Friday, July 12, 2013

ဇူလိုင် ၁၄ ၊ တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်မယ့် ချမ်းချမ်းနဲ့ ဇာတ်လမ်းကြိုက်ရင် ပို့ပေးမှာပဲဆိုတဲ့ ဟိန်းဝေယံ



 ဝါမဝင်ခင် မင်္ဂလာဆောင်မယ့် အနုပညာရှင်တွေထဲမှာ အဆိုတော် ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့ စုံတွဲလည်း ပါပါတယ်။

အိုဘားမားကို ရုပ်ဆိုးတယ်ပြောတဲ့ ဟောလီးဝုဒ် မင်းသမီး

အိုဘားမားကို ရုပ်ဆိုးတယ်ပြောတဲ့ ဟောလီးဝုဒ် မင်းသမီး
================================
မင်းသမီး အမန်ဒါဘင်းက သမ္မတ အိုဘားမား နဲ့ သမ္မတ ကတော် မီရှဲလ် အို ဘားမားကို ရုပ်ဆိုးသည်ဟု သူမရဲ့ တွစ် တာ စာမျက်နှာ ၌ ဇူလိုင် ၈ ရက်က ဝေ ဖန်ခဲ့သည်။

”ဘားရက် အိုဘားမားနဲ့ မီရှဲလ် အို ဘားမားက ရုပ်ဆိုးတယ်” ဟု ဘင်းက တွစ်တာ စာမျက်နှာပေါ်တွင် ရေးသား ခဲ့သည်။

တွစ်တာ စာမျက်နှာပေါ်၌ သူမ ပြု စုထားသည့် ရုပ်ဆိုးသူ နာမည်ကျော် များ စာရင်း၌ မိုင်လီ ဆိုင်းရပ်စ်၊ ဂျေဇီး၊ ရီဟားနား၊ လန့်စ်ဘတ်စ်နှင့် ကောင့်နီ လပ်ဗ် အပါ အဝင် အခြားဟောလီးဝုဒ် နာမည်ကျော်များ ပါဝင်သည်။

ထို့အပြင် သူမ ကိုယ်တိုင်က မျက် နှာပြင် ခွဲစိတ်မှု၊ နှာတံပေါ်အော င်   ပြု ပြင်မှုများနှင့် ကိုယ်အလေးချိန် ကျဆင်း အောင်  ကြိုးပမ်းနေ ရသူ ဖြစ်ကြောင်း ထုတ်ဖော်ရေး သားခဲ့သည်။

”ကျွန်မ ချစ်တဲ့သူရှေ့မှာ ကြည့် ကောင်းနေစေဖို့ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှ မင်္ဂလာ ဆောင်ရင် လှနေမှာ။ အခု ကျွန်မ ၁၁၄ ပေါင်ပဲ ရှိတယ်။ ၁၄ ပေါင် ထပ်လျော့ အောင် ကြိုးစားပြီးရင် ၁ဝဝ ပဲ ရှိတော့ မှာ” ဟု ဖွင့်ဟဝန်ခံခဲ့သည်။

သမ္မတနှင့် သမ္မတ ကတော် အား ရုပ်ဆိုးသည်ဟု ပြောသည့် သတင်းသည် Usmagazine ဝက်ဘ်ဆိုက်၌ လူပြော အများဆုံး သတင်း ဖြစ်ခဲ့သည်။
သူမသည် မူးယစ် သောက်စား ကာ ယာဉ်မောင်းနှင် မှုဖြင့် ရဲဖမ်းခံရစဉ် ၂ဝ၁၂ ခုနှစ် ဧပြီလက တွစ်တာ စာမျက် နှာပေါ်၌ အိုဘားမားအား စာရေးသား အကူ အညီ တောင်းခဲ့ဖူးသည်။

”ကျွန်မ အရက် မသောက်ထားဘူး။ ကျေးဇူးပြုပြီး  ကျွန်မကို ဖမ်းတဲ့ ရဲကို အလုပ်ဖြုတ်ပေးပါ။ ကားတိုက်ပြီး လည်း ထွက်မပြေးပါဘူး” ဟု သမ္မတ အိုဘားမားအား အကူအညီ တောင်းခဲ့ သည်။

သိင်္ဂီဝင်း

Ref: Celebrity gossip.ned
မင်းသမီး အမန်ဒါဘင်းက သမ္မတ အိုဘားမား နဲ့ သမ္မတ ကတော် မီရှဲလ် အို ဘားမားကို ရုပ်ဆိုးသည်ဟု သူမရဲ့ တွစ် တာ စာမျက်နှာ ၌ ဇူလိုင် ၈ ရက်က ဝေ ဖန်ခဲ့သည်။

