Tuesday, February 25, 2014

နိုင်/စစ် ကော်မတီအစည်းအဝေးခေါ်ယူရန် သမ္မတရုံးမှ ယခုလအတွင်း အကြောင်းပြန်ကြားခြင်း မရှိပါက ကော်မတီဝင်များက သဘောထားကြေညာချက် ထုတ်ပြန်မည်

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင်များက သမ္မတရုံးမှ ကော်မတီ အစည်းအဝေး ခေါ်ယူပေးရန် ယခုလအတွင်း အကြောင်းပြန်ကြားခြင်းမရှိပါက အစည်းအဝေးမခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ကော်မတီဝင်များက သဘောထားကြေညာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၄) ဒုတိယ ဝန်ကြီးဦးအောင်သိန်းက အတွင်းရေးမှူး အဖြစ်လည်းကောင်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သည့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ရန် အစီအစဉ်ရှိ မရှိ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် မေးမြန်း

Photo: ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သည့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ရန် အစီအစဉ်ရှိ မရှိ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် မေးမြန်း
Tuesday, February 25, 2014

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သည့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ရန် အစီအစဉ်ရှိ၊ မရှိကို ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ပေါ်ပေါက်လာရေးအတွက် ကိုယ်ပိုင်အချိန်၊ အကျိုးစီးပွား လုပ်ငန်းများကို စွန့်ပစ်ကာနှစ်ပေါင်းများစွာ တစ်ဆက်တစ်စပ်တည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားနှင့် အရပ်သား ကိုယ်စားလှယ်များတွင်

ဦးခင်မောင်ညိုက မေးမြန်းရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ၂ဝ၅ (က) အရ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း ပြုနိုင်ကြောင်း၊ ယခုကဲ့သို့ ဒီမိုကရေစီစနစ် ထွန်းကား၍ အနာဂတ်နိုင်ငံတော်ကြီး ရေရှည်အကျိုး ကောင်းမွန်စေရန်အတွက် ခိုင်မာသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်စေရန် ၁၉၉၃ ခုနှစ်မှစ၍ အတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များ၊ ပါတီခေါင်းဆောင်များ အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ပြီး အမျိုးသားညီလာခံကြီးကို အခက်အခဲများကြားမှ ကြိုးစားကျင်းပခဲ့ရာ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ ၃ ရက်တွင် အောင်မြင်စွာပြီးခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ပေါ်ပေါက်လာရေးအတွက် ကိုယ်ပိုင်အချိန်၊ အကျိုးစီးပွား လုပ်ငန်းများကို စွန့်ပစ်ကာနှစ်ပေါင်းများစွာ တစ်ဆက်တစ်စပ်တည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားနှင့် အရပ်သား ကိုယ်စားလှယ်များတွင် ယခုအခါ အသက်အရွယ်ကြီးရင့် အိုမင်းခြင်း၊ စီးပွားရေးချို့တဲ့ခြင်းနှင့် လူမှုဘဝရပ်တည်ရန် ခက်ခဲသည့် ကိုယ်စားလှယ်အချို့ ရှိနေသည်များကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့မကွယ်လွန်မီ ပြည်ထောင်စုအစိုးရမှ ယင်းတို့အပေါ် အသိအမှတ်ပြုသည့် ဆောင်ရွက်ပေးမှုမျိုး လုပ်ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်တို့ဖြင့် အသက်ဆက်လက်ရှင်သန် ရပ်တည်နေလျက်ရှိသည်ကိုလည်း တွေ့ရှိနေရပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု အစိုးရအနေဖြင့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအားလုံး သို့မဟုတ် ၁၉၉၃ ခုနှစ်မှ ၂ဝဝ၇ ခုနှစ်အထိ တစ်ဆက်တစ်စပ်တည်း နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့သော အမျိုးသားညီလာခံ ကိုယ်စားလှယ်တော်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ (သို့မဟုတ်) ချီးမြှင့်ခံစားခွင့် စသည့်အသိအမှတ်ပြု တစ်ခုခု ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် မရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းနှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က လောလောဆယ်တွင် အစီအစဉ် မရှိသေးကြောင်း ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရန် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က အဆိုတင်သွင်းခဲ့သဖြင့် ကော်မတီဖွဲ့စည်းကာ လွှတ်တော်မှ လေ့လာမှုများ ပြုလုပ်ခဲ့သည်။ လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အကောင်အထည်ဖော်ရေး ကော်မတီကို လွှတ်တော်မှ ထပ်မံဖွဲ့စည်းခဲ့ပြီး ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ အပြီးသတ်ပြင်ဆင်ပြီး ဖြစ်ရမည်ဟု ပြည်ထောင်စု လွှတ်တော်နာယကက ပြောကြားထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန် အလွန်ခက်ခဲနေကြောင်း နိုင်ငံတကာမှ ဝေဖန်လျက်ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်သူများထံမှ အကြံပြုစာများစွာ ရောက်ရှိနေသည်။
-
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒပြမှု ပိုမိုများပြားလာပြီး ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒပြပွဲအား ရန်ကုန်မြို့ တာမွေမြို့နယ်၌ ပြုလုပ်ခဲ့သည်ကို တွေ့ရစဉ်

