ကျောက်ကပ်များဟာ ဆီးစွန့်တဲ့ စနစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ ရေစစ်ကဲ့သို့ တာဝန်ကိုထမ်းဆောင်ရပါတယ်။ ကျောက်ကပ်ဟာ ကိုယ်ခန္ဓာက အညစ်အကြေးများနဲ့ ပိုလျှံ အရည် တွေ ကို ဖယ်ရှားပေးပြီး သွေးတွေကို သန့်စင်ပေးပါတယ်။
Sunday, September 29, 2013
ကျောက်ကပ်ကျန်းမာနေအောင် ဘယ်လို ဂရုစိုက်ပေးရမလဲ
ကျောက်ကပ်များဟာ ဆီးစွန့်တဲ့ စနစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ ရေစစ်ကဲ့သို့ တာဝန်ကိုထမ်းဆောင်ရပါတယ်။ ကျောက်ကပ်ဟာ ကိုယ်ခန္ဓာက အညစ်အကြေးများနဲ့ ပိုလျှံ အရည် တွေ ကို ဖယ်ရှားပေးပြီး သွေးတွေကို သန့်စင်ပေးပါတယ်။
Blogger ရွှေနိုင်ငံ - Create post.htm
တရုတ်နိုင်ငံသားများပါ ဝင်ရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသော မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေးနှုန်းများ မှာ ခေါ်ဈေး မြင့် မားနေခြင်းကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ဈေးကွက်အေး ကာ ဈေးကွက် စောင့်ကြည့်သူ ပိုများလျက် ရှိကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။
မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု
ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာ တွင် မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကုန်လေဆိပ်တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ
၂၈.၉.၂၀၁၃ရက်နေ့ ၁၀၄၅ အချိန် ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွါ X-Ray စက်၌ တာဝန် ထမ်းဆောင်နေ သည့် ပူးပေါင်းအဖွဲ့သည် ရန်ကုန်မှ မြိတ်မြို့သို့သွားမည့် မြန်မာ့လေကြောင်း UB –
ထွေးဦးမြန်မာ ရုပ်သေးပညာရှင် ဦးမောင်ကြည် ဖျော်ဖြေမှု ပြီးဆုံးချိန် ရုတ်တရတ် ကွယ်လွန်
ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမတွင် စက်တင်ဘာ ၂၇ ရက်နေ့ည က ပြုလုပ်သော ထိုင်း-မြန်မာ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေး တွေ့ဆုံပွဲတွင် ကပြဖျော်ဖြေခဲ့သည့် ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ ပင်တိုင် ရုပ်သေးပညာရှင်ဖြစ်သူ ဦးမောင်ကြည်မှာ အဆိုပါ ခန်းမအတွင်း ဖျော်ဖြေမှု ပြီးဆုံးချိန် ဆေးသောက်နေစဉ် ရုတ်တရက် သေဆုံးခဲ့ကြောင်း ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ မှ ဒေါ်တင်တင်ဦး က The Voice သို့ ပြောကြားသည်။
ပြည်ပသို့ ကျွန်းသစ်တင်ပို့မှုကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ အလုံး လိုက် လုံးဝတင်ပို့တော့မည် မဟုတ်ကြောင်း သစ်တောဝန်ကြီး ပြောကြား
သီလ၀ါ ဆိပ်ကမ်းတွင် သြဂုတ်လ အတွင်းက သင်္ဘာပေါ်သို့ သစ်လုံးများ တင်နေစဉ် (ဓာတ်ပုံ -၀င်းမြင့်ကျော် ) |
ပြည်ပသို့ ကျွန်းသစ်လုံး တင်ပို့မှုကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ၄၂ ရာခိုင်နှုန်းအထိ လျှော့ချသွား မည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စ၍ လုံးဝတင်ပို့တော့မည် မဟုတ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။
ငါးပိရည်ကျို၌် တွေ့ရှိရသည့် ယူရီးယားဓာတ်မှာ ဓာတ်မြေသြဇာ ရောနှော ပါဝင်ခြင်းကြောင့် ဟုတ်၊ မဟုတ်ကို ခွဲခြားနိုင်ခြင်း မရှိကြောင်း FDA က ရှင်းလင်းချက် ထုတ်ပြန်
ငါးပိရည်ကျို ရောင်းနေသည့် ဈေးဆိုင်တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)
|
ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာများ ပါဝင်နေသည်ဟူသော ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ စက်တင်ဘာ ၂၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ရှင်းလင်းချက် ပြန်လည်ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာလမှ စတင်ကာ မီတာထိန်းသိမ်း စောင့်ရှောက်ခကို တစ်လ လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၅၀၀ နှုန်းနှင့် မီတာတန်ဖိုးကို တစ်လုံးလျှင် ကျပ် ၈၅၅၀၀ မှ ၆၅၀၀၀ နှုန်းသို့ လျှော့ချမည်
