Friday, August 29, 2014

အမေရိကန် ကုမ္ပဏီက မြန်မာ့ဆက်သွယ်ရေးကို စက်တင်ဘာတွင် တရားစွဲမည်ဖြစ်ပြီး နစ်နာကြေး ရရှိငွေကို ပြည်တွင်းတွင် ဆေးရုံဆောက်မည်

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)ကို လာမည့် စက်တင်ဘာ လလယ်တွင် တရားစွဲဆိုသွားမည်ဖြစ်ပြီး ၎င်းအတွက် ရလိုမှုဖြင့် တရားစွဲထားသော နစ်နာကြေး ရရှိပါက ပြည်တွင်းတွင် ဆေးရုံဆောက် လှူဒါန်းသွားမည်ဟု တရားစွဲမည့် အမေရိကန်အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ I.I(W.S) ကုမ္ပဏီ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဒေါက်တာမြတ်နုခိုင်က ပြောသည်။
၎င်းက သြဂုတ် ၂၉ ရက်တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ဒုတိယအကြိမ် အကြောင်းကြားစာ ပေးပို့ပြီးဖြစ်ကာ တတိယအကြိမ် ထပ်မံ မပို့တော့ဘဲ အမေရိကန်နိုင်ငံတွင် တရားစွဲသွားမည် ဖြစ်သည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက စာချုပ်ပါအချက်များကို ဖောက်ဖျက်သဖြင့် I.I(W.S) ကုမ္ပဏီ၏ ဆုံးရှုံးရမှုအတွက် အမေရိကန်ဒေါ်လာ သန်းသုံးဆယ် နှင့် ဌာနေ ကိုယ်စားလှယ်၏ လူ့အခွင့်အရေး ဆုံးရှုံးခဲ့ရမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ရလိုမှုဖြင့် တရားစွဲဆိုမည် ဖြစ်သ ည်။

ယူကရိန်းနိုင်ငံအရှေ့ခြမ်းရှိ နယ်မြေများကို သူပုန်တပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

Photo: ယူကရိန်းနိုင်ငံအရှေ့ခြမ်းရှိ နယ်မြေများကို သူပုန်တပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်
Friday, August 29, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် အစိုးရတပ်ဖွဲ့များ ဆုတ်ခွာခဲ့သော နယ်မြေတစ်ကြောတွင် ယခုအခါ သူပုန် တပ်ဖွဲ့များ သိမ်းပိုက် ထားသည်ဟု သြဂုတ် ၂၈ရက်က အေ အက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
တစ်ချိန်တည်းတွင်ပင် ယူကရိန်းနိုင်ငံ ပိုင်နက်အတွင်းတွင် ရုရှတပ်ဖွဲ့များ ၀င်ရောက် လှုပ်ရှားလျက် ရှိသည် ဟုလည်း အနောက် အုပ်စုမှ ထောက်လှမ်းရေး အရာရှိများက ပြောသည်။ “ယူကရိန်းနိုင်ငံထဲကို ရုရှတပ် တွေ ၀င်ရောက်နေပါတယ်” ဟု စစ်အရာရှိ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်များက နိုင်ငံ၏ အရှေ့ပိုင်းရှိ ခွဲထွက်ရေး သူပုန်တပ်ဖွဲ့များ၏ နောက်ဆုံး အခြေစိုက် စခန်းများကို အစိုးရ စစ်တပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ပြီးနောက် ယခုအခါ အဖြေအနေများမှာ တစ်ဖန်ပြောင်းလဲသွားခဲ့ပြီဟု ဆိုနိုင်သည်။

တစ်ဖန် ပြောင်းလဲပဋိပက္ခတွင် နေတိုးတပ်ဖွဲ့၏ အကူအညီရယူရန်လည်း ယူကရိန်းအစိုးရကို တိုက်တွန်းမှု များ ရှိနေသည်။

သူပုန်များ ထိန်းချုပ်ထားရာ ဒိုးနက်စ်ခ်မြို့၏တောင်ပိုင်းတွင် အစိုးရတပ်ဖွဲ့များ၏ မည်သည့်အရိပ်အယောင် ကို တွေ့ရှိခဲ့ခြင်းမရှိ ဘဲ သူပုန်တပ်ဖွဲ့က ယင်းနယ်မြေရှိ အက်ဇော့ဗ်ပင်လယ်တစ်လျှောက် ပိတ်ဆို့ ထား သည်။

ထို့ပြင် နိုင်ငံ၏ အဓိကအချက်အချာ ပို့ဆောင်ရေးဒေသဖြစ်သော အိုင်လိုဗက်မြို့တွင် အစိုးရတပ်ဖွဲ့များ ၀ိုင်းရံခံထားရပြီး ၎င်းတို့ကို အရေးပေါ်စစ်ကူပေးရန် လိုအပ်နေသည်ဟု ယူကရိန်းတပ်မှူးတစ်ဦးက ဖေ့စ် ဘုတ်တွင် တင်ထားသည်။

ခိုင်မာသည့် သဘောတူညီမှု တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိသော ယူကရိန်းနှင့် ရုရှနိုင်ငံသမ္မတ နှစ်ဦး တွေ့ ဆုံဆွေးနွေးမှု နောက် ပိုင်း အခြေအနေ ပိုမိုဆိုးရွားမည့် အထောက်အထားများကို မြင်တွေ့လာရသည်။ လက်ရှိ ယူကရိန်းအရေးအခင်းတွင် ရုရှတို့က တိုက်ရိုက်စွက်ဖက်နေသည်ဟု အနောက်အုပ်စုကပြောကြား ခဲ့ပြီး ၎င်းစွဲချက်များကိုလည်း ရုရှတို့က ပြန်လည် ငြင်းဆိုခဲ့သည်။

ထို့ပြင် ဒိုးနက်စ်ခ်မြို့၏ တောင်ဘက် ကီလိုမီတာ ၅၀ မိုင် ၃၀ အကွာ ပိုဘီဒါရွာအနီးတွင် ရုရှတပ်ဖွဲ့ဝင်များမှာ စစ်ဌာနချုပ်စခန်းကို တည်ဆောက် နေသည်ဟု ယူကရိန်းအစိုးရက သြဂုတ် ၂၇ ရက်က ပြောကြားသည်။
မဇ္ဈိမ
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် အစိုးရတပ်ဖွဲ့များ ဆုတ်ခွာခဲ့သော နယ်မြေတစ်ကြောတွင် ယခုအခါ သူပုန် တပ်ဖွဲ့များ သိမ်းပိုက် ထားသည်ဟု သြဂုတ် ၂၈ရက်က အေ အက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
တစ်ချိန်တည်းတွင်ပင် ယူကရိန်းနိုင်ငံ ပိုင်နက်အတွင်းတွင် ရုရှတပ်ဖွဲ့များ ၀င်ရောက် လှုပ်ရှားလျက် ရှိသည် ဟုလည်း အနောက် အုပ်စုမှ ထောက်လှမ်းရေး အရာရှိများက ပြောသည်။ “ယူကရိန်းနိုင်ငံထဲကို ရုရှတပ် တွေ ၀င်ရောက်နေပါတယ်” ဟု စစ်အရာရှိ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်၏ ဘတ်ဂျက် ၁၃ ဘီလျံအား ပြန်သွင်းရသည်မှာ မဟုတ်မှန်ကြောင်း ပြည်နယ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဒေါက်တာအောင်ကျော်မင်းမှငြင်းဆို

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ ၂ဝ၁၃ - ၂ဝ၁၄ ဘတ်ဂျက်နှစ်၌ လျာထား ဘတ်ဂျက် အနက် ၁၃ ဒသမ ၁၈ ဘီလျံကျပ်အား လုပ်ငန်း အကောင်အထည် မဖော်နိုင်ခဲ့သဖြင့် ပြည်ထောင်စု အစိုးရသို့ ပြန်အပ်ခဲ့ရကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ပြောကြားကာ ၎င်းအား ဟုတ်မှန်မှု မရှိကြောင်း ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာအောင်ကျော်မင်းမှ ငြင်းဆိုခဲ့သည်။
“ဘတ်ဂျက်ငွေ ၁၃ ဒသမ ၁၈ ဘီလျံကို ပြန်အပ်ရတယ် ဆိုတာ မဟုတ်ဘူး၊ ၁၂ ဒသမ ၇၅ ၊ ၁၃ ဘီလျံ လောက်ကို ပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီးဌာနက အကောင်အထည် ဖော်ထားတဲ့ လမ်းတံတား ဆောက်လုပ်ထားတာအတွက် ပေးရမှာ၊ အဲဒါအပြင် အခြား ဝန်ထမ်းလစာ အပါအဝင် ပေးရမှာတွေ အားလုံး ချုပ်လိုက်ရင် ဘဏ္ဍာရေး နှစ်ရဲ့ လက်ကျန် ငွေက ဒသမ (၄) ဘီလျံလောက်ပဲ ကျန်တယ်” ဟု ရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒေါက်တာ အောင်ကျော်မင်းက မဇ္ဈိမကို ပြောသည်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ရှေ့ပြေးလူဦးရေစာရင်းဆိုင်ရာ ထုတ်ပြန်ကြေ ညာချက်ထုတ်ပြန်

၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းအား ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယား ပြုစုခြင်းနှင့် စာရင်းထုတ်ပြန်ခြင်းဟူ၍ အဆင့် (၄) ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ဒုတိယအဆင့်ဖြစ်သော မြေပြင်ကွင်းဆင်း သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ တတိယအဆင့်ဖြစ်သော စာရင်းဇယား ပြုစုခြင်း (Data Processing) လုပ်ငန်းအား ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
တတိယအဆင့်ဖြစ်သော စာရင်းဇယားပြုစုခြင်း လုပ်ငန်းစဉ်တွင် နိုင်ငံတစ်ဝန်း စာရင်းကောက်ကွက်အသီးသီးမှ ပြန်လည်စုစည်းရရှိပြီးသော အိမ်ထောင်စုတစ်စုခြင်းစီ၏ မေးခွန်းပုံစံအချက်အလက် ကိန်းဂဏန်းများအား အသေးစိတ်စစ်ဆေးခြင်း၊ ပုံရိပ်ဖတ်စက်တွင် အသင့်အသုံးပြုနိုင်ရန် ပြင်ဆင်ခြင်း၊ ကွန်ပျူတာစနစ်အတွင်း မှတ်တမ်းတင်ခြင်း၊ ပုံရိပ်ဖတ်ခြင်းနှင့် အမှားပြင်ဆင်ခြင်းစသည့် လုပ်ငန်းအဆင့်ဆင့်အား အချိန်ယူ ဆောင်ရွက် ရသည်ဖြစ်၍ ပင်မသန်းခေါင်စာရင်း အချက်အလက်များအား ၂၀၁၅ ခုနှစ်၊ မေလခန့်တွင် ထုတ်ပြန်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

မီးမမှန်ပေမယ့် ဓာတ်လိုက်တတ်တယ် သတိထား

Photo: မီးမမှန်ပေမယ့် ဓာတ်လိုက်တတ်တယ် သတိထား
Friday, August 29, 2014

ဓာတ်လိုက်တဲ့ သတင်းတွေ ခေတ်စားလာတဲ့ အချိန်မှာ လျှပ်စစ်ရဲ့ အန္တရာယ်အကြောင်း သိကောင်းစေသင့်ပြီ ထင်ပါရဲ့။ လျှပ်စစ်စွမ်းအင် ဆိုတာက လူသားရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ပေးတဲ့ စွမ်းအင်တခုပါပဲ။ လူတွေ ရူးသွပ်ကြတဲ့၊ တောင့်တကြတဲ့ စွမ်းအင်ပေါ့။ လုံလောက်တဲ့ ပမာဏနဲ့ သတိထားဆင်ခြင် သုံးစွဲရင်တော့ အကျိုးကျေးဇူး များလှပါတယ်။ အချိန်ကုန်၊ လူပန်းသက်သာသလို လောင်စာဆီတွေထက် ငွေကုန်ကြေးကျလည်း သက်သာနိုင် တာကိုး။ ဒါပေမယ့်လည်း လောကသဘာဝက တခုပေးမှ တခုရသလို အကျိုးနောက်မှာ ဘေးထွက် ဆိုးကျိုးက ကပ်ပါလာစမြဲပေါ့။

လျှပ်စစ် ကနေပေးတဲ့ အန္တရာယ်တွေကလည်း အသွယ်သွယ်ပါပဲ။ အခြေခံ အန္တရာယ်တွေ စာရင်းချ ကြည့်ရင် ဓာတ်လိုက်တာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာ၊ ခန္ဓာကိုယ်မှာ လောင်ကျွမ်းတာ၊ အာရုံကြောတွေ ထိခိုက်တာ ကအစ နှလုံးထိခိုက်ပြီး သေဆုံးတာ အထိ ဖြစ်တတ်ပါတယ်။ လျှပ်စစ်ရဲ့ အန္တရာယ်နဲ့ သိသင့်တာလေးတွေ သိထားပြီး သတိမူ နိုင်ရင်တော့ ကောင်းမှာပါ။ ဈေးဝယ်သွားတုန်း ဈေးထဲ ဓာတ်ကြိုး ပြတ်ကျတာမျိုး မဟုတ်ရင်တော့ ကိုယ်ပိုင်အသိနဲ့ ဆင်ခြင်ကာကွယ်လို့ ရနိုင်ပါတယ်။

လျှပ်စစ်အန္တရာယ် အသွယ်သွယ်

လျှပ်စစ် အန္တရာယ်မှာက တိုက်ရိုက်နဲ့ တဆင့်ခံ ဆိုပြီး ခွဲလို့ ရပါတယ်။ တိုက်ရိုက်ကတော့ လျှပ်စစ်စွမ်းအင်က လူရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိတွေ့မိလို့ အသက်ရှူရပ်တာ၊ နှလုံးခုန်နှုန်းတွေ မမှန်တာ၊ ခန္ဓာကိုယ်ကို လောင်ကျွမ်းတာ မျိုးတွေ ဖြစ်ပြီး တဆင့်ခံ အနေနဲ့က လျှပ်စစ်ရှော့ခ် (Shock) ဖြစ်ရာက လဲကျတာ၊ ပေါက်ကွဲတာ၊ မီးလောင်တာတွေကို ဆိုလို တာပါ။

လျှပ်စစ်စွမ်းအင်ရဲ့ ဘယ်လိုအား ပမာဏမဆို လူကိုအန္တရာယ်ဖြစ်စေ တယ်ဆိုတာ သတိပြုပါ။ လူတွေ၊ တိရစ္ဆာန်တွေ ရဲ့ ကြွက်သားတွေ၊ အာရုံကြောတွေက လျှပ်စစ်ဗို့အား နည်း နည်းလေးနဲ့ ကိုပဲ ရှော့ခ် ဖြစ်စေပါတယ်။ ဘယ်လောက် အထိလဲ ဆိုရင် ၁ မီလီအမ်ပီယာ (1 mA) ကိုပဲ လူက ခံစား သိရှိနိုင်ပြီး ၈၀ မီလီ အမ်ပီ ယာ (80 mA)  ဆိုရင် နှလုံး ကြွက်သားတွေ ရပ်တန့်သွားစေပါသတဲ့။ လျှပ်စစ်စီးဝင်တာက ခန္ဓာကိုယ်ရဲ့တစ်ရှူးတွေ ထိခိုက်ပျက်ယွင်းစေ သလို နှလုံးခုန်နှုန်းတွေလည်း မမှန်ဘဲ ပြောင်းလဲ သွားစေပြီး အသက် ဆုံးရှုံးစေပါတယ်။

စိတ်ပိုင်းဆိုင်ရာ

ဓာတ်လိုက်ချိန်မှာ စိတ်ထဲမှာ ကြောက်ရွံ့ ထိတ်လန့်ခြင်း ခံစားရတာ ကတော့ ပြောစရာ မလိုအောင်ပါပဲ။ ခံနိုင်ရည် အနည်းအများ၊ လျှပ်စစ်ဓာတ်ရဲ့ ဗို့အားတွေပေါ် မူတည်ပြီး စိတ်ခံစားမှု ပုံစံတော့ ကွာဟတာ ရှိမှာပါ။

လောင်ကျွမ်းမှု

လျှပ်စစ် အန္တရာယ်ထဲမှာ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေတာကလည်း ရှေ့ဆုံးက ပါဝင် ပါတယ်။ ၅၀ဝ ကနေ ၁၀ဝ၀ လောက်အထိ ပြင်းထန်တဲ့ ဗို့အားတွေနဲ့ ရှော့ခ်ရမယ်ဆိုရင် အတွင်း အင်္ဂါတွေကိုပါ လောင်ကျွမ်းစေပါ တယ်။ လျှပ်စီး ကြောင်းက ကိုယ်တွင်းအင်္ဂါတွေရဲ့ တစ်ရှူးတွေ ကို အပူချိန်တက်စေလို့ပါပဲ။ ရံဖန်ရံခါတော့ ၁၆ ဗို့ လောက်နဲ့ကိုပဲ နှလုံးကို လောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။

အာရုံကြောဆိုင်ရာ

ဓာတ်လိုက်တဲ့ အခါ အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။ အထူးသဖြင့် အဆုတ်နဲ့ နှလုံးကို ထိန်းချုပ်တဲ့ အာရုံကြော တွေ ပိုပြီး ထိခိုက်တာပါ။ မကြာခဏ ဓာတ်လိုက်တာ၊ ဒါမှမဟုတ် ပြင်းထန်တဲ့ ဓာတ်လိုက်မှု တခါလောက် ဖြစ်တာက အာရုံကြောတွေ ထိခိုက်နိုင်ပါတယ်။ အား အသင့်အတင့် ပြင်းတဲ့ ဓာတ်လိုက်ခြင်းက ဦးခေါင်းမှာ တိုက်ရိုက်ထိရင် သတိလစ် မေ့မြော သွားတတ်ပါတယ်။

ဓာတ်လိုက်တာကြောင့် ဖြစ်ရတဲ့ အန္တရာယ်တွေကို ကာကွယ်လို့ ရနိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ လျှပ်စစ် စွမ်းအင် ဆိုတာကလည်း နိစ္စဓူဝ မှီခို နေရသလို နေ့စဉ်နဲ့ အမျှလည်း အန္တရာယ်နဲ့ အတူ နေရသလိုပါပဲ။ လျှပ်စစ် ဆိုတဲ့ အရာက မြင်နိုင်တဲ့၊ အနံ့အသက်ရတဲ့ ပစ္စည်း မဟုတ်လေတော့ ဖြစ်လာမှသာ ကြောက်ကြပြီး ဂရုမပြုကြတာ ကလည်း အများသား မဟုတ်လား။ လျှပ်စစ်ဓာတ် ဆိုတာ သတိမေ့ လဲကျစေမယ့် အရာ၊ အသားတွေ လောင်ကျွမ်းစေ တတ်ပြီး အသက်ရှူရပ်၊ နှလုံးခုန်ရပ်ပြီး သေတတ်တဲ့ အရာဆိုတာ စွဲမြဲမှတ်သားပြီး သတိထား သုံးစွဲ ထိတွေ့ရင်တော့ အကျိုးအမြတ် များတဲ့ အရာ ဖြစ်မှာပါ။

သတိပြုရမယ့် အချက်လေးတွေ

အိမ်မှာ လျှပ်စစ်ဓာတ် စီးဝင်လာမယ့် ပလပ်ပေါက်တွေကို လုံခြုံစိတ်ချရအောင် ဂရုစိုက် တပ်ဆင်ပါ။ ကလေးသူငယ်တွေ အဲဒီအပေါက်တွေထဲ ထိုးသွင်းဆော့ကစားနိုင်တဲ့ ဝက်အူလှည့်၊ သံချောင်း၊ သတ္တုချောင်း စတဲ့ ပစ္စည်းတွေကို ကလေးငယ်တွေနဲ့ ဝေးဝေးထားပါ။

ရေဒီယိုနဲ့ ဆံပင်အခြောက်ခံ မှုတ်စက်လို ပစ္စည်းတွေကို ရေချိုးခန်းထဲမှာ မသုံးမိပါစေနဲ့။

စိုနေတဲ့လက်၊ ဒါမှမဟုတ် ရေစိုထဲ ရပ်နေရင်းက လျှပ်စစ်ပစ္စည်းကို မထိတွေ့၊ မကိုင်တွယ်ပါနဲ့။

ဝိုင်ယာကြိုးခွေ (extension cord) ကို ဖျာ၊ ကော်ဇာလို ကြမ်းခင်းတွေအောက်မှာ မထားမိ ပါစေနဲ့။ နင်းလျှောက်ချိန်နဲ့ ပေါက်ပြဲနေတာကြုံရင် ဓာတ်လိုက်တာ၊ မီးလောင်တာ ကြုံရနိုင်ပါတယ်။

မီးချောင်း၊ မီးသီး အသစ် လဲတာမျိုး၊ လျှပ်စစ်ပစ္စည်း တပ်ဆင်၊ ပြင်ဆင်တာမျိုး လုပ်နေချိန်မှာ ခလုတ် ပိတ်ထားဖို့ မမေ့ပါနဲ့။

မိုးတွေချုန်း လျှပ်စီးတွေ တဝင်းဝင်း လက်နေ ချိန်မျိုးမှာ တယ်လီဖုန်း ကြိုးတွေ၊ ရေပိုက်တွေ ကနေ လျှပ်စစ် စီးဝင်တတ်တာ သတိပြုပါ။ (ကြိုးမပါတဲ့ ဖုန်းလေး ပွတ်နေတာ ကတော့ အန္တရာယ်ကင်းတန် ကောင်းပါရဲ့ )

တစုံတယောက် ဓာတ်လိုက်နေတာ တွေ့ရင် လူသားဆန်စွာ အနစ်နာခံပြီး အတင်း ဝင်မဆွဲပါနဲ့။ နှစ်ယောက်စလုံး သေမှာမို့ပါ။ အရေးကြီးဆုံးက လျှပ်စစ်ဓာတ်လာနေတဲ့ လိုင်းကို ပိတ်ချ၊ သတ္တု မဟုတ်တဲ့ အရာ တခုခုနဲ့ တွန်းပြီး နေရာရွှေ့ဖို့ အရင်လုပ်ပေးပါ။

အမှုမဲ့ အမှတ်မဲ့ သတိမဲ့ နေတတ် ထိုင်တတ်တဲ့ အလေ့အထ ကလည်း လျှပ်စစ်ပစ္စည်းတခုခု သုံးစွဲ ရာမှာ အန္တရာယ် ဖြစ်စေတတ်ပါတယ်။ အိမ်ပြင်ထွက်ချိန် မီးမပိတ်ခဲ့တာ၊ ထမင်းအိုးတန်းလန်းနဲ့ မီးပျက်သွားလို့ အိမ်ပိတ်ပြီး အပြင် ထွက်သွားရာက အိမ်မှာ လူမရှိချိန် မီးပြန်လာတာမျိုးတွေ ကလည်း ဒုက္ခပေး နိုင်တာတွေပါပဲ။

လျှပ်စစ်ရဲ့ အန္တရာယ်နဲ့ ကာကွယ်နည်းတွေကို သိထားတာက ဓာတ်လိုက်ခြင်းကြောင့် ခံစားရမယ့် ကာယ၊ စိတ္တ ဒုက္ခ တွေအတွက် အထောက်အကူ ပေးနိုင်ပါလိမ့်မယ်။ ကိုယ့်ဘက်ကတော့ အသိတရားနဲ့ သတိထားပေမယ့် တာဝန်ရှိ သူတွေဘက်က လျှပ်စစ်ဓာတ်ပေးနေတဲ့ စက်ကိရိယာ တွေကို ပုံမှန် စစ်ဆေးတာမျိုး၊ သွယ်ထားတဲ့ ဓာတ်ကြိုးတွေ အခြေအနေကို စစ်ဆေးတာမျိုး  မလုပ်ခဲ့ရင်လည်း လျှပ်စစ် အန္တရာယ်ကတော့ ကင်းမှာ မဟုတ်ပါဘူး။

ဓာတ်လိုက်တာ ကိုလည်း ပြည်သူ့ ကျန်းမာရေး ပြဿနာတခုလို ရှုမြင်လို့  ပြည်သူတွေကလည်း  ဂရုတစိုက် ရှိပြီး၊ ပြည်သူ့အထက်မှာ ဓာတ်ကြိုးပမာ နေသူတွေကလည်း `ဖြစ်လာမှ တိုင်ထူပြီး တက်ပြ၊ သစ်ပင်တွေ ခုတ် ရှင်းလင်းပြ နေတာမျိုး၊ ပညာတွေ ထပေးနေတာမျိုး´ မဟုတ်ဘဲ အမြဲမပြတ် စေတနာထား ဆောင်ရွက် ပေးကြရင်ဖြင့် ဓာတ်လိုက် ခြင်းက အလွန့် အလွန် ကံဆိုးတယ်လို့ ဆိုရမယ့် အနေအထားမျိုး ကျမှသာ ကြုံရမယ့် မတော်တဆမှုတခု ဖြစ်မယ် မဟုတ်ပါလား။
ဒေါက်တာသက်ဦး
ဧရာဝတီ
ဓာတ်လိုက်တဲ့ သတင်းတွေ ခေတ်စားလာတဲ့ အချိန်မှာ လျှပ်စစ်ရဲ့ အန္တရာယ်အကြောင်း သိကောင်းစေသင့်ပြီ ထင်ပါရဲ့။ လျှပ်စစ်စွမ်းအင် ဆိုတာက လူသားရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ပေးတဲ့ စွမ်းအင်တခုပါပဲ။ လူတွေ ရူးသွပ်ကြတဲ့၊ တောင့်တကြတဲ့ စွမ်းအင်ပေါ့။ လုံလောက်တဲ့ ပမာဏနဲ့ သတိထားဆင်ခြင် သုံးစွဲရင်တော့ အကျိုးကျေးဇူး များလှပါတယ်။ အချိန်ကုန်၊ လူပန်းသက်သာသလို လောင်စာဆီတွေထက် ငွေကုန်ကြေးကျလည်း သက်သာနိုင် တာကိုး။ ဒါပေမယ့်လည်း လောကသဘာဝက တခုပေးမှ တခုရသလို အကျိုးနောက်မှာ ဘေးထွက် ဆိုးကျိုးက ကပ်ပါလာစမြဲပေါ့။