"ထိုင်ဝမ်သို့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်"

Photo: "ထိုင်ဝမ်သို့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်"

ထိုင်ဝမ်တွင် တိုင်ဖွန်းမုန်တိုင်း #Soulik ဝင်ရောက် တိုက်ခတ်ဖွယ်ရှိသဖြင့် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။ Soulik တိုင်ဖွန်းမုန်တိုင်းသည် အင်အားလျော့လာသော်လည်း ထိုင်ဝမ်ကမ်းခြေသို့ ဝင်ရောက်တိုက်ခတ်စဉ် လေပြင်တိုက်ခတ်ပြီး မိုသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ 

တိုင်ပေရှိ ရုံးနှင့် ကျောင်းများကို ပိတ်ထားပြီး အခြား မြို့ကြီး ၄ မြို့ရှိ ရုံးနှင့်ကျောင်းများကိုလည်း လာမည့် သောကြာနေ့ နှောင်းပိုင်းတွင် ပိတ်သွားရန် စီစဉ်သွားသည်။ ပြည်သူများအား ပင်လယ်ပြင်ထွက်ခြင်းနှင့် နေအိမ်ပြင်ပ သွားလာခြင်းများကို ရှောင်ရှားရန် အစိုးရက အကြံပြုထားသည်။ တိုင်ဖွန်းမုန်တိုင်းမှာ အင်အားအသင့်အတင့် အနေအထားဖြစ်သော်လည်း ပြည်သူများအနေဖြင့် မိုးသည်းထန်ခြင်းနှင့် လှိုင်းကြီးခြင်းတို့ကို ကြုံတွေ့နိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရန် ထိုင်ဝမ်မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် Soulik တိုင်ဖွန်းမုန်တိုင်းသည် ထိုင်ဝမ်အရှေ့မြောက်ဘက် ကမ်းရိုးတန်းမှ ၂၉၂ မိုင်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုလျက်ရှိသည်။ မိုင်တိုင်းသည် ကမ်းတွင်းပိုင်းသို့ ထိုင်ဝမ်ဒေသစံတော်ချိန် ဇူလိုင် ၁၃ ရက်၊ စနေနေ့ နံနက် ၃း၀၀ ခန့််တွင် ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။ 

ထိုင်ဝမ်တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းက #Marakot တိုင်ဖွန်းမုန်တိုင်း Marakot ကြောင့် လူ ၆၀၀ ခန့် သေဆုံးခဲ့ပြီး ယင်တို့အနက် အများစုမှာ တောင်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုများအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

(ပုံတွင် ထိုင်ဝမ်းရှိ #Nanfang'ao ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော လှေ၊ သင်္ဘောများကို တွေ့ရသည်။)

#Taiwan, #typhoon
#PlanetMyanmar
ထိုင်ဝမ်တွင် တိုင်ဖွန်းမုန်တိုင်း ‪#‎Soulik‬ ဝင်ရောက် တိုက်ခတ်ဖွယ်ရှိ သဖြင့် ပြင်ဆင် မှုများ ဆောင်ရွက် လျက်ရှိသည်။ Soulik တိုင်ဖွန်းမုန်တိုင်းသည် အင်အားလျော့လာသော်လည်း ထိုင်ဝမ်ကမ်းခြေသို့ ဝင်ရောက်တိုက်ခတ်စဉ် လေပြင်တိုက်ခတ်ပြီး မိုသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

ဦးနှောက်ကို အလုပ်ပေးခြင်းဖြင့် မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်နိုင်

စာအုပ်များရေးခြင်း၊ ပေးစာများရေးခြင်း စသဖြင့် ဦးနှောက်များကို အလုပ်ပေးခြင်းသည် အသက်ကြီးရင့် ချိန်တွင် ဦးနှောက်ကိုထိခိုက်မှု ကာကွယ်ရာ၌ အထောက်အကူပြုကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။ တစ်သက်တာစိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများက မှတ်မိဥာဏ်ကျဆင်းခြင်း ကို နှေးကွေးစေနိုင်

မူကြိုကျောင်းသူကို အဓမ္မပြုကျင့်ရန် ကြံစည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရပ်ကွက် (၄) မြို့သစ်ရပ်တွင် ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်း အချိန်က အသက် လေးနှစ်အရွယ် မူကြိုကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ရန်ကြံစည်မှု ဖြစ် ပွားခဲ့ ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။

