Saturday, October 5, 2013

မြစ်ကြီးနား ဒေသခံအများအပြား ကြိုဆိုစောင့်ဆိုင်းခဲ့ကြသော်လည်း သမ္မတ၏ မြစ်ကြီးနားခရီးစဉ် ရာသီဥတုကြောင့် ဖျက်သိမ်း

N-6-10
နိုင်ငံတော် သမ္မတ၏ မြစ်ကြီးနား ခရီးစဉ်အား ကြိုဆိုစောင့်ဆိုင်း နေကြသူများအား အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အောက်တိုဘာ ၅ ရက်တွင် သွားရောက်ရန် စီစဉ်ထားသော ပထမဆုံး အကြိမ် ကချင်ပြည်နယ်ခရီးစဉ်အား ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် ဖျက်သိမ်းခဲ့ကြောင်း ကချင်ပြည် နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ဖို့သာ ဆန္ဒရှိကြောင်း ဝတပ်ဖွဲ့ ထုတ်ဖော်ပြောဆို

Photo: အခြေခံဥပဒေ ပြင်ဆင်ဖို့သာ ဆန္ဒရှိကြောင်း ဝတပ်ဖွဲ့ ထုတ်ဖော်ပြောဆို
Saturday, October 5, 2013

မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အင်အား စုဖြစ်တဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲတာထက် ပြင် ဆင် သင့် တာတွေကို ပြင်ဆင်ဖို့သာ သဘောထားဆန္ဒရှိကြောင်း RFAကို ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UWSA ဌာနချုပ်ရှိတဲ့ ပန်ဆန်းမြို့မှာ မနေ့က လာရောက်ဆွေးနွေးတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီ ဒုတိယဥက္ကဌ ဦးသိန်းဇော်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပြည်လုံးအတိုင်းအတာနဲ့ ပြုလုပ်မယ့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ ကို တရားဝင်ဖိတ်ကြားပါက UWSA ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့အနေနဲ့ တက်ရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ ဆွေးနွေးပွဲအတွက် ဆွေးနွေးမယ့်အချက်တွေကို ကြိုတင် ရရှိထားဖို့လိုတယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က ပြောပါတယ်။

“ကျနော်တို့ရဲ့ သဘောထားက နိုင်ငံတော်အစိုးရကနေပြီးတော့ ဒီအစည်း အဝေးမှာ ဆွေးနွေးမယ့် အချက်အလက်တွေ၊ လက်မှတ်ထိုးမယ့် အချက် အလက်တွေကို တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးကို အစည်းအဝေး မတိုင်ခင် ကြိုတင်ဖြန့်ဝေပြီးတော့ ဆွေးနွေး ညှိနှိုင်း သွားဖို့လိုပါ တယ်၊ အောက်ခြေမှာဆွေးနွေးပြီးတော့ အားလုံးကလက်ခံတယ်၊ သဘောတူတယ်၊ လက်မှတ်ရေးထိုးနိုင်တယ်ဆိုတဲ့ ဒီအဆင့်အထိရောက် လို့ရှိရင် အကောင်းဆုံးပဲ၊ အအောင်မြင်ဆုံးပဲလို့ ကျနော်တို့ယူဆတယ်”

ဒါ့အပြင် ဆွေးနွေးပွဲမှာ သဘောမတူတဲ့အဖွဲ့ကိုချန်ပြီး သဘောတူသူတွေနဲ့ လက်မှတ်ရေးထိုးမယ်ဆိုတဲ့မူကို လက်မခံကြောင်း၊ အားလုံး သဘောတူညီ ချက် နဲ့သာ ဆောင်ရွက်ဖို့လိုကြောင်း ပြောပါတယ်။

RFA Burmese
မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အင်အားစုဖြစ်တဲ့ UWSA ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲ တာထက် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ဖို့သာ သဘောထားဆန္ဒရှိကြောင်း RFAကို ဒီကနေ့ ထုတ်ဖော်ပြော ဆိုပါတယ်။

မိကျောင်းကန် မြေသိမ်းပြဿ ပြေလည်မှုရရှိ

 Photo: မိကျောင်းကန် မြေသိမ်းပြဿ ပြေလည်မှုရရှိ 
Saturday, October 5, 2013

 မိကျောင်းကန်မြေသိမ်းပြဿကို လွှတ်တော်မှာ အထူးကိစ္စရပ်တခု အနေနဲ့ ဆောင်ရွက်ပေးမယ်ဆိုတဲ့ကတိကြောင့် မဟာဗန္ဓုလပန်းခြံနားက သပိတ်စခန်းကို ဒီနေ့ မွန်းလွဲပိုင်းက ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်နဲ့ မိကျောင်းကန်ဆန္ဒပြအဖွဲ့ ကိုယ်စားလှယ်တို့ ဒီနေ့မနက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် သပိတ်စခန်းရုပ်သိမ်းဖို့ သဘောတူညီမှု ရရှိခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂နဲ့ ၃ နေ ဒေသခံပြည်သူ ၅၀၀ ကျော်ဟာ သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို သိမ်းယူထားတာ ပြန်ပေးဖို့ အောက်တိုဘာ ၂ ရက်ညကတည်းက ရန်ကုန်မြို့ လယ် မဟာဗန္ဓုလပန်းခြံနားမှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြ တာ ဖြစ်ပါတယ်။

န၀တစစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်ကတည်းက သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်ကို အတင်းအကျပ်ပြောင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ဒေသခံပြည်သူတွေနဲ့ မြေယူသိမ်း ဆည်း မှု ပြဿနာ ဒီနေ့ ညှိနှိုင်းပြေလည်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးခိုင်မောင်ရည်နဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

ရွှေအောင် (ဒီဗွီဘီ)
  မိကျောင်းကန်မြေသိမ်းပြဿကို လွှတ်တော်မှာ အထူးကိစ္စရပ်တခု အနေနဲ့ ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိကြောင့် မဟာဗန္ဓုလပန်းခြံနားက သပိတ်စခန်းကို ဒီနေ့ မွန်းလွဲပိုင်းက ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ရတနာပုံ နည်းပညာ တက္ကသိုလ်သို့ ကန်ဒေါ်လာ လေးသောင်းကျော်ရှိ အီလက်ထရွန်နစ် သင်ထောက်ကူ ပစ္စည်းများ ဂျာမနီ ကုမ္ပဏီလှူ

Photo: ရတနာပုံ နည်းပညာ တက္ကသိုလ်သို့ ကန်ဒေါ်လာ လေးသောင်းကျော်ရှိ အီလက်ထရွန်နစ် သင်ထောက်ကူ ပစ္စည်းများ ဂျာမနီ ကုမ္ပဏီလှူ
Saturday, October 5, 2013

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) တွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ လေးသောင်းကျော် တန်ဖိုးရှိ စက်မှု အီလက်ထရွန်နစ် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများကို ဂျာမနီနိုင်ငံ အခြေစိုက် Festo Didactic ကုမ္ပဏီနှင့် ၎င်း၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Sea Lion ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) ၌ ပေးအပ်လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံရှိ လူငယ်များ ကုန်ထုတ်စနစ်ဆိုင်ရာ နည်းပညာများ လေ့ကျင့် သင်ကြားမှု ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ Festo Didactic ကုမ္ပဏီနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အနာဂတ်ကို ရည်မျှော်သည့် ပညာရေးနှင့် လေ့ကျင့် သင်ကြားရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲ (Symposium on Education and Training for the Future) ကို စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း ကောင်း၊ အလိုအလျောက် စက်မှုကုန်ထုတ် စနစ်ဆိုင်ရာ လက်တွေ့အသုံးချ အလုပ်ရုံ ဆွေးနွေးပွဲ (Workshop on Industrial Automotion) ကို စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် လည်းကောင်း နေပြည်တော် MICC ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းသို့ ပေးအပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ်များနှင့် စက်မှုလက်မှု သိပ္ပံများမှ ပါမောက္ခ၊ ဆရာ၊ ဆရာမ ၁၄ ဦးတို့သည် Festo Didactic ကုမ္ပဏီမှ အင်ဂျင်နီယာ Mr. Wolfgang Eckart နှင့်အတူ အလိုအလျောက် စက်မှုကုန်ထုတ်စနစ် ((Industrial Automation) နှင့် သက်ဆိုင်သော သင်ထောက်ကူ စက်ပစ္စည်းများနှင့် ပရိုဂရမ်များကို လက်တွေ့လေ့လာခဲ့ကြကြောင်း Sea Lion ကုမ္ပဏီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံတွင်မဆို စက်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်မှုကဏ္ဍ သင်ကြားရေးနှင့် လေ့ကျင့်ရေးတို့မှာ အရေးကြီးကြောင်း၊ မြန်မာနိုင်ငံမှ လူငယ်များ အိမ်နီးချင်း နိုင်ငံများနှင့် စက်မှုကဏ္ဍ ကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရင်ပေါင်တန်း နိုင်အောင် သင်ထောက်ကူ ပစ္စည်းများသာမက နည်းပညာများကိုပါ မျှဝေပေးသွားမည် ဖြစ်ကြောင်း Festo Didactic ကုမ္ပဏီမှ နိုင်ငံတကာ ပညာရေး ဌာန အကြီးအကဲ Dr. Nader Imani က ပြောကြားသည်။

Festo Didactic ကုမ္ပဏီသည် စက်မှုပညာရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများနှင့် လိုအပ်သော နည်းပညာများကို ထုတ်လုပ်ရောင်းချ လေ့ကျင့်သင်ကြား ဝန်ဆောင်မှု ပေးနေသော ဂျာမနီနိုင်ငံ အခြေစိုက် ကမ္ဘာ့ထိပ်တန်းစက်မှု ကုမ္ပဏီတစ်ခုဖြစ်ပြီး ယမန်နှစ်က ကုမ္ပဏီ၏ ရောင်းအားမှာ ယူရို ၂ ဒသမ ၂ ဘီလီယံကျော် ရှိကြောင်း ယင်းကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