“Violenz Band က အကြမ်းဖက်မှုကို မလိုလားဘူး”

Photo: “Violenz Band က အကြမ်းဖက်မှုကို မလိုလားဘူး”
Friday, August 29, 2014

မြန်မာနိုင်ငံ လူငယ်အစည်းအရုံးက ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး လူငယ်ရုပ်ရှင်ပွဲတော်မှာ “Violenz against Violence” ဇာတ်ကားနဲ့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့ပြီး ဒဂုံတက္ကသိုလ်မှာ ဥပဒေဘာသာရပ် နောက်ဆုံးနှစ် အဝေးသင် တက်ရောက်နေတဲ့ အသက် ၂၁ နှစ် အရွယ် အမျိုးသမီး လူငယ်ဒါရိုက်တာ ခင်စုကြည်ကို ဧရာဝတီက သူ့ရဲ့ အတွေ့အကြုံတွေ၊ အမျိုးသမီး ဒါရိုက်တာ တယောက်အနေနဲ့ တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံ မေးမြန်းထားပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်း၊ ရွှေသံစဉ် တေးဂီတဝိုင်းရဲ့ ဂီတမှူး၊ DVB ရုပ်သံသတင်းထောက် ဦးဝင်းမော်ရဲ့ သမီး ခင်စုကြည်ဟာ သူ့အစ်ကိုနဲ့ မောင်တွေ တည်ထောင်ထားတဲ့ Violenz Band ကို အခြေခံပြီး ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကားနဲ့ ဆုရခဲ့သူလည်း ဖြစ်ပါတယ်။

မေး။     ။ မခင်စုကြည် အနေနဲ့ ဒီလူငယ်ရုပ်ရှင်ပွဲတော်ကို ဝင်ပြိုင်ဖို့  ဘယ်လို အိုင်ဒီယာရခဲ့တာလဲ။

ဖြေ။     ။ ပထမဆုံး HRHD (Human Rights Human Dignity)၊ “လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ” ဆိုတဲ့ ရုပ်ရှင် ပွဲတော်မှာ ဝင်ပြိုင်တယ်။ “ပုဒ်မ ၁၈” ဆိုတဲ့ ဇာတ်ကားနဲ့ ဆုရခဲ့တယ်။ ဆုရခဲ့ပြီး အဲဒီက သင်တန်းလည်း တက်ထား တာကြောင့် သင်တန်းက စာတွေလည်း မမေ့သေးခင်မှာ Documentary တခု ရိုက်မယ် ဆိုပြီးတော့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်လိုက်ပြီးတော့ အွန်လိုင်းမှာ လူငယ်ရုပ်ရှင်ပွဲတော်ဆိုတာ တွေ့တယ်။ အဲဒါနဲ့ လူငယ်တွေရဲ့ အကြောင်းကို ရိုက်မယ်ဆိုပြီးတော့ ရိုက်ဖြစ်သွားတာပါ။

မေး။     ။ “ပုဒ်မ ၁၈” ဇာတ်ကားတုန်းက ဘာဆုရခဲ့တာလဲ။

ဖြေ။     ။ အဲဒါက ကျောင်းသားကားပေါ့။ ကျောင်းသား ၃ ယောက် ပေါင်းရိုက်ခဲ့တာပါ။ ကျောင်းသား ကားတွေထဲမှာ အကောင်းဆုံး Documentary ဆု ရခဲ့တယ်။

မေး။     ။ လူငယ်ရုပ်ရှင်ပွဲတော်မှာ ပြိုင်ခဲ့တဲ့ “Violenz against Violence” ဇာတ်ကားက မခင်စုကြည် တယောက်တည်း ပထမဆုံး ကိုယ်တိုင်ရိုက်တဲ့ Documentary လို့ သိရတယ်။ ပထမဆုံးဆိုတော့ ဘယ်လို အခက်ခဲတွေ တွေ့ခဲ့ရလဲ။

ဖြေ။     ။ အခက်အခဲကတော့ တွေ့တယ်။ ပထမဦးဆုံးကတော့ ကိုယ်တယောက်တည်း လုပ်တာပေါ့။ ကိုယ် တယောက်တည်း လုပ်တယ်ဆိုတော့ ပထမဦးဆုံး မိန်းကလေးတယောက် အနေနဲ့ လုပ်ချင်တဲ့စိတ် ရှိလို့လည်းပါတယ်။ ယောကျာ်းလေးတောင် လုပ်နိုင်တာ၊ ငါလည်း ကိုယ်တိုင်လုပ်နိုင်ရမှာပဲ ဆိုပြီးတော့ ကိုယ်တိုင် ကင်မရာကိုင်ပြီး ရိုက်တယ်။ Edit က အစ အသံတွေ ဘာတွေကအစ ကိုယ်တိုင်လုပ်တယ်။ လုပ်တဲ့ အချိန်မှာ အခက်အခဲကတော့ အခုမှ စလုပ်တယ်ဆိုတော့ ကင်မရာကလည်း သိပ်တော့မကောင်းဘူး။ Lighting တွေ ဘာတွေကအစ သိပ်မရှိဘူး။ ညဘက် Night Scene တွေ ဘာတွေ အရမ်း ရိုက်ချင်တာပေါ့။ လူငယ်အကြောင်းဆိုတော့ ညဘက်မှာ လူငယ်တွေ ဘယ်လို သွားလာတယ် ဆိုတာကို အရမ်းရိုက်ချင်တယ်။ ဒါပေမယ့် Night Scene တွေ ရိုက်ဖို့အတွက် အဆင်မပြေဘူး။ မိုးတွင်း ဆိုတော့လည်း အပြင်ထွက်ဖို့က အဆင်မပြေဘူး။ Lighting က အစ ပထမဦးဆုံး ဗိုလ်တထောင် ကမ်းနားမှာ ရိုက်မယ်လို့ စီစဉ်ထားပြီးတော့မှ ရက်ကလည်း အရမ်းကပ်နေတာနဲ့၊ မိုးကလည်း ရွာတာနဲ့၊ Lighting မရှိတာနဲ့ အဲဒီလို အခက်အခဲလေးတွေ ရှိတယ်၊ ကင်မရာပိုင်း ဆိုင်ရာပေါ့။

မေး။     ။ ဒီ “Violenz against Violence” ကို ရိုက်ဖို့ ဘယ်လို အိုင်ဒီယာရခဲ့တာလဲ။

ဖြေ။     ။ ပထမဦးဆုံး ရိုက်ဖို့ စဉ်းစားကြည့်တော့ လူငယ်အကြောင်းဆိုတော့ လူငယ်တွေလည်း ကြည့်ချင်အောင်ပေါ့။ Documentary က အရမ်းရှည်သွားရင် ပျင်းဖို့လည်း ကောင်းတယ်။ စကားတွေ အများကြီး ပြောရင်လည်း ပျင်းဖို့ ကောင်းတယ်။ ဘယ်လိုရိုက်ရင် ကောင်းမလဲဆိုတော့ ပထမဦးဆုံး အိုင်ဒီယာရတာ Music ကို အခြေခံပြီး ရိုက်မယ်ပေါ့။ အဖေကလည်း Musician တယောက်ဖြစ်တယ်။ အစ်ကိုတွေ၊ မောင်တွေကလည်း Musician တွေဖြစ်တယ်ဆိုတော့ Music ကို အခြေခံပြီးတော့ Musical Documentary လေး လုပ်မယ်ဆိုတော့ အစ်ကိုနဲ့ မောင်နဲ့အကြောင်းကို ရိုက်ဖို့က အရင် ကတည်းက စဉ်းစားထားတယ်၊ သူတို့က Metal Music ပေါ့။ Metal Music ကို အခြေခံပြီး ရိုက်မယ်ဆိုပြီးတော့ အဲဒါကတော့ အရင်ကတည်းက စဉ်းစားထားတာ။ ဒီလူငယ်ရုပ်ရှင်ပွဲတော်နဲ့ တိုက်သွားပြီးတော့ ဒီလူငယ်အကြောင်းကို အခြေခံပြီး ရိုက်ဖြစ်သွားတာပါ။

မေး။     ။ ဇာတ်ကားနာမည် “Violenz against Violence” ရဲ့ အဓိပ္ပာယ်လေး ကိုလည်း ရှင်းပြပေးပါဦး။

ဖြေ။     ။ အရှေ့ကစာလုံး Violenz ဆိုတာကတော့ မောင်လေးနဲ့ အစ်ကိုတို့ ထောင်ထားတဲ့ Band နာမည်ပေါ့။ Violenz ဆိုတာက V-i-o-l-e-n-c-e နဲ့ အဓိပ္ပာယ် အတူတူပဲ။ အဓိပ္ပာယ်က အကြမ်းဖက်တာပဲပေါ့။ သူတို့က ပေါက်ကွဲတာကို ဦးစားပေးပြီး ဖော်ပြလိုက်တာပေါ့၊ Metal Music နဲ့ လိုက်ဖက်အောင်လို့။ ဒါပေမယ့် သူတို့က စာလုံးအက္ခရာလေး နည်းနည်းပြောင်းလိုက်တာ သူတို့အတွက် ဆန်းအောင်လို့။ အဓိပ္ပာယ်ကတော့ Violence ၊ အကြမ်းဖက်တာ အတူတူပဲဆိုတော့ “Violenz against Violence” ကို ဘာသာပြန်လိုက်မယ် ဆိုရင် “Violenz Band က အကြမ်းဖက်မှုကို မလိုလားဘူး”၊  အဲဒီ အဓိပ္ပာယ်ပါ။

မေး။     ။ ဒီဇာတ်ကားလေး ဆုရခဲ့တော့ ဘယ်လိုခံစားရလဲ။

ဖြေ။     ။ ဝမ်းသာတယ်။ ပထမဦးဆုံး “ပုဒ်မ ၁၈” ဇာတ်ကား ဆုရတုန်းကလည်း ဝမ်းသာတယ်။ ဒါပေမယ့် ဒါက ကိုယ်တိုင် စီမံပြီး ရိုက်တာ မဟုတ်တဲ့အတွက် အပြည့်အဝတော့ မပျော်နိုင်ဘူးပေါ့။ ဒါ ကိုယ့်အရည်အချင်း လို့လည်း မပြောနိုင်ဘူး။ ဒီ ဇာတ်ကားလေး ကျတော့ ကိုယ်တိုင်ရိုက်တယ်၊ ကိုယ့်အရည်အချင်းလို့လည်း သတ်မှတ်လို့ရတယ်၊ အဲဒီအတွက် ကိုယ်တိုင် ပထမဦးဆုံး ရိုက်တဲ့အချိန်မှာ၊ ပထမဦးဆုံး လူငယ်ရုပ်ရှင် ပွဲတော်မှာ ဆုရတဲ့အတွက် အရမ်းကိုပျော်ပါတယ်။

မေး။     ။ မှတ်တမ်းရုပ်ရှင်ရိုက်ဖို့  အချိန်ဘယ်လောက်ယူခဲ့လဲ။

ဖြေ။     ။ အချိန်ကတော့ သိပ်တော့ မယူခဲ့လိုက်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အဖေက သတင်းထောက်၊ အစ်ကိုကလည်း သတင်းထောက်၊ ကျမကလည်း သတင်းထောက်ဆိုတော့ အစ်ကိုတွေ၊ မောင်တွေ တီးတာပဲဖြစ်ဖြစ်၊ အဖေတီးတဲ့ ကချင်ဘက်ကို ပရဟိတသွားတာတွေပဲဖြစ်ဖြစ် အကုန်လုံးက ရိုက်ထားတာတွေ။ အဖေ့ကိုသွားတွေ့တဲ့ ရခိုင်ကတ်တွေ ရိုက်ထားတာတွေရှိတယ်။ ဘယ်လို အသုံးချရမလဲပဲ မသိတာပေါ့။ ဒါပေမယ့် ဒီ လူငယ်ရုပ်ရှင်ပွဲတော် လုပ်မယ်ဆိုတော့ အဲဒါတွေ ထည့်သုံးဖြစ်တယ်။ သုံးဖြစ်ပြီး အဓိကကတော့ အင်တာဗျူးလေးတွေ ရိုက်ဖြစ်တယ်။ အများဆုံးကတော့ အင်တာဗျူးရိုက်တာ တပတ်၊ Edit လုပ်တာတော့ နှစ်ရက်၊ သုံးရက်လောက် ကြာတယ်။

မေး။     ။ ကိုယ်တိုင်က သတင်းထောက်ဆိုတော့ ဘယ်သတင်းဌာနကလဲ။

ဖြေ။     ။ ပထမဦးဆုံးကတော့ သမဂ္ဂဂျာနယ်မှာ စလုပ်တာ။ နောက်တော့ ဒီရုပ်သံဘက် Sky Net MN ၊ Myanmar National TV မှာ လုပ်တယ်။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး။ ဒီကားလေးလည်း ဆက်ရိုက်ချင်တာကြောင့် ထွက်လိုက်တာ၊ အခုတော့ ဘာအလုပ်မှ မလုပ်တော့ဘူး။ ဘာမှ မလုပ်တော့ဘူးဆိုတာ ဒီ Documentary လေးတွေ ဆက်ရိုက်ချင်တာကြောင့်ပါ။

မေး။     ။ အရင်ကရိုက်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေ၊ မှတ်တမ်းရုပ်ရှင်တွေရှိခဲ့ရင် ပြောပြပေးပါဦး။

ဖြေ။     ။ အရင်က ဒီဇာတ်ကားရဲ့အရှေ့မှာ “ပုဒ်မ ၁၈” ဆိုတဲ့ တကားပဲရှိတယ်။ ဒါကတော့ ကျောင်းသားတွေနဲ့ အတူတူရိုက်တဲ့ ပုဒ်မ ၁၈ ဆိုတဲ့ ဒီနိုင်ငံမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နဲ့ စုဝေးခွင့်ဆိုင်ရာ ပုဒ်မပေါ့။ တဖက်က Constitution ကလည်း လွတ်လပ်ခွင့်ပေးထားတယ်။ တဖက်က ဥပဒေပုဒ်မတွေနဲ့ ပြန်ပိတ်ပင် ထားတာတွေပေါ့၊ အဲဒါတွေကို ရိုက်ထားတာပါ။ “Violenz against Violence” ဇာတ်ကားကတော့ ဒုတိယမြောက်ကားလို့ ပြောလို့ရသလို ကျမတယောက်တည်း ဦးဆောင်ရိုက်တဲ့ ပထမဆုံးကားလို့လည်း ပြောလို့ရပါတယ်။

မေး။     ။ ဒါရိုက်တာပညာကို ဘယ်အရွယ်က စသင်ခဲ့တာလဲ၊ ဘယ်မှာ သင်ခဲ့တာလဲ။

ဖြေ။     ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သတင်းထောက် အလုပ်စလုပ်တယ်။ သတင်းထောက် စလုပ်တဲ့ အချိန်မှာ ကင်မရာကိုင်ရတဲ့ အရသာကို ကြိုက်တယ်။ ဓာတ်ပုံပဲဖြစ်ဖြစ်၊ Movie ပဲဖြစ်ဖြစ် ရိုက်ရတာ၊ ကိုယ်ရိုက်ထားတဲ့ အရုပ်တွေကို ပြန်ကြည့်ရတာ သဘောကျတယ်။ အဖေကလည်း သင်ပေးတယ်။ ပထမဦးဆုံး လက်ဦးဆရာကတော့ အဖေပေါ့။ အဖေက ကင်မရာကို ဘယ်လိုရိုက်ရတယ်၊ ဘယ်လို ငြိမ်အောင် လုပ်ရမလဲဆိုတာတွေ သင်ပေးတယ်။ သင်ပေးပြီးတော့မှ အဖေကနေ သင်တန်းတခုကို လာပြတယ်။ Human Rights Human Dignity Film Institute ကနေလုပ်တဲ့ ဆရာမင်းထင်ကိုကိုကြီးရဲ့ Documentary သီးသန့်သင်တဲ့ သင်တန်းကျောင်းပါ။ မနှစ်က နိုဝင်ဘာလ လောက်မှာ စတက်ဖြစ်တယ်။ အဲဒီသင်တန်းတက်ပြီးတော့ ငါးပတ်အကြာမှာ ဆရာဝဏ္ဏကျော်က ကင်မရာပိုင်းဆိုင်ရာ သင်ပေးတယ်။ နောက်တော့ ကနေဒါက ဆရာနှစ်ယောက်လာပြီး Documentary သီးသန့် သင်ပေးတယ်။ ပြီးတော့ Edit အပိုင်းကို ဆရာဝဏ္ဏကျော်ပဲ တာဝန်ယူပြီး ပြန်သင်ပေးတယ်။ အဲဒီကနေမှ ကိုယ်ကလည်း ပထမဦးဆုံးက အမှန်တိုင်းပြောရရင် Documentary ဆိုတာ ဘာမှန်း ကောင်းကောင်းမသိဘူး။ ကင်မရာကိုင်ပြီး ရိုက်ရမယ် ဆိုတာပဲ သိတယ်။ ဘယ်လို ဇာတ်လမ်းမျိုး ရိုက်ရမယ်ဆိုတာလည်း မသိဘူး။ လက်တွေ့ကျကျ သိခဲ့တာက ဆရာမင်းထင်ကိုကိုကြီးရဲ့ သင်တန်းမှာမှ တကယ်လက်တွေ့ကျကျ သိခဲ့တယ်။ တကယ် လက်တွေ့ ကျပြီးတော့ အရမ်းလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျမ တခြားသင်တန်းတွေလည်း တက်ခဲ့ဖူးတယ်။ ကျမ လုံးဝ စိတ်မဝင်စားဘူးဆိုရင် တရက်တည်းနဲ့ မတက်ခဲ့တာတွေလည်း ရှိတယ်။ ဒါပေမယ့် အဲဒီ သင်တန်းကိုတော့ တရက်မှ လုံးဝမပျက်မကွက်ဘဲ သွားတက်ခဲ့တယ်။ ပြီးတော့ တကယ်လည်း စိတ်ဝင်စားတဲ့ အတွက်ကြောင့် အဆက်အသွယ်တွေ လုံးဝ မကွာသွားခင်၊ “ပုဒ်မ ၁၈” ဇာတ်ကားနဲ့ ဆုရပြီး မကြာခင်မှာ ဒီကားလေးကို ဆက်ပြီးတော့ ရိုက်ဖြစ်တာပါ။

မေး။     ။ ဒါရိုက်တာအလုပ်ကိုကော အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ဖို့ စဉ်းစားထားလား။

ဖြေ။     ။ ဒါရိုက်တာ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့က ခဲယဉ်းတယ်။ ခဲယဉ်းတယ် ဆိုတာက အခုချိန်မှာ Documentary တွေ၊ ဘာတွေကလည်း ပွဲတော်တွေလုပ်မှသာ ဝင်ပြိုင်ဖြစ်တာ။ ဒါရိုက်တာ အလုပ်နဲ့ အသက်မွေး ဝမ်းကျောင်းပြုမယ် ဆိုတာက ဒါ ဝါသနာအရပဲ လုပ်လို့ရမယ်။ အသက်မွေးဝမ်းကျောင်း အရတော့ လုပ်လို့ရမှာ မဟုတ်ဘူး။ အသက်မွေးဝမ်းကျောင်း အတွက်ကတော့ တခြား လုပ်သင့်တာလေးတွေ လုပ်ရမှာပေါ့။ သတင်းထောက် အလုပ်ပဲဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် Documentary ရိုက်ကူးတဲ့ အလုပ်ကိုတော့ ဘယ်တော့မှ စွန့်လွှတ်သွားမှာ မဟုတ်ပါဘူး။

မေး။     ။ ရှေ့ဆက်ပြီးတော့ အနုပညာနဲ့ ပတ်သက်ပြီး  ဘာတွေထပ်လုပ်သွားဖို့ ရှိပါသလဲ။

ဖြေ။     ။ အဓိက ကတော့ Documentary အပိုင်းပဲပေါ့။ Short Film ကိုလည်း စိတ်ဝင်စားတယ်။ Script ပိုင်းတွေက အစ လေ့လာချင်တယ်။ ဒါပေမယ့် Documentary လိုင်းကို အားသန်တဲ့အတွက်ကြောင့် တကယ့် သတင်း အချက်အလက် မှန်မှန်နဲ့ တင်ပြတဲ့ ရုပ်ရှင်ကားတွေ ပိုသဘောကျတယ်။ ဒါကြောင့် Documentary ပိုင်းကို ဆက်ရိုက်မယ်။ ဒီကားလေး ဆိုရင် ကျမ ငယ်ငယ်ကတည်းက ကျမကိုယ်တိုင် ခံစားခဲ့ရတာပါ။ နိုင်ငံရေးလို့ ပြောလိုက်တာနဲ့ ဘေးက သူငယ်ချင်း တွေက ကိုယ့်ကို မပေါင်းချင်တော့တာမျိုး၊ အဲဒီလိုမျိုးဟာလေးတွေ ကိုယ်တိုင်ခံစားခဲ့ရတာမျိုး ကိုယ်တိုင်ပြန်ရိုက်ပြရတာ။ ကိုယ့်အစ်ကို၊ မောင်တွေလည်း ဒီလိုခံစားခဲ့ရတာပဲ ဆိုတာကို ပြန်ရိုက်ပြရတဲ့အတွက် တကယ် ကိုယ်ခံစားရတာနဲ့ ဥပမာ- အမျိုးသမီးတွေဆိုရင်လည်း အမျိုးသမီးတွေ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတာတွေ ဒီနိုင်ငံမှာ ရိုက်ပြတာ ရှားသေးတယ်။ အဲဒါမျိုးလေးတွေ ရိုက်ပြချင်တယ်။ အဓိကကတော့ ကိုယ်ခံစားရတာတွေ၊ လက်တွေ့ဘဝတွေကိုပဲ ရိုက်ပြဖို့ စဉ်းစားထား ပါတယ်။

မေး။     ။ ကိုယ်က မိန်းကလေးတယောက် ဖြစ်နေတော့ ဒီ ဒါရိုက်တာအလုပ်ကို ရေရှည် လုပ်နိုင်မယ်လို့ တွေးထားလား။ ပြီးတော့ အမျိုးသမီးဒါရိုက်တာ တယောက်အနေနဲ့ကော ဘယ်လိုအခက်ခဲတွေ တွေ့ရလဲ။

ဖြေ။     ။ ရေရှည်လုပ်နိုင်မလား ဆိုတော့ တွေးထားတာထက် လုပ်ကိုလုပ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးနဲ့ ယောက်ျားလေးက မွေးလာကတည်းက ခြေလက်အင်္ဂါ အစုံနဲ့ ဉာဏ်ရည်ချင်းလည်း အတူတူပဲလို့ ကျမကတော့ ယူဆထားတယ်။ ယောက်ျားလေးတွေ လုပ်နိုင်တဲ့အလုပ်ကို မိန်းကလေးတွေလည်း လုပ်နိုင်ရမယ်။ ဒီလို ကင်မရာကိုင်ပြီး ရိုက်တာ မိန်းကလေးတယောက် အတွက် ဒီခေတ်ကြီးမှာတော့ ခဲယဉ်းတဲ့ အလုပ်လည်း မဟုတ်ဘူး။ အဲဒီတော့ ကျမ ကိုယ်တိုင်ပဲ ကင်မရာကိုင်ပြီး ရိုက်မယ်။ Edit က အစ ကျမကိုယ်တိုင် ကိုယ့်စိတ်ကြိုက် ကိုယ်သဘောကျပြီဆိုမှ ပရိသတ်ကို ချပြတယ်။ အဲဒီတော့ ကျမက ဒီအလုပ်ကိုလည်း ဆက်ပြီးတော့ လုပ်သွားမှာ၊ တကယ်ဝါသနာပါတဲ့ အလုပ်လည်းဖြစ်တယ်။ မိန်းကလေး တယောက်အနေနဲ့ အခက်အခဲရှိလားဆိုတော့ ရှိတယ်။ ရှိတယ်ဆိုတာ ဒီနိုင်ငံ မှာကော၊ တချို့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ မိန်းကလေးတွေကို ဦးစားပေးတာ နည်းသေးတယ်။ မိန်းကလေးတွေရဲ့ အိုင်ဒီယာတွေကို ပယ်ချတာများတယ်။ မိန်းကလေးတွေရဲ့ ဆုံးဖြတ်ချက်ကို မယူကြဘူး။ မိန်းကလေးကဏ္ဍမှာ ပါဝင် တာတော့ မှန်တယ်။ ဒီလို သင်တန်းကျောင်းတွေမှာ မိန်းကလေးတွေလည်း ပါဝင်တယ်။ ၁၂ ယောက်မှာဆို ၄ ယောက်ပဲ ရွေးချယ် ခံရတယ်။ ဒီထက် ယောက်ျားလေးတွေနဲ့ ဆတူ၊ ယောက်ျားလေး ၆ ယောက်ဆို မိန်းကလေး ၆ ယောက်ပါရမယ်။ အဲဒီလိုမျိုးတွေ ဖြစ်လာဖို့လည်း လိုအပ်တယ်။ နောက်တခုကကျတော့ မိန်းကလေးတွေရဲ့ အိုင်ဒီယာကိုလည်း မပယ် ထားသင့်ဘူး။ ဥပမာ- မိန်းကလေးတယောက်က ဒါလေးကို ဒီလိုလုပ်လိုက်ရင် ကောင်းမယ်ဆိုတာက သူက ယောက်ျားလေးအမြင်နဲ့တော့ မတူဘူး။ ဒါပေမယ့် မြင်နေကျ အမြင်မဟုတ်ရင် ထူးဆန်းတာတွေကိုလည်း လူတွေက ခံစားချင်အောင်လို့ မိန်းကလေးတွေရဲ့ အမြင်ကိုလည်း မပယ်ချသင့်ဘူး။ ဆုံးဖြတ်ချက်တွေကိုလည်း မပယ်ချသင့်ဘူး။ မိန်းကလေးတွေကိုလည်း ဦးစားပေးသင့်တယ်။ ဦးစားပေးတယ်ဆိုတာက မိန်းကလေးတွေကို ရှေ့တန်းတင်ဖို့ မဟုတ်ဘူး။ ယောက်ျားလေးတွေက မိန်းကလေးတွေကို လက်တွဲခေါ်ဖို့ ပြောတာ၊ တန်းတူညီမျှခွင့်ကိုပဲ ပြောတာပါ။

