Wednesday, May 1, 2013
ဒမားစကပ်မြို့လယ်တွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ(၁၃)ဦးထက်မနည်းသေဆုံး
Photo: ဒမားစကပ်မြို့လယ်တွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့်
လူ(၁၃)ဦးထက်မနည်းသေဆုံး
******************************
ဧပြီ(၃၀)ရက်နေ့တွင် ဒမားစကပ်မြို့လယ်၌ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ(၁၃)ဦးသေဆုံးပြီး (၇၀)ထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း အစိုးရ ရုပ်မြင်သံကြားဌာနမှ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။ ယခုကဲ့သို့တိုက်ခိုက်မှုသည် ဆီးရီးယားဝန်ကြီးချုပ်အယ်လ်ဟာလ်ကီအား ပစ်မှတ်ထားဗုံးခွဲတိုက်ခိုက် ပြီးတစ်ရက်အကြာတွင်ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။သေဆုံးခဲ့သူများထဲတွင် အရပ်သား(၉)ဦးနှင့် လုံခြုံရေး(၃)ဦး ပါဝင်ပြီး သေဆုံးနှုန်းတိုးလာင်ကြောင်းဗြိတိန်အခြေစိုက်ဆီးရီးယား
စာင့်ကြည့်လေ့လာရေးအဖွဲ့မှ ပြောကြားခဲ့သည်။ယခုတိုက်ခိုက်မှုသည် ဘယ်သူ့ကိုပစ်မှတ်ထားတိုက် ခိုက်တယ်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောနေရာအနီးမှ ပြည်ထဲရေးဝန်ကြီးဌာနရုံးအဆောက်အဦးဟောင်းကို ရုပ်မြင်သံကြားဌာနမှပြသထားကြောင်း ရိုက်တာသတင်းမှ သိရသည်။
အေးချမ်းမွန် Credit & Copy From >SkyNet TV Browser<Thank
https://www.facebook.com/excellencemedia
ဧပြီ(၃၀)ရက်နေ့တွင် ဒမားစကပ်မြို့လယ်၌ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ(၁၃)ဦးသေဆုံးပြီး (၇၀)ထက် မနည်းဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရ ရုပ်မြင်သံကြားဌာနမှ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။ ယခု ကဲ့သို့ တိုက်ခိုက်မှုသည် ဆီးရီးယားဝန်ကြီးချုပ်အယ်လ်ဟာလ်ကီအား ပစ်မှတ်ထားဗုံးခွဲတိုက်ခိုက်ပြီး တစ်ရက်အကြာတွင်ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။သေဆုံးခဲ့သူများထဲတွင် အရပ်သား(၉)ဦးနှင့်
နိုင်ငံနှင့် လူမျိုးအကျိုး ထူးချွန်စွာ ထမ်းဆောင်ခဲ့သည့် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ် ၁၂ ဦးအား နိုင်ငံ့စွမ်းဆောင်ရည် ဆုများ ချီးမြှင့်
နိုင်ငံနှင့် လူမျိုးအကျိုး ထူးချွန်စွာ ထမ်းဆောင်ခဲ့သည့် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ် ၁၂ ဦးအား နိုင်ငံ့စွမ်းဆောင်ရည် ဆုများ ချီးမြှင့်
   Wednesday, May01 , 2013 
နိုင်ငံတော် သမ္မတ၏ နယ်ပယ်အသီးသီးရှိ ပုဂ္ဂိုလ်များအား နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ ၃၀ ရက်က နေပြည်တော် MICC ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါဆုသည် နယ်ပယ်သီးသီးရှိ မိမိတို့ကျရာ ကဏ္ဍအလိုက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ချီးမြှင့်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ထို့ပြင် နယ်ပယ်အသီးသီးရှိ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် မတော်လောဘစိတ်၊ အချောင်ရလိုစိတ်များကို လျှော့ချကြပြီး ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော် တည်ဆောက်ကြရမည်ဖြစ်ကြောင်း သမ္မတက ထည့်သွင်းပြောကြားသည်။
နိုင်ငံတော် သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များကို ချီးမြှင့်ခဲ့ရာ သီတဂူဆရာတော် ဒေါက်တာဉာဏိဿရ၊ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ်ရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေး တွဲဖက်အထက်တန်းကျောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နှင့် မေရီချက်ပ်မင်း နားမကြားသော ကလေးများ ကျောင်းတို့မှ ရရှိခဲ့သည်။
နိုင်ငံတော်သမ္မတ ချီးမြှင့်သည့် စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုကို ပဲခူးတိုင်းဒေသကြီးမှ ဦးသိန်းမြင့်၊ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ပင်လယ်ကိုးသွယ် ကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးအောင်သန်းဦး၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုကို ရှမ်းပြည်နယ်မှ ဦးကျမော့၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ဦးခင်မောင်ဝင်း၊ ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ် အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ဦးလှသန်း၊ အများပြည်သူ ဘေးအန္တရာယ် ကျရောက်မှုအား သက်စွန့်ကြိုးပမ်း ကယ်တင်စွမ်းဆောင်မှုဆုကို ရဲကျော်စွာအောင်လှ၊ အားကစားစွမ်းဆောင်ရည်ဆုကို မအောင်ငှိမ်း (မြားပစ်)၊ အကောင်းဆုံး  ပို့ကုန်လုပ်ငန်းရှင်ဆုကို Golden Dalta ကုမ္ပဏီ လီမိတက်မှ ဦးချစ်ခိုင်၊ တန်ဖိုးမြှင့်ထုတ်ကုန် အကောင်းဆုံး ထုတ်လုပ်ရောင်းချနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်ဆုကို National Wood Industry Ltd မှ ဦးကျော်ဝင်း၊ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုကို ကမ္ဘောဇဘဏ် လီမိတက်မှ ဦးအောင်ကိုဝင်း၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အသေးစား စီးပွားရေး လုပ်ငန်းရှင်ဆုကို သဇင်နွယ်မိသားစု ရောင်းဝယ်ရေး ကုမ္ပဏီမှ ဒေါ်သန်းသန်းဆွေ၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အလတ်စား စီးပွားရေး လုပ်ငန်းရှင်ဆုကို ပဲခူးတိုင်းဒေသကြီးမှ သံရည်ကျို လုပ်ငန်းပိုင်ရှင် ဦးအေးဝင်းတို့ အသီးသီး ရရှိခဲ့ကြသည်။
နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုအတွက် အခွန်ငွေ ၄၇၅၅ သန်း ပေးဆောင်ခဲ့သည့် ACE ကုမ္ပဏီမှ ဦးဇော်မိုးဝင်း၊ အခွန်ငွေ ၂၆၇၇ သန်းကျော် ပေးဆောင်ခဲ့သည့် Max Myanmar ကုမ္ပဏီမှ ဦးဇော်ဇော်တို့ကိုလည်း နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များ ပေးအပ်ခဲ့ပြီး အခွန်ငွေ  ၆၀၁၅ သန်းကျော် ပေးဆောင်ခဲ့သည့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ရရှိခဲ့သည်။
အခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ဦးအောင်ကိုဝင်းအား နိုင်ငံတော် သမ္မတမှ ဆုချီးမြှင့်နေစဉ်
Eleven Media Group
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို Like လုပ်ထားပါ။
အခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ဦးအောင်ကိုဝင်းအား နိုင်ငံတော် သမ္မတမှ ဆုချီးမြှင့်နေစဉ်
နိုင်ငံတော် သမ္မတ၏ နယ်ပယ်အသီးသီးရှိ ပုဂ္ဂိုလ်များအား နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အခမ်း အနားကို ဧပြီ ၃၀ ရက်က နေပြည်တော် MICC ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါဆုသည် နယ်ပယ် သီးသီးရှိ မိမိတို့ကျရာ ကဏ္ဍအလိုက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ချီးမြှင့်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ် မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက်ရှိနေ၊ မေလ ၁ ရက် နံနက်ပိုင်းတွင် ကျူးလွန်သူဟု ယူဆထားသူ ၁၅ ဦးအား ရဲတပ်ဖွဲ့ဝင် ၁၀၀ ၀န်းကျင်ဖြင့် ဖမ်းဆီးခဲ့
ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ် မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက်ရှိနေ၊ မေလ ၁ ရက် နံနက်ပိုင်းတွင် ကျူးလွန်သူဟု ယူဆထားသူ ၁၅ ဦးအား ရဲတပ်ဖွဲ့ဝင် ၁၀၀ ၀န်းကျင်ဖြင့် ဖမ်းဆီးခဲ့
 Wednesday, May01 , 2013 
ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ်မှာ မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက် ရှိနေကြောင်း ဥကံ္ကမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးမြင့်မောင်က မေ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ တွင် ဖြေကြားခဲ့သည်။
ဥကံ္ကမြို့တွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းက မူစလင် အမျိုးသမီး တစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ၀င်ရောက်တိုက်မိရာမှ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်အား အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက မေလ ၁ ရက်နေ့နံနက် ၃ နာရီခွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်အား ပါဝင်ကျူးလွန်သူများဟု သံသယရှိသူ ၁၅ ဦးကို မေလ ၁ ရက် နံနက် ၁ နာရီ ခွဲတွင် ရဲတပ်ဖွဲ့အင်အား ၁၀၀ ၀န်းကျင်ဖြင့် ဥကံ္ကမြို့၊ ပနီပင်ကျေးရွာအတွင်း ၀င်ရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဖမ်းဆီးခဲ့ရာတွင် ဂျင်ကလိ ၁၃ ခု၊ ဓားမတစ်ချောင်းနှင့် လေးခွ ၂ ခုတို့ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က''ဒီဖြစ်စဉ်က ဒီလောက် ဖြစ်သွားစရာ အကြောင်းမရှိဘူး။ အဓိကတော့ ပြည်သူအချို့က အသိဥာဏ် မရှိလို့ဘဲ။ အခုလို ပဋိပက္ခ ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပွား နေမယ်ဆိုရင်တော့ နိုင်ငံတကာ ထိုးနှက်မှုတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။ ဒီဖြစ်စဉ်ကို ဆက်လက်မဖြစ်ပွားဖို့ ပါဝင်ကျူးလွန်ခဲ့တဲ့ သူတွေကို အမြန်ဆုံး ဖမ်းဆီးပြီးတော့ ထိရောက်စွာ အရေးယူသွားပါမယ်။ ကျူးလွန်ခဲ့တယ်လို့ ယူဆထားပြီး ဖမ်းဆီးစစ်ဆေးနေတဲ့ ၁၅ ဦးလုံးက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်။ ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအရဆိုရင် ကျူးလွန်သူတွေ အများကြီး ကျန်ရှိနေသေးတယ်။ ဒါကြောင့် ဆက်လက် ဖမ်းဆီးသွားပါမယ်။'' ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်ထိ ဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ၁၅ ဦးအနက်မှ ၉ ဦးကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ကျန် ၆ ဦးကို အင်းစိန်ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက် ရှိကြောင်း ဥက္ကံရဲစခန်းတွင် ဖြစ်စဉ်အား လာရောက် ထိန်းသိမ်းနေသည့် ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က မေ ၁ ရက်နေ့ နံနက် ၄ နာရီက ပြောကြားခဲ့သည်။
