Monday, December 10, 2012

ှစ် ၃၀အထိ အရစ်ကျပေးသွင်းရမည့် အိပ်ခန်း၁၀၀၀၀ ကျော်ပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်း၂ ခုအား ပြည်တွင်းလုပ်ငန်းရှင်များနှင့် အိုးအိမ် အကျိုးတူပူးပေါင်း၍ စတင်ဆောက်လုပ်တော့မည်


နှစ် ၃၀ အထိ အရစ်ကျပေးသွင်းရမည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း ၂ ခုအား ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့ နယ်တွင် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍၂၀၁၃ ခုနှစ်၊နှစ်ဆန်းပိုင်းမှ စတင်ေ ဆာက် လုပ် သွား

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း “Library Management System (စာကြည့်တိုက် စီမံခန့်ခွဲမှုစနစ်)” ဟောပြောပွဲကျင်းပမည်


သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရန်ကုန် တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှကြီးမှုး၍ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက် (စနေနေ့) နေ့ လယ် (၂း၀၀ မှ ၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICTDC၊ Room (205) တွင် Singapore နိုင်ငံရှိ CARL East, The Library Corporation (TLC)မှ Senior Applications Specialist တစ်ဦးဖြစ်သူ ကိုဖြိုးဝေစိုး မှ “Library Management System (စာကြည့်တိုက်စီမံခန့်ခွဲမှုစနစ်)”

လူ့အခွင့်အရေးအရ ချိုးဖောက်မှုအားGW မှ ထုတ်ပြန်

 
လူ့အခွင့်အရေးအရ ချိုးဖောက်မှုအားGW မှ ထုတ်ပြန်

ရန်ကုန်၊ဒီဇင်ဘာ ၁၀။

ယနေ့နံနက်(၁၀း၁၅)မိနစ်တွင်ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင်ဆန္ဒထုတ်ဖော်လျှက်ရှိသော GW မှ အချက်(၄)ချက်ပါ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

နိုဝင်ဘာလ(၂၉)ရက်နေ့နံနက်အစောပိုင်းတွင် မုံရွာခရိုင်၊ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းရှိ ဆန္ဒပြနေသူရဟန်းရှင်လူ မိဘပြည်သူများအားအင်အားသုံးအကြမ်းဖက်၍ ဖြိုခွဲဖြေရှင်းခြင်းသည် ဒီမိုကရေစီ အလေ့အကျင့်များနှင့်ဆန့်ကျင်ကာ အကြွင်းမဲ့အာဏာရှင်ဆန်သော လုပ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ်မှတ်ယူသည်နှင့် ဆန္ဒပြသူများကိုဖမ်းဆီးထိန်းသိမ်းထားခြင်းအား ကန့်ကွက်ကြောင်း အစရှိသည်တို့ပါဝင် သော အချက် (၄)ချက်အား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

credit to-Eleven Media Groupယနေ့နံနက်(၁၀း၁၅)မိနစ်တွင်ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင်ဆန္ဒထုတ်ဖော်လျှက် ရှိသော GW မှ အချက်(၄)ချက်ပါ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ(၂၉)ရက်နေ့နံနက်အစောပိုင်းတွင် မုံရွာခရိုင်၊ဆားလင်းကြီးမြို့နယ် အတွင်း ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းရှိ ဆန္ဒပြနေသူ ရဟန်းရှင်လူ မိဘပြည်သူများအားအင်အားသုံးအကြမ်းဖက်၍ ဖြိုခွဲဖြေရှင်းခြင်းသည် ဒီမိုကရေစီ အလေ့အကျင့်များနှင့်ဆန့်ကျင်ကာ အကြွင်းမဲ့အာဏာရှင်ဆန်သော လုပ်ရပ်ဖြစ်ပြီး

တောင်ကြီးမြို့မှာ မီးလောင်

တောင်ကြီးမြို့မှာ မီးလောင်

9/12/2012

ယနေ့ နံနက် တောင်ကြီးမြို့ ၊ မိန်းလမ်းအောက်ဘက်၊ ကန်အောက်ရပ်၊ ပင်လုံလမ်း။ နယ်မြေ (၇) ၊ အိမ်အမှတ် (၄၆) ရှိ ဦးသိန်းအောင်+ဒေါ်နန်းခမ်းလှပိုင် ရွှေမြို့စံ မွေ့ယာဆိုင်တွင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

တိုက်နံရံ နှင့်ကပ်လျက် ဘုရားစင်တွင်ဖယောင်းတိုင်မီး  ပူဇော်ထွန်းညှိရာမှတဆင့် နံနက် ၉း၀၀နာရီတွင်  မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ ရပ်ကွက်အရံမီးသတ်တပ်ဖွဲ့က အရံမီးသတ်ကားသုံးပြီး  အချိန်မီ ငြှိမ်းသတ်နိုင် သဖြင့် ဆယ်မိနစ်အကြာတွင် မီးငြိမ်းသွားကြောင်း၊  ဘုရားကျောင်းဆောင်၊ ဆက်တီခုံ ၊ တိုက်မှန် နံရံ အစိတ်အပိုင်းတချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း အိမ်ရှင်ဖြစ်သူ ဦးသိန်းအောင်က ပြောသည်။

         ပင်လုံလမ်းရပ်ကွက် နေသူ တစ်ဦးက -  ယခုကဲ့သို့ ပွင့်လင်းရာသီတွင် မီးလောင်မှုများဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း၊   ၂၀၀၃ ခုနှစ်ကလည်း ပင်လုံလမ်းရှိ မွေ့ယာ အရောင်းဆိုင်မှ တဆင့် မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ဖူးကြောင်း၊ သိန်းထောင်ကျော် ဆုံးရှုံးခဲ့ဖူးကြောင်း ၊ ယခုလည်း အချိန်မီသာ မသိရှိလျှင် ယခင် ၂၀၀၃ ခုနှစ်က ကဲ့သို့ ပြန်လည် ဖြစ်ပွားနိုင်ကြောင်း ပြောကြားသည်။

       ယခု မီးလောင်ကျွမ်းမှုဖြစ်စဉ်အား မည်သည့်ပုဒ်မဖြင့် အမှုဖွင့် အရေးယူမည်နည်း ဟု  မီးလောင်ကျွမ်းမှုဖြစ်စဉ်အား လာရောက်စုံစမ်းစစ်ဆေးနေသည့် တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ တာန်ရှိသူတဦးကို  မေးမြန်းရာ - 
မိမိသည် ပြည်သူ့ဝန်ထမ်းတဦးဖြစ်ကြောင်း၊ ပြည်သူတွေ ဘ၀ကိုစာနာနားလည်ကြောင်း မည်သူကမှ မိမိအိမ် မီးလောင်စေရန် မီးရှို့လိမ့်မည်မဟုတ်ကြောင်း၊  သည့်အတွက် ကြီးသည့်အမှုငယ်အောင်၊  ငယ်သည့်အမှုပပျောက်အောင်သာ ဆောင်ရွက်ပေးဖို့ ရည်ရွယ်ထားကြောင်း၊  ယခု မီးလောင်မှုဖြစ်စဉ်အားလည်း ဖြစ်နိုင်ရင် မီဒီယာတွေမှာ မဖော်ပြဖို့မေတ္တာရပ်ခံပါကြောင်း ယင်းကပြောကြားခဲ့သည်။ ယနေ့ နံနက် တောင်ကြီးမြို့ ၊ မိန်းလမ်းအောက်ဘက်၊ ကန်အောက်ရပ်၊ ပင်လုံလမ်း။ နယ်မြေ (၇) ၊ အိမ်အမှတ် (၄၆) ရှိ ဦးသိန်းအောင်+ဒေါ် နန်းခမ်းလှပိုင် ရွှေမြို့စံ မွေ့ယာဆိုင်တွင် မီးလောင်မှု တစ်ခု ဖြစ်ပွား ခဲ့သည်။တိုက်နံရံ နှင့်ကပ်လျက် ဘုရားစင်တွင်ဖယောင်းတိုင်မီး ပူဇော် ထွန်းညှိ ရာမှတဆင့် နံနက် ၉း၀၀နာရီတွင် မီးလောင် ကျွမ်းမှုဖြစ် ပွား ခဲ့ကြောင်း၊ ရပ်ကွက်အရံမီးသတ်တပ်ဖွဲ့က အရံမီး သတ်ကား သုံးပြီး အချိန်မီ ငြှိမ်းသတ်နိုင်သဖြင့် ဆယ်မိနစ်အကြာတွင် မီးငြိမ်း