မေး။     ။ အိမ်ကကော ဒီအလုပ်လုပ်ဖို့ ခွင့်ပြုလား။ အိမ်နဲ့ သဘောတူညီမှုရအောင် ဘယ်လိုလုပ်ထားလဲ။

ဖြေ။     ။ ကျမတို့အိမ်က တခုရှိတာ လွတ်လပ်ခွင့်ပေးထားတယ်။ သားသမီးတွေကို ဘာလုပ်ချင်တယ်၊ အစ်ကိုတွေ မောင်တွေကလည်း Musician တွေဖြစ်တဲ့အတွက် ကြိုက်တဲ့ Music ကိုလုပ်၊ လုပ်ခွင့်ပေးထားတယ်။ ကျမ ဆိုရင်လည်း သတင်းထောက်ကို တကယ်ဝါသနာပါလို့ လုပ်ခဲ့တာ။ Documentary သင်တန်းဆိုတာလည်း ကျမ တကယ်ဝါသနာပါလို့ တက်ခဲ့တာ။ တခြား သင်တန်းတွေလည်း ကျမတက်ခဲ့တယ်။ အိမ်ကတော့ အဲဒီလို ကန့်ကွက်ပိတ်ပင်တာတွေတော့ မရှိဘူး။ အနောက်ကနေ အမြဲတမ်း Supporting လိုက်လုပ်ပေး ပါတယ်။

မေး။     ။ မြန်မာနိုင်ငံမှာဆိုရင် အမျိုးသမီးဒါရိုက်တာတွေ ရှားတယ်။ အဲဒီအပေါ်ကို မခင်စုကြည်ရဲ့ အမြင် ပြောပြပေးပါ။

ဖြေ။     ။ အမျိုးသမီး ဒါရိုက်တာတွေ ရှားတယ်၊ ဟုတ်တယ်။ ကျမဆိုရင် ဒါရိုက်တာ မကြည်ဖြူသျှင်ကို အရမ်း အားကျတယ်။ ဒါကတော့ ကျမ လက်လှမ်းမီသလောက်ပေါ့။ ဒီနိုင်ငံမှာ မိန်းကလေးတယောက် ဒါရိုက်တာလုပ်တာ ရှားတယ်။ အခွေတွေ ဘာတွေဆိုရင်လည်း မကြည့်ဖူးသလောက်ပဲ။ မကြည်ဖြူသျှင်ကို အားကျတယ်။ သူ့လိုမျိုးလည်း ဖြစ်ချင်တယ်။ ကျမလည်း ရုပ်ရှင်ကားကြီး ရိုက်နိုင်အောင် ကြိုးစားမယ်။ အဓိကအမြင်ကတော့ အမျိုးသမီး ဒါရိုက်တာ ရှားတယ် ဆိုတာက ပြောရမယ်ဆိုရင် လူတယောက်က အဓိက ကတော့ ကိုယ်ဝါသနာပါတာကို ဆက်လျှောက်မယ်။ ဒါကတော့ ဝါသနာအရလည်း ဖြစ်ရင် ဖြစ်နိုင်မယ်။ ဒီ ဒါရိုက်တာအလုပ်ကို ဝါသနာမပါလို့ မလုပ်ကြတဲ့သူတွေလည်း ရှိကောင်းရှိမယ်။ တကယ် ဝါသနာပါတဲ့ သူတွေကလည်း ဇွဲနဲ့ လုပ်တတ်ဖို့လိုတယ်။ လက်တွဲခေါ်မယ့် သူတွေလည်း ရှိဖို့လိုအပ်တယ်။ ရုပ်ရှင်လောကက သူတွေကော တခြားအသိုင်းအဝိုင်းက သူတွေကော အားမလျှော့သွားအောင် မိန်းကလေးတွေကို လက်တွဲခေါ်သင့်တယ်လို့ ထင်ပါတယ်။

မေး။     ။ တခြားလေးစားရတဲ့ ဒါရိုက်တာတွေ ရှိရင် ပြောပြပေးပါဦး။

ဖြေ။     ။ ကျမကတော့ အမျိုးသမီး ဒါရိုက်တာဆိုရင် မကြည်ဖြူသျှင်ကို အားကျတယ်။ နောက်တယောက်ကတော့ ကျမရဲ့ဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးပါ။ သူ့ရဲ့ “အင်းသီး” Documentary ဇာတ်ကားလေးကိုကြည့်ပြီး အရမ်း ကြိုက်တယ်။ အဲဒါကြောင့်လည်း ကျမ ဒီအလုပ်ကို ဆက်လုပ်ဖြစ်တာပါ။ နောက် ဒါရိုက်တာ ဆရာမောင်မျိုးမင်းကို ကြိုက်တယ်။ သူ့အိုင်ဒီယာလေးတွေ ဆန်းတယ်။ သူက ရုပ်ရှင်မှ မဟုတ်ဘူး၊ သူရေးတဲ့ ပြက်လုံးလေးတွေကအစ သဘောကျတယ်။ နောက် သူရိုက်တဲ့ ရိုက်ကွက်လေးတွေလည်း သဘောကျတယ်။ ကျမက ဒီနိုင်ငံကထက် Bollywood က ရုပ်ရှင်တွေပိုပြီးတော့ ကြည့်ဖြစ်တယ်။ အိန္ဒိယရုပ်ရှင်တွေကို ကြိုက်တယ်။ ဇာတ်ကားက ရှည်သွားပေမယ့် ဇာတ်လမ်းက ငြီးငွေ့မသွားဘူး။ ဆွဲဆောင်နိုင်တယ်။ အိန္ဒိယကားတွေထဲမှာ “3 Idiots” ဆိုရင် ကျမအကြိုက်ဆုံး ကားလို့ ပြောလို့ရတယ်။ အဲဒီကားလေးကို ပထမဆုံး စကြည့်ဖြစ်တာပဲ။ နောက်ပိုင်း အိန္ဒိယကားတွေကို လေ့လာဖြစ်တယ်။ ဥပမာ- “The Water” ဆိုရင် အမျိုးသမီးတွေ ဖိနှိပ်ခံရတဲ့ကားလေးပေါ့။ အဲလိုမျိုးတွေဆိုရင် ဇာတ်လမ်းက ပျင်းဖို့တော့ ကောင်းတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ Tempo လေးက မြင့်မြင့်သွားတယ်။ အိန္ဒိယက ဒါရိုက်တာတွေကို အရမ်း အားကျတယ်။

မေး။     ။ မခင်စုကြည် လိုမျိုး Directing ကို ဝါသနာပါတဲ့ မိန်းကလေးတွေအများကြီး ရှိတယ်၊ ဒါပေမယ့် မလုပ်ရဲကြဘူး။ အဲဒီအပေါ်ကိုကော ဘယ်လိုအားပေး တိုက်တွန်းစကား ပြောချင်လဲ။

ဖြေ။     ။ မလုပ်ရဲကြဘူးဆိုတာ တဘက်ကကြည့်ရင်လည်း မလုပ်နိုင်တာကြောင့်လည်း ပါမှာပေါ့။ ဥပမာ- ဒါရိုက်တာလုပ်ဖို့ အတွက် ဆိုတာကလည်း တဘက်က Supporting ရှိဦးမှ။ အဓိကက ကင်မရာပိုင်း၊ ကင်မရာတွေကလည်း အခုချိန်မှာ ကျမတို့ နိုင်ငံမှာက ဝယ်ရတာ ခက်သေးတယ်။ ပြောရမယ်ဆိုရင် ဈေးကြီးသေးတယ်။ အဲဒီပိုက်ဆံကို ထုတ်နိုင်ဖို့အတွက် မိန်းကလေးတွေကလည်း ခက်ခဲလိမ့်ဦးမယ်။ ကျမဆိုရင်လည်း အမှန်တိုင်းပြောရင် ကိုယ်တိုင် ကင်မရာ မဝယ်နိုင်သေးဘူး။ အဖေ့ ကင်မရာနဲ့ ရိုက်ရတာ။ အဲဒီလို အစစ အရာရာကြောင့်လည်း ပါမယ်။ နောက်တခုက မိန်းကလေးဆိုတာကလည်း ယောက်ျားလေးတွေလို အလုပ်တခုတည်းကိုပဲ ဦးစားပေးလုပ်လို့မရဘူး။ အိမ်တအိမ်မှာ အဝတ်လျှော်တာ၊ ချက်ပြုတ်တာ၊ ဈေးဝယ်တာ မိန်းကလေးတွေ အကုန်လုပ်ရတယ်။ မလုပ်ရင်လည်း အငြိုငြင်ခံရတယ်။ မိန်းကလေး တယောက်က အဝတ် အစားကိုလည်း သပ်သပ်ရပ်ရပ် ဝတ်ဖို့လည်း လိုအပ်တယ်။ အဲဒီအတွက် အိမ်မှုကိစ္စတွေကအစ လုပ်ရတဲ့အတွက် အခြား သူတို့ ဝါသနာပါရာတွေကို လက်လျှော့သွားတဲ့သူတွေ ရှိတယ်။ ဥပမာ- သတင်းထောက်ဘဝမှာ ဆိုရင်လည်း အိမ်ထောင် ကျပြီးတော့မှ သတင်းထောက် မလုပ်တော့တဲ့ အမျိုးသမီးတွေလည်းရှိတယ်။ အိမ်ထောင်ရေးကို ဦးစားပေးလိုက်တာပေါ့။ အဓိကကတော့ ယောက်ျားနဲ့ မိန်းမသာ တန်းတူအခွင့်အရေးရမယ် ဆိုရင် ယောက်ျားလေးအလုပ်ကိုလည်း မိန်းကလေးက ဝိုင်းကူလုပ်၊ မိန်းကလေး အလုပ်ကိုလည်း ယောက်ျားလေးက ဝိုင်းကူလုပ်၊ မိန်းကလေးချည်းပဲ ဦးဆောင်နေဖို့ မဟုတ်ဘူး။ ဥပမာ- ယောက်ျားလေးက သူစားပြီးတဲ့ ပန်းကန်ကို သူ့ဘာသာသူ ဆေးမယ်ဆိုရင် မိန်းကလေးအတွက် အချိန်ကုန် သက်သာမယ်။ အချိန်ကုန်သက်သာတဲ့ အတွက်ကြောင့် မိန်းကလေးက ဥပမာ – သူ စာရေးဝါသနာပါရင် ငါးမိနစ် ဆိုတဲ့ အချိန်က တန်ဖိုးရှိတယ်။ စာရေးလိုက်ရင် တပုဒ်ပြီးနိုင်တယ်။ အဲဒီလိုမျိုးပေါ့၊ တတ်နိုင်တဲ့ဘက်က ယောက်ျားလေး တွေကနေ ပံ့ပိုးပေးသွားမယ်ဆိုရင် မိန်းကလေးတွေကလည်း သူဝါသနာပါတဲ့လမ်းကို ဖြောင့်ဖြောင့်တန်းတန်း ဆက်လျှောက် နိုင်မှာပါ။

မေး။     ။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ အမျိုးသမီးကဏ္ဍကို အရေးပေးလာတာ တွေ့ရတယ်။ အဲဒါကိုရော မခင်စုကြည် ဘယ်လိုမြင်လဲ။

ဖြေ။     ။ အရေးပေးလာတာက မှန်ပါတယ်။ ဒီလိုပေါ့နော်၊ တချို့သင်တန်းတွေမှာဆိုရင်လည်း မိန်းကလေးတွေကို ဦးစားပေးပြီး တက်ခိုင်းလာကြတယ်။ ဒါပေမယ့် အဓိကကတော့ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ မိန်းမတွေလည်း ပါဝင်ဖို့ပေါ့။ ဥပမာ – ကချင်စစ်အကြောင်း ဆွေးနွေးကြတယ်၊ ငြိမ်းချမ်းရေးအတွက် စာချုပ်တွေ ချုပ်ဆိုကြတယ်။ အဲဒီအချိန်မှာ အမျိုးသမီးတွေဘက်က ခံစားချက်တွေ ဘယ်လိုရှိလဲ၊ စစ်ကြောင့်စစ်ပြေးနေရတဲ့ အမျိုးသမီးတွေ ရှိတယ်။ စစ်တပ်က အကြမ်းဖက်ခံရတဲ့ မိန်းကလေးတွေလည်း ရှိတယ်။ အဲဒီမိန်းကလေးတွေကိုကော သူတို့ဘယ်လို ကာကွယ်ပေးမလဲ။ အဲဒါတွေကျတော့ ကိုယ်တိုင်ခံစားဖူးသူမှ သိမှာ။ အဲဒီတော့ မိန်းကလေးအချင်းချင်း ပါဝင်ဆွေးနွေးနိုင်ဖို့၊ မိန်းကလေးတွေ ဆုံးဖြတ်ချက်ချနိုင်ဖို့၊ အဲလိုနေရာတွေမှာပါ မိန်းကလေးတွေကို ဦးစားပေးဖို့ လိုအပ်သေးတယ်။

မေး။     ။ အခု ကိုယ့်ကိုယ်ကိုယ် ဘယ်အနေထားရှိပြီလို့ သုံးသပ်ထားလဲ။ ဘာတွေထပ်ပြီး လိုအပ်တယ်လို့ ထင်လဲ၊           ဘာတွေထပ်ပြီးတော့ လေ့လာသွားဦးမလဲ။

ဖြေ။     ။ ကျမကတော့ ကိုယ့်ကိုယ်ကိုယ် သင်ယူဆဲလို့ပဲ မှတ်တယ်။ ကိုယ်တိုင်လည်း ပညာတွေ မပြည့်ဝသေးဘူးလို့ သတ်မှတ်တယ်။ ကျမ ဒီ Documentary ကို ကြည့်တယ်။ ကြည့်တဲ့အခါမှာ တရက်ကြည့်တယ်၊ တရက်ပိုပြီးတော့ သင်ထားရတာတွေရှိတဲ့အတွက် ဒီကားလေးက ဘာလိုအပ်ချက်ရှိလာလဲ၊ အဲဒီလို ပိုမြင်လာတယ်။ ကိုယ်ကတော့ ပညာကို ကုန်သည်မရှိဘူး၊ ထပ်ပြီးတော့ လေ့လာရဦးမှာပဲ။ အဲဒီတော့ ကျမကတော့ ဆုရဒါရိုက်တာ ဆိုပေမယ့်လည်း သင်ယူဆဲဒါရိုက်တာ အနေနဲ့ပဲ ကျမ သတ်မှတ်ပါတယ်။

မေး။     ။ မြန်မာနိုင်ငံက ရုပ်ရှင်ပညာက နိုင်ငံတကာနဲ့ယှဉ်ရင် အရမ်းနောက်ကျနေတယ်လို့ ဆိုကြတဲ့ အပေါ် ဘယ်လို မြင်ပါသလဲ။ ဘာတွေပြောင်းလဲဖို့ လိုအပ်မယ်လို့ ထင်လဲ။

ဖြေ။     ။ အမြင်ဆိုတာထက် ကျမအနေနဲ့ အဲဒါကို မြင်ဖို့၊ သုံးသပ်ဖို့ကျတော့ ကျမ အနေထားနဲ့ကတော့ ပြောဖို့ ခက်သေးတယ်။ ကျမ အဓိက သုံးသပ်ချင်တာကတော့ Documentary ၊ Short Film တွေက ဒီနိုင်ငံမှာ ရှားသေးတယ်။ ဒါပေမယ့် ဖြစ်ချင်တဲ့ ဒါရိုက်တာတွေက များတယ်။ သူတို့ ဘာကို စောင့်မျှော်နေရလဲဆိုတော့ သူတို့ ဒီရုပ်ရှင်ပွဲတော် တွေကိုပဲ အားကိုးနေရတယ်။ ရုပ်ရှင်ပွဲတော်တွေကလည်း ဒီနိုင်ငံမှာ ရှားသေးတယ်။ နိုင်ငံခြားကို ထွက်လုပ်ဖို့ ဆိုတာကလည်း ဒီနိုင်ငံမှာ ခက်ခဲသေးတယ်။ အွန်လိုင်း အခက်အခဲတွေကြောင့်ကောပဲ။ အဓိက ကျမ ဖြစ်စေချင်တာ လေးကတော့ Documentary ပဲ ဖြစ်ဖြစ်၊ Short Film ပဲဖြစ်ဖြစ်၊ လူငယ်တွေ ရိုက်ကူးထားတဲ့ ဟာလေးတွေကို ထုတ်လွှင့်ပြသ ပေးနိုင်တဲ့ Channel တခုပေါ့။ ဥပမာ – MTV ဆိုရင် သီချင်းအသစ်တွေ မှန်သမျှ သူတို့ဘက်က တနှစ်ပတ်လုံး လွှင့်ပေးတယ်၊ ဆုလေးတွေ ပေးပေးတယ်၊ ဒါ Channel တခုအနေနဲ့ပေါ့။ အဲဒီလိုမျိုး Documentary ၊ Short Film တွေကို ဝါသနာပါတဲ့ ဒါရိုက်တာတွေက ရိုက်ပြီးတော့ အဲဒီ Channel ကိုပေးပို့မယ်၊ အဲဒီ Channel ကနေ လွှင့်ပေးမယ်။ တခြားပြိုင်ပွဲက ဆုရတဲ့ ဇာတ်ကားလေးတွေ လွှင့်ပေးမယ်၊ နိုင်ငံခြားက ဆုရတဲ့ ဇာတ်ကားလေးတွေ လွှင့်ပေးမယ်ဆိုရင် ဒါရိုက်တာတွေဘက်ကလည်း ပိုပြီးတော့ သင်ကြားရတာလည်း လွယ်မယ်။ ဒါရိုက်တာ အနေနဲ့လည်း ပိုပြီးတော့ လမ်းဆက်လျှောက်ဖို့ လွယ်ကူမယ်။

မေး။     ။ နိုင်ငံတကာက ကျင်းပလာမယ့် ရုပ်ရှင်ပွဲတော်တွေကိုကော သွားပြိုင်ဖို့ အစီစဉ်ရှိမရှိ သိချင်ပါတယ်။

ဖြေ။     ။ ဟုတ်ကဲ့၊ အစီအစဉ်ကတော့ ရှိပါတယ်။ ရုပ်ရှင်ကို ဒီနိုင်ငံမှတင် မဟုတ်ပါဘူး။ ဒါက ကျမတို့ ခံစားခဲ့ရတာတွေကို တကမ္ဘာလုံးကို ချပြသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံရေး အကျဉ်းသားတယောက်ကို ထောင်ချလိုက်တာနဲ့ ဒီနိုင်ငံရေးအကျဉ်းသား တယောက်တည်း မကဘဲ သူ့တမိသားစုလုံး ဒုက္ခရောက်တယ်ဆိုတာကို တနိုင်ငံလုံးအနေနဲ့ သိစေချင်သလို တကမ္ဘာလုံးကိုလည်း သိစေချင်တယ်။ အဲဒီအတွက် ကျမ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြိုင်ဖို့ ကြိုးစားနေပါတယ်။

မေး။     ။ အခုကတည်းက ဘာတွေပြင်ဆင်နေပြီလဲ၊ ဘာတွေပြင်ဆင်ဖို့ လိုအပ်မယ်လို့ထင်လဲ။

ဖြေ။     ။ အဓိက ပြင်ဆင်ရမှာတော့ ကျမတို့ လုပ်ရဲဖို့ပါပဲ။ ဒီကားလေးဆိုရင်လည်း ကျမ ပထမတော့ ဖြစ်မလား၊ မဖြစ်ဘူးလား၊ အောင်မြင်မလား၊ မအောင်မြင်လားလည်း ကျမ မသိဘူး။ ဒါပေမယ့် ကျမ လုပ်ခဲ့ပါတယ်။ အဓိကကတော့ လုပ်ရဲဖို့ပါပဲ
လူငယ်ဒါရိုက်တာ ခင်စုကြည်ကို အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု လက်ခံရရှိအပြီး တွေ့ရစဉ် (ဓာတ်ပုံ- ဂျေပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံ လူငယ်အစည်းအရုံးက ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး လူငယ်ရုပ်ရှင်ပွဲတော်မှာ “Violenz against Violence” ဇာတ်ကားနဲ့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့ပြီး ဒဂုံတက္ကသိုလ်မှာ ဥပဒေဘာသာရပ် နောက်ဆုံးနှစ် အဝေးသင် တက်ရောက်နေတဲ့ အသက် ၂၁ နှစ် အရွယ် အမျိုးသမီး လူငယ်ဒါရိုက်တာ ခင်စုကြည်ကို ဧရာဝတီက သူ့ရဲ့ အတွေ့အကြုံတွေ၊ အမျိုးသမီး ဒါရိုက်တာ တယောက်အနေနဲ့ တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံ မေးမြန်းထားပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်း၊ ရွှေသံစဉ် တေးဂီတဝိုင်းရဲ့ ဂီတမှူး၊ DVB ရုပ်သံသတင်းထောက် ဦးဝင်းမော်ရဲ့ သမီး ခင်စုကြည်ဟာ သူ့အစ်ကိုနဲ့ မောင်တွေ တည်ထောင်ထားတဲ့ Violenz Band ကို အခြေခံပြီး ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကားနဲ့ ဆုရခဲ့သူလည်း ဖြစ်ပါတယ်။

ခရမ်းချဉ်သီး ပွဲတော် ဘယ်လိုဆင်နွှဲ ကြလဲ

 
စပိန်နိုင်ငံမှာ နှစ်စဉ် ခရမ်းချဉ်သီးပွဲတော်ကို ၁၉၄၅ ခုနှစ်က စတင်ပြီး ကျင်းပ ပြုလုပ်လာခဲ့တာပါတဲ့။
 နှစ်စဉ်  သြဂုတ်လ မှာ ကျင်းပပြုလုပ်တာဖြစ်ပြီး စပိန်နိုင်ငံ မြေထဲပင်လယ် ကမ်းခြေဖြစ်တဲ့ မြို့မှာ ကျင်းပ ခဲ့ တာဖြစ်ပါတယ်။ လူထောင်ပေါင်းများစွာဟာ ပွဲတော်အချိန်မှာ ခရမ်းချဉ်းသီးများနဲ့ အချင်း ချင်းပစ်ပေါက်
ကြပြီး ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပါတယ်။ အမျိုးသား တဦးက သူ့ခေါင်းပေါ်က ခရမ်းချဉ်သီးကို စဖြစ်လိုက်တာနဲ့ ထောင်နဲ့ချီတဲ့ လူတွေဟာ အချင်းချင်း ခရမ်းချဉ် သီးတွေနဲ့ ပစ်ပေါက်ကြတော့တာပါဘဲ။

အိန္ဒိယတွင် သခင်၏ သင်္ချိုင်းမြေပုံအနီး နှစ်ပတ်ကြာ စောင့်ရှောက်နေ သည့် ခွေးကလေးကို ကယ်တင်ခဲ့ရ



အိန္ဒိယ နိုင်ငံတွင် သခင်ဖြစ်သူကို မြှုပ်နှံထားသည့် မြေပုံနံဘေးမှ နှစ်ပတ်လုံးလုံး မခွာဘဲ တွယ်ကပ်နေသည့် သစ္စာရှိ ခွေးကလေး တစ်ကောင်ကို တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ထမ်းတစ်ဦးက ကယ်တင်ကာ သက်ဆိုင်ရာ မိသားစုထံ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အရက်ယမကာထိန်းချုပ်ရာတွင်အခွန်တိုးမြှင့်ကောက်ခံခြင်းကို ထည့်သွင်းသင့်ဟု ကျန်းမာရေးဝန်ကြီးပြော

