Tuesday, February 18, 2014

မတ်စောက်တဲ့ နံရံတွေကို SPIDERMAN လို တွယ်တက်နိုင်မယ့် ကိရိယာ

Photo: မတ်စောက်တဲ့ နံရံတွေကို SPIDERMAN လို တွယ်တက်နိုင်မယ့် ကိရိယာ
Tuesday, February 18, 2014

အမေရိက တက္ကသိုလ်တွေရဲ့ အစွမ်းအစအရည်အချင်းကို စမ်းသပ်ဖို့ အတွက် အမေရိကန်လေတပ်က နည်းပညာမြင့် စက်ပစ္စည်းအသစ်အဆန်းတစ်ခု ပုံစံထုတ်ရေးဆွဲစေခဲ့ရာမှာ ယူတားတက္ကသိုလ် ကျောင်းသားတွေဟာ ဒီ Gadget ကို ဖန်တီးခဲ့တာပါ။

တက္ကသိုလ်ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးမှုအရည်အချင်းကို ဆန်းစစ်တဲ့ ဒီစိန်ခေါ်မှုမှာ ကျောင်းသားတွေဟာ အထူးတပ်ဖွဲ့ ဝင်တွေ အဆောက်အအုံတွေနဲ့ တောင်နံရံတွေကို ချိတ်တွေ၊ကြိုးတွေ မသုံးဘဲ တက်ရောက်နိုင်ဖို့ အတွက် နည်းစနစ်တစ်ခုကို ဖန်တီးရမှာ ဖြစ်ပါတယ်။

ယူတားတက္ကသိုလ်ကျောင်းသားတွေဟာ PVAC လို့ ခေါ်တဲ့ စုပ်ခွက်တွေအဓိကအသုံးပြုထားတဲ့ ကိရိယာတစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဒီကိရိယာဟာ ၉၀ ဒီဂရီမတ်စောက်တဲ့ နံရံတွေကို Marvel ရုပ်ပြထဲက ဇာတ်ကောင်တွေလို တွယ်တက်နိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီအားနဲ့ အသုံးပြုရပြီး အလေးချိန်ပေါ့ပါးတဲ့ ဒီကိရိယာရဲ့ မျက်နှာပြင်နှစ်ဖက်မှာ လေစုပ်ခွက်တွေ တပ်ဆင်ထားပါတယ်။ စတုရန်းတစ်လက်မ ကို ၄.၅ ပေါင်ရှိတဲ့ စုပ်အားနဲ့ ထိန်းထားပြီး နံရံတွေကို တွယ်တက်နိုင် တာပါ။

ဒီ ကိရိယာကို တီထွင်ခဲ့တဲ့ ယုတားအင်ဂျင်နီယာကျောင်းသားအဖွဲ့ ဟာ အမေရိကန်လေတပ် သုတေသနဓာတ်ခွဲခန်းရဲ့ ပုံစံထုတ်ပြိုင်ပွဲ မှာ ပထမဆုဆွတ်ခူးခဲ့ပြီး အမေရိကန်ဒေါ်လာ ငါးသောင်း ရရှိခဲ့ပါတယ်။

ဒီ ကိရိယာကို နမူနာအကြမ်းထည်ကနေ အထူးစစ်ဆင်ရေးတပ်သားတွေရဲ့ ကိရိယာတစ်စိတ်တစ်ပိုင်း အနေနဲ့  ပြောင်းလဲပေးနိုင်မယ်ဆိုရင် နောက်ထပ် အပိုဆုကြေး ဒေါ်လာ တစ်သိန်းထပ်မံရရှိအုန်းမယ်လို့ ဆိုပါတယ်။

Trend Myanmar
အမေရိက တက္ကသိုလ်တွေရဲ့ အစွမ်းအစအရည်အချင်းကို စမ်းသပ်ဖို့ အတွက် အမေရိကန်လေတပ်က နည်းပညာမြင့် စက်ပစ္စည်း အသစ်အဆန်းတစ်ခု ပုံစံထုတ်ရေးဆွဲစေခဲ့ရာမှာ ယူတားတက္ကသိုလ် ကျောင်းသားတွေဟာ ဒီ Gadget ကို ဖန်တီးခဲ့ တာပါ။

အိပ်မက်ဆုံရာမှ မေမြတ်နိုး Miss Asia Pacific World 2014 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည်

Photo: အိပ်မက်ဆုံရာမှ မေမြတ်နိုး Miss Asia Pacific World 2014 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည်
Tuesday, February 18, 2014

ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် Miss Asia Pacific World 2014 အလှမယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ် စားပြုအလှမယ်အဖြစ် မေမြတ်နိုးက ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

“မေမြတ်နိုးက အစ်မတို့သင်တန်းကျောင်းမှာ လာတက်နေတဲ့သူပါ။ အစ်မတို့ဘက်က အကောင်းဆုံး လေ့ကျင့်ပေးသွားမှာပါ”ဟု Miss Globe Myanmar Organization မှ မလှနုထွန်းက ပြောသည်။

မေမြတ်နိုးသည် Channel-7 ရုပ်သံလိုင်း၏ အစီအစဉ်တစ်ခုဖြစ်သည့် အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူတစ်ဦး ဖြစ်သည်။ ယင်းပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကိုရီးယား သမ္မတကိုယ်တိုင် လက်ခံသဘောကျခြင်းကြောင့် သွားရောက်ယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်သည့်အပြင် Miss Asia Pacific World မှလည်း အရည်အသွေးရှိသည့် မေမြတ်နိုးကို ရွေးချယ်ခဲ့ခြင်းကြောင့် သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ Miss Asia Pacific World ပြိုင်ပွဲကို အစပထမတွင် ထားထက်ထက်ဝင်ရောက် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသော်လည်း ယင်းသည် Miss Grand international ပြိုင်ပွဲကို ၀င်ရောက်ယှဉ် ပြိုင်ခဲ့ခြင်းကြောင့် မပြိုင်ဖြစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ယခုဝင်ရောက် ယှဉ်ပြိုင်ခြင်းသည် ပထမ ဆုံးအကြိမ် ဖြစ်သည်။

Miss Asia Pacific World ပြိုင်ပွဲသည် ကိုယ်ရည်ကိုယ်သွေးရှိသူများကိုသာ ဦးစားပေး ယှဉ်ပြိုင်ရမည်ဖြစ် ပြီး အရပ်က ငါးပေ ခုနစ်လက်မရှိရမည် ဖြစ်သည်။ ယခုဝင် ရောက်ယှဉ်ပြိုင်မည့် မေမြတ်နိုးသည် နိုင်ငံ တကာအရပ် ပြည့်မီသွားခြင်းကြောင့် ကိုရီးယားနိုင်ငံကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက် ယှဉ် ပြိုင်ရခြင်း ဖြစ်သည်။

Miss Asia Pacific World 2014 သည် တောင်ကိုရီးယားနိုင်ငံတွင် မေ ၁၉ ရက်၌ နှစ်စဉ်ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်မည့် မေမြတ်နိုးသည် မေ ၁၅ ရက်တွင် ကိုရီးယား နိုင်ငံသို့ သွားရောက်ရမည် ဖြစ်သည်။

Miss Asia Pacific World ကို ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တောင်ကိုရီးယားနိုင်ငံ Busan မြို့၌ စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၂၊ ၂၀၁၃ ခုနှစ်တွင် ဆိုးလ်မြို့၌ ပြောင်းလဲကျင်းပခဲ့ခြင်း ဖြစ်သည်။

ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သည့်Miss Asia Pacific World 2011 ဆုကို ယူကရိန်းနိုင်ငံမှDiana Starkova က ရရှိခဲ့ပြီးMiss Asia Pacific World 2012 ဆုကို အိန်္ဒိယနိုင်ငံမှHimangini Singh Yaduက ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့်Miss Asia Pacific World 2013 ဆုကိုလည်း အိန်္ဒိယနိုင်ငံကSrishti Rana ရရှိခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese
ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် Miss Asia Pacific World 2014 အလှမယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ် စားပြုအလှမယ်အဖြစ် မေမြတ်နိုးက ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

တပို့တွဲလပြည့်နေ့က အလောင်းတော်ကဿပလိုဏ်ဂူတော် ပွင့်ဟ

Photo: တပို့တွဲလပြည့်နေ့က အလောင်းတော်ကဿပလိုဏ်ဂူတော် ပွင့်ဟ
Tuesday, February 18, 2014

အလောင်းတော် ကဿပတွင် တပို့တွဲလပြည့်နေ့တိုင်း နှစ်စဉ် ကျင်းပမြဲဖြစ်သော လိုဏ်ဂူတော်အထက် လျောင်းတော်မူစံနန်းတွင် သံဃာတော်များ အား သိမ်ဝင်သိမ်ထွက်ဆွမ်းလောင်းပြီး လိုဏ် ဂူတော်ဟသွားမှုကို ဖူးတွေ့ရကြောင်း ဘုရား ဖူးများထံမှ သိရသည်။

လိုဏ်ဂူတော်ကြားတွင် ညှပ်ပြီး ပူဇော်ထားသည့် ပိုက်ဆံများပြုတ်ကျသွား သည်ကို ဖူးတွေ့ရသူ ရန်ကုန်မှ စာရေးဆရာ ဦးကံဝင်းက ဖိုလ်ဝင်တောင်ဆရာတော် ဦးသု မနအား လျှောက်ထားရာမှ ဘုရားဖူးများ လိုဏ်ဂူဟသွားမှုကို သိရှိကြကြောင်း သိရ သည်။

''တပို့တွဲလပြည့်နေ့ မနက် ၈ နာရီမှာ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှာတစ် ကြိမ်နဲ့ ည ၇ နာရီ ၁၅ မှာ တစ်ကြိမ် တစ် ရက်တည်း သုံးကြိမ် လိုဏ်ဂူတော်ဟသွား မှုကို ဖူးခဲ့ကြရပါတယ်။ အောက်အုန်းပင် ရဟန္တာအစစ်ရှိသော ဂူက ဟသွားခြင်း ဖြစ် ပါတယ်။ ဒီလို လိုဏ်ဂူတော် ကျောက်တုံး တော် ဟခြင်း၊ ဖွင့်ခြင်းမှာ သုံးနှစ်ဆက်တိုက် ရှိပြီဖြစ်ပါတယ်။ အခုလို ဖူးမြော်ရတာလဲ ကံ ထူးလို့ပါပဲ''ဟု ကပိုင်ရွာမှ ငွေတောင်ဦး စား သောက်ဆိုင်ပိုင်ရှင် ဦးမြအောင်က ပြော သည်။

တပို့တွဲလပြည့်နေ့ နောက်ပိုင်း လပြည့်ကျော်ရက်များတွင် ဘုရားဖူးများ အဝင်များပြီး တစ်နေ့ကားအစီး ၁ဝဝ ကျော် ၂ဝဝ မျှ ဝင်ရောက်မှုရှိကြောင်း၊ မုံရွာဦးညို ဝင်းနှင့် ရောင်းရင်းများ ကားအသင်းမှ ပြေး ဆွဲကြောင်း သိရသည်။

Yangon Media Group
အလောင်းတော် ကဿပတွင် တပို့တွဲလပြည့်နေ့တိုင်း နှစ်စဉ် ကျင်းပမြဲဖြစ်သော လိုဏ်ဂူတော်အထက် လျောင်းတော်မူစံနန်းတွင် သံဃာတော်များ အား သိမ်ဝင်သိမ်ထွက်ဆွမ်းလောင်းပြီး လိုဏ် ဂူတော်ဟသွားမှုကို ဖူးတွေ့ရကြောင်း ဘုရား ဖူးများထံမှ သိရသည်။

မိဘမဲ့ ကလေး များ အတွက် ပညာသင် ထောက် ပံ့ကြေး လာမည့် ပညာ သင်နှစ် စပေးမည်

Photo: မိဘမဲ့ ကလေးများအတွက် ပညာသင် ထောက်ပံ့ကြေး လာမည့် ပညာသင်နှစ် စပေးမည်
Tuesday, February 18, 2014

နိုင်ငံတစ်ဝန်းရှိ ငွေကြေး ချို့တဲ့ပြီး ပညာ ဆက်လက် သင်ယူရန် ခက်ခဲသော မိဘမဲ့ ကလေးငယ်များ အတွက် ကမ္ဘာ့ဘဏ် အကူအညီနှင့် သုံးနှစ်ဆက်တိုက် ပညာသင် ထောက်ပံ့မည့် အစီအစဉ်ကို လာမည့် ၂၀၁၄- ၂၀၁၅ ပညာသင်နှစ်တွင် စတင်မည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မူမူအောင်က ပြောကြားသည်။

