Tuesday, September 30, 2014

ဝဋ်နာ ကံနာလေလား အင်ဒိုနီးရှားက မြွေလူသား

Wibowo
အင်ဒိုနီးရှား နိုင်ငံမှ အသက် ၁၆နှစ် အရွယ် ယောက်ျားလေး တစ်ဦးသည် ၎င်း၏ ခြောက်သွေ့ သည့် အရေပြားက မြွေတစ်ကောင် ကဲ့သို့ အကြေးခွံများ ပါရှိနေပြီး ၄၁ ရက်တွင် တစ်ကြိမ်ကျ အရေခွံ လဲတတ် သောကြောင့် “မြွေလူသား” ဟုပင် အခေါ်ခံ နေရသည်။
ဘန်တန် ပြည်နယ် တန်ဂါရန်တွင် နေထိုင်လျက် ရှိသည့် အရီဝီ ဘိုဝို ဆိုသည့် ဆယ်ကျောက်သက် ကျောင်းသားလေးသည် ၎င်း၏ အကြေးခွံ

တစ်ဖက်နိုင်ငွံRSO အဖွဲ့တွင် သင်တန်းတက်ရောက်ပြီး ပြန်လာသူဘင်္ဂါလီတစ်ဦးအား ဖမ်းဆီးရမိ၊ ကွင်းဆက်များအား သက်ဆိုင်ရာကဆက်လက်ဖော်ထုတ်နေ

တစ်ဖက်နိုင်ငံ RSO အဖွဲ့တွင်သင် တန်းတက်ရောက်ပြီး ပြန်လာသူ ဘင်္ဂါလီတစ်ဦးကို မောင်တောနယ် စပ် ကျီးကန်းပြင် နယ်ခြားစောင့်ရဲ စစ်ဆေးရေးဂိတ်မှ စက်တင်ဘာ ၂၅ရက်က ဖမ်းဆီးရမိခဲ့ပြီး ကွင်း ဆက်များအား ဆက်လက်ဖော်ထုတ် နေကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ မှ သိရသည်။

မန်းဝန်ကြီးချုပ်ဖလားပွဲတွင် ကစားသမားများ ဝိုင်းထိုး၍ ကွင်းလယ်ဒိုင် ဆေးရုံရောက်

Photo: မန်းဝန်ကြီးချုပ်ဖလားပွဲတွင် ကစားသမားများ ဝိုင်းထိုး၍ ကွင်းလယ်ဒိုင် ဆေးရုံရောက်
Tuesday, September 30, 2014

မန္တလေးတိုင်းဝန်ကြီးချုပ် ဖလား ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲအဖြစ် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကွင်းလယ်ဒိုင်လူ ကြီးအား စစ်ကိုင်းတိုင်း ဘောလုံး အသင်းသားများက ဝိုင်းဝန်းထိုး ကြိတ်ကြသဖြင့် ပွဲကိုရပ်နား၍ ဒိုင်လူကြီးအား ဆေးရုံသို့ပို့ဆောင် ပေးလိုက်ရကြောင်း သတင်းရရှိ သည်။

စက်တင်ဘာ ၂၉ ရက် ည နေက မန္တလာသီရိအားကစား ကွင်းတွင် မန္တလေးတိုင်းဝန်ကြီး ချုပ်ဖလား ဘောလုံးပြိုင်ပွဲ ယှဉ် ပြိုင်ကစားကြရာ မိနစ် ၆၀ ကျော်၌ တစ်ဖက်တစ်ဂိုးစီ သရေကျနေ ချိန်တွင် မကွေးတိုင်းအသင်းက ပင်နယ်တီ ရသွားခဲ့သည်။

ပင်နယ်တီ ပေးရသည်ကို မကျေနပ်၍ စစ်ကိုင်းတိုင်း ဘော လုံးနည်းပြက ၎င်း၏ ကစားသမားများအားကွင်းပြင်သို့ ထွက်ခိုင်း၍ ၁၅ မိနစ်ခန့် ပွဲရပ်နားထားရသည်။

ပြိုင်ပွဲတာဝန်ရှိသူများက ပွဲဆက်လက်ကစားခိုင်းရာ မိနစ် ၈၀ ဝန်းကျင်အချိန်တွင် စစ်ကိုင်းတိုင်းအသင်းဘက်သို့ မကွေးတိုင်းအသင်း ပြစ်ဒဏ်ဘောရရှိရာမှ စစ်ကိုင်းတိုင်းနည်းပြက ကွင်းလယ်ဒိုင်လူကြီးအား စတင်ထိုးကြိတ်၍ အသင်း၏ အရန်ကစားသမားများ အားလုံးကပါ ဝိုင်းဝန်းထိုးကြိတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‘‘ပွဲစဉ်အဆုံးအဖြတ်ကို မနက်ဖြန်ကျမှ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်သွားမှာပါ။ ဒိုင်လူကြီးက ဆေးရုံမှာဆိုပေမယ့် အခြေအနေကောင်းပါတယ်’’ ဟု မန္တလေးတိုင်းအားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဇင်က ပြောသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ကိုင်တွယ်သော ကွင်းလယ်ဒိုင်လူကြီးမှာ အမှားများပြုလုပ်ခြင်းမရှိကြောင်း ပရိသတ်တစ်ဦးက ပြောကြားသည်။