အရက်ယမကာ ထိန်းချုပ်ရေးအတွက်စဉ်းစားရာ တွင် ကုန်သွယ်မှုထိန်းချုပ်ရေးနှင့် အခွန်တိုးမြှင့်ကောက်ခံခြင်းတို့ကို ထည့်သွင်းဆောင်ရွက်သွားကြ ရန်လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင် က ပြော ကြားသည်။သြဂုတ် ၂၈ ရက်က နေပြည် တော်ရှိမင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသည့် အရက်ယမကာသုံး စွဲမှုထိန်းချုပ်ရေးမူဝါဒနှင့် မဟာ ဗျူဟာများရေးဆွဲနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲ၌ ဝန်ကြီးက အထက် ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။
‘‘အရက်ယမကာထိန်းချုပ် ရေးအတွက် စဉ်းစားရာမှာ အရက်ဝယ်ယူရေးကို ခက်ခဲစေ ရန်စီစဉ်ခြင်း၊ အရက်ရောင်းချမှု ထိန်းချုပ်ခြင်း၊ အရက်ရောင်းအား မြှင့်တင်မှုထိန်းချုပ်ခြင်း၊ ကုန် သွယ်မှုထိန်းချုပ်ရေးနှင့် အခွန်တိုး မြှင့်ကောက်ခံခြင်း စတာတွေကို ထည့်သွင်းစဉ်းစား ဆောင်ရွက် ကြရမှာဖြစ်ပါတယ်’’ဟု ဒေါက် တာသန်းအောင်ကပြောသည်။အရက်ထုတ်လုပ်ရောင်းချ ခြင်းကို နိုင်ငံတော်၏ ထိန်းချုပ် မှုအောက်၌ထားရှိပြီး အရက်ကို ပြည်ပမှတင်သွင်းသည့်အခါဖြစ် စေ၊ ပြည်တွင်းမှ ထုတ်လုပ်သည့် အခါဖြစ်စေ ကန့်သတ်ထိန်းချုပ် ထားကြခြင်း ဖြစ်သော်လည်း လွတ်လပ်သောစီးပွားရေးမူများ ချမှတ်လာသည့်အခါ ပုဂ္ဂလိက လက်သို့လွတ်လပ်စွာထုတ်လုပ် ခွင့်လွှဲအပ်ချိန်မှစ၍ အရက်သုံး စွဲမှု ပိုမိုများပြားလာသည်ကိုတွေ့ရှိရကြောင်း ဒေါက်တာသန်းအောင်ကပြောသည်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးကို ဆီးရီးယား တော် လှန်ရေး တပ်ဖွဲ့များ ဖမ်းဆီးထား

ဆီးရီးယားနိုင်ငံပိုင် ဂိုလန်ကုန်းမြင့် ဒေသတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်း သိမ်းမှု အဖွဲ့ဝင် အများအပြားကို ဆီးရီးယား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
အယ်လ်ကေးဒါး အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်နေသည့် အစ္စလာမ်မစ် တော် လှန်ရေး သမားများ အပါအဝင် လက်နက်ကိုင် အချို့က ဩဂုတ်(၂၈)ရက်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးကို ဖမ်းဆီးလိုက်ပြီး (၈၁)ဦးကို ဝန်းရံပိတ်ဆို့ထားကြောင်း ကုလသမဂ္ဂက ကြေညာသည်။ဖီဂျီနိုင်ငံသား ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးသည် ကူနီထရာ စစ်ဆေးရေး ဂိတ်အနီးတွင် အထိန်းသိမ်းခံရပြီး ၎င်းတို့၏ လက်နက်များကို သိမ်းယူကာ ဓားစာခံများအဖြစ် ခေါ်ဆောင်သွားခြင်း ခံရကြောင်း သိရှိရသည်။ သို့သော်လည်း ဦးထုပ်ပြာများ ဝတ်ဆင်ထားသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များမှ ဖိလစ်ပိုင်နိုင်ငံသား (၈၁)ဦးမှာ လက်နက်ချရန် ငြင်းဆိုပြီး အခြေစိုက် စခန်းထဲတွင် ဆက်လက် ရှိနေသည့်အတွက် ဝန်းရံပိတ်ဆို့ ခံထားရကြောင်း ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့အတွက် တစ်ကိုယ်တော်ဆန္ဒပြ

မိုးကုတ်မှာ သြဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းက တရားရေးမဏ္ဍိုင် တည့်မတ်စေဖို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
ခုလို တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်စေဖို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဦးစိုးဌေးက “ကျွန်တော်တို့မြို့မှာ တရားသူကြီး အပါအဝင် တရားရေးဝန်ထမ်း တွေရဲ့ အဂတိလိုက်စားမှုတွေမှာ ပိုပြီး ယိမ်းယိုင်လာလို့ ခုလို ဆန္ဒဖော်တာပါ။ ဆန္ဒ ထုတ်ဖော်ပြီးရင် တရားရေးမဏ္ဍိုင် ပြောင်းလဲပေးဖို့ဆန္ဒ လက်မှတ်ထပ်ကောက်မယ်။ လွှတ်တော်တွေကို ပို့မယ်” လို့ ဆိုပါတယ်။
ဦးစိုးဌေးဟာ မိုးကုတ်မြို့နယ် တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ရေး၊ မိုးကုတ်မြို့နယ် တရားရုံး အဂတိလိုက်စားခြင်း အလိုမရှိ၊ ငွေကြေး အရှိန်အဝါဖြင့် အမှုစီရင်နေမှုများ ချက်ချင်းရပ်၊ အဂတိလိုက်စားသော တရားရုံးဝန်ထမ်းများ အလိုမရှိ၊ ဥပဒေ နားမလည်သော ပြည်သူများကို ခြိမ်းခြောက်ခြင်း အလိုမရှိ၊ တရားရုံး စောင့်ကြည့်ရေး အဖွဲ့ အမြန်ဆုံး ဖွဲ့စည်းပေး၊ အမှုသည်များနှင့် လာရောက်လေ့လာသူများအတွက် နားနေဆောင် အမြန်ဆုံးပြုလုပ်ပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းမိထားသော ဆီးရီးယား စစ်သား ၃၀၀ ကို ကွပ်မျက်ပြီးနောက် ဖမ်းမိထားသော ကာဒ့်စစ်သား ၁၅ ဦးထဲမှ တစ်ဦးကို သတ်ဖြတ်သော ISIS က အမေရိကန်ကို သတိပေး

ISIS စစ်သွေးကြွတို့က ခေါင်းဖြတ်ပြသည့် ဗီဒီယိုသစ် တစ်ခုကို သြဂုတ် ၂၉ အစောပိုင်းက ထုတ်ပြန်ကာ အမေရိကန်ကို ဒုတိယအကြိမ်မြောက် ခြိန်းခြောက်လိုက်သကဲ့သို့ ကာ့ဒ်လူမျိုးများကိုလည်း ISIS ကို ဆန့်ကျင်နေသည့် အနောက်နိုင်ငံများနှင့် မဟာမိတ်မဖွဲ့ရန် တိုက်တွန်းလိုက်သည်။ဖမ်းမိထားသော ဆီးရီးယားစစ်သား ၃၀၀ ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြသည့် ပုံကို ထုတ်လွှင့်ပြီးနောက် နာရီပိုင်းအကြာ ISIS က အမေရိကန်ကို ဒုတိယအကြိမ် သတိပေးခြင်းဖြစ်သည်။ISIS တို့က ကာ့ဒ် စစ်သားတစ်ဦးကို ခေါင်းဖြတ်ပြသည့် ဗီဒီယိုတွင် အမေရိကန်သို့ ဒုတိယမြောက်သတင်း ပေးပို့ချက်ဟု ပါရှိသည်။မိုဆူးလ်မြို့၏ ဗလီကြီး၏ရှေ့တွင် ကာ့ဒ်တစ်ဦးကို ခေါင်းမဖြတ်မီ ISIS တိုအား တိုက်ခိုက်ရာတွင် ကာ့ဒ်တို့အား ဆက်လက်ပံ့ပိုးနေပါက ကျန် အကျည်းသားအားလုံးကို ခေါင်းဖြတ်မည်စု ISIS တို့က သတိပေးခဲ့သည်။
Photo: ဖမ်းမိထားသော ဆီးရီးယား စစ်သား ၃၀၀ ကို ကွပ်မျက်ပြီးနောက် ဖမ်းမိထားသော ကာဒ့်စစ်သား ၁၅ ဦးထဲမှ တစ်ဦးကို သတ်ဖြတ်သော 
ISIS က အမေရိကန်ကို သတိပေး
Friday, August 29, 2014

ISIS စစ်သွေးကြွတို့က ခေါင်းဖြတ်ပြသည့် ဗီဒီယိုသစ် တစ်ခုကို သြဂုတ် ၂၉ အစောပိုင်းက ထုတ်ပြန်ကာ အမေရိကန်ကို ဒုတိယအကြိမ်မြောက် ခြိန်းခြောက်လိုက်သကဲ့သို့ ကာ့ဒ်လူမျိုးများကိုလည်း ISIS ကို ဆန့်ကျင်နေသည့် အနောက်နိုင်ငံများနှင့် မဟာမိတ်မဖွဲ့ရန် တိုက်တွန်းလိုက်သည်။
ဖမ်းမိထားသော ဆီးရီးယားစစ်သား ၃၀၀ ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြသည့် ပုံကို ထုတ်လွှင့်ပြီးနောက် နာရီပိုင်းအကြာ ISIS က အမေရိကန်ကို ဒုတိယအကြိမ် သတိပေးခြင်းဖြစ်သည်။
ISIS တို့က ကာ့ဒ် စစ်သားတစ်ဦးကို ခေါင်းဖြတ်ပြသည့် ဗီဒီယိုတွင် အမေရိကန်သို့ ဒုတိယမြောက်သတင်း ပေးပို့ချက်ဟု ပါရှိသည်။
မိုဆူးလ်မြို့၏ ဗလီကြီး၏ရှေ့တွင် ကာ့ဒ်တစ်ဦးကို ခေါင်းမဖြတ်မီ ISIS တိုအား တိုက်ခိုက်ရာတွင် ကာ့ဒ်တို့အား ဆက်လက်ပံ့ပိုးနေပါက ကျန် အကျည်းသားအားလုံးကို ခေါင်းဖြတ်မည်စု ISIS တို့က သတိပေးခဲ့သည်

Ref : Mail Online
Yangon Media Group
Ref : Mail Online
Yangon Media Group

ရန်ကုန်ဆေးရုံ လူနာစောင့်မေ့ကျန်ငွေ ၆သိန်းကျပ် ပြန်ပေးလိုက်သော သန့်ရှင်းရေးဝန်ထမ်းအား ရိုးသားမှုအတွက် ဂုဏ်ပြု

 
… ကျွန်တော့်ပစ္စည်းမဟုတ်ဘဲနဲ့ ယူမထားချင်ပါဘူး။ အံဆွဲထဲမှာ သန့်ရှင်းရေး လုပ်ရင်း ပိုက်ဆံအိတ်တွေ့တာနဲ့ အမေ (လူနာရှင်အမျိုးသမီး) ကို လိုက်ရှာပြီးပေး တာပါ။ အဲဒီအတွက် ဒီလိုဂုဏ်ပြုပေးတာ အတိုင်းမသိဝမ်းသာတယ် …

‘၀’တိုင်းရင်းသားကိုယ်တိုင်က မြန်မာပြည်သားပဲ။ တိုင်းပြည်ကခွဲထွက်ဖို့ ဆန္ဒကိုမရှိတာ ဦးအောင်မြင့်နှင့် တွေ့ဆုံခြင်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သတစ်ခုဖြစ်သည့် ‘၀’ အထူးဒေ သ(၂)၊ ‘၀’ ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်သည် သြဂုတ်လ ကုန်ပိုင်းက နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည် ထောင်စုလွှတ်တော်နာယကတို့ နှင့် လာရောက်တွေ့ဆုံခဲ့သည်။ ယခုနှစ်အတွင်း ဒုတိယအကြိမ် တွေ့ဆုံမှုလည်းဖြစ်ပြီး တစ်နိုင်ငံ လုံးအပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးရေးအတွက် မျှော်လင့် ချက်များ ရှိလာချိန်၊ အစိုးရက ဖက်ဒရယ်စနစ်ကို လက်ခံကြောင်း သဘောတူလိုက်ပြီး ရက်ပိုင်းအ တွင်း ‘၀’ အပါအ၀င် မိုင်းလားအ ထူးဒေသ (၄) နှင့် SSPP/SSA အဖွဲ့တို့က လာရောက်တွေ့ဆုံခဲ့ ခြင်းဖြစ်သည်။ဘိန်းစိုက်ပျိုးထုတ်လုပ်မှု များကြောင့် နာမည်ကျော်ခဲ့သည့် အပြင် အင်အားကြီးသည့် ကိုယ် ပိုင်တပ်မတော် တစ်ရပ်ကိုလည်း ပိုင်ဆိုင်ထားပြီး တရုတ်နိုင်ငံနှင့် နီးစပ်မှုရှိနေသော ‘၀’ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်က ၎င်းတို့ ခရီးစဉ်အပြီး ရန်ကုန်မြို့ တွင် ပြုလုပ်သည့် သတင်း ထောက်အချို့နှင့် တွေ့ဆုံမေး မြန်းမှုတွင် 7Day သတင်းစာ၊ ကုမုဒြာနှင့် VOA သတင်းဌာနတို့ ၏ မေးမြန်းမှုများကို ကောက် နုတ်ဖော်ပြအပ်ပါသည်။

မိကျောင်းကန်ပြဿ နာကို တိုင်းဒေသကြီးအစိုးရမှ ပြေလည်အောင် ဖြေရှင်းပေးသော်လည်းပြေလည်မှုမရသဖြင့် လွှတ်တော် ကိုယ်စားလှယ်များထံ ဖြေရှင်းရန် နည်းလမ်းတောင်းခံ

မိကျောင်းကန် မြေယာပြဿ နာကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှပြေလည် အောင်ဖြေ ရှင်းပေးနေသော်လည်း ပြေလည်မှု မရသည့် အနေအထား မျိုးဖြစ်နေသဖြင့် ဖြေရှင်းရန်နည်း လမ်းပေးရန် တိုင်းလွှတ်တော်ကိုယ် စားလှယ်များထံသို့ ရန်ကုန်တိုင်းဒေ သကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီးတင်ဝင်းက နည်းလမ်း တောင်းခံခဲ့ကြောင်း သိရသည်။သြဂုတ် ၂၇ရက်တွင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် တာမွေ မြို့နယ်တိုင်းလွှတ်တော်ကိုယ်စား လှယ် ဦးဝင်းထိန်၏ လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု ကြောင့် ပြည်သူများနစ်နာမှုမရှိစေ ရေးအတွက် စုံစမ်းရေးကော်မရှင်အ စီရင်ခံစာပါ ရန်ကုန်တိုင်းဒေသကြီး အတွင်းလယ်ယာမြေနှင့်အခြားမြေ များသိမ်းဆည်းမှုများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြီး ပြတ်အောင် ဆောင်ရွက်ပေးရန်တိုက် တွန်းကြောင်းအဆိုနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးတင်ဝင်းကလွှတ်တော်အတွင်း ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘိုးတော်တွေ၊ နတ်တွေ ကြီးစိုးလာလို့ သာသနာတောင် မှေးမှိန်သွားနိုင်တယ်

ယနေ့ ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူရေးမှာ ယခုလို ဘိုးတော်တွေက သူတို့ဆယ်မှ ရတယ်ဆိုမှဖြင့် ဓမ္မစေတီခေါင်းလောင်း ရတာကို ဝမ်းသာစရာထက် တိုင်းပြည်မှာ ဒီခေါင်းလောင်းဆယ်တာကို အကြောင်းပြုပြီး ရှေ့လျှောက် ဘိုးတော်တွေနဲ့ နတ်တွေကို ယုံကြည်မှုအားတွေ များလာကြပြီး နေရာတိုင်းနဲ့ နိုင်ငံရေးမှအစ ဘိုးတော်တွေ ခြယ်လှယ် လာနိုင်ပါတယ်။တကယ်တော့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ဘိုးတော်၊ ဘယ်နဂါး ဘယ်နတ်တွေ ဘယ်လောက်ပဲ တန်ခိုးကြီးလို့ နေကြပါစေ နောက်ဆုံးတော့ အင်ဂျင်နီယာနဲ့ ခေတ်မီ Floating Crane နဲ့မှသာလျှင် ခေါင်းလောင်း အစစ်ဖြစ်စေ၊ အတုဖြစ်စေ ရေအပေါ်ရောက်နိုင်တာမျိုးပါ။နောက်ပြီး နဂါးတွေက ခေါင်းလောင်းကို ဆီမီးပူဇော်နေကြလို့ ဆိုတော့ ခေါင်းလောင်းဟာ ခေါင်းလောင်းပါပဲ၊ ဘုရားက ဘုရားပဲ။ခေါင်းလောင်းဆိုတာ ရှေးမင်းတွေက သူတို့ရဲ့ အမှတ်တရ သမိုင်းအတွက် သွန်းလုပ်ပြီး ဘုရားတွေမှာ ထားခဲ့ကြတာမို့ ခေါင်းလောင်းဆိုတာ ခေတ်တစ်ခေတ်ရဲ့ မင်းတွေရဲ့ အမှတ်အသား Symbol တွေပဲ ဖြစ်ပါတယ်။ ဒီဘုရားပေါ်က ခေါင်းလောင်းကြီးတွေကိုလည်း ဘယ်သူကမှ ထိုင်မကန်တော့ တတ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ခေါင်းလောင်းက ခေါင်းလောင်းပဲလေ။ ဘုရားရုပ်တုမှ မဟုတ်တာဘဲ။ ဒီတော့ နဂါးတွေက ဘာကြောင့် ဆီမီးတွေ ပူဇော်နေကြရတာလဲ။

ငါးပေခြောက်လက်မ အိပ်မက်

Photo: ငါးပေခြောက်လက်မ အိပ်မက်
Friday, August 29, 2014

ပြိုင်ပွဲခန်းမတစ်ခု    ရှေ့တွင်    ဆယ်ကျော် သက်အရွယ်၊ နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးငယ်အယောက်ငါးဆယ်ကျော် သည် ခန်းမအတွင်းဝင်ရန်    စောင့်ဆိုင်းနေကြသည်။

အဖြူရောင် စွပ်ကျယ်လက် ပြတ်နှင့် ဂျင်းဘောင်းဘီရှည်ကို တူညီဝတ်ဆင်ထားသည့် အမျိုးသမီးငယ်လေးများ သည်သူတို့၏ကိုယ်စီအိပ်မက်ဖြစ်သော   မြန်မာနိုင်ငံကိုယ်စားပြုကာ မယ်ကမ္ဘာ ပြိုင်ပွဲဝင်ပြိုင်နိုင်ရေး ဆန်ခါတင်အဆင့်ရွေးချယ်ခံရန် စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး ဟိုမှသည်မှ လမ်းလျှောက်လိုက် အချင်းချင်း စကားပြောလိုက်ဖြင့် စိတ်လှုပ် ရှားစွာ စောင့်ဆိုင်းနေကြသည်။

ယင်းပြိုင်ပွဲတွင် ၎င်းတို့ဖြတ် ကျော်ရမည့် အဆင့်များစွာ မရှိ သော်လည်း နောက်ဆုံးဆန်ခါ တင်အဆင့်တွင် လက်ရှိအရေ အတွက်၏ ထက်ဝက်ကိုသာ ရွေး ချယ်မည်ဖြစ်သောကြောင့် နောက်ဆုံး   စာရင်း တွင် ပါဝင် ရေးအတွက် သူတို့၏ ရင်ခုန်စိတ်လှုပ်ရှားမှုများကို  အတိုင်းသားမြင်တွေ့နိုင်သည်။

မြန်မာနိုင်ငံတွင် အမျိုးသမီး ငယ်များအကြား ရေပန်းစားလာ သော ယဉ်ကျေးမှုတစ်ခုဖြစ်သည့်  အလှမယ်ဖြစ်ရေး အိပ်မက်များအတွက် ပန်းတိုင်ဖြစ်သည့် အလှမယ်ရွေးချယ်ပွဲများထဲမှ တစ်ခု၏ မြင်ကွင်းပင် ဖြစ်ပါသည်။

ခေတ်ရေစီးနှင့်အတူ အလှ မယ်ယဉ်ကျေးမှုမှာလည်း ခိုင်ခိုင် မာမာကြီး နေရာယူလာနေပြီး နာ မည်ကျော် လူသိများသည့် အလှ မယ်ဖြစ်ရေးမှာလည်း အမျိုးသမီး ငယ်များစွာ၏ စိတ်ကူးယဉ်အိပ် မက်တစ်ခု ဖြစ်လာနေပါသည်။

ယခင်က ပြည်တွင်းပြိုင်ပွဲ များသာ ရှိခဲ့သောကြောင့် စိတ် ၀င်စားမှု နည်းခဲ့သော်လည်း နိုင်ငံတကာစင်မြင့်တွင် သွားရောက်ယှဉ်ပြိုင်နိုင်မည့်  အခွင့်အရေးလမ်းစများ ပွင့်လာချိန်တွင်တော့ ရန်ကုန်မြို့မှ သာမက နယ်မြို့များမှ မိန်းကလေးငယ်များ၏ အလှမယ်ဖြစ်ရေးစိတ်ကူးအိပ်မက်များမှာလည်း   ရှင်သန်လာခဲ့ကြ သည်။ တစ်နှစ်တာအတွင်း လက်ချိုးရေလျှင်   လက်နှစ်ဖက်စာကျော်သော   မယ်ရွေးပွဲများက သက်သေပြနေသည်။ နိုင်ငံတကာပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအတွက် လူရွေးချယ်မည့်  လျှောက်လွှာများ ခေါ်ယူလျှင် အနည်းဆုံး အမျိုးသမီးငယ်တစ်ရာကျော်၏ လျှောက်လွှာများကို လက်ခံရရှိသည်ဟု ပြိုင်ပွဲဦးဆောင်သူများထံမှ သိရသည်။

သာမန်ဧည့်လမ်းညွှန်တစ်ဦး အဖြစ်မှသည် လူသိများကျော် ကြားသည့် အလှမယ်ဖြစ်ခဲ့သော နန်းခင်ဇေယျာမှ   အစပြုကာ နိုင်ငံတကာ   စင်မြင့်ထက်တွင် တက်လှမ်းနိုင်ခဲ့ကြသည့် ခင်ဝင့်ဝါ၊  မေမြတ်နိုး၊  ဂုဏ်ရည်အေး ကျော်၊ ထားထက်ထက်စသော အရှေ့အရှေ့မှ အလှမယ်များကို အားကျအတုယူလာကြသည့် အမျိုးသမီးငယ်များစွာအတွက် လည်း   ပြိုင်ပွဲများ၊   အခွင့်အ လမ်းများက ပို၍ပို၍ တိုးလို့သာ လာသည်။

‘‘မစ္စပြိုင်ပွဲတွေကို ၀င်ပြိုင် နိုင်မယ့် အနေအထား ကိုယ့်မှာ ရှိ ရင်တော့ ၀င်ပြိုင်ချင်တယ်။ ကိုယ် မှ မဟုတ်ပါဘူး မိန်းကလေးတိုင်း စိတ်ဝင်စားမယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ မိန်းကလေး တွေက အလှကိုကြိုက်တယ်လေ’’ ဟု အလှမယ်ပြိုင်ပွဲတွေကို မိန်းကလေးပီပီဝင်ရောက် ယှဉ်ပြိုင်လိုသည့်အကြောင်း    အသက် (၂၀)အရွယ် မေဦးက ပြောသည်။

     သို့သော် သူမတို့၏  

စိတ်ကူးယဉ်အိပ်မက် များ   လက်တွေ့အကောင်အ ထည်ပေါ်လာရန်    အခက်အခဲ အတားအဆီးအချို့တော့    ရှိသည်။ အလှမယ်အိပ် မက်ဖြစ်လာရေးအတွက်    နောက်ထပ်စိန် ခေါ်မှုတစ်ရပ်က    အရပ်အမြင့် သတ်မှတ်ချက် ဖြစ်နေပြန်သည်။

ယခုနောက်ပိုင်း အလှမယ် ပြိုင်ပွဲများတွင် အရပ် ၅ ပေ ၆ လက်မနှင့် အထက်ဝန်းကျင်ဟု သတ်မှတ်ချက်များက မြန်မာမိန်း ကလေးများအတွက် အခက်တွေ့ ရပြန်သည်။

ယခုနှစ် မယ်စကြ၀ဠာပြိုင် ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအ နေဖြင့် သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသည့် သျှားထွဋ်အိန္ဒြာ ကိုယ်တိုင်ပင် ၎င်း၏လိုအပ်ချက် တစ်ခုအနေဖြင့် ‘‘ဒီထက်အရပ် ကလေး နည်းနည်း ရှည်ချင်တယ်’’ဟု 7Day Daily နှင့် တွေ့ဆုံမေး မြန်းစဉ် ဖြေကြားထားသည်။

‘‘ဒါကတော့ ကိုယ့်ရှိတဲ့ ကံ ပေါ့။ ဖြစ်နိုင်ရင်တော့ ကိုယ့်မှာ မယ်တစ်ယောက်   ဖြစ်နိုင်မယ့် အခြေအနေပေးရင်တော့ ၀င်ပြိုင် ချင်တယ်’’ ဟု မေဦးက အရပ်အ မြင့်သတ်မှတ်ချက်နှင့်ပတ်သက် ပြီး ပြောသည်။

သို့သော်လည်း အောင်မြင် ကျော်ကြားသော အလှမယ်တစ် ယောက်ဖြစ်လာရန်အတွက် အ ရပ်မြင့်မားဖို့၊ အဓိကကျသော အ ချက်မဟုတ်ဘဲ သတ်မှတ်ထား သော အရပ်နှင့် လှပသော ခန္ဓာ ကိုယ်အချိုးအစားရှိဖို့ကသာ အရေးကြီးတယ်လို့ Miss International 2013 ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူ ဂုဏ်ရည်အေးကျော် က ဆိုသည်။။