ငွေကြေးချို့တဲ့သော ကလေး သူငယ်များအတွက် ဦးစားပေး စီစဉ်သည့် ပညာသင် ထောက်ပံ့ကြေး အစီအစဉ် ဖြစ်သောကြောင့် ငွေကြေး ချို့တဲ့သော မိဘမဲ့ ကလေးငယ်များကို ဦးစားပေး အနေနှင့် ထည့်သွင်းထားပြီး ဒုတိယ ဦးစားပေးတွင် အမှန်တကယ် ပညာ ဆက်လက် သင်ယူရန် ခက်ခဲသော ကလေးသူငယ်များ ပါဝင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ပညာသင် ထောက်ပံ့ကြေး ရွေးချယ်ရာတွင် ဖွံ့ဖြိုးမှု နိမ့်ပြီး ကျောင်းထွက်နှုန်းနှင့် ကျောင်းပြီးဆုံးနှုန်း နည်းပါးသော မြို့နယ် လေးဆယ်ကို စီမံချက်ထား ဆောင်ရွက်ရန် လျာထားကြောင်း၊ စတုတ္ထတန်းမှ ဒသမတန်းအထိ ခန့်မှန်းခြေ ကျောင်းသား၊ ကျောင်းသူ ၃၇,၇၉၈ ဦးကို ပညာသင် ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ပညာသင် ထောက်ပံ့ကြေးတွင် မူလတန်း အဆင့်အတွက် ၅၀,၀၀၀ ကျပ်၊ အလယ်တန်း အဆင့်အတွက် ၈၀,၀၀၀ ကျပ်နှင့် အထက်တန်း အဆင့်အတွက် ကျပ်တစ်သိန်းတို့ကို နှစ်စဉ် ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မူမူအောင်က ပြောဆိုသည်။

“ဒီပညာသင် ထောက်ပံ့ကြေး အစီအစဉ်တွေက ပွင့်လင်း မြင်သာမှု ရှိအောင်၊ တန်းတူ ခံစားခွင့် ရှိအောင် အပြည့်အဝ အကောင်အထည် ဖော်ဖို့ လိုတယ်” ဟု ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နိုင်ငံရေး ပါတီများနှင့် ပညာရေး ဝန်ကြီးဌာနတို့ တွေ့ဆုံ ညှိနှိုင်းပွဲတွင် ကမ္ဘာ့ဘဏ် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍ ညှိနှိုင်းရေးမှူး Mr.Lars Sondergaard က အကြံပြု ဆွေးနွေးသည်။

ကမ္ဘာ့ဘဏ်၏ အတိုးမဲ့ ချေးငွေ အမေရိကန် ဒေါ်လာ သန်းခြောက်ဆယ်ထဲမှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အတွက် လျာထားသော အမေရိကန် ဒေါ်လာ သန်းနှစ်ဆယ်အတွက် ပညာသင် ထောက်ပံ့ကြေး၊ ကျောင်းထောက်ပံ့ကြေးနှင့် ပညာရေး ဝန်ထမ်းများ စွမ်းဆောင်ရည် တိုးမြှင့် သင်တန်းတို့တွင် သုံးစွဲသွားရန် ရှိကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက အဆိုပါ ဆွေးနွေးပွဲတွင် ရှင်းလင်းခဲ့သည်။

The Voice Weekly
နိုင်ငံတစ်ဝန်းရှိ ငွေကြေး ချို့တဲ့ပြီး ပညာ ဆက်လက် သင်ယူရန် ခက်ခဲသော မိဘမဲ့ ကလေးငယ်များ အတွက် ကမ္ဘာ့ဘဏ် အကူအညီနှင့် သုံးနှစ်ဆက်တိုက် ပညာသင် ထောက်ပံ့မည့် အစီအစဉ်ကို လာမည့် ၂၀၁၄- ၂၀၁၅ ပညာသင်နှစ်တွင် စတင်မည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မူမူအောင်က ပြောကြားသည်။

ဖွဲ့စည်းပုံဥပဒေတွင် လူငယ်ကဏ္ဍ ပိုမိုထည့်သွင်းရေးဆွဲရန် တောင်းဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး လူငယ်အခန်းဏ္ဍများ ပိုမိုထည့်သွင်းရေးဆွဲပေးရန် ဧရာဝ တီတိုင်းအစိုးရအဖွဲ့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းကျင်းပသည့် ပြည်သူ့ရေးရာတာဝန်ခံ ယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ဧရာဝတီတိုင်းအတွင်း လူငယ်များ က ထုတ်ဖော် တောင်းဆိုလိုက်သည်။

ရဲနှင့် စစ်တပ် ပါဝင်ပတ်သက်နေသည့် အမှုနှစ်ခု တရားခံဖော်ထုတ်ပေးရေး အစိုးရအဖွဲ့ထံ ကင်တားနား တောင်းဆိုမည်

ပြည်မြို့ န၀ဒေးတံတားအောက်လူသတ်မှုနှင့် ပန်းတောင်းအချုပ်ခန်းအတွင်း အချုပ်သားသေဆုံးမှုတို့နှင့် ပတ်သက်ပြီး အမှန် တရားပေါ်ပေါက်ရေး၊ တရားမျှတမှုရှိရေး၊ နစ်နာသူများကို ပြန်လည်ကုစားခွင့်ရရှိရေး အတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားက အစိုးရအဖွဲ့ထံ တိုက်တွန်း တောင်းဆိုမည်ဟု ကင်တားနားနှင့် သွားရောက် တွေ့ဆုံခဲ့သူများက ပြော သည်။

ပါးရိုက်ခဲ့မှုအတွက် ဒဏ်ကြေးငွေသာ ချမှတ်ခံရနိုင်သည့် ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေး

Photo: ပါးရိုက်ခဲ့မှုအတွက် ဒဏ်ကြေးငွေသာ ချမှတ်ခံရနိုင်သည့် ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေး
Tuesday, February 18, 2014

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ အပတ်စဉ်(၃)မှ အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဇွဲကပင် အသင်းနှင့် ရတနာပုံ အသင်းတို့ ပွဲစဉ်အပြီးတွင် ကွင်းလယ် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို မကျေနပ်သည့်အတွက် ကွင်းအတွင်းသို့ ၀င်ရောက်ကာ လက်ဆွဲနှုတ်ဆက်ရန်ပြုပြီး ပါးရိုက်ခဲ့သည့် ဇွဲကပင် အသင်းပိုင်ရှင်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ဒဏ်ကြေးငွေ ပြစ်ဒဏ်သာ ချမှတ်ဖွယ် ရှိနေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ရက်နေ့က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင် ဇွဲကပင် ယူနိုက်တက် အသင်းမှာ အမှတ်ပေးဇယားအထက်တွင် ရပ်တည်နေသည့် ရတနာပုံ အသင်းကို ပွဲချိန် ၁၁မိနစ်တွင် သွင်းယူခဲ့သည့် ဂျပန်ကွင်းလယ်လူ ကန်တာရို၏ သွင်းဂိုးဖြင့် သီးဆောင်ထားနိုင်ခဲ့သည်။ သို့ရာတွင် ဒုတိယပိုင်း ပွဲချိန် ၄၈မိနစ်နှင့် ပွဲချိန် ၇၂မိနစ်များတွင် ရတနာပုံအသင်းမှ တိုက်စစ်မှူး ဖွန်ဆီကာ သွင်းယူပေးခဲ့သည့် ပင်နယ်တီ ပြစ်ဒဏ်ဘောများမှတဆင့် အရေးနိမ့်ခဲ့ ရသဖြင့် ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးမှ ကွင်းလယ်ဒိုင် ဦးလှမင်းကို ပွဲအပြီးတွင် ကွင်းအတွင်း ၀င်ရောက်ကာ ပါးရိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်အတွက် ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့၏ ပွဲအပြီး အစီရင်ခံစာကို စောင်ကြည်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ စစ်ဆေး အရေးယူသွားမည်ဖြစ်သည်။ ပွဲအချိန်အတွင်း ပေးအပ်ခဲ့သည် ပင်နယ်တီ ပြစ်ဒဏ်များနှင့် ပတ်သက်၍ ဇွဲကပင် အသင်းပိုင်ရှင်မှ ကွင်းလယ်ဒိုင် အနေဖြင့် ငွေကြေးတစ်စုံတရာ ရယူထားပြီး ပြိုင်ဘက်အသင်း အနိုင်ရရှိရန် ရည်ရွယ်ချက်ရှိရှိ ပြုမူခဲ့ကြောင်း သတင်းမီဒီယာ တစ်ခုနှင့် တွေဆုံမေးမြန်းမှုတွင် ဖြေကြားသွားခဲ့သည်။ ပြိုင်ပွဲကြီးကြပ်နှင့် ရတနာပုံ အသင်း မန်နေဂျာတို့က ယင်းပွဲစဉ်တွင် ပေးအပ်ခဲ့သည့် ပင်နယ်တီများမှာ အမှန်တကယ်ပေးသင့်သည့် ပြစ်ဒဏ်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အဖွဲ့ဝင် ဦးခင်မောင်ထွေးက " အဓိက ကတော့ သူတို့ ဆရာနဲ့ တပည့်ရင်း ဖြစ်တာပဲ။ ဆရာက တပည့်ကို တောင်းပန်ပေါ့ ကျန်တဲ့ အပိုင်းက တို့ကစဉ်းစားပေးရမှာပါ။ နောင်အလားတူ ဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် ပြစ်ဒဏ်တော့ ချမှတ်သွားမှာပါ။ ဒါကလူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတာပေါ့ သူကတောင်းပန်ရင် တစ်မျိုးပေါ့ မတောင်းပန်ရင်တော့လဲ တစ်မျိုးပေါ့။ ထက်ထက်မိုးဦးလိုလဲ တရားဆွဲလို့ ရတာမျိုးမှ မဟုတ်တာ" ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar
မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ အပတ်စဉ်(၃)မှ အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဇွဲကပင် အသင်းနှင့် ရတနာပုံ အသင်းတို့ ပွဲစဉ်အပြီးတွင် ကွင်းလယ် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို မကျေနပ်သည့်အတွက် ကွင်းအတွင်းသို့ ၀င်ရောက်ကာ လက်ဆွဲနှုတ်ဆက်ရန်ပြုပြီး ပါးရိုက်ခဲ့သည့် ဇွဲကပင် အသင်းပိုင်ရှင်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်း သိမ်းရေး ကော်မတီမှ ဒဏ်ကြေးငွေ ပြစ်ဒဏ်သာ ချမှတ်ဖွယ် ရှိနေကြောင်း သိရှိရသည်။

ရထားပိုင်မြေအတွင်း နေထိုင်သူများက အိုးအိမ်မဖျက်ရန် သမ္မတထံ စာတင်

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဈေးကုန်းအရှေ့ရပ်ကွက် မီးရထားပိုင်နယ်မြေအတွင်း နှစ် ၂၀ ကျော်နေ ထိုင်ခဲ့သည့် အိမ်များကို ဖျက် သိမ်းခြင်းမပြုရန် ယင်းနေရာတွင် နေထိုင်သူများက ဖေဖော်ဝါရီ ၁၇ ရက် တွင် သမ္မတထံ အသနားခံစာတင်ကာ တောင်းဆို လိုက်သည်။

သြစတြေးလျနဲ့ အမေရိကန်တို့ ပေါင်းပြီး အင်ဒိုနီးရှားဖုန်းများအားကြားဖြတ် ခိုးပြီးနားထောင်နေကြောင်းSnowden ဖော်ထုတ်လိုက်မြန်မြီ

Photo: သြစတြေးလျနဲ့ အမေရိကန်တို့ ပေါင်းပြီး အင်ဒိုနီးရှားဖုန်းများအားကြားဖြတ်
ခိုးပြီးနားထောင်နေကြောင်းSnowden ဖော်ထုတ်လိုက်မြန်မြီ
Tuesday, February 18, 2014

အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ဖော်ကောင်၊ အမေရိကန် စစ်ဘက်နဲ့နိုင်ငံရေး အတွင်းသတင်းတွေကို စုဆောင်းသူဟောင်း Edward Snowden ဟာ တရားဝင်သတင်းအချက်အလက် အသစ်စက်စက်တွေကို ဖော်ထုတ်လိုက်ပါပြီ။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSA) နဲ့ သြစတြေးလျ အစိုးရ သတင်းစုဆောင်းရေး အေဂျင်စီ (ASD) တို့ ပူးပေါင်းပြီး အင်ဒိုနီးရှား တယ်လ်လီဖုန်းလိုင်း အချက်အလက်တွေကို ၀င်ရောက်ထောက်လှမ်းနေတဲ့အကြောင်း အသေးစိတ်ကို ဖော်ပြထားပါတယ်။

ထိပ်တန်းလျှို့ဝှက် တွေကတော့ သြစတြေးလျ ASD ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဆက်သွယ်ရေးစနစ်တွေကို ထောက်လှမ်း ရယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ အချက်အလက်တွေ ပါပဲ။

၂၀၁၂ခုနှစ် NSAရဲ့ ဖိုင်တွဲတွေအရ သြစတြေးလျ ASD ဟာ Indosat (အင်ဒိုနီးရှားပိုင် ဂြိုလ်တု) ရဲ့အဝေးဆက်သွယ်မှု တစ်ပြုံကြီးကို ထောက်လှမ်းနေကြောင်း ပါဝင်ပါတယ်။ အစိုးရ ၀န်ကြီးရုံးတွေရဲ့ ဆက်သွယ်မှုတွေက အစပေါ့။

၂၀၁၃ခုနှစ် ဖော်ထုတ်လိုက်တဲ့ နောက်ထပ်ဖိုင်တွဲတစ်ခုမှာတော့ သြစတြေးလျ ASD ဟာ အင်ဒိုတယ်လီဖုန်းကွန်ယက်(Telkomsel) က အတွင်းရေးဆက်သွယ်မှုတွေကို အုပ်ထားတဲ့ ၁ ဒဿမ ၈ သန်းသော မာစတာကီးတွေကို ဖြည်ထုတ်ထားတဲ့ အကြောင်း ပါလာပါတယ်။

Trend Myanmar
အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ဖော်ကောင်၊ အမေရိကန် စစ်ဘက်နဲ့နိုင်ငံရေး အတွင်းသတင်းတွေကို စုဆောင်းသူဟောင်း Edward Snowden ဟာ တရားဝင်သတင်းအချက်အလက် အသစ်စက်စက်တွေကို ဖော် ထုတ် လိုက်ပါပြီ။

ဘီလ်ကလင်တန် မင်းသမီးလစ်ဇ်ဟာလေနှင့် အိမ်ဖြူတော်ဇာတ်ရှုပ် ဘူးပေါ်သလိုပေါ်

Photo: ဘီလ်ကလင်တန် မင်းသမီးလစ်ဇ်ဟာလေနှင့် အိမ်ဖြူတော်ဇာတ်ရှုပ် ဘူးပေါ်သလိုပေါ်
Tuesday, February 18, 2014

အမေရိကန်သမ္မတ ဟောင်း ဘီလ်ကလင်တန်၏ မော်ဒယ်သရုပ်ဆောင် မင်းသ မီး အယ်လိဇဘက်ဟာလေနှင့် အိမ်ဖြူတော်အတွင်း မြာပွေခဲ့ ကြပုံကို The Black Hawk Down ဇာတ်ကားသရုပ်ဆောင် တွန်ဆိုက်မိုးက ထုတ်ဖော်ပြော ဆိုခဲ့ကြောင်းသိရသည်။

အမေရိကန်ရုပ်ရှင်သရုပ် ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တွန် ဆိုက်မိုး ၅၂ နှစ်သည်ွူသဘန ဖြင့်အင်တာဗျူးတွင် သမ္မတက လင်တန်နှင့် အယ်လိဇဘက်တို့ ၏ လျှို့ဝှက်စွာကာလရှည်တည် ရှိခဲ့သော ဇာတ်လမ်းကို ထုတ် ဖော်ခဲ့ခြင်းဖြစ်သည်။ တွန်က ¤င်းအိမ်ဖြူတော်သို့ ရုပ်ရှင်ရိုက် ကူးရေးဖြင့်ရောက်ရှိစဉ် ကလင် တန်က လင်ကွန်း၏အိပ်ခန်းကို လိုက်လံပြသခဲ့ကြောင်း၊ ယင်း နောက် အယ်လိဇဘက်၏ ဖုန်း နံပါတ်ကို မေးမြန်းခဲ့ကြောင်းနှင့် အိမ်ဖြူတော်သို့လာရောက်ရန် လေယာဉ် လွှတ်ပေး မည်ဖြစ် ကာ သုံးနာရီအတွင်း အရောက် လာရန် ပြောကြားခဲ့ကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သမ္မတကလင်တန်သည် အယ်လိဇဘက်ဟာလေနှင့် ရင်း နှီးစွာဖုန်းဖြင့် စကားပြောကြပြီး နောက် အယ်လိဇဘက်မှာ ¤င်း ၌လက်ရှိချစ်သူရှိကြောင်း ပြော ကြားခဲ့သော်လည်း ကလင်တန် က ဂရုမစိုက်ကြောင်းနှင့် သူမ၏ ချစ်သူကို လုပ်ကြံသတ်ဖြတ်ခိုင်း မည်ဟု ပြောကြားခဲ့သည်ဟုဆို သည်။
ထို့နောက်တွင် အယ်လိဇ ဘက်မှာ အိမ်ဖြူတော်သို့ ရောက် ရှိလာခဲ့ပြီး ကလင်တန်နှင့်အတူ အစောင့်များစောင့်ကြပ်ထား သော အခန်းတစ်ခန်းထဲ ဝင် ရောက်သွားခဲ့ကြသည်ဟုဆို သည်။ တွန်က ဗြိတိန်မင်းသမီး အယ်လိဇဘက်ဟာလေသည် အိမ်ဖြူတော်တွင် လေးရက်ကြာ နေထိုင်ခဲ့သည်ဟု ပြောကြားခဲ့ ကြောင်း Daily Express ၌ ရေး သားဖော်ပြထားသည်။

Ref: Daily Express
Yangon Media Group
အမေရိကန်သမ္မတ ဟောင်း ဘီလ်ကလင်တန်၏ မော်ဒယ်သရုပ်ဆောင် မင်းသ မီး အယ်လိဇဘက် ဟာလေနှင့် အိမ်ဖြူတော်အတွင်း မြာပွေခဲ့ ကြပုံကို The Black Hawk Down ဇာတ်ကားသရုပ်ဆောင် တွန်ဆိုက်မိုးက ထုတ်ဖော်ပြော ဆိုခဲ့ကြောင်းသိရသည်။

နီပေါတွင် လူ ၁၈ ဦးပါ ခရီးသည်တင် လေယာဉ် တစ်စီး ထွက်ခွာပြီး ၁၅ မိနစ် အကြာတွင် ပျောက်ဆုံး

Photo: နီပေါတွင် လူ ၁၈ ဦးပါ ခရီးသည်တင် လေယာဉ် တစ်စီး ထွက်ခွာပြီး ၁၅ မိနစ် အကြာတွင် ပျောက်ဆုံး
Tuesday, February 18, 2014

ခရီးသည် ၁၅ ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦးကို တင်ဆောင်သွားသော နီပေါ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် တစ်စီးသည် တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် ပျောက်ဆုံး သွားခဲ့သည်ဟု CNA သတင်း ဌာနတွင် ဖော်ပြထားသည်။

အဆိုပါ ခရီးသည်တင် လေယာဉ်သည် ပုပ်ခ်ဟာရာ လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် အရွယ်ရောက်ပြီး ခရီးသည် ၁၄ ဦး၊ နို့စို့ ကလေးအရွယ် ခရီးသည် တစ်ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦး လိုက်ပါသွားကြောင်း နီပေါ လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

ပုပ်ခ်ဟာရာ ဒေသသည် ကမ္ဘာလှည့် ခရီးသည် အများစု လာရောက် လည်ပတ်လေ့ရှိသော ဒေသတစ်ခု ဖြစ်ပြီး မြို့တော် ခတ္တမဒူမှ အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့် အကွာတွင် တည်ရှိသည်။
“ခရီးသည်တွေထဲက တစ်ယောက်က ဒိန်းမတ်ကပါ။ ဒါပေမဲ့ ကျန်တဲ့ ခရီးသည်တွေ အားလုံးကတော့ နီပေါက ခရီးသည်တွေ ချည်းပါပဲ” ဟု နီပေါ လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရမ်ဟာရီ ရှာမာက ပြောကြားသည်။

လေကြောင်းလိုင်းမှ တာဝန်ရှိသူများက လေယာဉ်၏ တည်နေရာကို ရှာဖွေရန်နှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကြိုတင် ပြင်ဆင်ထားရန် ရဲတပ်ဖွဲ့ကို အကြောင်း ကြားထားသည်ဟုလည်း မစ္စတာ ရှာမာက ပြောကြားသည်။
ယခု ပျောက်ဆုံးလျက် ရှိသော နီပေါ လေကြောင်းလိုင်းပိုင် လေယာဉ်သည် ပုပ်ခ်ဟာရာမှ ဂျမ်မလာမြို့သို့ ပျံသန်းစဉ် ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်သည်။
စီးပွားရေးအတွက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ရရှိသော ဝင်ငွေကို အဓိက ထားနေရသော နီပေါနိုင်ငံတွင် မကြာသေးမီ နှစ်များအတွင်း လေယာဉ် ပျက်ကျမှု အကြိမ်ရေ မနည်း ဖြစ်ပွားခဲ့ပြီး အများစုမှာ လေယာဉ်မှူး များ၏ အတွေ့အကြုံ နည်းပါးမှု၊ လေယာဉ် ပြုပြင် ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သောနှစ် အောက်တိုဘာလ အတွင်းကလည်း ပုပ်ခ်ဟာရာ မြို့အနီးတွင် အပေါ့စား လေယာဉ်ငယ် တစ်စီး ပျက်ကျခဲ့ပြီး ဒေသခံ လေယာဉ်မှူး တစ်ဦးနှင့် တရုတ် ခရီးသွား တစ်ဦးတို့ သေဆုံးခဲ့သည်။
ဥရောပသမဂ္ဂသည် ပြီးခဲ့သောနှစ် ဒီဇင်ဘာလ အတွင်းက ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံပိုင် လေကြောင်းလိုင်းများကို ဘေးကင်း လုံခြုံမှုအတွက် စိတ်ချရခြင်း မရှိဟုဆိုကာ အမည်ပျက် စာရင်း သွင်းခဲ့ပြီး ထိုလေကြောင်း လိုင်းများ ဥရောပသို့ ပျံသန်းခြင်းကိုလည်း တားမြစ်ခဲ့သည်။

MWD
ခရီးသည် ၁၅ ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦးကို တင်ဆောင်သွားသော နီပေါ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် တစ်စီးသည် တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် ပျောက်ဆုံး သွားခဲ့သည်ဟု CNA သတင်း ဌာနတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံထုတ် တစ်ပတ်ရစ်ရထားတွဲဆိုင်း ၂၀ အား ၀ယ်ယူရန်စီစဉ်

Photo: မန်မာနိုင်ငံက အိန္ဒိယနိုင်ငံထုတ် တစ်ပတ်ရစ်ရထားတွဲဆိုင်း ၂၀ အား ၀ယ်ယူရန်စီစဉ်
Tuesday, February 18, 2014

မြန်မာအစိုးရက အိန္ဒိယနိုင်ငံထုတ် တစ်ပတ်ရစ်ရထားတွဲဆိုင်း ၂ဝ ဝယ်ယူရန်စီ စဉ်ထားကြောင်း သိရသည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ယင်းသို့ ဝယ်ယူမှုမှာ နိုင်ငံခြားချေးငွေများဖြင့် အဓိကဝယ်ယူရမည် ဖြစ်သည့်အပြင် လက်ရှိတွင် ဘတ်ဂျက်အနေဖြင့်သာ ထည့်သွင်းတွက်ချက်ထားပြီး တစ်စီးနှုန်း အနေအထားအရမူ ထုတ်ပြန်မှု မပြုလုပ်နိုင်သေးကြောင်း သိရသည်။