နည်းပညာ တက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ကို ၂၀၁၀ ပြည့်နှစ် အောက်ဆိုဘာလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology)၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ (Electronic Engineering)၊ အဆင့်မြင့် ဒြပ်ပစ္စည်း အင်ဂျင်နီယာ (Advanced Materials Engineering)၊ တိကျ စက်ပစ္စည်း ထုတ်လုပ်မှု အင်ဂျင်နီယာ (Precision Engineering) အင်ဂျင်နီယာ ဘွဲ့သင်တန်း လေးမျိုးကို သင်ကြား ပို့ချပေးလျက် ရှိသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) တွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ လေးသောင်းကျော် တန်ဖိုးရှိ စက်မှု အီလက်ထရွန်နစ် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများကို ဂျာမနီနိုင်ငံ အခြေစိုက် Festo Didactic ကုမ္ပဏီနှင့် ၎င်း၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Sea Lion ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) ၌ ပေးအပ်လှူဒါန်းခဲ့သည်။

သံတွဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ တိုက်ခိုက် မီးရှို့ မှုတွေကြောင့် မလေးရှားမှာ လည်း ရိုက်ခတ်လာပြန်ပြီ

Photo: သံတွဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ တိုက်ခိုက် မီးရှို့ မှုတွေကြောင့် မလေးရှားမှာ လည်း ရိုက်ခတ်လာပြန်ပြီ
Saturday, October 5, 2013

မနေ့က သောကြာနေ့ မွတ်စလင် ဘာသာရေး ၀တ်ပြုပွဲအပြီးမှာ ကွာလာလမ်ပူမြို့မှာ မြန်မာနိုင်ငံက မွတ်စလင်တွေ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ် ခံနေရတာတွေ ရပ်တန့်ရေး၊ ကန့်ကွက် ဆန္ဒပြကြတာလို့ ယနေ့ ထုတ် ဆော်ဒီဂေဇက် သတင်း တပုဒ်က ဆိုပါတယ်။ 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ယမန်နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ဆိုးကျိုးအနေနဲ့ လွန်ခဲ့တဲ့ လအနည်း ငယ်ကလည်း မလေးရှားမှာ အလုပ်လုပ်နေထိုင်ကြတဲ့ မြန်မာတချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြပါတယ်။ 

ရခိုင်ပြည်နယ်က စလိုက်တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြုပြင်ပြောင်း လဲရေးကိုလည်း ထိခိုက်ပြီး ဒေသတွင်းသာမက ပြည်ပ နိုင်ငံတွေထိပါ သက်ရောက်စေတယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းက ဘရပ်ဆဲလ် အခြေ စိုက် ကမ္ဘာတလွှား ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး လုပ်ဆောင်နေတဲ့ (ICG) အဖွဲ့က အစီရင်ခံစာ ထုတ် ပြန်ခဲ့ပါတယ်။ 

အခုလည်း မလေးရှားမှာ မြန်မာပြည်က မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခံရတာကို မကျေနပ် လို့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ တဆက်တည်း မလေးရှားရောက်မြန်မာတွေအတွက် စိုးရိမ်စရာဖြစ်လာရ 
ပြန်ပြီ လို့ မလေးရှားရောက် မြန်မာတချို့က ပြောကြပါတယ်။ 

irrawaddy

ကွာလာလမ်ပူတွင် မနေ့က သောကြာနေ့ ၀တ်ပြုအပြီး ဆန္ဒပြ ကြွေးကြော် သံတိုင်ပေးနေတဲ့ မလေးရှားရောက် မြန်မာ မွတ်စလင် တဦး၊ ဓာတ်ပုံ- အေပီ
ကွာလာလမ်ပူတွင် မနေ့က သောကြာနေ့ ၀တ်ပြုအပြီး ဆန္ဒပြ ကြွေးကြော် သံတိုင်ပေးနေတဲ့ မလေးရှားရောက် မြန်မာ မွတ်စလင် တဦး၊ ဓာတ်ပုံ- အေပီ
မနေ့က သောကြာနေ့ မွတ်စလင် ဘာသာရေး ၀တ်ပြုပွဲအပြီးမှာ ကွာလာလမ်ပူမြို့မှာ မြန်မာနိုင်ငံက မွတ် စလင်တွေ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံနေရတာတွေ ရပ်တန့်ရေး၊ ကန့်ကွက်ဆန္ဒပြကြတာလို့ ယနေ့ ထုတ် ဆော်ဒီဂေဇက် သတင်း တပုဒ်က ဆိုပါတယ်။

ယာဉ်စည်းကမ်းဖောက်ဖျက်မှုအား စီမံချက်ဖြင့် ဖမ်းဆီး စနစ်ဖျက်သိမ်း




ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်မှုကြောင့် စီမံ ချက်ဖြင့် ဖမ်းဆီးနေသည့်စနစ်ကို ယခုအောက်တိုဘာ ၁ရက်မှစ တင်ကာ ဖျက်သိမ်းလိုက်ပြီဖြစ် ကြောင်း

အကျဉ်း ထောင်နှင့် အချုပ်ခန်း များ ကို တရား ဥပဒေ စိုးမိုးရေး ကော်မတီ စစ်ဆေး မည်

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထားသော ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ သည် မြန်မာ နိုင်ငံ အတွင်း ရှိ အကျဉ်းထောင် များ၊

မိခင်နှင့်ကလေး ကျန်းမာရေး ထောက်ပံ့ရန် ကမ်းလှမ်းမှု နှစ်ဆနီးပါးတိုး

Photo: မိခင်နှင့်ကလေး ကျန်းမာရေး ထောက်ပံ့ရန် ကမ်းလှမ်းမှု နှစ်ဆနီးပါးတိုး 
Saturday, October 5, 2013

အပြုသဘောဆောင်သော အစိုးရသစ်လက်ထက် ဘက်စုံပြုပြင် ပြောင်းလဲ မှု များကြောင့် နိုင်ငံတကာ အလှူရှင်များ နှစ်စဉ် များပြားလာရာ မိခင်နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှုများအတွက် လာရောက် ကူညီ လိုသော နိုင်ငံ တကာ အဖွဲ့အစည်းများ နှစ်ဆနီးပါး တိုးလာကြောင်း ကျန်း မာရေး ဦးစီးဌာန မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာသိင်္ဂီမြင့်က The Voice သို့ ပြောကြား သည်။

ကျန်းမာရေးဝန်ကြီးဌာနသို့ လာရောက် ဆက်သွယ်ထားသော ပြည်ပ မိခင်နှင့်ကလေး ကျန်းမာရေး ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းများတွင် အနောက်နိုင်ငံများက အများဆုံး ပါဝင်ပြီး ရန်ပုံငွေလည်း ပိုများကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “၂၀၁၂ ခုနှစ်က နိုင်ငံတကာ အဖွဲ့ အစည်း ၁၃ ခုဆို အခု ၂၆ လောက်ထိ များလာတယ်။ အများစုက 3MDG နဲ့ ဆက်စပ်ပြီး ပါလာကြတာ” ဟု ဒေါက်တာသိင်္ဂီမြင့်က ဆိုသည်။

မြန်မာနိုင်ငံအနေနှင့် အရန်သားဖွား ဆရာမများ မွေးထုတ်ပေးခြင်း၊ ကိုယ် ဝန်ဆောင် မိခင် စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း တို့သည် ထောင်စုနှစ် ရည်မှန်းချက်များကို ပြည့်မီသော်လည်း သားဆက်ခြား လိုသော်လည်း သားဆက်ခြား ပစ္စည်းများ ပံ့ပိုးပေးနိုင်မှု အခက်အခဲများ ရှိနေသေးကြောင်း ၎င်း၏ပြောကြားချက်များအရ သိရသည်။ “မြန်မာနိုင်ငံအတွက် ရန်ပုံငွေတွေ ထပ်ရဖို့ ရှိသေးတယ်။ အဲဒီအတွက် ရရှိထားတဲ့ ရန်ပုံငွေတွေ ကို ယုံယုံကြည်ကြည် ဖြစ်အောင် သုံးပြပေးဖို့တော့ လိုအပ်မယ်” ဟု ရောဂါ သုံးမျိုး တိုက်ဖျက်ရေး ထောင်စုနှစ် ရည်မှန်းချက်များ (3MDG) မှ ရန်ပုံငွေ ညွှန်ကြားရေးမှူး ဒေါက်တာ ပေါလ်ဆန်ဒါက ယခုနှစ် စက်တင်ဘာ လဆန်း ပိုင်းက The Voice နှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

3MDG အနေနှင့် မိခင်နှင့်ကလေး ကျန်းမာရေးအတွက် ချင်းပြည်နယ်တွင် ယခုနှစ်ပိုင်းက စတင်ကာ အကူအညီပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ကိုယ်ဝန်ဆောင် မိခင်သေဆုံးနှုန်း အမြင့်ဆုံး အရှေ့တောင် အာရှ နိုင်ငံများတွင် ပါဝင်နေသောကြောင့် ပွင့်လင်း လာသော အစိုးရသစ် လက်ထက်တွင် နိုင်ငံတကာ အလှူရှင်များ၏ စိတ်ဝင်စားမှု ပိုရရှိခြင်း ဖြစ်သည်။

