Sunday, July 14, 2013

မိုဘိုင်းဖုန်း များကထွက်သော လျှပ်စစ် သံလိုက်လှိုင်းများကြောင့် လူ့ကျန်းမာရေး ထိခိုက်သည် ဆိုခြင်းမှာ မဟုတ်

မိုဘိုင်းဖုန်း သုံးခြင်း၊ ၀ိုင်ဖိုင် ချိတ်ဆက်ကာ အင်တာနက် သုံးခြင်း များကြောင့် ကျန်းမာရေးကို ထိခိုက်စေ သည် ကင်ဆာ ရောဂါကို ဖြစ်ပွား စေသည်၊

ရိုဟင်ဂျာသတင်း ဂျကာတာပို့စ်ဖော်ပြချက် ရခိုင်ဒေသခံစိုးရိမ်



Photo: ရိုဟင်ဂျာသတင်း ဂျကာတာပို့စ်ဖော်ပြချက် ရခိုင်ဒေသခံစိုးရိမ်
Sunday, 14 July 2013

ဂျကာတာ ပို့စ် (Jakarta Post) သတင်းစာမှာ ရိုဟင်ဂျာ ခေါင်းဆောင် ၂ ဦး အင်ဒိုနီးရှား နိုင်ငံကိုသွားရောက်ပြီး အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေဆီက စစ်ရေးအကူအညီ တောင်းခံခဲ့ကြောင်းနဲ့ ရိုဟင်ဂျာ ၃၀၀ ခန့်ဟာလည်း ရခိုင်ပြည်နယ်တွင်း စစ်ရေးလေ့ကျင့် နေကြတယ်ဆိုတဲ့ သတင်းဖော်ပြခဲ့ တာကြောင့် ရခိုင်ပြည်နယ်က ဒေသခံတွေက စိုးရိမ်ကြတယ်လို့ ပြောနေကြ ပါတယ်။ တချိန်တည်းမှာပဲ လုံခြုံရေးနဲ့ တရားမ၀င် ၀င်ရောက်လာသူတွေကို မျက်ခြေမပြတ်စောင့်ကြည့်ရတဲ့ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ် (နစက) ကိုလည်း နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ သောကြာနေ့က ဖျက်သိမ်းလိုက်ပြီး စစ်တပ်ကအစားထိုးတာဝန်ယူမယ် ဆိုတဲ့အတွက် ရခိုင်ဒေသခံတွေက အားတက်မိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုအာင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။
 
အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာခေါင်းဆောင် ၂ ဦး က ဂျမားအစ္စလာမ်မီးယား (Jemaah Islamiah) စစ်သွေးကြွအဖွဲ့နဲ့ တွေ့ဆုံပြီး စစ်ရေးအကူအညီတွေ တောင်းခံခဲ့ပြီး၊ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ ၃၀၀ ဟာ စစ်ရေးလေ့ကျင်မှုတွေ လုပ်နေတယ်တွေ ဆိုတဲ့သတင်းနဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတာကြောင့် မောင်တော ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က မောင်တော် မြို့နယ် ဥက္ကဋ္ဌ ဦးဘရွှေကပြောပါတယ်။
 
“စိုးရိမ်တာတော့ ရှိကြတာပေါ့လေ။ မြို့ပေါ်ထက် နယ်ဘက်ကလူတွေကတော့ ပိုပြီးတော့ စိုးရိမ်ကြတာပေါ့။ တိုင်းရင်းသားတွေ ကတော့ ပိုပြီး စိုးရိမ်ကြတာပေါ့လေ။”
 
လက်ရှိအချိန်မှာတော့ မောင်းတော်မြို့နယ်အတွင်းမှာ လုံခြုံရေး ချထားမှု အခြေအနေကတော့ ပုံမှန် အတိုင်းရှိနေတယ်လို့လည်း ဦးဘရွှေက ပြောပါတယ်။
ဘင်္ဂလားဒေရှေ် နိုင်ငံနယ်နိမိတ်နဲ့ နီးစပ်တဲ့ ဘူးသီးတောင် မြို့နယ်နဲ့ မောင်းတော မြို့နယ်တွေက ဒေသခံတွေကတော့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း အခုလို ရိုဟင်ဂျာတွေနဲ့ RSO စစ်ရေးလေ့ကျင့်မှုတွေ ရှိနေတယ်ဆိုတာ လုပ်ကြံ သတင်းတွေသာဖြစ်တယ်လို့ ဘူးသီးတောင် မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အက်ဒူလာဦးရွှေမောင်း ကသုံးသပ်ပါတယ်။

