Monday, November 3, 2014

စပါးဈေး ကျပ် သုံးသိန်းငါးသောင်းဖြင့် ဝယ်ယူပေးမည်ဖြစ်ပြီး ၎င်းဈေးထက် လျှော့မရောင်းရန် အသိပေး

Farmer-1
ရန်ကုန် (မဇ္ဈိမ)။ ။ ဧည့်မထ စပါး တင်း ၁၀၀ (တစ်တင်း ၄၆ ပေါင်) ကို ကျပ် ၃၅၀,၀၀၀ ဈေးနှုန်းဖြင့် ဝယ်ယူပေးမည်ဟု မြန်မာနိုင်ငံ
တောင်သူလယ်သမား အသင်းက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။တောင်သူလယ်သမားများသည် စိုထိုင်း ဆ ၁၈ ရာခိုင်နှုန်းရှိသော စပါး တင်း ၁၀၀ လျှင် ကျပ် ၃၅၀,၀၀၀ ဈေးအောက်သို့ ရောင်းချခြင်းမပြုရန် သတိပေးထားပြီး ၎င်းဈေးနှုန်း မရရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းတို့ထံ ဆက်သွယ်ရောင်းချရန် အသိပေးထုတ်ပြန်ထားသည်။

အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် အရပ်ဘက် အဖွဲ့အစည်းအချို့ ဆန္ဒထုတ်ဖော်မည်


 ယခုလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန်သမ္မတ အိုဘားမား၏ ခရီးစဉ်တွင် ရန်ကုန်မြို့တော် ခန်းမရှေ့၌ ဆန္ဒ ထုတ်ဖော် သွားမည် ဖြစ်ကြောင်း အရပ်ဘက် အဖွဲ့ အစည်း အချို့ထံမှ သတင်း ရရှိသည်။ အမေရိကန်သမ္မတ အပါအ၀င် နိုင်ငံတကာမှာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကို သိစေ ချင်တယ်။ အဓိကက လွှတ်တော်မှာ PR တင်သွင်းတဲ့ ကိစ္စရယ်၊ ၄၃၆ ပြင်ဖို့ရယ်၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ စလယ်ဆုံး ပြင်ဖို့ရယ် အဓိထား ဆန္ဒထုတ်ဖော် သွားမှာပါ ဟု ပြည်သူ့ လှုပ်ရှားမှု မြင့်တက်ရေး ကွန်ရက်မှ ကိုမြတ်ကျော်က ပြောသည်။ ဆန္ဒ ထုတ်ဖော်မည့် အချိန် တွင် အနည်းဆုံး အရပ်ဘက် အဖွဲ့ အစည်း (၁၀) ဖွဲ့ ခန့် ပါဝင် နိုင်အောင် ဖိတ်ကြား သွားမည် ဖြစ်ပြီး ဆန္ဒပြမည့် အစီအစဉ်ကို တိုင်ပင် ဆွေးနွေး၍ အသေးစိတ် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း၊ ဆန္ဒ ထုတ်ဖော်ရာတွင် သက်ဆိုင်ရာ ရဲစခန်းသို့ ခွင့်ပြုမိန့် ရယူ သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံကို အီဘိုလာရောဂါ ကာကွယ်ရေး ဝတ်စုံများ WHO ထောက်ပံ့

Photo: မြန်မာနိုင်ငံကို အီဘိုလာရောဂါ ကာကွယ်ရေး ဝတ်စုံများ WHO ထောက်ပံ့
Monday, November 3, 2014

အီဘိုလာ သံသယရှိ လူနာတစ်ဦး မြန်မာနိုင်ငံတွင် တွေ့ရှိပြီးနောက်ပိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မြန်မာနိုင်ငံအတွက် အီဘိုလာရောဂါ ကာကွယ်ရေးဝတ်စုံများ ထောက်ပံ့ပေးထားကြောင်း ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ဝတ်စုံများကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ် သတ်မှတ်ထားသော နိုင်ငံများအား WHO က သီးသန့် ထောက်ပံ့ပေးခြင်းကြောင့် မြန်မာနိုင်ငံကလည်း ဝတ်စုံခွဲတမ်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

“နိုင်ငံခြားက လှမ်းပို့တာ ပစ္စည်းစုံဖို့ စောင့်နေတယ်။ ကျန်းမာရေးဦးစီးဌာန အနေနဲ့လည်း ဒီလုပ်ငန်းအတွက် အစိုးရဘတ်ဂျက်ကနေ ဝတ်စုံတွေ ထပ်ဝယ်ထားဦးမယ်။ အီဘိုလာ ဖြစ်ခဲ့သည်ဖြစ်စေ၊ မဖြစ်ခဲ့သည် ဖြစ်စေ။ လူနာကို သယ်ယူပို့ဆောင်တဲ့ ပစ္စည်းတွေ ဝယ်ဖို့လည်း လုပ်နေတယ်။ လက်ကမ်းစာစောင်တွေလဲ စီစဉ်နေတယ်” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် ကျန်းမာရေးဦးစီးဌာနက နိုင်ငံဖြတ်ကျော် ဝင်ပေါက်၊ ထွက်ပေါက်များ ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော်လေဆိပ်၊ မန္တလေး အပြည်ပြည်လေဆိပ်၊ ညောင်ဦးလေဆိပ်တို့တွင် အီဘိုလာဗိုင်းရပ်စ်၏ ကနဦးလက္ခဏာ ဖြစ်သည့် အဖျားစစ်ဆေးသည့်စက် Infrared Fever Screening System (Thermal Scan) ဖြင့် တိုးချဲ့စစ်ဆေးလျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းအပြင် အပြည်ပြည်ဆိုင်ရာ သင်္ဘောများ မြန်မာနိုင်ငံ ဆိပ်ကမ်းကပ်မည် ဆိုပါက ဆိပ်ကမ်းကျန်းမာရေးဌာန စစ်ဆေးမှုများအနက် ဖျားနာမှုအတွက်ပါ ထပ်တိုးစစ်ဆေးမည် ဖြစ်ကြောင်း၊ မသင်္ကာဖွယ်ရာအဖျား တွေ့ရှိပါက ခရီးသွားရာဇဝင် မေးမြန်းခြင်းတို့ လုပ်ကိုင်နေကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျန်းမာရေး ဝန်ထမ်းများအနေနှင့် အီဘိုလာဗိုင်းရပ်စ် ရောဂါလူနာကို ကာကွယ်ကုသရာတွင် ကိုယ်ခန္ဓာ ကာကွယ်ရေး ဝတ်စုံနှင့် ပစ္စည်းများ ပြည့်စုံစွာ စနစ်တကျ ဝတ်ဆင်၍ လုပ်ငန်းဆောင်ရွက်ရန်နှင့် ယင်းကဲ့သို့ ဝတ်ဆင်ခြင်းမပြုဘဲ လူနာကို ထိတွေ့ကိုင်တွယ်ခြင်း မပြုရန် ကျန်းမာရေး ဝန်ကြီးဌာနက ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ သတိပေး နှိုးဆော်ချက်တွင်လည်း သတိပေးထားသည်။