အိပ်မက်ဆုံရာ အဆိုပြိုင်ပွဲ မှတစ်ဆင့် လူသိများလာပြီး မယ် ကမ္ဘာပြိုင်ပွဲအတွက် နောက်ဆုံး ဆန်ခါတင်စာရင်းတွင် ပါဝင် နေသော ၀ိုင်းလေးကလည်း အရပ်ကန့်သတ်ချက်နှင့်ပတ် သက်၍ ‘‘ညီမခံယူထားတာတော့  အရပ်ရှည်မှ ခရောင်း(သရဖူ) ဆောင်းရမှာ မဟုတ်ဘူး။ အရပ် က သူတို့သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းနဲ့ ကိုက်ညီရင်ရပြီ ကိုယ့် ဘက်က တခြားဘက်တွေမှာ ပြည့်စုံနေရင် အရပ်ရှည်တဲ့သူတွေ ကို ကျော်ပြီး ခရောင်းဆောင်းနိုင် မှာပါ’’သူမ၏ ခံယူချက်ကို ပြော သည်။

အောင်မြင်ကျော်ကြားသော အလှမယ်တစ်ယောက်ဖြစ်ရန်အ တွက် အရပ်အမောင်းမှစ၍ အ ဘက်ဘက်က ပြည့်စုံရမည်ဖြစ် သကဲ့သို့ မယ်တစ်ယောက်ဖြစ် သွားပါကလည်း မိန်းကလေးများ ၏စံပြတစ်ယောက်ကဲ့သို့ ဖြစ်သွား ပြီး အပြောအဆို၊ အနေအထိုင် များ ထိန်းသိမ်းရန် လိုအပ်သည် ဟု အလှမယ်ဂုဏ်ရည်အေးကျော် က သရဖူပြန်သိမ်းခံခဲ့ရသော ထိုင်းအလှမယ်ကို ဥပမာပြု၍ ပြောသည်။

စိန်ခေါ်မှုများရှိသော်လည်း ယင်းပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်ပါက ရရှိလာသည့် အ ကျိုးခံစားခွင့်များနှင့်အတူ နောက် ဆက်တွဲအောင်မြင်မှုများ ရရှိနိုင် သောကြောင့် ပြိုင်ပွဲများအပေါ် စိတ်ဝင်စားမှုများ လျော့သွားခြင်းမရှိခဲ့ခြင်းမှာ မယ်ပြိုင်ပွဲတိုင်းတွင်ယှဉ်ပြိုင်နေသည့် မိန်းကလေး အရေအတွက်ကို ကြည့်လျှင် တွေ့မြင်နိုင်မည် ဖြစ်သည်။

‘‘ဒီပြိုင်ပွဲတွေကနေ ဆုရတဲ့ သူတွေက ရှေ့ဆက်ရမယ့် အနု ပညာလမ်းရဲ့ အနာဂတ်ကပိုပြီး တော့ ကောင်းသွားနိုင်တယ်။ ဒါ ကြောင့်လည်း စိတ်ဝင်စားတဲ့သူ တွေများလာတယ်လေ’’ ဟု Miss SEA Games ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ဖူးသူ မေသဉ္ဇာဝင်းက ပြောသည်။

‘‘ပြိုင်ပွဲဝင်ပြိုင်ခွင့်ရပြီးတော့ အယောက် ၂၀ ဦးထဲပါသွားတယ် ဆိုရင်ပဲ လူသိသွားပြီး အဲဒီမှာ Tital ဆုတစ်ခုရသွားမယ်ဆိုရင် တော့ ပိုပြီးတော့ လူသိသွားတယ် လေ။ ဘာပဲပြောပြော အဲဒီလိုမျိုး ယှဉ်ပြိုင်ခွင့်ရမယ်ဆိုရင်တော့ ပြိုင် ချင်တယ်။ စိတ်ကူးရှိတယ်။ကိုယ့်မှာ မယ်ပြိုင်ပွဲဝင်လို့ရနိုင်မယ့် အခွင့်အရေးရမယ်ဆိုရင် ပေါ့’’ဟု မေဦးက ပြောပြသည်။

အချို့လည်း ယခင်ကတည်း က အလှမယ်ဖြစ်ချင်သည့် ဆန္ဒရှိ သူများမှာ အခြေအနေအကြောင်း ကြောင်းကြောင့် စိတ်ဆန္ဒကိုယ် မျိုသိပ်ထားရပြီး ယခုလို ပွင့် လင်းလာသော ခေတ်နှင့်အတူ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သော အလှမယ်ပွဲတွေကို ပြုလုပ်လာ သောကြောင့် အလှမယ်ဖြစ်ချင် သော ၀ါသနာများ ပြန်လည်နိုးထ လာသူများလည်း ရှိနေသည်။

ယခုနောက်ဆုံး ရွေးချယ် သည့် Miss Myanmar World 2014 ပြိုင်ပွဲကို နောက်ဆုံးဆန် ခါတင် အဆင့်အထိ ရွေးချယ်ခံ ထားရသည့် အလှမယ်ကေသရီ က ငယ်စဉ်ကတည်းက ၀ါသနာ ပါသောကြောင့် မိဘများနှင့်အ တိုက်အခံလုပ်ကာ ပြည်တွင်းပွဲ များတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူး သည်။

အမြင့်ဆုံးဆုကို မရခဲ့သော ကြောင့် လက်လျှော့ထားပြီး အခြားအလှမယ်ပွဲများ ၀င်ရောက် မယှဉ်ပြိုင်ခဲ့သော်လည်း မကြာမီရက်ပိုင်းက ကျင်းပခဲ့သော Miss Golden Land Myanmar ပြိုင်ပွဲကို ကြည့်ပြီး သူမ၏ အလှမယ်ဖြစ်ချင်သည့် ဆန္ဒကပြန် လည် အသက်ပြန်ဝင်လာခဲ့သည် ဟု ၎င်းကဆိုသည်။

‘‘အမေ ကိုယ်တိုင်က အား ပေးတာကြောင့် အခု Miss Myanmar World 2014 ပြိုင်ပွဲ ကို ပြန်ပြိုင်ဖြစ်ခဲ့တာပါ’’ ဟု မိုး စက်ဝိုင်ကို အားကျသည်ဟုဆို သည့် ကေသရီကပြောသည်။

ထို့အပြင် ပြိုင်ပွဲများ ၀င် ရောက်ယှဉ်ပြိုင်ရန် ကုန်ကျသည့် စရိတ်စကများကလည်း အမျိုး သမီးငယ်များ၏ အိပ်မက်အတွက် အဟန့်အတားတစ်ခု ဖြစ်နေပြန် သည်။

‘‘စုံစမ်းရသလောက်တော့ ပိုက်ဆံတော်တော်ကုန်တယ်လို့ သိရတယ်။ စပွန်ဆာမရှိတဲ့ပွဲဆို ရင် ပိုကုန်တယ်။ နောက်ပိုင်းမှာ ပိုက်ဆံကြောင့် လမ်းလွဲသွားမှာ စိုးလို့ အိမ်ကတော့ ကန့်ကွက် တယ်’’ ဟု သဲသဲက ပြောသည်။

ပြိုင်ပွဲများတွင် ဆုတစ်ခုခု ရမှာသာ ကုန်ကျစရိတ်အတွက် ပြန်ကာမိမှာဖြစ်ပြီး ဆုမရရှိပါက ကုန်ကျစရိတ်များကြောင်း ပြည်တွင်း အလှမယ်ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ဖူးသူ မေသဉ္ဇာဝင်းက ဆိုသည်။

သို့သော် ဘယ်လောက်ပင် အခက်အခဲ အတားအဆီးများ ရှိ နေပါစေ ထိုအရာများက နာမည် ကြီး အလှမယ်ဖြစ်လာရေးအ တွက် မက်နေသော မိန်းကလေး ငယ်များ၏ စိတ်ကူးယဉ်အိပ်မက် များကို မှေးမှိန်သွားအောင် မစွမ်း သာပါ။

သာမန် လူမသိ သူမသိ ဘ၀ မှသည် တီဗီဖန်သားပြင် စာမျက် နှာများထက်ဆီမှတစ်ဆင့် ပရိသတ်ကြား အောင်မြင်ကျော်ကြားသည့် အလှမယ်တစ်ဦးဖြစ်ရေး အိပ် မက်များကိုတော့ ဆက်လက်မက် နေကြဦးမည်သာ ။   ။
7daydaily

မယ်ကမ္ဘာမြန်မာပြိုင်ပွဲဝင် အလှမယ်များ
မယ်ကမ္ဘာမြန်မာပြိုင်ပွဲဝင် အလှမယ်များ
ပြိုင်ပွဲခန်းမတစ်ခု    ရှေ့တွင်    ဆယ်ကျော် သက်အရွယ်၊ နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးငယ်အယောက်ငါးဆယ်ကျော် သည် ခန်းမအတွင်းဝင်ရန်    စောင့်ဆိုင်းနေကြသည်။အဖြူရောင် စွပ်ကျယ်လက် ပြတ်နှင့် ဂျင်းဘောင်းဘီရှည်ကို တူညီဝတ်ဆင်ထားသည့် အမျိုးသမီးငယ်လေးများ သည်သူတို့၏ကိုယ်စီအိပ်မက်ဖြစ်သော   မြန်မာနိုင်ငံကိုယ်စားပြုကာ မယ်ကမ္ဘာ ပြိုင်ပွဲဝင်ပြိုင်နိုင်ရေး ဆန်ခါတင်အဆင့်ရွေးချယ်ခံရန် စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး ဟိုမှသည်မှ လမ်းလျှောက်လိုက် အချင်းချင်း စကားပြောလိုက်ဖြင့် စိတ်လှုပ် ရှားစွာ စောင့်ဆိုင်းနေကြသည်။

သာကေတမြို့နယ်၌ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုအား အရေးယူဆောင်ရွက်လျက်ရှိ

 
၂၈.၈.၂၀၁၄ ရက်နေ့ ၁၂၁၅ အချိန်ခန့်တွင် သာကေတမြို့နယ်၊ ၁၀/တောင် (၁၃)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းမပေါ်တွင် လူအများအုပ်စုဖွဲ့ကာ တစ်ဘက်နှင့် တစ်ဘက် ခိုက်ရန်ဖြစ်ပွားခဲ့ပါသည်။ထိုသို့ဖြစ်ပွားကြောင်းသတင်းအရ သာကေတနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များမှ သွားရောက် ထိန်းသိမ်းခဲ့ရာ အဆိုပါနေရာတွင် သာကေတမြို့နယ်၊ ၁/ထူပါရုံ ရပ်ကွက်နေ ကိုလေး(ခ) မြင့်အောင်(ခ) စောဇော်မှိုင်းပါ(၈)ဦးခန့်နှင့် သာကေတမြို့နယ်၊ ၁၀/တောင်(၁၄)ရပ်ကွက်နေ နေမျိုးအောင်ပါ(၁၀)ဦးခန့်တို့ ခဲများဖြင့် အပြန် အလှန် ပစ်ပေါက်ကာ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ခိုက် ရန်ဖြစ် ပွား မှုကြောင့် ကိုလေး(ခ)မြင့်အောင်(ခ)စောဇော်မှိုင်း၏ Nissan Cectric ယာဉ်မှာ ရှေ့လေကာမှန်ကွဲသွားခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာအနီး၌ရပ်ကြည့်နေ သူ ၁၀/တောင်(၁၃)ရပ်ကွက်နေ ကိုနေလင်းအောင်၏ ဦးခေါင်းကိုခဲထိမှန်ခဲ့သဖြင့် ဖူးရောင် နာကျင်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရကြောင်း၊ ကျန်သူများထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။

မေမြတ်နိုး ဒေါ်လာ ၁ သိန်းတန် ရတနာသရဖူ၊ ဒေါ်လာ ၁ သောင်းတို့နှင့် ထွက်ပြေးတိမ်းရှောင်နေဟုဆို

 Photo: မေမြတ်နိုး ဒေါ်လာ ၁ သိန်းတန် ရတနာသရဖူ၊ ဒေါ်လာ ၁ သောင်းတို့နှင့် ထွက်ပြေးတိမ်းရှောင်နေဟုဆို
Friday, August 29, 2014

Miss Asia Pacific World အဖြစ်မှ ဖြုတ်ချခံရသူ မြန်မာအလှမယ် မေမြတ်နိုးသည် ဒေါ်လာ ၁၀၀,၀၀၀ တန် ရတနာသရဖူအပြင် ပြိုင်ပွဲစပွန်ဆာများက ရင်သားခွဲစိပ်ပြုပြင်ရန်ပေးသော ဒေါ်လာ ၁ သောင်းတို့နှင့်အတူ တိမ်းရှောင်နေသည်ဟု အဆိုပါအလှမယ်ပြိုင်ပွဲ၏ မီဒီယာဒါရိုတ်တာ ဒေးဗစ်ကင် က ယခုလ ၂၈ရက်နေ့က ပြောသည်။
၂၀၁၂ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာအလှမယ်ပြိုင်ပွဲများသို့ ပြန်လည်ခြေလှမ်းချခဲ့သော မြန်မာနိုင်ငံသည် ၂ နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် တောင်ကိုရီးယားခြေစိုက် Miss Asia Pacific World ပြိုင်ပွဲတွင် သရဖူဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ့အလှမယ်ဖြစ်သည်။ ယင်းမှာ မြန်မာမယ်တဦးအနေနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် ပထမဆုံး သရဖူဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

မေမြတ်နိုးသည် ရိုင်းပြခြင်း၊ မရိုးသားခြင်းတို့အပြင် ပြိုင်ပွဲကျင်းပသည့် အဖွဲ့အစည်းက သူမ၏မိခင်အတွက် ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၁၉ ရက်နေ့အထိသာ နေထိုင်ခွင့်လျောက်ထားနိုင်သည့် ဖိတ်ကြားစာ ပေးပို့ခဲ့သော်လည်း ယင်းဖိတ်ကြားစာဖြင့် ၃ လဗီဇာ တရားမ၀င်ရယူရန် ကြိုးပမ်းခဲ့သည်ဆိုသော စွပ်စွဲချက်များ
ကြောင့် Miss Asia Pacific World 2014 မယ်အဖြစ်မှ ဖြုတ်ချခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲအင်တာနက်စာမျက်နှာတွင် သရဖူရှင်ဓါတ်ပုံနေရာကို ဖျက်ထားပြီး “မေမြတ်နိုး(ဖြုတ်ချခံ)” ဟု ရေးသားပြုလုပ်ထားသည်။ ထို့အပြင် Miss Asia Pacific World Organization က သရဖူကို မြန်မာနိုင်ငံဒါရိုတ်တာ မလှနုထွန်းထံသို့ မီဒီယာများ ရှေ့မှောက်၌ ပြန်လည်အပ်နှံရန် မေမြတ်နိုးအား တောင်းဆိုထားကြောင်းလည်း သိရသည်။

Ref ; seatlepi
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Miss Asia Pacific World အဖြစ်မှ ဖြုတ်ချခံရသူ မြန်မာအလှမယ် မေမြတ်နိုးသည် ဒေါ်လာ ၁၀၀,၀၀၀ တန် ရတနာသရဖူအပြင် ပြိုင်ပွဲစပွန်ဆာများက ရင်သားခွဲစိပ်ပြုပြင်ရန်ပေးသော ဒေါ်လာ ၁ သောင်းတို့နှင့်အတူ တိမ်းရှောင်နေသည်ဟု အဆိုပါအလှမယ်ပြိုင်ပွဲ၏ မီဒီယာဒါရိုတ်တာ ဒေးဗစ်ကင် က ယခုလ ၂၈ရက်နေ့က ပြောသည်။
၂၀၁၂ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာအလှမယ်ပြိုင်ပွဲများသို့ ပြန်လည်ခြေလှမ်းချခဲ့သော မြန်မာနိုင်ငံသည် ၂ နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် တောင်ကိုရီးယားခြေစိုက် Miss Asia Pacific World ပြိုင်ပွဲတွင် သရဖူဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ့အလှမယ်ဖြစ်သည်။ ယင်းမှာ မြန်မာမယ်တဦးအနေနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် ပထမဆုံး သရဖူဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ ISIS ပြသနာကနေ ဘာ သင်ခန်းစာ ယူမလဲ ” အောင်ဘ၊ မောင်လှ ဆွေးနွေးခန်း (၈၁)

မောင်လှ - အားပါးပါး၊ ဆီးရီးယား၊ အီရတ်၊ နယ်နိမိတ် ပါတ်ဝန်းကျင်မှာ သီးခြားလွတ်လပ်တဲ့ အစ္စလာမ်မစ် နိုင်ငံ တည်ထောင်ထားတယ် ဆိုတဲ့ ISIS အစွန်းရောက် အဖွဲ့ဟာ ဘင်လာဒင် တည်ထောင်ခဲ့တဲ့ အယ်ခိုင်ဒါ အဖွဲ့ထက်တောင် သူတို့ကို ပို ဒုက္ခပေးနိုင်တယ်၊ ပိုပြီး ကြောက်စရာကောင်းတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ထုတ်ပြောလိုက်ပြီနော။
အောင်ဘ - အမှန်ပဲဗျ။ ကျွန်တော်လည်း အဲဒီအကြောင်းတွေ သိချင်တော့ သတင်းတွေ စောင့်နားထောင်၊ ဟိုသတင်းစာဖတ်၊ ဒီသတင်းစာဖတ်၊ အင်တာနက်မှာ ကြည့်ပေါ့ဗျ။

ယူ-၁၉ စိတ်ဓာတ်ဖြင့် ဘောလုံးလောကသစ် ထူထောင်ကြစို့

Photo: ယူ-၁၉ စိတ်ဓာတ်ဖြင့် ဘောလုံးလောကသစ် ထူထောင်ကြစို့
Friday, August 29, 2014

ဘရူနိုင်း ဘုရင်ဖလား ဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည့် မြန်မာ ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းသည် ဩဂုတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်း နိုင်ငံတကာ ပြိုင်ပွဲကြီးတပွဲမှ ရွှေတံဆိပ် ဆွတ်ခူးခြင်းသည် ၁၉၇၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း တတိယအကြိမ်မြောက် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဘောလုံး ရွှေခေတ်

မြန်မာ့ဘောလုံး သမိုင်းတွင် ပထမဆုံး ရွှေတံဆိပ်ကို  ၁၉၆၁  ခုနှစ်တွင်  ကျင်းပသည့်  အာရှလူငယ် ယူ-၂၁ ဘောလုံးပြိုင်ပွဲတွင် စတင်ရရှိခဲ့သည်။ အာရှလူငယ် ဘောလုံးပြိုင်ပွဲကို ၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။ မြန်မာလူငယ် လက်ရွေးစင် ဘောလုံးအသင်းသည် ဖော်မိုဆာ (ယခု ထိုင်ဝမ်) အသင်းကို ၃း၂၊ ထိုင်းအသင်းကို ၂း၁၊ သီရိလင်္ကာအသင်းကို ၅း၂ ဂိုးဖြင့် နိုင်သည်။ မလေးရှားအသင်းနှင့် သုံးဂိုးစီ သရေကျသည်။ တဖက်အုပ်စုမှ ပထမရသည့် အင်ဒိုနီးရှားနှင့် ဗိုလ်လုပွဲ ကစားရသည်။ ၁ ဂိုးစီဖြင့် သရေကျသဖြင့် ၁၉၆၁ ခုနှစ် အာရှလူငယ် ဘောလုံးပြိုင်ပွဲတွင် မြန်မာ လူငယ်အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ပူးတွဲချန်ပီယံ ဖြစ်ခဲ့ကြသည်။ ယင်းရွှေတံဆိပ်မှာ မြန်မာ ဘောလုံးသမိုင်းတွင် ပထမဆုံးရရှိသည့် ရွှေတံဆိပ်ပင်ဖြစ်သည်။

မြန်မာလက်ရွေးစင် အသင်းကြီးအနေဖြင့် ပထမဆုံး အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစား ပြိုင်ပွဲ ရွှေတံဆိပ်ဆုကို ၁၉၆၅ ခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ဘောလုံး ပြိုင်ပွဲကျမှ ဗွေဆော်ဦး ဆွတ်ခူးနိုင်ခဲ့သည်။ ကျွန်းဆွယ်ပြိုင်ပွဲ အုပ်စုပွဲတွင် စင်ကာပူအသင်းကို ၃း ဝ၊ မလေးရှားအသင်းကို ၂း ဝ ဖြင့်နိုင်သည်။ ဗိုလ်လုပွဲတွင် ထိုင်းနှင့် ၂ ဂိုးစီကျပြီး ပူးတွဲရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။ ယင်းနောက် ကျွန်းဆွယ် ဘောလုံးပြိုင်ပွဲတွင် ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁၊ ၁၉၇၃ ဆက်တိုက် လွတ်လွတ်ကျွတ်ကျွတ် ပထမရခဲ့သည်။

မြန်မာလက်ရွေးစင်  ဘောလုံးအသင်းသည် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ကျင်းပသည့် ၈ ကြိမ်တွင် ပထမဆု ၅ ကြိမ်၊ ဒုတိယ ဆု ၁ ကြိမ်၊ တတိယဆု ၁ ကြိမ် (၁၉၇၅) ဆု ရရှိခဲ့သည်။ ယင်းခေတ်တွင် မြန်မာအသင်း၏ အောင်မြင်မှုမျိုးကို ထိုစဉ်က မည်သည့် အရှေ့တောင်အာရှ နိုင်ငံများက ရရှိနိုင်ခဲ့ခြင်း မရှိပါ။

အာရှဘောလုံး ပြိုင်ပွဲကို ၁၉၅၆ ခုနှစ်မှာ စတင်ကျင်းပသည်။ မြန်မာလက်ရွေးစင် ဘောလုံးအသင်းက ၁၉၆၈ ခုနှစ် အီရန်တွင် နောက်ဆုံးအဆင့် ကျင်းပသည့် ၄ ကြိမ်မြောက်ကျမှ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အာရှဖလား  ဘောလုံးပြိုင်ပွဲဝင်ရန်  မြန်မာ့လက်ရွေးစင် အသင်းသည် ခြေစစ်ပွဲမှ စတင်ယှဉ်ပြိုင်ခဲ့ရသည်။ အာရှဖလား ဘောလုံးခြေစစ်ပွဲကို မြန်မာနိုင်ငံတွင် ၁၉၆၇ ခုနှစ် နိုဝင်ဘာ ၁၂ မှ ၁၉ ရက်အထိ အောင်ဆန်း ကစားပြိုင်ဝင်းတွင် ကျင်းပခဲ့သည်။ ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင် အသင်းနှင့်အတူ အိန္ဒိယ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ပါဝင်ကစားကြသည်။ မြန်မာအသင်းက ပါကစ္စတန်အသင်းကို ၂း ဝ၊ အိန္ဒိယကို ၂း ဝ၊ ကမ္ဘောဒီးယားကို ၁း ဝ ဖြင့်နိုင်ပြီး ခြေစစ်ပွဲအောင်သည်။

မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် အီရန်နိုင်ငံ တီဟီရန်မြို့တွင် ၁၉၆၈ ခုနှစ် မေ ၁၁ မှ ၁၉ ရက်အထိ ကျင်းပသည့် အာရှဖလား ဘောလုံးပွဲတွင် အခြားအုပ်စုများမှ ခြေစစ်ပွဲအောင်ခဲ့ကြသည့် ဟောင်ကောင်၊ ဖော်မိုဆာ (ယခု ထိုင်ဝမ်)၊ အစ္စရေး၊ အိမ်ရှင် အီရန်အသင်းနှင့် အတူ ၅ သင်း အုပ်စုပတ်လည်စနစ်ဖြင့် ကစားခဲ့ရသည်။ ဖော်မိုဆာ အသင်းကို ၁း ၁၊ အစ္စရေး အသင်းကို ၁း ဝ၊ ဟောင်ကောင် အသင်းကို ၂း ၁ ဖြင့် နိုင်သည်။ အိမ်ရှင်အီရန် အသင်းကို ၁း ၃ ဖြင့်ရှုံးပြီး ဒုတိယဆုသာ ရသည်။ အီရန်အသင်း ပထမရသည်။

၁၉၅၁ ခုနှစ်၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသည့် ပထမအကြိမ်မြောက် အာရှအားကစားပွဲဝင် မြန်မာဘောလုံးအသင်းမှာ အီရန်ကို ၂း ဝ ဖြင့်ရှုံးသည်။ ၁၉၅၄ မနီလာ အာရှအားကစားပွဲ ဘောလုံးပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ၁၉၆၂ ဂျကာတာ အာရှအားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပါ။ ဘန်ကောက် အာရှအားကစားပွဲ (၁၉၆၆) ဘောလုံးပွဲတွင် နောက်ဆုံးဗိုလ်လုပွဲ၌ အီရန်အသင်းကို ၁း ဝ ဖြင့်နိုင်သည်။ အာရှအဆင့်တွင် ပထမဆုံး ရွှေတံဆိပ် ရရှိခြင်းပင်ဖြစ်သည်။

၁၉၇၀ ပြည့်နှစ်တွင် ဘန်ကောက်မှာပင် ကျင်းပသည့် အာရှအားကစားပွဲတွင် ဗိုလ်လုပွဲ၌ တောင်ကိုရီးယား အသင်းနှင့် ဂိုးမရှိ သရေကျပြီး ထပ်ဆင့်ရွှေတံဆိပ်ဆု ဆွတ်ခူးသည်။ ယင်းမှာ မြန်မာလက်ရွေးစင် အသင်း၏ အောင်မြင်မှု မှတ်တိုင်များပင် ဖြစ်သည်။

အရှုံးနှင့် ရုန်းကန်ရင်း

၁၉၇၇ ခုနှစ် ဆီးဂိမ်းစတင် ကျင်းပခဲ့ကတည်းက မြန်မာလက်ရွေးစင် အသင်း၏ အောင်မြင်မှုများမှာ အံ့ဩဖွယ် ကောင်းလောက်အောင်ပင် ပျောက်ကွယ်သွားခဲ့သော်လည်း ဆီးဂိမ်းတွင် ၁၉၉၃ ခုနှစ်က ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ပြီး ဒုတိယ ငွေတံဆိပ် ရရှိခြင်းမှာ အအောင်မြင်ဆုံးဖြစ်တော့သည်။ ယင်းနောက်ပိုင်းတွင် လက်ရွေးစင် ဘောလုံးအသင်းကြီးမှာ ပြိုင်ပွဲတိုင်းတွင် ရှုံးနိမ့်ခဲ့ရသည်။