''အခုဥကံ္ကမြို့ပေါ် ရပ်ကွက်တွေရော ကျေးရွာတွေ အားလုံးမှာ တင်းမာမှုတွေ၊ ပဋိပက္ခ ဖြစ်စဉ်တွေ မဖြစ်တော့ပါဘူး။ ဒါပေမဲ့ လှုံခြုံရေး အရတော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတုန်းပါဘဲ'' ဟု မေလ ၁ ရက် နံနက် ၁၀ နာရီ ၅၀ တွင် ဥကံ္က မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။
ဥက္ကံပဋိပက္ခ ဖြစ်စဉ်တွင် အပြင်းအထန် ဒဏ်ရာရရှိသူ ၃ ဦး အနက်မှ ဇော်ဇော်နိုင် ဆိုသူမှာ မေ ၁ ရက်နေ့ နံနက် တစ်နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ပဋိပက္ခ ဖြစ်စဉ်အတွင်း မီးလောင်မှုကြောင့် နေအိမ် ၈၁ လုံး ဗလီတစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဥက္ကံမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များနှင့် ဆိုင်ခန်း ၅၀ ၀န်းကျင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ဥကံ္ကမြို့အတွင်း ပဋိပက္ခ ဆက်လက်ဖြစ်ပွားခဲ့ပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ထားသည့်အပြင် တပ်မတော်သားများကိုလည်း လုံခြုံရေး ဆောင်ရွက်ရန် ရောက်ရှိနေကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။
Eleven Media Group 
လုံခြုံရေးဆောင်ရွက်ရန် ရောက်ရှိလာသော တပ်မတော်သားများကို မေ ၁ ရက် နံနက် ၁ နာရီခွဲခန့်က တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို Like လုပ်ထားပါ။
လုံခြုံရေးဆောင်ရွက်ရန် ရောက်ရှိလာသော တပ်မတော်သားများကို မေ ၁ ရက် နံနက် ၁ နာရီခွဲ ခန့်က တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
  ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ်မှာ မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက် ရှိနေကြောင်း ဥကံ္ကမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးမြင့်မောင်က မေ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ တွင် ဖြေကြားခဲ့သည်။
မိတ္ထီလာအကြမ်းဖက်မှု နှစ်ဘက်လျှောက်လဲချက် တရားရုံးကြားနာ
မိတ္ထီလာအကြမ်းဖက်မှု နှစ်ဘက်လျှောက်လဲချက် တရားရုံးကြားနာ
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
ဝမ်းတွင်းမြို့နယ် ဒုံးကုန်းကျေးရွာ အကြမ်းဖက်မှုမှာ သံဃာတပါး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူ ၁၁ ဦးကို စွဲချက် တင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချဖို့အတွက် မေလ ၃ ရက်နေ့ကို ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒါ့အပြင် ထောင်ဒဏ် ၁၄ နှစ် ကျခံထားတဲ့ တရားခံအဖြစ် စွဲဆိုခံထားရသူ ၃ ဦးနဲ့ ပတ်သက်လို့လည်း တရားခံတွေဘက်ကနေ ခရိုင်တရားရုံးကို အယူခံတင်မယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။
မန္တလေးတိုင်း မိတ္ထီလာမြို့နယ်တွင်းက အကြမ်းဖက်မှု အဓိကရုဏ်းအတွင်း ၀မ်းတွင်းမြို့နယ် ဒုံးကုန်းကျေးရွာအုပ်စုက ဦးဇင်း ဦးသောဘိတ ကို သတ်ဖြတ်မှုနဲ့ တရားခံလို့ စွပ်စွဲခံရသူ ၁၁ ဦးကို စွဲချက် တင်သင့် မတင်သင့်ကိစ္စ နှစ်ဘက် တရားလို တရားခံရှေ့နေတွေက လျှောက်လဲချက် ပေးပြီးနောက် ဆုံးဖြတ်ချက်ချရမယ့်နေ့မှာပဲ တရားရုံးက သေချာစိစစ်နိုင်ဖို့အတွက် မေလ ၃ ရက်နေ့ကို ပြောင်းရွှေ့လိုက်ပါတယ်။
ဒါ့အပြင် ထောင်ဒဏ် ၁၄ နှစ် ကျခံထားတဲ့ တရားခံအဖြစ် စွပ်စွဲခံရသူ ၃ ဦးနဲ့ပတ်သက်လို့လည်း တရားခံတွေဘက်က ခရိုင်တရားရုံးကို အယူခံ တင်မယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ၂၀ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ အဓိကရုဏ်းအတွင်း လူ ၄၀ ကျော် သေဆုံးမှုမှာ သံဃာတပါးဖြစ်တဲ့ ဦးသောဘိတ ဟာ ပျံလွန်တော် မူခဲ့တာပါ။ သံဃာတော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ၁၁ ဦးကတော့ အများစုက သီရိမင်္ဂလာ ရပ်ကွက်သားတွေ ဖြစ်ကြပါတယ်။
မျက်မြင်သက်သေတွေအပါအ၀င် လူ ၄၀ ခန့် သက်သေတွေကို စစ်ချက်ယူပြီးတဲ့နောက်မှာတော့ မိတ္ထီလာခရိုင် တရားရုံးက စွဲချက် တင်သင့် မတင်သင့် ပြန်ပြီး သေချာစိစစ်နိုင်ဖို့အတွက် မေလ ၃ ရက်နေ့ကို ချိန်းဆိုလိုက်တာဖြစ်ကြောင်း တရားခံတွေဘက်က အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။
