Sunday, December 28, 2014

၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုရှင်များ

Photo: ၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုရှင်များ
===============================

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၄

အမျိုးသား ဇာတ်ဆောင်ဆု - ပြေတီဦး (ဇာတ်ကား - နင်စေရင်)
အမျိုးသမီး ဇာတ်ဆောင်ဆု - ဝတ်မှုံရွှေရည် (ဇာတ်ကား - နင်စေရင် )
ဒါရိုက်တာ - ဝိုင်း ( ဇာတ်ကား - စေတန်ရဲ့ ကချေသည်)
အမျိုးသားဇာတ်ပို့ဆု - မင်းဦး (ဇာတ်ကား - နင်စေရင်)
အမျိုးသမီး ဇာတ်ပို့ဆု - ခိုင်သင်းကြည် (ဇာတ်ကား - စုန်းပြူး)
ရုပ်ရှင်နောက်ခံ တေးဂီတ ဆု - စန္ဒယားတင်ဝင်းလှိုင် (ဇာတ်ကား - ကြယ်စင်မော်ကွန်း)

BBC Burmese
အမျိုးသား ဇာတ်ဆောင်ဆု - ပြေတီဦး (ဇာတ်ကား - နင်စေရင်)
အမျိုးသမီး ဇာတ်ဆောင်ဆု - ဝတ်မှုံရွှေရည် (ဇာတ်ကား - နင်စေရင် )
ဒါရိုက်တာ - ဝိုင်း ( ဇာတ်ကား - စေတန်ရဲ့ ကချေသည်)

ဖားကန့်မြို့က ရှင်မွေးလွန်း (၁၆)ကြိမ် ကိုယ်ဝန်ဆောင်ပြီးနောက် ၁၈ယောက်မြောက် ကလေးမွေးဖွား

Photo: ဖားကန့်မြို့က ရှင်မွေးလွန်း (၁၆)ကြိမ် ကိုယ်ဝန်ဆောင်ပြီးနောက် ၁၈ယောက်မြောက် ကလေးမွေးဖွား

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၄

ဖားကန့်၊ ဒီဇင်ဘာ ၂၅- ကချင် ပြည်နယ် ဖားကန့်မြို့၌ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်သက်၂၆နှစ် အတွင်း (၁၆)ကြိမ် ကိုယ်ဝန်ဆောင်ကာ ၁၈ယောက်
မြောက်ကလေးမွေး ဖွားခဲ့ကြောင်း သိရသည်။

အဆိုပါကလေးကို ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာနေ ဦးအေးကို၏ဇနီး ဒေါ်တင်မာစိုး ၄၅နှစ်က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အကြီးဆုံးသားမှာအ သက်၂၅နှစ်ခန့်ရှိကြောင်းသိရသည်။

''အခုကိုယ်ဝန်မွေးဖွားချိန်မှာ ကျွန်တော့်ကို ရပ်ကွက်လူတွေကခေါ်လို့ မွေး လူနာအိမ်ကိုရောက်ခဲ့တယ်။ဆေးရုံကြီးမှာမွေးဖွားသင့်တယ်။ သွားရေးလာရေး အတွက် ငွေကြေးများကို ဆရာကူညီပေးပါမယ်ဆိုပြီးတော့ ဖားကန့်ပြည် သူ့ဆေးရုံကြီးကို ကိုယ်တိုင် လိုက်ပို့ပေးပြီး ကူညီပါရစေလို့ ကျွန်တော် ကပြောပေမယ့် မိသားစုကလေးတွေကို ကြည့်ရှုစောင့်ရှောက်ကျွေးမွေးမယ့် သူမရှိတာရယ်ကြောင့် ဆရာမမွေးဖွားပေးနိုင်ရင်လဲ အရပ်လက်သည်နဲ့ သာ မွေးဖွားလိုပါတယ်လို့ငြင်းဆန် တဲ့အတွက် ကျွန်တော့်အနေနဲ့ အဲဒီ အခက်အခဲတွေကို ဖြေရှင်းပေးပြီး အောင်မြင်စွာမွေးဖွားပေးခဲ့ပါတယ်'' ဟု ကျန်းမာရေးမှူးဦးကျော်မြင့်က ပြောသည်။

