အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်း စုကြည်နှင့် ၁၉၉ဝပြည့်နှစ် ရွေး ကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ ဖြင့် ယခင်က ဖွဲ့စည်း ထားခဲ့သည့် ပြည်သူ့လွှတ်တော်ခေါ်ယူရေး ကိုယ် စားပြုကော်မတီ CRPP မှ အဖွဲ့ဝင် များ ဇူလိုင် ၆ရက်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။''ဒေါ်အောင်ဆန်းစုကြည်က ဖိတ်တာပါ၊ အဖွဲ့ဝင်တွေက သိပ်မရှိ တော့ဘူး၊ တချို့ကလဲ အသက်တွေ ကြီးလို့ နိုင်ငံရေးလောက ကနေ ကျော ခိုင်းကုန်ပြီ။ လက်ရှိ နိုင်ငံရေးအခြေ အနေတွေအပေါ် အဓိကထားဆွေး နွေးဖြစ်ဖို့ များတယ်''ဟု ယင်းကော် မတီတွင် ပါဝင် ခဲ့ဖူးသည့် ဦးခွန်ထွန်း ဦးက ပြောသည်။CRPP အဖွဲ့ကို ၁၉၉ရ ခုနှစ် က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ၉၀ ရွေးကောက် ပွဲတွင် အနိုင်ရ ရှိပြီး သော ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ကျင်းပခွင့်နှင့် အစိုးရ ဖွဲ့ စည်းခွင့်မရှိခဲ့သဖြင့် လွှတ်တော်ခေါ် ယူခွင့်ရရှိရန် ရွေးကောက်ခံ ကိုယ် စားလှယ်များမှ စုပေါင်းပြီး ယင်း ကော်မတီကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ယင်းနောက် ကော်မတီကို ဆက် လက်ထားရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် လွှတ်တော်ရှိလာပြီဖြစ်သောကြောင့် ၂၀၁၂ခုနှစ် မတ်လတွင် ကော်မတီ ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။လက်ရှိတွင် သက်ရှိ ထင်ရှားရှိ နေသူ ကော်မတီဝင်များ အဖြစ် ဒေါ် အောင် ဆန်း စုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်၊ ဦးထောင်ကို ထန်း၊ ဦးပူရ်းကျင်ရှင့် ထန် စသည့် ပုဂ္ဂိုလ်များကျန်ရှိနေသည်။
YMG
YMG
![Photo: မန္တလေးမြို့တွင် လတ်တလောဖြစ်ပွား နေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပြည်သူများသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ကြေညာ
Saturday, July 5, 2014
မန္တလေးမြို့ တွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်မြို့ ပေါ်ရှိ အရပ်ဘက်လူ့ အဖွဲ့အစည်း ၂၁ဖွဲ့မှ ပြည်သူများသို့ မေတ္တာရပ်ခံ သော ကြေညာ ချက် တစ်ရပ်ကို ဇူ လိုင် ၃ရက် ညနေ ၄နာရီတွင် ထုတ် ပြန် လိုက်ကြောင်း သိရသည်။
အဆိုပါ ကြေညာချ က်တွင် မန္တ လေးမြို့တွင်ဖြစ်ပွားခဲ့သော ရာဇဝတ် မှုတစ်ခုတွင် ပြစ်မှုကျူးလွန်သူများ ၏ လူသားမဆန်သော လုပ်ရပ်အ ပေါ် ရှုတ်ချကြောင်းနှင့် ရာဇဝတ်မှု ကျူးလွန်ခဲ့ ခြင်း ကြောင့် နစ်နာရသူနှင့် မိသားစုဝင်များနှင့်ထပ်တူ (ပြည်ဒေ သခံ အရပ်ဘက်လူ့အဖွဲ့အစည်းများ မှ) စာနာမိပါသည်။ ရာဇဝတ်မှုကျူး လွန်ခြင်းသည် မည်သည့်လူ့အဖွဲ့အ စည်း၊ ဓလေ့ ထုံးတမ်းအစဉ်အလာ နှင့် သက်ဝင်ကိုးကွယ်မှု၏ သွန်သင် ညွှန်ပြချက်ကြောင့်မဟုတ်ဘဲ လူသား ဖြစ်မှု၏ ဂုဏ်သိက္ခာအပေါ် မထီမဲ့ မြင်ပြုသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီ ၏ လူ့အ သိုက် အဝန်း အပေါ် သစ္စာ ဖောက်သော လုပ်ရပ်တစ်ခုဖြစ်သည် ဟု လေးနက်စွာ ယုံကြည်ပါသည်။ ယနေ့မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှုကင်းမဲ့သည့်အခြေအနေနှင့် ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်လုံခြုံစိတ်ချမှုရှိရေးအတွက် အသိပညာပေးမှုအားနည်းခြင်း၊ အာ မခံကင်းမဲ့ခြင်း၊ ရာဇဝတ်မှုများအ ပေါ် လျင်မြန်ထိရောက်စွာ အရေး ယူဆောင်ရွက်နိုင်သော ယန် တရား မရှိ ခြင်းတို့ကြောင့် လူပုဂ္ဂိုလ်တစ်ဦးချင်း စီ၏ ရာဇဝတ်မှုတစ်ခု မှသည် ထိုလူ ပုဂ္ဂိုလ်တစ်ဦးချင်းစီမှ သစ္စာဖောက် သော လူ့အဖွဲ့အစည်း၏ ဓလေ့ထုံး တမ်းအစဉ် အလာ နှင့် သက် ဝင် ယုံကြည်သည့် ဘာသာတရားအပေါ် အခြေခံသည့် မလိုလားအပ်သော ပဋိပက္ခများ၊ ရာဇဝတ်မှုများဖြစ်ပေါ် နိုင်သည့် အလားအလာများ၊ လူ့ တစ်စုတစ်ဖွဲ့မှ ရည်ရွယ် ချက်ရှိ ရှိဖြင့် ဖန်တီး နိုင်ကြောင်း တွေ့မြင်ရပေ သည်။
လူ့အဖွဲ့အစည်း၏ ဓလေ့ထုံး တမ်းအစဉ်အလာ၊ သက်ဝင်ကိုးကွယ် မှုနှင့် အသိဉာဏ်ပညာအပေါ် မထီ မဲ့မြင်ပြုသော လူတစ်ဦး ချင်းစီ ၏ ရာ ဇဝတ်မှုကျူးလွန်ခြင်းမှာ အစပြုသည့် ဘာ သာရေး ၊ လူမျိုးရေးအပေါ် အ ခြေခံသော နောက်ထပ်ရာဇဝတ်မှု များ ထပ်မံဖြစ်ပွားလျှင် ယနေ့မြန် မာပြည်သူလူထုတစ်ရပ်လုံး ယုံကြည် ချက်ဖြင့် ဒီမိုကရေစီပန်းတိုင်သို့ ချီတက် နေသည့် ကြိုး ပမ်း မှုများ အတွက် ကြီး မားသော အဟန့်အတားဖြစ်ပေါ် မည်ကို အထူးစိုးရိမ်မိပါသည်။
သို့ဖြစ် ပါ၍ ပြည်ဒေသ ခံမိဘပြည်သူများ အနေဖြင့် သတိရှိရှိဖြင့် ပြည်ဒေ သတွင် မလိုလား အပ် သော အကြမ်း ဖက်မှုများ၊ ရာဇဝတ်မှု များမဖြစ်စေ ရေးအတွက် ကျွန်ုပ်တို့ပြည်ဒေသခံ အရပ် ဘက် အဖွဲ့အစည်းများနှင့် ပူး ပေါင်းပါဝင်ကြိုးပမ်းကြပါရန် မေတ္တာ ရပ်ခံပန်ကြား အပ်ပါသည် ဟု အဆို ပါကြေညာချက်တွင် ပါရှိကြောင်း သိရသည်။
အဆိုပါ မေတ္တာရပ်ခံကြေညာ ချက်ထုတ်ပြန်ရခြင်းအကြောင်းမှာ မန္တလေးတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် ကဲ့သို့ ပြည်မြို့အပါအဝင် မြန်မာ တစ်နိုင်ငံလုံးတွင် မဖြစ်ပေါ်စေချင်၍ ထုတ်ပြန်ကြေညာရ ခြင်းဖြစ် ကြောင်း သိရသည်။
မန္တလေးမြို့ လမ်းမများပေါ်တွင် စောင့် ကြပ်နေကြသော ရဲတပ်ဖွဲ့ဝင်များကို ဇူလိုင် ၃ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
K G
[--Democracy today Daily Newspaper--]](https://scontent-b-kul.xx.fbcdn.net/hphotos-xfp1/t1.0-9/10492310_793373280703312_4721440248124634800_n.jpg)