“မိတ္ထီလာခရိုင် တရားသူကြီးက မေတ္တာရပ်ခံပါတယ်။ အမှုကို သူ နှစ်ခေါက် ဖတ်ပြီးပါပြီ။ သက်သေက ၃၉ ယောက်ပါတယ်ဗျ။ ၃၉ ယောက်ပါတဲ့အခါကျတော့ အမှုနဲ့ပတ်သက်ပြီးတော့ နစ်နာမှာစိုးလို့၊ တရားရုံးက ဒါ ကျနော်တို့ အမှန်အတိုင်း ပြောရမှာပါ။ မိတ္ထီလာခရိုင် တရားရုံးက အတော်လေးကို တရားမျှတမှုရှိပါတယ်။ ဥပဒေနဲ့အညီ ကျနော်တို့ အခွင့်အရေး အကုန်လုံးလည်း ရပါတယ်။ ကျနော်တို့ တင်ပြချက်တွေကိုလည်း အသေးစိတ် ကြားနာပြီးတော့ စွဲချအမိန့်ကို အမှန်တော့ သူက ၂ ရက်နေ့ ပေးတာပေါ့နော်။ မနက်ဖြန် မေဒေး ပိတ်တဲ့အတွက်ကို။ ၃ ရက်နေ့ကို ကျနော်တို့ကို ပြန်ချိန်းထားတယ်။"
"ဘယ်သူမှ မလိုက်ဝံ့၊ မလိုက်နိုင်တဲ့အတွက် မန္တလေးတိုင်း ဒေသကြီး ဥပဒေချုပ်က မေတ္တာရပ်ခံပြီးတော့ အဲ့ဒီမေတ္တာရပ်ခံချက်အရ ကျနော်တို့ အားလုံး ပါတဲ့ရှေ့နေအားလုံး ၀င်ပြီး ပူးပေါင်းဆောင်ရွက်ကြတာပါ။ အမှန်တရား ဖော်ထုတ်ဖို့အတွက်ပေါ့နော်။ တရားခံအစစ်က ဘယ်သူလဲ။ ဥပဒေနဲ့အညီ ကျနော်တို့ တိုင်းပြည်မှာ ဒါမျိုးဖြစ်တဲ့အခါ တရားစီရင် ဆောင်ရွက်တာဟာ တရားမျှတမှု ရှိသင့်တယ်လို့ ကျနော်တို့ ယူဆတဲ့အတွက် ကျနော်တို့ ၀မ်းသာတာပါ။ ဒါပေမဲ့ တရားရုံးကတော့ ကျနော်တို့ မျှော်လင့်ထားတာထက်ကို ကောင်းနေပါသေးတယ်။”
ပြီးခဲ့တဲ့ဧပြီလ ပထမအပတ်ထဲမှာပဲ မိတ္ထီလာ အဓိကရုဏ်း စတင် ဖြစ်ပွားခဲ့ရာ နေရာအဖြစ် စွပ်စွဲခံရတဲ့ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် ၂ ဦးနဲ့ အလုပ်သမား ၁ ဦးကိုတော့ မိတ္ထီလာမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ကြပါတယ်။ ဒီအတွက် တရားခံအဖြစ် စွပ်စွဲခံရသူတွေဘက်ကတော့ ခရိုင်တရားရုံးအထိ အယူခံ ဆက်တက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
“အယူခံဆက်တက်မယ်ပြောပါတယ်။ မိတ္ထီလာခရိုင်ကို ပြန်ပြီးတော့ အယူခံ တက်ရမှာပေါ့နော်။ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတမှု ရှိ - မရှိရယ်၊ နောက်တခုက ဥပဒေနဲ့ ကိုက်ညီမှု ရှိ - မရှိရယ် သူတို့က အယူခံ ဆက်တက်ပါမယ်။ ၁၄ နှစ်ကတော့ နည်းနည်း များတယ်ပေါ့နော် ပြစ်ဒဏ်က။ ပုဒ်မ ၃၈၂ ဆိုရင် ဒါ အငြင်းပွားဖွယ် ဖြစ်တာပေါ့ဗျာ။ တရားရုံးကတော့ သူ့ရဲ့ စီရင်ပိုင်ခွင့်အရ ချတာ။ ကျနော်တို့က ဥပဒေလမ်းကြောင်း အရပဲ အယူခံ ၀င်ရောက်ဖို့ ရှိပါတယ်။ ကာယကံရှင်တွေကတော့ မိတ္ထီလာခရိုင်ကို အယူခံ ဆက်ဝင်မယ်လို့လည်း ကြားပါတယ်။”
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် လူ ၄၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာများ ရရှိခဲ့ကြသလို သောင်းနဲ့ချီရှိတဲ့ ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်း ၆ ခုမှာ ခိုလှုံနေထိုင်ခဲ့ရပါတယ်။
လက်ရှိမှာတော့ မိတ္ထီလာအကျဉ်းထောင်ထဲမှာ မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်တဲ့ စွဲချက်တွေနဲ့ လူ ၇၀ ကျော်ကို ထိန်းသိမ်းထားပြီး သူတို့ကိုတော့ ပုဒ်မ ၃၀၂  လူသတ်မှု အပါအ၀င် ပုဒ်မ ၈ခုနဲ့ စွပ်စွဲထားပြီး မကြာခင်မှာ ရုံးတင်စစ်ဆေးဖို့တွေ ရှိနေပါတယ်။
http://burmese.voanews.com/content/meikhtilar-court-hearing-postpones/1652178.html
အိန္ဒိယ နိုင်ငံထဲ ခိုးဝင်ရန် ကြိုးပမ်းတဲ့ မြန်မာ ၁၀ ဦး ဘင်္ဂလာဒေခ်ျ့ လုံခြုံရေးတပ်က ဖမ်း
အိန္ဒိယ နိုင်ငံထဲ ခိုးဝင်ရန် ကြိုးပမ်းတဲ့ မြန်မာ ၁၀ ဦး ဘင်္ဂလာဒေခ်ျ့ လုံခြုံရေးတပ်က ဖမ်း 
( NEWS COLLECTION )
အိန္ဒိယ နိုင်ငံထဲကို ခိုးဝင်ရန် ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို နယ်စပ်တစ်နေရာမှာ ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဧပြီလ ၂၉ ရက် မနေ့ က ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ထုတ် ဘင်္ဂလာဒေခခ်ျ့က The Daily Star သတင်းစာမှာ ဒီသတင်းကို ဖေါ်ပြထားပါတယ်။
ဘင်္ဂလာဒေခ်ျ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ အဲဒီ မြန်မာနိုင်ငံသား (၁၀) ဦးကို အိန္ဒိယ နယ်စပ် ချာက်ကီးရ ( Satkhira) ခရိုင် အတွင်းက ဘိုမြ ( Bhomra) နယ်စပ်ဂိတ်မှာ ဖမ်းမိတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Satkhira ခရိုင်ဟာ ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်းမှာ တည်ရှိပြီး အိန္ဒိယ အနောက်ဘင်္ဂလာပြည်နယ်နဲ့ ကပ်ရပ် တည်ရှိတဲ့ ခရိုင် ဖြစ်ပါတယ်။
အဖမ်းခံရတဲ့ သူတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ပြောဆိုပေမယ့် ဘယ်လူမျိုးတွေ ဖြစ်တယ် ဆိုတာကိုတော့ သတင်းစာမှာ တိတိကျကျ ဖေါ်ပြ မထားပါဘူး။ သူတို့ ၁၀ ယောက်လုံးကတော့ မောင်တောမြို့နယ် ဘော်လီဘဇာ (ကြိမ်ချောင်း) က ဖြစ်တယ်လို့ ပြောပါတယ်။
သူတို့ကို မတရားခိုးဝင်မူနဲ့ BGB ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ တပ်ကြပ်ကြီး အမ်းဒီ ကာဘေယာ ဟူစိန်က ချာက်ကီးရ ရဲစခန်းမှာ အမူဖွင့် တရားစွဲဆိုလိုက်တယ်လို့ ဘင်္ဂလာရဲက မီဒီယာတွေကို ထုတ်ဖေါ် ပြောဆိုပါတယ်။
နိရဉ္စရာ 
http://abbsoluteright.blogspot.com/2013/05/blog-post_6127.html