ဒဏ်ရာအပြင်းဆုံးကိုယ်တော်ကို ရန်ကုန်မြို့ ပင့်ဆောင်ကုသ

လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရတုန်းက အရေပြားလောင်ဒဏ်ရာ အပြင်းထန်ဆုံးရခဲ့တဲ့ ဦးပဉ္စင်း ဦးတိက္ခဥာဏကို ရန်ကုန်မြို့က အရေပြားအထူးကုဆေးရုံမှာ ပြောင်းရွှေ့ကုသပါတယ်။

မနေ့ ညနေက မန္တလေးဆေးရုံကနေ ပင့်ဆောင်ခဲ့တာလို့ ဆရာတော်ကို လိုက်ပါကူညီတဲ့ ဦးပဉ္စင်းဦးသု ခေါ် ဦးဝိမလက မိန့်ကြားပါတယ်။

“ဦးတိက္ခဥာဏက လမ်းလည်းမလျှောက်နိုင်ပါဘူး။ ထိုင်လည်းမထိုင်နိုင်ပါဘူး။ ဦးဇင်းတို့ ဦးတိက္ခဥာဏကို ပင့်လာတော့ ၀မ်းလျားမှောက်ကြီးနဲ့ ဆေးရုံကားပေါ်မှာပဲ လိုက်လာခဲ့ရတာပါ။ ဒီနေ့မနက် ၆ နာရီမှာ

ဒေါ်လာသန်း ၅၇၀ နီးပါး တန်ဖိုးရှိသော တိုက်လေယာဉ် အစင်း ၂၀ရုရှားထံမှ မြန်မာဝယ်


မြန်မာအစိုးရကို တိုက်လေယာဉ် အစီး ၂၀ ပေးပို့ရန် အတွက် ရုရှားနိုင်ငံက သဘောတူ လိုက်ကြောင်း ရုရှား သတင်းဌာန တခုဖြစ်သော Kommersant ကို ကိုးကား၍ အေအက်ဖ်ပီ သတင်းတပုဒ်တွင် ရေးသား ထားသည်။ တိုက်လေယာဉ်တိုက်လေယာဉ်များမှာMiG-29အမျိုးအစားဖြစ်ပြီးဒေါ်လာသန်း၅၇၀ နီးပါး တန်ဖိုး ရှိကြောင်း၊ ပြီးခဲ့သည့်သီတင်းပတ်အနည်းငယ်အတွင်းက သဘောတူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၀၁ ခုနှစ်က ထိုအမျိုးအစား တိုက်လေယာဉ် ၁၂ စီးကိုလည်း ရုရှားက မြန်မာပြည်ကို ပေးပို့ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရုရှား အကူအညီဖြင့် နျူကလီးယား ဓာတ်ပေါင်းဖိုတခု တည်ဆောက် နေကြောင်း မြန်မာ

သန်းခေါင်စာရင်း ဥပဒေဟောင်းကို ရုပ်သိမ်း၊ ဥပဒေကြမ်း အသစ်ထုတ်ပြန်


ရန်ကုန် (မဇ္ဈိမ) ။ ။ ၁၉၇၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ သန်းခေါင်စာရင်း ဥပဒေကို ရုပ်သိမ်း၍ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေကြမ်းကို ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်္ဘာလ ၉ ရက်နေ့က ပြည်တော်စုလွှတ်တော်က နိုင်ငံပိုင်

ရာဇဝင်လူသတ်သမားက လူတွေသတ်ရတာ စိတ်ချမ်းသာလို့ သတ်ခြင်းဖြစ်ကြောင်းပြော

Photo: ရာဇဝင်လူသတ်သမားက လူတွေသတ်ရတာ စိတ်ချမ်းသာလို့
သတ်ခြင်းဖြစ်ကြောင်းပြော
Monday, December 10, 2012

အမေရိကန်ပြည်ထောင်စု Alaska ပြည်နယ်မှ လူတွေသတ်ခဲ့သော ရာဇဝင်လူသတ်သမား Israel Keyes က ၎င်းဟာ လူတွေကို သတ်ရတာ ပျော်ရွှင်စိတ်ချမ်းသာတဲ့အတွက် ယင်းကဲ့သို့ သတ်ဖြတ်ခြင်း
ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးသမားများကို ပြောဆိုခဲ့သည်ဟု သိရသည်။

၎င်းဟာ အမေရိကန်ပြည်ထောင်စုအတွင်း လူ(၈)ဦးအား သတ်ဖြတ်
ခဲ့ကြောင်း သိရသည်။ သို့ပေမယ့် ယင်းအရေအတွက်ထက်လည်း ပိုနိုင်ကြောင်းသိရသည်။ ၎င်းက လူ(၁၂)ယောက်အာက်ကိုသာ သတ်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့သည်။

၎င်းဘယ်နှစ်ယောက် သတ်ခဲ့ကြောင်း ၎င်းသာ အသိဆုံးဖြစ်မည်ဟုဆိုကာ တိကျသည့်အရေအတွက်ကိုမူ ၎င်းမှလွဲ၍ သိနိုင်ခြင်းမရှိဟု FBI Special Agent က ပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စု Alaska ပြည်နယ် Anchorage မှ coffee stand တွင် ဖေဖော်ဝါရီ(၁)ရက်နေ့က အသက်(၁၈)နှစ်အရွယ် Samantha Koenig ကို ပြန်ပေးဆွဲ သတ်ဖြတ်မှုနဲ့ ၎င်းအား Texas ၌ မတ်လတွင် ဖမ်းဆီး
မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူက ထိုအမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီးနောက် လည်ပင်းညှစ်သတ်ပစ်ခဲ့ကာ ပစ္စည်းထားသည့် ရုံအတွင်း သူမအလောင်းကိုထားခဲ့ကြောင်းနှင့် နောက်တစ်နေ့တွင် ဇိမ်ခံသင်္ဘောဖြင့် နှစ်ပတ်ကြာ ခရီးထွက်ခဲ့ကြောင်း သိရသည်။

၎င်းခရီးမှ ပြန်လာချိန်မှ သူမ၏အလောင်းကို Anchorage မြောက်ပိုင်းရှိ ကန်အတွင်း စွန့်ပစ်ခဲ့တာဖြစ်ကြောင်း သိရသည်။