ယင်းအမျိုးသမီးသည် ယခင်မွေးဖွားခဲ့သည့် ကလေးများအားလုံးကိုလည်း အရပ်လက်သည်ဖြင့်သာ မွေးဖွားခဲ့ပြီး၊ အမြွှာနှစ်ကြိမ်ပါရှိခဲ့ကြောင်းနှင့် ကိုယ်ဝန်စောင့်ရှောက်မှု ကိုလည်း မည်သည့်ကျန်းမာရေးဌာန၌တစ်ကြိမ် တစ်ခါမျှစောင့်ရှောက်မှုမခံယူခဲ့ဖူးကြောင်း၊ ကာကွယ်ဆေးများကိုလည်း တစ်ကြိမ်တစ်ခါမျှ မထိုးခဲ့ဖူး ကြောင်း ဒေါ်တင်မာစိုးကပြောသည်။
ဒေါ်တင်မာစိုးသည် သား၊ သမီး များစွာမွေးဖွားခဲ့ပြီးသော်လည်းနောက် ထပ်ကိုယ်ဝန်ရရှိပါက မွေးဖွားဦးမည် ဖြစ်ကြောင်း သိရသည်။

MMT
Democracytoday
ဖားကန့်၊ ဒီဇင်ဘာ ၂၅- ကချင် ပြည်နယ် ဖားကန့်မြို့၌ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်သက်၂၆နှစ် အတွင်း (၁၆)ကြိမ် ကိုယ်ဝန်ဆောင်ကာ ၁၈ယောက်
မြောက်ကလေးမွေး ဖွားခဲ့ကြောင်း သိရသည်။

အဆိုပါကလေးကို ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာနေ ဦးအေးကို၏ဇနီး ဒေါ်တင်မာစိုး ၄၅နှစ်က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အကြီးဆုံးသားမှာအ သက်၂၅နှစ်ခန့် ရှိကြောင်း သိရသည်။

အကယ်ဒမီကမောက်ကမများ

Photo: အကယ်ဒမီကမောက်ကမများ

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၄

၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားများကို ဆုချီးမြှင့်တဲ့အကယ်ဒမီညကတော့ ကမောက်ကမအလွဲအချော်တချို့နှင့်အတူ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါပြီ။ အားလုံးသိကြတဲ့အတိုင်း ရုပ်ရှင်အစည်းအရုံးက ပထမဆုံးလက်လွှဲပြောင်းပြီး ဦးစီးကျင်းပခွင့်ရခဲ့ပါတယ်။ ကျင်းပတဲ့နေရာကလည်း အသစ်စီစဉ်သူများအတွက် စိန်ခေါ်မှုအသစ်များဖြစ်တာကြောင့် တချို့နေရာတွေမှာအလွဲလွဲ အမှားမှားဖြစ်ခဲ့တာကို သတိပြုမိခဲ့ပါ တယ်။