“မတည်မငြိမ်ဖြစ်အောင် အဲဒါမျိုး မလိုလားအပ်တဲ့ပြဿနာဖြစ်အောင်၊ ဆူပူမှုတွေ တကြော့ပြန် လုပ်လိုတဲ့လူက ဖန်တီးပြီးလုပ်သလို ဖြစ်တယ်ဗျာ။ အမှန်တကယ်က ကျနော်တို့ ဒေသမှာ အားလုံးက အေးအေးချမ်းချမ်းပါပဲ။”
 
ရိုဟင်ဂျာ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ အက်ဘူအာရစ် (Abu Arif) နဲ့ အက်ဘူရှာဖီရက် (Abu Shafiyah) တို့ဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့ဖြစတဲ့ ရိုဟင်ဂျာ သွေးစည်း ညီညွှတ်ရေးအဖွဲ့ (Rohingya Solidarity Organization – RSO) နဲ့ ဆက်စပ်ပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတယ် ဆိုပြီးတော့ အင်ဒိုနီးရှားကလာတဲ့ သတင်းတွေမှာဖော်ပြခဲ့တာပါ။

တချိန်တည်းမှာပဲ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ် (နစက) ကို ဖျက်သိမ်းလိုက်ပြီး စစ်တပ်ကို အစားထိုးတာဝန်ပေးမှာဖြစ်တဲ့ အတွက် ဒေသခံတွေအကြား အားတက်နေကြတယ်လို့ ဆိုပါတယ်။  RNDP ပါတီ စစ်တွေ မြို့နယ် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်ကတော့ အခုလို နစက ကို ဖျက်လိုက်တာဟာ ရဲ၊ လူဝန်မှု ကြီးကြပ်ရေးနဲ့ စစ်တပ် တို့ သုံးခုပေါင်းထားတဲ့ ဒီအဖွဲ့အပေါ်မှာ ကာကွယ်ဦးစီးချုပ်နဲ့ နိုင်ငံတော်သမ္မတ တို့အကြား ရှုပ်ထွေးတဲ့ အုပ်ချုပ်ပုံတွေ ဖြစ်နေတဲ့ အတွက် နစကကို ဖျက်လိုက်တဲ့ သဘောရှိတယ်လို့ သုံးသပ်ပါတယ်။
 
“အဲဒါပိုင်းကတော့ ဘယ်လိုပြောမလဲ။ နစက ဆိုတာက အဖွဲ့သုံးဖွဲ့ကို ပေါင်းစည်း ထားတဲ့အပိုင်းဆိုတော့ အဲဒီ နစက မှာ အဓိက ပါဝါ အရှိဆုံးက စစ်တပ်ပေါ့။ စစ်တပ်က ပါဝါရှိတယ်ဆိုတော့ အဲဒီနေရာမှာ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းတွေမှာ တခါတခါ သမ္မတရဲ့ ပါဝါ နဲ့ ကာချုပ်ရဲ့ ပါဝါ နှစ်ခုက ထိပ်တိုက်ဖြစ်နေတယ် အဲဒီနေရာမှာ။ အဲဒါကြောင့် နစက ကို ဖျက်သိမ်းလိုက်တဲ့သဘောမျိုးက သမ္မတရဲ့ အာဏာက ပိုပြီး စီမံခန့်ခွဲမှု ပိုပြီးကောင်းအောင် လုပ်တဲ့သဘောမျိုးလို့တော့ ကျနော်တို့အနေနဲ့ သုံးသပ်မိပါတယ်။”
 
အက်ဒူလာဦးရွှေမောင်းကတော့ မောင်းတောမြို့နယ် အတွင်းမှာ နစက ကို ဖျက်သိမ်းလိုက်တာကို ကြိုဆိုတယ်လို့ ပြောပါတယ်။
 
“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ဒီလို နိုင်ငံတော်သမ္မတကြီးက ဖျက်သိမ်းရတယ်လို့ ကျနော် ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးမှလည်း နိုင်ငံတော် သမ္မတကြီးကို ကျနော့်အနေနဲ့ အလေးအနက်ထားပြီး ကျေးဇူးတင်တယ်လို့ လည်း ကျနော် ပြောချင်တယ်ခင်ဗျ။”
 