‘‘ဒိုင်လူကြီးကလည်း ဘက်မလိုက်ပါဘူး။ ဒုတိယပိုင်း အစကတည်းက စစ်ကိုင်းတိုင်းအသင်းနည်းပြက ပြဿနာရှာနေတာ။ မကွေးဘက်ကို ပင်နယ်တီပေးကတည်းက စဖြစ်နေတာ။ စစ်ကိုင်းအသင်းက လူတော်တော်များများ က ဝိုင်းထိုးကြတာပဲ။ တစ်ဖက် တစ်ဂိုးစီနဲ့ ဖြစ်နေတုန်းမှာ ပွဲပြီးသွားတာ။ ပင်နယ်တီပေးတာကလည်း ဂိုးမဝင်ပါဘူး။ ဒါကို ပြဿနာက မပြီးသေးတာပါ’’ ဟု ၎င်းကပြောသည်။

7 Day Daily

ကစားသမားများက ကွင်းလယ်ဒိုင်အား ထိုးကြိတ်မှုဖြစ်ပွားပြီးနောက် ဘောလုံးကွင်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကစားသမားများနှင့် တာဝန်ရှိသူများကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးမင်းလွင်)
 မန္တလေးတိုင်းဝန်ကြီးချုပ် ဖလား ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲအဖြစ် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကွင်းလယ်ဒိုင်လူ ကြီးအား စစ်ကိုင်းတိုင်း ဘောလုံး အသင်းသားများက ဝိုင်းဝန်းထိုး ကြိတ်ကြသဖြင့် ပွဲကိုရပ်နား၍ ဒိုင်လူကြီးအား ဆေးရုံသို့ ပို့ဆောင် ပေးလိုက် ရကြောင်း သတင်းရရှိ သည်။

ဂျီဟတ်ခြိမ်းခြောက်မှု သီရိလင်္ကာ ဗုဒ္ဓဘာသာဝင်များနှင့် ၉၆၉ အဖွဲ့တို့ ပူးပေါင်းရင်ဆိုင်သွားမည်ဟု ဦးဝီရသူမိန့်

U-Wirathu-1
ဂျီဟတ်တို့၏ ခြိမ်းခြောက်မှုများအတွက် မြန်မာနိုင်ငံမှ ၉၆၉ အဖွဲ့နှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အင်အားစု Bodu Bala Sena -BBS တို့ပူးပေါင်းကာ ရင်ဆိုင်သွားမည်ဟု ဆရာတော် ဦးဝီရသူက စက်တင်ဘာ ၂၈ ရက်တွင် မိန့်ကြားလိုက်သည်။
သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ဦးဝီရသူကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) သီရိလင်္ကာနိုင်ငံသို့ ရောက် ရှိနေသည့် ဦးဝီရသူက

အသက် ခန့်မှန်းရခက်တဲ့ ထိုင်း မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးကြီးများ


01. Ranya Siyanon (Age: 46)
အစားအသောက် ဆင်ခြင်ပြီး အသားရေ ခန္ဓာကိုယ် ထိမ်းသိမ်း စောင့်ရှောက်မှုနဲ့ ကျန်းမာရေး အားကစား လိုက်စားမှု တွေကြောင့် သူမတို့ တတွေကို အပြင်မှာ တွေ့ခဲ့မယ် ဆိုရင် အသက် ခန့်မှန်းရ ခက်ပါလိမ့်မယ်။ အဲဒီထဲက နာမည်ကြီး သရုပ်ဆောင် အချို့ကို ဖော်ပြပေး လိုက်ပါတယ်။


ညီအစ်ကိုချင်းစကားများရန်ဖြစ်ရာမှကျောက်ပျဉ်ဖြင့်ထု၍အစ်ကိုသေဆုံး


မကွေးတိုင်းဒေသကြီးသရက်ခရိုင်အောင်လံမြို့စက်ရုံရပ်ကွက်ပြည်
တော်အေး(၃)လမ်းတွင်စက်တင်ဘာ၁၈ရက်ည ၉ နာရီခန့်က တရားလို
မအိအိဝင်းနှင့်အစ်ကိုဖြစ်သူ အောင်အောင်လွင်တို့ နေအိမ်၌ရှိနေစဉ်ညီအစ်
ကိုအရင်းဖြစ်သူ ကျော်ကျော်လွင်ကအရက်မူး၍ ရောက်ရှိလာပြီး ညီအစ်ကို
ချင်းတစ်ယောက်တစ်ခွန်း စကားများရာကျော်ကျော်လွင်၏ဇနီးပန်းအိဖြူ တုတ်
ကိုင်၍ ရောက်ရှိလာပြီးညစ်ညမ်းစွာဆဲဆိုကာမအိအိဝင်းက၀င်ရောက်
ဖျန်ဖြေစဉ် ကျော်ကျော်လွင်က အနီးရှိကျောက်ပျဉ်ဖြင့် အောင်အောင်လွင်အား

တရုတ်တွင် မွတ်ဆလင် ဘာသာရေး အကြီးအကဲကို သတ်မှုဖြင့် ဆယ်ကျော်သက် နှစ်ဦးကို သေဒဏ်ချမှတ်

Photo: တရုတ်တွင် မွတ်ဆလင် ဘာသာရေး အကြီးအကဲကို သတ်မှုဖြင့် ဆယ်ကျော်သက် နှစ်ဦးကို သေဒဏ်ချမှတ်
Tuesday, September 30, 2014

