Thursday, April 23, 2015

ယူကရိန်း အပစ်ရပ်ရေးတွင် ရုရှက စည်းကမ်းချိုးဖောက်နေဟု အမေရိကန် စွပ်စွဲ

(ဝါရှင်တန်)။ ။ ယူကရိန်းအရှေ့ပိုင်းတွင် ရုရှနိုင်ငံက လေကြောင်း ကာကွယ်ရေးစနစ်များ ပိုမိုတိုးချဲ့ဖြန့်ကြက်လျက် ရှိခြင်းဖြင့် အပစ်ရပ်သဘောတူညီမှုကို ချိုးဖောက်နေသည်ဟု အမေရိကန်က စွပ်စွဲပြောဆိုလိုက်သည်။
Ukraine-Russia
ရုရှက ခွဲထွက်ရေးတပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် နယ်စပ်တစ်လျှောက်တွင် တပ်ဖွဲ့များတည်ဆောက်လျက် ရှိကြောင်းလည်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

၂၀၁၅ခုနှစ် Martin Ennals ဆုအတွက် ရွေးချယ်ခံရသည့် လူ့အခွင့်အရေး ကာကွယ်သူသုံးဦးတွင် မြန်မာရှေ့နေ ဦးရောဘတ်စန်းအောင်ပါဝင်

martinennals
ကိုယ်ကျိုးစွန့်ရမည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နရစဉ်တွင် သတ္တိနှင့် မဆုတ်မနစ်သော သန္နိဌာန်ကို ထုတ်ဖော်ပြသခဲ့ကြသည့် လူ့အခွင့်အရေး ရပ်ခံကာကွယ်သူများ (Human Rights Defenders)အား နိုင်ငံတကာ လူ့အခွင့်အရေးအသိုက်အ၀န်းက ရွေူးချယ်အပ်နှင်းသည့် ဆုဖြစ်သည်။ ဆုအပ်နှင်းရခြင်း၏ ရည်ရွယ်ချက်မှာ အဆိုပါ လူ့အခွင့်အရေးရပ်ခံကာကွယ်သူများအား ယခင်ကထက် လူသိများထင်ရှားစေခြင်းဖြင့် ၎င်းတို့၏ အလုပ်ကို မီးမောင်းထိုးပြရန်နှင့် ကာကွယ်ရန်ဖြစ်သည်။  

ရခိုင်စစ်ဘေး ဒုက္ခသည်များထံ သွားရောက် ကူညီနိုင်ရေး နယ်/လုံ ဝန်ကြီးနဲ့ တွေ့ဆုံရန် ကြိုးပမ်းမှု အဆင်မပြေသေး ဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရတပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေရသည့် ရခိုင်တိုင်းရင်းသား ဒေသခံများထံ သွားရောက် ကူညီခွင့်ရရေးအတွက် ရခိုင်ပြည်နယ်  နယ်/လုံ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့်
တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းမှု အဆင်မပြေသေးဟု တွေ့ဆုံခွင့်ရရေး ကြိုး ပမ်းနေသူ  စစ်ဘေးဒဏ်သင့်ပြည်သူများ ထောက်ပံရေး
ကော်မတီ အဖွဲ့ဝင် ကိုဇော်ဝင်းက မဇ္ဈိမကို ပြောသည်။
ကျောက်တော်မြို့နယ်နှင့် ၁၄ မိုင်ခန့်အကွာ စစ်ဘေးဒဏ်သင့် ပြည်သူများ ခိုလုံနေသည့် စပါးဆိပ်ကျေးရွာသို့  စားနပ်ရိက္ခာများ ကူညီရန် သွားရောက်မှု တားမြစ်ပိတ်ပင်ခံရသဖြင့် ကူညီပေးရန် နယ်/လုံ ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခွင့် ကြိုးပမ်းနေရခြင်းဖြစ်သည်ဟု ဦးဇော်ဝင်းက ဆိုသည်။
စားနပ်ရိက္ခာများ ကူညီရန် ကျောက်တော်မြို့မှ စစ်ဘေးဒဏ်သင့်ပြည်သူများ ထောက်ပံရေးကော်မတီ အဖွဲ့ဝင်များ စားနပ်ရိက္ခာများဖြင့် ထွက်လာစဉ် ဝလာရွာအရောက် အစိုးရ တပ်မတော် ဂိတ်က တိုက်ပွဲများ ဖြစ်ပွားနေ၍ အထက်အရာရှိ၏ ညွန်ကြားချက်အရ ဖြတ်သန်းခွင့် မပြုခဲ့ဟု ၎င်းက ဆိုသည်။

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲရလဒ် ဒေါက်တာ အေးမောင် ရှင်းပြခြင်း မရှိဟု SNLD ကြေညာချက်ထုတ်

ရန်ကုန် (မဇ္ဈိမ)။ ။ ဧပြီ  ၁၀ ရက်က သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲသို့ တိုင်းရင်းသား ကိုယ်စားပြု တက်ရောက်ခဲ့သည့် ရခိုင်တိုင်းရင်းသား အမတ်ဖြစ်သူ ဒေါက်တာ အေးမောင်က ဆွေးနွေးပွဲရလဒ်ကို တစ်စုံတစ်ရာ ရှင်းပြခဲ့ခြင်း အလျဉ်းမရှိဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ဧပြီ ၂၂ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
"ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒေါက်တာ အေးမောင်နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ပါ။ ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲသို့ တက်ရောက်စဉ်ကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြု တက်ရောက်ခဲ့ခြင်း မဟုတ်ပါ။ ဆွေးနွေးပွဲပြီး ပြန်လည်ရှင်းပြသည်ဟု ဆိုရာတွင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှင်းပြခြင်း လုံးဝမရှိခဲ့ပါ" ဟု SNLD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။  

ရခိုင်သောင်းကျန်းသူဟု နိုင်ငံပိုင်သတင်းဌာနများ သုံးနှုန်းမှု ပြန်ကြားရေးဝန်ကြီးဌာနထံ ကန့်ကွက်စာ ပေးပို့မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်တပ်မတော် (AA) နှင့် အစိုးရတပ်မတော်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်သည့် သတင်းကို နိုင်ငံပိုင် သတင်းဌာနများက ဖော်ပြရာတွင် ရခိုင်သောင်းကျန်းသူ အဖွဲ့ဟု သုံးနှုန်းလိုက်ခြင်းအပေါ် ပြန်ကြားရေးဝန်ကြီးဌာနထံ ကန့်ကွက်စာ ပေးပို့မည်ဖြစ်သည်ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင့်ထူးအောင်က မဇ္ဈိမကို ပြောသည်။
ဧပြီလ ၈ ရက် MRTV သတင်းဌာနက  ရခိုင်သောင်းကျန်းသူ အဖွဲ့ဟု သုံးနှုန်းခဲ့ပြီး နိုင်ငံပိုင် သတင်းစာများ၊  တပ်မတော်ပိုင် မြဝတီ ရုပ်မြင်သံကြား၊  မြဝတီသတင်းစာတို့ကလည်း ရခိုင်သောင်းကျန်းသူ ဟူသော အသုံးအနှုန်းဖြင့် ဖော်ပြခဲ့သေးသည်။

မျက်နှာဖုံးစွပ် ဆန္ဒထုတ်ဖော်သူအဖွဲ့တွင် ဖမ်းဝရမ်းထုတ်ထားသည့် ကျောင်းသားခေါင်းဆောင်များ ပါဝင်ဟုဆို

ရန်ကုန်မြို့တော်ရှိ လူစည်ကားရာ နေရာများတွင် လျှပ်တစ်ပြက် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့သည့် မျက်နှာဖုံးစွပ် ဆန္ဒထုတ်ဖော်သူအဖွဲ့ (Anonymous-Burma) တွင် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြပွဲမှ ဖမ်းဝရမ်းထုတ်ခံထားရသည့် ကျောင်းသားခေါင်းဆောင်များ ပါဝင်နေသည်ကို စုံစမ်းသိရှိရကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“မျက်နှာဖုံးစွပ်ပြီး ဆန္ဒဖော်ထုတ်တာကို ရဲတပ်ဖွဲ့အပြင် စရဖနဲ့ SB အဖွဲ့တွေ ပူးပေါင်းစုံစမ်းခဲ့တဲ့အခါမှာ ဖမ်းမိထားတဲ့ ကျောင်းသားခေါင်းဆောင် အချို့ရဲ့ စစ်ဆေးထွက်ဆိုချက်အရ မျက်နှာဖုံးစွပ်အဖွဲ့မှာ ဖမ်းဝရမ်းထုတ်ထားတဲ့ ကျောင်းသားခေါင်းဆောင်တွေ ပါဝင်နေတယ်လို့ သိရတယ်။ ခိုင်လုံတဲ့ သက်သေရအောင် ရဲတပ်ဖွဲ့က တည်ဆောက်နေပြီး လွတ်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုလည်း ဖမ်းမိဖို့ စုံစမ်းနေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ခိုလှုံခွင့်တောင်းခံသူတွေ သြစတြေးလျ လက်ခံတော့မည်မဟုတ်



ပစိဖိတ်သမုဒ္ဒရာမှာရှိတဲ့ Nauru ကျွန်းမှာ ထိန်းသိမ်းခံထားရတဲ့ ခိုလှုံခွင့်တောင်းခံသူတွေအနေနဲ့ သူတို့ကို ကမ်းလှမ်းထားတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ သွားရောက်ပြီးတော့ အခြေချဖို့ အစီအစဉ်ကို လက်ခံကြဖို့အတွက် သြစတြေးလျ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ဗွီဒီယိုတိတ်ခွေနဲ့ ပေးပို့လိုက်တဲ့ မိန့်ခွန်းထဲမှာ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။

ပန်ဆန်းညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုသာ ဖိတ်ကြားထားပြီး ကျန်အဖွဲ့များကို ထပ်တိုးဖိတ်ကြားမည် မဟုတ်ဟု UWSA အတည်ပြု ပြောကြား