The Voice Weekly
အပြုသဘောဆောင်သော အစိုးရသစ်လက်ထက် ဘက်စုံပြုပြင် ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ အလှူရှင်များ နှစ်စဉ် များပြားလာရာ မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုများအတွက် လာရောက် ကူညီလိုသော နိုင်ငံတကာအဖွဲ့အစည်းများ နှစ်ဆနီးပါးတိုးလာကြောင်း ကျန်းမာရေးဦးစီးဌာန မိခင်နှင့် ကလေး ကျန်းမာရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီမြင့်က The Voice သို့ ပြောကြား သည်။

နိုင်ငံတကာသို့ ဆေးအတု တင်ပို့နေသော တရုတ်အမျိုးသားများပါ ဂိုဏ်း

Photo: နိုင်ငံတကာသို့ ဆေးအတု တင်ပို့နေသော တရုတ်အမျိုးသားများပါ ဂိုဏ်း
Saturday, October 5, 2013

ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ဆေ၀ါးအမျိုးမျိုးကို အတုလုပ်ပြီး နိုင်ငံတကာကို ပို့နေတဲ့ ဆေးအတု ထုတ်လုပ် တဲ့ ဂိုဏ်းတစ်ခုကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မနေ့က ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ ပါတယ်။

အဲဒီဖမ်းမိတဲ့ ဆေးဝါး အတု ထုတ်လုပ်တဲ့ ဂိုဏ်းမှာ ပါဝင် ပတ်သက်နေတဲ့သူ ၁၀ ဦးကို ဖမ်းဆီးမိရာမှာ ၇ ဦးက တရုတ်လူမျိုးတွေလို့ ပြောပါတယ်။ ကျန်တဲ့ ၃ ဦးကတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ သားတွေ ဖြစ်ကြ ပါတယ်။

ဒီကနေ့ထုတ် New Age သတင်းစာမှာတော့ အဲဒီ ဆေးအတု ဂိုဏ်းဟာ ဆေးဝါးတွေကို ဘင်္ဂလာဒေ ခ်ျ့နိုင်ငံကနေ ထုတ်လုပ်နေတာ ၄ နှစ်ခန့် ရှိနေပြီ ဖြစ်ပြီး အဲဒီ ဆေးဝါးတွေကို နိုင်ငံတကာကို တင်ပို့ တယ်လို့  တရုတ်အမျိုးသားတွေက စစ်ဆေး မေးမြန်းစဉ် ထုတ်ဖေါ် ပြောကြားခဲ့တယ်လို့ ဆိုပါ တယ်။

RAB ( Rapid Action Battalion) လို့ ခေါ်တဲ့ မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ကနေ  ဂါဇီပူရ် မြို့နယ်က  Courier ကုမ္ပဏီ ရုံးခန်းကနေ ဆေးဝါး အတုတွေ အမြောက်အမြား ဖမ်းဆီး ရမိခဲ့တယ်လို့ ပြောပါတယ်။

သူတို့ဟာ နိုင်ငံတကာ ဆေးဝါး မှောင်ခိုဂိုဏ်းနဲ့ ဆက်စပ်နေသူတွေ ဖြစ်ပြီး နိုင်ငံတကာကို အထောက် အထား မှတ်ပုံတင် အတုတွေနဲ့  ဆေးဝါးတွေကို အဆင်သင့်ချုပ်လုပ်ထားတဲ့ အ၀တ်အထည်တွေ နဲ့ ရောနှောပြီး ပို့နေသူ တွေ  ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့ပြင် ယာဘားဆေးပြားတွေကို ဘင်္ဂလာဒေခ်ျ့ကို တင်သွင်းရာမှာ ပါဝင်ပတ်သူတွေ ဖြစ်နိုင်တယ်လို့ လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘင်္ဂလာဒေခ်ျ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း ဆေးဝါးအတု တာကာ (၅) ကုဋေဖိုးခန့်ကို ဖမ်းဆီး ရမိခဲ့ပါတယ်။

ဆေးဝါး ရှားပါးမူနဲ့ ကြုံနေရတဲ့ မြန်မာပြည်သူတွေအနေနဲ့လည်း အိမ်နီးချင်းနိုင်ငံတွေက ထုတ် တဲ့ ဆေးဝါးတွေကို မှီခိုနေကြရတဲ့အတွက် နိုင်ငံခြားကထုတ်တဲ့ ဆေးဝါးတွေကို အတုအပ အထူး သတိထားပီး ၀ယ်ယူကြဖို့လိုအပ်ပါတယ်။

နိရဉ္စရာ
ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ဆေ၀ါးအမျိုးမျိုးကို အတုလုပ်ပြီး နိုင်ငံတကာကို ပို့နေတဲ့ ဆေးအတု ထုတ်လုပ် တဲ့ ဂိုဏ်းတစ်ခုကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မနေ့က ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ ပါတယ်။

သံတွဲပဋိပက္ခ တွင် ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ၃၆ ဦး ရှိသွားပြီ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော့ ပဋိပက္ခနှင့် ဆက် စပ်ပြီး ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား အရေအတွက်မှာ စုစုပေါင်း ၃၆ ဦးရှိပြီသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ဒေါ်လာ ၁၁ ဘီလီယံ ပြည်ပတွင် အပ်ထားမှု အစိုးရမသိဟု ထပ်မံရှင်းလင်း

ပြည်တွင်း သတင်းမီဒီယာအချို့က ဝိုင်းဝန်းဖော်ပြကြသည့် ငွေစာရင်း ငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီ လီယံကို ပြည်ပဘဏ်များတွင် အပ်နှံထားသည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး အမှန်တကယ် အပ် ထားခြင်းရှိမရှိကို အစိုးရအနေနှင့်မသိရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် က ထပ်မံပြောကြားသည်။

မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းေ ရး ဆွေးနွေး ပွဲသို့ ကုလနှင့် တရုတ် ကိုယ်စားလှယ်များ တက်ရောက်မည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အစိုးရငြိမ်း ချမ်းရေး ဖော်ေ ဆာ င်ရေး အဖွဲ့ နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို)တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလသမဂ္ဂမှ ကိုယ်စားလှယ်နှစ် ဦးနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်မည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးဆန်းအောင်က ပြောကြားသည်။

မြစ်ဆုံစီမံကိန်းမှ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာ နိုင်မှုများနှင့် ပတ်သက်၍ လွတ်လပ်သည့် ပညာရှင်အဖွဲ့၏ သုံးသပ်ချက်အား အစိုးရထံ တင်ပြမည်

Photo: မြစ်ဆုံစီမံကိန်းမှ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာ နိုင်မှုများနှင့် ပတ်သက်၍ လွတ်လပ်သည့် ပညာရှင်အဖွဲ့၏ သုံးသပ်ချက်အား အစိုးရထံ တင်ပြမည်
Saturday, October 5, 2013

ဧရာဝတီမြစ် အထက်ပိုင်းတွင် ပြုလုပ်လျက်ရှိသည့် မြစ်ဆုံဆည် စီမံ ကိန်းနှင့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများမှ ရရှိနိုင်သည့် ဘေး ထွက် ဆိုးကျိုးများနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနိုင်မှုများနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ လွတ်လပ်သည့် ပညာရှင်များ စုစည်းကာ သုံးသပ်သော အစီရင်ခံစာအား အစိုးရထံ တင်ပြသွားမည်ဟု စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြား သည်။

၂၀၁၁ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သည့် China Power Investment ကုမ္ပဏီ၏ အစီရင်ခံစာကို ပြည် တွင်းပြည်ပမှ လွတ်လပ်သည့် ပညာရှင် ၁၂ ဦး ပါဝင်သည့် အဖွဲ့မှ အကဲဖြတ် ဆန်းစစ်ချက် ပြုလုပ် ခဲ့ရာ မြစ်ဆုံ ဆည်ကြောင့် ယင်းဒေသသာမက ဆည်အောက်မိုင်ရာပေါင်းများ စွာရှိ မြစ်ကြောင်း တစ်လျှောက် နေထိုင်သူများကိုပါ ထိခိုက်နိုင်သည်ကို CPI ကုမ္ပဏီ၏ အစီရင်ခံစာတွင် တိကျစွာ မဖော်ပြခဲ့ဟု စက်တင်ဘာ ၃၀ ရက်က ဖြန့်ဝေခဲ့သည့် စာတမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဦးဝင်းမျိုးသူက ''ဒီဟာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြည်တွင်းပြည်ပ ပညာ ရှင်တွေနဲ့အတူ ပြန်လည်သုံးသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြုလုပ်တဲ့ အခါမှာ ဒီမြစ်ဆုံဆည် တည်ဆောက်တဲ့ CPI ကုမ္ပဏီရဲ့ အစီရင်ခံစာမှာ မပါတဲ့ ပျက်စီး ယိုယွင်းနိုင်မှု အလားအလာတွေ ကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဒါကျွန်တော်တို့ ပညာရှင်တွေဆန်းစစ်ပြီး တွေ့ရှိတာတွေကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေကို လိပ်မူပြီးတော့ ပေးသွားမှာပါ။ ကျွန်တော်တို့ အဓိကပေးချင်တဲ့ Message က ဒါမှာ အားနည်းချက်တွေ ရှိတယ်ပေါ့'' ဟု ပြောကြားသည်။

ထို့ပြင် ဧရာဝတီမြစ်ညှာ ဒေသအတွင်း ဆည်တစ်ခုနှစ်ခုမျှ တည်ဆောက် ရုံနှင့်ပင် အချိန်တိုအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲ သွားနိုင် မှုများမှာ အတော်လေးပင် ကြီးမားသည်ဟု ပညာရှင်များ က သုံးသပ်ထားသည်။