Texas ပြည်နယ်တွင် သူက Koenig ၏ ဘဏ်ကဒ်အတွင်းမှ ငွေထုတ်
ယူခဲ့ကာ ATM မှတဆင့် ၎င်းငှါးထားခဲ့သောကားနံပါတ်ကို ဓါတ်ပုံ
ရိုက်ယူထားနိုင်ခဲ့ကာ ၎င်းအား စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များက
ခြေရာခံမိခဲ့တာဖြစ်ကြောင်း သိရသည်။

၎င်း၏ပြစ်မှုများဟာ ဖောက်ထွင်းလုယက်မှုမှ အစပြုခဲ့ပြီးနောက် ယင်းကဲ့သို့ လူသတ်မှုတွေ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း၏ ပထမဆုံးအကြိမ် အကြမ်းဖက်မှုဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှု
မှစတင်ခဲ့ပြီး သူက ထိုအမျိုးသမီးငယ်အား သတ်ဖို့စီစဉ်ခဲ့ပေမယ့် သူမကို မသတ်ဘဲ လွှတ်ပေးခဲ့တာဖြစ်ကြောင်း သိရသည်။

၎င်းပြုကျင့်ခဲ့တဲ့ မုဒိမ်းမှုဟာ ၁၉၉၆မှ ၁၉၉၈ ခုနှစ်အတွင်း ကျူးလွန်ခဲ့ကာ  အဲဒီအချိန်က အသက်(၁၄)နှစ်မှ (၁၈)နှစ်အတွင်းရှိ မိန်းကလေးအား Maupin အနီး Deshutes နားတွင် သူမအဖော်များဖြင့် အဝေးရောက်
သွားချိန် အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း ၎င်းက ပြန်ပြောပြခဲ့သည်။

၎င်းသတ်ခဲ့ကြောင်း ဝန်ခံခဲ့သော အသတ်ခံရသူငါးဦးမှာ Washington မှ ဖြစ်ပြီး တစ်ယောက်မှာမူ East Coast မှာဖြစ်ကြောင်း ၊ ထို့နောက် New York တွင် စွန့်ပစ်ခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

၎င်းဟာ Alaska ကနေ Chicago ကို ၂၀၁၁ ခုနှစ် ဇွန်(၂)ရက်တုန်းက ငှါးထားသောကားဖြင့် မိုင်တစ်ထောင်နီးပါး ကားဖြင့်ခရီးဆက်ခဲ့ကာ ခရီးလမ်းရှိ အိမ်တစ်အိမ်မှ စုံတွဲတစ်တွဲကို စွန့်ပစ်အိမ်တစ်ခုသို့
ခေါ်ဆောင်ခဲ့ပြီး ခင်ပွန်းဖြစ်သူကိုသတ် ၊ ဇနီးဖြစ်သူကို လိင်ပိုင်းဆိုင်ရာ
စော်ကားခဲ့ပြီး လည်ပင်းညှစ်သတ်ခဲ့တာဖြစ်ကြောင်း သိရသည်။

၎င်းဟာ ၎င်း၏ဇတ်လမ်းကို မီဒီယာများမှတဆင့် လူတွေကို သိစေလိုဟန်ရှိကြောင်း ၊ သူဘာလုပ်ခဲ့တယ်ဆိုတာ လူတွကို သိစေချင်ကြောင်း ထိုမှတဆင့် လူတွေရဲ့ ဂရုစိုက်မှုကို ရယူလိုဟန်ရှိကြောင်းလည်း သိရသည်။

Source : Fox News
burmeseheartsအမေရိကန်ပြည်ထောင်စု Alaska ပြည်နယ်မှ လူတွေသတ်ခဲ့သော ရာဇဝင်လူသတ်သမား Israel Keyes က ၎င်းဟာ လူတွေကို သတ်ရတာ ပျော်ရွှင်စိတ်ချမ်းသာတဲ့အတွက် ယင်းကဲ့သို့
သတ်ဖြတ်ခြင်းဖြစ်ကြောင်းစုံစမ်းစစ်ဆေးရေးသမား များကို ပြောဆိုခဲ့ သည်ဟု သိရသည်။ ၎င်းဟာ အမေရိကန်ပြည်ထောင်စုအတွင်း လူ(၈) ဦးအား သတ်ဖြတ် ခဲ့ကြောင်း သိရသည်။ သို့ပေမယ့် ယင်းအရေ အတွက်ထက်လည်း ပိုနိုင်ကြောင်းသိရသည်။ ၎င်းက လူ

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ပထမဦးဆုံး ထောက်ခံအားပေးခဲ့သည့် နိုင်ငံဖြစ်သည့်အတွက် ဂုဏ်ယူကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေး ကော်မရှင်မှ သတင်းထုတ်ပြန်

 
Photo: ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ပထမဦးဆုံး
ထောက်ခံအားပေးခဲ့သည့် နိုင်ငံဖြစ်သည့်အတွက် ဂုဏ်ယူကြောင်း
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေး ကော်မရှင်မှ သတင်းထုတ်ပြန်  
Monday, 10 December 2012

၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလတွင် ပါရီမြို့၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကမ္ဘာ့လူ့အခွင့်အရေး
ကြေညာစာတမ်းကို အတည်ပြု ချမှတ်နိုင်ရန် နိုင်ငံအမည်ခေါ်၍ မဲခွဲဆုံးဖြတ်စဉ် မြန်မာနိုင်ငံသည် ပထမဦးဆုံး ထောက်ခံမဲပေးခဲ့သည့်
နိုင်ငံဖြစ်ကြောင်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်အနေဖြင့် ဂုဏ်ယူသတိရလျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လူသားအားလုံးနှင့် သက်ဆိုင်သည့် အရေးအကြီးဆုံး ကြေညာချက် တစ်ရပ်ဖြစ်သော နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အတည်ပြုချမှတ်ခဲ့ပြီး အဆိုပါနေ့အား နိုင်ငံတကာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း လူ့အခွင့်အရေးနေ့ ပေါ်ပေါက်လာပုံကို
ဖော်ပြထားသည်။

ယနေ့သည် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး မြင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် လွန်ခဲ့သည့်နှစ်အတွင်း ဆောင်ရွက်ချက်များကို
ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် ရေရှည်လုပ်ငန်းစဉ်များကို ချပြရန် အသင့်လျော်ဆုံး အခါသမယဖြစ်ကြောင်း၊ ကော်မရှင်သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ လက်ခံရရှိခဲ့သော တိုင်တန်းချက်ပေါင်း သုံးထောင်ကျော်အနက် အများစုကို စိစစ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ''ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ'' အပါအ၀င် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးအတွက် နိုင်ငံတော်သမ္မတထံ စာရေးသား မေတ္တာရပ်ခံခြင်းနှင့် သတင်းထုတ်ပြန်ခြင်းတို့ကို ကော်မရှင်က
ဆောင်ရွက်ခဲ့ခြင်းသည် ထောင်ပေါင်းများစွာသော အကျဉ်းသားများကို လွတ်မြောက်စေခဲ့ကြောင်း၊ လွတ်မြောက်လာသော အကျဉ်းသားအချို့သည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြသည့် အတွက်လည်း အားရကျေနပ်မိကြောင်း၊ လူ့အခွင့်အရေး ကာကွယ်ရေးလုပ်ငန်း အတွေ့အကြုံများအရ နိုင်ငံတော်အစိုးရနှင့် အခြားသက်ဆိုင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