အိန္ဒိယ နိုင်ငံထဲကို ခိုးဝင်ရန် ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို နယ်စပ်တစ်နေရာမှာ ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဧပြီလ ၂၉ ရက် မနေ့ က ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။
နွေရာသီ ကာလ ရေသန့် ရောင်းသူများ အလုပ်ဖြစ်နေ
ယခုလို ပူပြင်းလွန်းသော နွေရာသီတွင် အခြား ရာသီများထက် သောက်ရေသည် ပို၍ လိုအပ်ပါသည်။ ချွေးထွက် များခြင်းကြောင့် လည်းကောင်း၊ ငါးခြောက် ကဲ့သို့သော ငန်သော အစား အစာ များကို စားသောက်ခြင်းကြောင့် ခဏခဏ ရေကို သောက်သုံး ကြရပါသည်။
'၀'သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ်များ ပေးပို့ခဲ့ဟု သတင်းထွက်ပေါ်ခဲ့ပြီး မဟုတ်မှန်ကြောင်း '၀' ဘက်မှ ငြင်းဆို
5.1.2'၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (USWA) သို့ စစ်ရဟတ်ယာဉ် ငါးစင်းပေးပို့ခဲ့ကြောင်း Janes Intelligence ၀က်ဘ်ဆိုက်တွင် ဧပြီ ၂၉ ရက်က သတင်းဖော်ပြခဲ့ပြီး အဆိုပါ သတင်းမှာ မှန်ကန်မှု မရှိကြောင်း '၀' ဘက်က ငြင်းဆိုခဲ့သည်။
စစ်တွေ၌ လူဦးရေစစ်ဆေးခြင်းကို လက်မခံဘဲ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ နောက်ကွယ်မှ ကြိုးကိုင်သည်ဟု ယူဆရသူ အချို့အား ဖမ်းဆီး
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူဦးရေအား စစ်ဆေးခြင်းအပေါ် လက်မခံဘဲ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သဖြင့် နောက်ကွယ်မှ ကြိုးကိုင်သည်ဟု ယူဆရသူများအနက် အချို့အား ဖမ်းဆီးအမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
နျူကလီးယား အစီအစဉ် စွန့်လွှတ်ရန် မြောက်ကိုရီးယား ငြင်းဆို ရုရှားနှင့် ဂျပန်တို့က ပြစ်တင်ဝေဖန်
နျူကလီးယား အစီအစဉ် စွန့်လွှတ်ရန် မြောက်ကိုရီးယား ငြင်းဆို ရုရှားနှင့် ဂျပန်တို့က ပြစ်တင်ဝေဖန်
မြောက်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ရန် ငြင်းဆန် ခဲ့သည့် အတွက် ၄င်းနိုင်ငံအား ရုရှားနှင့် ဂျပန် နှစ်နိုင်ငံတို့က ဧပြီ ၂၉ ရက်တွင် ပြစ်တင်ဝေဖန် ခဲ့ကြောင်း အဆိုပါ နှစ်နိုင်ငံက ပူးတွဲ ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထား သည်။
နျူကလီးယား လက်နက်များ နှင့် တိုက်ချင်းပစ် ဒုံးကျည် ထုတ်လုပ်မည့် အစီအစဉ်များကို ရပ်တန့်ရန် မြောက်ကိုရီးယား နိုင်ငံ၏ ငြင်းဆိုမှုများသည် နိုင်ငံတကာ အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို ဆန့်ကျင်နေခြင်း ဖြစ်ကြောင်း ၄င်းအစီရင် ခံစာတွင် ဆက်လက် ဖော်ပြ ထားသည်။
ထို့ပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားသော ဆုံးဖြတ်ချက်နှင့် ၂ဝဝ၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သော စတုတ္ထ အကြိမ်မြောက် ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် ချမှတ်ခဲ့သော UNSC ဆုံးဖြတ်ချက်များကို  မြောက်ကိုရီးယား နိုင်ငံအနေဖြင့် တင်းတင်း ကျပ်ကျပ် လိုက်နာ ဆောင်ရွက်ရန် ရုရှားနှင့် ဂျပန်နှစ်နိုင်ငံ ခေါင်းဆောင်များက   တောင်းဆိုခဲ့ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ နှစ်ဦး တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးနောက် ချမှတ်ခဲ့သော ကြေညာချက်များ အရ သိရသည်။
http://www.myawady.com.mm/allnews/global/item/12552-2013-05-01-09-41-14
မြောက်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ရန် ငြင်းဆန် ခဲ့သည့် အတွက် ၄င်းနိုင်ငံအား ရုရှားနှင့် ဂျပန် နှစ်နိုင်ငံတို့က ဧပြီ ၂၉ ရက်တွင် ပြစ်တင်ဝေဖန်ခဲ့ကြောင်း အဆိုပါ နှစ်နိုင်ငံက ပူးတွဲထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထား သည်။
ပြင်းထန်တဲ့စိတ်ဓာတ်စွဲတွေ နိုင်ငံဖွံ့ဖြိုးမှုမှာ အသုံးပြုဖို့ သမ္မတပန်ကြား
ပြင်းထန်တဲ့စိတ်ဓာတ်စွဲတွေ နိုင်ငံဖွံ့ဖြိုးမှုမှာ အသုံးပြုဖို့ သမ္မတပန်ကြား
Wednesday, May 01 ,2013 
မနေ့တုန်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆုချီးမြှင့်ပွဲမှာ နိုင်ငံတော်ရဲ့ နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့သူတွေကို ဆု အမျိုးအစားပေါင်း ၁၄ မျိုးကို ချီးမြှင့်ပေးခဲ့ပါတယ်။ ဒါဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲကို ပဋိပက္ခတွေမှာ မသုံးဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အသုံးပြုကြဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က အဲ့ဒီနေ့က အခမ်းအနားမှာ မိန့်ခွန်းထဲမှာ တိုက်တွန်းပြောကြားသွားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ဆက်ပေးမှာဖြစ်ပါတယ်။
မနေ့တုန်းက နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆု ချီးမြှင့်ပွဲမှာတော့ ဆုအမျိုးပေါင်း ၁၄ မျိုးနဲ့ လူပုဂ္ဂိုလ် ၄၂ ဦးကို နိုင်ငံစွမ်းဆောင် ရည်ဆုတွေဆိုပြီး ချီးမြှင့်သွားခဲ့တာပါ။