အဆိုပါ ရထားတွဲဆိုင်းများမှာ အဲယားကွန်းများနှင့် အဆင့်မြင့်တန်း ထိုင်ခုံများပါရှိသဖြင့် နယ်ဝေးရထား လိုင်းများတွင် အဓိကထားပြေးဆွဲသွားရန် စီစဉ်ထားပြီး ရထားတွဲများ ရောက်ရှိလာပါက စမ်းသပ်မှုများ ပြုလုပ်သွားကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရထားကဏ္ဍကတော့ အားလုံးကို ပြုပြင်သင့်သလောက် ပြုပြင်နေပါပြီ။ ပြီးတော့ အခုအိန္ဒိယက ဝယ်ယူမယ့်ရထားတွဲဆိုင်းတွေကို ကြိုကြားစမ်းသပ်မှုတွေ လုပ်ပြီးတော့ ပြေးမယ်။ မြို့ပတ်ရထား အဆင့်တော့ မရနိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ အဲယားကွန်းပါတဲ့အတွက် အရှိန်မြှင့်မောင်းရတဲ့ ခရီးတွေအတွက်ပဲ အဆင်ပြေတယ်”ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယခင်က ရထားတွဲဆိုင်းများ၊ ရထားနှင့် ဆက်စပ်သော ကိရိယာပစ္စည်းများအတွက် တရုတ်နှင့် အိန္ဒိယထံမှ ချေးငွေများဖြင့် ဝယ်ယူနေရသော မြန်မာနိုင်ငံ၏ ရထားကဏ္ဍအတွက် ဂျပန်နိုင်ငံမှ အရင်းအနှီးငွေများ၊ နည်းပညာများအပြင် ပညာရှင်များဖြင့်  ထောက်ပံ့မှုများ ပြုလုပ်နေသည့်အပြင် ရန်ကုန် -မန္တလေး ရထားလမ်းပိုင်းအတွက် ဒေါ်လာ သန်း ၅ဝဝ ကို အတိုးနှုန်းလျော့နည်းစွာဖြင့် ချေးယူခွင့် ပေးထားကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ ရထားတွဲ ထုတ်လုပ်သည့် မြစ်ငယ်စက်ရုံကိုလည်း အဆင့်မြှင့်တင်ရန် ဂျပန်မှ ပံ့ပိုးကူညီမှုများကို ပြုလုပ်ပေးနေပြီး လက်ရှိတွင် မြစ်ငယ်စက်ရုံမှ ထုတ်လုပ်ခဲ့သည့် ရထားတွဲဆိုင်း အသစ်များဖြင့် ရန်ကုန်မြို့ပတ်ရထား စနစ်တွင် အစားထိုးရန် ပြုလုပ်နေပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နှင့် စင်ကာပူနိုင်ငံမှ  ကုမ္ပဏီများက လုပ်ကိုင်ခွင့်ရရှိရန် လျှောက်ထားသော ရန်ကုန်ဘူတာဝင်းကြီး တစ်ခုလုံးအတွက် မကြာမီတင်ဒါ ခေါ်ယူနိုင်မည်ဖြစ်သည့်အပြင် ရထားလမ်းပိုင်း စနစ်များကိုပါ ပြုပြင်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။                       

Eleven Media Group

ရန်ကုန်မြို့ပတ်၌ ပြေးဆွဲနေသော ရထားတွဲဆိုင်းအား ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ်
ရန်ကုန်မြို့ပတ်၌ ပြေးဆွဲနေသော ရထားတွဲဆိုင်းအား ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ်

မြန်မာအစိုးရက အိန္ဒိယနိုင်ငံထုတ် တစ်ပတ်ရစ်ရထားတွဲဆိုင်း ၂ဝ ဝယ်ယူရန်စီ စဉ်ထားကြောင်းသိရသည်။

ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ မူဝါဒမရှိပါက နိုင်ငံတည်ဆောက်ရေး လုပ်ဆောင်ရာတွင် များစွာအခက်အခဲ ဖြစ်မည်ဟု မိုးလေ၀သနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင်များ ပြောကြား

Photo: ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ မူဝါဒမရှိပါက နိုင်ငံတည်ဆောက်ရေး လုပ်ဆောင်ရာတွင် များစွာအခက်အခဲ ဖြစ်မည်ဟု မိုးလေ၀သနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင်များ ပြောကြား
Tuesday, February 18, 2014

မြန်မာနိုင်ငံ၌ ပျောက်ဆုံးနေသည့် အမွေအနှစ်များထဲတွင် ရာသီဥတုလည်း ပါဝင်ပြီး ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ မူဝါဒမရှိပါက ရေရှည်၌ နိုင်ငံတည်ဆောက်ရေး လုပ်ဆောင်ရာတွင် များစွာအခက်အခဲ ဖြစ်မည်ဟု ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်များက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်၌ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကော်မတီနှင့် ဂျာမနီအခြေစိုက်Konrad Adenauer Siugung (KAS) တို့ ပူးပေါင်းဆောင်ရွက်သည့် ရာသီဥတု ပြောင်းလဲခြင်း၏ နိုင်ငံရေး (The Politics of  Climate Change)အလုပ်ရုံဆွေးနွေးပွဲတွင် မိုးလေဝသပညာရှင် ဦးထွန်းလွင်နှင့် သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူတို့က ဆိုသည်။

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲအား ဖေဖော်ဝါရီ ၁၄၊ ၁၅ နှင့် ၁၆ ရက် သုံးရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများအား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် စသည့် ရှုထောင့်အမျိုးမျိုးမှ ကျွမ်း ကျင်ပညာရှင်များက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပျောက်ကွယ်ကုန်ဆုံးနေသည့် အမွေများစွာရှိကြောင်း၊ ယင်းတို့ မှာ သစ်တောပြုန်းတီးခြင်းများ၊ တွင်းထွက်နှင့် သဘာဝဓာတ်ငွေ့များ၊ ရတနာများ၊ မြေယာပိုင်ဆိုင်မှုများ အပါအဝင် မြန်မာဆိုသည့် အမျိုးသားရေး လက္ခဏာများ ပါဝင်နေသည်ဟု ဦးထွန်းလွင်က ပြောကြားသည်။

“မြန်မာပြည်မှာ ပျောက်ဆုံးနေတဲ့ အမွေတွေအကြောင်းကို အားလုံးလိုလိုက ပြောကြတာပေါ့။ ဒါပေမဲ့ မပြောတဲ့ အမွေကြီး တစ်ခုရှိတယ်ဗျ။ အဲဒါက ကျွန်တော်ရဲ့ ရာသီဥတုပဲ။ ရာသီဥတုကလည်း အမွေပဲ။ မြန်မာပြည်ရဲ့ ရာသီဥတုဆိုတာ မုတ်သုံ၊ မုတ်သုံက မြန်မာပြည်ရဲ့ အမွေပဲ။ ဘာဖြစ်လို့လဲဆိုရင် မုတ်သုံဆိုတာ ကမ္ဘာပေါ်မှာ နေရာတိုင်း မရှိပါဘူး။ အာရှတိုက်မှာပဲရှိတယ်။ ဘာ ဖြစ်လို့ အာရှတိုက်မှာပဲရှိပြီး အခြားတိုက်တွေမှာ မရှိတာလည်းဆိုရင် အဖြေကရှင်းပါတယ်။ အာရှတိုက်မှာရှိတဲ့ ပထဝီဝင် အနေအထားမျိုး ကမ္ဘာပေါ်မှာ အခြားဘယ်တိုက်မှ မရှိပါဘူး”ဟု ဦးထွန်းလွင်က ဆိုသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် မြေယာ အသုံးချမှုများကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ထွက်ရှိမှု ပိုများလာပြီး ရာသီဥတု ပြောင်းလဲမှုများဖြစ်ကာ ကမ္ဘာ့နိုင်ငံ အသီးသီး၌  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များ ကြုံတွေ့နေရကြောင်း သိရသည်။

ဦးဝင်းမျိုးသူက “ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာနှင့် နိုင်ငံရေးဆိုတဲ့ ကြောင်းအရာက တော်တော်အရေးကြီးတဲ့ အကြောင်းအရာပါ။ မြန်မာပြည်မှာ လူတော်တော်များများ သိပ်သတိမပြုမိတဲ့ အကြောင်းအရာ ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ နိုင်ငံတည်ဆောက်ရေးမှာ ဒီရှုထောင့်ကို မျက်ကွယ်ပြုရင် ကျွန်တော်တို့ ရှေ့သွားရမယ့် လမ်းကြောင်းကလည်း မှုန်ဝါးဝါး မှေးမှိန်မှိန်နဲ့ လမ်းဘေးကိုချော်မယ့် ပြဿနာရှိတယ်။ Climate Change လိုPolicy မရှိဘဲနဲ့ မြန်မာနိုင်ငံက ဆက်သွားနေမယ်ဆိုရင် ရေရှည်မှာ ဒုက္ခရောက်မယ်လို့မြင်တယ်”ဟု ပြောကြား သည်။

“Climate Change Policyကိုဆွဲမယ် ဆိုရင်တော့အဓိက Policyကြီး သုံးခုကို ဆွဲဖို့လိုတယ်။ အဓိက Economic Policyကို ဆွဲဖို့လိုတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒပေါ့။ ဒါက Climate Changeနဲ့ အဓိက ဆက်စပ်နေတယ်။ နောက်တစ်ခုက Energy Policyပေါ့။Energyနဲ့ Economicကလည်း ဆက်စပ်နေတယ်။ Energyမရှိဘဲနဲ့ Economyက မတက်နိုင်ဘူး။ နောက်တစ်ခုကEnvironment Policy ကိုဆွဲဖို့လိုတယ်။ ဒီသုံးခုဆွဲနိုင်မှသာလျှင် ခုနကပြောတဲ့ Climate Change Policyက ရုပ်လုံးကြွလာမှာ ဖြစ်တယ်။ ဒီအချက်တွေထဲကမှ တစ်ခုခု မပါဝင်ရင် ပြည့်စုံမှာ မဟုတ်တဲ့အတွက် ဒီသုံးခုက ဟန်ချက်ညီနေဖို့ လိုတယ်”ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်လာသည့် ရာသီဥတု ပြောင်းလဲခြင်းကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ဖြစ်စေမည့် အပြုအမူများ ဆက်လက် လုပ်ဆောင်နေပါက ကမ္ဘာ့ဒီရေ ပမာဏသည် လာမည့် ၂၁ဝဝ ပြည့်နှစ် အတွင်း ၅ ပေမှ ၁၅ ပေအထိ မြင့်တက်လာနိုင်သည်ဟု သိပ္ပံပညာရှင်များက သုံးသပ်ထားသည်ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။

Eleven Media Group

သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက ရာသီဥတုပြောင်း လဲခြင်းဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ ရှင်းလင်းစဉ်
သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက ရာသီဥတုပြောင်း လဲခြင်းဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ ရှင်းလင်းစဉ်

မြန်မာနိုင်ငံ၌ ပျောက်ဆုံးနေသည့် အမွေအနှစ်များထဲတွင် ရာသီဥတုလည်း ပါဝင်ပြီး ရာသီဥတု ပြောင်း လဲခြင်းဆိုင်ရာ မူဝါဒမရှိပါက ရေရှည်၌ နိုင်ငံတည်ဆောက်ရေး လုပ်ဆောင်ရာတွင် များစွာအခက်အခဲ ဖြစ်မည် ဟု ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်များက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်၌ ပြု လုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကော်မတီနှင့် ဂျာမနီအခြေစိုက် Konrad Adenauer Siugung (KAS) တို့ ပူးပေါင်းဆောင်ရွက်သည့် ရာသီဥတု ပြောင်းလဲခြင်း၏ နိုင်ငံရေး (The Politics of  Climate Change)အလုပ်ရုံဆွေးနွေးပွဲတွင် မိုးလေဝသပညာရှင် ဦးထွန်းလွင်နှင့် သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူတို့က ဆိုသည်။

စက်မှုဇုန်ထုတ် မော်တော်ယာဉ်များအား အချိန်ကာလ သတ်မှတ်၍ ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံနိုင်ရန် ဆောင်ရွက်နေ

အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ခြင်း မရှိတော့သည့် စက်မှုဇုန်ထုတ်မော် တော်ယာဉ်များအား ထုတ် လုပ်သည်မှ အချိန်ကာလတစ်ခုအထိ သတ်မှတ်၍ ပိုင်ရှင် ဆန္ဒအရ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုတွင် ထည့်သွင်းဆောင်ရွက် နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရထားပို့ဆောင် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးချန်မောင်က ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ပြောကြား သည်။