လူ့အခွင့်အရေး မြင့်တင်ရေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ပညာပေးရေးကို အထူးပြုဆောင်ရွက်နေသော အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရန်ကုန်မြို့တွင် အလုပ်ရုံ
ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့် ထူးခြားသည့် ရလဒ်တစ်ခုအဖြစ် အခြေခံပညာနှင့် အဆင့်မြင့်ပညာ သင်ရိုးများတွင် လူ့အခွင့်အရေး ဘာသာရပ်ကို အလေးထား သင်ကြားပေးနိုင်ရေး လုပ်ငန်းစဉ်ကို အစပျိုးနိုင်ခဲ့ကြောင်း ဆက်လက်ဖော်ပြထားပါသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ တင်းပြည့်အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ တွဲဖက်အဖွဲ့ဝင်နိုင်ငံအဖြစ် လည်းကောင်း အသိအမှတ်ပြု ခံခဲ့ရကြောင်း၊ သို့ဖြစ်ရာ ဒေသတွင်း လူ့အခွင့်အရေး မြင့်တင်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများတွင် ၄င်းဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းလာနိုင်ပြီ
ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်နှင့် ရှေ့လုပ်ငန်းစဉ်များတွင် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး ဆက်နွယ်မှု ဘာသာရပ်၊
ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်နှင့်စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်တို့ကဲ့သို့သော အရေးကြီးသည့် ဘာသာရပ်
ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရန် ကိစ္စများ ပါဝင်ကြောင်း၊ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲများသည် လူပုဂ္ဂိုလ်များ၊မြန်မာနိုင်ငံတွင်စီးပွားရေး 
လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး
မြင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်
လျက်ရှိသည့် သက်ဆိုင်ရာ ၀န်ကြီးဌာနများအတွက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ကြောင်း၊ ရေရှည်စီမံချက်အဖြစ် အရေးကြီးသော လူ့အခွင့်အရေး စာရွက်စာတမ်းများကို အများပြည်သူ သိရှိစေရန် မြန်မာဘာသာသို့
ပြန်ဆိုခြင်းလုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း
ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥပဒေမူကြမ်းတွင်
ဖော်ပြပါရှိသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များသည် ကော်မရှင်ကို ကြီးမားသော တာဝန်တစ်ရပ်အဖြစ် ယုံကြည်စွာ အပ်နှံခြင်းဖြစ်သောကြောင့်
ဆောင်ရွက်ရာတွင် ကော်မရှင်အတွက် သက်ဆိုင်သူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု မရှိပါက လူသားတို့၏ မွေးရာပါဂုဏ်သိက္ခာကို လေးစားမှုရှိသည့် လူ့အဖွဲ့အစည်း
တစ်ရပ် ပေါ်ပေါက်ရေးအတွက် အလှမ်းဝေးနေဦးမည်
ဖြစ်ကြောင်း ထုတ်ပြန်ချက်အဆုံးတွင်ဖော်ပြထားပါသည်။

Eleven Media Group၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလတွင် ပါရီမြို့၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကမ္ဘာ့လူ့အခွင့် အရေးကြေ ညာ စာတမ်းကို အတည်ပြု ချမှတ်နိုင်ရန် နိုင်ငံအမည်ခေါ်၍ မဲခွဲ ဆုံးဖြတ် စဉ် မြန်မာနိုင်ငံသည် ပထမဦး ဆုံး ထောက်ခံ မဲပေးခဲ့ သည့်နိုင်ငံဖြစ်ကြောင်းကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင် အနေဖြင့် ဂုဏ်ယူသတိရလျက်ရှိကြောင်း သတင်း

မျိုးဆက်သစ် လူငယ်များ ဆန္ဒထုတ်ဖော်

 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းမှုကို တရားမျှတစွာဖြေရှင်းရန်နှင့် ယင်းကိစ္စအပေါ် ကန့်ကွက် ဆန္ဒပြသူတို့ကို ဖမ်းဆီး ထိန်းသိမ်း ထားသူတို့အား အမြန်ဆုံးလွှတ်ပေးရန်

၈၀ ကျော်မှ ဘွဲ့ရတဲ့အဘိုး

၈၀ ကျော်မှ ဘွဲ့ရတဲ့အဘိုး
Monday, December 10, 2012

အသက် ၈၀ ရှိပြီဖြစ်သော အဘိုး ရောဘတ် တီးတပ်စ်သည်
ဈေးကွက်စီမံခန့်ခွဲရေးဘာသာရပ်ဆိုင်ရာ ဘွဲ့တစ်ခုကို ရရှိပြီဖြစ်ကြောင်း သိရသည်။ အဘိုး တီးတပ်စ်က “ကျွန်တော် ဒီဘွဲ့ကို ငယ်ငယ်လေး
ကတည်းက လိုချင်နေတာပါ။ ဒါကြောင့် တောက်လျှောက်ကြိုးစားလာခဲ့တာ” ဟုပြောကြားခဲ့သည်။ သူသည် အလုပ်မှ အငြိမ်းစားယူခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ယခုရရှိသည့်ဘွဲ့နှင့် ပတ်သက်ပြီး အလုပ်တာဝန်တစ်ခုခုကို ထမ်းဆောင်ချင်စိတ်ရှိသေးသည်ဟုဆိုသည်။

ထို့ပြင် သူက “ကျွန်တော့် အမေကို ကျွန်တော် တစ်နေ့ ဒီဘွဲ့ ရကို ရ,ရမယ်လို့ ကတိပေးခဲ့တယ်” ဟုပြောခဲ့ သည်။ မစ္စတာတီးတပ်စ်သည် ယခင်က အရောင်းသမားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်
ခဲ့ဖူးပြီး ဟော့စ်တန်မြို့တွင် နေထိုင်ခဲ့သူဖြစ်သည်။ “ကျွန်တော့်အတွက်တော့ ဒီဘွဲ့ဟာ ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါ” ဆိုသည်။

မစ္စတာ တီးတပ်စ်သည် တက္ကဆက်ပြည်နယ်ရှိ NGO အဖွဲ့အစည်းတစ်ခုမှ ဖွင့်လှစ်ထားသော အွန်လိုင်း တက္ကသိုလ် W.G.U.Texas တွင် အသက်
အကြီးဆုံး ကျောင်းသားတစ်ယောက်အဖြစ် ၀င်ရောက်စာရင်း သွင်းခဲ့သူ
လည်းဖြစ်သည်။ ထို အွန်လိုင်းတက္ကသိုလ်တွင် တက်ရောက်နေကြသည့် ပျမ်းမျှ ကျောင်းသားများ၏ အသက်မှာ ၃၉ နှစ်ဖြစ်သဖြင့် မစ္စတာတီးတပ်စ်သည် စံချိန်တင် အသက်အကြီးဆုံး
ကျောင်းသားကြီးဖြစ်သွားခဲ့ ရသည်။ ထိုကျောင်းမှ ဘွဲ့တစ်ခုရရန် အွန်လိုင်းအနေဖြင့် ၃ နှစ်ခွဲတက်ရောက်လေ့လာသင်ယူရမည်ဖြစ်သည်။