၁၉၇၇ ခုနှစ် သို့မဟုတ် ၁၉၇၅ ခုနှစ်မှစကာ ၂၀၁၄ ခုနှစ်အထိ နှစ်ကာလများ အတောအတွင်း မြန်မာလက်ရွေးစင် အသင်းတို့ ယခု ဘရူနိုင်းပွဲ အပါအဝင် ရွှေတံဆိပ် ၃ ဆုသာ ဆွတ်ခူးနိုင်ခဲ့သည်။သို့သော် သက်တမ်းအလိုက် ပြိုင်ပွဲများမှသာ ဖြစ်သည်။

ပထမအကြိမ်မြောက် အာဆီယံ ယူ-၁၇ တံခွန် စိုက်ဘောလုံးပြိုင်ပွဲကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ ပူးတွဲကျင်းပသည်။ မြန်မာ ယူ-၁၇ အသင်းသည် မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ အသင်းတို့နှင့်အတူ ကွာလာလမ်ပူတွင် ယှဉ်ပြိုင်ကစားရသည်။ ၂၀ဝ၂ ခုနှစ် ဖေဖော်ဝါရီ ၁၉ တွင် ဗီယက်နမ်နှင့် ပွဲဦးထွက် ကစားရသည်။ ၆း၂ ဂိုး။ ၂၁ ရက်နေ့တွင် ဘရူနိုင်းနှင့်ကစားရသည်။ ၁း ဝ ဂိုး။ တတိယပွဲတွင် စင်ကာပူကို ၄း ဝ။ စတုတ္ထပွဲတွင် မလေးရှားကို ၇း ဝ ဖြင့် နိုင်သည်။ အကြိုဗိုလ်လုပွဲတွင် အင်ဒိုနီးရှား ယူ-၁၇ အသင်းကို ၆း ဝ ဖြင့် နိုင်သည်။ ဗိုလ်လုပွဲတွင် လာအိုအသင်းကို ၄း ၂ ဖြင့်နိုင်သည်။ ဂိုးကွာသလောက် အသက်လည်း ကွာဟန်တူသည်။

မည်သို့ပင်ရှိစေ မြန်မာလက်ရွေးစင်အသင်း ၁၉၇၃ နှစ် နောက်နှစ်ပေါင်း ၂၉ နှစ်ရှိမှ နိုင်ငံတကာ ပြိုင်ပွဲတွင် ပထမဆုံး ရွှေတံဆိပ်ဆု ရရှိခြင်းပင်ဖြစ်သည်။ ယင်းနောက် ယူ-၁၇ အသင်း သတင်းပျောက်သွားသည်။ သို့သော် ယူ-၁၇ နေရာတွင် ယူ-၁၈ အသင်း ဝင်လာသည်။

ပထမအကြိမ်မြောက် ယူ-၁၈ အာဆီယံ ဘောလုံးပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဇွန်လ ၇ ရက်နေ့မှ ၁၈ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားပြိုင်ဝင်းတွင်  ကျင်းပခဲ့သည်။ မြန်မာ ယူ- ၁၈ အသင်း နောက်ဆုံးဗိုလ်လုပွဲတွင် မလေးရှား ယူ-၁၈ အသင်းကို ၄း ဝ ဖြင့်နိုင်ပြီး အာဆီယံ ယူ- ၁၈ ဘောလုံးချန်ပီယံ ဖြစ်ခဲ့သည်။

တတိယ အကြိမ်မြောက် အာရှ ယူ-၂၀ ဘောလုံး ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ၂၀ဝ၅ ခုနှစ် ဩဂုတ်လ ၅ ရက်မှ ၁၉ ရက်အထိ ပြုလုပ်ခဲ့သည်။ မြန်မာ ယူ-၂၀ ဘောလုံးအသင်းလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အုပ်စုပွဲများတွင် ဘရူနိုင်းကို ၃း၂၊ ထိုင်းကို ၂း ၁၊ မလေးရှားကို ၂း ဝ ဖြင့်နိုင်သည်။ အင်ဒိုနီးရှားကို ၄း ၃ ဖြင့်ရှုံးသည်။ အုပ်စုပထမဖြင့် အကြိုဗိုလ်လုပွဲတက်သည်။ အကြိုဗိုလ်လုပွဲတွင် ဗီယက်နမ်ကို ၅း ၂ ဖြင့်နိုင်သည်။ ဗိုလ်လုပွဲတွင် မလေးရှားနှင့် ပြန်တွေ့သည်။ ၃း ၁ ဖြင့်နိုင်သည်။

အာဆီယံ ယူ-၁၇ ဘောလုံးပြိုင်ပွဲကို ၂၀ဝ၅ ခုနှစ် ဩဂုတ်လ ၂၆ ရက် စက်တင်ဘာလ ၄ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည်။ မြန်မာ ယူ-၁၇ အသင်းက အင်ဒိုနီးရှားအသင်းကို ၆း ၁၊ ထိုင်းအသင်းကို ၁း ၂ ဖြင့် ရှုံးသည်။ ဘရူနိုင်း နုတ်ထွက်သွားသည်။ အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲ ကစားရသည်။ လာအိုအသင်းကို ၂း ၁ ဖြင့်နိုင် သည်။ ဗိုလ်လုပွဲတွင် ထိုင်းအသင်းနှင့် ပြန်တွေ့သည်။ ပင်နယ်လ်တီ အဆုံးအဖြတ်ဂိုး ၄း ၃ ဖြင့်နိုင်ပြီး ပထမရသည်။

ယခု ဘရူနိုင်းဘုရင် ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့်  မြန်မာ ယူ-၁၉ အသင်းသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အမှုဆောင်များ လက်ထက်တွင် တတိယအကြိမ်မြောက် ရွှေတံဆိပ်ရရှိသည့် မြန်မာဘောလုံးအသင်းပင် ဖြစ်သည်။

ဒီမိုကရေစီခေတ် အကူးအပြောင်းကာလ အစတွင် ပထမဆုံး ရွှေတံဆိပ် ဆွတ်ခူးနိုင်သည့် ဘောလုံးအသင်း ဖြစ်သည်။ ယင်းဘောလုံးအသင်းမှာ အလိုအလျောက် ပေါ်ပေါက်လာရသည့် အသင်းမဟုတ်ပါ။ စနစ်တကျ လေ့ကျင့်ပြုစု ပျိုးထောင်ခဲ့ရသည့်အသင်း ဖြစ်သည်။

မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်  ဘောလုံးအကယ်ဒမီ၊ ကြေးတန်းစား ဘောလုံးကလပ် အသင်းများနှင့် အားကစား သိပ္ပံများမှ လူငယ်လေးများကို အသက်မှအစ မှန်မှန်ကန်ကန် စနစ်တကျ ရွေးချယ်ပြီး ၂၀၁၂ ခုနှစ်လောက် ယင်းဘောလုံးသမားလေးများ ၁၇ နှစ်သားအရွယ်မှပင် လေ့ကျင့်ပေးထားခဲ့သည်။ အာရှတိုက်တခွင်သာမက ဥရောပတိုက် ဂျာမနီနိုင်ငံနှင့် ချက်နိုင်ငံတို့အထိ သွားရောက်ပြီး ခြေစမ်းပွဲများ၊ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ဘောလုံးအဖွဲ့ချုပ်နှင့် သင်ဆိုင်ရာ အသင်းအဖွဲ့များက စနစ်တကျ ပံ့ပိုးကူညီမှုနှင့်အတူ ဘောလုံးသမားလေးများ၏ စည်းကမ်းသေဝပ်မှု၊ ကြိုးစားမှုတို့ကြောင့်သာ ယခုလို အောင်ပွဲရယူနိုင်ဖြစ်သည်။

ဗီယက်နမ်နှင့် နောက်ဆုံးဗိုလ်လုပွဲမှာ မြန်မာ ယူ-၁၉ အသင်း၏ ဇွဲ၊ စိတ်ဓာတ်၊ ကြိုးစားအားထုတ်မှုနှင့်အတူ ဘောလုံးစည်းကမ်း ဥပဒေများကို တိတိကျကျ လိုက်နာကစားသွားခဲ့သည်။ ဗိုလ်လုပွဲတွင် ဖြစ်လင့်ကစား မြန်မာအသင်းရော၊ ဗီယက်နမ်အသင်းပါ အဝါကဒ် တကြိမ်စီသာ အပြခံရခြင်းက နှစ်သင်းစလုံး၏ အားကစား စိတ်ဓာတ်ကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်း၏ စိတ်ဓာတ်ကို မြန်မာဘောလုံးအသင်း အားလုံးနှင့်အတူ တချို့သော နည်းပြဆရာများ၊ အသင်းအုပ်ချုပ်သူများ အတုယူသင့်ကြသည်။

သွားရမည့် ရှေ့ခရီး

မြန်မာ ယူ-၁၉ အသင်း၏ အောင်မြင်မှုအပေါ်တွင် ကာလရှည်ကြာစွာ ယစ်မူးမနေသင့်ပါ။ မြန်မာဘောလုံး လောက၏ ရှေ့ဆက်လှမ်းရဦးမည့် ခရီးကား မနီးသေးပါ။ ခရီးအဝေးကြီးရှိနေဆဲ ဖြစ်ပါသည်။ ဆီးဂိမ်းတွင် ၁၉၇၇ -၂၀၁၃ အထိ ရွှေတံဆိပ်ရရှိခဲ့ခြင်း မရှိ၊ ယခင်က တိုက်ဂါး၊ ယခု ဆူဇူကီးဖလားတွင်လည်း ရွှေ၊ ငွေတို့နှင့် ဝေးနေဆဲဖြစ်သလို အာရှအားကစားပွဲတွင် ဝင်မပြိုင်ရသည်မှာ ကြာပြီဖြစ်၏။

ကမ္ဘာ့အိုလံပစ် ဝင်ခွင့်ကလည်း ခြေစစ်ပွဲအဆင့်မှာပင် တပ်ပြန်လန်ခဲ့ရသည်။ ကမ္ဘာ့ဖလား ဘောလုံးပွဲ အဝင်ကောင်းသဖြင့် အမေရိကန်ဒေါ်လာ သောင်းချီပြီး ဒဏ်ရိုက်ခံရသည်။ ၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးခြေစစ်ပွဲအတွက် အိမ်ကွင်း အပိတ်ခံထားရသည်။

ယခင် ၁၉၆၅ မှ ၁၉၇၅ ခုနှစ် ဆယ်နှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲကြီး နှစ်ရပ်မှာ ရွှေတံဆိပ် ၇ ဆုရသည်။ လူငယ်နှင့် ဖိတ်ခေါ်ပွဲများ ပေါင်းလျှင် ရွှေတံ ဆိပ် ၂၀ နီးပါးရှိသည်။ ယခု ၂၀ဝ၅ မှ၂၀၁၄ ခုနှစ် ၁၁ နှစ်အတွင်း ရွှေတံဆိပ်တဆုနှုန်း ဖြစ်နေသည်။

ဆက်လက်ယှဉ်ပြိုင်မည့် ဆီးဂိမ်းဂိမ်းပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အိုလံပစ် အားကစားပြိုင်ပွဲများတွင် ယူ-၁၉ စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ပြီး ယူ-၁၉ လို အောင်မြင်မှုမျိုးရအောင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်အတူ တာဝန်ရှိသူအားလုံးက ဘောလုံး ရှေ့ခရီးလမ်းတွင် အထူးကြိုးစားကြဖို့တော့ လိုနေသေးကြောင်းနှင့် အောင်ပွဲရ ဘောလုံးအသင်းကို ပြည်သူများက အားပေးလျက်ရှိပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပါတယ်။
ခင်မောင်ထွေး(ပျဉ်းမနား)
ဧရာဝတီ
ဩဂုတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရ ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်း
ဘရူနိုင်း ဘုရင်ဖလား ဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည့် မြန်မာ ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းသည် ဩဂုတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်း နိုင်ငံတကာ ပြိုင်ပွဲကြီးတပွဲမှ ရွှေတံဆိပ် ဆွတ်ခူးခြင်းသည် ၁၉၇၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း တတိယအကြိမ်မြောက် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်နက်ကိုင် ဒေသထဲက အန္တရာယ်များသော မြေယာအငြင်းပွားမှု

ဒုတိယ ကမ္ဘာစစ်အတွင်း နာမည်ကြီးလှတဲ့ သံဖြူဇရပ်မှ ကရင်ပြည်နယ်၊ ဘုရားသုံးဆူအထိ ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန် ရထားလမ်းဟောင်းနဲ့အပြိုင် ကားလမ်းဖောက်နေတဲ့နေရာ။ နောင်မှာ အာရှလမ်းမကြီးရယ်လို့ ဖြစ်လာမယ့် လမ်းပေါ်မှာ တည်ရှိနေတဲ့ ရွာကလေး။
ညိုမှိုင်းမှိုင်း တောင်တန်းတွေကြားမှာ ခြေသလုံးအထိရှိနေတဲ့ ဗွက်တွေကို ဆိုင်ကယ်နဲ့ ဖြတ်သွားရာ လမ်းဘေးဝဲယာ တလျှောက်မှာ သက်တမ်း ၁၀ နှစ် ကျော်ရှိပြီဖြစ်တဲ့ ရော်ဘာပင်တွေကိုလည်း တွေ့ရတယ်။
ဒီနေရာက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ နယ်နိမိတ်မျဉ်းကြောင်းနဲ့ ၁ မိုင်ကျော်သာ ဝေးတော့တဲ့ ရဲတံခွန်ရွာ ရှိနေတဲ့ နေရာပဲဖြစ်ပါတယ်။
ရဲတံခွန်ရွာက မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်ထဲမှာ ရှိပေမယ့် ပြည်နယ်နှစ်ခု ထိစပ်တဲ့နေရာ ဖြစ်လေတော့ မွန်လူမျိုးနဲ့ ကရင်လူမျိုးတို့ ယှဉ်တွဲနေထိုင်နေကြတဲ့ နေရာလည်း ဖြစ်တယ်။
ဒီရွာထဲမှာ ကရင်လူမျိုးတွေ အများဆုံး နေထိုင်ကြပေမယ့် ရွာပတ်ပတ်လည်က ရော်ဘာခြံတွေက မွန်လူမျိုးတွေ အများဆုံး ပိုင်ဆိုင် စိုက်ပျိုးထားတယ်လို့ သိရတယ်။

မြန်မာအလှမယ်မေမြတ်နိုး သရဖူရုပ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းမည်


မြန်မာအလှမယ် မေမြတ်နိုးသည် သရဖူရုပ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ မီဒီယာများ နှင့် တွေ့ဆုံရှင်းလင်းသွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ကိုရီးယားနိုင်ငံသို့ လေ့ကျင့်မှုများသွားရောက်ပြုလုပ်လျက်ရှိသည့် မြန်မာအလှမယ် မေမြတ်နိုးအား ဩဂုတ် ၂၇ ရက်တွင် Miss Asia Pacific World Organization မှ သရဖူရုပ်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် မေမြတ်နိုးနှင့် မိခင်ဖြစ်သူတို့သည် မြန်မာနိုင်ငံသို့ ဩဂုတ် ၂၈ ရက်တွင် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မြန်မာအလှမယ် မေမြတ်နိုးသည် ကိုရီးယားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များကို မီဒီယာများရှေ့တွင်ရှင်းလင်းသွားမည်ဖြစ်ကာ မေးမြန်းလိုသည်များကိုလည်း ယင်းနေ့တွင်သာ မေးမြန်းရန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

လှတာမက်လို့ ညစာခက်ရပြီ

Photo: လှတာမက်လို့ ညစာခက်ရပြီ
Friday, August 29, 2014

တိုင်းရေးပြည်ရေး၊ခေါင်းလောင်း အရေး၊နဂါးရေးတွေနဲ့ရှုပ်ယှက် ခတ်နေတဲ့ ချာရာဏသီမြန်မာ ပြည်ကြီးမှာ သိုးသိုးသံ့သံ့လေး တွေကြားနေရတာကတော့ အလှ မယ်လေးတွေရဲ့သရဖူဇာတ် လမ်း တွေပါပဲ။ အလှမယ်တွေနဲ့ သူတို့ ရဲ့အဖွဲ့အစည်းတွေအကြား သရ ဖူတွေသိမ်းလိုက် အပြိုင်အဆိုင် ပြန်ရှင်းကြနဲ့ ပြဿနာတွေတိုးတိုး ကျိတ်ကျိတ်ဖြစ်နေတာကတော့ ကြာပါပြီ။ မနေ့ညကတော့ အထင်ကရထုတ်ပြန်ချက်တွေနဲ့ ကြားလိုက်ရတာက အိုပါးတို့ဌာနေတောင်ကိုရီးယားပြည်ကြီးမှာ မယ်ဘွဲ့ယူထားတဲ့ အလှမယ်လေးရဲ့သရဖူကို ကိုရီးယားအဖွဲ့က ပြန်သိမ်းလိုက်တယ်ဆိုတယ်။ ဘာတွေဖြစ်ကြသတုံးပေါ့ မေးကြမြန်းကြပါဦးပေါ့။

တကယ်တော့ မယ်တွေမှာ ဆုအသိမ်းခံရတာ မဆန်းပါဘူး တဲ့။ ၁၉၈၃ ခုနှစ်လောက်မယ် အမေရိကဆုကိုရခဲ့တဲ့ ဗာနက် ဆာဝီလျံဆိုရင်လည်း အဲဒီလိုသရ ဖူဆုသိမ်းခံရတယ်။ မယ်ရပြီးမှ သူ့ရဲ့ကိုယ်လုံးတီးပုံတွေရိုက်ထား တာပေါ်သွားလို့ပါ။ မကြာသေးမီ က ထိုင်းနိုင်ငံရဲ့ မယ်စကြဝဠာဆု ရရှိသူကလေးကလည်း သူ့ရဲ့မယ် ဆုကို ပြန်အပ်ခဲ့တယ်။ သူလေးက တော့ ရွေးချယ်မှုမှာ မကျေမနပ် ဝေဖန်တာတွေကို မခံစားနိုင်လို့ပါ တဲ့။ အဲဒီလိုမျိုး ရာဇဝင်တွေရှိ တယ်။ ဒါပေမဲ့ မြန်မာမယ်တွေ သရဖူအသိမ်းခံရတာကျတစ်မျိုး။

မြန်မာနိုင်ငံက ပြုပြင်ပြောင်း လဲရေးတွေနဲ့ ကမ္ဘာကြီးကို လမ်း ဖွင့်ပေးလိုက်တဲ့အခါ မြန်မာမယ် အလှပဂေးလေးတွေလည်းပါတာ ပေါ့။ တစ်သက်လုံး ကိုယ့်တိုင်း ပြည်မှာပွဲတိုးနေရာကနေ ကမ္ဘာ ကို မြန်မာအလှတွေပြဖို့ မြန်မာ မယ်လေးတွေက ချီတက်ကြ တော့တာပဲ။ အားပေးတဲ့သူတွေ ကလည်း အုန်းအုန်းထလို့ပေါ့။ မျိုး ချစ်စိတ်ဓာတ်က ဒါမျိုးမှာတော့ တာကျိုးသွားမယ်လေ။ ခွေးကိုက် တာတောင် ကိုယ့်ခွေးနိုင်ချင်တဲ့ စိတ်တွေရှိသူမဟုတ်လား။

ပြည်တွင်း၊ ပြည်ပမြန်မာ တွေကလည်း  ကိုယ့်အလှမယ် လေးတွေ နိုင်ငံတကာကိုချီတက် အလှပြိုင်ရင် ကွန်ပျူတာမောက်စ် တွေကိုင်ပြီး တစ်ခဲနက်အားပေး ကြပါတယ်။ ဒါကြောင့် အခုဆိုရင် မယ်တွေကလည်း ပေါလာလိုက် တာ လမ်းသွားလို့ခလုတ်တိုက် ရင်တောင် မယ်ဖြစ်နေပြီ။

ဒါပေမဲ့ မြန်မာမယ်တွေကို အုန်းအုန်းကျွက်ကျွက်အားပေးသူ တွေ မေ့နေတာက အလှမယ်အဖွဲ့ အစည်းဆိုတာ တိုင်းပြည်ဂုဏ်ကို ဆောင်တာတို့၊ မြန်မာအလှကို ကမ္ဘာကသိအောင် ဖော်ထုတ်တာ တို့ စကားလေးတွေ အလှဆင် ထားပေမယ့် စီးပွားရေးလုပ်ငန်း တစ်ခုဆိုတာပါ။ မယ်ကိုမြေ တောင်မြှောက်ပေးတဲ့အဖွဲ့ အစည်းနဲ့ အလှမယ်တို့ရဲ့ အပေး အယူကို ကြားကပရိသတ်မြှောက် စားမှုနဲ့လုပ်ကြတဲ့ စီးပွားရေးလုပ် ငန်းပါ။ မိန်းမလှလေးတွေနဲ့ စီးပွားရေးသမားတွေကြားက လုပ်ငန်းခွင်တစ်ခုပေါ့။ မယ်စကြဝဠာလို  မယ်အဖွဲ့အစည်းတွေကိုကြည့်လိုက် သူဌေးကြီး ဒေါ်နယ်လ်ထရမ့်လိုသူတွေ တောင်ပါတာပေါ့။

အခုမြန်မာမှာ အပြိုင်းအရိုင်း ပေါ်လာတဲ့ ကမ္ဘာ့အလှမယ်အဖွဲ့ အစည်းတွေရဲ့ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်ဖို့၊မြန်မာကိုယ်စားပြုမယ်ရွေးရမယ့်အဖွဲ့အစည်းဖြစ်ဖို့ ဆိုတာက နိုင်ငံခြားအဖွဲ့အစည်းဆီမှာ လုပ်ကိုင်ခွင့်လိုင်စင်သွားဝယ်ရပါတယ်။ ဈေးကတော့ ကိုယ်စားလှယ်လုပ်မယ့် မယ်ဘွဲ့ကကြီးရင်ကြီးသလိုပေါ့။

ဒေါ်လာသောင်းချီပေးရပါ တယ်။ ဒီလိုလုပ်ပိုင်ခွင့်ရမှ နိုင်ငံ ကိုယ်စားလှယ်မယ်ရှာစပွန်ဆာ ရှာပွဲလုပ်ပြီး မယ်ကိုမြေတောင် မြှောက်ပေးရတယ်။ မယ်နာမည် ကြီးရင် သူတို့လည်း အကျိုးအမြတ်ရှိလာမယ်လေ။

  တချို့အလှမယ်အဖွဲ့ အစည်းတွေကတော့ ဂုဏ်သိက္ခာနာမည်နဲ့ အသေအချာလုပ်ကြတာပါ။  စည်းကမ်းတွေလည်းကြီး တယ်။ ဥပမာ မယ်စကြဝဠာဆို ရင် နိုင်ငံကိုယ်စားပြုမယ်ရွေးဖို့ ကိုယ်ကြိုက်တဲ့လူကို ကျိတ်လွှတ် လိုက်လို့မရဘူး။ သက်ဆိုင်ရာ တိုင်းပြည်မှာ ပြိုင်ပွဲလုပ်ပြီး ရွေးမှ လက်ခံတယ်။ ဆုဆိုလည်း သေချာထိုက်ထိုက်တန်တန်ပေးတယ်။ တချို့ကတော့ ဟန်ပြထားတဲ့လုပ်ငန်း သက်သက်ပါ။ ဝင်သာပြိုင်တယ် ဆုငွေလည်းမပေးဘူး။ မယ်က နာမည်ကြီးရုံလောက်ပဲရပြီး သူ တို့ကတော့ မယ်နာမည်ကြီး အောင်လုပ်ပေးတဲ့အတွက် အနု ပညာဝင်ငွေထဲက အချိုးကျပေးရ တာပေါ့။

ဘာပဲပြောပြော သူ့ဘာသာ နှစ်ဦးနှစ်ဖက်ကျေနပ်ကြရင်ပြီး တာပါပဲ။ ကိုယ်တွေအတွက်တော့ ရေကူးဝတ်စုံလေးတွေဝတ်ထား တဲ့ လှလှပပမယ်လေးတွေကို ကြည့်ရတာ စိတ်ချမ်းသာဖို့ တကယ်ကောင်း၊ နိုင်လာရင်လည်း တိုင်းပြည်အတွက် ဂုဏ်ယူစရာပဲ ပေါ့။ အလှပဂေးလေးတွေရဲ့ တိုင်းပြည်ပေါ့။ အဲဒါကြောင့် တိုင်းပြည်လည်းပွင့်ရော မြန်မာမှာမယ်တွေတစ်ခေတ်ဆန်းကြတော့တာပါပဲ။

အစောပိုင်းတုန်းက မြန်မာ မယ်တွေကလည်း ပွဲတိုးခါစဆို တော့ နိုင်ငံတကာအတွေ့အကြုံ ကလည်းမရှိဘူး။ ကိုယ့်ဆီမှာက လှလှချည်၊ ချောလှချည်ဆိုပေ မယ့် နိုင်ငံတကာမျက်စိနဲ့က တိုးဦးမှ။ အဲဒါကြောင့် နန်းခင်ဇေ ယျာတို့၊ ခင်ဝင့်ဝါတို့လို မယ်တွေ ဆိုရင် ဆုကြီးတစ်ခုမှ မချိတ်ဘူး။ နောက်ဆုံးဆန်ခါတင်မှာတောင် မပါကြဘူး။ မျိုးချစ်စိတ်နဲ့ မဲပေး ကြတဲ့ အွန်လိုင်းမဲတွေနဲ့ပဲဆုရ တယ်။ ဒါပေမဲ့ အိုကေပါ။ ပြဿ နာမရှိဘူး။ နောက်လူတွေက သူ တို့အတွေ့အကြုံကနေ တဖြည်း ဖြည်းသင်လာကြတာပေါ့။