စပြီးလွဲတာကတော့ ပထမဆုံးအကယ်ဒမီဆုရှင်အဖြစ်ကြေညာခံရတဲ့ တေးဂီတဆုရှင်က ရှည်လျားလှတဲ့ ကျေးဇူး တင်စကားကိုပြောနေချိန်မှာ ဟာသသရုပ်ဆောင်ဇော်ဇော် အောင်က စင်ပေါ်တက်ပြီး ရေဘူးပေးကာ သရုပ်ပျက်ဟန်ပန် လုပ်ခဲ့သည်ကလည်း ပွဲကိုရုပ်ဆိုးစေခဲ့ပါတယ်။ တကယ်ဆိုလျှင် အခမ်းအနားမှူးက ပွဲကိုအချိန်မီဝင်ထိန်းလိုက်သင့်ပါတယ်။ပြီးတော့အခမ်းအနားမှူးအဖြစ် ပါဝင်တဲ့အကယ်ဒမီများရှင်ရန်အောင်ကလည်း စိတ်လှုပ်ရှားလို့လား အတွေ့အကြုံမရှိလို့လားမသိ။ ပြောစကားတွေက အယောင်ယောင် အမှားမှားကိုဖြစ်လို့၊ ပူးတွဲအခမ်းအနားမှူးဒေါ်တင်မိုးလွင်က ဖေးကူသွားတာကို သတိပြုမိပါတယ်။ နောက် ငိုအားထက်ရယ်အားသန်ခဲ့ရတာကတော့ မင်းသမီးဇာတ်ဆောင်ဆုကို ကြေညာအပြီးမှာဆုရှင်ဝတ်မှုံရွှေရည်ကို ပွဲခင်းထဲမှာရှာမတွေ့ဘဲ ပရိသတ်ရှေ့ဆုံးကပေါ်လာတာကို စင်ပေါ်ကနေ ရန်အောင်က‘‘စိတ်လှုပ်ရှားလို့ မင်းသမီး (Toilet) အိမ်သာသွားနေတာပါ’’လို့ ပြောလိုက်တဲ့အခါမှာတော့ ကြည့်နေသူတွေ ပွဲကျသွားပါတယ်။

နောက်ရုပ်သံလိုင်းကတိုက်ရိုက်ပြနေတာကို စိတ်လှုပ်ရှားလို့ လား၊ မေ့သွားတာလားမသိတဲ့ ဥက္ကဋ္ဌလူမင်းက ပြေတီဦးကိုရင်းနှီးခင်မင်စွာနဲ့ ဆဲဆိုရင်း ဂုဏ်ပြုစကားဆိုလိုက်တဲ့စကားကိုတိုက်ရိုက်ထုတ်လွှင့်ရာကတစ်ဆင့် ကြားလိုက်ရတဲ့ ပရိသတ်က အံ့အားသင့်ခဲ့ရပြီးလူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ အချိန်နဲ့ တစ်ပြေးညီ အဲဒီအကြောင်းတွေ ပလူပျံသွားခဲ့ပါတယ်။ အကယ်ဒမီဆုရရှိသူတွေစာရင်းအတိအကျက တစ်ရက်ကြိုပြီး အွန်လိုင်းမှာပျံ့နှံ့နေခဲ့တာကိုလည်း ပရိသတ်တချို့က မချိတင်ကဲဖြစ်ခဲ့ကြ ပြီးဝေဖန်ခဲ့ကြပါတယ်။

7Day Daily
၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားများကို ဆုချီးမြှင့်တဲ့အကယ်ဒမီညကတော့ ကမောက်ကမ အလွဲအချော် တချို့နှင့်အတူ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါပြီ။ အားလုံးသိကြတဲ့အတိုင်း ရုပ်ရှင်အစည်းအရုံးက ပထမဆုံး လက်လွှဲ ပြောင်းပြီး ဦးစီးကျင်းပခွင့်ရခဲ့ပါတယ်။ ကျင်းပတဲ့နေရာကလည်း အသစ်စီစဉ်သူများအတွက် စိန်ခေါ်မှု အသစ်များဖြစ်တာကြောင့် တချို့နေရာတွေမှာအလွဲလွဲ အမှားမှားဖြစ်ခဲ့တာကို သတိပြုမိခဲ့ပါ တယ်။

အစိုးရ၀န်ထမ်းများ ပင်စင်ယူပြီးနောက် နေထိုင်ရေးအတွက် အစီအစဉ်ဆောင်ရွက်နေကြောင်း သမ္မတပြောကြား