China Power Investment ကုမ္ပဏီ အနေဖြင့်လည်း နိုင်ငံတကာ စံချိန် စံညွှန်း များအား လိုက်နာပြီး အမြင့်ဆုံး အရည်အသွေး သတ်မှတ်ချက်နှင့် အညီ လုပ်ကိုင်ဆောင်ရွက်ရန် ကတိက၀တ် ပြုခဲ့သော်လည်း အစီရင်ခံစာ မှာ အကောင်းဆုံး အနေအထားမျိုး ရှိမနေခဲ့ကြောင်း တွေ့ရသည်ဟု ပညာရှင်များက သုံးသပ် ထားသည်။

ဆည်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှု သုံးသပ်ချက်မှာလည်း အချိန်တစ်ပတ်မျှ ကြာအောင်ပင် မလုပ်ခဲ့သည့် စူးစမ်းလေ့လာမှုများအပေါ် အခြေခံထားသည်ကို တွေ့ရကြောင်း၊ ဆည်ဆောက် လုပ် ခြင်းကြောင့် ပေါ်ေ ပါက် လာနိုင်သော လူမှုရေးဆိုင် ရာ ဂေဟစနစ် ဆိုင် ရာ ထိခိုက်နိုင်မှုများအပေါ် CPI အစီရင်ခံစာ အနေဖြင့် အတော်လေး လျှော့ တွက် ထားကြောင်း၊ ထို့ပြင် မြစ်အောက် ပိုင်း ရေစီးဆင်း မှုနှင့် မြစ်ကြောင်း နုန်းပို့ချမှု ရပ်ဝန်းအပေါ် စီမံကိန်း၏ များပြားလှသော ထိခိုက်မှုများအပေါ် အစီရင်ခံစာ အနေဖြင့် အနည်းအကျဉ်းသာ ဖော်ပြထားကြောင်း တွေ့ရသည်ဟု လွတ်လပ်သည့် ပညာရှင်အဖွဲ့၏ စာတမ်းတွင် ဖော်ပြထားသည်။

မြစ်ဆုံဆည်နှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက်အပေါ် အမေရိကန်၊ တရုတ်၊ နီပေါ၊ လာအို၊ ထိုင်း၊ ဟောင်ကောင်၊ မြန်မာ စသည့် နိုင်ငံများမှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင် ၁၂ ဦးက ပညာရှင် ရှုထောင့်မှ ပြန်လည်သုံးသပ် ထားသည်ဟု International Rivers အဖွဲ့နှင့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တို့ ပူးပေါင်းကာ ဖြန့်ဝေခဲ့သည့် စာတမ်း တွင် ဖော်ပြထားသည်။

Eleven Media Group
ဧရာဝတီမြစ် အထက်ပိုင်းတွင် ပြုလုပ်လျက်ရှိသည့် မြစ်ဆုံဆည် စီမံကိန်းနှင့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများမှ ရရှိနိုင်သည့် ဘေးထွက်ဆိုးကျိုးများနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနိုင်မှုများနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ လွတ်လပ်သည့် ပညာရှင်များ စုစည်းကာသုံးသပ်သော အစီရင်ခံစာအား အစိုးရထံ တင်ပြသွားမည်ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြား သည်။

ခွေးရူးပြန် ရောဂါရှိသည့်မြင်း အကိုက်ခံရမှုကြောင့် လူလေးဦး ဆေးရုံ တက်ရ

Photo: ခွေးရူးပြန် ရောဂါရှိသည့်မြင်း အကိုက်ခံရမှုကြောင့် လူလေးဦး ဆေးရုံ တက်ရ
Saturday, October 5, 2013

ခွေးရူးပြန် ရောဂါရှိသည့် မြင်းကိုက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ရသည့် လူနာလေးဦး ရှိနေကြောင်း အောက်တိုဘာ ၄ ရက် ည ၁၁ နာရီခွဲတွင် ရရှိသည့် သတင်းများအရ သိရသည်။

ခွေးရူးပြန် ရောဂါရှိသည့် မြင်းကိုက်ခံရမှုကြောင့် လက်ရှိတွင် အင်းစိန် အထွေထွေ ရောဂါကုဆေးရုံကြီး အမျိုးသမီး ခွဲစိတ်ကုသ ဆောင်တွင် အသက် (၄) နှစ်၊ (၆) နှစ်၊ (၂၈) နှစ်နှင့် (၂၀)နှစ်အရွယ် မိန်းကလေး လေး ဦး တို့မှာ ဆေးကုသမှု ခံယူလျက်ရှိပြီး ညပိုင်းတွင် မြင်းသွားရည်၊ သွေး များနှင့် ထိမိခြင်းကြောင့် လူလေးဦး ထပ်မံရောက်ရှိ ခဲ့ကြောင်း၊ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး နံနက်ပိုင်း၌ တက်ရောက် ကုသခဲ့ပြီး ယင်းနေ့၌ပင် ဆေးရုံမှ ဆင်းသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက် နံနက်ပိုင်း ၇ နာရီမှ စတင်ကာ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်တွင် ခွေးရူးပြန်ရောဂါ ရှိသည်ဟု သံသယရှိသည့် မြင်းသည် ရပ်ကွက်အတွင်းရှိ လမ်းများသို့ ၀င်ထွက်၍ လမ်းပေါ်တွင် တွေ့ရှိသည့်လူနှင့် တွေ့သမျှ လှုပ်ရှားနေသည့် အရာများအား လိုက်လံကိုက်နေပြီး ကလေးငယ်များ၊ လူများအား ကိုက်ဆွဲကာ ကဆုန်ပေါက် ပြေးလွှားနေသည့် အတွက် ရပ်ကွက်အတွင်းရှိ ပြည်သူများက အဆိုပါ မြင်းအား ဖမ်းဆီးသတ်ဖြတ် ခဲ့ကြကြောင်း သိရသည်။ ယင်းသို့ ဖမ်းဆီးသတ်ဖြတ် ပြီးနောက် ရပ် ကွက်မှ တာဝန်ရှိသူများက အင်းစိန်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရှိ ဓာတ်ခွဲခန်းသို့ ယင်းမြင်းတွင် ခွေးရူးပြန်ရောဂါပိုး ရှိမရှိကို ဓာတ်ခွဲခန်းတွင် ပေးပို့စစ်ဆေး ရာ ခွေးရူးပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ဆီမှာ ဒီမြင်းသေကောင်ကို ဓာတ်ခွဲစစ်ဆေးခဲ့တဲ့ ရလဒ်တွေ အရကတော့ ဒီမြင်းမှာ ခွေးရူးပိုးကို တွေ့ရှိခဲ့ပါတယ်။ ဌာနကို ရောက်ရောက် ချင်း စစ်ဆေးခဲ့တာ ဒီနေ့ညနေမှာပဲ အဖြေထွက်တယ်'' ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါ ပျံ့နှံ့မှု လေ့လာရေး ဌာနစိတ်မှ လက်ထောက် ညွှန်ကြားရေး မှုး ဒေါက်တာကျော်နိုင်ဦးက ပြောကြားသည်။

''အဲဒီမြင်းကို ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ၊ ရပ်ကွက်က လူတွေ ပေါင်း ပြီးတော့ မြင်းကိုဝိုင်းရိုက်ပြီး သတ်လိုက်တယ်။ နောက်ပြီး မြင်းကိုဓာတ်ခွဲ စမ်းသပ်ဖို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဓာတ်ခွဲခန်းသို့ ပို့လိုက်တယ်။ ညနေ ၄ နာရီမှာ ရောဂါထိန်းချုပ်ရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ် သူ ဒေါက်တာ ဒေါ်အေးအေးမာက ဒီမြင်းမှာ ခွေးရူးရောဂါပိုး တွေ့တယ်လို့ အဖြေထွက်လာပါတယ်။ ည ၁၀ နာရီလောက်မှာ မြင်းသွားရည်နဲ့ သွေးနဲ့ ထိမိတဲ့လူ လေးယောက်ကိုတော့ အင်းစိန်ဆေးရုံကြီးကို ထပ်မံပို့ လိုက်ပါ တယ်'' ဟု (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ကိုတင်မောင်စိုးမှ ပြော ကြားသည်။

''ကျွန်မက အဖွားအတွက် ဆေးဝယ်ဖို့ဆိုပြီး လမ်းထိပ်ကို ထွက်လာတယ်။ အဲဒီအချိန်မှာ မြင်းက ကျွန်မကို ၀င်တိုက်မိပြီး လဲသွားတဲ့ အချိန်မှာ ကျွန်မရဲ့ခြေထောက် အောက်ပိုင်းကို ကိုက်ခံလိုက်ရပါတယ်'' ဟု မြင်းကိုက်ခံရသူ (၄) လမ်းနေ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

''အဲဒီမြင်းက လွန်ခဲ့တဲ့ သုံးရက်လောက်က ခွေးရူးကိုက်ခံရတယ်။ အဲဒီ ရက်တွေကစပြီး မြင်းပိုင်ရှင်က သူ့မြင်းကို ကိုင်တွယ်လို့ မရတာ ကြိုးချည် လို့ မရတာ ထိန်းလို့ မရတာတွေ ဖြစ်တာ တွေ့ခဲ့ရတယ်။ အဲဒီမြင်းက အစကတည်း က ရပ်ကွက်ထဲမှာ ဒီအတိုင်း လွှတ်ထားပြီးတော့ ရပ်ကွက်ထဲ က လူတွေက အစာကျွေးတာတွေ လူတွေနဲ့ လက်ပွန်း တတီး နေတာတွေ ရှိတယ်။ ခုတလောမှ သူ့အမူအယာတွေက အရမ်းကြမ်းလာတယ်။ ပြီးတော့ ခုမနက် အစောပိုင်းကနေပြီး ရပ်ကွက်ထဲမှာ ကဆုန်ပေါက် လျှောက်ပြေး တယ်။ ပြီးကျ သူ့ရှေ့မှာ မြင်နေတဲ့ ကလေးတွေ ပစ္စည်းတွေကို ပါးစပ်နဲ့ ကိုက်ပြီး လျှောက်ပြေး ရန်မူနေတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ရပ်ကွက်ထဲက လူတွေကစုပြီး ၀ိုင်းဖမ်းပြီး ရိုက်သတ် လိုက်ကြတယ်။ ပြီးတော့ မွေးကု ဦးစီးဌာနကို ပို့လိုက်တယ်'' ဟု မရမ်းကုန်း (၁) ရပ်ကွက်နေသူ တစ်ဦးက ဆိုသည်။