တရုတ်နိုင်ငံတွင် မွတ်ဆလင် ဘာသာရေး အကြီးအကဲတစ်ဦးကို သတ်ဖြတ်မှုဖြင့် ဆယ်ကျော်သက်နှစ်ဦးကို ဒေသတွင်း တရားရုံးတစ်ခုက သေဒဏ်ချမှတ်လိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
ဂန်နီဟက်ဆန်နှင့် နာမီမက်အဘီဒီလီမက်တို့ နှစ်ဦးကို အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းမှု၊ လူသတ်မှုတို့ဖြင့် ကက်ရှ်ဂါ တရားရုံးက တနင်္ဂနွေနေ့တွင် သေဒဏ်ချမှတ်လိုက်သည်။
ကြံရာပါတစ်ဦး ဖြစ်သည့် အက်တဝူ လာတာဆန်ကိုမူ အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းမှုနှင့် လူသတ်မှုတွင် ပူးပေါင်းကြံစည်မှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည်။

ဂန်နီဟက်ဆန် ဦးဆောင်သော အဖွဲ့သည် ဘာသာရေး အစွန်းရောက် အယူအဆများ လွှမ်းမိုးခံနေရသော အဖွဲ့ဖြစ်ပြီး ထင်ရှားသော ဘာသာရေး ခေါင်းဆောင်များကို သတ်ဖြတ်ရန် ၎င်း၏အဖွဲ့သားများကို လေ့ကျင့်ပေးနေသော အဖွဲ့ဖြစ်သည်ဟု တရားရုံးက ကြေညာခဲ့ကြောင်း Xinhua သတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။
အဘီဒီလီမက်နှင့် အခြားသူနှစ်ဦးသည် ကက်ရှ်ဂါမြို့ရှိ နှစ် ၆၀၀ သက်တမ်းရှိ ဗလီ၏ အကြီးအကဲ ဂျူမီတာဟဲကို ဇူလိုင်လ ၃၀ ရက်နေ့က သတ်ဖြတ်ခဲ့ကြောင်းနှင့် ဗလီကို ဝင်ရောက်အကြမ်းဖက် တိုက်ခိုက်ခဲ့မှုတွင် ပါဝင်သော အခြားသူများမှာမူ ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းစာ China Daily က ဖော်ပြခဲ့သည်။
မွတ်ဆလင် ဘာသာရေးခေါင်းဆောင် ဂျူမီတာဟဲသည် ကိုရမ်ကျမ်းစာကို မိမိလိုရာဆွဲ အဓိပ္ပာယ်ဖွင့်ဆိုကာ ဟောပြောလျက် ရှိသည်ဟု ဟက်ဆန်က ယုံကြည်ခဲ့ပြီး ဂျူမီတာဟဲကဲ့သို့သော ထင်ရှားသည့် ဘာသာရေး ခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်ခြင်းဖြင့် လူအများ အာရုံစိုက်စရာ ဖြစ်လိမ့်မည်ဟု ယူဆကာ သတ်ဖြတ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်ဟု China Daily က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ မွတ်ဆလင် အူဂါလူမျိုးစုများ အများဆုံးနေထိုင်ရာ ရှင်ကျန်းဒေသတွင် ပြီးခဲ့သော တစ်နှစ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် တရုတ်အာဏာပိုင်များက အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ကာ တရားရုံးများကလည်း အကြမ်းဖက်မှု ကျူးလွန်သူများကို ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်လျက်ရှိရာ ကူမင်းဓားခုတ်မှု တရားခံသုံးဦးကိုလည်း စက်တင်ဘာလ အစောပိုင်းက သေဒဏ်ပြစ်ဒဏ်များ ချမှတ်ခဲ့သေးသည်။

The Voice Weekly
တရုတ်နိုင်ငံတွင် မွတ်ဆလင် ဘာသာရေး အကြီးအကဲတစ်ဦးကို သတ်ဖြတ်မှုဖြင့် ဆယ်ကျော်သက်နှစ်ဦးကို ဒေသတွင်း တရားရုံးတစ်ခုက သေဒဏ်ချမှတ်လိုက်ကြောင်း CNA သတင်း

အမျိုးသားတစ်ဦးရေချိုးမယ်ဆိုပြီးအတွင်းခံမပါဘဲထိုင်ခုံပေါ်တက်ထိုင်စဉ် (++) ဥ’’ ညှစ်ကာ အရေးပေါ် (၁၁၉) ခေါ်လိုက်ရ

ထိုင်ဝမ်တွင်အသက်( ၆၅ )နှစ်ဦးလေးကြီး တစ်ယောက် ရေချိုးမယ် ဆိုပြီး အတွင်းခံ မပါဘဲ ယခုကဲ့သို့  ဓါတ်ပုံအတိုင်း ပလတ်စတစ် ထိုင်ခုံပေါ်ခဏထိုင်လိုက်၍  (ဥ)ဟိုဒင်းတစ်လုံးက ခုံအပေါက်ထဲဝင်ပြီး  ခံနေလို့ ၁၁၉ ခေါ်ရလိုက်ရကြောင်း တရုတ်သတင်းစာမျက်နှာ တစ်ခုတွင်ဖော်ပြ ထားသည်။

