ် ချမှတ်မည်ဖြစ်သည်။ 

ထို့အတူ တစ်ဖက်အသင်း ကစားသမားအား ပရိသတ်များ အနေဖြင့် လူမျိုးရေးခွဲခြားစော်ကားမှု ပြုမူကြောင်း တွေ့ရှိရပါက ထိုပရိသတ်များ၏ သက်ဆိုင်ရာ ဘောလုံးကလပ်အသင်းအား အမှတ်လျှော့ပြစ်ဒဏ် ချမှတ်သွားမည်ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21619
ဘောလုံးပွဲစဉ်အတွင်း လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်

အိမ်ရိုက် သံဟောင်း ခုနစ်ချောင်း မျိုချခဲ့သူအား ဖြူးမြို့ ပြည်သူ့ ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ် ဖယ်ရှားပေးနိုင်

အိမ်ရိုက် သံဟောင်း ခုနစ်ချောင်း မျိုချခဲ့သူအား ဖြူးမြို့ ပြည်သူ့ ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ် ဖယ်ရှားပေးနိုင်
ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ၌ အိမ်ရိုက်သံဟောင်း ခုနစ်ချောင်း  မျိုချခဲ့သူအား အရေးပေါ်ခွဲစိတ်ပြီး   အသက်ကယ် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဝက်ဘ်ဆိုဒ်များ လွတ်လပ်ခွင့် အဖွဲ့ (Web Freedom Group) ၏ အဖွဲ့ဝင်သစ် FACEBOOK

Photo: ၀က်ဘ်ဆိုဒ်များ လွတ်လပ်ခွင့် အဖွဲ့ (Web Freedom Group) ၏ အဖွဲ့ဝင်သစ် FACEBOOK

Facebook ကုမ္ပဏီသည် အင်တာနက် လွတ်လပ်ခွင့်နှင့် သုံးစွဲသူများ လုံခြုံမှုဆိုင်ရာ အခွင့်အရေးများ မြှင့်တင်နိုင်ရန်
ရည်ရွယ် ဖွဲ့စည်းထားသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်း ကမ္ဘာလုံးဆိုင်ရာ ကွန်ယက် ချိတ်ဆက်မှု ကနဦး အဖွဲ့ (GNI)  ၏ အပြည့်အ၀ အဖွဲ့ဝင်အဖြစ် ယမန်နေ့က ၀င်ရောက်ခဲ့ကြောင်း သိရှိရသည်။

 Facebook သည် ဒီမိုကရေစီနှင့် နည်းပညာစင်တာ ၊ သတင်းထောက်များ ကာကွယ်ရေးနှင့် အီလက် ထရွန်နစ် ဖောင်ဒေးရှင်း အစရှိသည့် IT အဖွဲ့အစည်းများ ၊ Microsoft ၊ Yahoo ၊ Google အစရှိသည့် အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီတို့လည်း အဖွဲ့ဝင်များ အဖြစ် ပါဝင်သည့် GNI တွင် ပထမ တစ်နှစ်တာ ကာလက လေ့လာသူ အဖြစ်သာ ပါဝင်ခွင့်ရခဲ့သည်။
 
ယခုကဲ့သို့ အပြည့်အ၀ အဖွဲ့ဝင်အဖြစ် တရားဝင် ၀င်ရောက်လာပြီး နောက်ပိုင်း Facebook နှင့် အတူတကွ လက်တွဲကာ ကမ္ဘာတစ်ဝှမ်း အင်တာနက် သုံးစွဲသူများအတွက် တစ်ဦး တစ်ယောက်ချင်း လုံခြုံမှုများ ၊ 

Network ကွန်ယက် ချိတ်ဆက်မှုများတို့နှင့် ပတ်သက်ပြီး လွတ်လပ်စွာ လုပ်ဆောင် သွားနိုင်ရန် မျှော်လင့်ကြောင်း ၊ GNI အဖွဲ့ဝင်များ အနေဖြင့် အချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများမှတဆင့် ကမ္ဘာ့နိုင်ငံ အသီးသီး၏ နိုင်ငံရေး ၊ 