မစ္စတာ တီးတပ်စ်သည် ထိုကျောင်းတွင် ၂၀၀၆ ခုနှစ်ကတည်းက
ကျောင်းဝင်ခွင့်လျှောက်လွှာတင်ပြီး တက်ရောက်သင်ကြားခဲ့သူဖြစ်သည်။ တီးတပ်စ်က သူ့အနေဖြင့် ကွန်ပျူတာကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုတတ်သူလည်း မဟုတ်ကြောင်း၊ စာရိုက်လျှင်လည်း လက်ညှိုးတစ်ချောင်းတည်းဖြင့်သာ ရိုက်တတ်ပြီး ကျောင်းစာများကို အွန်လိုင်းမှတင်သည့်အခါ လွန်စွာမှ အားထုတ်ခဲ့ရကြောင်း၊ သူသည် အထက်တန်းကျောင်း သားဘ၀တွင် အမေရိကန်ရေတပ်တွင်
ဝင်ရောက်အမှုထမ်းကာ ကိုရီးယားစစ်မြေပြင်သို့ရောက်ခဲ့ရကြောင်း၊ စစ်ပွဲမှ ပြန်လာသည့်အခါတွင်လည်း ရာဘာကုမ္ပစီတစ်ခု၏ အရောင်းသမားဘ၀တွင် နှစ်ပေါင်းများစွာ ရပ်တည်နေရပြီး ပညာမသင်နိုင်ခဲ့ကြောင်း၊ ယခင်က အနီးနားရှိ ကောလိပ်တစ်ခုတွင်
ကျောင်းတက်ရန် စာရင်း သွားသွင်းဖူးသော်လည်း မတက်ဖြစ်ခဲ့ကြောင်း၊ အဓိကမှာ ငွေကြေးမတတ်နိုင်သောကြောင့်ဖြစ်ကြောင်း၊ ယခု ၈၀ နားနီးမှ သူ့အမေဖြစ်စေချင်သော ဘွဲ့ရကြီးတစ်ယောက်ဖြစ်ခဲ့ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။ 

မောက္ခ ပညာရေးမဂ္ဂဇင်းအသက် ၈၀ ရှိပြီဖြစ်သော အဘိုး ရောဘတ် တီးတပ်စ်သည်ဈေးကွက် စီမံခန့်ခွဲရေးဘာသာရပ်ဆိုင်ရာ ဘွဲ့တစ်ခုကို ရရှိပြီဖြစ်ကြောင်း သိရ သည်။ အဘိုး တီးတပ်စ်က “ကျွန်တော် ဒီဘွဲ့ကို ငယ်ငယ်လေးကတည်း က လိုချင်နေတာပါ။ ဒါကြောင့် တောက်လျှောက် ကြိုးစားလာခဲ့တာ” ဟုပြောကြားခဲ့သည်။ သူသည် အလုပ်မှအငြိမ်းစား ယူခဲ့သည်မှာ ကြာခဲ့

တင်ပါးကြီးခြင်းသည် ကျန်းမာရေး အတွက်ကောင်း

တင်ပါးကြီးခြင်းသည် ကျန်းမာရေး အတွက်ကောင်း 
http://www.myawady.net.mm/health/knowledge/item/1198-2012-12-09-15-19-03
တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေးအတွက် ကောင်းကြောင်း လေ့လာချက် အသစ်အရ သိရသည်။

တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော အမျိုး အစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစားကို မြင့်တက် စေကြောင်း လေ့လာချက် အသစ် များအရ သိရ သည်။ တင်ပါးလုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကိုလည်း လျော့ချ ပေးနိုင်သည်။

ယခု တွေ့ရှိချက် အသစ်သည် ယခင်တွေ့ ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ် ရှိခြင်းသည် အကျိုး ကျေးဇူးရှိကြောင်း တွေ့ရှိ ချက်ကိုလည်း ထောက်ခံရာ ရောက်သည်ဟု ဆိုသည်။ ယခု တွေ့ရှိချက်အရ ဂျနီဖာလိုပက်ဇ်သည် ခန္ဓာကိုယ်တွင် အဆီများက ဝမ်းဗိုက် ထက်စာလျှင် တင်ပါးနှင့် ပေါင်လုံးတို့တွင် စုဝေးနေ သောကြောင့် ပို၍ အသက်ရှည် လိမ့်မည်ဟု ဆိုသည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အတူတကွ ပူးပေါင်းကာ ခန္ဓာကိုယ် အောက်ပိုင်းနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မည့် အချက်များကို သုတေသန ပြုခဲ့ရာ ခန္ဓာကိုယ် အလယ်ပိုင်း ထက် အောက်ပိုင်းတွင် အဆီများ စုဝေးခြင်းက ကျန်းမာ ရေးအတွက် ပို၍ ကောင်းကြောင်း တွေ့ရှိ ခဲ့ရသည်။

သုတေသန ပညာရှင် ကန်စတန် တီနိုမန်တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေး အတွက် ကောင်းကြောင်း လေ့ လာ ချက် အသစ်အရ သိရသည်။ တင်ပါးနှင့် ပါင်လုံးကြီးခြင်းသည် ဗိုက်ပူခြင်းထက်စာလျှင် ကျန်းမာရးကို   ဆိုးရွား စေသော ကိုယ်လက် စထရောအမျိုး စားကို လျော့  နည်းစေပြီး သွေးလွှတ်ကြော နံရံများမာကြောမှုကိုကာကွယ်ပးသည့် ကျန်းမာရေး အတွက်ကာင်းသော ကိုယ်လက်စထရောအမျိုးအစားကို မြင့် တက် စေကြောင်း လေ့ လာချက်အသစ်များအရ သိရသည်။ တင်ပါးလုံးကြီးခြင်းသည်ဆီး ချို ရော

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုဖြစ်ပွား အနည်းဆုံး လူလေးဦးသေဆုံးကာ ၆ဝဝ ကျော်ဒဏ်ရာရ

Photo: ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုဖြစ်ပွား အနည်းဆုံး လူလေးဦးသေဆုံးကာ ၆ဝဝ ကျော်ဒဏ်ရာရ
Monday, December 10, 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒက်ကာတွင် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း မှစတင်ကာ အစိုးရအား ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ လေးဦးသေဆုံးကာ ၆ဝဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။

ယင်းကဲ့သို့ ဆန္ဒပြမှုများအကြား အခြားအတိုက်အခံ ခေါင်းဆောင်များနှင့် တက်ကြွစွာ ပါဝင်လှုပ်ရှားသူများ ရာနှင့်ချီ၍ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်ဟု ဘင်္ဂလား အမျိုးသားပါတီ (BNP) မှ အထွေထွေအတွင်း ရေးမှူးချုပ် မီရ်ဇာဖက်ခ်ရူးလ် အစ္စလာမ်အလမ်ဂီက ပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒပြခဲ့မှုများမှာ ဒက်ကာမြို့ အနှံ့ဖြစ်ပွားခဲ့ပြီး လက်လုပ် ဗုံးများအပြင် စစ်သုံး လက်ပစ်ဗုံး ပေါက်ကွဲမှု များလည်းဖြစ်ပွားခဲ့ကာ
မော်တော်ယာဉ် ၁၂ စီးခန့် မီးလောင် ပျက်စီးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် BNP ပါတီက လာမည့် အင်္ဂါနေ့တွင် ထပ်မံ၍ ဆန္ဒပြမှု ပြုလုပ်ရန် စီစဉ်ထားပြီး ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အစိုးရအဖွဲ့အား ဖိအားပေး သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မစ္စဟာစီနာက နိုင်ငံရေးကို အသုံးပြုကာ
ပြည်တွင်း ဆူပူအုံကြွမှုဖြစ်အောင် ဖန်တီးခဲ့သည့် BNP ပါတီအား အပြစ်တင် ပြောကြား လိုက်ပြီး ပြည်တွင်းရှိ စစ်အတွင်းက ပြစ်ဒဏ် ကျသင့်သူများကို ကယ်တင်ရန် ပြုလုပ်ခြင်းမှာ နိုင်ငံကို ချောက်ကမ်းပါးသို့ တွန်းပို့ခြင်းသာ ဖြစ်သည်ဟု ဝေဖန်ရှုတ်ချ လိုက်ကြောင်း သိရသည်။