အောက်တိုဘာ ၁ ရက်မှ စတင်ကာ မီတာထိန်းသိမ်း စောင့်ရှောက်ခကို တစ်လလျှင် ကျပ် ၁၀၀၀ မှ ကျပ် ၅၀၀ နှုန်းနှင့် analog မီတာတန်ဖိုးကို တစ်လုံးလျှင် ကျပ် ၈၅၅၀၀ မှ ကျပ် ၆၅၀၀၀ နှုန်းသို့ လျှော့ချ မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်အောင်က စက်တင် ဘာ ၂၈ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။
ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ CPI ကုမ္ပဏီ၏ ဖိတ်ကြား ချက် အရ မြစ်ဆုံစီမံကိန်း နေရာသို့ သွားရောက်လေ့လာ
ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များသည် CPI ကုမ္ပဏီ၏ ဖိတ်ကြား ချက်အရ မြစ်ဆုံဆည် ရေ ကာတာ စီမံကိန်းနေရာသို့ ယနေ့ သွားရောက် လေ့လာခဲ့ကြောင်း သတင်းရရှိသည်။ လေ့လာရေး အဖွဲ့ တွင် ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအ၀င် လွှတ်တော်အမတ် ၂၁ ဦး ပါဝင်ခဲ့ပြီး နိုင်ငံပိုင် သတင်းစာ ဆရာများနှင့် ပြည်ထောင်စုနေ့စဉ် သတင်းစာဆရာများက ကူမင်းမြို့အခြေစိုက် CPI ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌ ကော့ကိန်း လျှံနှင့် သုံးနာရီကြာ တွေ့ဆုံခဲ့သည်။
အကျဉ်းသားများနှင့် ပြဿနာ ဖြစ်ပွားခဲ့သည့် ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်းအားလုံးကို နေရာပြောင်းရွှေ့
ကော့သောင်းအကျဉ်းထောင်အား တွေ့ရစဉ် |
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်း အားလုံးကို ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်း က စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြော ကြားသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကြံပေးကုမ္ပဏီ ၃၀ ကျော် လျှောက်ထား
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်ရာတွင် အကြံပေးကုမ္ပဏီ ခေါ် ယူနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပရှိ စိတ်ဝင်စားသော ကုမ္ပဏီများကို ဖိတ်ခေါ်ရာ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီ ၃၁ ခုက စိတ်ဝင်စားမှုရှိသည်ဟု တင်ပြလာကြကြောင်း တင်ဒါ စိစစ်အကဲဖြတ် ရွေး ချယ်ရေး ကော်မတီ (BEAC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်း က ပြောကြားသည်။
တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိရေး မွန်ပါတီများနှင့် အစိုးရအဖွဲ့ဆွေးနွေး
မွန်ပြည်နယ်တွင် ယနေ့မှစတင်၍ သုံးရက်တိုင် ကျင်းပမည့် မွန်အမျိုးသား ညီလာခံတွင် တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိရေးအတွက် တိုင်းရင်းသား ပါတီများနှင့် အစိုးရ အဖွဲ့ဝင်များ ဆွေးနွေးခဲ့ကြောင်း ယင်းညီ လာခံ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းကြည်ဝင်း က ပြောကြားသည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်ရန် ပထမဆုံး အကြိမ် မြန်မာ-ဂျပန်-ထိုင်း သုံးပွင့်ဆိုင် ဆွေးနွေး
အစိုးရနှင့်
လွှတ်တော်ဆက်ဆံ ဆောင်ရွက်မှု ပိုမိုအဆင်ပြေစေရန်ဆိုင်ရာ ကဏ္ဍများအလိုက်
လွှတ်တော်ကော် မတီများက ဖိတ်ကြားမှုများတွင် ဌာနစုံ ပါဝင်သည့် အစိုးရ
ဆပ်ကော်မတီများက
လွှတ်တော်ကော်မတီများ၏ ဖိတ်ကြားမှုများတွင် ဌာနစုံပါဝင်သည့် အစိုးရ ဆပ်ကော်မတီများက အဖွဲ့စနစ်ဖြင့် သွားရောက်တွေ့ဆုံမည်
အစိုးရနှင့်
လွှတ်တော်ဆက်ဆံ ဆောင်ရွက်မှု ပိုမိုအဆင်ပြေစေရန် ဆိုင်ရာ ကဏ္ဍများအလိုက်
လွှတ်တော်ကော်မတီများက ဖိတ်ကြားမှုများတွင် ဌာနစုံပါဝင်သည့် အစိုးရ
ဆပ်ကော်မတီများက အဖွဲ့စနစ်ဖြင့် သွားရောက်တွေ့ ဆုံ မည်ဖြစ်ကြောင်း
နေပြည်တော်၌ စက်တင်ဘာ ၂၇ ရက်က ပြည်ထောင် စု အစိုးရအဖွဲ့ ဆပ်ကော်မတီ
အသီးသီးမှ ဥက္ကဋ္ဌများဖြစ် သည့် ဒုတိယ ၀န်ကြီးများနှင့် တွေ့ဆုံစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်များအရ သိရပါသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ဘရူနိုင်း၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လည်ရောက်ရှိ
ပြည်ထောင်စုလွှတ်တော်နာယက၊
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည်