ယခုနှစ်ဆန်းပိုင်းမှ အောက်တိုဘာလ ၂၇ ရက်နေ့ထိ တစ်ကမ္ဘာလုံးတွင် အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၁၄,၀၀၀ နီးပါးနှင့် သေဆုံးသူ ၅၀၀၀ နီးပါးရှိကြောင်း WHO ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly
အီဘိုလာ သံသယရှိ လူနာတစ်ဦး မြန်မာနိုင်ငံတွင် တွေ့ရှိပြီးနောက်ပိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မြန်မာနိုင်ငံအတွက် အီဘိုလာရောဂါ ကာကွယ်ရေးဝတ်စုံများ ထောက်ပံ့ပေးထားကြောင်း ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ယခုနှစ်အတွင်း လက်မှတ်ရေးထိုးရန် NBF တိုက်တွန်း

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ယခုနှစ်အတွင်း အပြီးသတ် လက်မှတ်ရေးထိုးရန် တိုင်းရင်းသားပါတီ ၂၂ ပါတီဖြင့် ဖွဲ့စည်းထားသော ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF က တိုက်တွန်းကြောင်း NBF အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြား သည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်သည့် NBF အဖွဲ့ဝင် နိုင်ငံရေးပါတီများ အစည်းအဝေး ဆုံးဖြတ်ချက်ကို ကိုကားပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ဦးအောင်သောင်းအား စီးပွားရေး ပိတ်ဆို့ခြင်းသည် ကြံ့ခိုင်ရေး ပါတီအား ဂုဏ်သိက္ခာ ချခြင်းဟုဆို

  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းကို အမေရိကန် နိုင်ငံမှ Blacklist စာရင်း ထည့်သွင်း လိုက်ခြင်း သည် ပြည်ခိုင်ဖြိုး ပါတီကို ဂုဏ်သိက္ခာ ချခြင်း ဖြစ်ကြောင်း ယင်း ပါတီမှ ဗဟို အလုပ် အမှုဆောင် ဦးအောင်သိန်းလင်း က ပြောသည်။

             ဦးအောင်သောင်းသည် မကြာသေးခင်က စတင် လုပ်ဆောင လာသော နိုင်ငံရေး စီးပွားရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကို အားနည်း သွားအောင် အကြမ်းဖက် ဖိနှိပ်မှုများနှင့် အဂတိ လိုက်စားမှု များကို ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေ သကဲ့သို့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ ကို နှိပ်ကွပ်ရာတွင် ပါဝင် ပတ်သက်ခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း နိုင်ငံတကာ မီဒီများတွင် ဖော်ပြထားချက် အရ သိရသည်။

စစ်တပ်နဲ့ အစိုးရကို မကောင်းတာရေးမှ မီဒီယာတဲ့လား

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှာ နေထိုင်တဲ့ ဦးစံရှိန် (အငြိမ်းစား စစ်မှုထမ်းဟောင်း) ရေးလိုက်တဲ့ စာတစ်စောင် မဇ္ဈိမ သတင်းစာရဲ့ စာဖတ်သူကဏ္ဍကို ရောက်လာခဲ့ပါတယ်။ သူ့စာထဲမှာ ရေးထားတာ က သူဟာအသက်ပြည့်လို့ အငြိမ်းစားယူခဲ့တဲ့ စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး အချိန်တွေ အားသွားကြောင်း သတင်းစာ၊ ဂျာနယ်တွေကို နေ့စဉ်ဖတ်တဲ့အခါ ဦးသိန်းစိန် အစိုးရတက်ပြီး နောက်ပိုင်း စာပေလွတ်လပ်ခွင့်တွေ ရလို့ ပွင့်လင်းစွာနဲ့ ထင်သာမြင်သာအောင် ရေးကြတာတွေကို ဖတ်ရတယ်လို့ ဆိုပါတယ်။ တပ်မတော်နဲ့ ပတ်သက်လို့၊ အစိုးရနဲ့ ပတ်သက်လို့ သတင်းပဲ ဖြစ်ဖြစ်၊ ဝေဖန်တာပဲဖြစ်ဖြစ် မကောင်းရေးကြတာ ဖတ်ရပေမယ့် သူ့စိတ်ထဲမှာ ဘယ်လိုမှ မခံစားရပါဘူးလို့ ပြောပါတယ်။

ဆင်းမ်ကတ်မှောင်ခိုဈေးကွက် MPT ဦးဆောင်

 လက်ရှိဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဖုန်းဆင်းမ်ကတ် မှောင်ခိုဈေးနှုန်းများတွင် MPT ဖုန်းဆင်းမ်ကတ်မှာ အမြင့်ဆုံးဈေးဖြင့် ဦးဆောင်လျက်ရှိကြောင်း AT ဖုန်းအရောင်းဆိုင်က ပြောသည်။

