အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး၊ ထွက်ပြေးလူငယ်များနှင့် မိဘများ တွေ့ဆုံနိုင်ရေး၊ အသက်ဆုံးရှုံးသွားသော လူငယ်များအတွက် ဆုတောင်းမေတ္တာ ပို့သရေးတို့နှင့် ပက်သက်ပြီး (၃-၁-၂၀၁၅) ရက်နေ့တွင် မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားရင်ပြင်တွင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်စသော မြို့နယ်များမှ အဖမ်းဆီးခံ သျှမ်းလူငယ်များ၏ မိဘများနှင့် ဒေသခံပြည်သူများ (၁၀၀၀)၀န်းကျင်လောက် ဆုတောင်းမေတ္တာ ပို့သမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။
မြန်မာနိုင်ငံ အတွက် Facebook Account များ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ်ကို သီးသန့်ပြင်ဆင် ရေး ဆွဲ ပေးမည် ဖြစ်ကြောင်း သိရသည်။
Facebook Accountများ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ် (Report) ကို မြန်မာနိုင်ငံ အတွက် င်္ Facebook မှ သီးသန့်ပြင်ဆင်ရေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း တရားဝင် ချိတ်ဆက် ဆောင်ရွက်နေသည့် အိုင်စီတီအဖွဲ့(မီဒို)မှ သိရသည်။
အမုန်းပွားဖွယ် စကားများ ဖြန့်ဖြူးရေးသားနေသည့် Accountများ၊ ဘာသာရေး အရ လှုံ့ဆော်မှုများ ပြုလုပ်နေသည့် Face book စာမျက်နှာများကိုမြန်ဆန်သည့် လုပ်ဆောင်မှုများဖြင့် ပိတ်သိမ်းပစ်နိုင်ရန် ယင်းသို့ ပြင်ဆင်ရေး သား နေခြင်းဖြစ်ကြောင်း သိရသည်။