သန်းခေါင်စာရင်းရလဒ်ကို နိုင်ငံရေးဆုံးဖြတ်ချက်များတွင် အသုံးပြုမည်ကို စိုးရိမ်သည့်အတွက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အနေဖြင့် အမြန်ဆုံးတွေ့ဆုံညှိနှိုင်းပေးရန် တိုင်းရင်းသားလူမှု အဖွဲ့အစည်းများ တောင်းဆို

Photo: သန်းခေါင်စာရင်းရလဒ်ကို နိုင်ငံရေးဆုံးဖြတ်ချက်များတွင် အသုံးပြုမည်ကို စိုးရိမ်သည့်အတွက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အနေဖြင့် အမြန်ဆုံးတွေ့ဆုံညှိနှိုင်းပေးရန် တိုင်းရင်းသားလူမှု အဖွဲ့အစည်းများ တောင်းဆို
Tuesday, February 18, 2014

သန်းခေါင်စာရင်း ရလဒ်များအား နိုင်ငံရေးဆုံးဖြတ်ချက်များတွင် အသုံးပြုမည်ကို စိုးရိမ်သည့်အတွက် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဗဟိုသန်းခေါင်စာရင်း ကော်ရှင်အနေဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အမြန်ဆုံးတွေ့ဆုံဆွေးနွေး ညှိနှိုင်းပေးရန် ၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင် စသည့်တိုင်းရင်းသားအဖွဲ့အစည်း ၃ဝ က ဖေဖော်ဝါရီ ၁၇ရက်တွင် ပူးပေါင်း ထုတ်ပြန်ချက်တစ်ခုဖြင့် တောင်းဆိုမှုပြုလုပ်ခဲ့ပြီး ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းမှုကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်း၌ ပြုလုပ်ခဲ့သည်။

၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူရေး နှင့်ပတ်သက်၍ တိုင်းရင်းသား အဖွဲ့အစည်းများ စိုးရိမ်သည့် အနေအထားများအား သက်ဆိုင်ရာ တိုင်းရင်းသားမျိုးနွယ်များအလိုက် ထုတ်ပြန်ချက်များထုတ်ပြန်ပြီး နိုင်ငံတော် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်သို့တင်ပြထားမှုများ ပြုလုပ်ထားသော်လည်း တုံ့ပြန်ချက်များသည် တစ်စုံတစ်ရာထူးခြားမှုမရှိဘဲ စိတ်ကျေနယ်ဖွယ်ရာ မရှိသောကြောင့် တိုင်းရင်းသား အဖွဲ့အစည်းများ ယခုကဲ့သို့ ပူးပေါင်းထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်အနာဂတ် လူမှုစီးပွားဖွံ့ဖြိုးရေး အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန်အတွက် အလွန်အရေးကြီးကြောင်း၊ သို့ရာတွင် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် စီစဉ်ဆောင်ရွက်မှု အချို့သည် တိုင်းရင်းသားလူမျိုးများအတွက် ထိခိုက်နစ်နာနိုင်ဖွယ်ရာများ ထွက်ပေါ်စေနိုင်ကြောင်း စသည်တို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး တိုင်းရင်းသားများ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးပြီးသည်အထိ လုံလောက်သော ပြင်ဆင်မှုရရှိပြီးမှသာ သန်းခေါင်စာရင်း စတင်ကောက်ယူရန် တောင်းဆိုခဲ့သည်။

၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြု ကော်မတီမှ ဆလိုင်းအိုက်ဇက်ခင်က “အစက တော့ ဒါတွေသည် ချင်းတွေရဲ့ ပြဿနာပဲလို့ ကျွန်တော်မြင်ခဲ့တာ။ သို့သော် ကချင်လည်း ပြဿနာတက်တယ်။ ရှမ်းလည်း ပြဿနာ တက်တယ်။ မွန်လည်း ပြဿနာတက်တယ်။ ပြဿနာမတက်တာဆိုလို့ ဗမာတိုင်းရင်း သားတွေပဲ။ ပြဿနာမတက်ဘူးလို့ ကျွန်တော် တို့ နားလည်ရတယ်။ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံပြီး ကုတ်ပေးလိုက်တဲ့ ကိစ္စသည် လောလောဆယ် နည်းပညာပိုင်း အရ စာရင်းသွင်းလို့ကောင်းအောင် ထည့် တယ်လို့ ပြောသည့်တိုင်အောင် တစ်ချိန်မှာ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေဖြစ်လာ နိုင်တဲ့အနေအထားမျိုး ရှိတယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်”ဟု ပြောကြားသည်။

အချို့သော တိုင်းရင်းသားလူမျိုးများ အထူးသဖြင့် ကချင်၊ ကရင်နှင့် ချင်းလူမျိုးများအတွက် လူမျိုးအမည်နှင့် ၎င်းလူမျိုးတွင် ပါဝင်သော မျိုးနွယ်စုအမည်များကို အဆင့်အတန်းတူသတ်မှတ်၍ ကုတ်အမှတ်ပေးကာ စာရင်းကောက်ယူခြင်းသည် တိုင်းရင်းသား လူမျိုးတစ်ခုတည်း အတွင်းရှိ မျိုးနွယ်စုများ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ ဖြစ်လာစေ နိုင်သည်ဟု တိုင်းရင်းသားအဖွဲ့အစည်းများ ၏ ပူးပေါင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် ဗဟိုသန်းခေါင်စာရင်း ကော်မ တီအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူ မှုနှင့်ပတ်သက်သော နည်းပညာပိုင်းဆိုင်ရာ ကိစ္စများကို အသေးစိတ်ပြင်ဆင်ဆောင်ရွက် ထားပြီးဖြစ်သော်လည်း တိုင်းရင်းသား လူမျိုး အများစု၏ စိုးရိမ်မှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဖြေရှင်းဆောင်ရွက်ပေးနိုင် ခြင်းမရှိသေးဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နိုင်ငံတကာ သန်းခေါင်စာရင်းကောက် တဲ့အခါမှာ လူမျိုးလည်းထည့်မထားဘူး။ ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်ကတ်ပြား အမှတ်တို့လည်း ထည့်မထားဘူး။ ပြီးတော့မှ ဘာသာ ကိုးကွယ်တာလည်းထည့် မထား ဘူး။ သူကောက်တာ လူဦးရေပဲ။ လောလော ဆယ် ဒီအချက်အလက်တွေ ထည့်ထားတဲ့ အခါကျတော့ ကျွန်တော်တို့ရဲ့စိုးရိမ်တာက ကောက်ခံပြီးတဲ့နောက်ပိုင်း ၂ဝ၁၅ နောက် ဆက်တွဲမှာ နိုင်ငံရေး ဆုံးဖြတ်ချက်ထဲမှာ တစ်နေရာရာမှာ ပြန်ပြီးအသုံးချသွားမှာစိုးရိမ်လို့ ကျွန်တော်တို့ ပြောတာဖြစ်တယ်”ဟု ကရင်တိုင်းရင်းသား ဦးစောကျော်စွာက ပြောကြားသည်။

“လောလောဆယ် အစိုးရက အသိအမှတ်ပြုတဲ့ ၁၃၅ လို့ပြောရင်တောင်မှ ဒီသန်းခေါင်စာရင်းကိစ္စဟာ ဗမာတိုင်းရင်သား မဟုတ်တဲ့ ကျန်တဲ့ ၁၃၄ မျိုးကို ထိခိုက်ပြီး သားဖြစ်ပါတယ်။ ကျန်တဲ့ ၁၃၄ မျိုးဟာ ကျွန်မတို့ မြန်မာနိုင်ငံရဲ့လူဦးရေရဲ့ လေးဆယ်ရာခိုင်နှုန်း ကျော်ပါတယ်။ အဲဒီတော့ လူဦးရေရဲ့ လေးဆယ်ရာခိုင်နှုန်းဟာ စိတ် မပျော်ရွှင်ဘူး။  အချင်းချင်း စိတ်ညစ်နေတယ် စိတ်ဝမ်းကွဲပြားနေတယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အရေးအခင်းဖြစ်ပါတယ်။ လူဦးရေ လေးဆယ်ရာခိုင်နှုန်းကို ထိခိုက်မယ့် သန်းခေါင်စာရင်းမျိုးကို အားလုံးပျော်ရွှင်  စွာပါဝင်နိုင်ဖို့ လိုအပ်တယ်။ ဒီလူဦးရေရဲ့ လေးဆယ်ရာခိုင်နှုန်းက မပျော်ရွှင်ရဘူးဆိုရင် ကျန်တဲ့ ဗမာတွေကရော ပျော်ရွှင်နိုင်ပါဦး မလား။ ဗမာတိုင်းရင်းသားများလည်း ဝိုင်း ဝန်းကူညီဖို့ ကျွန်မတို့ အကူအညီတောင်းပါ တယ်”ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

ထို့ပြင် ရှမ်းတိုင်းရင်းသား ဦးစိုင်းစော သန်းမြင့်က “တကယ်တန်း ရှမ်းရယ်၊ ရှမ်း မျိုးနွယ်စုရယ်ဟာ အမှန်ဆိုရင် ဆယ်မျိုးကျော် လောက်ပဲရှိပါတယ်။ အခုတော့ နိုင်ငံတော် ကသတ်မှတ်ထားချက်အရ လက်ရှိသန်းခေါင် စာရင်းမှာ ၃၃ မျိုး ဖြစ်နေတယ်။ အဲဒီ ၃၃ မျိုးကို ဦးတို့က ရှမ်းတိုင်းရင်းသားများ ကိုယ် စားလက်ခံနိုင်ခြင်းမရှိဘူး။ ဦးတို့ ဒီနေ့ထုတ် ပြန်တဲ့ ထုတ်ပြန်ချက်ဟာ တစ်နိုင်ငံလုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့မရပေမဲ့ တိုင်း ရင်းသား အများစုရဲ့ခေါင်းဆောင်တွေ တက်ရောက်ပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဖြစ်တယ်။ အားလုံးကို ကိုယ်စားပြုမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားသည်။

ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက“သန်းခေါင်စာရင်း ကောက်ယူခြင်းသည် နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးဘာသာ စသည်တို့အပေါ် ဖိနှိပ်အမြတ်ထုတ်ရန် မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်သာ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရားဝင်သတ်မှတ်ထား သည့် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းတွင် ပါဝင်သည့် လူမျိုးနှင့် လူမျိုးအမည် သတ်ပုံ မှားနေခြင်းများ ပြင်ဆင်ခြင်းကို ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ အပြီးတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ဆွေးနွေးညှိနှိုင်းပါက ပိုသင့်တော်ကြောင်း၊ လက်ရှိသတ်မှတ်ထားသည့် ကာလသည် သန်းခေါင်စာရင်းကောက်ယူရန် အသင့်တော်ဆုံး အခြေအနေဖြစ်ကြောင်း”ဟု ဖေဖော်ဝါရီ ၁ဝ ရက်က ပြောကြားထားသည်။

Eleven Media Group

သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် တိုင်းရင်းသား အဖွဲ့အစည်းများက ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် တိုင်းရင်းသား အဖွဲ့အစည်းများက ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

သန်းခေါင်စာရင်း ရလဒ်များအား နိုင်ငံရေးဆုံးဖြတ်ချက်များတွင် အသုံးပြုမည်ကို စိုးရိမ်သည့်အတွက် တိုင်း ရင်းသားအဖွဲ့အစည်းများနှင့် ဗဟိုသန်းခေါင်စာရင်း ကော်ရှင်အနေဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အမြန်ဆုံးတွေ့ဆုံဆွေးနွေး ညှိနှိုင်းပေးရန် ၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင် စသည့်တိုင်းရင်းသားအဖွဲ့အစည်း ၃ဝ က ဖေဖော်ဝါရီ ၁၇ရက်တွင် ပူးပေါင်း ထုတ်ပြန် ချက်တစ်ခုဖြင့် တောင်းဆိုမှုပြုလုပ်ခဲ့ပြီး ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်း မှုကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်း၌ ပြုလုပ်ခဲ့သည်။