ဝန်ထမ်းများကျန်းမာ ရေး၊ ပညာရေးကိစ္စအ၀၀အပါ အ၀င် ပင်စင်ယူသည့်အချိန်တွင် နေထိုင်နိုင်ရန် သင့်လျော်သည့် အိမ်ရာစနစ်ကို အစိုးရက စတင်အကောင်အထည်ဖော် နေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ဝန်ထမ်းများအား လစာတိုး ပေးရန် အဆိုကို ၂၀၁၅ နှစ်ဆန်း တွင် ပြန်စမည့်လွှတ်တော်အစည်းအဝေးများ၌ ဆွေးနွေးမည်ဖြစ် ပြီး ၀န်ထမ်းလစာတိုးရေးနှင့် ပတ် သက်၍ အစိုးရနှင့် ၀န်ထမ်းများ ယခုရက်အတွင်း ဆွေးနွေးမှု များပြုလုပ်နေစဉ် သမ္မတက ဒီဇင် ဘာ ၂၆ ရက်တွင် ရခိုင်ပြည်နယ် ခရီးစဉ်၌ ယင်းသို့ ပြောကြားခဲ့ ခြင်း ဖြစ်သည်။

အလိုတော်ပြည့်ဆရာတော်နှင့် သမ္မတဦးသိန်းစိန် ရခိုင်အရေးဆွေးနွေး

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အလိုတော်ပြည့် ဆရာ တော်အား သွားရောက်ဖူးမြော်စဉ် ရခိုင်ပြည်နယ် အရေးနှင့် စပ်လျဉ်း ၍ သီးသန့်ဆွေးနွေးခဲ့ကြောင်း သ တင်းရရှိသည်။

သမ္မတ၏ ဒုတိယအကြိမ် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဒီ ဇင်ဘာလ ၂၅ ရက်က သံတွဲမြို့သို့ရောက်ရှိစဉ် ငပလီ ဂျိတ္တောကျေးရွာရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင် သွားရောက်ဖူးမြော်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဖူးမြော်စဉ် နိုင်ငံ တော်သမ္မတက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များကို သီး သန့်တံခါးပိတ်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း အလိုတော်ပြည့်ဆရာ တော်၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ဆရာတော် ဦးကုမာရက မိန့်ကြားသည်။

အမ်ပီတီက ဖုန်းဘီလ်နှင့် ဝန်ဆောင်ခလျှော့ချမည့်အစီအစဉ် ရွှေ့ဆိုင်းပြန်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၎င်းတို့၏ ဝန်ဆောင်မှုနှင့် အသုံးပြုခများကိုယခုလမကုန်မီ လျှော့ချပေးသွားရန်စီစဉ်ခဲ့သော်လည်း အဆင်မပြေမှုများရှိသည့်အတွက် အနည်းငယ်နောက်ကျ နိုင်ကြောင်း သတင်းရရှိသည်။

‘‘အစက ဒီလထဲမှာပဲလုပ်သွားဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အဆင်မပြေတာလေးတွေရှိတဲ့အတွက် အနည်းငယ်နောက်ကျနိုင်ပါတယ်။ ဒီလကုန်လည်းဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်’’ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ဆိုသည်။

အကယ်ဒမီပွဲတွင် ခိုင်သင်းကြည် ရွှေလက်ကောက်ပျောက်

၂၀၁၃ ခုနှစ်အတွက် အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သော ခိုင်သင်းကြည် ဝတ်ဆင်ခဲ့သည့် ရွှေ လက်ကောက်သည် အကယ် ဒမီပေးပွဲ ကျင်းပသည့်အချိန်တွင် ပျောက်ဆုံးသွားကြောင်း ခိုင်သင်း ကြည်၏ ခင်ပွန်း ကိုခန့်နိုင်က ပြောသည်။

