Monday, November 4, 2013

မဖျားနာခင် ကြိုတင်ကာကွယ်နည်းများ

မဖျားနာခင် ကြိုတင်ကာကွယ်နည်းများ
Monday, November 4, 2013

(၁) ဆားရည်ပလုတ်ကျင်းပါ
– လည်ပင်းနာချင်သလိုလို၊ လည်ချောင်းခြောက်ကပ်ကပ်ဖြစ်သလိုလို ကြုံလာသည်နှင့် ဆားရည်ပလုတ်ကျင်းပါ။ ဆားရည်က လည်ချောင်းအတွင်းရှိ အကျိတ်ကလေးများတွင် ခိုအောင်းနေသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များကို ဖယ်ရှားရှင်းလင်းပေးပြီး ပိုးပမာဏကို ဖျားနာစေ သည်အထိမဖြစ်အောင်လျှော့ချပေးသည်။

(၂) အသက်ရှူလမ်းကြောင်းကို ရှင်းလင်းထားပါ

– နှာစေးနှာပိတ်ဖြစ်လာသည်နှင့် ရေနွေးနှင့် ရေချိုးပြီး နှာခေါင်းရှင်းအောင် ဂရုစိုက်ပါ။ နှာစေးသက်သာစေရန် ဆေးဝယ်သောက်ပါ။ ခေါင်းကိုက်ခြင်း အစ ပျိုးလာပါကပါရာစီတမောကဲ့သို့ ဆေးများကြိုသောက် ထားပြီး နိုးကြားနေစေရန် ဂရုပြုပါ။

(၃) ချောင်းဆိုးပျောက်ဆေး မ၀ယ်ပါနှင့်

-ချောင်းဆိုးလာ မှာစိုး၍ ချောင်းဆိုးပျောက်ဆေး မ၀ယ်ထားပါနှင့်။ ချောင်းဆိုး ချင်သလိုလို ဖြစ်လာပါက ပျားရည်တစ်ဇွန်းမှ နှစ်ဇွန်းခန့် ရေနွေး ထဲရောသောက်ပါ။

(၄) ရေဓာတ်ဖြည့်တင်းပါ –

အအေးမိဖျားနာအစပျိုးလာသည်နှင့် ရေဓာတ်ခမ်းခြောက်ပြီး အာခေါင် ခြောက်လာသည်။ နှာရည်တရွှဲရွှဲကျ လာမည်ဆိုလျှင် ရေဓာတ်ပိုဆုံးရှုံးသည်။ ရေ၊ ဖျော်ရည်၊ ရေနွေး၊ လက်ဖက်ရည်ဖြစ်စေ တစ်ခုခုကို အမြဲမပြတ်သောက်နေပြီး ရေဓာတ် မဆုံးရှုံးစေရန် သတိပြုပါ။

(၅) အလုပ်နားပါ –

အဖျားစ၀င်ဝင်ချင်းမှသည်နောက် ခြောက်နာရီအတွင်း ရောဂါပိုးများနှင့် ခုခံအားတို့ အပြန်အလှန် တိုက်ခိုက်ကြသည်ဖြစ်ရာ အလုပ်နားလိုက်ခြင်းသည် ခုခံအားစနစ်ကို ပိုမိုအထောက်အပံ့ ဖြစ်စေသည်။ မလွဲမရှောင်သာ အလုပ်သွားရမည်ဆိုပါက အယ်ကိုဟော ပါဝင်သော လက်သန့်ဆေးရည် ယူဆောင်သွားပြီး မကြာခဏလက်သန့် စင်ပေးခြင်းဖြင့် လုပ်ငန်းခွင်နှင့် လုပ်ဖော်ကိုင်ဘက်များထံ ရောဂါပိုးမကူးစက်စေရန် ကာကွယ်ပါ။

လူဗိုလ်ဟူသည်မှ
Health Updates Journal No. 89
(၁) ဆားရည်ပလုတ်ကျင်းပါ
– လည်ပင်းနာချင်သလိုလို၊ လည်ချောင်းခြောက်ကပ်ကပ်ဖြစ်သလိုလို ကြုံလာသည်နှင့် ဆားရည်ပလုတ် ကျင်းပါ။ ဆားရည်က လည်ချောင်းအတွင်းရှိ အကျိတ်ကလေးများတွင် ခိုအောင်းနေသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များကို ဖယ်ရှားရှင်းလင်းပေးပြီး ပိုးပမာဏကို ဖျားနာစေ သည်အထိ မဖြစ်အောင်လျှော့ချပေးသည်