အင်ဒိုနီးရှားနိုင်ငံက ဂျမားအစ္စလာမ်မီးယား စစ်သွေးကြွအဖွဲ့ဝင် Muhammad Jibril Abdul Rahman က ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာလက်နက်ကိုင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ပုံတွေကို သူ့ရဲ့ အင်တာနက်ဝက်ဆိုက်မှာ တင်ထားပြီး ရာမန်ဒန် ဥပုသ်လ လက်ဆောင်ဖြစ်ကြောင်းနဲ့၊ ကမ္ဘာတ၀န်းက မူဆလင်တွေက ရိုဟင်ဂျာတွေကို အားပေးကူညီဖို့လည်း ဆော်သြထားကြောင်း Jakarta Post သတင်းစာရဲ့ ဇူလိုင်လ ၁၁ ရက်နေ့ထုတ် သတင်းစာမှာဖော်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံက မြို့တချို့မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်၊ ပြီးခဲ့တဲ့ မေလအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေရှိခဲ့သလို၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂါယာကို ဗုံးဖောက်ခွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

VOA
ဂျကာတာ ပို့စ် (Jakarta Post) သတင်းစာမှာ ရိုဟင်ဂျာ ခေါင်းဆောင် ၂ ဦး အင်ဒိုနီးရှား နိုင်ငံကို သွားရောက်ပြီး အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေဆီက စစ်ရေးအကူအညီ တောင်းခံခဲ့ကြောင်းနဲ့ ရိုဟင်ဂျာ ၃၀၀ ခန့်ဟာလည်း ရခိုင်ပြည်နယ်တွင်း စစ်ရေးလေ့ကျင့် နေကြတယ်ဆိုတဲ့ သတင်းဖော်ပြခဲ့

ဒေါ်အောင်ဆန်းစုကြည် သြစတေးလျှ သွားမည်

Photo: ဒေါ်အောင်ဆန်းစုကြည် သြစတေးလျှ သွားမည်
Sunday, 14 July 2013

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ကုန်ပိုင်းမှာ သြစတေး လျား နိုင်ငံကို အလည်အပတ်သွားရောက်မယ်လို့ ဇူလိုင်လ ၁၃ ရက်နေ့ သြစတေးလျှက လာတဲ့သတင်းတွေမှာဖေါ်ပြထားပါတယ်။

ဆစ်ဒနီမြိ့မှာ လာမယ့် ဒီဇင်ဘာလဆန်း ကျင်းပမယ့် ကုလသမဂ္ဂ အေ အိုင်ဒီအက်စ် ညီလာခံကို တက်ရောက်ပြီးနောက် မယ်လ်ဘုန်းအပါအဝင် တခြားမြို့တစ်ချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည် ပတ်မယ်လို့သိရပါတယ်။

သြစတေးလျတက္ကသိုလ်အများအပြားကလည်း ဒီခရီးစဉ်အတွင်း သူ့ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေချီးမြှင့်ဖို့ ကမ်းလှမ်းနေကြတယ်လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က သူ့အနေနဲ့ သြစတေးလျှကို ရာသီဥတုကောင်း မွန်တဲ့ ကာလအတွင်းသွားရောက်လည်ပတ်လိုပါတယ်၊ ဖြစ်နိုင်မယ်ဆိုရင် နည်းနည်းပါးပါး အနားယူလိုပါတယ်လို့ပြောကြောင်းလည်း သိရပါတယ်။

ဒီဇင်ဘာလဟာ သြစတေးလျှမှာ နွေဥတုရဲ့ ပထမဆုံးလ ဖြစ်ပါတယ်။ ခရီးစဉ်အတိအကျကို ထုတ်ပြန်ချင်းတော့မရှိသေးပါဖူး။

RFA
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ကုန်ပိုင်းမှာ သြစတေး လျား နိုင်ငံကို အလည် အပတ် သွားရောက်မယ်လို့ ဇူလိုင်လ ၁၃ ရက်နေ့ သြစတေးလျှက လာတဲ့သတင်းတွေမှာဖေါ်ပြထားပါတယ်။

ဝ အထူးဒေသနှင့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု အဆင်ပြေဟုဆို



Photo: ဝ အထူးဒေသနှင့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု အဆင်ပြေဟုဆို
Sunday, 14 July 2013

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သော မြန်မာ တပ်မတော်နှင့် ဝ အထူးဒေသ (၂) (ဝ သွေးစည်းညီညွတ်ရေး တပ်မတော်) တို့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု အဆင်ပြေသွားကြောင်း ကာ ကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်း ထွဋ် က ပြောကြားသည်။