Ei Chaw Po

Ei Chaw Po - The Most Popular Top 10 Photos in September

ကိုးလအတွင်း ပေါင် ၇၀ ဝိတ်ချနိုင်ခဲ့တဲ့ သတို့သမီးလောင်း



သူမ အမည်ဟာ Kirsty Thomas လို့ခေါ်ပါတယ်။ အသက် ၂၅ နှစ်သာ ရှိသေးပြီး ကိုးလ အတွင်း ပေါင် ၇၀ လျော့ချနိုင်မှုကြောင့် ဗြိတိန်မှာ နာမည်ကြီးတဲ့ အမျိုးသမး တစ်ဦး ဖြစ်လာပါတယ်။ သူ့ချစ်သူနဲ့ လက်ထက်ကို အချိန်ကို ရောက်ဖို့ အတွက် ကိုးလလောက် လိုပါသေးတယ်။ မင်္ဂလာဆောင် ဂါဝန်ရွေးတော့ သူမဟာ လက်ရှိ ပေါင်ချိန် ၂၂၀ နဲ့ လိုက်ဖက်တဲ့ size 16 ကို မရွေးပဲ size 8 ကို ရွေးချယ်ခဲ့ပါတယ်။

မြေးဖြစ်သူကို ဘီလူးဝင်စီးသည်ဟု ထင်မှတ်မှားကာ ရေနစ်သတ်

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၈၆) ရပ်ကွက်တွင် လွန်ခဲ့သော လေးရက်က ရေနစ်သေဆုံး ခဲ့သော ၂ နှစ်အရွယ် ကလေးငယ်၏ အမှုကို စစ်ဆေးရာမှ သေဆုံးသူ၏ အဘိုးဖြစ်သူက မြေးဖြစ်သူကို ဘီလူးဝင်စီးသည်ဟု ထင်မှတ်ရာမှ ရေနစ်သတ်မှု ပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ခြေထောက်မှာ ဘုရားပုံကို ဆေးမင်ကြောင်ထိုးတဲ့ နိုင်ငံခြားသားကို ပြည်နှင်ဒဏ်ပေး

ခြောက်ထောက်မှာ ဗုဒ္ဓရုပ်ပွားတော်ပုံကို ဆေး မင်ကြောင် ထိုးထားပြီးတော့ ရွှေတိဂုံဘုရားပေါ် သို့ တက်လာတဲ့ စပိန်နိုင်ငံသား တစ်ဦးကို
သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။
အဲဒီ စပိန်နိုင်ငံသားကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဗီဇာပိတ်သိမ်းပြီးတော့ ပြည်နှင်ဒဏ် ပေးလိုက်ပြီလို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်က အရာရှိတစ်ဦးက ပြောပါတယ်။

မိကျောင်းကန် သပိတ်စခန်းပိတ်ရန် အမိန့်ထုတ်သော်လည်း မပိတ်ဟု ဆန္ဒပြသူများ ငြင်းဆန်

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံ အနီးတွင် ခြောက်လကျော်ကြာသပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သည့် မိကျောင်းကန် သပိတ်စခန်းကို အောက်တိုဘာ ၃ရက်တွင် အပြီးသတ် ဖယ်ရှားပေးရန် အစိုး ရက စက်တင်ဘာ ၂၉ ရက်က စာထုတ် လိုက်သော်လည်း ဆန္ဒပြသူတို့က ပိတ်သိမ်းမည် မဟုတ်ဟု ပြောသည်။

သံတွဲပဋိပက္ခနှင့် ဆက်စပ်ဖမ်းဆီးခံထားရသူအား ထောင်တစ်သက်တစ်ကျွန်းချခြင်းမှာ တရားမျှတမူ မရှိဟုဆို

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ အတွင်း ပါဝင်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရသူ ကိုဇော်ဇော်ထွန်းအား ထောင်တစ်သက် တစ်ကျွန်းချမှတ်လိုက်ခြင်းမှာ တရားမျှတမူ မရှိဟု သံတွဲဒေသခံ များက ဝေဖန် ပြောကြားသည်။

မန္တလေးမြို့လယ်မှာ တကိုယ်တော်ဆန္ဒပြ

ဓာတ်ပုံ- မင်းထက်ငြိမ်းချမ်း/ ဧရာဝတီ 
မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးမြို့၊ မြို့လယ်မှာ တကိုယ်တော် ဆန္ဒပြမှုတခု ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။ 
ယနေ့ နံနက် ၁၀ နာရီခွဲက တောင်သူလယ်သမား အလုပ်သမားအရေးဆောင်ရွက်သူများအဖွဲ့ (FNIFL)မှ ကိုမျိုးဝင်းက လက်ရှိ မြန်မာနိုင်ငံ၏ တရားရေးမဏ္ဍိုင် ပြိုကွဲပျက်စီးနေမှုနှင့် ဖမ်းဆီးခံတောင်သူလယ်သမား ၅၀၀ ကျော် ပြန်လွှတ်ပေးရေး၊ မြေယာမှုများကို တရားမျှတစွာစီရင်ရေးတို့နှင့် ပတ်သက်ပြီး၊ မန္တလေး လမ်း ၃၀နဲ့၆၅ လမ်းထောင့်မှ ၆၄ လမ်းထိလမ်းလျှောက်ဆန္ဒပြခဲ့ပါတယ် ။ 