သန်းခေါင်စာရင်းပြဿနာ ကြိုတင်ရှင်းဖို့ တိုင်းရင်းသားတွေ တောင်းဆို


 
မကြာခင် စတင်ဆောင်ရွက်မယ့် သန်းခေါင်စာရင်းကောက်ယူမှုဟာ တိုင်းရင်းသားတွေအပေါ် ထိခိုက်တာတွေ၊ အချင်းချင်း စိတ်ဝမ်း ကွဲပြားတာတွေ ဖြစ်ပေါ်စေနိုင်

မြန်မာနိုင်ငံသား အင်ဂျင်နီယာချုပ်တစ်ဦး ပါဝင်သည့် ကုန်တင်သင်္ဘော ဆိုမာလီပင်လယ်ပြင်တွင် ပင်လယ်ဓားပြများနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား

မြန်မာနိုင်ငံသား အင်ဂျင်နီယာချုပ်တစ်ဦး ပါဝင်သည့် ကုန်တင်သင်္ဘော MV Andrea သည် မိုဂါဒစ် ရှူးဆိပ်ကမ်းသို့အသွား ဆိုမာလီပင်လယ်ရေပြင်တွင် ဖေဖော်ဝါရီ ၁၃ ရက်က ပင်လယ်ဓားပြများ၏ တိုက်ခိုက် မှုခံခဲ့ရပြီး အပြန် အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အာဖရိက သတင်းမီဒီယာ All Africa ၏ ဖော်ပြချက်အရ သိရသည်။

လက်ပံတောင်းတောင်အရေး ဒေသခံ ၁၁ ဦးနှင့် မစ္စတာ ကန်တားနားတို့ ဖေဖော်ဝါရီ ၁၇ ရက် ညနေက မုံရွာမြို့တွင် တွေ့ဆုံ

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်၍ လက်ပံတောင်းဒေသ ခံ ၁၁ ဦးနှင့် မစ္စတာကန်တားနားတို့ ဖေဖော်ဝါရီ ၁၇ ညနေပိုင်း က မုံရွာမြို့ဝင်း ယူနတီဟိုတယ်တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈၀၀ ရှိပြီး ဘိန်းထွက်တန်ချိန် ၈၇၀ အထိ တိုးလာ

Photo: မန်မာနိုင်ငံတွင် လက်ရှိ ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈၀၀ ရှိပြီး ဘိန်းထွက်တန်ချိန် ၈၇၀ အထိ တိုးလာ
Tuesday, February 18, 2014

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈ဝဝ ရှိပြီး ဘိန်းထွက်တန်ချိန်ပေါင်း ၈၇ဝ ထိတိုးလာကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က သင်္ဂဟဟိုတယ်၌ ပြုလုပ်သည့် မူးယစ်ဗဟို၊ UNODC နှင့် အလှူရှင်နိုင်ငံ ကိုယ်စားလှယ်များပြုလုပ်မည့် အစားထိုး ဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ် ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၁ဝဝဝ ရှိပြီး ဘိန်း ထွက်တန်ချိန်ပေါင်း ၆၉ဝ ထွက်ရှိရာမှ ၂ဝ၁၄ ခုနှစ် ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈ဝဝ စိုက်ပျိုးခဲ့ပြီး ထွက်ရှိသည့် ဘိန်း တန် ချိန်ပေါင်း ၈၇ဝ အထိ တိုးလာကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ မဟာဗျူဟာ နှစ်ရပ် ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါတွေကတော့ မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းကို ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများရဲ့ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းပပျောက် ရေးတို့ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးထုတ် လုပ်ရာမှာ အဓိကလိုအပ်တဲ့ ဓာတုကုန်ကြမ်းပစ္စည်း Precursors ပြည်တွင်းသို့ မဝင်ရောက်စေရေးအတွက် တားဆီးနှိမ်နင်းရေး ကဏ္ဍအပြင် အိမ်နီးနားချင်း နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆောင်ရွက် လျက်ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခင်ကထက် ကျယ်ပြန့်စွာ ဆောင်ရွက်သွားပြီး အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် UNODC နှင့် ပူးပေါင်း၍ မိုးနဲ၊ မိုင်းပန်၊ ပင်လောင်း၊ ဖယ်ခုံ၊ လင်းခေး၊ မိုင်းတုံ အစရှိသည့် မြို့နယ်များတွင် တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆက်လက်ပြောကြားရာတွင်“မြန်မာနိုင်ငံ အစိုးရအနေနဲ့ ဘိန်းစိုက်ခင်းများ ဖျက်ဆီးခဲ့ပြီး အစားထိုးဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းများကို UNODCမှ အမေရိကန်ဒေါ်လာ ခုနစ်သန်း ကျခံသုံးစွဲ ဆောင်ရွက်ပေးလျက် ရှိသော်လည်း ဘိန်းစိုက်ပျိုးမှုဒေသ  အားလုံးကို ကာမိအောင် ထောက်ပံ့ပေးနိုင်ခြင်း မရှိတဲ့အတွက် နိုင်ငံတကာမှ ပံ့ပိုးပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မူးယစ်ဗဟိုအဖွဲ့က တာဝန်ယူပြီး ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေး၊ အသစ်ပေါ်ထွက်လာတဲ့ စိတ်ကြွဆေးပြားနဲ့ အခြားစိတ်ပြောင်း ဆေးဝါးသစ်များ အန္တရာယ်လျှော့ချရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ်စီမံကိန်းရေးဆွဲ ဆောင်ရွက်ခဲ့တဲ့အပြင် စီမံကိန်းကာလကို ၂ဝ၁၄ခုနှစ် ကစပြီး ၂ဝ၁၉ ခုနှစ်အထိ နောက်ထပ် ငါးနှစ်သက်တမ်း တိုးချဲ့ဆောင်ရွက်ရန် စီမံချက်များနဲ့ ရေးဆွဲအကောင်အထည် ဖော်လျက်ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

Eleven Media Group

ဖေဖော်ဝါရီ ၁၇ ရက် သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် အစားထိုး ဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးအား တွေ့ရစဉ်
ဖေဖော်ဝါရီ ၁၇ ရက် သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် အစားထိုး ဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးအား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈ဝဝ ရှိပြီး ဘိန်းထွက်တန်ချိန်ပေါင်း ၈၇ဝ ထိတိုး လာကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က သင်္ဂဟဟိုတယ်၌ ပြုလုပ်သည့် မူးယစ်ဗဟို၊ UNODC နှင့် အလှူ ရှင်နိုင်ငံ ကိုယ်စားလှယ်များပြုလုပ်မည့် အစားထိုး ဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးမှ သိရသည်။

ကျူးကျော်များကို အကြမ်းဖက်ဖယ်ရှား နေမှုများအား နိုင်ငံတော်အဆင့်ဖြင့် အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးရန် FDA တောင်းဆို

အကြောင်းအမျိုးမျိုးကြောင့် ရပ်တည်ရာမဲ့ အခြေခံလူတန်းစား ပြည်သူများကို ကျူးကျော်သူများအဖြစ် လူအုပ်စုအင်အားဖြင့် အကြမ်းဖက်ဖြေရှင်း နေခြင်းများကို နိုင်ငံတော်အဆင့်မှ ပြန်လည်နေရာချထားရေး အစီအစဉ်များ အပါအဝင် အမြန်ဆုံးထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးရန် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့(FDA)က တောင်းဆိုခဲ့သည်။

နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေး ကျေးရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန် အမိန့်များ ဆက်တိုက်ထုတ်ပြန်

Photo: နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေး ကျေးရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန် အမိန့်များ ဆက်တိုက်ထုတ်ပြန်
Tuesday, February 18, 2014

နိုင်ငံအနှံ့အပြားရှိ ပြည်သူများ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေးကျေး ရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန်အမိန့်များ ဆက်တိုက်ထုတ်ပြန် နေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် သမီးကလေး ကျေးရွာသားများအနက် ကျောင်းသားမရှိသည့် အိမ်ထောင်စု ၅၇ စု နေထိုင်သည့် တဲများအား ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ ၁၇ ရက် ညနေ နောက်ဆုံးထား၍ ဖျက်သိမ်းခိုင်းသဖြင့် ဖျက်သိမ်းပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျောင်းသားမရှိသည့် အိမ်ထောင် စု ၅၇ စုအား ဖေဖော်ဝါရီ ၁၅ ရက်နောက်ဆုံး ထား ပြောင်းရွှေ့ပေးရန် ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်း နောက်ဆုံးထား ဖျက်သိမ်းပေးရန်နှင့် အကယ်၍ ဖျက်သိမ်းခြင်း မရှိသေးပါက သက်ဆိုင်ရာမှ လာရောက်ဖျက်သိမ်းမည် ဖြစ်ကာ တဲဆောက်သူများအားလည်း တရားစွဲအရေး ယူမည်ဟု ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးဦးခင် သိန်းမောင်က အောင်သိဒ္ဓိကျောင်း ဆရာတော်ထံ ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက် ယခုလို ဖျက်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးအဂ္ဂဓမ္မက “ဒီနေ့နေ့လယ် ၁၂ နာရီ လောက်က ဦးဇင်းဆီကို ဦးခင်သိန်းမောင်က ဖုန်းဆက်ပါတယ်။ ဒီကျောင်းသားမရှိတဲ့ အိမ်ထောင်စု ၅၇ စုကို ဒီနေ့ညနေ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့နဲ့ တကယ်လို့ ဖျက်သိမ်းမပေးရင် သူတို့ကိုယ်တိုင်ဖျက်ပြီး တရားစွဲ အရေးယူမယ်လို့ပြောလို့ ဖျက်သိမ်းပေးလိုက်ပါတယ်။ လောလောဆယ်တော့ သူတို့ကို ဓမ္မာရုံထဲမှာပဲ ခေါ်ထားပါမယ်”ဟု ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။

ယင်းကဲ့သို့ ထပ်မံသတိပေးခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက “ကျွန်တော်တို့ သတိပေးစာ ထုတ်ပြန်ထားတဲ့ရက်ထက် ကျော်လွန်နေလို့ ဒီနေ့နောက်ဆုံးထားပြီး စောင့်ကြည့်တာပါ။ ဘာလို့လဲဆိုတော့ ဒီနေရာက ဆည်မြောင်းပိုင်တဲ့ မြေနေရာပါ။ ဥပဒေအရ ကျူးကျော်တွေကို ဖျက်သိမ်းတရားစွဲလို့ရပေမယ့် သူတို့နစ်နာသွားမှာစိုးလို့ ကျွန်တော်တို့က နှစ်ရက်ထိ စောင့်ပေးတာပါ။ ဒီညနေမှ မဖျက်ပေးရင် ဥပဒေအရပဲ လုပ်မှာပါ”ဟု ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

သမီးကလေးကျေးရွာမှ နေအိမ်ဖျက်သိမ်းခံ ရွာသူရွာသားများမှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အလိုင်နီဆည်ဘေးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ ယာယီတဲများထိုးကာ နေထိုင်လျက်ရှိပြီး ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများမှာ မြေကြီးပေါ်တွင် အိပ်ရသဖြင့် ကျန်းမာရေး ချွတ်ယွင်းမှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

ထို့ပြင် လက်ရှိနေထိုင်နေသည့် ကျူးကျော်တဲများအား အပြီးဖျက်သိမ်းရန် သတိပေးထားသည့် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ဖယ်ရှားခံ သမီးကလေး ရွာသားများအား နေထိုင်စရာနှင့် အလုပ်အကိုင်များပေးရန် ကရင်ပြည်နယ်သို့ ခေါ်ဆောင်သွားမည်ဟု လာရောက်ပြောဆိုခဲ့ပြီး ရွာသားများက သက်ဆိုင်ရာအစိုးရ၏ မိမိတို့အပေါ် တုံ့ပြန်မှုအား စောင့်ဆိုင်းမည်ဖြစ်ပြီး အကယ်၍ လက်ရှိနေရာမှ အတင်းဖယ်ခိုင်းပါက ၎င်းတို့အနေဖြင့် လိုက်သွားမည်ဖြစ်ကြောင်း ရွာသားအချို့က ပြောကြားကြသည်။

သမီးကလေး ကျေးရွာသားတစ်ဦးက “ဒီမွေးရပ်မြေကို စွန့်ခွာပြီး တစ်နယ်တစ်ကျေးကို ပြောင်းရွှေ့သွားဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို သက်ဆိုင်ရာက ဒီနေရာကနေ အတင်းဖယ်ရှား မောင်းထုတ် လာခဲ့ရင်တော့ ရွေးချယ်စရာ မရှိပါဘူး။ လိုက်သွားရုံပဲ ရှိမှာပါ။ ကျွန်တော်တို့မှာလည်း ဘဝဆိုတာ ရှိပါသေးတယ်”ဟု ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက ဆိုသည်။