အဆိုပါမြင်းသည် မြင်းထီးဖြစ်ပြီး မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက် တွင် နေထိုင် သူ တစ်ဦးက မွေးမြူထားခြင်း ဖြစ်သည်။

Eleven Media Group
သေဆုံးသွားသည့် ခွေးရူးပြန် ရောဂါရှိသည့် မြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဒေါက်တာကျော်နိုင်ဦး)
သေဆုံးသွားသည့် ခွေးရူးပြန် ရောဂါရှိသည့် မြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဒေါက်တာကျော်နိုင်ဦး)


ခွေးရူးပြန် ရောဂါရှိသည့် မြင်းကိုက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ရသည့် လူနာလေးဦး ရှိနေကြောင်း အောက် တိုဘာ ၄ ရက် ည ၁၁ နာရီခွဲတွင် ရရှိသည့် သတင်းများအရ သိရသည်။

ရေကြီးရေလျှံမှုအပြီး ကလေးမြို့နယ် အတွင်းရှိ ဒေသအချို့တွင် သွားလာရေး ခက်ခဲနေဆဲဖြစ်

8.1.1
နတ်တံခါးချောင်း တံတားကျိုးကျမှုကြောင့် ဒေသခံများ ခက်ခဲစွာ ဖြတ်ကူးနေရသည်ကို တွေ့ရစဉ်
ရေကြီးရေလျှံမှုကြောင့် ပိတ်နေခဲ့သည့် ကလေးမြို့နှင့် ဆက်သွယ်ထားသော လမ်းမကြီးများ ပြန်လည် သွားလာ နိုင်ပြီဖြစ်သော်လည်း ဒေသတွင်းလမ်းအချို့မှာ သွားလာမှုခက်ခဲနေဆဲ ဖြစ်သည်ဟု သိရသည်။

တန်းတူဆက်ဆံမှု မရှိသောကြောင့် အမျိုးသမီးများ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်များတွင် ပါဝင်ခွင့် နည်းပါးနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: တန်းတူဆက်ဆံမှု မရှိသောကြောင့် အမျိုးသမီးများ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်များတွင် ပါဝင်ခွင့် နည်းပါးနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Saturday, October 5, 2013

အမျိုးသား-အမျိုးသမီး တန်းတူရည်တူ မရှိခြင်း၊ ဒုတိယ လူတန်းစားအဖြစ် သတ်မှတ်ထားခြင်းကြောင့် ဥပဒေပြုရေး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တို့တွင် အမျိုးသမီးများ အနေဖြင့် ပါဝင်ခွင့် နည်းပါးနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသား-အမျိုးသမီး တန်းတူရည်တူ အခွင့်အရေး ရရှိရေးအတွက် ဖွဲ့စည်းပုံကို ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ ထိုသို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရာတွင်လည်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ အတည်ဖြစ်သည့် အတွက် ၂၅ ရာခိုင်နှုန်း ဖြစ်သည့် တပ်မတော် သားများတွင် အမျိုးသမီး မပါဝင်ခြင်းမှာ အမျိုးသားများကို ပိုမိုအခွင့်အရေး ပေးထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့အပြင် အမျိုးသမီးများ၏ အခွင့်အရေးများ ကာကွယ်ရန်နှင့် အမျိုးသား များ နည်းတူ အခွင့်အရေး တန်းတူရရှိရေး အတွက် ဥပဒေတစ်ခု ရေးဆွဲရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

အမျိုးသမီးများ အနေဖြင့်လည်း ရှေးရိုးဆွဲ မထားဘဲ မိမိကိုယ်မိမိ ယုံကြည်မှုရှိရန်၊ အရည်အချင်း ပြည့်ဝစေရန် အတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ ဗိုလ်ချုပ်အောင်ဆန်းအား ဇနီးကောင်းအဖြစ် ထောက်ပံ့ပေးခဲ့သူ၊ သားသမီးများကိုလည်း မိခင်ကောင်း တစ်ဦးအဖြစ် ပြုစုပျိုးထောင် ပေးခဲ့သူတစ်ဦး ဖြစ်ကြောင်း အမျိုးသမီးများ အနေဖြင့် စံပြနမူနာယူရန် ၎င်း၏ မိခင်ကို ဥပမာပေး ပြောကြားသည်။

''ကျွန်မအနေနဲ့ တိုက်တွန်းချင်တာက မြန်မာနိုင်ငံအတွက် အဖြေတွေကို ရှာပါ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်နိုင်ခွင့် တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံရေး ယဉ်ကျေးမှု ပို့ချပေးနိုင်ဖို့ပါ စဉ်းစားစေချင်ပါတယ်။ ယဉ်ကျေးမှုပုံစံ ဖြစ်လာတဲ့ အခါမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းစဉ်ကို လုံလုံလောက်လောက် လုံခြုံစွာ ရောက်နေပြီလို့ ထင်ရအောင် အောင်မြင် ဖို့ အဖြေတွေကို ရှာပေးပါ။ ကြိုးစားပြီး ဆောင်ရွက်မယ်'' ဟု ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်း ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် နှစ်ရက် ကြာပြု လုပ်မည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ၊ အီးယူပါလီမန်မှ ကိုယ်စားလှယ်များ၊ လက်ရှိတွင် ၀န်ကြီးချုပ်အဖြစ် အမျိုးသမီးက ထမ်းဆောင်နေသော ဂျာမနီနိုင်ငံ၊ ထိုင်းနိုင်ငံ အပါအ၀င် နိုင်ငံ ၂၀ မှ နိုင်ငံတကာမှ အမျိုးသမီးလွှတ်တော် အမတ်များ၊ အမျိုးသမီး အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်ကြောင့် အမျိုးသမီးကဏ္ဍတွင် အပြောင်းအလဲကြီးမားစွာ ဖြစ်ပေါ်လာနိုင်ကြောင်း အီးယူပါလီမန် ကိုယ်စားလှယ် Edit BAUER က မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် ပတ်သက်၍ The Daily Eleven သို့ ပြောကြားသည်။

Eleven Media Group

နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်း ပြောကြားနေစဉ်
နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်း ပြောကြားနေစဉ်
အမျိုးသား-အမျိုးသမီး တန်းတူရည်တူ မရှိခြင်း၊ ဒုတိယ လူတန်းစားအဖြစ် သတ်မှတ်ထားခြင်းကြောင့် ဥပဒေပြုရေး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တို့တွင် အမျိုးသမီးများ အနေဖြင့် ပါဝင်ခွင့် နည်းပါးနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းေ ရး ဆွေးနွေး ပွဲသို့ ကုလနှင့် တရုတ် ကိုယ်စားလှယ်များ တက်ရောက်မည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင် လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလသမဂ္ဂမှ ကိုယ်စား လှယ်နှစ် ဦးနှ င့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်မည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးဆန်းအောင်က ပြောကြားသည်။

RCSS ၏ အရေးပေါ်အစည်းအဝေးအပြီး အပစ်ရပ်ပြီး နှစ်နှစ်ကာလအတွင်း သုံးသပ်ချက်ထွက်ရှိ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းတပ်မတော်(RCSS/SSA) ၏ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကို အောက်တိုဘာလ(၁) ရက်က ၎င်းတို့ဌာနချုပ်ရှိရာ ရှမ်းပြည်တောင်ပိုင်း လွယ်တိုင်း လျန်ဒေသတွင် ပြုလုပ်ပြီးနောက် ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ထုတ်ပြန် လိုက်သည်။

ဘယ်လိုလူနဲ့အိမ်ထောင်ကျမလဲ.....

Photo: အားလုံး မင်္ဂလာ ပါ ဗျာ ...........
ဘယ်လိုလူနဲ့အိမ်ထောင်ကျမလဲ.....
Saturday, October 5, 2013

..ဘယ်လိုလူမျိုးနဲ့အိမ်ထောင်ကျမလဲလို့ တအားမေးကြပါ တယ် ။ မေးတဲ့ သူတွေ များလွန်းလို့ တွက်နည်းပေး လိုက်ပါမယ် ...

အဲဒီမေးခွန်းတွေအတွက်အောက်ပါအတိုင်း မိမိကိုယ်တိုင် တွက်ချက်ကြည့်နိုင်ပါတယ် ခင်ဗျာ...