‘‘ပေါက်ဈေးကတော့ MPT ဆိုရင် နှစ်သောင်းအောက်ဈေးရှိတယ်။ MEC ကတော့ တစ်သောင်းကျော် လောက် ဈေးရှိတယ်။ အူရီးဒူးကတော့ တစ်ထောင့်သုံးရာနဲ့ ရောင်းတဲ့ဆိုင်တောင် ရှိတယ်။ တယ်လီနောကတော့ ပစ္စည်းပျက်နေတယ်။ တစ်ချို့နေရာတွေမှာ ငါးသောင်းနဲ့ ရောင်းတာတော့ တွေ့တယ်’’ဟု ၎င်းက ဆိုသည်။

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦး မိဘများနှင့် ထိုင်းရဲတပ်ဖွဲ့ ယနေ့ တွေ့ဆုံမည်

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုတွင် စွပ်စွဲ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး၏ မိဘအုပ်ထိန်းသူများနှင့် ထိုင်းရဲတပ်ဖွဲ့တို့ နိုဝင်ဘာလ ၃ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးမင်းဦးက ပြောကြားသည်။

ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင် (NHRC)၊ ရှေ့နေများကောင်စီ၊ မြန်မာသံရုံး ကိုယ်စားလှယ် အဖွဲ့များလည်း ယင်းတွေ့ဆုံပွဲတွင် ပါဝင်မည်ဖြစ်ပြီး NHRC ရုံးခန်းတွင် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့ လမ်းနဲ့ကား ပြဿနာ အဖြေအသစ် တကယ်ဖြစ်မှာလား

Yangon-Road-Blocked-1

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန် ရေးဆွဲထားသည့် မြို့ပတ်လမ်းစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ အကုန်ကျခံကာ ၂၀၁၅ ခုနှစ်တွင် စတင် တည်ဆောက်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ မြို့ပြစီမံကိန်း ပညာရှင် ဦးခင်မောင် ကြည်က နိုဝင်ဘာ ၁ ရက်နေ့တွင် အများပြည်သူသွားလာမှု အဆင်ပြေချော မွေ့စေရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အတည်ပြုပြောကြားသည်။


ဘူးသီးတောင်မြို့ ဗုံးကွဲမှု မသင်္ကာသူ ၃ ဦးကို ရဲ စစ်ဆေး

Photo: ဘူးသီးတောင်မြို့ ဗုံးကွဲမှု မသင်္ကာသူ ၃ ဦးကို ရဲ စစ်ဆေး
Monday, November 3, 2014

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာနဲ့ ဆက်နွယ်ပြီး မြို့ခံ အမျိုးသား ၃ ဦးကို ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာ တွေ့ရှိခဲ့တဲ့ သက်သေခံပစ္စည်းတွေနဲ့ ပုံစံတူပစ္စည်း တချို့ကို စစ်ဆေးတွေ့ရှိတာကြောင့် ကွန်ပျူတာဆိုင်ရှင်တစ်ဦးနဲ့ စက်ဘီးဆိုင်က လူနှစ်ဦးကို ခေါ်ယူစစ်ဆေးနေတာဖြစ်တယ်လို့ ဘူးသီးတောင် မြို့နယ် ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ညက ဘူးသီးတောင်မြို့ ကုန်သွယ်မှုမြှင့် တင်ရေး ဦးစီးဌာနရုံးရှေ့အနီးက အေးမြင့်မိုရ် ဆောက်လုပ်ရေး ကုမ္ပဏီပိုင် ဘိလပ်မြေဖျော်စက်အောက်မှာ လက်လုပ်ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုအပြီးမှာ သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး ဆင်းကဒ်ထည့်ထားတဲ့ နိုကီယာ ဟန်းဆက်တစ်လုံးအပြင် မီးလောင်ကျွမ်းနေတဲ့ ဝါယာကြိုးအပိုင်းအစတစ်ခု၊ သံနို့ဆီဗူးအပိုင်းအစတွေ၊ အက်ဆစ်ရည်တွေနဲ့ စက်ဘီးဘောစေ့တွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အခုအခါမှာ ဘူးသီးတောင်မြို့အတွင်း လုံခြုံရေးအင်အား တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

RFA Burmese
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာနဲ့ ဆက်နွယ်ပြီး မြို့ခံ အမျိုးသား ၃ ဦးကို ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာ တွေ့ရှိခဲ့တဲ့ သက်သေခံပစ္စည်းတွေနဲ့ ပုံစံတူပစ္စည်း တချို့ကို စစ်ဆေးတွေ့ရှိ တာကြောင့် ကွန်ပျူတာဆိုင်ရှင်တစ်ဦးနဲ့ စက်ဘီးဆိုင်က လူနှစ်ဦးကို ခေါ်ယူစစ်ဆေးနေတာ ဖြစ်တယ်လို့ ဘူးသီးတောင် မြို့နယ် ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

အဝလွန်သူကို အခမဲ့ ခွဲစိတ်ပေးဖို့ ဆရာဝန်တွေ တောင်းဆို

Photo: အဝလွန်သူကို အခမဲ့ ခွဲစိတ်ပေးဖို့ ဆရာဝန်တွေ တောင်းဆို
Monday, November 3, 2014

သြစတြေးလျနိုင်ငံက နာမည်ကြီး ခွဲစိတ်ရေး ဆရာဝန်နှစ်ဦးက အဝလွန်သူတွေ ပိန်သွားအောင် ခွဲစိတ်ကုသတဲ့ စရိတ်ကို အစိုးရက ကျခံပေးသင့်တယ်လို့ ပြောလိုက်ပါတယ်။

ပါမောက္ခ Michael Edye နဲ့ ဒေါက်တာ Michael Talbot တို့က အဝလွန်နေသူ တွေကို ခွဲစိတ်ပေးလိုက်တာက ရေရှည်မှာ အစိုးရအတွက် ပိုအကုန်အကျ သက်သာစေတယ်လို့ ဂျာနယ်တစ်ခုမှာ ရေးသား ဖော်ပြထားပါတယ်။