စီးပွားရေးနှင့် လူမှုအရေး အခန်းကဏ္ဍများ အတွက် တဖက်တလမ်းမှ ထောက်ကူပေးနေသည့် အကျိုးရလာဒ်ကောင်းများ ပေါ်ထွက် လာစေရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း GNI အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးဖြစ်သည့် Susan Morgan က ပြောကြားခဲ့သည်။

 Facebook အနေဖြင့်လည်း အဖွဲ့အစည်းမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လူ့အခွင့်အရေး လွတ်လပ်မှု အပြည့်ဖြင့် အင်တာနက် ၀န်ဆောင်မှုများအား ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ပါဝင် ပူးပေါင်းသွားမည် ဖြစ်ကြောင်း Facebook မှ ဒုဥက္ကဌ Elliot Schrage ကလည်း ပြန်လည် ကတိပြု ပြောကြားခဲ့သည်။
 
Source: AFP

MRTV4
Facebook ကုမ္ပဏီသည် အင်တာနက်လွတ်လပ်ခွင့်နှင့် သုံးစွဲသူများလုံခြုံမှုဆိုင်ရာ အခွင့်အရေး များ မြှင့်တင်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း ကမ္ဘာလုံးဆိုင်ရာ

အင်းစိန်မြို့နယ်တွင် အသက် ၅၀ ခန့်ရှိ စိတ်ကျန်းမာရေးမကောင်းသူအားမုဒိမ်းမှုကျူးလွန်

၂၃.၅.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ မ---- သည် အတူနေ စိတ် ကျန်းမားရေး မကောင်းသူမိခင် ဒေါ်------၊ (၅၀) နှစ် နှင့်အတူ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ တီဗွီ

ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့ရေး ဆွေးနွေး

Photo: ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့ရေး ဆွေးနွေး

နောင်လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးမှာ ပညာသင်ကြားဖို့ ခက်ခဲနေသေးတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့မှုတွေ ပေါ်ထွက်လာနိုင်အောင် သမ္မတဆီတင်ပြဖို့ စီစဉ်ထားတယ်လို့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားကလေးများ ပညာသင်ထောက်ပံ့ခြင်း အလုပ်ရုံဆွေးနွေးပွဲကိုစီစဉ်တဲ့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာစိုးနောင်က အဲသလို ပြောကြားခဲ့တာပါ။

"ကလေးတွေကို မြေတောင်မြှောက်ပေးခြင်းအားဖြင့် ကလေးတွေရဲ့ဘဝကို ဂရုစိုက်ပေးခြင်းအားဖြင့် လာမယ့် ၂ဝ၁၄၊ ၂ဝ၁၅ မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလုပ်ငန်းကိုလုပ်နိုင်အောင် ကြိုးစားပြီးတော့ အကောင်အထည်ဖော်နိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံဟာ လာမယ့် ၁ဝ နှစ်၊ ၁၅ နှစ်အတွင်းမှာ ဆင်းရဲမွဲတေမှုတွေလည်း လျော့ကျသွားမယ်၊ မှုခင်းတွေလည်းလျော့ကျသွားမယ်၊ ပိုပြီးတော့ အေးချမ်းသာယာဝပြောတဲ့ တိုင်းပြည်ဖြစ်လာမယ်"

ဆင်းရဲနွမ်းပါးသူ မိဘတွေရဲ့ သားသမီးတွေ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်းထဲက ဆင်းရဲသားလူတန်းစားတွေ အများစုနေထိုင်ကြတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီ၊ တောင်ဒဂုံစတဲ့ မြို့နယ်တွေက ဆရာ၊ ဆရာမတွေ တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
နောင်လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးမှာ ပညာသင်ကြားဖို့ ခက်ခဲနေသေးတဲ့