၁၄-နှစ် သမီး မုဒိမ်းကျင့်ခံရ၍ သေ၊ ထွက်ပြေးကာတပ်ထဲဝင်သော တရားခံကို ရဲကလိုက်သောအခါ ညီကို တပ်ထဲ လူစားထည့်ပေးကာ တဖန်ထွက်ပြေး ဟု ဆို

Photo: ၁၄-နှစ် သမီး မုဒိမ်းကျင့်ခံရ၍ သေ၊ ထွက်ပြေးကာတပ်ထဲဝင်သော တရားခံကို ရဲကလိုက်သောအခါ ညီကို တပ်ထဲ လူစားထည့်ပေးကာ တဖန်ထွက်ပြေး ဟု ဆို

စစ်တွေ ၊ ၁၁ ဇူလိုင်လ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ပြီးခဲ့သော ၂၀၁၃-ခုနှစ် ဧပြီလ (၄)ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်တောင်ကျေးရွာမှ ၁၄-နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းပြုကျင့်သဖြင့် သွေးလွန်ကာ ကျူးလွန်ခံရသူသေဆုံးသွားသည့်အတွက် ထွက်ပြေးကာ တပ်ထဲဝင်သွားသည့် တရားခံ မောင်ဝင်းနိုင်အား ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေး ကြောင်း သိရသည်။

တပ်တောင်ရွာ အမှတ်(၆) ရပ်ကွက်နေ ဒေါ်အေးခိုင်နု၏ သမီး မလှလှထွေးအား ဗီဒီယိုသွားကြည့်ရန် ခေါ်သွားနေကျဖြစ်သူ အိမ်နီးချင်း (ကလေးနှစ်ယောက်ဖခင်) မောင်ဝင်းနိုင် ( အဘ၊ ဦးမောင်လှသိန်း၏ သား) က အဓမ္မပြုကျင့်ကြောင်းကို အသံကျယ်လောင်စွာဖြင့် ဟစ်အော်ငိုကြွေးပြီး လှလှထွေး က အခင်းဖြစ်သည့်နေ့ ည (၈) နာရီခန့်တွင် အိမ်ဝင်းထဲသို့ ၀င်လာပြီး မိခင်ဖြစ်သူအား တိုင်တမ်းခဲ့သည်။

မိခင်ဖြစ်သူမှာ တိုက်နယ်ဆေးရုံတာဝန်ခံဖြစ်သူ ဒေါ်အေးခိုင်ထံ သမီးကို ဆေးခန်းပြရန် ခေါ်သွားသော်လည်း ဒေါ်အေးခိုင်က အမ်းပြည်သူ့ဆေးရုံသို့သာ ခေါ်သွားရန် ပြောသည့်အတွက် ကားငှားပြီးသွားခဲ့ရာ ည (၁၂)နာရီ အချိန်တွင် ပြည်သူ့ဆေးရုံကြီး ၀င်ပေါက်ဝသို့ ရောက်ခါနီးမှာပင် ထိုအချိန်တွင် သွေးထွက်လွန်နေ ခဲ့ပြီဖြစ်သော လှလှထွေးမှာ သေဆုံးသွားခဲ့သည်။

မောင်ဝင်းနိုင်သည် လက်တစ်ဖက်ဖြင့် လှလှထွေး၏ ပါးစပ်ကိုပိတ်ပြီး နောက်လက်တစ်ဖက်ဖြင့် သူမ၏လည်ပင်းကို ဆုပ်ကိုင်ကာ မုဒိမ်းပြုကျင့်ခဲ့သည် မလှလှထွေးက မသေခင် မိခင်အားပြောပြခဲ့သည် ဟု ဆိုသည်။

သေဆုံးမှုမှာ သွေးထွက်လွန်ပြီးသေဆုံးရခြင်းဖြစ်ကြောင်းကို လှလှထွေး သေဆုံးစဉ်က တပ်တောင် ပြည်သူ့ရဲစခန်းမှူးကိုယ်တိုင် မှတ်ချက်ယူကာ တရားခံမောင်ဝင်းနိုင်ကို ဖမ်းဆီးပေးမည် ဟု ပြောခဲ့သည် ဟု ဆိုသည်။

ထိုဖြစ်စဉ်ဖြစ်ပြီးသောအခါ မောင်ဝင်းနိုင်၏ မိဘများက ဇနီးမယားများကို ခေါ်ယူကာ (အခြားရွာတစ်ရွာ ဖြစ်သော) တန်းတင်ရွာ သို့ ပြောင်းရွှေ့ နေထိုင်စေခဲ့သည်။