Eleven Media Group
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သည့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ရန် အစီအစဉ်ရှိ၊ မရှိကို ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ပေါ်ပေါက်လာရေးအတွက် ကိုယ်ပိုင်အချိန်၊ အကျိုးစီးပွား

လှိုင်သာယာ ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ဆက်လက်ဆန္ဒပြ

Photo: လှိုင်သာယာ ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ဆက်လက်ဆန္ဒပြ
Tuesday, February 25, 2014

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ Master Sport ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော် တောင်းဆိုနေတဲ့ အချက်တွေထဲက နေ့စားခတိုးပေးဖို့အချက်ကို စက်ရုံက သဘောတူခဲ့ပေမဲ့ လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးတစ်ဦးကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုထားတာကို မလိုက်လျောတာကြောင့် အလုပ်သမားတွေ ဒီနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

အလုပ်ခွင်ကြီးကြပ်ရေးမှူးအနေနဲ့ ဆန္ဒပြအလုပ်သမားတွေကို တောင်းပန်မယ်ဆိုရင် ကျေနပ်နိုင်ကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ စက်ရုံအလုပ်သမတစ်ဦးက ပြောပါတယ်။

"ကျမတို့ဘက်က ဒီကလေးတွေကို သူတောင်းပန်ပေါ့နော်၊ သူကအဲလိုတောင်းပန်ဖို့ သူ့မှာအစီအစဉ်မရှိဘူးတဲ့၊ သူမပြုတ်မချင်း ကျမတို့က အပြင်မှာပဲနေမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ အခုသူတို့ကပေါ့နော် ဒီလူတွေကို ဘာမှလုပ်မပေးပဲနဲ့ အသစ်လူတွေကို ခေါ်နေတဲ့ဆိုင်းဘုတ်တွေ ကပ်နေတယ်"

Master Sport ဖိနပ်စက်ရုံ အလုပ်သမား ၇၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတည်းက နေ့စားခတိုးပေးဖို့၊ လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးကို ထုတ်ပေးဖို့ အပါအဝင် အချက် ၁၀ ချက်ကိုတောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ အလုပ်သမားတွေက နေ့စားခ တစ်နာရီ ၁၅၀ ကျပ်ကနေ ၂၅၀ တိုးပေးဖို့ တောင်းဆိုရာမှာ အလုပ်ရှင်ဘက်က တစ်နာရီ ၁၇၀ ကျပ်တိုးပေးဖို့ သဘောတူခဲ့ပါတယ်။

လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးဟာ အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံတာတွေရှိတဲ့အတွက် နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာလို့ သိရပါတယ်။

RFA Burmese
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ Master Sport ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော် တောင်းဆိုနေတဲ့ အချက်တွေထဲက နေ့စားခတိုးပေးဖို့အချက်ကို စက်ရုံက သဘောတူခဲ့ပေမဲ့ လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးတစ်ဦးကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုထားတာကို မလိုက်လျောတာကြောင့် အလုပ်သမားတွေ ဒီနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

အလုပ်ခွင်ကြီးကြပ်ရေးမှူးအနေနဲ့ ဆန္ဒပြအလုပ်သမားတွေကို တောင်းပန်မယ်ဆိုရင် ကျေနပ်နိုင်ကြောင်း

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့မီးလောင်မှုသတင်း သို့မဟုတ် မြို့လည်ခေါင်မှထ၍ပေါက်ကွဲသောမိုင်းဗုံးကြီး

Photo: မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့မီးလောင်မှုသတင်း သို့မဟုတ်
မြို့လည်ခေါင်မှထ၍ပေါက်ကွဲသောမိုင်းဗုံးကြီး
Tuesday, February 25, 2014