အဝလွန်သူတွေဟာ အဝလွန်ရောဂါသာမက ဝခြင်းနဲ့ ဆက်စပ်တဲ့ တခြားရောဂါ တွေပါ ခံစားရလေ့ရှိတဲ့အတွက် ရေရှည်မှာ အစိုးရအတွက် အကုန်အကျ များ တယ်လို့ ထောက်ပြပါတယ်။

ဒါကြောင့် အဝလွန်သူတွေကို ပိန်သွားအောင် ခွဲစိတ်လိုက်မယ်ဆိုရင် ခွဲစိတ် စရိတ်သာ ကုန်ပြီး ရေရှည်မှာတော့ အစိုးရအတွက် ကုန်ကျစရိတ် သက်သာ စေနိုင်တယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ရောဂါမှန်သမျှအတွက် ဆေးဝါးကုသခွင့် မခမဲ့ ပြုလုပ်ထားပေးပေမယ့် အဝလွန်သူတွေ ခွဲစိတ်ကုသမှု ခံယူတာတွေနဲ့ သွားပြုပြင်ရေးတွေကိုတော့ အလှအပအတွက်လို့ မြင်တဲ့အတွက် သွားနဲ့ အဝလွန်ခွဲစိတ်မှုတွေကိုတော့ အခမဲ့ လုပ်ဆောင်ပေးခြင်း မရှိပါဘူး။

ABC Radio Australia
သြစတြေးလျနိုင်ငံက နာမည်ကြီး ခွဲစိတ်ရေး ဆရာဝန်နှစ်ဦးက အဝလွန်သူတွေ ပိန်သွားအောင် ခွဲစိတ်ကုသတဲ့ စရိတ်ကို အစိုးရက ကျခံပေးသင့်တယ်လို့ ပြောလိုက်ပါတယ်။

ပါမောက္ခ Michael Edye နဲ့ ဒေါက်တာ Michael Talbot တို့က အဝလွန်နေသူ တွေကို ခွဲစိတ်ပေးလိုက်တာက ရေရှည်မှာ အစိုးရအတွက် ပိုအကုန်အကျ သက်သာစေတယ်လို့ ဂျာနယ်တစ်ခုမှာ ရေးသား ဖော်ပြထားပါတယ်။

ထိပ်သီး အစည်းအဝေးအတွက် လုံခြုံရေးအဖွဲ့များကို စခန်းသွင်း လေ့ကျင့်နေ


US-President-Barack-Obama-visits-Myanmar

နေပြည်တော် (မဇ္ဈိမ)။ ။ အမေရိကန် သမ္မတ အိုဘားမား အပါအဝင် နိုင်ငံခေါင်းဆောင်များ တက်ရောက် မည့် ထိပ်သီး အစည်းအဝေး မတိုင်မီ နေပြည်တော် လုံခြုံရေးနှင့် ကြိုဆိုရေးပိုင်း ကိစ္စများကို စတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှု ခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ် စိုးမြိုင် က ပြောသည်။ သို့သော် ၎င်းက အသေးစိတ် အချက်အလက်များကိုမူ ပြောကြားရန်

ကိုပါကြီးမိသားစုထံ ဒေါ်အောင်ဆန်းစုကြည် ၀မ်းနည်းကြောင်း သ၀ဏ်လွှာပို့

တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အလွတ်တန်းသတင်းထောက်၊ ယခင်သုံး ရောင်ခြယ်အဖွဲ့ဝင် ကိုပါကြီးသေ ဆုံးမှုအတွက် ၀မ်းနည်းရကြောင်း နှင့် ပွင့်လင်းမြင်သာသည့် တရား မျှတမှုရရှိစေရန် မျှော်လင့်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျန်ရစ်သူ ဇနီးထံ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

အလုပ်ရှင်ကို လွတ်လပ်စွာ တရားစွဲဆိုခွင့်ရရန် စက်ရုံလုပ်သားများ ဆန္ဒပြ

Photo: အလုပ်ရှင်ကို လွတ်လပ်စွာ တရားစွဲဆိုခွင့်ရရန် စက်ရုံလုပ်သားများ ဆန္ဒပြ
Monday, November 3, 2014

အလုပ်ရှင်၊ အလုပ်သ မားအငြင်းပွားမှုများ၌ ဥပဒေချိုး ဖောက်သည့် လုပ်ငန်းရှင်ကိုလွတ်လပ်စွာ တရားစွဲဆိုခွင့်ရရှိ ရန် စက်ရုံလုပ်သား ၂၀၀ ခန့်က ရန်ကုန်မြို့ရှိ ဆန္ဒဖော်ထုတ်ရန်  သတ်မှတ်ထားသည့် ကျိုက္ကဆံကွင်းအတွင်းရှိ ပြည်သူ့ဟစ်တိုင်၌ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆန္ဒဖော်ထုတ်မှုကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ်(M.T.U.F)နှင့် မှော် ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ အခြေ ခံစက်ရုံအလုပ်သမားများ ပါဝင်ခဲ့ ကြပြီး အလုပ်သမားများအရေး၌    ပါဝင်ဆောင်ရွက်မှုမရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။

‘‘ဥပဒေကို ဘယ်သူချိုး ဖောက် ချိုးဖောက်၊ ချိုးဖောက်တဲ့ သူကို လွတ်လပ်စွာ တရားစွဲနိုင်ဖို့ တောင်းဆိုတာ၊ ဥပဒေချိုးဖောက် တဲ့သူကို တရားစွဲဖို့ ခုံသမာဓိ ကောင်စီရဲ့ခွင့်ပြုချက်ပါရမယ်ဆို တာ အဓိပ္ပာယ်မရှိဘူး’’ဟု မြန်မာ နိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းကပြောသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပြဋ္ဌန်းထားသည့် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေ၌ အလုပ်ရှင်ဖြစ်သူ ကို တရားစွဲဆိုမည်ဆိုပါက ခုံ သမာဓိကောင်စီ၏ ခွင့်ပြုချက်ပါရှိရမည်ဖြစ်သောကြောင့် လုပ်ငန်း ရှင်များ ဥပဒေချိုးဖောက်မှု ဖြစ်ပေါ်လာပါက တိုက်ရိုက် တရားစွဲဆိုခွင့်ရရှိရန် နိုင်ငံသား အခွင့်အရေးအရ တောင်းဆိုခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ်သည့် အခြေခံလုပ်သားများက ဆိုသည်။