မြ၀တီဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒက်ကာတွင် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း မှစတင်ကာ အစိုးရအား ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူ လေးဦးသေဆုံးကာ ၆ဝဝ ကျော် ဒဏ်ရာ ရရှိ ခဲ့သည်။
ယင်းကဲ့သို့ ဆန္ဒပြမှုများအကြား အခြား အတိုက် အခံ ခေါင်းဆောင် များနှင့် တက်ကြွစွာ ပါဝင်လှုပ်ရှားသူများ ရာနှင့်ချီ၍ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်ဟု ဘင်္ဂလား အမျိုးသားပါတီ (BNP) မှ အထွေထွေ အတွင်း ရေးမှူးချုပ် မီရ်ဇာဖက်ခ်ရူးလ် အစ္စလာမ် အလမ်ဂီက ပြောကြား

ပါကစ္စတန်နိုင်ငံသည် ကလေးသူငယ်များအခွင့်အရေး အဆုံးရှုံးဆုံးနိုင်ငံဖြစ်နေ

Photo: ပါကစ္စတန်နိုင်ငံသည် ကလေးသူငယ်များအခွင့်အရေး အဆုံးရှုံးဆုံးနိုင်ငံဖြစ်နေ
Monday, December 10, 2012

အရွယ်မရောက်မီ လက်ထပ်ထိမ်းမြားရန် အတင်းအကြပ်ပြုလုပ်ခံနေရခြင်း၊ ကလေးသူငယ်များကို အခိုင်းအစေ အဖြစ် ရောင်းစားခံနေရခြင်းများကြောင့် ပါကစ္စတန်နိုင်ငံသည် ကလေးသူငယ်များ အခွင့်အရေး အဆုံးရှုံးဆုံး
နိုင်ငံဖြစ်နေကြောင်း ပါကစ္စတန်နိုင်ငံ မီဒီယာသတင်းများတွင်
ခေါင်းကြီးပိုင်းမှဖော်ပြနေကြသည်။

ပါကစ္စတန်နိုင်ငံ ကလေးသူများဆိုင်ရာ အဖွဲ့အစည်းများကကလေးသူငယ်များ
ဆိုင်ရာ အခွင့်အရေးအတွက် အကာအကွယ်ပေးသည့် ဥပဒေများ ထုတ်ပြန်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း တောင်းဆိုထားကြသည်။ သို့သော် ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ကလေးသူငယ်များဆိုင်ရာ အခွင့် အရေးကို စောင့်ရှောက်ပေးမှု
နည်းခြင်းကြောင့် အခွင့်အရေးများကို အကာအကွယ်မပေးနိုင်သေးဟု
သိရသည်။

ပါကစ္စတန်နိုင်ငံတွင် အသက် ၅ နှစ်မှ ၉ နှစ်အရွယ် ကလေးပေါင်း
 ၇ သန်းကျော်ခန့်ရှိပြီး ယနေ့တိုင် ကျောင်း မတက်နိုင်သေးသူများ
ဖြစ်နေကြောင်း၊ ရေကြီးမှုနှင့် ကျောင်းများ ပျက်စီးမှုတို့ကြောင့် ကလေးပေါင်း ၁ ဒသမ ၈ သန်းခန့်သည် ကျောင်းမတက်နိုင်သေးကြောင်း၊ နိုင်ငံအနေဖြင့် ကြည့်လျှင် ပါကစ္စတန်နိုင်ငံသည် ပိုလီယိုရောဂါ အဖြစ်အများဆုံးနိုင်ငံ
စာရင်းတွင် အစိုးရိမ်ရဆုံးဖြစ်နေကြောင်း၊ ၂၀၀၅ ခုနှစ်အစီရင်ခံစာတွင် ပါကစ္စတန်၌ ပိုလီယိုရောဂါဖြစ်ပွားနေသူပေါင်း သန်း ၁၈၀ ခန့်ရှိကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ၁၉၇ သန်းအထိ တိုးလာကြောင်း အစီရင်ခံစာ
တစ်စောင်တွင် ဖော်ပြထားသည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံသည် ကမ္ဘာတွင် ကလေးသူငယ်ပြန်ပေးဆွဲမှု အများဆုံး ၅ နိုင်ငံစာရင်းတွင် ပါဝင်နေပြီး ၂၀၁၁ ခုနှစ်တွင် ကလေးပေါင်း ၇၀၀၀ ခန့် ခိုးယူခြင်းခံနေရသည်ဟု ကလေးသူငယ်အခွင့်အရေးအဖွဲ့တစ်ဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကရာချိမြို့တောင်ပိုင်းတစ်ခုတည်းတွင် ကလေးပေါင်း ၃၀၉၀ ပျောက်ဆုံးခဲ့ ရသည်ဟု ထိုအစီရင်ခံစာကဆိုသည်။

ကလေးသူငယ်များကို ခိုးယူပြီး တောင်းစားခိုင်းခြင်း၊ ကလေးသူငယ်
ပြည့်တန်ဆာအဖြစ်လုပ်ခိုင်းခြင်း၊ ကုလားအုပ်စီးပြိုင်ပွဲများအတွက် ကုလားအုပ်စီး ဂျော်ကီများလုပ်ခိုင်းခြင်း၊ အိမ်၊ ဆိုင်၊ ဈေး၊ အလုပ်တို့တွင် ကျေးကျွန်များအဖြစ် ခိုင်းစေရန်ရောင်းစား
ခံရခြင်းများရှိနေသည်ဟု သိရသည်။

ပါကစ္စတန်နိုင်ငံတွင် ကလေးသူငယ်များ၏ ၄၉ ရာခိုင်နှုန်းခန့်သာ မူလတန်းပညာကို သင်ကြားနိုင်ခဲ့ကြောင်း၊ မြို့နေကလေး ၆၇ ရာခိုင်နှုန်းနှင့် ကျေးလက်နေကလေး ၄၀ ရာခိုင်နှုန်းခန့်သာ မူလတန်းကို ပြီးဆုံးအောင် ပညာသင်ကြားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ 

မောက္ခ ပညာရေးမဂ္ဂဇင်းအရွယ်မရောက်မီ လက်ထပ်ထိမ်းမြားရန် အတင်းအကြပ်ပြုလုပ် ခံနေရခြင်း၊ ကလေးသူငယ်များကို အခိုင်းအစေ အဖြစ် ရောင်းစား ခံနေ ရခြင်း များကြောင့် ပါကစ္စတန်နိုင်ငံသည် ကလေးသူငယ်များ အခွင့် အရေး အဆုံးရှုံး ဆုံးနိုင်ငံဖြစ်နေကြောင်း ပါကစ္စတန်နိုင်ငံ မီဒီယာ သတင်း များတွင်ခေါင်းကြီးပိုင်းမှဖော်ပြနေကြသည်။
ပါကစ္စတန်နိုင်ငံ ကလေးသူများဆိုင်ရာ အဖွဲ့အစည်းများက ကလေး သူငယ်များဆိုင်ရာ အခွင့်အရေးအတွက် အကာအကွယ်ပေးသည့် ဥပဒေများ ထုတ်ပြန်ပေးရန်လိုအပ်နေ ပြီဖြစ်ကြောင်း တောင်း ဆိုထားကြသည်။ သို့သော် ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှကလေး

စတာလင်ပေါင် ၁၂၅ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ဈေးအကြီးဆုံး ခရစ္စမတ်ညစာ

Photo: စတာလင်ပေါင် ၁၂၅ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ဈေးအကြီးဆုံး ခရစ္စမတ်ညစာ
Monday, December 10, 2012

အင်္ဂလန်နိုင်ငံတွင် စတာလင်ပေါင် ၁၂၅,ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ဈေးအကြီးဆုံး ခရစ္စမတ်ညစာ စားသောက်ဖွယ် စာရင်းကို ထုတ်ဖော်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ စားသောက်ဖွယ်စာရင်းကို လန်ဒန်မြို့ရှိစားဖိုမှူးတစ်ဦးဖြစ်သူ
ဘန် စပဲလ်ဒင်းက စီစဉ်ခဲ့ပြီး လူလေးဦး စားသောက်နိုင်ကြောင်းနှင့် စားသောက် ဖွယ်ရာများကို စားဖိုမှူးနှင့် ၎င်း၏ အဖွဲ့ကစီစဉ်
ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အဓိက အစားအစာအဖြစ် အမဲသားတစ်မျိုးနှင့် အသည်းတို့ဖြင့် ပေါင်းစပ်စီမံ ထားသော ဒိုဒီနီကြက်ဆင်သား ဟင်းလျာဖြစ်ပြီး ယင်းဟင်းလျာအပေါ်တွင်
ရွှေမျက်ပါးနှင့် အက်ခ်ဘာရီသီဟိုဠ် စေ့များကို ဖြူးထားကြောင်း သိရသည်။
ယင်းစား သောက်ဖွယ်ရာကို ၁၉ဝ၇ ခုနှစ်ထုတ် စတာလင်ပေါင် ၃၇,ဝဝဝ တန်ဖိုးရှိ Piper Heidsieck ရှန်ပိန်ပုလင်းအပါအဝင် ဝိုင်အမျိုးမျိုးဖြင့် တွဲဖက်စား သုံးနိုင်မည်ဖြစ်သည်။

စပဲလ်ဒင်းသည် အဆိုပါစားသောက်ဖွယ်ရာကို VeryFirst To.com မှတစ်ဆင့် ရောင်းချပေးလျက်ရှိပြီး တစ်နှစ်မှ တစ်ကြိမ်ကျရောက်သည့် ပွဲတော်အတွက် အထူးပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

စပဲလ်ဒင်းသည် အဆိုပါ ညစာစားဟင်းလျာ ရောင်းချမှုမှရရှိသည့် ငွေပမာဏ ၈ဝ ရာခိုင်နှုန်းကို ဗြိတိန်ရှိ ကင်ဆာသုတေသနဌာနနှင့် လူမှုရေးအဖွဲ့များသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီအင်္ဂလန်နိုင်ငံတွင် စတာလင်ပေါင် ၁၂၅,ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ဈေး အကြီးဆုံး ခရစ္စမတ်ညစာ စားသောက်ဖွယ် စာရင်းကို ထုတ်ဖော်ကြေ ညာခဲ့ကြောင်း သိရသည်။အဆိုပါ စားသောက်ဖွယ်စာရင်းကို လန်ဒန်မြို့ရှိစားဖိုမှူးတစ်ဦးဖြစ်သူဘန် စပဲလ်ဒင်းက စီစဉ်ခဲ့ပြီး လူလေး ဦး စားသောက်နိုင်ကြောင်းနှင့် စားသောက် ဖွယ်ရာများကို စားဖိုမှူးနှင့်

တိုင်ဖွန်းကြောင့် ဖိလစ်ပိုင်မှာ ရာနဲ့ချီ ထိခိုက်သေဆုံး


ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသမှာ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့
ပြီးနောက် ပျောက်ဆုံးနေသူပေါင်း ဟာ ၈၀၀ ကျော်အထိ ရှိမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ရာနဲ့ချီတဲ့ ငါးဖမ်းသင်္ဘော သားတွေ ပင်လယ် ထဲမှာ ပျောက်ဆုံးနေကြောင်း သတင်းတွေ ထပ်မံ

ဒေါ်အောင်ဆန်းစုကြည်ကလူငယ်တွေနိုင်ငံရေးစိတ်ဝင်စားတာကို ချီးကျူး


လူငယ်တွေ၊ ကျောင်းသားတွေ နိုင်ငံရေးကို စိတ်ဝင်စားတာ ဝမ်းသာ တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က မန္တလေးတိုင်းဒေသကြီးကျောက်ပန်းတောင်းမြို့က ရွှေနဒီ ပရဟိတ ဘုန်းတော် ကြီးကျောင်းရှေ့ ကွင်းပြင်မှာ ဒီကနေ့ လူထုပရိသတ်

မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသော သံဃာတော်များအား ပြည်ပမှ အထူးကုဆရာဝန်ကြီးများ လာရောက်ကြည့်ရှု


မန္တလေး ပြည်သူ့ဆေးရုံကြီးတွင်   တက်ရောက်ကုသနေသော သံဃာတော်များ၏ ဒဏ်ရာရရှိမှုအခြေအနေများအား ပြည်ပမှ အထူးကု ဆရာဝန်ကြီးများ လာရောက်လေ့လာ ကြည်ရှုခဲ့ကြောင်း သိရသည်။ လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွဲမှုတွင် ဒဏ်ရာရရှိခဲ့သော သံဃာတော်များ၏ ကျန်းမာရေးအခြေအနေနှင့် မန္တလေးဆေးရုံကြီး၏ ကုသမှုအခြေအနေများကို ဒီဇင်ဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံမှ

ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ

ဗီယက်နမ်နိုင်ငံရဲ့ မြို့ကြီး ၂ မြို့မှာ ဒီနေ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ ခဲ့ ကြလို့ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ ၂၂ ယောက်ကို ဖမ်းဆီး လိုက် ပါတယ်။ ဟနွိုင်းမြို့တော်မှာ လူ ၂၀၀ နီးပါး နာရီဝက်ကြာ ဆန္ဒပြခွင့် ရကြပြီးနောက် ရဲတပ်ဖွဲ့က လူစုခွဲ ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြ သူတွေထဲက ၂၂ ယောက်ကို ဖမ်းလိုက်ပြီး ဘတ်စ်ကား

တရုတ်အစိုးရ ဆန့်ကျင်သူ တိဘက်လူမျိုးတဦး မီးရှို့အဆုံးစီရင်

Photo: တရုတ်အစိုးရ ဆန့်ကျင်သူ တိဘက်လူမျိုးတဦး မီးရှို့အဆုံးစီရင် 
Monday, December 10, 2012