ရန်ကုန်နှင့် ဧရာဝတီတွင် ယခုနှစ်အတွင်း အမျိုးသမီးအကြမ်းဖက်ခံရမှု ပိုမိုများပြားလာ

ယခုနှစ်အတွင်း ရန်ကုန်မြို့ အနီးတစ်ဝိုက်နှင့် ဧရာ ၀တီတိုင်းဒေသကြီးတို့တွင် အမျိုး သမီးအကြမ်းဖက် ခံရမှုများ ပိုမို များပြားလာကြောင်း အမျိုးသမီး များ၏ အခွင့်အရေးများအတွက် လိုက်ပါ ကူညီဆောင်ရွက်ပေးသည့်အဖွဲ့ဖြစ်သော ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေးအမျိုးသမီးကွန်ရက်ကပြောသည်။

‘‘၂၀၁၄ ခုနှစ်အတွင်းမှာ သက်ငယ်အမျိုးသမီးတွေအပေါ် မုဒိမ်းမှုကျူးလွန်တာတွေ တော် တော်များလာတယ်။ ဖွံ့ဖြိုးမှုနည်း ပါးပြီး ဗဟုသုတနည်းတဲ့ ကျေး လက်ဘက်တွေမှာ အဖြစ်များ တယ်။ နောက်ပိုင်းရန်ကုန်နဲ့ အနီး တစ်ဝိုက်မှာတောင် ပိုပြီးဖြစ်လာ တယ်’’ဟု အဆိုပါအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါ်သန္တာက ပြော သည်။ ယခုနှစ်တွင် ဇန်န၀ါရီမှ နိုဝင်ဘာလအတွင်း မုဒိမ်းမှုပေါင်း ခြောက်ရာကျော် ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မုန်တိုင်းကြောင့် အခါလွန်မိုးများ ရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော မုန်တိုင်းငယ်မှာ ပိုမို အားကောင်းလာပြီး ဆိုက်ကလုန်း မုန်တိုင်းဖြစ်လာနိုင်ကာ အထက်မြန်မာနိုင်ငံတွင် အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန် ထားသည်။

စည်ပင်ရွေးကောက်ပွဲဗဟိုကော်မတီအဆင့်တွင် ကိုယ်စားလှယ်လောင်းငါးဦး မဲအပြတ်အသတ်ဖြင့်ဦးဆောင်

စည်ပင်မဲရွေးကောက်ပွဲ တွင် မဲစာရင်းမပါသဖြင့်လာ ရောက်မေးမြန်းသူကို ထိုးကြိတ်ခဲ့ သည့်စွပ်စွဲချက်ဖြင့် ရွှေပြည်သာ မြို့နယ် (ထ-၁၆)ရပ်ကွက်မှကြက်ခြေနီအရာရှိတစ်ဦး လှော် ကားရဲစခန်းတွင် အမှုဖွင့် တိုင် ကြားခံခဲ့ရကြောင်း သတင်းရရှိ သည်။

မဲပေးခွင့်ရှိသူ အများအပြားကျန်ရှိနေကြောင်း ဝေဖန်ခံနေရသည့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲ တွင် ရွှေပြည်သာမြို့နယ်(ထ-၁၆) ရပ်ကွက်မှ ဦးတင်ထွန်းသည် မဲပေးခွင့်မရခဲ့သဖြင့် ဒီဇင်ဘာ၂၇ရက် ညက ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးသို့ သွားရောက်မေးမြန်းစဉ် အုပ်ချုပ်ရေးမှူးရုံးထဲရှိ ကြက်ခြေ နီအရာရှိက ၎င်းကို တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း 7Day Daily အား ပြောသည်။