တိုက်ပွဲများကြောင့် တပ်မတော်ကို အပြစ်မတင်ရန် ဦးရဲထွဋ် တုံ့ပြန်

U-Ye-Htut-1
ရန်ကုန် (မဇ္ဈိမ)။ ။ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် တိုက်ပွဲများတွင် တပ်မတော်ကို အပြစ်တင်ရန် မသင့်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က စက်တင်ဘာ ၂၉ရက်တွင် မဇ္ဈိမကို ပြောသည်။
၂၀၁၄ ခုနှစ် ဩဂုတ်လ ၀၈ ရက် နေပြည်တော် ဇဗ္ဗူ သီရိမြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (MICC 1) တွင် ပြည်တွင်း၊ ပြည်ပ မီဒီယာများကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မှ သီးသန့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

အာရှလူ့မလိုင်များကြား ရေပန်းစားနေသည့် မြန်မာဗေဒင်ဆရာမ



သေးကွေးချည့်နဲ့နေပြီး စကားပင်ကောင်းကောင်းမပြောနိုင်သည့် သူ့ကို မြန်မာနိုင်ငံတွင် အီးတီဟု လူသိများသည်။ စစ်ဗိုလ်ချုပ်ကြီးများမှ စ၍ နိုင်ငံခြားမှ နိုင်ငံရေးသမားများအထိ လူကုံထံနှင့် အာဏာရှင်တို့၏ အနာဂတ်ကို နှစ်ပေါင်းများစွာတိုးတိုးတိတ်တိတ် သူကဟောကိန်း ထုတ်ခဲ့သည်။

ဘိုးမင်းခေါင်ဆိုသည်မှာ ....

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအကြား ဘိုးမင်းခေါင် သည် အလွန် ထင်ရှားသူဖြစ်ပေသည်။ ဘိုးတော် မယ်တော် (သို့တည်းမဟုတ်) ၀ိဇ္ဇာများကို ယုံကြည်ကိုးကွယ်သူများအနေဖြင့် ဘိုးမင်းခေါင် သည် အလွန်အရေးပါသော ထွက်ရပ်ပေါက်ဘိုးတော်တပါးဖြစ်သည့်ပြင် အလွန်တန်ခိုးကြီးသည်ဟု ယုံကြည်နေ ကြသည်။ဘိုးမင်းခေါင်နှင့်ပတ်သက်သည့် သက်သေ အထောက် အထားများကလည်း အ ထင်အရှား ရှိနေသည်က ယင်းတို့ယုံကြည်မှုကို ပိုမိုခိုင်မြဲစေ၏။

ဥရုဂွေး သမ္မတ ဆေးရုံမှာ သာမန်လူနာလို တန်းစီစောင့်



ဥရုဂွေး သမ္မတ José Mujica ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ၊ ကမ္ဘာ့အရက်ရောဆုံး သမ္မတ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ဖူး ပါတယ်။ သူဟာ ထင်ထားတာထက် ပိုမြင့်မြတ်သူပါ။ ဒီရက်ပိုင်းမှ သူဟာ ဆေး ရုံမှာ သူ့အလှည့်ကျဖို့အတွက် သာမန်လူလို စောင့်ဆိုင်း တတ်သူဆိုတာကိုလည်း သိလိုက်ရ ပါတယ်။
လစဉ် အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကို လစာ အဖြစ် ရရှိပေမယ့် ၉၀

ဟောင်ကောင်ဆန္ဒပြပွဲ ပြည်ပစွက်ဖက်မှု တရုတ်အစိုးရ သတိပေး

ဟောင်ကောင်မှာ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အစိုးရက တရုတ်နိုင်ငံပိုင် နေမြေအတွင်းမှာရှိတဲ့  လမ်းမတွေ ပေါ်ကနေ ဖယ်ရှားပေးဖို့ တောင်းဆိုထားတာကို အံတုပြီး ဆက်လက် ဆန္ဒပြနေကြပါတယ်။ တရုတ်အစိုးရကလည်း ပြည်ပကနေ ၀င်ရောက် စွက်ဖက်မှုမလုပ်ကြဖို့ သတိပေးထားပါတယ်။

အမတ်တို့ စွမ်းဆောင်ရည် မှတ်တမ်းထွက်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူတို့ စိတ်ကြိုက်အမတ်များ ရွေးချယ်နိုင်ရေး ရည်ရွယ်၍ လွှတ်တော်အမတ် တစ်ဦးချင်းစီ၏ လွှတ်တော်တွင်း စွမ်းဆောင်ရည် မှတ်တမ်းများ စုစည်း ဖော်ပြမည့်စာအုပ် ထုတ်ဝေရန် စီစဉ်နေပြီဟု ပွင့်လင်း မြန်မာ့ရှေ့ဆောင် (OMI) အဖွဲ့၊ သုတေသန တွဲဖက် ဒါရိုက်တာ ကိုထင်ကျော်အေးက မဇ္ဈိမကိုပြောသည်။လက်ရှိ လွှတ်တော်သက်တမ်းကာလ အထိ မည်သည့်အမတ်က အဆိုမည်မျှ တင်သွင်းခဲ့သည်၊ မည်သို့ သောအဆိုများ တင်သွင်းခဲ့သည်၊ မေးခွန်းမည်မျှမေးခဲ့သည်၊ မည်သို့သော မေးခွန်းများကို မေးမြန်းခဲ့သည် စသဖြင့် အမတ် တစ်ဦးချင်းစီ၏ စွမ်းဆောင်ချက်များအပြင် လွှတ်တော်ကော် မတီများ၏ စွမ်းဆောင်မှုတို့ ကိုပါ ဖော်ပြသွားမည်ဟု ဆိုသည်။