အဆိုပါ အကြောင်းအရာကို ဇူလိုင်လ ၁၂ ရက်နေ့က ကျိုင်းတုံမြို့တွင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် ဝ အထူးဒေသ (၂) တို့ တွေ့ဆုံဆွေးနွေးမှုအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဝ တပ်မတော်နဲ့ ကိုယ်တို့ သံသယမရှိပါဘူး။ အာဃာတ အငြိုးအတေးလည်း မရှိပါဘူး။ သူဝိုင်းကိုယ်ဝိုင်း ဆိုတာက အောက်ခြေမှာ တစ်ယောက်နဲ့တစ်ယောက် အထင်မှားတဲ့ သဘောလေးတွေ ရှိတယ်။ အခုလူကြီးတွေ ဆွေးနွေးလိုက်တော့ အဆင်ပြေသွားပါပြီ” ဟု ဒုတိယဗိုလ်ချုပ်ကြီးက ဆိုသည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဝ အထူးဒေသ (၂) တို့ တွေ့ဆုံးဆွေးနွေးမှု အပြီးတွင် အချက်ငါးချက်ပါသော နှစ်ဦးနှစ်ဖက် သဘောတူညီမှုကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ 

ယင်းသဘောတူညီ ချက်တွင် ဝ အထူးဒေသ (၂) သည် မြန်မာနိုင်ငံ၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည့်အတွက် နိုင်ငံတော်ကို သွေးခွဲခြင်း၊ ခွဲထွက်ခြင်းများ ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဝ အထူးဒေသ (၂) ၏ စွမ်းရည်များ ကို ပေးဆောင်သွားမည်ဟုလည်း ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းက ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဝ အထူးဒေသ (၂) ရှိ ဝ တပ်ဖွဲ့ဝင်များကို တပ်မတော်က ဆုတ်ခွာရန် ညွှန်ကြားသဖြင့် နှစ်ဖက်တပ်များ စစ်ရေးတင်းမာမှုများ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ပြည်တွင်းပြည်ပ သတင်းမီဒီယာတို့တွင် ဖော်ပြထား
သည်။

ဝ သွေးစည်းညီညွတ်ရေး တပ်မတော်သည် ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်မခံသည့် လက်နက်ကိုင် အဖွဲ့အ စည်း ဖြစ်သည့်အပြင် ဝ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ် ပြီးခဲ့သည့် လပိုင်းက တောင်းဆိုထားသည်။

The Voice Weekly
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သော မြန်မာ တပ်မတော်နှင့် ဝ အထူးဒေသ (၂) (ဝ သွေးစည်းညီညွတ်ရေး တပ်မတော်) တို့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု အဆင်ပြေသွားကြောင်း ကာ ကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်း ထွဋ် က ပြောကြားသည်။

မျိုးစောင့်ဥပဒေကို လက်မခံနိုင်ကြောင်း နန်းသီရိမောင်ပြောကြား

Photo: မျိုးစောင့်ဥပဒေကို လက်မခံနိုင်ကြောင်း နန်းသီရိမောင်ပြောကြား
Sunday, 14 July 2013

နေ့ စဉ်ထုတ်ရွှေနိုင်ငံသစ်သတင်းစာမှ ယခုလတ်တလော ဆရာတော်ဥူးဝီရသူဦးဆောင်သည့် မျိုးစောင့်ဥပဒေနှင့်
ပတ်သက်၇်ျ နာမည်ကြီးမော်ဒယ် နန်းသီရိမောင်နှင့် အင်တာဗျူးလုပ်ခဲ့သည်။
အမျိုးသားကဇာတ် ရုံတွင်ပြုကျင်းပပြုလုပ်မည့် Aroma Zulu Wedding Show တွင်ပါဝင် ရှိုး လျှောက် ရန်ပြင်ဆင်
နေစဉ် ရွှေနိုင်ငံသစ် သတင်းစာမှ သတင်းထောက် မာဂျေ ကသွားရောက်မေးမြန်းခဲ့သည်။ ထိုရှိုးကို SKYNET နဲ့
MRTV-4 ကလည်းပြန်လည်ပြသသွားမှာဖြစ်ကြောင်း သိရသည်။

မေး။ ညီမလေးမင်္ဂလာပါဗျာ

NTM။ ဟုတ်ကဲ့ မင်္ဂလာပါရှင့်


မေး။ အခုဆရာတော်ဥူးဝီရသူတို့ က မျိုးစောင့်ဥပဒေအတွက် လက်မှတ်များစုဆောင်းနေပါတယ်။ အမျိုးဘာသာ
သာသနာစောင့်ရှောက်တာနဲ့ ပတ်သက်ပြီး ညီမလေး အနေနဲ့ ဘယ်လိုမှတ်ချက်မျိုးများပေးချင်လဲမသိဘူးhttp://www.myanmardailynews.org/2013/07/blog-post_277.html