(၁)မိမိ၏မွေးနေ့သက္ကရာဇ်(မြန်မာ)ကိုတည်၍ ၄ ဖြင့်မြှောက်ပါ။
(၂)ရသောရလဒ်အား ၇ ဖြင့်စားပါ။
(၃)ရသောအကြွင်းကိုအဖြေရှာကြည့်ပါ။

တော်တော့ကိုနီးနီးစပ်စပ်တွေတွေ့ရပါလိမ့်မယ်၊ရာခိုင်နှုန်းအားဖြင့်၊ ၉၅ ရာနှုန်းလောက်မှန်တာ
တွေ့ရပါတယ်၊စမ်းပြီးတွက်ကြည့်ကြပေါ့ဗျာ၊ကိုယ့်ဟာကိုယ်လည်းတွက်၊မိတ်ဆွေတွေကိုလည်း
တွက်ပေးသလို၊အိမ်ထောင်ကျပြီးသားလူတွေကိုလည်းတွက်ကြည့်ကျပေါ့၊

(ဒါဆိုတစ်နှစ်ထဲတူတူမွေးသူတွေ၊အားလုံးအဖြေတူတူထွက်မှာပေါ့လို့မေးကျမယ့်သူတွေအတွက်
ဆရာစံဇာဏီဘိုရဲ့အဖြေကတော့၊ဟုတ်ကဲ့တူပါတယ်၊ဘာလို့လည်းဆိုတော့၊ကိန်းတူလို့ပါတဲ့)

ဆရာစံဇာဏီဘိုရဲ့ပညာပါ၊ဆရာ့အားလေးစားစွာဂါရဝပြုပါတယ်။

ဥပမာ....၁၃၃၅
X ၎
------------------
၅၃၄ဝ / ၇

အကြွင်း ( ၆ ) ဆိုတော့.အကြွင်း ၆ နေရာမှာကြည့်လိုက်ရုံပါပဲ။

အဖြေတွေကတော့

(၁)ကြွင်း
ကိုယ်ရမယ့်မိန်းခလေးဟာ၊သူတော်ကောင်းစရိုက်အပြည့်ရှိတဲ့မိန်းခလေးပါ၊ ကိုယ်ကျင့် တရားကောင်းစွာ ထိမ်းသိန်းတဲ့သူပါပဲ။
ရည်းစားတောင်ထားဖူးမယ့်ပုံမပေါ်ဘူး၊အတွေ့အကြုံကလည်းနည်းမှနည်းပေါ့၊သူ့ဟာသူအေးအေးနေတတ်ပြီး၊ပညာတဘက်
အလုပ်တစ်ဘက်နဲ့၊ကိုယ့်ဘ၀ကိုယ်၊ကို ရုန်းကန်နေတတ်တဲ့သူပါ။ကိုယ်ပိုင်အစွမ်းအစနဲ့အ သက်မွေးနိုင် တယ် ၊ ထက်မြက်တယ်
ဥာဏ်ကောင်းတယ်၊တစ်ခါတရံတည်တည်ကြည်ကြည်နေတတ်သလို၊တစ်ခါတရံနွဲ့ဆိုးဆိုးတတ်ပါတယ်။သွက်သွက်လက်လက်နဲ့
ခောတ်မှီမှီနေတတ်ပြီး၊ခောတ်မဆန်ပါဘူး၊သဝန်တိုတတ်တယ်၊စိတ်ကလည်းကောက်တတ်တယ်၊လိုက်ချော့ပေတော့၊
ကိုယ်နဲ့တော့အဆင်ပြေပြီး၊များသောအားဖြင့်ကလေးဆန်တတ်တော့၊ကိုယ့်မိဘတွေနဲ့၊ပြဿ နာတော့နဲနဲ ရှိတယ်၊အဲဒီမိန်းခလေးက
ကိုယ့်အပေါ်အမြဲသစ္စာရှိမယ့်သူပါပဲ။

(၂)ကြွင်း
ကိုယ်ရမယ့်မိန်းခလေးဟာ၊လူလည်၊လူရှုပ်တွေရဲ့လှည့်စားမှုတွေကြောင့်အသည်းကွဲဒဏ်ရာတွေနဲ့ပါ၊
ကိုယ့်အိမ်ထောင်ဘက်အပေါ်၊ပေးဆပ်မှု၊မေတ္တာနဲ့ဂရုဏာတို့အခြေတည်တဲ့အိမ်ထောင်ဖြစ်လာမယ်။ကိုယ်ကအပေးသမားဖြစ်နေမယ်။
သူ့ရဲ့နောက်ကြောင်းရာဇဝင်တွေကိုလည်း၊ကိုယ့်ကိုမချွင်းမချန်ပြောပြပါလိမ့်မယ်၊ကိုယ်က သဘောထားကြီးကြီးနဲ့၊လက်ထပ်ပေါင်းသင်းဖို့ပါပဲ၊
ကိုယ်နဲ့အိမ်ထောင်ကျပြီးမှ၊မိသားစုဘဝကိုတာဝန်ကျေကျေတည်ဆောက်မယ့်၊အချောအလှပိုင်ရှင်ပါ၊ချော တာ လှတာကတော့ပြောမနေပါနဲ့
မြင်တဲ့သူငေးရလောက်ပါတယ်။အိမ်ထောင်ကိုလည်းနိုင်နိုင်နင်းနင်းထိမ်းသိန်းတတ်ပြီး၊အိမ်ကမိဘတွေကို၊ကိုယ့်ထက်ပိုရိုသေလွန်းလို့၊ကိုယ့်အမေ၊အဖေတို့ကတောင်၊သမီးသမီးနဲ့ဖြစ်နေမယ့် သူပါ။

(၃)ကြွင်း
ကိုယ်ရမယ့်မိန်းခလေးဟာဆွေမျိုးအသိုင်းအဝိုင်းကြီးကြီး၊အဆင့်အတန်းထည်ထည်ဝါဝါထဲက၊ပေါက်ဖွား လာတဲ့မိန်းခလေးပေါ့၊
မာနကြီးကြီး၊စိတ်ကြီးခေါင်းမာပညာတတ်၊စိတ်ကောင်းရှိပေမယ့်၊တော်ရုံလူလောက်တော့အဖက်လုပ် စကားမပြောတတ်တဲ့၊ဘုသမားလေးပါ။
ကိုယ့်အစွမ်းအစ၊အတတ်ပညာကို၊အခြေပြုပြီးစီးပွားရှာတတ်တဲ့မိန်းခလေး၊အနိုင်လိုချင်တာမဟုတ်ပေမယ့်၊အနိုင်တော့ကျင့်တတ်တယ်။
အစွမ်းအစမရှိတဲ့သူတွေဆို၊စကားပြောချင်တာမဟုတ်ဘူး၊အိမ်ထောင်ကျပြီးရင်တောင်၊ကိုယ့်မိသား စုနောက်ကို၊မလိုက်ချင်လို့သီးသန့်
နေခွင့်တောင်းမယ့်သူလေးပေါ့၊ကိုယ့်ယောက်ျားကို၊အစွမ်းအစမရှိတဲ့သူတွေနဲ့စကားပြောနေရင်တောင်မကြိုက်ဘူး၊
သူနဲ့ရရင်တော့၊အိမ်ထောင်ကံကောင်းတယ်၊သူနဲ့အိမ်ထောင်ကျပြီးမှ၊ကိုယ့်အစွမ်းအစတွေပိုတက်လာမယ်၊ပိုတိုးတက်တာမယ်၊
သူကလည်း၊ကိုယ့်ကို၊ထိထိရောက်ရောက်အလုပ်လုပ်အောင်လုပ်ခိုင်းမှာ၊သူ့ကိုနဲနဲတော့ကြောက်ရမယ်၊တစ်ချို့ယောက်ျားတွေကတော့
ကြောက်တာဟာ(ချစ်တာတမျိုးပါလို့ပြောကြတာပါပဲ).

(၄)ကြွင်း
ကိုယ်ရမယ့်မိန်းခလေးဟာ၊အိနြေ္ဒရှင်၊ပြီးတော့၊ကိုယ့်ထက်အဆင့်အတန်းမြင့်တဲ့အသိုင်းအဝိုင်း မှာပေါက်ဖွားကြီးပြင်းခဲ့သူပါ၊
ကိုယ့်ကိုချစ်လွန်းလို့၊အရာရာကိုစွန့်ပြီးဆင်းလာခဲ့တယ်သူလို့ဆိုရမှာပေါ့၊ရည်းစားသနာတောင်ထားဖူးရဲ့လားမသိပါဘူး၊
အတွေ့အကြုံနည်းပြီး၊အရာရာကို၊မိဘအစောင့်အရှောက်တွေနဲ့ကြီးပြင်းခဲ့သူပါပဲ၊ အိနြေ္ဒ သိက္ခာနဲ့ ၊ပြည့်စုံလွန်းတဲ့၊ဖြူစင်သန့်
ရှင်းလွန်းသူလေးပါ၊သူနဲ့လက်ထပ်ရလို့လူတိုင်းကအားကျနေမှာ၊မြင်ယောင်ပါသေးတယ်၊ကိုယ့်ဆန္ဒကိုယ့်သဘောအတိုင်းဖြစ်
စေမယ့်၊အရာရာမောင့်သဘောပါလို့ပြောမယ့်သူပေါ့၊သည်းခံတတ်တယ်၊ခွင့်လွှတ်တတ်တယ်၊ဒါပေမယ့်၊ အဲဒါတွေကိုအခွင့်အရေး
ယူပြီးမဟုတ်တာတော့မလုပ်နဲ့၊ဒေါသမီးကဟုန်းကနဲတောက်ပြီး၊ပြင်းပြင်းထန်ထန်တုံ့ပြန်လိမ့်မယ့်၊မာနခဲလေးပေါ့။
အလှုအတန်းအပေးအကမ်းရက်ရောတတ်တဲ့သူပါ၊ဒါပေမယ့်၊အချစ်ကိုတော့ဝေမစားဘဲ၊ရှုပ်တာနဲ့၊ကိစ္စတုန်းအောင်လုပ်ပစ်လိုက်မယ့်၊
ကိုယ့်အပေါ်အရမ်းချစ်သူလေးပါ၊ဒီကိစ္စမှာတော့၊သဘောထားကြီးပြီးခွင့်မလွှတ်ဘူး။