“အဓိကက ဘယ်အမတ်တွေ ဘယ်လောက် အလုပ်လုပ်တယ်ဆိုတာ မဲဆန္ဒ ရှင်ကသိပြီး ၂၀၁၅ ရွေး ကောက်ပွဲမှာ မဲပေးနိုင်အောင်ရည်ရွယ်ပါတယ်” ဟု ကိုထင်ကျော်အေးက ပြောသည်။

အမေရိကန်တပ်ဖွဲ့များ အာဖဂန်တွင် ၂၀၁၄ ခုနှစ်နောက်ပိုင်း ဆက်လက်ထားရှိရေး လက်မှတ်ရေး ထိုးမည်

Photo: အမေရိကန်တပ်ဖွဲ့များ အာဖဂန်တွင် ၂၀၁၄ ခုနှစ်နောက်ပိုင်း ဆက်လက်ထားရှိရေး လက်မှတ်ရေး ထိုးမည်
Tuesday, September 30, 2014

အမေရိကန်တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၄ ခုနှစ်နောက်ပိုင်း ဆက်လက်ထားရှိရေး အတွက် သဘောတူညီ ချက် တစ်ရပ်ကို အာဖဂန်နစ္စတန် အစိုးရသစ်နှင့် စက်တင်ဘာ ၃၀ ရက်တွင် လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ သဘောတူညီချက် (BSA) ကို အာဖဂန်သမ္မတသစ် အာရှရက်ဖ်ဂါနီ၏ အစိုးရမှ ၀န်ကြီးတစ်ဦးက လက်မှတ်ရေးထိုး မည်ဖြစ်သည်။

သမ္မတဟောင်းဟာမစ်ကာဇိုင်းက အဆိုပါ သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးရန် ငြင်း ဆိုခဲ့သော ကြောင့် နှစ်နိုင်ငံဆက်ဆံရေးအဖုအထစ်ရှိခဲ့ပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ယခုနှစ်အတွင်း နေတိုးတပ်ဖွဲ့ဝင်အများအပြား အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ ရုပ်သိမ်းပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင် ၉၈၀၀ ခန့် ဆက်လက် ကျန်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ယခုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးပါက အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်၊ ဂျာမနီနှင့် အီတလီနိုင်ငံတို့မှ တပ်ဖွဲ့ဝင်စုစုပေါင်း ၁၂၅၀၀ ဆက်လက်ကျန်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တပ်ဖွဲ့များက အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများနှင့် အာဖဂန်တပ်ဖွဲ့များ အား ကူညီပံ့ပိုးခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref:BBC

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် တွေ့ရှိရသော အမေရိကန်တပ်ဖွဲ့များ (ဓာတ်ပုံ- ဘီဘီစီ)
အမေရိကန်တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၄ ခုနှစ်နောက်ပိုင်း ဆက်လက်ထားရှိရေး အတွက် သဘောတူညီ ချက် တစ်ရပ်ကို အာဖဂန်နစ္စတန် အစိုးရသစ်နှင့် စက်တင်ဘာ ၃၀ ရက်တွင် လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ သဘောတူညီချက် (BSA) ကို အာဖဂန်သမ္မတသစ် အာရှရက်ဖ်ဂါနီ၏ အစိုးရမှ ၀န်ကြီးတစ်ဦးက လက်မှတ်ရေးထိုး မည်ဖြစ်သည်။

လူ့အခွင့်အရေး တိုးတက်မှုကြောင့် ကုလအစီအစဉ်မှာ ထည့်သွင်းဆွေးနွေးခြင်းမပြုဖို့ မြန်မာတောင်းဆို

မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေဟာ တိုးတက်နေပြီဖြစ်တဲ့ အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အစီအစဉ် ထဲမှာဆက်ပြီး ထည့်သွင်းဆွေးနွေးဖို့ မသင့်တော့ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံအဆင့် သတ်မှတ်ထားတာကနေ ပယ်ဖျက်ဖို့အတွက်

လက်မကို နှိပ်ပြီး မျက်လုံးရောဂါတွေကို ဖြေရှင်းကြရအောင်

ယခင်ရက်တွေက ဇက်ကြောတက်ခြင်း ခေါင်းကိုက်ခြင်း စတဲ့ပြဿနာများအား လက်ကို နှိပ်နှယ်ပေး ခြင်းဖြင့် ပျောက်ကင်းစေတဲ့ နည်းကောင်းလေးတွေကို မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။
ယခု တစ်ကြိမ်မှာလည်း မျက်လုံးကိုက် မျက်လုံး ကြည့်မကောင်းခြင်း မျက်ရိုးများ ကိုက်နေခြင်း စတာတွေအတွက် နည်းလမ်းကောင်းလေး တွေ ကို စာရေးသူ မျှဝေပေး လိုက်ပါတယ်။ အထူးသဖြင့်ကတော့ နေ့တိုင်း