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့
မြို့လယ်ခေါင်ရပ်ကွက်ဖြစ်သောရွှေကြာအင်း၂ ရပ်
ကွက် ၁ လမ်း တွင် ယနေ့ ၂၄:၊၂၊၂၀၁၄ နေ့ညနေ
၃း၃၀နာရီအချိန်ကဝါဝါဝင်းပုဂ္ဂလိကစက်သုံးဆီအရောင်း
ဆိုင်(ပန့်ဆိုင်)မှစက်သုံးဆီထဲ့နေစဉ်မီးလောင်မှုဖြစ်ပွား
ခဲ့သည်။

မီးလောင်လျှင်လောင်ခြင်းမြို့နယ်မီးသတ်နှင
ရပ်ကွက်၁၀ရပ်ကွက်မှမီးသတ်ကား၁၀စီးခန့်နှင့်မီးသတ်
တပ်ဖွဲ့ဝင်များ၊ပြည်သူလူထုများ၏စွမ်းစွမ်းတမံငြိမ်းသတ်
နိုင်မှုကြောင့်ညနေ ၄း၀၀ နာရီအချိန်ခန့်တွင်မီးညွန့်
ကျိုးသွားပြီးညနေ၆း၃၀နာရီခန့်တွင်လုံးဝငြိမ်းသတ်နိုင်
ခဲ့သည်။

မီးလောင်မှုနှင့်ပါတ်သက်ပြီးမြို့လည်ခေါင်တည့်
တည့်လူနေရပ်ကွက်အတွင်းစက်သုံးဆီပန့်ဆိုင်ထောင်
ပြီးရောင်းချလျှက်ရှိသောဝိသမလောဘသားစီးပွားရေး
သမားနှင့်ခွင့်ပြုထားသောမြို့နယ်အာဏာပိုင်များကြောင့်
တမြို့လုံးမီးလောင်ခံရမည့်ဘေးမှကယ်တင်နိုင်ရေးအတွက်
မိမိအသက်ကိုပဓာနမထားပဲဆီလှောင်ကန်၊ဆီပေပါ
များအကြားသက်စွန့်ဆံဖြာ့း်ငြိမ်းသတ်ပေးခဲ့သောမီးသတ်
ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်လူငယ်များကိုအထူးကျေး
ဇူးတင်ချီးကျူးနေကြကြောင်းသတင်းရရှိသည်။
မီးလောင်ကျွမ်းမှုကြောင်မီးငြိမ်းသတ်သူအချို့
ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သော်လည်းလူသေဆုံးမှုမရှိ
ခဲ့ပါ။

တောင်တွင်းကြီးမြို့သည်၁၉၈၁ ခုနှစ်ကလည်း
အုန်းတော ၁ ရပ်ကွက်မှစတင်လောင်ကျွမ်းခဲ့သော
မီးကြောင့်တမြို့လုံးနီးပါးမီးလောင်ကျွမ်းခံခဲ့ရဘူးကြောင်း
သိရှိရသည်။

မြို့သူမြို့သားများအနေနှင့်နောက်ထပ်မိုင်းဗုံး
ကြီးတခုဖြစ်သောနယူးဒေး စက်သုံးဆီအရောင်းဆိုင်
ကိုမြို့ပြင်သို့ရွေ့ပေးရန်ဆန္နရှိနေကြောင်းသိရှိရသည်။

Monywa Times
မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့ မြို့လယ်ခေါင်ရပ်ကွက်ဖြစ်သောရွှေကြာအင်း၂ ရပ် ကွက် ၁ လမ်း တွင် ယနေ့ ၂၄:၊၂၊၂၀၁၄ နေ့ညနေ၃း၃၀နာရီအချိန်ကဝါဝါဝင်းပုဂ္ဂလိကစက်သုံးဆီအရောင်း ဆိုင်(ပန့်ဆိုင်)မှစက်သုံးဆီထဲ့နေစဉ်မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်လျှင်လောင်ခြင်းမြို့နယ်မီးသတ်နှငရပ်ကွက်၁၀ရပ်ကွက်မှမီးသတ်ကား၁၀စီးခန့်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ပြည်သူလူထုများ၏စွမ်းစွမ်းတမံငြိမ်းသတ်
နိုင်မှုကြောင့်ညနေ ၄း၀၀ နာရီအချိန်ခန့်တွင်မီးညွန့်ကျိုးသွားပြီးညနေ၆း၃၀နာရီခန့်တွင်လုံးဝငြိမ်းသတ်နိုင် ခဲ့သည်။