စိုက်ပျိုးရေး၊ မွေးမြူရေး၊ အားကစား စတဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်သူတွေ တိုင်းပြည်အတွက် ထူးထူးခြားခြား ဆောင်ရွက်ခဲ့သူတွေကို ရွေးချယ်ပေးအပ်ခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ယှဉ်ရင် အဘက်ဘက်က နောက်ကျ
နေပေမဲ့ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ အချိန်မနှောင်းသေးဘူးလို့ သမ္မတဦးသိန်းစိန်က ဆုချီးမြှင့်ပွဲမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ နိုင်ငံဟာ အဘက်ဘက်မှာ အများကြီး နောက်ကျကျန်နေပါတယ်။ သို့သော်လည်းပဲ အချိန်မနှောင်းသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံ တည်ငြိမ်အေးချမ်းဖို့၊ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ ကျနော်တို့ကိုယ်တိုင် စည်းစည်းလုံးလုံး ကြိုးစားပြီးတော့ လုပ်ကြရမှာဖြစ်ပါတယ်။ ဒါမှလည်း တခြားနိုင်ငံတွေလို ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲတွေကို ပဋိပက္ခဖြစ်မယ့်နေရာတွေမှာ မသုံးဘဲ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချမယ်ဆိုရင် ကျနော်တို့ အများကြီး တိုးတက်မှာဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေကို အမြန် ဆောင်ရွက်ကြဖို့နဲ့ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။”
အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်အဖြစ် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးချစ်ခင်ကတော့ အခုလို ဆုရရှိလို့ ၀မ်းမြောက်မိတယ် လို့ ပြောပါတယ်။
“နိုင်ငံတော်က ချီးမြှင့်တဲ့ဆုကို ရရှိတော့ အင်မတန်မှ ၀မ်းသာပါတယ်။ သမ္မတကြီး ချီးမြှင့်တဲ့ဆုကို ရရှိတာ။ ဒါပေမဲ့ ကျနော်တို့မှာ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် နောက်ထပ် ထပ်ပြီးတော့ အများကြီး ကြိုးစားဖို့ရှိပါတယ်။”
နိုင်ငံကို အခွန်ဘဏ္ဍာ အများဆုံး ထမ်းဆောင်ခဲ့သူအဖြစ် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ကတော့ သူ့အနေနဲ့ နိုင်ငံတကာ စီးပွားရေး ဈေးကွက်မှာ ၀င်ရာက်လုပ်ကိုင်နိုင်ဖို့အပြင် မြန်မာလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်သစ် ဖန်တီးရေးတို့အတွက်လည်း ကြိုးပမ်းသွားမယ်လို့ ပြောသွားပါတယ်။
“မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်တဲ့အတွက် ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ရှိပြီးတော့ ဘဏ္ဍာအခွန်ငွေတွေကိုလည်း ကျနော်တို့ ဆောင်မယ်။ နောက်ပြီးရင်လည်း နိုင်ငံတကာ စီးပွားရေးဈေးကွက်မှာ ၀င်ပြီးတော့ လုပ်ကိုင်နိုင်ဖို့၊ ကိုယ့်လူတွေအတွက် အလုပ်အကိုင် အခွင့်အလန်း ဖန်တီးဖို့အတွက်ရယ် အဲ့ဒါတွေအတွက်လည်း ကျနော်တို့ ကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေမှာ လိုအပ်ချက်တွေ နေရာတိုင်းကို တတ်နိုင်သမျှ ကျနော် ဖြည့်ဆည်းပေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ့်လူမျိုးအတွက်၊ အမျိုးဘာသာ သာသနာအတွက် တတ်နိုင်တဲ့သမျှ အသက်ရှင်သေးသ၍ ကြိုးစားဆောင်ရွက်သွားမှာပါ။”
အရင်တုန်းကတော့ ဒီလိုဆုမျိုးတွေကို လွတ်လပ်ရေးနေ့မှာ လူမှုထူးချွန်ဆု၊ စီးပွားရေး ထူးချွန်ဆုလိုမျိုး ပေးအပ်လေ့ရှိပေမဲ့၊ ဒီတခေါက်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့
နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်တာကတော့ ပထမဆုံးအကြိမ်လို့ ပြောရမှာပါ။
 VOA သတင်းဌာန
နောက်ဆုံးရ ပြည်တွင်း၊ပြည်ပ သတင်းတွေကို အချိန်နှင့် တပြေးညီ သိချင်ရင် myanmar online news ( https://www.facebook.com/myanmaronlinemedianews ) ကို Like လုပ်ထားပါ။
မနေ့တုန်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆုချီးမြှင့် ပွဲမှာ နိုင်ငံတော်ရဲ့ နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့သူတွေကို ဆု အမျိုးအစားပေါင်း ၁၄ မျိုးကို
ဘင်္ဂလားဒေ့ရှ် ပြိုကျအဆောက်အဦးပိုင်ရှင် ပစ္စည်းအားလုံး တရားရုံးချိတ်ပိတ်
ဘင်္ဂလားဒေ့ရှ် ပြိုကျအဆောက်အဦးပိုင်ရှင် ပစ္စည်းအားလုံး တရားရုံးချိတ်ပိတ်
ဗွီအိုအေ (မြန်မာပိုင်း)  30.04.2013
ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ လူပေါင်း ၃၈၀ ကျော် သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Dhaka မြို့ပြင် အဆောက်အဦး ပြိုကျရာမှာ၊ တရားမ၀င် အဆောက်အဦး ဆောက်ခဲ့တဲ့ ပိုင်ရှင်ဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို အစိုးရက သိမ်းဖို့ ဘင်္ဂလားဒေ့ရှ် တရားရုံးတရုံးက စီရင် ဆုံးဖြတ်လိုက်ပါတယ်။
အဆောက်အဦး ပိုင်ရှင်ဖြစ်သူ ဆိုဟဲလ် ရာနာ (Sohel Rana) ဟာ အဲ့ဒီ Rana အဆောက်အဦးထဲမှာရှိတဲ့ အထည်ချုပ်စက်ရုံကိုလည်း ပိုင်ဆိုင်သူ ဖြစ်ပါတယ်။ သူ့ပိုင်ဆိုင်မှု ပစ္စည်းအားလုံးကို ထိန်းချုပ်ဖို့ တရားရုံးကနေ မနေ့တုန်းက ဆုံးဖြတ်ချက် ချခဲ့တာပါ။