Myanmar News Update
နေ့ စဉ်ထုတ်ရွှေနိုင်ငံသစ်သတင်းစာမှ ယခုလတ်တလော ဆရာတော်ဥူးဝီရသူဦးဆောင်သည့် မျိုးစောင့် ဥပဒေနှင့် ပတ်သက်၇်ျ နာမည်ကြီးမော်ဒယ် နန်းသီရိမောင်နှင့် အင်တာဗျူးလုပ်ခဲ့သည်။

တေးသံရှင်ဆိုတေး စီးနင်းလာသည့်ကားတိမ်းမှောက်

Photo: တေးသံရှင်ဆိုတေး စီးနင်းလာသည့်ကားတိမ်းမှောက်
Sunday, 14 July 2013

တေးသံရှင် ဆိုတေးစီးနင်းလာသည့်ကိုယ်ပိုင်ကားသည် ယနေ့နေ့လည်ကရန်ကုန်မှ-မန္တလေး အမြန်လမ်းတွင်တိမ်းမှောက်မှုကြောင့် ဒဏ် ရာ ရရှိခဲ့ပြီး မိထ္ထီလာဆေးရုံကြီးသို့ တင်ပို့လိုက်ကြောင်းသိရသည်။
မိထ္ထီလာဆေးရုံကြီးကနေ အခု မန္တလေးဆေးရုံကြီးကိုသယ်လာနေပြီ်ဟု မန်းသတင်းထောက်ကသတင်းပေးပို့သည်။

မန်းသတင်းအဖွဲ
Popular Myanmar News Journal
တေးသံရှင် ဆိုတေးစီးနင်းလာသည့်ကိုယ်ပိုင်ကားသည် ယနေ့နေ့လည်ကရန်ကုန်မှ-မန္တလေးအမြန် လမ်းတွင်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး မိထ္ထီလာဆေးရုံကြီးသို့ တင်ပို့လိုက်ကြောင်းသိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ယနေ့ (ဇူလိုင် ၁၄) နံနက် သွားရောက်မည်

uthiensein-july14
ယခုနှစ်မတ်လက သွားရောက်ခဲ့သော ဥရောပ ငါးနိုင်ငံ ခရီးစဉ်အတွင်း သမ္မ တဦးသိန်းစိန်အား သြစတြီးယား သမ္မတက ကြိုဆိုနေစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ယနေ့ (ဇူလိုင် ၁၄ ရက်) နံနက်ပိုင်းတွင်

မြိတ်ကျွန်းစုတွင် ပင်လယ်ရေမှော်များကို ကိုရီးယား နိုင်ငံမှတစ်ဆင့် မှာယူကာ ထိန်းသိမ်းလျက်ရှိ

seaweed-july14
မြိတ်ကျွန်းစုအတွင်း ရှားပါးပျောက်ကွယ်လာနေသည့် ပင်လယ်ရေမှော်များကို လိုင်းတန်းနည်းဖြင့် စိုက်ပျိုးထားသည်ကို တွေ့ရစဉ်
မြိတ်ကျွန်းစုအတွင်း ရှားပါးပျောက်ကွယ် လာနေသည့် ပင်လယ်ရေမှော်များကို ပြန်လည်မျိုးထိန်းထားရန် ကိုရီးယားနိုင်ငံမှတစ်ဆင့် မှာယူကာ ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။

ဇွန်လအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိခဲ့ပြီး ဆိုင်ကယ်တိုက်မှုကြောင့် သေဆုံးသူ ၉၀ ကျော်ရှိ

accidentinmyanmar-july14
တောင်ဥက္ကလာပ မြို့နယ်တွင် မော်တော်ယာဉ် မတော်တဆမှု တစ်ခုအား မေလအတွင်း က မြင်တွေ့ ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
၂၀၁၃ ခုနှစ် ဇွန်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မော်တော်ယာဉ် မတော်တဆ မှုကြောင့် သေဆုံးသူဦးရေ ၈၀ ကျော်ရှိခဲ့ပြီး ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေမှာ ၉၀ ကျော်ထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်မှ ရန်ကုန်-မန္တလေး အမြန်လမ်းအား ရှစ်လမ်းသွားအဖြစ် တည်ဆောက်နိုင်ရေး ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်

yanman-july14
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်နေရာအား တွေ့ရစဉ်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့နိုင်ရေးအတွက် အမေရိကန်နိုင်ငံမှ ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်သွားပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။