တိုင်းရင်းသား လူမျိုးများစာရင်းကို သန်းခေါင်စာရင်းပြီးမှ ပြင်မည်

Photo: တိုင်းရင်းသား လူမျိုးများစာရင်းကို သန်းခေါင်စာရင်းပြီးမှ ပြင်မည်
Tuesday, February 25, 2014

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံပြီးမှ လက်ရှိအတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ဆောင်ရွက်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်မှာ ဒီနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

သန်းခေါင်စာရင်းကောက်ယူပြီးရင် နှစ်အတော်ကြာ အတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြန်လည်ပြုပြင်ဖို့ ရှိ မရှိ ဒီနေ့ အမျိုးသားလွှတ်တော်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက မေးမြန်းခဲ့လို့ ဒုတိယ၀န်ကြီးက ဖြေကြားခဲ့တာပါ။

လက်ရှိ သန်းခေါင်စာရင်းမှာပါတဲ့ တိုင်းရင်းသားလူမျိုးများ စာရင်းဟာ နှစ်အတော်ကြာ မစိစစ်နိုင်တာကြောင့် မှန်ကန်တယ်လို့ တရားသေမပြောနိုင်ကြောင်းနဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီးရင် ပြင်ဆင်သွားနိုင်မယ်တဲ့အတွက် ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

"လက်ရှိပြုစုထားတဲ့ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးဟာ နှစ်ပေါင်းများစွာ ပြန်လည်စိစစ်ခြင်းမရှိခြင်း၊ တရားဝင်ပြင်ဆင်၊ ပယ်ဖျက် ထပ်မံအတည်ပြုခြင်း မရှိတဲ့အတွက်ကြောင့် ဒီစာရင်းကို မှန်ကန်သည်ဟု တရားသေ စွဲကိုင်အတည်ပြု ဆောင်ရွက်နေခြင်းလည်း မဟုတ်ကြောင်း၊ မကြာခင်ဆောင်ရွက်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံခြင်းလုပ်ငန်းစဉ်ဟာ မည်သည့်လူမျိုးစုဟာ မြေပြင်မှာ အမှန်တကယ်ရှိနေသည်၊ မည်သည့်လူမျိုးစုများဟာ ပျောက်ကွယ်သွားသည်၊ မည်သည့်လူမျိုးစုအသစ်များ ထပ်မံတွေ့ရှိသည် စသည်တို့အား သိရှိနိုင်မည်ဖြစ်ပါတယ်၊ ပြန်လည်ပြင်ဆင်၊ အတည်ပြုရန် တွေ့ရှိပါကလည်း စာရင်းကောက်ပြီးအချိန်မှာတော့ ဒုတိယအဆင့် ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ စုံလင်စွာပေါင်းစပ်ပြီးတော့မှ ပြန်လည်သုံးသပ်ပြီးတော့မှ ပြင်ဆင်သွားနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်"

သန်းခေါင်စာရင်းမှာပါတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဟာ လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ် မတိုင်ခင်ကတည်းက ကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ လူမျိုးစု ၈ ခုအပေါ် မူတည်ပြီး ကချင်မျိုးနွယ်စု ၁၂ စု၊ ကယား မျိုးနွယ်စု ၉ စု၊ ကရင်မျိုးနွယ်စု ၁၁ စု၊ ချင်းမျိုးနွယ်စု ၅၃ စု၊ ဗမာမျိုးနွယ်စု ၉ စု၊ မွန်မျိုးနွယ်စု ၁ စု၊ ရခိုင်မျိုးနွယ်စု ၇ စု၊ ရှမ်းမျိုးနွယ်စု ၃၃ စုဆိုပြီး အတည်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကို လာမယ့် မတ်လ ၂၉ ရက်နေ့ ညကနေ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူသွားမှာ ဖြစ်ပါတယ်။

RFA Burmese
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံပြီးမှ လက်ရှိအတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ဆောင်ရွက်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်မှာ ဒီနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

သန်းခေါင်စာရင်းကောက်ယူပြီးရင် နှစ်အတော်ကြာ အတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြန်လည်ပြုပြင်ဖို့ ရှိ မရှိ ဒီနေ့ အမျိုးသားလွှတ်တော်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက မေးမြန်းခဲ့လို့ ဒုတိယ၀န်ကြီးက ဖြေကြားခဲ့တာပါ။