အဆောက်အဦး ပြိုမကျခင်မှာ စစ်ဆေးရေးမှူးတွေက အဲ့ဒီမှာ အက်ကွဲကြောင်းတွေ တွေ့တာကြောင့်၊ အဆောက်အဦးမှာ လူမနေဖို့ သတိပေးခဲ့ပေမဲ့၊ သူဟာ အဲ့ဒီ သတိပေးချက်ကို မလိုက်နာခဲ့ဘူးလို့ ရဲက ပြောပါတယ်။ ရဲဟာ အခု အဆောက်အဦး အင်ဂျင်နီယာတွေ အပါအ၀င် လူ ၈ ဦးကို အဲ့ဒီကိစ္စနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဆက်လုပ်နေပါတယ်။ ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ ပြိုကျတဲ့နေရာက အပျက်အစီးတွေကို ရှင်းလင်းဖို့ စက်ပစ္စည်းတွေကို အသုံးပြု ဆောင်ရွက်နေပါတယ်။
အဆောက်အဦး အပြိုအပျက်ထဲ ပိတ်ကျန်ခဲ့တဲ့ ရာနဲ့ချီသူတွေ ရှိခဲ့တာမို့ အသေအပျောက်စာရင်း တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ ပြိုကျတဲ့အချိန်မှာ အဆောက်အဦးထဲမှာ လူ ၃ ထောင်ကျော် ရှိနေတာပါ။
ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ လူပေါင်း ၃၈၀ ကျော် သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Dhaka မြို့ပြင် အဆောက်အဦး ပြိုကျရာမှာ၊ တရားမ၀င် အဆောက်အဦး ဆောက်ခဲ့တဲ့ ပိုင်ရှင်ဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို အစိုးရက သိမ်းဖို့ ဘင်္ဂလားဒေ့ရှ် တရားရုံးတရုံးက စီရင် ဆုံးဖြတ်လိုက်ပါတယ်။
ဥက္ကံမြို့တွင် မွတ်စလင် အမျိုးသမီးတစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ဝင်တိုက်မိရာမှ ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ကိုးဦး ဒဏ်ရာရရှိ၊ အခြေအနေမှာ တင်းမာဆဲဖြစ်
ဥက္ကံမြို့တွင် မွတ်စလင် အမျိုးသမီးတစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ဝင်တိုက်မိရာမှ ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ကိုးဦး ဒဏ်ရာရရှိ၊ အခြေအနေမှာ တင်းမာဆဲဖြစ်
 Wednesday,  May 01 ,2013 
ဧပြီ ၃၀ ရက် နံနက် ၉ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးတောင်ဘက် ဘုရားကြီးလမ်းအတွင်းမှ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးနှင့် မွတ်စလင် အမျိုးသမီးတစ်ဦး မတော်တဆ တိုက်မိပြီး သပိတ်ပြုတ်ကျရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့်ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဗလီတစ်လုံး အနည်းငယ်ပျက်စီးကာ ဆိုင်ခန်း ၂၅ ခန်းရှိ ပစ္စည်းများ လမ်းမပေါ်သို့ ဆွဲချခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၉ နာရီအချိန်တွင် ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်သည့် ကိုရင် အရှင်ပုည (၁၁ နှစ်) ဘ-ဦးမျိုးသည် ဆွမ်းခံကြွလာစဉ် ဈေးဝယ်လာသူ မ၀င်းဝင်းစိန် (၃၄နှစ်) နှင့် ၀င်ရောက်တိုက်မိပြီး သပိတ်လွတ်ကျကာ အဖုံး ကျကွဲသွားသည်။ ယင်းအတွက် အချင်းများကြရာမှ အလံတိုင်ကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင် ဦးလှိုင်တင် (၆၂နှစ်) သည် တိုက်ကြီးရဲစခန်းသို့ ရောက်ရှိလာပြီး မ၀င်းဝင်းစိန်ကို အရေးယူပေးရန် တိုင်ကြား၍ ဥက္ကံရဲစခန်းမှ (ပ)၁၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
အဆိုပါ ဖြစ်စဉ်အပေါ် မကျေနပ်သည့် ဗုဒ္ဓဘာသာဝင် ၂၀၀ ဦးခန့်မှ မွန်းလွဲ ၁ နာရီ ခွဲခန့်တွင် ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာကာ လူ ၁၀ ဦးခန့်မှ အုတ်နီခဲများဖြင့် ပစ်ပေါက် ထွက်ပြေးသွားကြသည်။ ထို့အတွက် ဗလီရှေ့ရှိ ၃×၃ ပေခွဲခန့်ရှိ မှန် ၆ ချပ် ကွဲသွားပြီး လျှပ်စစ်မီတာပုံး နှစ်ပုံးကျိုးပဲ့ ပျက်စီးသွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းနောက် မွန်းလွဲ ၂ နာရီခွဲခန့်က ဈေးအနီးဆိုင်ခန်း ၂၅ ခန်းအတွင်းရှိ ပစ္စည်းများကို လူ ၂၅ ဦးခန့်မှ လမ်းမပေါ်သို့ ဆွဲချခဲ့ကြသည်။ ထို့ကြောင့် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် အခြေအနေကို ထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးအဖွဲ့မှ သေနတ်လေးချက် ခြောက်လှန့် ပစ်ဖောက်ခဲ့ရကြောင်း သိရသည်။
မြို့ပေါ် ဒေသခံအချို့နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံအချို့က ဥက္ကံမြို့ပေါ်ရှိ ဗလီအချို့၊ ဆိုင်ခန်းများနှင့် နေအိမ်များအား အုပ်စုဖွဲ့ ၀င်ရောက်ဖျက်ဆီးခဲ့ကြောင်း ဥက္ကံ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်က ပြောကြားခဲ့သည်။