ပညာရေးမှာသာမက အားကစားပိုင်းမှာလည်း ထူးချွန်တဲ့ ၉ နှစ်အရွယ် အလေးမ အားကစားသမားလေး Guiliano

 Guiliano ဟာ လမ်းမလျောက်တတ်သေးတဲ့ အချိန်ကတည်းက အလေးစမ လာခဲ့သူပါ။ အခုဆိုရင် သူ့ရဲ့ ကိုယ်ကာယလေ့ကျင့်ခန်းဗီဒီယိုတွေကို  ကြည့်ရှုအားပေးတဲ့ ပရိတ်အများအပြားရှိနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
Romanian Hercules အမည်ပေးထားတဲ့ ဗီဒီယိုဖိုင်လ်တစ်ခုကို သူ့ပညာသင်နှစ် နောက်တစ်နှစ်အတွက် လုပ်ထားပြီးဖြစ်ပြီး ဗီဒီယိုဖိုင်လ်ထဲမှာတော့ ၉၀ ဒီဂရီအနေအထားနဲ့ ဒိုက်ထိုးလေးကျင့်ခန်းစွမ်းရည်ကို သရုပ်ဖော် ရိုက်ပြထားပါတယ်။

အွန်လိုင်းမှာ ဒိတ်လုပ်နေသူတွေအတွက် ရှောင်ကြဉ်ရမယ့် အချက် (၇) ချက်

သင်ဟာ အွန်လိုင်းကနေ ချစ်သူရှာဖို့ စဉ်းစားထားပါသလား။ ဒါမှမဟုတ် ခုလောလောဆယ်ကိုပဲ ကိုယ်စိတ်ဝင်စားနေတဲ့သူ အွန်လိုင်းမှာရှိနေပြီမို့ သူနဲ့ chatting လုပ်တာမျိုး၊ သူ့ပုံအောက်မှာ ကွန်မန့်ဝင်ပေးရင်း ခင်မင်မှုတွေ ဖလှယ်ကြတဲ့ အဆင့်ကို ရောက်ရှိနေပြီလား။ ဒီလို အွန်လိုင်းကနေ ဒိတ်လုပ်ဖို့ စဉ်းစားထားတယ်ဆိုရင်

ကမ္ဘာ့အဆင့်မြင့်ဆုံး ၊အလှမယ်ပြိုင်ပွဲ တစ်ခုဖြစ်သည့် Miss World ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ကို ရွေးချယ်ခဲ့သည့် Miss Myanmar World ၂၀၁၄ပြိုင်ပွဲကြီးကို စက်တင်ဘာ၊ ၂၇ရက်နေ့က ရန်ကုန်မြို့ရှိ STRAND ဟိုတယ်မှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ ပြိုင်ပွဲဝင်အလှမယ်

လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွင်းခံရမှု (၂၂) လပြည့် ဆန္ဒထုတ်ဖော်ပွဲတွင် မဖြူနှင်းထွေးအား ပြန်လည်လွှတ်ပေးရေး တောင်းဆို

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးသပိတ်စခန်းအား
 မီးလောင်ဗုံးသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့မှု ၂၂ လပြည့်အဖြစ် လက်
ပံတောင်းတောင်ဒေသခံများက စက်တင်ဘာ
၂၉ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ တုံကျေးရွာမှ ညောင်ပင်ကြီး ဇက်ကူးတို့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ဖမ်းဆီးခံထားရသည့် မန္တလေး

ဘားအံ-ကော့ကရိတ် ခရီးသည်တင်ယာဉ်အနီး လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ခရီးသည်အချို့ ဒဏ်ရာရရှိ

မြဝတီ-ဘားအံ လမ်းကြောင်းပေါ်တွင် ဘားအံမှ ကော့ကရိတ် ပြေးဆွဲနေသော လိုင်းကားတစ်စီး သာမညအလွန် သာယာကုန်းနှင့် ဒူရိန်ရော်ဘာခြံနားအရောက်တွင် ကားနှင့် ပေနှစ်ဆယ်ခန့်အကွာ၌ လက်နက်ကြီးတစ်လုံး ပေါက်ကွဲခဲ့ခြင်းကြောင့် ခရီးသည်အချို့ ပြင်းထန်စွာဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ ဘားအံမှ ကော့ကရိတ်သို့ ယာဉ်မောင်း အေးလွင်(ခ)အရှည်ကြီးသည် ခရီးသည်ဆယ်ယောက်ခန့်နှင့် ဆန်အိပ်များတင်ဆောင်ကာ မောင်းနှင်လာခဲ့စဉ် စက်တင်ဘာ ၂၉ ရက် ၁း၃ဝ အချိန်ခန့်က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ဘားအံ-ကော့ကရိတ် ယာဉ်လိုင်း ကင်တာအမျိုးအစား ကားပေါ်ပါ ခရီးသည်များအနက်

စမ်းသပ်မှု ပြုလုပ်ခြင်းကြောင့် ဖုန်းဘေလ် ကျပ်၂၀၀ အောက် ရောက်သည်ဆိုသော မက်ဆေ့ခ်ျများ ဝင်ခြင်း ဖြစ်ဟုဆို