လက်ရှိတွင် အဆိုပါ ဘုန်းကြီးကျောင်းတွင် ဖယ်ရှားခံသမီးကလေးရွာမှ အိမ်ထောင် စု ၁၃၈ စု နေထိုင်လျက်ရှိကာ လူဦးရေ ၅၃ဝ ကျော်ရှိကြောင်း သိရသည်။

ဖျက်သိမ်းခဲ့ရသည့် အိမ်ထောင်စုတစ်စုတွင် ပါဝင်သည့် ဦးရွှေမောင်က “ဒီနေ့နေ့လယ်က သက်ဆိုင်ရာက ဖျက်ခိုင်းလို့ ကျွန်တော် ဖျက်ပေးလိုက်ပါတယ်။ တကယ်လို့ ကိုယ်တိုင် မဖျက်ဘူးဆိုရင် သူတို့ကိုယ်တိုင်ဖျက်ပြီး တရားစွဲ အရေးယူမယ်ဆိုလို့ ဖျက်ပေးလိုက်ရတာပါ။ လောလောဆယ် အခုဓမ္မာရုံထဲမှာပဲ နေရတယ်”ဟု ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက ဆိုသည်။

တာဝန်ရှိသူ အာဏာပိုင်များနှင့် သမီးကလေးကျေးရွာမှ ပြည်သူများကြားတွင် ၎င်းရွာ အမှန်တကယ် တည်ရှိခဲ့ခြင်းနှင့် ပတ်သက်၍ ကွဲလွဲမှုများ ရှိနေသော်လည်း သမီးကလေး ကျေးရွာအနီး ရှိနေသော လဂွမ်းပြင် ရေလှောင်တမံ စီမံကိန်း၏ ကျောက်စာကမ္ပည်း မော်ကွန်းတွင်မူ သမီးကလေးကျေးရွာမှာ တည်ရှိခဲ့ကြောင်း ရေးသားဖော်ပြ ထားသည်ဟု သိရသည်။ ၎င်းကမ္ပည်းမော်ကွန်းတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂ဝဝဝ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့သည့် လဂွမ်းပြင်ရေ လှောင်တမံ စီမံကိန်းမှာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအနီး တည်ရှိနေကြောင်း ၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာ ၂၈ ရက် နေ့စွဲဖြင့် အတိအလင်း ရေးထိုးဖော်ပြထားသည်။

ထိုကဲ့သို့သော အချက်အလက်များအရ သမီးကလေးကျေးရွာမှာ ၂ဝ၁၃ ခုနှစ်မှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဒေသခံရွာသူရွာသားများ ပြောကြားခဲ့သည့်အတိုင်း လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ကျော် ၃ဝ ခန့်အတွင်းက ရှိနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ အမှန်တကယ် ဆယ်စုနှစ် နှစ်ခုသုံးခုကျော် ကြာမြင့်စွာ တည်ရှိခဲ့သော ရွာတစ်ရွာအား ယခုလို အင်အားသုံးဖယ်ရှားမှု ပြုလုပ်ခဲ့ခြင်းမှာ အစိုးရအပေါ် ဝေဖန်စရာ ဖြစ်နေခဲ့ပြီး တပ်မတော်၏ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်နိုင်စရာ ဖြစ်စေသည့်အပြင် ပြည်သူနှင့် တပ်မတော်အကြား အထင်အမြင်လွဲမှားမှုများ ဖြစ်စေနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်ခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၅ တွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည် ဟူ၍လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၆ တွင် ပြဋ္ဌာန်းထားသည်။

အလားတူ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ် ဥပစာ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများ အတွက် ဥပဒေအရ ကာကွယ်ပေးရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၇ တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။

အဆိုပါ သမီးကလေးကျေးရွာ ဖယ် ရှားခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက “သမီးကလေးကျေးရွာ အပါအဝင် ကျန်တဲ့တိုင်းဒေသ ကြီး၊ ပြည်နယ်တွေမှာရှိတဲ့ ကျူးကျော် ပြဿနာတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေကပဲ ကိုင်တွယ်ဖြေရှင်း နေတာပါ။ သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်ခြင်းတော့ မရှိပါဘူး”ဟု ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားသည်။    

Eleven Media Group

ဖယ်ရှားခံသမီးကလေး ကျေးရွာမှ မိသားစုများ ခိုလှုံရာ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ယာယီတဲများဖျက်၍ ဖေဖော်ဝါရီ ၁၇ ရက်က ထပ်မံရွှေ့ပြောင်းနေကြစဉ်
 (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)
ဖယ်ရှားခံသမီးကလေး ကျေးရွာမှ မိသားစုများ ခိုလှုံရာ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ယာယီ တဲများ ဖျက်၍ ဖေဖော်ဝါရီ ၁၇ ရက်က ထပ်မံရွှေ့ပြောင်းနေကြစဉ်  (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)

နိုင်ငံအနှံ့အပြားရှိ ပြည်သူများ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေးကျေး ရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန်အမိန့်များ ဆက်တိုက်ထုတ်ပြန် နေကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာများအား အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်မှ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ပေးရန် ကော်မရှင်က ယနေ့ အဆိုတင်သွင်းမည်

ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာများအား အုပ်ချုပ်ရေး အဖွဲ့ အစည်း အဆင့်ဆင့်မှ အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးရန် အဆိုကို ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) တွင် ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ် နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်က တင်သွင်းမည် ဖြစ်သည်။

ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၀၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာပြီး အရောင်းအ၀ယ်သွက်နေ

ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သုံးသောင်းကျော်အထိ ပြန်လည် မြင့်တက်လာပြီး ဈေး ကွက် အတွင်း၌ အရောင်းအဝယ် သွက်နေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံ၏ ယခုနှစ်အခွန်ကောက်ခံမှုသည် ယမန်နှစ်ကာလတူထက် အခွန်ရရှိမှု ၆၆၇ ဘီလျံ ပိုမိုရရှိခဲ့

လုပ်ငန်းရှင်ကြီးများ၏ အခွန်ရှောင်မှု များပြားနေသည့် မြန်မာနိုင်ငံ၏ ယခု ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၏ အခွန်ရရှိမှုမှာ ယမန်နှစ် ကာလတူထက် ၆၆၇ ဘီလျံ ပိုမိုရရှိခဲ့ပြီး လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ စတင်ကာ နှစ်စဉ်အခွန်ရရှိမှု၏ နှစ်ဆရရှိရန် ခန့်မှန်းထားကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ သူရဦးသောင်းလွင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၅ ဘီလျံအထိ ရောက်ရှိ

ရန်ကင်းမြို့နယ်အတွင်း ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံ တည်ဆောက်နေသော ဟိုတယ်လုပ်ငန်းခွင်အား တွေ့ရစဉ်(ဓာတ်ပုံ-အောင်ရဲကို)

မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်ကုန်ရန် တစ်လအလိုတွင် အမေရိကန် ဒေါ်လာ ၄၅ ဘီလျံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ရရှိသော အချက်အလက်များအရ သိရသည်။

ပြည်လမ်းတွင် ပြိုင်ကားငါးစီးက အငှားယာဉ်တစ်စီးအား ရှေ့နောက် ပိတ်ဆို့ကာ အုပ်စုဖွဲ့ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အား CCTV မှတ်တမ်း များမှတစ်ဆင့် တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေနေ

Photo: ပည်လမ်းတွင် ပြိုင်ကားငါးစီးက အငှားယာဉ်တစ်စီးအား ရှေ့နောက် ပိတ်ဆို့ကာ အုပ်စုဖွဲ့ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အား CCTV မှတ်တမ်း များမှတစ်ဆင့် တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေနေ
Tuesday, February 18, 2014

လှိုင်မြို့နယ် ပြည်လမ်းမပေါ်ရှိ IBC အနီးတွင် ပြိုင်ကားငါးစီးက အငှားယာဉ်တစ်စီးအား ရှေ့နောက်ပိတ်ဆို့ကာ အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အား CCTV မှတ်တမ်းများမှတစ်ဆင့် တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းရှာဖွေနေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကြည်ကThe Daily Elevenသတင်းစာသို့ ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားသည်။

ယင်းဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီခန့်က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေ အငှားယာဉ်မောင်း  သက်ဇင်ဝင်းမှာ ယာဉ်အမှတ် ၈က/..... စူပါရုဗင် အငှားယာဉ်ဖြင့် ခရီးသည် အမျိုးသားသုံးဦးအား တင်ဆောင်ကာ မင်္ဂလာဒုံမြို့နယ်မှ လသာမြို့နယ်သို့ ပို့ဆောင်ရန် ပြည်လမ်းအတိုင်း မောင်းနှင်လာကြောင်း သိရသည်။

ထိုသို့မောင်းနှင်လာစဉ် (၇) မိုင် ကားမှတ်တိုင်အရောက် ယာဘက်ပလက်ဖောင်းဘေးတွင် ရပ်ထားသော ဟွန်ဒါစီဗစ် (နံပါတ်မသိ) ယာဉ်အား ကျော်တက်မောင်းနှင်လာရာ လှိုင်မြို့နယ် (၁၁) ရပ်ကွက် (၆) မိုင်ခွဲ မိုင်တိုင်အရောက်၌ ပြိုင်ကားတစ်စီးမှ ကျော်တက်ကာ ရှေ့မှပိတ်ရပ်ခဲ့သဖြင့် ပြန်လည် ကျော်တက်ကာ မောင်းနှင်ခဲ့ပြီး နောက်ထပ် ပြိုင်ကားတစ်စီးက ရှေ့မှထပ်မံပိတ်ရပ်ခဲ့ရာ ကျော်တက်ရန်ပြုစဉ် ဟွန်ဒါစီဗစ်ယာဉ်က ဘေးဘက်က ပိတ်ရပ်ခဲ့သောကြောင့် ဆက်လက်မောင်းနှင်၍ မရတော့သဖြင့် ရပ်တန့်ခဲ့ကြောင်း  သိရသည်။

ထိုအချိန်တွင် နောက်ထပ်ပြိုင်ကားနှစ်စီး ထပ်မံရောက်ရှိလာပြီး ပြိုင်ကားငါးစီးဖြင့် အငှားယာဉ်အား ဝိုင်းရံထားသောကြောင့် သက်ဇင်ဝင်းသည် ယာဉ်ပေါ်မှဆင်း၍ တောင်း ပန်ပြောဆိုစဉ် အသက် (၂ဝ) ကျော်ခန့်ရှိအမျိုးသား ငါးဦးတို့က ဘေ့စ်ဘောတုတ်များအပြင် အုတ်ခဲများကိုင်ကာ ယာဉ်ပေါ်မှ ဆင်းလာပြီး ၎င်းအားတစ်ဦးက ရိုက်နှက်ခဲ့ကာ ကျန်လေးဦးက အငှားယာဉ်အား ဝိုင်းဝန်းရိုက်နှက်ကာ မောင်းနှင်ထွက်ခွာသွားကြောင်း သိရသည်။

ထိုသို့ ရိုက်နှက်မှုကြောင့် သက်ဇင်ဝင်း မှာ ယာပခုံးပွန်းစုတ်၊ ဦးခေါင်းနှင့် ဝဲလက်ခုံတို့တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် အခင်းဖြစ်စဉ် ယာဉ်ပေါ်ပါ ခရီးသည်သုံးဦးအနက် နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်တစ်ဦးဖြစ်သည့် မင်္ဂလာဒုံမြို့နယ်နေ အင်ထိတ်ကြန့် (၂၆) နှစ်မှာ ဝဲပေါင်နှင့် တံတောင်တို့တွင် နာကျင်ဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ကုသခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