ဟော အခုနောက်ပိုင်း မယ် တွေဆို မြန်မာအကြိုက် တောင့် တောင်ဖြောင့်ဖြောင့် ဖြူဖြူဖွေး ဖွေး ရေဆေးငါးကြီးတွေထက် နိုင်ငံတကာအကြိုက် ရှည်ရှည်မျောမျောပိန်ပိန်ပါးပါး ညိုပြာညက်လေးတွေဖြစ်လာပြီလေ။ အထင်ရှားဆုံးကတော့ မေမြတ်နိုးပေါ့။ သူကလေးကအရပ်ကလည်း နိုင်ငံတကာ အရပ်အမောင်း။ လူကလည်း ညိုပြာညက် ပိန်ပိန်ပါးပါး။ဘိုစကားလေးကလည်းတတ်။ ပံ့ပိုးသူ  အဖွဲ့အစည်းကလည်းကောင်းတော့ အရင်မယ်တွေလို နှစ်သိမ့်ဆုတွေ မဟုတ်ဘဲ  တကယ့်မယ်ဘွဲ့ဆုကြီးကို ဆွတ်ခူးသွားပါလေရောလား။ တကယ့်ဖိလစ်ပိုင်မယ်တွေ၊ ကိုရီးယားနဲ့ အာရှပစိဖိတ်ဒေသက  မယ်တွေကိုကျော်ဖြတ်ပြီး  ရတာဆိုတော့ မြန်မာတွေဆိုတာ ပျော်လွန်းလို့ ထတောင်ခုန်ကြသူတွေရှိသတတ်။တုနိုင်ပါရိုးလားပေါ့ လေ။

ဒါပေမဲ့ ပျော်ရွှင်မှုတွေ မပီ ပြင်မှာမီပင် နောက်ပိုင်းငိုချင်းချ စရာတွေလည်း ပေါ်လာပါပြီ။ ဒီမို ကရေစီမှာတောင် မြန်မာစံထုံး၊မြန်မာနည်းလမ်း ဒီမိုကရေစီဆို တာရှိတယ်မဟုတ်လား။ အခု လည်း မြန်မာထုံးစံ၊ မြန်မာမှု အတိုင်း အကွဲအပြဲဇာတ်လမ်းတွေက စတင်လာပါပြီ။

  အလှမယ် မေမြတ်နိုးနဲ့ အဖွဲ့အစည်းအကြား အနုပညာ ကြေးရာခိုင်နှုန်းနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်ကြတာပါ။ ညှိ လို့မရ၊ နှိုင်းလို့မရ၊ တောင်းပန်လို့ မရ ဖေ့စ်ဘွတ်ခ်မှာတင် အပြိုင် အဆိုင်ကြေညာချက်တွေထုတ် ကြတော့ လူတွေကလည်း ဟို ဘက်သည်ဘက်ပါသူကပါ။ အလယ်ကလူစကားဝဲ၏ လုပ်သူ ကလုပ်ပေါ့။ တကယ်တော့ အလှ မယ်ဘက်ကလည်း အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်ရမှာဖြစ် သလို အဖွဲ့အစည်းကလည်း စတင်အလုပ်လုပ်ကတည်းက စည်းကမ်းတွေကို သေချာရှင်းလင်းပြောကြားရမယ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲလုပ်ကြတာပါ။ အခုရှုပ်မှ နောင်ရှင်းဆိုသလိုပေါ့။

နောက်ဆုံးအဖြစ်အပျက်က တော့ အားလုံးသိကြတဲ့အတိုင်း ပါပဲ။ ကိုရီးယားအဖွဲ့က ရွှေပေ လွှာထုတ်ပြီး သူတို့ပေးထားတဲ့ မယ်ဆုနဲ့ သရဖူကိုသိမ်းပါတယ်။ ပြုံးစရာကောင်းတာက အဲဒီမယ် ပွဲမှာ ဒုတိယဆုရသူက ကိုရီးယား မယ်ဆိုတော့ ပထမဆုရတဲ့ မြန်မာမယ် ဆုအသိမ်းခံရတော့ ဒုတိယဆုရသူ ကိုရီးယားမယ်က အလိုအလျောက်သရဖူရသွား တာပေါ့။ဟင်း.. ဟင်း မလွှဲသာ မရှောင်သာလို့ နိုင်ငံတော်တာဝန်ကို ယူလိုက်ရသလိုမျိုးပေါ့လေ။ သရဖူကိုသိမ်းတဲ့ ကြေညာလွှာထဲမှာတော့ မြန်မာမယ်ဟာ စည်းကမ်းမရှိဘူး။ အဖွဲ့အစည်းကို သစ္စာမရှိဘူး။ ချစ်ခင်နှစ်လိုဖွယ်ရာမကောင်းဘူးလို့ ကိုရီးယားတွေက ခပ်တင်းတင်းပြောထားကြတယ်။  သူတို့ကတော့ အဒေါ့် ယောက်ျားအရင်းဦးလေးကိုတောင် ကမ္ဘာသိသတ်ပစ်လိုက်သည်အထိ သစ္စာရှိတဲ့ယဉ်ကျေးတဲ့လူမျိုးတွေဆိုတော့ ပြောအားရှိတာပေါ့။

ဇာတ်ပေါင်းထုပ်တော့ ငွေ ကြေးတွေစိုက်ထုတ်၊ အချိန်တွေ အကုန်ခံအားပေးသူတွေ အသံ ကုန်လည်ချောင်းနာအားပေးခဲ့လို့ ဆုရခဲ့တဲ့ ပထမဆုံးမြန်မာရဲ့ နိုင်ငံ တကာမယ်ဆုကြီးက ပလုံသွား တာပေါ့ကွယ်။ မယ်ဆုသိမ်းရတဲ့ အကြောင်းရင်းက မယ်အမေရိက ဗက်နာဆာလို မလုံ့တလုံပုံတွေ ရိုက်လို့လည်းမဟုတ်။ ထိုင်းမယ် လိုမျိုးမယ်ဆုနဲ့ မထိုက်တန်လို့ တခြားပြိုင်ပွဲဝင်တွေက ကန့်ကွက် ကြတာလည်းမဟုတ်။ တကယ့် ကို ပြိုင်ပွဲမှာ ဒိုင်လူကြီးတွေနဲ့ ဗိုလ်ပုံအလယ်မှာ အမှန်အကန် အသေအချာရွေးချယ်ထားတဲ့ ဆုကြီးကို မြန်မာအဖွဲ့အစည်းနဲ့ မြန်မာမယ်တို့ကြားက ပြဿနာ ကြောင့်ဆုံးရှုံးရပြီ။ မြန်မာဟာ ဒီပုံ အတိုင်းဆို နိုင်ငံတကာတွေနဲ့ယှဉ် ပြီး စည်းကမ်းတကျမလုပ်တတ် ကြတော့ဘူးလား။ ကိုရီးယားတွေ ပြောသလို စည်းကမ်းမရှိတော့ တာ တကယ်ပဲလား။ ကိုယ့်ကိုယ် ကိုယ်သာမှန်ကြည့်ပြီးသာဖြေပါ တော့ကွယ်။ အချင်းချင်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့စိတ် ကြောင့် ဒီလိုနိုင်ငံတကာမယ်ဆု ကိုတောင်ရပြီးမှ ပြန်လွှတ်လိုက်ရ တာက ရာဇဝင်ထဲမှာ ကားရားကြီးကျန်ခဲ့ပြီ။

အခုကျတော့ အဖွဲ့အစည်း က တာဝန်ရှိသူကရော မယ်က ရော သူတို့မှာ အပြစ်မရှိကြောင်း အပြန်အလှန်ကြေညာချက်တွေ နဲ့ရှင်းကြတယ်။ အလှမယ်သရဖူ ကြေညာစဉ်ကလို မျက်လုံးလေး ဝိုင်း ပါးစပ်လေးပွင့်ပြီး များတို့ ဘာမှမသိရပါဘူးပေါ့ဆိုတယ်။ ဒါဆိုရင်တော့ တာဝန်ရှိသူတွေက၊ အပြစ်ရှိသူတွေက ဘယ်သူလဲ။ မြန်မာမယ်ဆိုပြီး မျိုးချစ်စိတ် ဓာတ်နဲ့အားပေးခဲ့ကြသူတွေပေါ့။ ကွန်ပျူတာမောက်စ်ကိုင်ပြီး အာ ခေါင်ခြစ်အားပေးခဲ့သူတွေပေါ့။

ကိုယ်ကအားပေး၊ သူတို့ချင်း ပြဿနာတက်။ ဟော အခုဆုပြန် သိမ်းတော့ အားပေးသူလည်း ကြားထဲကနေ ပေါတောတော တွေဖြစ်မကုန်ဘူးလား။ မယ်ပွဲ တွေမှာ ညဘက်အိပ်ရေးတွေပျက် အွန်လိုင်းကနေ မဲနှိပ်တော့ ဖုန်းခ ကုန်။ အလုပ်တွေပျက်ရတော့ နောက်ဆုံးတော့ အသည်းကွဲဖို့ပဲ လား ဆိုတာမျိုးဖြစ်ရပြီ။ လှတာ မက်ခဲ့ကြတာကိုးကွယ်၊ညစာခက် တာဘာများဆန်းတော့မလဲ။
(ဖော်ပြပါ သရော်စာသည် စာရေးသူဦးရီး၏ အာဘော်သာဖြစ်သည်။)
7daydaily
Miss Asia Pacific World သရဖူဆု မေမြတ်နိုးလက်ခံရယူခဲ့စဉ်က (Photo - K2Rain)
Miss Asia Pacific World သရဖူဆု မေမြတ်နိုးလက်ခံရယူခဲ့စဉ်က (Photo - K2Rain)
 တိုင်းရေးပြည်ရေး၊ခေါင်းလောင်း အရေး၊နဂါးရေးတွေနဲ့ရှုပ်ယှက် ခတ်နေတဲ့ ချာရာဏသီမြန်မာ ပြည်ကြီးမှာ သိုးသိုးသံ့သံ့လေး တွေကြားနေရတာကတော့ အလှ မယ်လေးတွေရဲ့သရဖူဇာတ် လမ်း တွေပါပဲ။ အလှမယ်တွေနဲ့ သူတို့ ရဲ့အဖွဲ့အစည်းတွေအကြား သရ ဖူတွေသိမ်းလိုက် အပြိုင်အဆိုင် ပြန်ရှင်းကြနဲ့ ပြဿနာတွေတိုးတိုး ကျိတ်ကျိတ်ဖြစ်နေတာကတော့ ကြာပါပြီ။ မနေ့ညကတော့ အထင်ကရထုတ်ပြန်ချက်တွေနဲ့ ကြားလိုက်ရတာက အိုပါးတို့ဌာနေတောင်ကိုရီးယားပြည်ကြီးမှာ မယ်ဘွဲ့ယူထားတဲ့ အလှမယ်လေးရဲ့သရဖူကို ကိုရီးယားအဖွဲ့က ပြန်သိမ်းလိုက်တယ်ဆိုတယ်။ ဘာတွေဖြစ်ကြသတုံးပေါ့ မေးကြမြန်းကြပါဦးပေါ့။

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့သစ် စီမံကိန်းတခုကို ပုဂ္ဂလိကပိုင် အများပိုင်ကုမ္ပဏီတခုဖြစ်တဲ့ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီကို တရားဝင် လုပ်ဆောင်ခွင့်ပေးလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပေမယ့် ဒီစီမံကိန်းကို လုပ်ကိုင်ခွင့်ရမယ့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအကြောင်း သေချာရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို ဘယ်လိုစံချိန်စံညွှန်းတွေကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် အဲဒီကုမ္ပဏီကို ရွေးချယ်ခဲ့သလဲဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီတခုတည်းက တာဝန်ယူမယ်ဆိုတာရယ်၊ ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးပမာဏဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၈ ဘီလီယံဆိုတာက အင်မတန်မှ များပြားလှတဲ့ ငွေကြေးပမာဏဖြစ်ပြီး ဒီငွေကြေး တွေကဘယ်ကလာတဲ့ ငွေကြေးတွေလဲ ဆိုတာရယ်က အင်မတန် စိတ်ဝင်စားစရာကောင်းလှပါတယ်။

အိုင်အက်စ်အဖွဲ့က ဒါဇင်နှင့်ချီသည့် ဆီးရီးယားစစ်သားများကို ဖမ်းဆီးသတ်ဖြတ်

 Photo: အိုင်အက်စ်အဖွဲ့က ဒါဇင်နှင့်ချီသည့် ဆီးရီးယားစစ်သားများကို ဖမ်းဆီးသတ်ဖြတ်
Friday, August 29, 2014

အစ္စလာမ်မစ် ပြည်ထောင်စုလို့ ခေါ်တဲ့ အိုင်အက်စ်စစ်သွေးကြွတွေဟာ နိုင်ငံအရှေ့ မြောက်ဘက်က လေတပ်အခြေစိုက်စခန်းကို သိမ်းပိုက်အပြီး ဖမ်းဆီးရမိတဲ့ ဒါဇင်နဲ့ချီတဲ့ ဆီးရီးယားစစ်သားတွေကို သတ်ပစ်လိုက်တယ်လို့ အကြမ်းဖက်မှုစောင့်ကြည့်ရေးအုပ်စုက ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့က ပြောပါတယ်။

အယ်လ်ကေဒါ အမာခံဂိုဏ်းကွဲ အိုင်အက်စ်စစ်သွေးကြွတွေဟာ သြဂုတ် ၂၄ ရက်နေ့ ကတည်းက တဘ်ကာလေတပ်စခန်းကို စီးနင်းမွှေနှောက်ခဲ့တာပါ။

နှစ်ဖက်စလုံးကြား ကြောက်စရာ အကောင်းဆုံးတိုက်ပွဲတွေထဲက တခုအတွင်း စစ်သားတွေနဲ့ အရာရှိတွေကို ဖမ်းဆီး သတ်ဖြတ်လိုက်တယ်လို့ သူတို့က ပြောပါတယ်။

ဒေသတွင်း ဆီးရီးယားစစ်တပ်ရဲ့ နောက်ဆုံးခြေကုပ်ဖြစ်တဲ့ တဘ်ကာစခန်းကို သိမ်းပိုက်မှုနဲ့ စစ်သည်အများအပြားကို သတ်ဖြတ်မှုဟာ အိုင်အက်စ်တွေရဲ့ နိုင်ငံမြောက်ပိုင်း ခြေကုပ်ကို ပြသမှုလည်း ဖြစ်ပါတယ်။

တကယ့်မြေပြင်ပေါ်က အချက်အလက်တွေကို သုံးပြီး ပဋိပက္ခကို စောင့်ကြည့်နေတဲ့ ဆီးရီးယား လူ့အခွင့်အရေး လေ့လာရေးအဖွဲ့ကတော့ သတ်ဖြတ်ခံခဲ့ရတဲ့ စစ်သားတွေဟာ အိုင်အက်စ်စစ်သွေးကြွတွေ ဖမ်းတာခံရပြီးတဲ့နောက် လေဆိပ်ကနေ ထွက်ပြေးဖို့ ကြိုး စားခဲ့ကြသေးတယ်လို့ ပြောပါတယ်။

ဆီးရီးယားအစိုးရမီဒီယာကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတာကို အတည်ပြုပေမယ့် သေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေကို အစီရင်ခံမှု မလုပ်ပါဘူး။

အိုင်အက်စ်စစ်သွေးကြွတွေ တိုက်ပွဲအတွင်း အကြီးအကျယ် ဆုံးရှုံးတယ်လို့လည်း ပြောခဲ့ ပါတယ်။

DVB
အစ္စလာမ်မစ် ပြည်ထောင်စုလို့ ခေါ်တဲ့ အိုင်အက်စ်စစ်သွေးကြွတွေဟာ နိုင်ငံအရှေ့ မြောက်ဘက်က လေတပ်အခြေစိုက်စခန်းကို သိမ်းပိုက်အပြီး ဖမ်းဆီးရမိတဲ့ ဒါဇင်နဲ့ချီတဲ့ ဆီးရီးယားစစ်သားတွေကို သတ်ပစ်လိုက်တယ်လို့ အကြမ်းဖက်မှုစောင့်ကြည့်ရေးအုပ်စုက ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့က ပြောပါတယ်။ အယ်လ်ကေဒါ အမာခံဂိုဏ်းကွဲ အိုင်အက်စ်စစ်သွေးကြွတွေဟာ သြဂုတ် ၂၄ ရက်နေ့ ကတည်းက တဘ်ကာလေတပ်စခန်းကို စီးနင်းမွှေနှောက်ခဲ့တာပါ။

ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရတဲ့အပေါ် မော်ဒယ် သန္တာလိုင် တုံ့ပြန်

Photo: ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရတဲ့အပေါ် မော်ဒယ် သန္တာလိုင် တုံ့ပြန် 
Friday, August 29, 2014

မော်ဒယ် သန္တာလိုင်က သူမကို ယခုရက်ပိုင်း အွန်လိုင်းပေါ်က တဆင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက် ခံထားရတာနဲ့ ပတ်သက်ပြီး သူရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျာက်နှာမှာ တုံ့ပြန်လိုက်ပါတယ်။

' အနုပညာအလုပ် လုပ်ပြီဆိုကထည်းက သူများတွေ ပြောဆိုတာနှင့် ပတ်သက်ပြီး အရေထူရမယ်ဆိုတာ လုံးဝသိပြီးသားပါ။ ဒါကြောင့်လည်း တော်ရုံတန်ရုံ ပြောကြရေးကြတာတွေအကုန်လုံးကို ကိုယ်က တုံ့ပြန်လေ့မရှိပါဘူး။ တကယ်တန်း အဆင့်အတန်းရှိရှိ ဝေဖန်ကြတာမျိုးဆိုရင်တော့ ဗဟုသုအဖြစ်အောင် ဖတ်ဖြစ် တာရှိပေမယ့် အောင်တန်းကျကျ ထိုးနှက်တာမျိုးဆိုရင်တော့ အချိန်ကုန် ခံပြီးတော့တောင် ဖတ်မနေဖြစ်တော့ တာ ကြာလှပါပြီ။ 

အခုပြောမှာက အဲဒီ အဆင့်အတန်းမရှိဘူးဆိုတဲ့အထဲမှာ ထိပ်ဆုံးကပါတဲ့ စာတစ်ပုဒ်ပါ။ သူရေးတဲ့အထဲ မှာပါတဲ့ အရေးအသားနှင့် အချက်အလက်တွေကတော့ ဘယ်သူဖတ်ဖတ် မဟုတ်တာ ရေးထားမှန်း သိသာ လွန်းလောက်အောင်ကို အဆင့်နိမ့်ကျလွန်းလို့ ပြန်ပြောမနေတော့ပါဘူး။ 

ကိုယ်ပြောချင်တာက အဲလောက်အဆင့်အတန်းမရှိတဲ့ စာမျိုးကို ဖော်ပြဖို့ကို သူ့ခင်မျာ တော်တော်ကို အပင်ပမ်းခံပြီး အကုသိုလ် ပွားထားတာကို အံ့သြမိလို့ပါ။ အဲလိုဖော်ပြဖို့ အချိန်တွေပေးသလိုများအကျိုးရှိမယ့် နေရာမှာ အသုံးချ လိုက်မယ်ဆိုရင် ဘယ် လောက်များ ကောင်းလိုက်မလဲလို့လဲ သူ့အတွက် နှမြောမိပါသေးတယ်။ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေက ခုရက်ပိုင်း အတွင်းမှာ ခွက်ထိုးခွက်လှန်ရယ်ပြီး ကိုယ်နှင့် ပတ်သက်တဲ့ ဟာသတစ်ပုဒ်ကို ဓာတ်ပုံတွေဘာတွေတောင် အတုလုပ်ပြီး လူတစ် ယောက်က တင်ထား တယ်ဆိုတာ လာပြောပြကြတယ်။ 

အဲဒီလူနာမည်က ဂိုရှယ်လေးတဲ့။ အဲဒါနှင့်ပဲ သူက ဘယ်လိုလူစားမျိုးမို့ ကိုယ့်ကအကြောင်းကို အဲလို အချိန်နှင့်စွမ်းအားတွေ ရက် ရက်ရောရော စိုက်ထုတ်ပြီး အောက်တန်းကျကျလုပ်နေရတာလဲလို့ နားလည်တဲ့လူတွေကို မေးကြည့်လိုက်တော့ တော်တော်လေး အံ့အားသင့်စရာတစ်ခုတွေ့လိုက်ရတယ်။ အဲဒီဂိုရှယ်လေးဆိုတဲ့ လူရဲ့ ဓာတ်ပုံကို တိတိကျကျ လိုက်ခိုင်းလိုက်တော့ သူ့ရုပ်က သရဲသဘက်လို လဲမ ဟုတ်ဘူး။ သူလိုကိုယ်လို လူရုပ်ပါပဲ။ ပိုဆိုးတာက ကိုယ်တွေ့တဲ့ပုံမှာ သူ့ပုံဘေးဘက်ကြည့်လိုက်တော့ ဇနီးနှင့် ကလေးနှစ်ယောက်နှင့်သာယာတဲ့မိသားစုလေးတည်ဆောက်ထားတဲ့ပုံဖြစ် နေပြန်တယ်။ 

အဲတော့ အခုစာရေးရတဲ့ ရည်ရွယ်ချက်က ပုံပမ်းသဏ္ဍန်ကလည်း အထူးတလည် ကောက်ကျစ်ယုတ်မာပြီ မကောင်းဆိုးဝါး ဘီလူးတစ်ကောင်လို မဟုတ်တဲ့လူတစ်ယောက်က အဲလောက် အဆင့်အတန်း မရှိဘဲ နောက် နောင်သူ့ရဲ့ မျိုးဆက်တွေဖတ်မိရင် တောင် အရှက်ရမယ့် အောင်တန်းစားစာမျိုးကို ရေးမိတဲ့ အချိန်မှာ ဘေးမှာရှိနေတဲ့ ဇနီးနှင့် ကလေးလေးတွေရဲ့မျက်နှာကိုမှ ထောက် ထားမိရဲ့လားဆိုတာပါပဲ။ 

အခုလို ပိရိလှပါချည်ရဲ့ဆိုတဲ့ သူတွေကိုတောင် နည်းပညာနှင့် ဖော်ထုတ်နိုင်တဲ့ ခေတ်မျိုးမှာ ကိုယ့်လက်ရာ ဆိုတာများပေါ်သွားခဲ့ရင် အဲလိုအောင်တန်းစားစာမျိုးကိုတင်ခဲ့တဲ့ သူရဲ့ ဇနီးနှင့် ကလေးနှစ်ယောက်အဖြစ် မျက်နှာမဖော်ရဲလောက်အောင်ကို သိက္ခာ ကျမယ်ဆိုတာကို တွေးမိခဲ့ရဲ့လားလို့လည်း စိတ်ထဲမှာမေးမိတယ်။

ကလေးကအစဖတ်မိရင် မဟုတ်မဟတ်တွေရေးထားမှန်းသိနိုင်တာမို့ အရေးခံရသူဖက်ကတော့ ဘာတစ် ခုမှ နစ်နာစရာမရှိပါဘူး။ အမေရိကန်နိုင်ငံက ဓာတ်ဆီဆိုင်တွေမှာ ရောင်းတဲ့ အပျင်းပြေ ဟာသစာစောင်တွေမှာဆို ဒုသမ္မတ ဒစ်ချိန်နီ (Dick Cheany) က အင်္ဂါဂြိုဟ်သားကြီးဖြစ်တယ်၊ အဆိုတော် လေဒီ ဂါဂါ (Lady Gaga) က ညဖက်ဆိုရင် သွေးစုပ်ဖုတ်ကောင်ဖြစ်သွားတယ် စသည်ဖြင့် photoshop ဓာတ်ပုံတွေနှင့် လုပ်ဇတ်တွေရေးကြတာ အားလုံးအသိပါ။ 

အတိုင်းတာတစ်ခုထိ လူစိတ်ဝင်စားတဲ့သူမှန်ရင် အဲလိုရေးခံရတာမို့ ဘာမှ မထိခိုက်ပါဘူး။ ဒါပေမယ့် အခုဖော်ပြလိုက်တဲ့ ဓာတ်ပုံ ထဲက အမျိုးသမီးနှင့် ကလေးတွေကိုတော့ကိုယ်ကသနားမိတယ်။အဲလိုအောင်တန်းစားစာမျိုးရေးတတ်တဲ့ လင်သားနှင့် ဖခင်ရထားလို့။ သြော်ဒါနှင့် နောက်ဆုံးတစ်ခုပြော ရဦးမယ်။ အဲလိုနောက်ကို အောက်တန်းစားစာမျိုးရေးမယ်ဆိုရင် ဒီထက်ပိုရ သမြောက်တဲ့ စာအရေး အသားမျိုးရေးတတ်အောင် လေ့ကျင့်ထားလိုက်ပါဦးလို့။ နောက်ပြီး ဓာတ်ပုံအတု အင်ထုတာကြီးကလည်း ဒီထက် ယုတ္တိ ရှိရှိ အသုံးကျတဲ့ အဆင့်ပုံမျိုးဖြစ်အောင် ကြိုးစားလိုက်ပါဦးလို့။" 

သန္တာလိုင်ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်နှာက မူရင်းအတိုင်း ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