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ ညီလာခံ (တတိယအကြိမ်) ကို ၂၀၁၄ ဇူလိုင်တွင် ကချင်ပြည်နယ် လိုင်ဇာ၌ ပြုလုပ်စဉ်
‘၀’ ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းဒေသတွင် လာမည့် မေ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်များတွင် ပြုလုပ်ရန် စီစဉ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံသို့ တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုသာ ဖိတ်ကြားထားပြီး ဖိတ်ကြားရန် ကျန်နေသည့် အဖွဲ့များကို ထပ်မံတိုး၍ ဖိတ်ဖြစ်တော့မည် မဟုတ်ကြောင်း UWSP/UWSA ၏ ဗဟိုရုံး အတွင်းရေးမှူး ဦးအောင်မြင့်က ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။

မိုင်းလားဥက္ကဌ စိုင်းလင်းနှင့် တန်ပေါင်းထောင်ချီသောမူးယစ်ဆေးဝါးများ

မကြာသေးမီက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ဦးစိုင်းလင်း ပိုင်ဆိုင်သော တန်ပေါင်းထောင်ချီသည့်မူးယစ်ဆေးဝါးမြောက်မြားစွာတို့သည် တရုတ်နိုင်ငံမှတဆင့်နယ်စပ်သို့ ဖြတ်ကျော်ကာရောက်ရှိလာခဲ့ကြောင်း သတင်းရရှိခဲ့သည်။
မိုင်းလားဒေသ၏ ဥက္ကဌဖြစ်သူဦးစိုင်းလင်းအနေဖြင့် သူ၏ဒေသအတွင်း ကာစီနိုလောင်းကစားရုံများ၊ KTV ခန်းမများ၊ အမျိုးသမီးငယ်ပေါင်းမြောက်များစွာရှိသည့်ပျော်ပွဲစားရုံများစွာဖွင့်လှစ်ထားလျက်ရှိပြီး မူးယစ်ဆေးဝါး နှင့် စိတ်ကြွဆေးဖြန့်ဖြူးရောင်းချခြင်းများကိုလည်း တွင်ကျယ်စွာလုပ်ကိုင်လျှက်ရှိပေသည်။

ကိုးကန့်၊ တအောင်းနဲ့ ရက္ခိုင့် တပ်မတော် ၃ဖွဲ့လုံး ညီလာခံ တက်မည်


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာန ချုပ်ရှိရာ ပန်ဆန်းမြို့မှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ညီလာခံကို ရက္ခိုင့်တပ်မတော် AA၊ တအာင်း ပလောင် လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ တက်ရောက် မှာဖြစ်တယ်လို့ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေ က ပြောပါတယ်။
အစိုးရတပ်မတော်က အဲဒီအဖွဲ့ ၃ဖွဲ့ကို ညီလာခံကို မဖိတ် ဖို့ UWSA ထံ အစိုးရက ပြောထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အစည်းအဝေးကို တက်ရောက် မှာဖြစ်ကြောင်း အကြောင်းပြန်ထားတယ်လို့ ရက္ခိုင့် တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

တပ်မတော်စစ်ကြောင်းနှင့် လက်နက်ကိုင်အချို့ ထိတွေ့ တိုက်ပွဲဖြစ် ပွားပြီး သောင်းကျန်းသူ (၂) ဦးထပ်မံ ဖမ်းဆီးရမိ


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပြုနေသည့် လက်နက် ကိုင်အချို့ အား တပ်မတော်စစ်ကြောင်းများက ထပ်ကြပ်လိုက်လံ ရှင်းလင်း လျက်ရှိရာ ဧပြီ ၂၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ပိန္နဲချောင်းရွာ အနာက် မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ လက်နက်ကိုင်အင်အား အချို့နှင့် ထိတွေ့ တိုက်ပွဲထပ်မံ ဖြစ်ပွားပြီး လက်နက်ကိုင် များ မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

သတင်းသမား နဲ့ တက်ကြွလှုပ်ရှားသူ



ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ သတင်းမီဒီယာသမားတွေကို ဘယ်လို အကဲဖြတ်ကြပါသလဲ၊ မီဒီယာသမားနဲ့ တက်ကြွလှုပ်ရှားသူ ဘယ်လို ကွဲပြားသလဲ။ ကွယ်လွန်သူ ဥိးဝင်းတင်ရဲ့  သတင်းသမား ရုပ်ပုံလွှာနဲ့ နိုင်ငံရေး ရုပ်ပုံလွှာတို့ ကို ဦးဝင်းတင်အထိမ်းအမှတ် နှစ်ပတ်လည်နေ့ ဂုဏ်ပြုအစီအစဉ်အဖြစ် ဒေါက်တာဦးအောင်ခင်၊ ဦးကျော်ရင်မြင့် တို့နဲ့ ဦးကျော်ဇံသာ က သုံးသပ်ဆွေးနွေးထားပါတယ်။