သင်္ဂင်္ီထွန်ရဲ့ ရင်ဖွင့်စကားသံနဲ့ အကယ်ဒမီ

ခြေစမ်းပွဲတွင် မြန်မာအမျိုးသမီးအသင်း ဟာနန်းအသင်းကိုဂိုးပြတ်အနိုင်ရ

Photo: ခြေစမ်းပွဲတွင် မြန်မာအမျိုးသမီးအသင်း ဟာနန်းအသင်းကိုဂိုးပြတ်အနိုင်ရ

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၄

ရန်ကုန်မြို့တွင် ယှဉ် ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲ၌ မြန်မာ့ လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းက ဗီယက်နမ် ကလပ်ဟာနန်းအသင်းကို (၅-၁)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ဒီဇင်ဘာ ၂၇ ရက်က သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစား ခဲ့သည့်ပွဲ၌ ဧည့်သည်ဟာနန်းအသင်းက  ဦးဆောင်ဂိုးသွင်း ယူနိုင်ခဲ့သော်လည်း မြန်မာအမျိုးသမီးအသင်းက ချေပဂိုးနှင့် အနိုင်ဂိုးပြန်လည်သွင်းယူကာ ဂိုးပြတ်အနိုင်ယူခဲ့ ခြင်းဖြစ်သည်။

ဟာနန်း အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၁ မိနစ် တွင် သွင်းယူခဲ့ပြီး နောက် မြန်မာ အမျိုးသမီးအသင်းက ပိုမိုဖိအား ပေးကစားနိုင်ခဲ့ သော်လည်း ဟာနန်းအသင်းဂိုးသမား အစွမ်းပြ မှုကြောင့် ခက်ခဲခဲ့ရပြီး ပွဲချိန် ၄၅ မိနစ်တွင်မှ တိုက်စစ်မှူးရီရီဦးက ချေပဂိုးသွင်းယူနိုင်ခဲ့သည်။

မြန်မာအသင်းအတွက် အ နိုင်ဂိုးများကို ပွဲချိန် ၇၃ မိနစ်နှင့် ၇၉ မိနစ်တို့တွင် ရီရီဦးက ထပ်မံ သွင်းယူခဲ့ပြီး ဟက်ထရစ်ရယူခဲ့ ကာ ပွဲချိန် ၄၇ မိနစ်၌ တိုက်စစ်မှူး ခင်မိုးဝေကလည်းကောင်း၊ ပွဲချိန် ၉၀ မိနစ်တွင် တိုက်စစ်မှူး နော်အားလိုဝါးဖောကလည်း ကောင်း အနိုင်ဂိုးများသွင်းယူပေး ခဲ့သည်။

ဟာနန်းအသင်းတွင် ဗီယက် နမ်လက်ရွေးစင်ကစားသမား ခုနစ်ဦးပါဝင်ပြီး ပထမပိုင်း၌ မြန်မာအမျိုးသမီးအသင်းကို ယှဉ်ကစားနိုင်သော်လည်း ဒုတိယပိုင်းတွင်ကြံ့ခိုင်မှုအပိုင်း မယှဉ်နိုင်သဖြင့် ကစားအားကျဆင်းကာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

ဟာနန်းအမျိုးသမီးအသင်း သည် ဗီယက်နမ် National Games ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ အသင်းဖြစ်ပြီး ၂၀၁၄ ဗီယက်နမ် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဒုတိယ ဆုရရှိထားသည့်အသင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်းသည် ၂၀၁၅ မတ်လ နှင့် ဧပြီတွင် ဝင်ရောက်ယှဉ်ပြိုင် ရန်ရှိသည့် အိုလံပစ်ခြေစစ်ပွဲနှင့် အာဆီယံ အမျိုးသမီး ချိန်ပီယံရှစ် ပြိုင်ပွဲအကြိုအဖြစ် ဟာနန်း အသင်းနှင့် အကြိုခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခြင်းဖြစ်သည်။

7 Day Daily
ရန်ကုန်မြို့တွင် ယှဉ် ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲ၌ မြန်မာ့ လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းက ဗီယက်နမ် ကလပ်ဟာနန်းအသင်းကို (၅-၁)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ဒီဇင်ဘာ ၂၇ ရက်က သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစား ခဲ့သည့်ပွဲ၌ ဧည့်သည်ဟာနန်းအသင်းက ဦးဆောင်ဂိုးသွင်း ယူနိုင်ခဲ့သော်လည်း မြန်မာအမျိုးသမီးအသင်းက ချေပဂိုးနှင့် အနိုင်ဂိုးပြန်လည် သွင်းယူကာ ဂိုးပြတ်အနိုင်ယူခဲ့ ခြင်းဖြစ်သည်။