(၅)ကြွင်း
ကိုယ်ရမယ့်မိန်းခလေးဟာ၊ခောတ်ရဲ့သမီးပျို၊ရဲတင်းတယ်၊ပွင့်လင်းတယ်၊ဟော့ရှော့ပေါ့၊လှလှပပပြင်တတ်ဆင်တတ်လို့၊ကိုယ်နဲ့တွဲသွားရင်
တောင်၊ဘေးကဝိုင်းကြည့်နေရမယ့်၊နတ်သမီးလေးပါ။ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်အစွမ်းအစနဲ့အလုပ်လုပ်ရမှကျေနပ်တတ်တဲ့သူပါပဲ၊
လှလွန်းတော့လည်း၊ရည်းစားသနာလေးတွေထားခဲ့မှာပေါ့၊အဲဒီထဲကမှ၊ကိုယ့်ကိုသနားလို့ချစ်လို့ရွေးခဲ့ တာလို့ဆိုရမှာပါပဲ။
ကိုယ့်ယောက်ျားကို၊ဟန်ဟန်ပန်ပန်၊ခောတ်နဲ့အမှီလိုက်စေချင်နေတတ်တယ်၊ပုံမကျပန်းမကျအူတူတူ ဆိုရင်တော့၊သူ့စိတ်နဲ့မကိုက်လို့
ခဏ ခဏပွမ်နေမှာပါပဲ။ကိုယ်ကိုတိုင်ကခောတ်မှီမှီနေတတ်သလို၊သုံးတဲ့ပစ္စည်းဆိုလည်း၊တကယ့် BRAND တွေမှသုံးတတ်ကိုင်တတ်တယ်၊
ကိုယ့်ရဲ့ပုံစံတွေကို၊ခောတ်နဲ့လျော်ညီအောင်ပုံသွင်းပေးသွားမယ့်သူပါပဲ။တစ်ခုတော့ရှိတယ်.. အိမ်မှာထမင်းချက်မရှိရင်၊ဆိုင်ကသာချိုင့်ဆွဲပေ
တော့၊သူကစိတ်ပါမှချက်ကျွေးမှာဗျ။

(၆)ကြွင်း
ကိုယ်ရမယ့်မိန်းခလေးဟာ၊အတော့်ကိုသဘောထားကြီးတဲ့၊မေတ္တာရှင်မလေးပါပဲ၊ကိုယ့်အကြောင်းတွေကိုလည်း၊အူမချေးခါးမကျန်အကုန်သိနေတဲ့သူပါ၊သူငယ်ချင်းဘဝကနေတဆင့်တက်ပြီးမှဖူးစာဖက်ကျမယ့်သူပါ၊ကိုယ့်ရဲ့အရင်ကအချစ်ဇာတ်ထုတ်တွေ၊ဇာတ်လမ်းတွေကိုသိပြီး၊လက်ခံမှာ၊မိဘအသိုင်းအဝိုင်းတွေရဲ့အခက်အခဲကြားထဲက၊သူနဲ့အိမ်ထောင်ပြုပြီး၊ကိုယ့်ဘဝဟာတစ်စတစ်စတည်ငြိမ် လာမှာပါ၊ကိုယ့်အတွက်အရာ
ရာကိုတိုင်ပင်ဆွေးနွေးလို့ရတဲ့သူပေါ့၊အကြံအဥာဏ်ကောင်းတွေပေးသလို၊ကိုယ့်စိတ်ဆင်းရဲနေရင်လည်း၊ဖျောင့်ဖျဖေးမပေးမယ့်သူပါ။
သူကချစ်တတ်တယ်၊သဘောထားကြီးပြီး၊ကိုယ့်ကိုနားလည်ခွင့်လွှတ်တတ်တဲ့သူ၊ကိုယ်နဲ့အိမ်ထောင်ကျပြီးတာနဲ့၊အလုပ်ကထွက်ပြီး၊ကိုယ်နဲ့အတူတူ၊ဒိုးတူဘောင်ဖက်၊စီးပွားရှာပေးမယ့်သူပေါ့၊အင်မတန်မှလိုက်ဖက်ညီလွန်းလို့၊အပေါင်းအသင်းတွေကချီးကျုးအားကျကျလိမ့်မယ်။
ကိုယ့်အပေါ်ချစ်တာများပြောမနေနဲ့၊နေမကောင်းဖြစ်နေတာတောင်၊သူချက်တဲ့ဟင်းလေးစားစေချင်လို့ ဆိုပြီး၊အပင်ပန်းခံချက်ပြုတ်ကျွေးမယ့်
သူလေးပါဗျာ၊အတော်ကို့ချစ်တတ်ရှာပါတယ်။

(ဝ)ကြွင်း
ကိုယ်ရမယ့်သူက၊ကိုယ့်ထက်အသက်နဲနဲကြီးမယ်၊ဘာသာမတူတာမျိုး၊ဂုဏ်တို့၊ပညာတို့အရည်အချင်းတို့ ဟာ၊ကိုယ့်ထက်မြင့်နေတဲ့သူပေါ့။
ပညာတတ်ပြီး၊ပညာအရည်အချင်းနဲ့သူတပါးကိုဆရာလုပ်နိုင်စွမ်း၊ညွှန်ပြနိုင်စွမ်းရှိတဲ့သူပါ။
၊ကိုယ့်ကိုလည်းအလိုလိုက်ပြီးစိတ်မချတတ်တဲ့သူပေါ့၊မလှလို့၊အသက်ကြီးလို့ပစ်သွားမှာစိုး ရိမ်ပြီး၊ယောက်ျားအတွက်
အလှအှပြင်၊အယဉ်ဆင့်အောင်နေမယ့်သူပါ။ကိုယ့်ကိုသားလို၊မောင်လို၊ယောက်ျားလို၊အမျိုးမျိုးေ စာင့်ရှောက် ချစ်တတ်မယ့်သူမို့လို့၊
စိတ်ထိခိုက်အောင်မလုပ်ပါနဲ့၊သူကတော့မျက်ရည်ကျပြီး၊ကျိတ်ငိုနေတတ်ပါတယ်၊အဲဒီအခါမျိုးမှာ ၊ကြင်ကြင်နာနာနဲ့ပြန်ချစ်ဖို့တော့မမေ့နဲ့။
ကိုယ့်ရဲ့မိသားစုဘဝလေးကို၊အေးအေးချမ်းချမ်းလေးနဲ့ဝိုင်းဝန်းတည်ဆောက်ပေးမယ့်သူပါ၊

(မှတ်ချက်).အိမ်ထောင်မကျချင်တဲ့သူရှိရင်တော့၊..ကိုယ့်ဟာကိုတွက်ကြည့်မနေပါနဲ့၊..လူပျိုကြီး၊အပျိုကြီးတွေပဲလုပ်ကျပါတော့။

အခုအဖြေတွေဟာယောက်ျားလေးအတွက်ဆိုပေမယ့်၊မိန်းခလေးအတွက်ဆို
လည်း၊ရပါတယ်၊ကိုယ့်ဟာကို၊ပြောင်းတွေးပေါ့နော်၊

ဗေဒင်
..ဘယ်လိုလူမျိုးနဲ့အိမ်ထောင်ကျမလဲလို့ တအားမေးကြပါတယ်။ မေးတဲ့သူတွေ များလွန်းလို့ တွက် နည်းပေး လိုက် ပါမယ် ...

ခေတ်လွန်အိမ်မက်ထဲက ကမ္ဘာ့အကြီးဆုံးရေယာဉ်ကြီး

Photo: ခေတ်လွန်အိမ်မက်ထဲက ကမ္ဘာ့အကြီးဆုံးရေယာဉ်ကြီး
Saturday, October 5, 2013

ခေတ်ရှေ့ပြေး သိပ္ပံနည်းပညာ၊ အတွေးအခေါ် စိတ်ကူးစိတ်သမ်းတို့ဖြင့် ပုံဖော်ထားသည့် ကမ္ဘာ့ပထမဆုံး Floating City သို့မဟုတ် အကြီးဆုံးရေ ယာဉ်ကြီး တည်ဆောက်ရေးစီမံကိန်းသည် အိမ်မက်တစ်ခုသဖွယ် ဖြစ်နေ ရာ မှ လက်တွေ့ပေါ်ပေါက်လာတော့မ ည်ဟု မျှော်မှန်းရသည်။

Freedom Ship ဟု ဆိုသည့် အဆိုပါ Project သည် အလျား (၁) မိုင် ရှည်၍ (၂၅) ထပ်မြင့်သည့် Building ကြီး တစ်ခုအား ရေထဲတွင် Floating အနေအထားမျိုး တွေ့ရမည် ဖြစ်သည်။ Giant Barge ပုံစံမျိုးထက် Standard Vessel ပုံစံမျိုး ဖြစ်မည်ဟု ဆိုပါသည်။ ဖော်ပြပါ Freedom Ship သည် အနာဂတ်မြို့တွင်း Traffic ပြဿနာကို ဖြေရှင်းရန် ၁၉၂၈ ခုနှစ်တွင် ရေးဆွဲခဲ့သော အမေရိကန် ဗိသုကာ ပညာရှင်တစ်ဦး၏ မီတာ (၃၀၀)ခန့်ရှည်ပြီး ခေါင်မိုးတွင် လေယာဉ်ကွင်းပါသည့် အဆောက်အဦ ပုံစံ ရေးဆွဲမှု Concept အား ယူထားသည် ဟုလည်း ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ ကျယ်ပြန့်သော အတွေးစိတ်ကူးအရ ပုံပေါ်လာသော ကမ္ဘာ့အကြီးဆုံး Freedom Ship သည် လက်တွေ့ တွင် ဖြစ်နိုင် / မဖြစ်နိုင် စောင့်ကြည့် ရုံသာ ရှိတော့သည်။