Credit - ဧရာဝတီဘလော့ဂ်မော်ဒယ် သန္တာလိုင်က သူမကို ယခုရက်ပိုင်း အွန်လိုင်းပေါ်က တဆင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက် ခံထားရတာနဲ့ ပတ်သက်ပြီး သူရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျာက်နှာမှာ တုံ့ပြန်လိုက်ပါတယ်။

' အနုပညာအလုပ် လုပ်ပြီဆိုကထည်းက သူများတွေ ပြောဆိုတာနှင့် ပတ်သက်ပြီး အရေထူရမယ်ဆိုတာ လုံးဝသိပြီးသားပါ။ ဒါကြောင့်လည်း တော်ရုံတန်ရုံ ပြောကြရေးကြတာတွေအကုန်လုံးကို ကိုယ်က တုံ့ပြန်လေ့မရှိပါဘူး။ တကယ်တန်း အဆင့်အတန်းရှိရှိ ဝေဖန်ကြတာမျိုးဆိုရင်တော့ ဗဟုသုအဖြစ်အောင် ဖတ်ဖြစ် တာရှိပေမယ့် အောင်တန်းကျကျ ထိုးနှက်တာမျိုးဆိုရင်တော့ အချိန်ကုန် ခံပြီးတော့တောင် ဖတ်မနေဖြစ်တော့ တာ ကြာလှပါပြီ။

အလုပ်ခွင်မှာ ပျော်ပျော်ရွှင်ရွှင်

 Photo: အလုပ်ခွင်မှာ ပျော်ပျော်ရွှင်ရွှင်
Friday, August 29, 2014

အစုလိုက် လုပ်ငန်းတခု၊ မိမိအသက်မွေးဝမ်းကျောင်းမှု လုပ်ငန်း တခု  အောင်မြင်ဖို့ လုပ်ငန်းခွင်အတွင်းက  လုပ်သားတွေ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကိုင်တတ်ကြဖို့ လိုတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ 
ဘယ်လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ကြတာမှာ ပျော်ရွှင်နေဖို့ဟာ အရေးကြီး ပြီး လုပ်ငန်း အောင်မြင်ဖို့အတွက် အဓိက ဖြစ်တယ်လို့ Julia K. Boehm နဲ့ Sonja Lyubomirsky တို့လို ပညာရှင်တွေက အခိုင်အမာ ယုံကြည်ကြပါတယ်တဲ့။ 

သူတို့ ၂ ဦးဟာ Does Happiness Promote Career Success? ဆိုတဲ့ အမည်နဲ့ စာတမ်းတစောင်ကို ၂၀၀၈ ခုနှစ်က ရေး သား ထုတ်ဝေခဲ့ပါတယ်။ သူတို့ရဲ့ စာတမ်းမှာ အလုပ်ခွင်ထဲက လုပ်ဖော်ကိုင်ဖက် အချင်းချင်းကြားဆက်ဆံရေးတွေကိုလည်း သုတေသန လုပ်ခဲ့ကြ ပါတယ်တဲ့။ 

လူသားတွေဟာ မိမိတို့သက်ဆိုင်ရာ အလုပ်ခွင်တွေ အသီးသီးမှာ တာဝန် အသီးသီးထမ်းဆောင်နေကြပါ တယ်။ 

အိမ်တွင်း အလုပ်ခွင်၊ မိသားစုပိုင် စီးပွားရေးလုပ်ငန်းက အစ၊ အစိုးရ၊ ပုဂ္ဂလိက၊ ကုမ္ပဏီ စတဲ့ ဌာနနဲ့ လုပ်ငန်းခွင်အသီးသီးမှာ တာဝန် တွေ အသီးသီး ထမ်းဆောင်နေကြတာပါ။ ကိုယ့်အလုပ်တာဝန်တွေကို ချစ်ခင်မြတ်နိုးဖို့ အရေးကြီးပါတယ်။ ဒီအပြင် မိမိလုပ်ဆောင်နေတဲ့ အလုပ်ကို ကိုယ့်ရဲ့ ကိုယ်ပိုင်အလုပ် အဖြစ် စိတ်ထားတတ်ဖို့လည်း လိုအပ်ပါတယ်တဲ့။ 

လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင် တာဝန်ထမ်းဖို့ ဆိုတာ လွယ်လွယ်နဲ့ မဖြစ်နိုင်ပါဘူးတဲ့။ ဒါဟာ လေ့ကျင့် ယူရတယ်လို့လည်း ဆိုကြပါတယ်။ 

အသေးအမွှား ကိစ္စက အစ လုပ်ငန်းအတွက် အကြီးမားဆုံးအကျိုးအမြတ် ဖြစ်စေတဲ့ လုပ်ရပ်ကို ဖော်
ဆောင်တဲ့သူတိုင်းကို လည်း လုပ်ဖော်ကိုင်ဖက်အချင်းချင်းက အသိအမှတ်ပြု ချီးမွမ်းတတ်ဖို့ သိပ်အရေးကြီး တယ်လို့ သူတို့က ဆိုပါတယ်။ 

လုပ်ငန်းခွင် တခုထဲမှာပဲ ကဏ္ဍ အသီးသီးမှာ မတူညီတဲ့ တာဝန်တွေကို ထမ်းဆောင်နေကြရင်း အောင်မြင် သူတွေလည်း ပေါ်ထွက်ကြတာ ဓမ္မတာပါဘဲတဲ့။ 

လုပ်ငန်းခွင်မှာ ပျော်ရွှင်မှု ရှိပြီး ရောင့်ရဲတင်းတိမ်တတ်တဲ့သူတွေဟာ အောင်မြင်ကြတယ် လို့သုတေသန ပြု ချက်တွေက ဖော်ပြနေပါတယ်တဲ့။ 

 အောင်မြင်တဲ့ လူဟာ အပေါင်းလက္ခဏာဆောင်တဲ့ တွေးတော ပြောဆို မှုတွေ ရှိတတ်ကြပြီး တဖက်သား အပေါ် ဖြည့်ပြီး နားလည် လက်ခံတတ်လေ့ ရှိတာလည်း တွေ့ရပါတယ်တဲ့။ အထက်၊ တန်းတူ၊ အောက် စတဲ့ လုပ်ငန်း ခွင်ထဲက လုပ်ဖော် ကိုင်ဖက်အချင်းချင်းကြားမှာလည်း ဘက်မလိုက် ဆက်ဆံတတ်ကြတာ 
အောင်မြင်သူတွေရဲ့ ထူးခြားတဲ့ တူညီချက်တွေလို့ ဆိုပါတယ်။ 

တဦးချင်း လုပ်ငန်းအောင်မြင်မှုကနေ အဖွဲ့နဲ့ လုပ်ငန်း အောင်မြင်မှုတွေကို ဖြစ်ပေါ်စေပြီး ဒါဟာလည်း လုပ်ငန်းခွင် အတွင်း ပျော်ရွှင်မှုနဲ့ တိုက်ရိုက် ချိတ်ဆက်နေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ 

အများနဲ့ လုပ်ကြရတဲ့ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း တဦးရဲ့ အရည်အချင်းကို တဦးက အပြန်အလှန် အသိအမှတ်ပြုမှု၊ တဦးအပေါ် တဦး နားလည်မှု၊ လေးစားမှုတွေက လုပ်ငန်းခွင် ပျော်ရွှင် မှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ 

ဒါမှသာ လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြား ပူးပေါင်း ဆောင်ရွက်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေအားကောင်း လာပြီး လုပ်ငန်း အောင်မြင်မှုလည်း မြင့်မားလာမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

မိသားစုလို၊ အားကစားအသင်းလို အပေးအယူမျှတ တဲ့ လုပ်ငန်းခွင်ဟာ ပျော်ရွှင်ဖွယ်ကောင်းပြီး အောင်မြင် မှုတွေ ဆင့်ကဲ ရရှိကြပါတယ်တဲ့။ 

လုပ်ငန်းခွင် အတွင်း မနာလို၊ ဝန်တိုစိတ်ထားမှုဟာ လုပ်ငန်းခွင် ပျော်ရွှင်မှုကို အဓိက ပျက်စီးစေပြီး အောင်
မြင် မှု မရရှိပဲ ဆုတ်ယုတ်မှုကိုသာ ဖြစ်စေတယ်လို့ သုတေသနပြုချက်တွေက ညွှန်းဆိုပါတယ်တဲ့။ 

ဒီလို ကိစ္စတွေဟာ လူတိုင်းနီးပါး သိပြီး သားဖြစ်ပေမယ့် အရေးအကြီးဆုံးကတော့ အလေ့အကျင့် လုပ်ရ တာပါတဲ့။

လုပ်ငန်းရှင်ဖြစ်စေ၊ လုပ်ငန်းခွင်ထဲက အဓိက စီမံဆောင်ရွက်သူ မန်နေဂျာက ဖြစ်စေ အခါအားလျော်စွာ ဖန်တီးလေ့ကျင့် ပေးဖို့ လိုအပ်သလို လုပ်ငန်းခွင်ထဲက လူတိုင်းကလည်း ပူးပေါင်း ပါဝင် ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 

လုပ်ငန်းခွင်မှာ ပျော်ရွှင်ပြီး အောင်မြင်မှုတွေ ရရှိကြပါစေ။  

ဧရာဝတီ
အစုလိုက် လုပ်ငန်းတခု၊ မိမိအသက်မွေးဝမ်းကျောင်းမှု လုပ်ငန်း တခု  အောင်မြင်ဖို့ လုပ်ငန်းခွင်အတွင်းက  လုပ်သားတွေ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကိုင်တတ်ကြဖို့ လိုတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။
ဘယ်လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ကြတာမှာ ပျော်ရွှင်နေဖို့ဟာ အရေးကြီး ပြီး လုပ်ငန်း အောင်မြင်ဖို့အတွက် အဓိက ဖြစ်တယ်လို့ Julia K. Boehm နဲ့ Sonja Lyubomirsky တို့လို ပညာရှင်တွေက အခိုင်အမာ ယုံကြည်ကြပါတယ်တဲ့။
သူတို့ ၂ ဦးဟာ Does Happiness Promote Career Success? ဆိုတဲ့ အမည်နဲ့ စာတမ်းတစောင်ကို ၂၀၀၈ ခုနှစ်က ရေး သား ထုတ်ဝေခဲ့ပါတယ်။ သူတို့ရဲ့ စာတမ်းမှာ အလုပ်ခွင်ထဲက လုပ်ဖော်ကိုင်ဖက် အချင်းချင်းကြားဆက်ဆံရေးတွေကိုလည်း သုတေသန လုပ်ခဲ့ကြ ပါတယ်တဲ့

ရန်ကုန်တိုင်းအစိုးရ ဧည့်ခံစရိတ် ကျပ်ခြောက်သန်းကျော် ဖြည့်စွက်တောင်းခံ

Photo: ရန်ကုန်တိုင်းအစိုးရ ဧည့်ခံစရိတ် ကျပ်ခြောက်သန်းကျော် ဖြည့်စွက်တောင်းခံ
Friday, August 29, 2014

၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံရာတွင် နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံခြားဧည့်သည်များ ဧည့်ခံစရိတ် ကျပ်ငွေခြောက်သန်းကျော် တောင်းခံထားကြောင်း သတင်းရရှိသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး သည် မူလခွင့်ပြုသည့် ငွေမလုံ လောက်သဖြင့် ကျပ်ငွေ ၃၉ ဒသမ၁၈၇ ဘီလီယံကို ထပ်မံတောင်းခံရာတွင် နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံခြားဧည့်သည်များအား ဧည့်ခံရန် ဧည့်ခံစရိတ်ကျပ်ငွေ၆ ဒသမ ၅၉၆ သန်းထည့်သွင်းတောင်းခံ ထားခြင်းဖြစ်သည်။

သြဂုတ်လ ၂၇ ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေကို တိုင်းဒေသကြီး ဘဏ္ဍာရေး ၀န်ကြီး ဒေါ်စန်းစန်းနွယ် က တင်ပြတောင်းခံခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ခန့်မှန်းအသုံးစရိတ် ၃၈၀ ဘီလီယံကျော်တောင်းခံထားပြီးဖြစ်ရာ ယင်းငွေပမာဏမလုံလောက်၍ လိုငွေကျပ် ၃၉ ဘီလီယံကျော်ထပ်မံတောင်းခံခြင်း ဖြစ်သည်။

တိုင်းဒေသကြီးအစိုးရ၏ ဖြည့်စွက်ရန်ပုံငွေတောင်းခံမှုတွင် ဧည့်ခံစရိတ်ကျပ်ငွေ ၆ သန်းကျော်တောင်းခံထားခြင်းမှာ များပြား လွန်းကြောင်း ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ်အချို့ က ပြောသည်။

မူလခွင့်ပြုငွေမလုံလောက် သဖြင့် ဘဏ္ဍာငွေထပ်မံတောင်းခံ သည့် ဌာနဆိုင်ရာ အဖွဲ့အစည်း ၁၀ ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဥပဒေရုံးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ မီးသတ်ဦးစီး ဌာန၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ အဆောက်အအုံ လမ်းတံတားပြင်ဆင်ထိန်းသိမ်းခြင်းအဖွဲ့၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုကို လက်ရှိကျင်းပဆဲ တိုင်းဒေသကြီး လွှတ်တော်အ စည်းအဝေးတွင် လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးရန်ရှိနေ သည်။

7Day DAILY 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (ဓာတ်ပုံ - ရန်မျိုးနိုင်)
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (ဓာတ်ပုံ - ရန်မျိုးနိုင်)
 ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံရာတွင် နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံခြားဧည့်သည်များ ဧည့်ခံစရိတ် ကျပ်ငွေခြောက်သန်းကျော် တောင်းခံထားကြောင်း သတင်းရရှိသည်။၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး သည် မူလခွင့်ပြုသည့် ငွေမလုံ လောက်သဖြင့် ကျပ်ငွေ ၃၉ ဒသမ၁၈၇ ဘီလီယံကို ထပ်မံတောင်းခံရာတွင် နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံခြားဧည့်သည်များအား ဧည့်ခံရန် ဧည့်ခံစရိတ်ကျပ်ငွေ၆ ဒသမ ၅၉၆ သန်းထည့်သွင်းတောင်းခံ ထားခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများ ကိုယ်စားပြုမည့် အဖွဲ့ဖွဲ့စည်းရန်ပြင်ဆင်နေ

နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲမူဘောင်အတွက် ဆွေးနွေး ကြသည့် အခါ မြန်မာနိုင်ငံရှိ နိုင်ငံ ရေးပါတီအားလုံးကိုယ်စားပြု၍ ဆွေးနွေးနိုင်မည့် အဖွဲ့အစည်း တစ်ခုကို စက်တင်ဘာအတွင်း ဖွဲ့ စည်းနိုင်ရန် ကြိုးစားနေကြောင်း ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)က ပြော ကြားသည်။တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များကို ကိုယ်စားပြု သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ရှိသကဲ့သို့ နိုင်ငံရေးပါ တီများကို ကိုယ်စားပြုသည့် အဖွဲ့ မျိုးဖြစ်ရမည်ဟု ဆိုသည်။ ယင်း ကဲ့သို့ ဖွဲ့စည်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အစရှိသည့် နိုင်ငံရေးပါတီ များသို့ ချဉ်းကပ် ကမ်းလှမ်းနေပြီဖြစ်ကြောင်းNBF၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇိုဇမ်က ပြောသည်။

စာမေးပွဲအောင်မြင်ပြီး အလုပ်မ၀င်ခဲ့သော နေ့စားလပေးလစ်လပ် နေရာများတွင် မအောင်မြင်ခဲ့သူများနှင့် အစားထိုးမည်

ချင်းပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် တာဝန် ထမ်းဆောင်ရန် နေ့စား လပေး ကျောင်းဆရာ၊ ဆရာမ ၁၆၀၀ ကျော်ကို သြဂုတ် ၆ရက်က ခန့်အပ် ထားခဲ့သော် လည်း လာရောက် တာဝန်ထမ်းဆောင်သည့် အရေအတွက် မပြည်မီခဲ့ခြင်းကြောင့် စာမေးပွဲဖြေဆိုပြီး မအောင်မြင်ခဲ့သူများအား ပြန်လည် စိစစ်အလုပ်ခန့်အပ်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်ပညာရေးမှူး ဦးကျင့်ခန်းပေါင်က ပြောသည်။
‘‘စာမေးပွဲအောင်ပြီး လာ ရောက်တာဝန်မထမ်းဆောင်နိုင် တဲ့သူတွေနေရာမှာ စာမေးပွဲဖြေ ပြီး မအောင်တဲ့သူတွေရဲ့အမှတ် စာရင်းတွေ ပြန်လည်စိစစ်ပြီး အ လုပ်ခန့်သွားဖို့ရှိတယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့အတွက်လည်း သက်ဆိုင်ရာ အစိုးရ ၀န်ကြီးဌာန ကို စာတင်ထားပါတယ်။ လာမယ့် နှစ်ပတ်အတွင်း အစည်း အဝေး တွေထိုင်ပြီးရင်တော့ အဖြေသိရ ပါလိမ့်မယ်’’ဟု ဦးကျင့်ခန်းပေါင် ကပြောသည်။
ချင်းပြည်နယ်တွင် နေ့စား လပေးဆရာ၊ဆရာမအဖြစ်ယခင် နှစ်က တစ်ထောင်ကျော် ခန့် အပ် ခဲ့ရာ အလုပ်ဝင်သူဦးရေ ၈၉၀သာ ရှိခဲ့သည်။ ယခုနှစ်တွင်နေ့စားလ ပေးဆရာ၊ ဆရာမဦးရေ ၁၆၄၀ ကျော်ခန့်အပ်ခဲ့ရာ သြဂုတ် ၂၈ ရက်အထိ အလုပ်ဝင်သည့်ဦးရေ သည် ၁၆၀၀ထိရှိခဲ့သည်။

ရှာရာပိုဗာနှင့်ဝေါ်ရင်ကာ ယူအက်စ်အိုးပင်း တတိယအဆင့်သို့ တက်ရောက်

နယူးယောက်-ယခုနှစ် ပြင်သစ် အိုးပင်းချန်ပီယံ ရှာရာပိုဗာနှင့် ဩစတေးလျအိုးပင်းချန်ပီယံ စတန်ဝေါ်ရင်ကာတို့သည် ယူ အက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင် အခက်အခဲ အနည်းငယ်တွေ့ခဲ့သော်လည်း အောင်မြင်စွာ ဖြတ်ကျော်ကာ တ တိယအဆင့်သို့ တက်ရောက်သွား နိုင်ခဲ့သည်။ရှာရာပိုဗာမှာ ပြိုင်ဘက် ဒူလ် ဂီရူအား ပထမပွဲငယ်တွင် ရှုံးခဲ့ သော်လည်း နောက်ပိုင်းတွင် နှစ် ပွဲဆက်နိုင်ကာ တတိယအဆင့် သို့ ၄-၆ ၊ ၆-၃ ၊ ၆-၂ ဖြင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ဆီဒင်အဆင့် ၅ ရသည့် ရှာရာပိုဗာမှာ ပွဲတွင် လေတိုက် နှုန်းပြင်းနေ၍ အခက်အခဲ အနည်း ငယ်ကြုံခဲ့ရပြီးနောက် နှစ်နာရီ ၂၆ မိနစ်ကစားကာ အနိုင်ရခဲ့ သည် ။
ဆွစ်ဇာလန်တင်းနစ်သမား ဝေါ်ရင်ကာမှာ ပြိုင်ပွဲတွင် ဆီ ဒင်အဆင့် ၃ ရထားခဲ့ပြီး ဘရာဇီး မှ တောမတ်စ် ဘယ်လူချီနှင့် ကစားခဲ့ရကာ ၆-၃ ၊ ၆-၄၊ ၃-၆ ၊ ၇-၆ ( ၇/၁) ဖြင့် အနိုင်ရ ခဲ့ကာ အမျိုးသားတင်းနစ် ပွဲစဉ် များတွင် တတိယအဆင့်သို့ ပထ မဆုံးတက်ရောက်နိုင်ခဲ့သည်။

ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင် တန်း အ မှတ် စဉ် (၁) သင် တန်း ဆင်းပွဲ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြား



တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား ကို ယနေ့နံနက် (၈)နာရီက မှော်ဘီ တပ်နယ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။

အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းများအား ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်

Photo: အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းများအား ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်
Friday, August 29, 2014 

ပထမဆုံးအမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်း ၁၀၀ ဦးအား တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များတွင် ပြန်တမ်းဝင်အရာရှိများအဖြစ် ဆောင်ရွက်ရန် သြဂုတ် ၂၇ ရက် တွင် ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်ကာကွယ်ရေး သမိုင်းတစ်လျှောက် အမျိုးသမီး ဗိုလ်လောင်းများအား ပထမဆုံးအကြိမ် တာဝန်ပေးအပ်ခြင်းလည်း ဖြစ်သည်။ ဗိုလ်လောင်း ၁၀၀ ဦး၌ တပ်မတော်(ကြည်း) တွင် ၉၂ ဦး၊ တပ်မတော်(ရေ)တွင် ငါးဦးနှင့် တပ်မတော်(လေ)တွင် သုံးဦးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်လောင်းများသည် ပြင်ပအရပ်သူများထဲမှ မဟာဘွဲ့၊ ပါရဂူဘွဲ့နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဘွဲ့ရပြီးသူများဖြစ်ကြသည်။

‘‘သင်တန်းဆင်း ၁၀၀ ထဲမှ ၁၇ ယောက်က ရန်ကုန်တိုင်း စစ် ဌာနချုပ်အောက်ကို ရောက်လာတယ်။ အဲဒီထဲက လေးယောက်က သင်ကြားရေးဘက်ကို ပိုစတင်ကျတယ်။ တပ်မတော်ဆေး တက္ကသိုလ်ကို နှစ်ယောက်၊ တပ်မတော်ဆေးပညာသည်နှင့် သူနာပြုတက္ကသိုလ်ကို နှစ်ယောက်ပေါ့။ လေးယောက်လုံးက သတ္တဗေဒမဟာဘွဲ့ရတွေဖြစ်ပါတယ်’’ ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သင်တန်းဆင်းပွဲကို သြဂုတ် ၂၈ ရက်တွင် မှော်ဘီတပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ခဲ့သည်။

‘‘အမျိုးသား ဗိုလ်လောင်းပြန်တမ်းဝင်အရာရှိဆိုရင်တော့ သင်တန်းဆင်းပြီးရင် ရှေ့တန်းထွက်ရတာပေါ့။ အမျိုးသမီးကတော့ မထွက်ရဘူး။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာပဲ သုံးမယ်’’ ဟု ၎င်းကဆက်လက်ပြောကြားသည်။

မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် အမျိုးသမီး ဗိုလ်လောင်းများအား ပြီးခဲ့သည့်နှစ် အောက်တိုဘာက စတင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး လျှောက်ထားသူပေါင်း ၅၀၀၀ ခန့်မှ ၁၀၁ ဦးအား ရွေးချယ်ခဲ့သည်။ ၎င်းတို့အနက် တစ်ဦးမှာ သတင်းပို့ပျက်ကွက်သဖြင့် အလိုအလျောက် ပျက်ပြယ်သွားခြင်းဖြစ်သည်။

ယင်းဗိုလ်လောင်းများအား မှော်ဘီ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်းတွင် မတ်လမှ သြဂုတ်လအထိ ခြောက်လကြာ စစ်သင်တန်းများ ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းပို့ချနေစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်လေ့လာစစ်ဆေးခဲ့သည်။

အမျိုးသမီးဗိုလ်လောင်း  ၁၀၀ ကျော်အနက် ၃၀ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး ကျန် ၈၀ ဦးခန့်မှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဖြစ်ကြသည်။ ထို့အပြင် (M.B.B.S) ဘွဲ့ရ အမျိုးသမီး ၁၅ ဦးအား စစ်သင်တန်းသုံးလပေး၍ ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ခန့်အပ်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး အမျိုးသမီးဗိုလ်လောင်းသင်တန်း၏ သင်တန်းဆင်းပွဲကို သြဂုတ် ၂၈ ရက်က မှော်ဘီ တပ်မတော်(ကြည်း)ဗိုလ်လောင်းသင်တန်းကျောင်း၌ပြုလုပ်နေစဉ်
မြန်မာနိုင်ငံတွင် ပထမဆုံး အမျိုးသမီးဗိုလ်လောင်းသင်တန်း၏ သင်တန်းဆင်းပွဲကို သြဂုတ် ၂၈ ရက်က မှော်ဘီ တပ်မတော်(ကြည်း)ဗိုလ်လောင်းသင်တန်းကျောင်း၌ပြုလုပ်နေစဉ်

ပထမဆုံးအမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်း ၁၀၀ ဦးအား တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များတွင် ပြန်တမ်းဝင်အရာရှိများအဖြစ် ဆောင်ရွက်ရန် သြဂုတ် ၂၇ ရက် တွင် ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်ကာကွယ်ရေး သမိုင်းတစ်လျှောက် အမျိုးသမီး ဗိုလ်လောင်းများအား ပထမဆုံးအကြိမ် တာဝန်ပေးအပ်ခြင်းလည်း ဖြစ်သည်။ ဗိုလ်လောင်း ၁၀၀ ဦး၌ တပ်မတော်(ကြည်း) တွင် ၉၂ ဦး၊ တပ်မတော်(ရေ)တွင် ငါးဦးနှင့် တပ်မတော်(လေ)တွင် သုံးဦးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်လောင်းများသည် ပြင်ပအရပ်သူများထဲမှ မဟာဘွဲ့၊ ပါရဂူဘွဲ့နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဘွဲ့ရပြီးသူများဖြစ်ကြသည်။