နိုင်ငံတကာလက်ဝှေ့စိန်ခေါ်ပွဲ Sky Net မှ တိုက်ရိုက်ထုတ်လွှင့်မည်


နိုင်ငံတကာမြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူအားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး Sky Netရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆီးဂိမ်းမွေချန်ပီယံ တူးတူး နှင့်အမေရိကန် WMCလက်ဝှေ့ ချန်ပီယံအက်ဝပ်တို့က အဓိကတွဲ ဆိုင်းအဖြစ် ယှဉ်ပြိုင်သွားမည်ဖြစ် ပြီး နိုင်ငံတကာရိုးရာလက်ဝှေ့စိန် ခေါ်ပွဲငါးပွဲနှင့် မျိုးဆက်သစ်စိန် ခေါ်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

မဲရုံအချို့ရှေ့တွင် ကိုယ်စားလှယ်အမည်များ မဲဆန္ဒရှင်များအား ဖြန့်ဝေမှုရှိ


Photo: မဲရုံအချို့ရှေ့တွင် ကိုယ်စားလှယ်အမည်များ မဲဆန္ဒရှင်များအား ဖြန့်ဝေမှုရှိ

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၄

 ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲကျင်းပခဲ့သည့် မဲရုံ အချို့ရှေ့၌ ကိုယ်စားလှယ်လောင်းအချို့၏ လူစာရင်းကို ဖြန့်ဝေပြီး မဲဆန္ဒရှင်များအား ဝေဝါးအောင်လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သော စည်းကမ်းဥပဒေ များအရ ဆန္ဒမဲပေးသည့် ၂၇ ရက် မတိုင်မီ တစ်ရက်မှစတင်ကာ ကိုယ်စားလှယ်လောင်းများ အနေ ဖြင့် မဲဆွယ်ခွင့်မရှိတော့သော်လည်း ဆန္ဒမဲပေးသည့်နေ့တွင် မဲဆန္ဒပြုသူများအား မဲပေးစေလိုသည့်နာမည်များကို ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

‘‘ဒီစာရွက်တွေကို မဲရုံရှေ့မှာ မနက် ၁၀ နာရီလောက်ကစပြီး ဖြန့်ဝေနေတာတွေ့တယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် မဲရုံ (၁၊ ၂၊ ၃)ရှေ့တွင် လာရောက် စောင့်ကြည့်နေသည့် ကိုယ်စား လှယ်တစ်ဦးကပြော သည်။

မဲရုံမှူးများအနေဖြင့် သိ ထားသင့်သောစည်းမျဉ်းဥပဒေများကို သိရှိထားခြင်းမရှိ၍ မဲရုံများအနီး မဲဆွယ်သည့်စာတန်းများ၊ ဗီနိုင်းများ၊ ကြော်ငြာများရှိနေပြီး မသမာသည့်နည်းလမ်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ကိုယ်စားပြုကော်မတီဝင်လောင်းဦးဝင်းချိုက သုံးသပ်သည်။

‘‘အပြင်မှာဖြစ်နေတာ ဆရာမတို့မသိနိုင်ဘူး။ ဆရာမတို့က ဒီမဲရုံအတွင်းမှာပဲ ကြီးကြပ်လုပ်ဆောင်ရတယ်’’သင်္ဃန်းကျွန်းမြို့ နယ် ငမိုးရိပ်ရပ်ကွက်မဲရုံ (၂)တွင် တာဝန်ကျသည့်မဲရုံမှူးကပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်မဲရုံများအပြင် လသာ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်မြို့ နယ်များ၏ မဲရုံများအနီးကိုယ် စားလှယ်လောင်းများ၏ မဲဆွယ်တီရှပ်များဝတ်ဆင်ကာ မဲဆန္ဒပြုသူများအား မည်သူ့ကိုမဲပေးရမည်ကို ဆွဲဆောင်ပြောဆိုမှုများရှိခဲ့သည်။