၎င်းအပြင် အငှားယာဉ်အား ရိုက်နှက်ခဲ့မှုကြောင့် ယာဉ်မှာ ရှေ့ဘောနက်၊ ဝဲပါးခြမ်း၊ ဝဲ/ယာ ရှေ့တံခါး၊ နောက်ဖုံးများ၊ ကားရှေ့ နောက် လေကာမှန်များ၊ တံခါးမှန်များ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ကျွန်တော့်ကားကိုပိတ်ပြီး ဝိုင်းရိုက်တဲ့သူတွေက စကားတစ်ခွန်းမှ မပြောဘဲ ဝိုင်းလုပ်ကြတာပါ။ သူတို့ရဲ့ ကားတွေပေါ်မှာလည်း မိန်းကလေးတွေ ပါတာတွေ့တယ်။ သူတို့ဝိုင်းဝန်း ရိုက်နှက်တဲ့IBC အနီးမှာ ရဲကင်းလည်း ရှိပါတယ်။ ရဲဝန်ထမ်းတွေလည်း ရှိတယ်။ ဝိုင်းဝန်းရိုက်နှက်နေတုန်း အချိန်မှာ လာရောက်တားဆီးခြင်း မရှိဘူး”ဟု အရိုက်ခံရသည့် အငှားယာဉ်မောင်းဖြစ်သူ ကိုသက်ဇင်ဝင်းက ပြောကြားသည်။

အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ဝင်းကြည်က “ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြိုင်ကားငါးစီးထဲက တစ်စီးရဲ့ နံပါတ်ကို ရထားတယ်။ နောက်ပြီး မီးပွိုင့်တွေမှာရှိတဲ့ CCTV မှတ်တမ်းတွေကနေတစ်ဆင့် တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့ဝင်တွေနဲ့ အမြန်ဆုံး ဖမ်းဆီးရမိအောင် ပူးပေါင်းရှာဖွေ နေပါတယ်”ဟု ဆိုသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သည့် ပြိုင်ကားမောင်းနှင်သူ ငါးဦးအား လှိုင်မြို့မ နေ့ ၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း သိရသည်။

Eleven Media Group

အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် အငှားယာဉ်အား တွေ့ရစဉ်
အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် အငှားယာဉ်အား တွေ့ရစဉ်
လှိုင်မြို့နယ် ပြည်လမ်းမပေါ်ရှိ IBC အနီးတွင် ပြိုင်ကားငါးစီးက အငှားယာဉ်တစ်စီးအား ရှေ့နောက် ပိတ် ဆို့ကာ အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အား CCTV မှတ်တမ်းများမှတစ်ဆင့် တိုင်း၊ ခရိုင် ရဲတပ်ဖွဲ့ဝင် များဖြင့် ပူးပေါင်းရှာဖွေနေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကြည်ကThe Daily Elevenသတင်းစာသို့ ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈၀၀ ရှိပြီး ဘိန်းထွက်တန်ချိန် ၈၇၀ အထိ တိုးလာ

ဖေဖော်ဝါရီ ၁၇ ရက် သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် အစားထိုး ဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးအား တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈ဝဝ ရှိပြီး ဘိန်းထွက်တန်ချိန်ပေါင်း ၈၇ဝ ထိ တိုး လာကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က သင်္ဂဟဟိုတယ်၌ ပြုလုပ်သည့် မူးယစ်ဗဟို၊ UNODC နှင့် အလှူရှင်နိုင်ငံ ကိုယ်စားလှယ်များပြုလုပ်မည့် အစားထိုး ဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးမှ သိရသည်။

တောင်ကိုရီးယား အဆောက်အဦးပြိုကျမှု ၉ ဦးသေ

Photo: တောင်ကိုရီးယား အဆောက်အဦးပြိုကျမှု ၉ ဦးသေ
ွှTuesday, February 18, 2014

တောင်ကိုရီးယားနိုင်ငံ Gyeongju မြို့မှာ အဆောက်အဦးတခု ပြိုကျရာက လူ ၉ ဦးထက် မနည်း သေဆုံးပြီး နောက်ထပ် ဒါဇင်နဲ့ချီပြီးတော့လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ကျောင်းသားသစ်တွေကို မိတ်ဆက်တဲ့ အခန်းအနားအတွက် နိုင်ငံခြား ဘာသာစကားသင် ကျောင်းသား ၅၀၀ ကျော်လောက် စုဝေးရောက်ရှိနေတဲ့ တနင်္လာနေ့နှောင်းပိုင်းမှာ အဆောက်အဦး ပြိုကျခဲ့တာလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ကျောင်းသား အများအပြား ဘေးလွတ်ရာ ထွက်ပြေးနိုင်ခဲ့ကြပေမဲ့ ဒဏ်ရာတွေရခဲ့ကြတဲ့ ၇၀ လောက် ကိုတော့ ဆေးရုံကို ပို့လိုက်ရကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေကတော့ ပိတ်မိသူတွေ ရှိမရှိ ဆက်လက်ရှာဖွေ နေကြပါတယ်။ အဆောက်အဦး ပြိုကျမယ့် အသံကို စကြားရတဲ့ အချိန်မှာပဲ ကျောင်းသားတွေ ထွက်ပြေးခဲ့ကြပေမဲ့ အဖြစ်အပျက်က မြန်ဆန်လွန်းပြီး အဆောက်အဦး အနောက်ဘက်မှာ ထွက်ပေါက် တစ်ခုသာ ရှိတာကြောင့် အချိန်မီမပြေးနိုင်ကြတာလို့လည်း လွတ်မြောက်လာတဲ့ ကျောင်းသားတစ်ယောက်က ပြောပါတယ်။ အာဏာပိုင်တွေကတော့ ခေါင်မိုးပေါ်က ထူထပ်တဲ့ နှင်းတွေကြောင့် အဆောက်အဦး ပြိုကျရတာ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြတာပါ။

မကြာသေးခင်ကပဲ နှင်းတွေကျထားတဲ့ နေရာဖြစ်တဲ့အတွက်လည်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

တောင်ကိုရီးယား၊ Gyeongju မြို့ အဆောက်အဦးတစ်ခု ပြိုကျချိန် အပျက်အစီးများကြား ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦး
တောင်ကိုရီးယား၊ Gyeongju မြို့ အဆောက်အဦးတစ်ခု ပြိုကျချိန် အပျက်အစီးများကြား ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦး
တောင်ကိုရီးယားနိုင်ငံ Gyeongju မြို့မှာ အဆောက်အဦးတခု ပြိုကျရာက လူ ၉ ဦးထက် မနည်း သေဆုံးပြီး နောက်ထပ် ဒါဇင်နဲ့ချီပြီးတော့လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

၎ နှစ်အတွင်း RCSS/SSA အင်အား ၅၀၀၀ ခန့်တိုး

Photo: ၄ နှစ်အတွင်း RCSS/SSA အင်အား ၅၀၀၀ ခန့်တိုး
Monday, February 17, 2014

RCSS/SSA ၏ လေးနှစ်တစ်ကြိမ်ခေါင်းဆောင်ရွေးကောက်ပွဲနှင့် လာမည့် ၄ နှစ် အတွက်လုပ်ငန်းစဉ် ချမှတ်သည့် စုံညီပွဲတွင် ၄ နှစ်အတွင်း အဖွဲ့ဝင်သစ် ၅၀၀၀ ခန့် လက်ခံရရှိသည်ဟု အစီရင်ခံတင်ပြ မှုရှိခဲ့ကြောင်း ကြားသိရပါသည်။

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ၄ နှစ်အတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ငန်းဆောင်တာများ အစီရင်ခံစာ တင်ပြရာ - RCSS/SSA ၏ အဖွဲ့ဝင်သစ် ၄၉၅၄ ယောက်၊ အလုပ်နား/ထွက် ၉၉၉ ယောက်ရှိသည်ဟု ဆိုပါ သည်။ 

“ အစိုးရတပ်နဲ့ ဖြစ်ပွါးတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာလဲ ပါတယ်။ တိုက်ပွဲ ကနေ အစိုးရ စစ်တပ်ရဲ့ သေနတ်မျိုးစုံ ၁၃၁ လက်သိမ်းဆည်းရမိတယ်လို့တင်ပြတယ်။ ၂ ဘက်စလုံး သေကြေ ဒဏ်ရာ ရမှုတွေရှိတယ်လို့တင်ပြတယ်။ အစိုးရတပ်ဘက်သေ ကြေဒဏ်ရာရ စာရင်းတော့ပါတယ်။ ကျနော်တို့ဘက်က သေကြေဒဏ်ရာရစာရင်းကိုတော့ မတင်ပြဘူး။ အဲဒီ တပ်ထွက်/နား စာရင်းထဲမှာ အားလုံးပါမယ်လို့ ထင်တာဘဲ” - ဟု အမည်မဖော်လိုသည့် ဆွေးနွေးပွဲတက်အရာရှိတဦးကပြောသည်။

ပြီးခဲ့သည့် ၄ နှစ်အတွင်း အစိုးရတပ်နှင့် တိုက်ပွဲပေါင်း ၃၂၃ ကြိမ် ဖြစ်ပွါးပြီး အစိုးရတပ်ဘက်က ၄၃၁ ယောက်သေဆုံးကာ ၄၃၆ ယောက်ဒဏ်ရာရရှိသည်ဟုကြားသိရကြောင်း အဆိုပါအရာရှိကပြောသည်။ 

၎င်းနှင့်ပတ်သက်၍ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှက - ‘တိုက်ပွဲနဲ့ပတ်သက်ပြီး ပြောနေရင် လဲ အကျိုးမရှိဘူးလေ။ ဒါကြောင့် အသေးစိတ်ထုတ်ပြန်တာ မရှိဘူး၊ အဲဒီ အင်အားသစ် ၄ ထောင်ကျော် ဝင်လာတယ်ဆိုတာတော့ ဟုတ်ပါတယ်။ RCSS အသင်းဝင်လက်မှတ်တောင်ထုတ် ပေးထား ပါတယ်။ တပ်ပိုင်းလဲ ဝင်လာတာရှိတယ်။ ဝါသနာ၊ စေတနာအရ လူထုကနေဝင်လာ နိုင် အောင်လဲ ကျနော်တို့ လမ်းဖွင့်ပေးထားတယ်။ အဓမ္မကောက်ယူစုဆောင်းတာတော့ ကျနော်တို့မှာ ပေါ်လ စီမရှိတော့ဘူး” - ဟု ပြောသည်။

ထိပ်ပိုင်းခေါင်းဆောင်နှင့်နီးစပ်သည့် ပုဂ္ဂိုလ်တဦးက လက်ရှိ RCSS/SSA တွင် လက်နက်ကိုင်တိုက်ခိုက် ရေး အင်အား ၁၀၀၀၀ (တစ်သောင်း) ထက်မနည်း ရှိလိမ့်မည်ဟုဆို၏။ သို့သော် သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြားအတည်ပြုချက်တော့ မရရှိပါ။

ဂျန္နဝါရီလက ကျင်းပပြီးစီးသည့် (၂၀၁၃ နှစ်ချုပ်) အစည်းအဝေးတွင် သျှမ်းပြည်နယ်တဝှမ်းလုံး၏ ၄၀% နှုန်းခန့် RCSS/SSA က အင်အားဖြန့်ကျက်ထားလှုပ်ရှားနေသည်ဟု အစီရင်ခံစာတွင် ပါရှိပါ သည်။
သျှမ်းပြည်မြောက်ပိုင်းမှ အရာရှိငယ်တဦးက - ‘ပထမတော့ ကျနော် အလည်လာတယ်။ စစ်ပညာဆည်း ပူးချင်လို့ စစ်သင်တန်းတက်လိုက်တယ်။ အခု ကျရာတာဝန်ကို ကျနော် အချိန်မရွေး နေရာမရွေး တာဝန်ထမ်းဆောင်နေပြီ’ - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

လက်ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA သည် ၁၉၉၆ မုန်တိုင်းတပ်မတော် MTA ပြိုကွဲစဉ် အစိုးရထံ လက်နက်မချဘဲ လက်ရှိခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ပြန်လည်စုစည်း တည်ထောင်ထားသည့် သျှမ်းပြည်၏ အင်အားကြီးတပ်မတော်တခု ဖြစ်သည်။

သျှမ်းသံတော်ဆင့်
RCSS/SSA ၏ လေးနှစ်တစ်ကြိမ်ခေါင်းဆောင်ရွေးကောက်ပွဲနှင့် လာမည့် ၄ နှစ် အတွက်လုပ်ငန်းစဉ် ချမှတ် သည့် စုံညီပွဲတွင် ၄ နှစ်အတွင်း အဖွဲ့ဝင်သစ် ၅၀၀၀ ခန့် လက်ခံရရှိသည်ဟု အစီရင်ခံတင်ပြ မှုရှိ ခဲ့ကြောင်း ကြားသိရပါသည်။