Thursday, March 17, 2016

သမ၀ါယမ ၀န်ကြီးဌာန မရှိတော့သော်လည်း သမချေးငွေများ သတ်မှတ်ချိန်အတိုင်း ဆပ်ရမည်

ဝန်ကြီးဌာနမရှိတော့ သော်လည်း ဗဟိုသမ၀ါယမ အ သင်းရှိနေသဖြင့် သမချေးငွေများ ကို သတ်မှတ်သည့် အချိန်အတွင်း ပြန်လည်ပေးဆပ်ရမည်ဟု သမ၀ါယမ၀န်ကြီးဌာနမှ သတင်း ရရှိသည်။အစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာနများလျှော့ချရာ၌ သမ ၀ါယမ ၀န်ကြီးဌာန ပါဝင်သော် လည်း ဦးစီးဌာနများ၊ အသင်းအဖွဲ့များကျန်ရှိနေသေး၍ ချေးငွေများသတ်မှတ်ချိန်အတွင်း ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။ သမ၀ါယမ၀န်ကြီးဌာနသည် ၂၀၁၅ ဒီဇင်ဘာနောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျပ် ၄၈၅ ဘီလီယံကျော် ထုတ်ချေးထားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

တပ်မတော်နှင့်ကေအိုင်အေ မြစ်ကြီးနားဝန်းကျင်တွင် စစ်ရေးတင်းမာ

မြစ်ကြီးနားမြို့နယ် အတွင်းတွင် မြန်မာ့တပ်မတော် နှင့် ကေအိုင်အေတို့ကြား စစ်ရေး တင်းမာမှုများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့မှ ၁၀ မိုင်ခန့် အကွာ နမ်ကျင်ကျေးရွာဝန်းကျင် တွင် စစ်ရေးအခြေအနေတင်းမာ နေပြီး အစိုးရဘက်က တပ်အင် အား တိုးချဲ့ထားခြင်းကြောင့်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ အကြောင်းကြား တင်ပြထား ကြောင်း ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့ (PCG)က ပြော သည်။

‘‘မပခကိုပဲ မနေ့က တင်ပြ ထားပါတယ်။ အကြောင်းတော့ မပြန်သေးပါဘူး’’ဟု ယင်းအဖွဲ့မှ ဦးအင်ရှန်ဆန်အောင်က မတ်လ ၁၆ ရက် ညနေတွင်ပြောသည်။

ကေအိုင်အေထိပ်ပိုင်း တာဝန်ရှိသူတစ်ဦးက နမ်ကျင် ကျေးရွာအနီး တပ်မဟာ (၂)လက်အောက်တပ်ရင်း (၁၁)နယ် မြေတွင် တပ်မတော်ဘက်မှ အင်အားတိုးချဲ့လာခြင်းကြောင့် တင်း မာမှုများ ဖြစ်ပွားနေကြောင်း ပြောသည်။

‘‘PCG ကနေတစ်ဆင့် ထုတ် ပေးဖို့ ပြောထားပါတယ်’’ ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။