  ‘‘ကိုယ်စားလှယ်လောင်း တီရှပ်တွေဝတ်ပြီး မဲရုံထဲမှာ ခပ် တည်တည်နဲ့ အများကြီးဝင်ထိုင် နေကြတယ်။ ညနေပိုင်းမဲလာ မပေးတဲ့သူတွေရဲ့ မဲစာရင်းတွေ ကို သူတို့ဖြစ်စေချင်တဲ့သူထဲ ပေါင်းထည့်လိုက်မှာ  စိုးရိမ်ရ တယ်။ တချို့က မဲရုံအဝမှာ လက် ကမ်းစာစောင်တွေဝေနေတယ်။ စည်းရုံးရေးကားတွေလည်း လာ ရပ်ထားတယ်’’ဟု စည်ပင်ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာ နေသူ ကြည့်မြင်တိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဦးတင်မျိုးကပြောသည်။

မဲရုံများတွင် တာဝန်ကျကြီးကြပ်သူများအပြင် ကိုယ်စားလှယ်

လောင်း၏ ကိုယ်စားလှယ်များအား ၀င်ခွင့်ပြုထားသော်လည်း နေရာ သတ်မှတ်ထားပြီး ဆန္ဒပြုသူများအား ပြောဆိုခွင့်မပြုဘဲ လုပ်ဆောင်ချက်များ ကိုသာ စောင့်ကြည့်စေကြောင်း သင်္ဃန်းကျွန်းမြို့နယ် ၁၆(၁)နှင့် ကျိုက္ကဆံ အနောက်ရပ်ကွက် နှစ်ခု ပေါင်းမဲရုံတွင်တာဝန်ကျမဲရုံမှူးက ပြောသည်။

7 Day Daily
ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲကျင်းပခဲ့သည့် မဲရုံ အချို့ရှေ့၌ ကိုယ်စားလှယ်လောင်းအချို့၏ လူစာရင်းကို ဖြန့်ဝေပြီး မဲဆန္ဒရှင်များအား ဝေဝါးအောင်လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သော စည်းကမ်းဥပဒေ များအရ ဆန္ဒမဲပေးသည့် ၂၇ ရက် မတိုင်မီ တစ်ရက်မှစတင်ကာ ကိုယ်စားလှယ်လောင်းများ အနေ ဖြင့် မဲဆွယ်ခွင့်မရှိတော့သော်လည်း ဆန္ဒမဲပေးသည့်နေ့တွင် မဲဆန္ဒပြုသူများအား မဲပေးစေလိုသည့်နာမည်များကို ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ခရစ္စတယ်ပဲလေ့စ်နည်းပြ ထုတ်ပယ်ခံရ


လန်ဒန်− ခရစ္စတယ်ပဲလေ့စ်နည်း ပြအဖြစ် လေးလကြာ တာဝန်ယူပြီးနောက် အသင်းက နည်းပြနေးလ်ဝါနော့ကို ထုတ်ပယ်လိုက်သည်။ ၎င်းမှာ ယခုပရီးမီးယားလိဂ်ရာသီတွင် ပထမဆုံး ထုတ်ပယ်ခံရသော နည်းပြဖြစ်လာသည်။ ဝါနော့(၆၆)နှစ်၏ ဒုတိယအကြိမ် ပဲလေ့စ်ကို တာဝန်ယူမှုမှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၁၂ ပွဲတွင် တစ်ပွဲသာ အနိုင်ရပြီး တန်းဆင်းဇုန်အတွင်း ဆင်းသက်မှုဖြင့် အဆုံးသတ်ခဲ့သည်။ တနင်္ဂနွေနေ့ကျူပီအာနှင့်ပွဲတွင် ဝါနော့၏ လက်ထောက် ကိတ်သ်မီလန်က