 မောင်ဝင်းနိုင်ကိုယ်တိုင်လည်း တန်းတင်ရွာတွင် ဖမ်းဆီးအရေးယူခံရခြင်း ဘာမှမရှိဘဲ ခပ်တည်တည်ပင် နေထိုင်သွားခဲ့သေးသည် ဟု ဆိုသည်။
ထို့နောက် မောင်ဝင်းနိုင်အား ၄င်း၏ဖခင်ဖြစ်သူက (၇၅၇) တပ်ရင်းသို့ခေါ်သွားကာ တပ်ထဲသွင်းပေးခဲ့သည် ဟု ဆိုသည်။

မောင်ဝင်းနိုင်ရှိရာ (၇၅၇) တပ်ရင်းသို့ ရဲများလိုက်လာစုံစမ်းသောအခါ တပ်ရင်းက မောင်ဝင်းနိုင်အစား တပ်သားသစ်တစ်ယောက်ပေးရမည်ဟု ၄င်း၏မိသားစုထံတောင်းဆိုသဖြင့် ဖခင်ဖြစ်သူက မောင်ဝင်းနိုင် ကိုယ်စား မောင်ဝင်းနိုင်၏ ညီဖြစ်သူကို အစားထိုးထည့်ပေးသော အခါ၊ မောင်ဝင်းနိုင်အား တပ်က လွှတ်ပေးလိုက်သည် ဟု ဆိုသည်။

အခင်းဖြစ်ပြီး သုံးလကျော်သွားပြီဖြစ်သော်လည်း မောင်ဝင်းနိုင်အား ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ကျူးလွန်ခံရပြီး သေဆုံးသူ မလှလှထွေး၏ မိခင်က “တရားခံဖြစ်သူ မောင် ၀င်းနိုင် တန်းတင်ရွာတွင် ရှိစဉ်ကလည်း မြန်မာနိုင် ငံရဲတပ်ဖွဲ့က ဂရုမစိုက်ကြပါ။

 ပြဿနာတွေ ဘယ်လောက်ဖြစ်ဖြစ် ရပ်ကျေး အုပ်ချုပ်ရေးမှူးကလည်း ဂရုမစိုက်ပါ။ ကျွန်မတို့ ကျေးလက်ပြည်သူတွေအပေါ် တရားဥပဒေ စိုးမိုးမှုမရှိသောကြောင့် ဒုက္ခများစွာ တွေ့နေရပါသဖြင့် - - - ကူညီပေးပါရန် တိုင်ကြားအပ်ပါသည်” ဟု ၄င်းရေးသား ပေးပို့သော တိုင်ကြားစာတစ်စောင် တွင် ရေးသားထားသည်။

( Coral Arakan News အတွက် သောင်းကြွယ် ရေးသားသည်။ )

ဓါတ်ပုံ - သွားလေသူ မလှလှထွေး

Posted From Coral Arakan News
ပြီးခဲ့သော ၂၀၁၃-ခုနှစ် ဧပြီလ (၄)ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်တောင်ကျေးရွာမှ ၁၄-နှစ် အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းပြုကျင့်သဖြင့် သွေးလွန်ကာ ကျူးလွန်ခံရသူသေ ဆုံးသွားသည့် အတွက် ထွက်ပြေးကာ တပ်ထဲဝင်သွားသည့် တရားခံမောင်ဝင်းနိုင်အား ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက် ရန်ကုန်လေဆိပ်၌ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အစ္စလာမစ် နိုင်ငံများမှ ၀င်ရောက်လာသူများအား အဓိကထား စစ်ဆေးဟုဆို

7.11.10
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေး ကောင်တာတွင် အစစ်ဆေးခံ ရန် စောင့် ဆိုင်းနေသူများ
မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အရှေ့အလယ် ပိုင်း နိုင်ငံများနှင့် အစ္စလာမ္မစ် နိုင်ငံများမှ ၀င်ရောက်လာသူများအား အဓိကထား စစ်ဆေးမေးမြန်း

ဗုဒ္ဓဂယာ၌ လုံခြုံရေး တိုးမြှင့်ထားပြီး ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် မြန်မာအပါအ၀င် ခရီးသွားများ ၀င်ရောက်မှု လျော့ကျခြင်းမရှိ

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုသည် မြန်မာအပါအ၀င် ခရီးသွား ဧည့်သည်များ ၀င်ရောက်မှုအပေါ် သက်ရောက်မှု မရှိဘဲ လတ်တလောတွင် လုံခြုံရေးလည်း တိုးမြှင့်ထားကြောင်း အိန္ဒိယနိုင်ငံ The Times of India က ထုတ်ပြန်ခဲ့သည်။