ထို့အပြင် ဆန္ဒဖော်ထုတ် သည့် အခြေခံလုပ်သားများသည် အလုပ်သမားရေးရာအငြင်းပွားမှု ဥပဒေ၌ ဒဏ်ငွေအစား ထောင် ဒဏ် ထည့်သွင်းသတ်မှတ်ပေး ရေး၊ အလုပ်သမားဥပဒေရေးဆွဲ ရာတွင် အလုပ်သမားများ၏ ကိုယ်စားလှယ် ပါဝင်ခွင့်ရရေး၊ စက်ရုံများမှ အလုပ်သမားခေါင်း ဆောင်များအား လျော်ကြေးပေး အလုပ်ထုတ်ပယ်မှုကို တားဆီး ပေးရေးစသည့် ကြွေးကြော်သံ များဖြင့် တောင်းဆိုခဲ့သည်။

‘‘လုပ်ငန်းရှင်ကို တရားစွဲဖို့၊ ထောင်ဒဏ် သတ်မှတ်ပေးဖို့ တောင်းဆိုရင် အစိုးရက နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု  ထိခိုက်တယ်လို့ ပြောတယ်။ ဥပဒေမလိုက်နာတဲ့ အလုပ်ရှင်တွေကြောင့် ထောင် ဒဏ်ထည့်ဖို့လိုအပ်တယ်။ ဥပဒေ လိုက်နာရင် အလုပ်ရှင်တွေ အတွက် စိုးရိမ်စရာမရှိဘူး’’ဟုတော်ဝင် အလုပ်သမားခေါင်းဆောင်            ကိုနေလင်းဦးကပြော သည်။၂၀၁၄ ခုနှစ်အလုပ်သမား ရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ အလုပ်သမားရေးရာ အငြင်းပွားမှုများ၌ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် သဘောတူညီမှု၊ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်မှုအား တရားစွဲဆိုမည်ဆိုပါ က ခုံသမာဓိကောင်စီ၏ ကြိုတင် ခွင့်ပြုချက်ယူရမည်ဖြစ်သည်။

၂၀၁၃-၁၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်း၌ အလုပ်ရှင်၊အလုပ်သမားအငြင်းပွားမှုပြဿ နာ ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ပြေလည်မှု အနည်းသာရှိခဲ့ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

7Day Daily
အလုပ်ရှင်၊ အလုပ်သ မားအငြင်းပွားမှုများ၌ ဥပဒေချိုး ဖောက်သည့် လုပ်ငန်းရှင်ကိုလွတ်လပ်စွာ တရားစွဲဆိုခွင့်ရရှိ ရန် စက်ရုံလုပ်သား ၂၀၀ ခန့်က ရန်ကုန်မြို့ရှိ ဆန္ဒဖော်ထုတ်ရန် သတ်မှတ်ထားသည့် ကျိုက္ကဆံကွင်းအတွင်းရှိ ပြည်သူ့ဟစ်တိုင်၌ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆန္ဒဖော်ထုတ်မှုကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ်(M.T.U.F)နှင့် မှော် ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ အခြေ ခံစက်ရုံအလုပ်သမားများ ပါဝင်ခဲ့ ကြပြီး အလုပ်သမားများအရေး၌ ပါဝင်ဆောင်ရွက်မှုမရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။

လွှတ်တော်ချန်နယ်လိုင်း ပြင်ဆင်ထုတ်လွှင့်ရန် စီစဉ်နေဟုဆို

မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ တာဝန်ယူထုတ်လွှင့်နေ သော လွှတ်တော် ချန်နယ်လိုင်း ကို အများပြည်သူ ပိုမိုစိတ်ဝင်စား စေမည့် ရုပ်သံလိုင်းအဖြစ် ပြင်ဆင်ထုတ်လွှင့်ရန် စီစဉ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကပြောသည်။

‘‘လက်ရှိ လွှတ်တော်ချန်နယ် က လူကြည့်နည်းနေတယ်။ စိတ် ၀င်စားမှု သိပ်မရှိဘူး။ ဒါကြောင့် အင်တာဗျူးတွေ၊ လူထုအသံတွေ ထည့်ပြီး ပြောင်းလဲမှုတွေ လုပ် မယ်’’ဟု ဦးရဲထွဋ်က ပြောသည်။

အဆိုတော် လိမ္မော်သီးက ကောလာဟလ ထုတ်လွှင့်သူကို တစ်ပတ်အတွင်း တောင်းပန်ရန် နိုင်ငံပိုင် သတင်းစာမှ သတိပေး

Photo: အဆိုတော် လိမ္မော်သီးက ကောလာဟလ ထုတ်လွှင့်သူကို တစ်ပတ်အတွင်း တောင်းပန်ရန် နိုင်ငံပိုင် သတင်းစာမှ သတိပေး
Monday, November 3, 2014

နာမည်ရ အမျိုးသား အိမ်ထောင်ရှိ အမျိုးသား အဆိုတော် တစ်ဦးနှင့် ပတ်သက်နေသည်ဟု ကောလာဟလ ထွက်ပေါ် ခဲ့မှုနှင့် ပတ်သက်ပြီး အဆိုတော် လိမ္မော်သီး (ခေါ်) ဂျူနိုက ယင်းကောလာဟလ ထုတ်လွှင့်သူကို တစ်ပတ်အတွင်း တောင်းပန်ရန် သတိပေးစာ တစ်ရပ်ကို နိုဝင်ဘာ ၁ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထည့်သွင်း သတိပေး ခဲ့သည်။