ဘရူနိုင်း၊ ထိုင်းနှင့် မလေးရှား နိုင်ငံတို့မှ စက်တင်ဘာ ၂၈ ရက်၊ မွန်းလွဲ ၂
နာရီ ၄၉ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့
ပြန်လည်ရောက်ရှိလာကြောင်း မြန်မာ့ရုပ်မြင်သံကြား၏ သတင်းကြေညာချက်အရ သိရသည်။
ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဘယ်လ်ဂျီယမ် အစိုးရ၏ ဖိတ်ကြားချက်အရ ရန်ကုန်မှ ထွက်ခွာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဘယ်လ်ဂျီယမ်နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၈ ရက်၊ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာ ခဲ့ကြောင်း မြန် မာ့ ရုပ်မြင်သံကြား၏ သတင်းကြေညာချက်အရ သိရသည်။
ထိုင်း-မြန်မာနယ်စပ် ဆင်ဖြူသိမ်ကုန်းကျွန်းနှင့် မယ့်ကွန်ကစ်ကျွန်းတွင် စခန်းချထားသော နှစ်ဖက်တပ်များ ဆုတ်ခွာရန် သဘောတူ
မြ၀တီတံတားအနီး မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် သောင်းရင်းမြစ်လယ် မှ ရေလယ်ကျွန်းကို တွေ့ရစဉ် |
ထိုင်း-မြန်မာ နယ်စပ်ရှိ ဆင်ဖြူသိမ်ကုန်းကျွန်းနှင့် မယ့်ကွန်ကစ်ကျွန်း များတွင် တပ်စွဲထားသော နှစ်ဖက် တပ်များ နေရာပြောင်း ဆုတ်ခွာရန် စက်တင်ဘာ ၂၇ ရက်က မြ၀တီမြို့၊ အေးချမ်းဖြိုး ရိပ်သာတွင် ပြုလုပ် ခဲ့သော TBC(Town Border Committee) ၏ အကြိမ် (၃၀)မြောက် ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေး ဆွဲရေး အတွက် NLD နှင့် တိုင်းရင်းသား ပါတီများ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိ၍ ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူပြီး လွှတ်တော်သို့ တင်ပြမည်
စက်တင်ဘာ ၂၈ ရက်က NLD ရုံးချုပ်၌ မီဒီယာများနှင့် တွေ့ဆုံနေသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်) |
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေး ဆွဲရေး အတွက် NLD နှင့် တိုင်းရင်း
စက်တင်ဘာ ၂၈ ရက်က ၀ဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့် ခံထားရသည့် ရွာသား ၁၀ ဦး ဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင် ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံစဉ်
စက်တင်ဘာ ၂၈ ရက်က ၀ဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့် ခံထားရသည့် ရွာသား ၁၀ ဦး ဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင် ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံစဉ် |
ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက်တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံ ခဲ့ကြောင်း သိရသည်။
စပါးစိုက်ပျိုး ချေးငွေနှင့် ဖုန်းဆင်းကတ်များ ချထားပေးမှုအပေါ် အမြတ် ထုတ်သော က၀မြို့နယ်၊ ကသစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို အရေး ယူပေးရန် ဒေသခံများ တောင်းဆို
ကလေးဝမြို့နယ်၊ ကသစ်ပင်ကျေးရွာမှ လယ်သမားများ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်) |
စပါးစိုက်ပျိုးငွေနှင့်
ဖုန်းဆင်းကတ်များ ချထားပေးမှုအပေါ် အမြတ်ထုတ် ကိုယ်ကျိုးအတွက်
အသုံးပြု သည် ဟုဆိုကာ ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ကသစ်ပင်ကျေးရွာ
အုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာတာဝန်ရှိ သူများမှ အရေးယူပေးစေလိုကြောင်း
အဆိုပါ ကသစ်ပင်ကျေးရွာမှ ရွာသူရွာသားများက မြန်မာဂျာနယ် လစ် ကွန်ရက်တွင်
စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခကို ဖြစ်သင့်သည်ထက် ပို၍ မြင့်တက်ရောင်းချခြင်း များ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
စက်တင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံး တွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ မီဒီယာတွေ့ဆုံပွဲကို တွေ့ရစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး) |
လျှပ်စစ်ဓာတ်အား
ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခ
ကို ဖြစ်သင့်
Subscribe to:
Posts (Atom)