တိဘက်ဒေသမှာ တရုတ် အုပ်ချုပ်မှုကို ကန့်ကွက်တဲ့အနေနဲ့ တနင်္ဂနွေနေ့က အသက် (၁၇) နှစ် အရွယ် မိန်းကလေးငယ် တဦးဖြစ်တဲ့ Wanchen Kyi ဟာ ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့ပါတယ်။ သူမတကိုယ်လုံး မီးတောက်တွေနဲ့ ဖုံးနေချိန်မှာ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား ကို ထောက်ခံကြောင်းနဲ့ တိဘက်လွတ်မြောက်ဖို့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက  ပြောပါတယ်။ သူဟာ အဲဒီနေရာမှာပဲ
သေဆုံးသွားခဲ့တာပါ။
 
သူ မီးရှို့ ဆန္ဒပြတဲ့ နေရာကို တိဘက်ဘုန်းတော်ကြီးတွေ အပါအ၀င် တိဘက်လူမျိုး သုံးထောင်ကျော် လာရောက် စုဝေးကြပြီး ဆုတောင်းစာတွေ ရွတ်ဖတ်ခဲ့ကြပါတယ်။
 
စနေနေ့ကလည်း ငယ်ရွယ်တဲ့ တိဘက်ဘုန်းတော်ကြီး ၂ ပါး ကိုယ့်ကိုယ်ကို မီးရှို့ပြီး တရုတ် အုပ်ချုပ်မှုကို ဆန္ဒပြရာက သေဆုံးခဲ့ကြရပါတယ်။ တရုတ်နိုင်ငံ အနောက်ပိုင်းမှာ ၂၀၀၉ ခုနှစ်က စပြီး တိဘက်တွေ ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင် ဆန္ဒပြမှုပေါင်း  ၉၅ ခု ဖြစ်ပွားခဲ့ပြီး
နိုဝင်ဘာလ တလတည်းမှာပဲ ၂၈ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားတဲ့ကြားကပဲ တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင် ဆန္ဒပြမှုတွေနဲ့ အတူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ တိုးလာခဲ့တာပါ။  
 
တနင်္ဂနွေနေ့က Sichuan ခရိုင်မှာ တရုတ်ဆန့်ကျင်ရေး အတွက် မီးရှို့ဆန္ဒပြဖို့ လှုံ့ဆော်ခဲ့တယ်လို့ ၀န်ခံခဲ့တဲ့ တိဘက်ဘုန်းတော်ကြီး တပါးနဲ့ သူ့ တူတယောက်ကို ဖမ်းမိခဲ့တယ်လို့ တရုတ်အစိုးရ သတင်းက ရေးပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာ ၃ ဦး သေဆုံးခဲ့ရပါတယ်။
 
တရုတ်ရဲတွေကတော့ သူတို့ဟာ အဝေးရောက် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ အမိန့်အရ လုပ်ဆောင်နေကြတာလို့ ဆိုပါတယ်။ တရုတ်အစိုးရဟာ အိန္ဒိယ အခြေစိုက် ဘုန်းတော်ကြီး ဒလိုင်းလားမားကို တိဘက်တွေ ခွဲထွက်နိုင်အောင် အခုလို မီးရှို့ဆန္ဒပြမှုတွေ လုပ်ခိုင်း
နေတယ်လို့ စွပ်စွဲထားပေမဲ့ ဘုန်းတော်ကြီးကတော့ မဟုတ်မှန်ကြောင်း
ပြောပါတယ်။ 

ဗွီအိုအေတိဘက်ဒေသမှာ တရုတ်အုပ်ချုပ်မှုကို ကန့်ကွက်တဲ့အနေနဲ့ တနင်္ဂနွေနေ့က အသက်(၁၇) နှစ်အရွယ် မိန်းကလေးငယ်တဦးဖြစ်တဲ့ Wanchen Kyi ဟာ ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြခဲပါတယ်။ သူမတကိုယ်လုံး မီးတောက်တွေနဲ့ ဖုံးနေချိန်မှာ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားကို ထောက်ခံကြောင်းနဲ့ တိဘက်လွတ်မြောက် ဖို့ ကြွေးကြော် သံတွေ အော်ဟစ်ခဲ့တယ်လို့ မျက်မြင် သက်သေတွေ

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ၂၀၁၂ ခုနှစ်၊ မြန်မာကျပ်ငွေဖြင့် အဆင့်နိမ့် ကျောက်စိမ်း အသားကျောက် ရောင်းချပွဲနှင့် နိုင်ငံခြားငွေဖြင့် ကျောက်မျက်၊ ပုလဲရောင်းချပွဲသို့ တက်ရောက် ကြည့်ရှုအားပေး

Photo: ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ၂၀၁၂ ခုနှစ်၊ မြန်မာကျပ်ငွေဖြင့် အဆင့်နိမ့် ကျောက်စိမ်း အသားကျောက် ရောင်းချပွဲနှင့် နိုင်ငံခြားငွေဖြင့်
ကျောက်မျက်၊ ပုလဲရောင်းချပွဲသို့ တက်ရောက် ကြည့်ရှုအားပေး
Monday, December 10, 2012

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက် ( ၉ ) နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပ ပြုလုပ်သည့် ၂၀၁၂ ခုနှစ်၊ မြန်မာကျပ်ငွေဖြင့် အဆင့်နိမ့် ကျောက်စိမ်းအသားကျောက် ရောင်းချပွဲနှင့် နိုင်ငံခြားငွေဖြင့် ကျောက်မျက်၊ ပုလဲရောင်းချပွဲသို့ တက်ရောက်ကြည့်ရှု အားပေးသည်။

အဆိုပါ ရောင်းချပွဲသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက၊ သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်အောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ပြပွဲ ဗဟိုကော်မတီဝင်များ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားမှူးက ပြပွဲတွင် ခင်းကျင်းပြသရောင်းချမည့်
ကျောက်စိမ်း ကျောက်မျက် အတွဲများနှင့် ရောင်းချမည့် ကြမ်းခင်းဈေးနှုန်း၊ အရေအတွက်နှင့် ရောင်းချမည့် စနစ်များ၊ ဆပ်ကော်မတီများ အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ အပေါ် အသေးစိတ် ရှင်းလင်း ဖတ်ကြားတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အပေါ်ထပ်တွင် ခင်းကျင်းပြသ
ရောင်းချသည့် ကျောက်မျက်ရတနာ များနှင့် လက်ဝတ်ရတနာများ ခင်းကျင်းထားရှိမှု အခြေအနေကို လှည့်လည် ကြည့်ရှုအား ပေးသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မဏိရတနာ ကျောက်စိမ်း ခန်းမ ပရိဝုဏ်အတွင်း ရောင်းချရန်အတွက် ဧရိယာအလိုက် ခင်းကျင်းပြသ ထားရှိသည့် ကျောက်စိမ်း အတွဲများကို ကြည့်ရှု လေ့လာကြသည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် မြန်မာ့ ကျောက်မျက်ရတနာ ပြတိုက်သို့ ရောက်ရှိကြပြီး ပြတိုက်
အောက်ထပ် ခန်းမအတွင်း တင်ဒါ စနစ်ဖြင့် ရောင်းချရန် ခင်းကျင်းပြသ ထားရှိသည့် ပုလဲအတွဲများကို လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက် ( ၉ ) နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပ ပြုလုပ်သည့် ၂၀၁၂ ခုနှစ်၊ မြန်မာကျပ်ငွေဖြင့် အဆင့်နိမ့် ကျောက်စိမ်း အသားကျောက် ရောင်းချ ပွဲနှင့် နိုင်ငံခြားငွေဖြင့် ကျောက်မျက်၊ ပုလဲရောင်းချပွဲသို့ တက်ရောက်