အဆိုပါ သတိပေး ကြော်ငြာချက်တွင် ကောလာဟလ ထုတ်လွှင့်သူ သက်ကိုကို (ခ) သမီးဆိုးသည် ယင်းသတင်း ပါရှိပြီး တစ်ပတ် အတွင်း၌ မတောင်းပန်ပါက ပြစ်မှုကြောင်း နှင့်တရားမကြောင်း အရ ပုဒ်မ တစ်ခုခုဖြင့် တရားစွဲ သွားမည်ဟု ဖော်ပြထားသည်။

ယင်းကြော်ငြာစာနှင့် ပတ်သက်ပြီး အဆိုတော် လိမ္မော်သီးက စွပ်စွဲဖန်တီးကာ ကောလာဟလ ပြုလုပ်သူ အနေဖြင့် တစ်ပတ်အတွင်း မတောင်းပန်ပါက တရားဥပဒေ အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အချိန် မည်မျှ ကြာသည် ဖြစ်စေ စောင့်ဖမ်း သွားမည်ဟု မဇ္ဈိမကို ပြောသည်။ “ သမီးသတင်းစာမှာ ကြော်ငြာ ထားတယ်ဆိုတာ ပရိသတ်တွေ အနေနဲ့ သမီး မှန်တယ်ဆိုတာကို ပြချင်တာပါ။ သူ့ဘက်က အခုလို လုပ်လို့လည်း သမီးရဲ့ အနုပညာကို မထိခိုက်ပါဘူး။ တနေ့ကဘဲ FM ပွဲမှာ သီချင်းဆိုပြီး ပြန်လာတာပါ။ သမီးကို မဟုတ်မမှန် သတင်း လွှင့်တဲ့သူရဲ့ လိပ်စာ ကိုလည်း သမီး သိတယ်။ ဒီကိစ္စမှာ သူမှန်တယ်လို့ ထင်ရင် တရား ဥပဒေနဲ့ ဒဲ့ရှင်းပါလို့ ပြော ချင်တယ်။ သူ့ဟာသူ နိုင်ငံခြားကို ထွက်ပြေးပြေး၊ ဘယ်ကိုပဲ ထွက်ပြေးပြေး သမီးကတော့ အချိန် ဘယ်လောက် ကြာကြာ သူ့ကို အေးအေးဆေးဆေး စောင့်ဖမ်းမယ်” ဟု ၄င်းက ပြောသည်။

အောက်တိုဘာ ၂၃ရက် တွင် လူမှုကွန်ယက် စာမျက်နှာများ ထက်တွင် အဆိုတော် လိမ္မော်သီးသည် နာမည်ရ အိမ်ထောင်ရှိ အဆိုတော် တစ်ဦးနှင့် ချစ်ကြိုက် နေသည်ဟု ကောလာဟလများ ထွက်ပေါ် လာခြင်းကြောင့် ယခုကဲ့သို အဆိုတော် လိမ္မော်သီးက တုန့်ပြန် တရားစွဲဆို လာခြင်း ဖြစ်သည်။

အဆိုတော် လိမ္မော်သီးသည် "ဒဏ်ရာ နှလုံးသား" ဒုတိယမြောက် အော်ဒီယို အယ်ဘမ် ကို ဒီဇင်ဘာလ အကုန်တွင် ထွက်ရှိမည် ဖြစ်သည့် အ တွက် နိုဝင်ဘာလတွင် ယင်းအယ်ဘမ်ကို အပြီးသတ် လုပ်ဆောင်သွားမည်ဟု ပြောသည်။ အယ်ဘမ်တွင် စလိုးရော့ခ်များ ပါဝင်မည် ဖြစ်ပြီး အမျိုးသမီး များ၏ ခံစားချက် များကို ရေးဖွဲ့ထားသည့် သီချင်းများကို ထည့်သွင်းသွား မည်ဖြစ်သည်။ ၎င်းကိုယ်တိုင် မွန်ဝတ်စုံကို ၀တ်ဆင်ပြီး ရိုက်ကူး ထားသည့် ၂၀၀၅ ခုနှစ်ထုတ် မွန်ဘာသာ ပြက္ခဒိန်ကို မလေးရှား နိုင်ငံတွင် စတင် ရောင်းချလျှက် ရှိပြီဟုလည်း အဆိုတော် လိမ္မော်သီးက ပြောသည်။

ကောလာဟလ ထုတ်လွှင့်သူကို တရားဥပဒေဖြင့် ရင်ဆိုင်တော့မည့် အဆိုတော် လိမ္မော်သီး။
Mizzima
နာမည်ရ အမျိုးသား အိမ်ထောင်ရှိ အမျိုးသား အဆိုတော် တစ်ဦးနှင့် ပတ်သက်နေသည်ဟု ကောလာဟလ ထွက်ပေါ် ခဲ့မှုနှင့် ပတ်သက်ပြီး အဆိုတော် လိမ္မော်သီး (ခေါ်) ဂျူနိုက ယင်းကောလာဟလ ထုတ်လွှင့်သူကို တစ်ပတ်အတွင်း တောင်းပန်ရန် သတိပေးစာ တစ်ရပ်ကို နိုဝင်ဘာ ၁ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထည့်သွင်း သတိပေး ခဲ့သည်။

အိန္ဒိယ ပါကစ္စတန်နယ်စပ် ဗုံးခွဲမှု ၅၀ ကျော်သေဆုံး

Photo: အိန္ဒိယ ပါကစ္စတန်နယ်စပ် ဗုံးခွဲမှု ၅၀ ကျော်သေဆုံး
Monday, November 3, 2014

ပါကစ္စတန်နိုင်ငံ၊ လာဟိုးက ဗုံးခွဲတိုက်ခိုက်မှုတခုအတွင်း အနည်းဆုံး ၅၅ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံနဲ့ နယ်စပ် Wagah နယ်စပ်ဂိတ်အနီး ညနေခင်း အလံချအခမ်းအနား ကျင်းပရာမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