အများပြည်သူအပေါ် အကျိုးသက်ရောက်မှုရှိအောင် လွှတ်တော်သည် အုပ်ချုပ်ရေးပိုင်းကို ပို၍သြဇာ ရှိနိုင်ရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

7.11.9
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-သက်မျိုးမင်း)
အများပြည်သူအပေါ် အကျိုးသက်ရောက်မှုရှိအောင် လွှတ်တော်သည် အုပ်ချုပ်ရေးပိုင်းကို ပို၍ သြဇာ ရှိနိုင်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၁

မွတ်စလင်တွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ ဘန်ကီမွန်းကို OIC တောင်းဆို

Photo: မွတ်စလင်တွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ ဘန်ကီမွန်းကို OIC တောင်းဆို

အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အခက်အခဲဖြစ်နေရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို မနေ့ ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်းတွေက စစ်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေးကိုပြောင်းနေတဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုလဲ ထိခိုက်စေတယ်လို့ဆိုပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာကြီးနဲ့ ပုလဲနံပသင့်နေပြီ ဒါပေမယ့် ဒီလိုဖြစ်ဖို့အတွက် မြန်မာနိုင်ငံမှာနေထိုင်တဲ့ မွတ်စလင်ဒုက္ခသည်တွေက စတေးခံနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီအာရေဗီယားသံအမတ်ကြီးက ပြောပါတယ်။

မနေ့ ကဗုဒ္ဓဟူးနေ့ မှာတော့ ဆော်ဒီအာရေဗီယားသံအမတ်ကြီးအပါအဝင် အခြား OIC အဖွဲ့ဝင်တွေက မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက မွတ်စလင်တွေကိစ္စ ဖိအားပေးဖို့ ပြောဆိုကြပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဂျီဘူတီနိုင်ငံသံအမတ်ကြီးလဲဖြစ်၊ OIC အဖွဲ့ခေါင်းဆောင်လဲဖြစ်တဲ့ Roble Olhaye ကတော့ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသုတ်သင်နေတာရပ်တန့်အောင် ကုလသမဂ္ဂကဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရဟာ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုပြုလုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။


အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အခက်အခဲဖြစ်နေရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို မနေ့ က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မြန်မာ့စီးပွားရေးဘဏ် နှစ် ၂၀ ကျော် အမြတ်အစွန်း မရဘဲ အရှုံးပြခဲ့၍ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၇၉ ဘီလျံကျော် ထောက်ပံ့သုံးစွဲခဲ့ရ

7.11.8
ဇူလိုင် ၁၁ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေး ဘဏ်သည် နှစ်ပေါင်း ၂၀ ကျော် အမြတ်အစွန်း မရခြင်း၊ အရှုံးပြခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများပြုလုပ်ရန် ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦး အင်ဒိုနီးရှားနိုင်ငံတွင် လိုအပ်သည်များ စုဆောင်းပြင်ဆင်

7.11.12
Jemmah Islamiah (JI) အဖွဲ့ဝင် Muhammad Jibril Abdul Rahman တည်ထောင်ထားသည့် Ar Rahmah အင်တာနက် စာမျက်နှာတွင် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေ သည့် ဓာတ်ပုံဟုဆိုကာ ဖော်ပြထားသည်ကို တွေ့ရစဉ်
မကြာသေးမီက ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦးသည် အင်ဒိုနီးရှား နိုင်ငံသို့ သွားရောက်၍ အမာခံ

လူငယ်များအကြား ဘိန်းစာရွက်အား အလွန်အကျွံ အသုံးပြုလာမှုကြောင့် မြန်မာနိုင်ငံ အနေဖြင့် ဘိန်းစာရွက်ကို ဘိန်းစာရင်း၌ ထည့်သွင်း

7.11.13
ရန်ကုန်တိုင်းဒေသကြီး လှော်ကားတွင် မီးရှို့ရန် စုပုံထားသည့် ဘိန်းစာရွက် ထုတ်များအား ဇွန်လ အတွင်းက တွေ့ရစဉ်
လူငယ်များအကြား ဘိန်းစာရွက်အား အလွန်အကျွံ အသုံးပြုလာမှုကြောင့် မြန်မာနိုင်ငံ အနေဖြင့် ဘိန်းနှင့်

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအား နိုင်ငံသား ဖြစ်ခွင့်ပေးရန် ဘန်ကီမွန်း ပြောကြား

ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် မြင်တွေ့လိုပါက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဗုဒ္ဓ ဘာသာဝင်များက လူနည်းစုမွတ်စလင်များအား အကြမ်းဖက် နေမှုများကို ရပ်တန့်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက ဗုဒ္ဓဟူးတွင် ပြောကြားသည်။