မောင်သပြေ
( Myanmar Navy )
ခေတ်ရှေ့ပြေး သိပ္ပံနည်းပညာ၊ အတွေးအခေါ် စိတ်ကူးစိတ်သမ်းတို့ဖြင့် ပုံဖော်ထားသည့် ကမ္ဘာ့ပထမဆုံး Floating City သို့မဟုတ် အကြီးဆုံးရေယာဉ်ကြီး တည်ဆောက်ရေးစီမံကိန်းသည် အိမ်မက်တစ်ခု သဖွယ် ဖြစ်နေရာမှ လက်တွေ့ပေါ်ပေါက်လာတော့မ ည်ဟု မျှော်မှန်းရသည်။

အိုဘားမား၏ အာရှခရီးစဉ် ဖျက်သိမ်းလိုက်ပြီးနောက် သမ္မတ ဦးသိန်းစိန်နှင့် ဘရူနိုင်းတွင် တွေ့ဆုံရန် အစီအစဉ် မရှိတော့

Photo: အိုဘားမား၏ အာရှခရီးစဉ် ဖျက်သိမ်းလိုက်ပြီးနောက် သမ္မတ ဦးသိန်းစိန်နှင့် ဘရူနိုင်းတွင် တွေ့ဆုံရန် အစီအစဉ် မရှိတော့
Saturday, October 5, 2013

အမေရိကန် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းမှုကြောင့် သမ္မတ အိုဘားမား၏ အာရှခရီးစဉ်ကို ဖျက်သိမ်း ခဲ့ရကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။

အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒတွင် အာရှကို အဓိကထားရန် ရည်ရွယ် သည့် ခရီးစဉ်တွင် အာရှထိပ်သီး ညီလာခံနှစ်ခုကို တက်ရောက်ရန် စီစဉ်ထားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပမည့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး အေပက်ထိပ် သီးနှင့် ဘရူနိုင်းတွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး တို့ကို သမ္မတအိုဘားမား တက်ရောက် နိုင်တော့မည် မဟုတ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၃ ရက် နှောင်းပိုင်းတွင် ကြေညာခဲ့သည်။

သမ္မတ အိုဘားမားသည် မလေးရှားနှင့် ဖိလစ်ပိုင် ခရီးစဉ်များကို ဖျက်သိမ်း ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အာရှတွင် သူ၏ နိုင်ငံခြားရေးမူဝါဒကို တင်ပြရန် အခွင့်အရေးအဖြစ် သတ်မှတ်ခံရသည့် ထိပ်သီးဆွေးနွေး ပွဲ နှစ်ခုကို တက်ရောက်ရန် အတွက် အိုဘားမားက ဆုံးဖြတ်ချမှတ် ရန် နှောင့်နှေးနေခဲ့သည်။ အမေရိကန် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းထားမှု တတိယမြောက်နေ့တွင် သမ္မတ၏ အာရှခရီးစဉ် ဖျက်သိမ်းမှု ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

လာမည့် တစ်ပတ်တွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး ပွဲကို တက်ရောက်မည့် ခရီးစဉ်အား ဖျက်သိမ်းသည့် ဆုံးဖြတ်ချက်ကို ဘရူနိုင်းက စိတ်ပျက်မိကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၄ ရက်တွင် ပြောကြားသည်။ ဘရူနိုင်းသည် ၂၀၁၃ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူထားပြီး လာမည့်တစ်ပတ်တွင် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် အမေရိကန်၊ တရုတ်နှင့် အခြားနိုင်ငံများ ပါဝင်သော အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပမည် ဖြစ်သည်။

အိုဘားမားသည် အာရှခရီးစဉ် ဖျက်သိမ်းခဲ့မှုကြောင့် ဆီးရီးယား အရေးမှ သည် မြောက်ကိုရီးယား အရေးအထိ ကမ္ဘာ့နိုင်ငံရေး အကျပ်အတည်း များကို ဆွေးနွေးကြမည့် ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ကို လွဲချော်မည်ဖြစ်သည်။ အိုဘားမားသည် သမ္မတ ပထမသက်တမ်းတွင် အရှေ့တောင်အာရှ နိုင်ငံများနှင့် ဆက်ဆံရေး တိုးချဲ့ခဲ့ပြီး ဒေသတွင်း အငြင်းပွားမှုများတွင် တက်ကြွစွာ ပါဝင်လာခဲ့သည်။

သမ္မတ အိုဘားမားက အာရှခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်း အားဖြင့် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကျင်းပမည့် ဘရူနိုင်းနိုင်ငံ၌ သမ္မတ ဦးသိန်းစိန်နှင့် သီခြားတွေ့ဆုံနိုင်မည့် အစီအစဉ်မှာ ပျက်ပြယ် သွားပြီ ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ အိုဘားမားတို့သည် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည့် ကမ္ဘော ဒီးယားနိုင်ငံ၌ တစ်ကြိမ် တွေ့ဆုံခဲ့သည့်အပြင် အဆိုပါ အစည်းအဝေး ကာလ အတွင်းမှာပင် သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး သမ္မတ ဦးသိန်းစိန်နှင့် ရန်ကုန်မြို့၌ သီးခြားတွေ့ဆုံခဲ့သည်။

Eleven Media Group
အမေရိကန် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းမှုကြောင့် သမ္မတ အိုဘားမား၏ အာရှခရီးစဉ်ကို ဖျက်သိမ်း ခဲ့ရကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်း တစ်ရပ် အရ သိရသည်။

နာမည်ကြီးထိပ်တန်း ကုမ္ပဏီကြီးများ အခွန်ရှောင်တိမ်းမှုကို ပြန်လည် စစ်ဆေးနေပြီး အခွန်ရှောင် ကုမ္ပဏီများအား ဥပဒေအရ အရေးယူသွားမည်

8.1.1
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မီဒီယာများ ၏ မေးမြန်းမှုကို ဖြေကြားနေစဉ်
ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် နာမည်ကြီး ထိပ်တန်း ကုမ္ပဏီကြီးများ အခွန်ရှောင်တိမ်းမှု ကို ပြန်လည် စစ်ဆေးနေပြီး အခွန်ရှောင်တိမ်းသည့် ကုမ္ပဏီများအား ဥပဒေအရ အရေးယူမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အောက်တိုဘာ ၄ ရက်တွင် သတင်းထောက်များ သို့ ပြောကြားသည်။

UNFC အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အကြိုညှိနှိုင်း ချက်များကို အစိုးရဘက်က လက်မခံပါက တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်ရပ်ရေးစာချုပ် လက်မှတ်ရေးထိုးပွဲ ပျက်ပြယ်ဖွယ်ရှိ

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အပါအ၀င် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ အကြိုညှိနှိုင်း ချက်များကို အစိုးရဘက်က လက်မခံပါက အောက်တိုဘာလ တွင် နေပြည်တော် ၌ ပြုလုပ်ရန် စီစဉ်နေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်လက်မှတ် ရေးထိုးပွဲ ပျက်ပြယ်ဖွယ် ရှိကြောင်း တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်များ က ပြောကြားသည်။

ငွေကြေး ခ၀ါချမှုများကို ထိန်းချုပ်သည့် အနေဖြင့် နိုင်ငံတကာမှ ၀င်ငွေ၊ ထွက်ငွေများကို ထိန်းကျောင်း စစ်ဆေးနေဟုဆို

ငွေကြေး ခ၀ါချမှုများကို ထိန်းချုပ်သည့် အနေဖြင့် နိုင်ငံတကာမှ ၀င်ငွေ၊ ထွက်ငွေများကို ထိန်းကျောင်း စစ်ဆေးနေကြောင်း ဘဏ္ဍာရေး ၀န်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အောက်တိုဘာ ၄ ရက် တွင် သတင်းထောက်များကို ပြောကြားသည်။

သံတွဲမြို့နယ်တွင် ပဋိပက္ခများ ထပ်မဖြစ်တော့ဘဲ သံသယကြောင့် တင်းမာမှု ဆက်ရှိနေ

8.1.1
သံတွဲမြို့နယ် ဇီးကျွန်းကျေးရွာရှိ ကိုးန၀င်း မဟာဝိဟာရ ကျောင်းတိုက်တွင် ခိုလှုံနေကြရသော ဒေသခံရခိုင် တိုင်းရင်းသားများကို အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်)
သံတွဲမြို့နယ်အတွင်း စက်တင်ဘာ ၂၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်မှာ အောက်တိုဘာ ၃ ရက်တွင် ဆက်လက်ဖြစ်ပွားမှု မရှိတော့ဘဲ ငြိမ်သက်နေသော်လည်း အတူယှဉ်တွဲ နေထိုင်နေသည့် ရခိုင်လူမျိုးများနှင့် ကမန်လူမျိုးတို့မှာ တစ်ဖက်နှင့်တစ်ဖက် သံသယစိတ်များဖြင့် တင်းမာမှုများ ဖြစ်ပေါ်ေ နကြောင်း ဒေသခံ များ၏ ပြောကြား ချက်အရ သိရသည်။

သမ္မတ ဦးသိန်းစိန် မြစ်ကြီးနားမြို့သို့ ပထမဆုံးအကြိမ်အဖြစ် ယနေ့သွားရောက်မည်

သမ္မတ ဦးသိန်းစိန်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ပထမဆုံး အကြိမ်အဖြစ် အောက်တိုဘာ ၅ ရက် (ယနေ့) တွင် သွားရောက် မည် ဖြစ်သည်။