အခမ်းအနားကိုတော့ နေမ၀င်ခင်မှာ စတင်ခဲ့ပြီး အခမ်းအနားကို ကြည့်ရှုဖို့ နိုင်ငံခြားသားခရီးသွားတွေအပါအ၀င် ရာပေါင်းများစွာသောသူတွေဟာ နှစ်နိုင်ငံနယ်စပ် တဘက်တချက်မှာ စုဝေးလေ့ရှိကြပါတယ်။

ဂျမတ် အယ်လ် အာရား ('Jamaat ul Ahrar') လို့ခေါ်တဲ့ ပါကစ္စတန် စစ်သွေးကြွအဖွဲ့တဖွဲ့ကတော့ အီးမေလ်ကနေတဆင့် သတင်းမီဒီယာဆီ ပေးပို့တဲ့ ကြေညာချက်ထဲမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ မြောက်ပိုင်း ၀ါဇီရစ်စတန် လူမျိုးစုဒေသမှာ သူပုန်တွေ အပေါ် အစိုးရရဲ့ တန်ပြန်စစ်ဆင်ရေးအတွင်း ပါကစ္စတန်စစ်တပ်ရဲ့ လက်ချက်ကြောင့် သေဆုံးမှုတွေအတွက် လက်စားချေတာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် ရဲမှူးချုပ် မူစတတ် စူကီရာ ကတော့ - အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်လိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ တနင်္ဂနွေနေ့က အကြမ်းဖက်တိုက်ခိုက်မှုဟာဆိုရင် ၁၉၅၉ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ အလံချအခမ်းအနားအနီးမှာ ပထမဆုံး အကြိမ် ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပါကစ္စတန်မှာ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားသူတွေ ကျန်ရစ်သူမိသားစုဝင်တွေက ကွယ်လွန်သူတွေကို အတည်ပြုဖို့ လာရောက်စုရုံးကြည့်ရှုစဉ်။ (နိုဝင်ဘာ ၂၊ ၂၀၁၄)
VOA
ပါကစ္စတန်နိုင်ငံ၊ လာဟိုးက ဗုံးခွဲတိုက်ခိုက်မှုတခုအတွင်း အနည်းဆုံး ၅၅ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံနဲ့ နယ်စပ် Wagah နယ်စပ်ဂိတ်အနီး ညနေခင်း အလံချအခမ်းအနား ကျင်းပရာမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

အခမ်းအနားကိုတော့ နေမ၀င်ခင်မှာ စတင်ခဲ့ပြီး အခမ်းအနားကို ကြည့်ရှုဖို့ နိုင်ငံခြားသားခရီးသွားတွေ အပါအ၀င် ရာပေါင်းများစွာသောသူတွေဟာ နှစ်နိုင်ငံနယ်စပ် တဘက်တချက်မှာ စုဝေးလေ့ရှိကြပါတယ်။

သတင်းသမားများအပေါ် ရာဇဝတ်မှုကျူးလွန်မှုများ အဆုံးသတ်ရေးနေ့ အထိမ်းအမှတ် ဆန္ဒပြ

Photo: သတင်းသမားများအပေါ် ရာဇဝတ်မှုကျူးလွန်မှုများ အဆုံးသတ်ရေးနေ့ အထိမ်းအမှတ် ဆန္ဒပြ
Monday, November 3, 2014

နိုဝင်ဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ International Day To End Impunity for Crimes against Journalists သတင်းသမားများအပေါ် ရာဇဝတ်မှု ကျူးလွန်မှုများ အဆုံးသတ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတကာနေ့မှာ သတင်းထောက်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။

အစိုးရ၊ ဒါမှမဟုတ် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစွန်းရောက်အဖွဲ့တွေက မီဒီယာသမားတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တယ်လို့ မြန်မာ ဂျာနယ်လစ်ကွန်ရက် အတွင်းအရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။ 

DVB
နိုဝင်ဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ International Day To End Impunity for Crimes against Journalists သတင်းသမားများအပေါ် ရာဇဝတ်မှု ကျူးလွန်မှုများအဆုံးသတ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတကာနေ့မှာ သတင်းထောက်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။

တရုတ်နိုင်ငံတွင် ထောင်ဖောက်ထွက်ပြေး အကျဉ်းသားတဦးကို ပြန်ဖမ်းမိ

Photo: တရုတ်နိုင်ငံတွင် ထောင်ဖောက်ထွက်ပြေး အကျဉ်းသားတဦးကို ပြန်ဖမ်းမိ
Monday, November 3, 2014

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်ရဲတွေက နိုဝင်ဘာလ ၁ ရက်နေ့က ထောင်ဖောက်ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသားတယောက်ကို ထောင်နားမှာပဲ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ပြန်ဖမ်းမိပြီလို့ ကြေညာပါတယ်။

ပေကျင်းထောင်ကနေ မီတာငါးရာအကွာ စွန့်ပစ်စက်ရုံထဲမှာ အကျဉ်းသား လီမန်ဂျွန်ကို မွန်းလွဲ ၂ နာရီခွဲလောက်က ဖမ်းမိတာလို့ ရဲက ပြောပါတယ်။အကျဉ်းသားက ဒဏ်ရာရထားပြီး ကောင်းကောင်း မလှုပ်ရှားနိုင်ဖြစ်နေတယ် ဒါကြောင့် သူက ဒီနေရာမှာ ၂ ရက်လုံး ပုန်းနေခဲ့တာ ဖြစ်ကောင်းဖြစ်မယ်လို့ ပေကျင်းထောင်က ရဲအရာရှိ ကောင်းကျိချောင်က ပြောပါတယ်။