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) ဖုန်းများသို့ လက်ကျန်ငွေ ကျပ် ၂၀၀ အထက် ကျန်ရှိသေးသော်လည်း ကျပ် ၂၀၀ အောက် ရောက်ရှိနေကြောင်း မက်ဆေ့ခ်ျများ စက်တင်ဘာ ၂၉ ရက်က
ဝင်လာခဲ့ပြီး ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ MPT ကနောက်ပိုင်းတွင် ဆက်လက်ပေးသွားမည့် ဝန်ဆောင်မှုများ၊ အရောင်းမြှင့်တင်ရေး အစီအစဉ်များအတွက် စမ်းသပ်နေခြင်းကြောင့်ဖြစ်သည်ဟု မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက မဇ္ဈိမကို ပြောသည်။

ဘင်္ဂ္လားဒေ့ရှ်နဲ့ မြန်မာမှာ IS အတွက် လူစုသူ ဖမ်းမိ

ဘင်္ဂ္လားဒေ့ရှ်နိုင်ငံမှာ IS Islamic State အစ္စလာမ်မစ် နိုင်ငံ အဖွဲ့အတွက် အဖွဲ့ဝင် စုဆောင်းဖို့ ကြိုးပမ်းတယ်လို့ သံသယရှိသူ ဘင်္ဂါလီ လူမျိုး ဗြိတိန် နိုင်ငံသားကို ဖမ်းဆီး ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။(ဘင်္ဂ္လားဒေ့ရှ် ထောက်လှမ်းရေးက IS အဖွဲ့နဲ့ ဆက်စပ်သူ တစ်ယောက်ကို ဖမ်းဆီး) ဆာမီယွန် ရာမန် Samiun Rahman ဆိုတဲ့ အဲဒီလူဟာ ဆီးရီးယားမှာ အချိန်အတော်ကြာ နေခဲ့ပြီး IS စစ်သွေးကြွ အဖွဲ့နဲ့ ဆီးရီးယားက အယ်ကိုင်းဒါး

စက္ကန့်ပိုင်း အတွင်း လူကြီးအဖြစ် ပြောင်းသွားသည့် ဖြစ်ရပ်ဆန်းကို လိုင်ဘေးရီးယား သတင်းစာ ဖော်ပြ

DailyObserver
သဘာဝလွန် ထူးထွေ ဆန်းကြယ်လွန်းသည့် အဖြစ်သနစ်တစ်ရပ် အာဖရိကတွင် အမှန် တကယ် ဖြစ်ပျက် ခဲ့ရာ ဒေသတွင်း သတင်းစာများ၏ မျက်နှာဖုံး များတွင် စာလုံး မည်းကြီးဖြင့် ဖော်ပြခြင်း ခံခဲ့ရသည်။ လသား အရွယ် ကလေးငယ် တစ်ဦး စက္ကန့်ပိုင်း အတွင်း လူကြီးအရွယ် ဖြစ်သွားခြင်း အကြောင်း လိုင်ဘေးရီးယား နိုင်ငံထုတ် အင်္ဂလိပ် သတင်းစာ တစ်စောင် ဖြစ်သည့် Daily Observer က

၂ နှစ်အရွယ်ကလေးကို အဖိုးဖြစ်သူက ရေနှစ်သတ်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်

အသက် ၂ နှစ်အရွယ် မိန်းကလေး တစ်ဦးသေဆုံး မှုကို သေမှုသေခင်းဖြင့်အမှုဖွင့် စစ်ဆေးနေရာမှ အဖိုးဖြစ်သူမှ သတ်ခဲ့ သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် လူသတ်မှုသို့ ပြောင်းလဲ အမှုဖွင့် ခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၂၈ ရက်၊ ည ၁၀ နာရီခန့်က ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ ရုံးက သတင်းထုတ် ပြန်ထားသည်။

ကျောင်းတွင်စာမလုပ်သောကြောင့် ၁၂ နှစ်အရွယ်သမီးကို ဖခင်ဖြစ်သူက ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်၍သတ်

ကျောင်းမှာ စာမလုပ်တာကြောင့် ၁၂ နှစ်အရွယ် သမီးဖြစ်သူကို ဖခင်ဖြစ်သူက အပိုင်းပိုင်းဖြတ် သတ်ကာ အများသုံးအိမ်သာကနေ စွန့်ပစ် ခဲ့ပါ တယ်။အသက် ၄၆ နှစ်အရွယ်  ဂျောင်လီ လို့ အမည်ရတဲ့ ဒီလူဟာ တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ် Wenzhou မြို့ က ဖြစ်ပါတယ်။

ရဟတ်ယာဉ်တစ်စီး နောင်မွန်းဖက်မှာ ကျသွားတယ်လို့ ရွာသားများပြော



ခါကာဘိုရာဇီ တောင်ထိပ်မှာ ပျောက်ဆုံး နေတဲ့ တောင်တက် သမား နှစ်ဦး အတွက် ရှာဖွေ ကယ်ဆယ် ရေး လုပ်ငန်း လုပ်နေရင်း အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံး သွားတဲ့ ထိုင်းနိုင်ငံက B4 အမျိုး အစား ရဟတ်ယာဉ်ဟာ နောင်မွန်းမြို့နယ် ဂါတုရွာအနီး ထိုးကျ သွားတာ တွေ့ရ တယ်လို့ ရွာခံတစ်ဦးက သတင်း ပေးတာကြောင့် ဂါတုရွာအနီး ရှာဖွေရေး လုပ်နေပြီလို့ ထူးဖောင်ဒေးရှင်းက RFA ပြောပါတယ်။