မွန်းလွဲ ၃ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ရောက်ရှိလာပြီး နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ ၃ နာရီ ၁၀ မိနစ်အချိန်တွင် အခြေအနေအားလုံး ထိန်းသိမ်းနိုင်ခဲ့ကြောင်း ရဲဇာနည် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ယင်းနောက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် ဥက္ကံမြို့ပြင်၊ မင်းရဲကျော်စွာရပ်ကွက် လယ်ကွင်းထဲရှိ ကောက်ရိုးပုံအနီးတွင် ဒဏ်ရာရရှိသူနှစ်ဦးကို တွေ့ရှိရသဖြင့် ဆေးကုသနိုင်ရေး တိုင်းဒေသကြီး ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဥက္ကံမြို့နယ်အတွင်းရှိ ကျွဲပုန်းကြီး၊ ကျွဲပုန်းလေး၊ ပနီပင်ကျေးရွာတို့တွင် မီးလောင်ကျွမ်းမှုများရှိခဲ့ပြီး ည ၇ နာရီထိ မီးငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း၊ အဆိုပါဒေသသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က သတင်းပေးပို့သည်။
ည ၇ နာရီ အချိန်ထိ မီးလောင်မှုအား ထိန်းသိမ်းနိုင်ခြင်း မရှိသေးကြောင်းနှင့် ယင်းပဋိပက္ခဖြစ်စဉ်အတွင်း မွတ်စလင်နေ အိမ်အချို့အတွင်းမှ လှောင်ထားသော ဓာတ်ဆီများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးနိုင်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဒေသ(၂) ရဲကွပ်ကဲမှု ဌာနစုမှူး ရဲမှူးကြီးဇော်ထွန်းအောင်က ''ပြဿနာက ဘာမှမဖြစ်တာ အကောင်းဆုံးပေါ့။ ဖြစ်ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ဥပဒေဘောင်ထဲကပဲ သည်းခံပြီး ဖြေရှင်းသင့်တယ်'' ဟုပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပဋိပက္ခဖြစ်ပွားမှုနှင့် အုပ်စုဖွဲ့ ဖျက်ဆီးမှုအား ကျူးလွန်ခဲ့သည်ဟု ယူဆရသည့်သူများကို လိုက်လံဖမ်းဆီး ထိန်းသိမ်းလျက်ရှိကြောင်း ဥက္ကံမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။
ဥက္ကံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ ကိုးဦးရှိပြီး ဒဏ်ရာပြင်းထန်သူ သုံးဦးအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းနှင့် ကျန် ဒဏ်ရာရရှိသူ ခြောက်ဦးကို ဥက္ကံတိုက်နယ် ဆေးရုံတွင် ကုသပေးလျက်ရှိကြောင်း သိရသည်။ '' ၆ နာရီ ၄၅ မိနစ်လောက်မှာ ဥက္ကံမြို့ပေါ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ကျေးရွာတွေဘက်ကိုတော့ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေပါတယ်''ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရ၀င်းနိုင်က Eleven Media Group သို့ ပြောကြားခဲ့သည်။
ထို့ပြင် ဥက္ကံမြို့တွင် ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ထုတ်ပြန်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဥကံ္ကဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း၊ ၎င်းတို့အနက် ရှစ်ဦးမှာ စိုးရိမ်ဖွယ် အခြေအနေမရှိကြောင်း၊ ကျန်နှစ်ဦး၏ ဒဏ်ရာရရှိမှု အခြေနေကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ဥက္ကံမြို့၏ ပဋိပက္ခအခြေအနေမှာ တည်ငြိမ်မှု ရရှိသွားပြီဖြစ်ကြောင်း ည ၈ နာရီတွင် ထုတ်လွှင့်သည့် နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားသတင်းအရ သိရသည်။
''ကျွန်တော်က ဥက္ကံမြို့မှာ နေလာတာ မွေးကတည်းကပါ။ ဖြစ်စဉ်ဖြစ်ပွားတုန်းက ၀င်ရောက်ဖျက်ဆီးသူတွေထဲမှာ ကျွန်တော်မသိတဲ့လူတွေ အများကြီးတွေ့ရတယ်။ ကျွန်တော့်အထင်ကတော့ မြို့ခံအချို့နဲ့ ကျေးရွာတွေက ဒေသခံအများစုလို့ ထင်ပါတယ်''ဟု ဥက္ကံဈေးရှေ့တွင် ကုန်စိမ်းရောင်းချသူ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတိုင်း တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က    ''အခုချိန်ထိတော့ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေရတုန်းပါပဲ။ လက်ရှိအချိန်မှာ မြို့ပေါ်ကျေးရွာတွေအားလုံး တည်ငြိမ်နေပါသေးတယ်''ဟု ဧပြီ ၃၀ ရက် ည ၁၁ နာရီတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။
ဥက္ကံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်က ''ကျွန်တော်တို့အနေနဲ့ မြို့နယ်တစ်ခုလုံးမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၄၀၀ ကျော်နဲ့ ဆောင်ရွက်နေတယ်။ ည ၁၀ နာရီအချိန်က စပြီး အုပ်စုလိုက်ဖွဲ့ပြီး ဖျက်ဆီးတဲ့သူတွေနဲ့ နောက်ကွယ်က လူတွေကို စတင်ဖမ်းဆီးမှုတွေ ပြုလုပ်နေပါပြီ''ဟု ဧပြီ ၃၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်က Eleven Media Group သို့ ပြောသည်။
Eleven Media Group
ပဋိပက္ခဖြစ်စဉ်ကြောင့် ဥက္ကံမြို့တွင်းရှိ အပျက်အစီးများကို ဧပြီ  ၃၀  ရက်  ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ဧပြီ ၃၀ ရက် နံနက် ၉ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးတောင်ဘက် ဘုရားကြီး လမ်း အတွင်းမှ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးနှင့် မွတ်စလင် အမျိုးသမီးတစ်ဦး မတော်တဆ တိုက်မိပြီး သပိတ်ပြုတ် ကျရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့်ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဗလီတစ်လုံး အနည်း ငယ်ပျက်စီးကာ ဆိုင်ခန်း ၂၅ ခန်းရှိ ပစ္စည်းများ လမ်းမပေါ်သို့ ဆွဲချခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။