ထောင်နံရံတွေကို တွယ်တက်တုံးက သူ့ဟာသူ ခိုက်မိတာဖြစ်နိုင်တယ်လို့လည်း ရဲက ထင်ကြေးပေးပါတယ်။ ထောင်စီမံအုပ်ချုပ်ရေးဗျူရိုကတော့ နောက်တကြိမ် ဒါမျိုး ထပ်မဖြစ်ရအောင် စီမံခန့်ခွဲမှု ပိုအားဖြည့်မယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ပေကျင်းထောင်က ထောင်သား ၂ ယောက်ဟာ တခြားထောင်သားတွေ အလုပ်လုပ်နေတုံး နိုဝင်ဘာလ ၁ ရက်နေ့က လျှစ်အင်ဂျင် အလုပ်ရုံကနေ ထွက်ပြေးခဲ့တာပါ။ ထောင်သား ဝူချန်ကွေးက လျှပ်စစ်ဓာတ်ကြိုးကွန်ရက်ကြောင့် ပြုတ်ကျပြီး ပြန်အဖမ်းခံခဲ့ရပေမယ့် လီမန်ဂျွန် ကတော့ ထွက်ပြေးနိုင်ခဲ့တာပါ။

ကနဦး စုံစမ်းစစ်ဆေးမှုအရ ထောင်က ပြင်ဆင်မွမ်းမံနေဆဲဖြစ်ပြီး အဆောက်အဦရဲ့ ယိုယွင်းနေတဲ့ အပိုင်းတွေကို ပြင်ဆင်နေဆဲပါ။

စက်တင်ဘာ အစောပိုင်းကလည်း ဟေလောင်ကျင်းပြည်နယ်က အချုပ်ခန်းမှာ ထောင်သား ၃ ယောက်က အစောင့်တယောက်ကို သတ်ပြီး ထွက်ပြေးလွတ်မြောက်မှု ဖြစ်ခဲ့ပါသေးတယ်။

DVB TV NEWS
တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်ရဲတွေက နိုဝင်ဘာလ ၁ ရက်နေ့က ထောင်ဖောက်ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသား တယောက်ကို ထောင်နားမှာပဲ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ပြန်ဖမ်းမိပြီလို့ ကြေညာပါတယ်။

ပေကျင်းထောင်ကနေ မီတာငါးရာအကွာ စွန့်ပစ်စက်ရုံထဲမှာ အကျဉ်းသား လီမန်ဂျွန်ကို မွန်းလွဲ ၂ နာရီခွဲလောက်က ဖမ်းမိတာလို့ ရဲက ပြောပါတယ်။အကျဉ်းသားက ဒဏ်ရာရထားပြီး ကောင်းကောင်း မလှုပ်ရှားနိုင်ဖြစ်နေတယ် ဒါကြောင့် သူက ဒီနေရာမှာ ၂ ရက်လုံး ပုန်းနေခဲ့တာ ဖြစ်ကောင်းဖြစ်မယ်လို့ ပေကျင်းထောင်က ရဲအရာရှိ ကောင်းကျိချောင်က ပြောပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်အမတ် တစ်ရာကျော် ၀င်ရောက်ဆွေးနွေးမည်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော် တွင် ဆွေးနွေးကြသည့်အခါ တပ် မတော်သား လွှတ်တော်ကိုယ်စား လှယ်များအပါအ၀င် နိုင်ငံရေးပါ တီအသီးသီးမှ လွှတ်တော်ကိုယ် စားလှယ် စုစုပေါင်း တစ်ရာကျော် ၀င်ရောက်ဆွေးနွေးကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။

လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်နိုင် ရေးအတွက် ပြည်ထောင်စုလွှတ် တော်သို့ တင်သွင်းထားသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင် ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာကို နိုဝင်ဘာလ ၁၃ ရက်မှ ၂၁ ရက်အထိ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးကြမည် ဖြစ်သည်။

ကိုပါကြီးအလောင်း ပြန်ဖော်ရန် မိသားစုကို အကြောင်းကြား

တပ်မတော်၏ ပစ်ခတ် မှုကြောင့် သေဆုံးခဲ့ပြီး တပ်မ တော်ကပင် ကျိုက်မရောမြို့နယ်၊ ရွှေဝါချောင်ကျေးရွာတွင် မြှုပ်နှံခဲ့ သည့် ကိုပါကြီး၏ အလောင်း အား နိုဝင်ဘာ ၅ ရက်တွင် ကျိုက် မရောရဲစခန်းက ပြန်လည်ဖော်ယူ တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဖို့ သက်သေတွေအားလုံး ရှေ့မှာ အလောင်းဖော်မှာဖြစ် တယ်။ မိသားစုကိုလည်း အ ကြောင်းကြားလိုက်ပါပြီ’’ ဟု ကျိုက်မရောမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ဦးဆန်းဆင့်အမှုသည် သမ္မတက တိုက်ရိုက်အမိန့်ပေး ဆောင်ရွက်သောကိစ္စဖြစ်ဟု ရှေ့နေပြော

သာသနာရေး ၀န်ကြီး ဟောင်း ဦးဆန်းဆင့်ကို ဖမ်းဆီး အရေးယူမှုသည် နိုင်ငံတော် သမ္မတက တိုက်ရိုက်အမိန့်ပေး ဆောင်ရွက်သော ကိစ္စဖြစ်ကြောင်းဦးဆန်းဆင့်၏ ရှေ့နေဦးတင်ထွန်း (ဂျွန်နီယန်) ကပြောကြားသည်။

‘‘သမ္မတက အရေးယူဖို့ အာ ဏာကုန်လွှဲထားတာ ဖြစ်တယ်။ အရေးယူဖို့အတွက် စသုံးလုံးနဲ့ မှုခင်းတပ်ဖွဲ့ကို အာဏာကုန်လွှဲ အပ်ကြောင်း အမိန့်စာကို သူတို့ တရားရုံးကို သက်သေတင်ခဲ့ တယ်’ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ နိုင်ငံတော်သမ္မတက အရေးယူသော အမှုဖြစ်သဖြင့် တရားလိုသက်သေများသည် အ စိုးရ၀န်ထမ်းများသာဖြစ်၍ ၎င်းတို့၏ ထွက်ချက်များသည် လည်း အမှန်တရားပေါ်၌ ရပ်တည်ထားခြင်းမရှိဘဲ အကြောက် တရားပေါ်တွင်သာ အခြေခံ ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးတင်ထွန်းကဆိုသည်။