တူတန်ခမန်သည် အသတ်ခံရခြင်းမဟုတ် လှည်းဘီးကြိတ်၍ သေရဟု နောက်ဆုံးတွေ့ရှိ

Photo: တူတန်ခမန်သည် အသတ်ခံရခြင်းမဟုတ် လှည်းဘီးကြိတ်၍ သေရဟု နောက်ဆုံးတွေ့ရှိ
Monday, November 4, 2013

အင်္ဂလိပ်ရှေးဟောင်းသုတေ သနပညာရှင် ဒေါက်တာဟောင်း ဝက်ကာတာ ရှာဖွေတွေ့ရှိခဲ့သော အီဂျစ်ရှေးဟောင်းဘုရင် တူတန် ခမန်၏ ဆေးစီရင်ထားသော ရုပ်အလောင်းသည် မြင်းရထား အကြိတ်ခံရကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သတင်းထပ်မံ၍ထွက် ပေါ်လာခဲ့သည်။ဘီစီ၁၃၂၃တွင် သေဆုံးသွား ခဲ့သော ရှေးဟောင်းအီဂျစ်ဘုရင် တူတန် ခမန်၏ ဆေးစိမ်ရုပ်အလောင်း ကို လွန်ခဲ့သောနှစ်၉ဝအကြာက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ဒေါက်တာချာရစ်စ်နော့တန်က ဒေါက်တာကာတာ၏ မှတ်တမ်း များကိုဖတ်ရှုခဲ့ပြီးနောက် ဘုရင် တူတန်ခမန်သည် အရှိန်ပြင်းစွာ မောင်းနှင်လာသော မြင်းရထား ဘီးတက်ကြိတ်ခံရပြီး သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု အဆိုပြုလိုက် သည်။

ဒေါက်တာနော့တန်က ဘု ရင်တူတန်ခမန်၏ ကိုယ်ထည်ပိုင်း သည် အရှိန်မြင့်မောင်းနှင်လာ သော မြင်းရထားဘီး ကြိတ်ခံရ ကာ ပြင်းထန်စွာသေဆုံးခဲ့ပြီး သွေးထွက်လွန်ကာ ကိုယ်ခန္ဓာအ တွင်း သွေးအနည်းငယ်သာကျန် ရှိခြင်းကြောင့် ရုပ်အလောင်းအား ဆေးစီရင်သူများကိုပါ အခက်အ ခဲဖြစ်စေခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။ ၁၉၆၈ခုနှစ်တွင် လီဗာပူးလ် တက္ကသိုလ်မှ ဘုရင်တူတန်ခမန် ၏ ဦးခေါင်းခွံအား ဌ-မပျေရိုက် ခဲ့ရာမှ သတ်ဖြတ်ခံကာ သေဆုံး ခဲ့ခြင်းဖြစ်သည်ဟူသော သီအိုရီ သည် နှစ်လေးဆယ်ကျော်ကြာ မြင့်ခဲ့သည်။

သို့သော် ယခုအခါ တွင် ဘုရင်တူတန်ခမန်၏ ဦး ခေါင်းခွံဒဏ်ရာသည် သေဆုံးခဲ့ ပြီးနောက်မှ ရရှိခဲ့သောဒဏ်ရာ ဖြစ်သည်ဟု ယုံကြည်ကြသည်။
ဘုရင်တူတန်ခမန်၏ဆေး စိမ်ထားသောရုပ်ကြွင်းတွင် ဘယ် ဘက်ခြမ်း ဦးခေါင်းခွံမှာ ကွဲအက် နေသကဲ့သို့ ရင်ညွန့်ရိုးနှင့်နှလုံး တို့မှာလည်း ပုံမှန်ထက်လျော့နည်း နေသည်ဟု သိရသည်။

Yangon Media Group
အင်္ဂလိပ်ရှေးဟောင်းသုတေ သနပညာရှင် ဒေါက်တာဟောင်း ဝက်ကာတာ ရှာဖွေတွေ့ရှိခဲ့သော အီဂျစ် ရှေးဟောင်းဘုရင် တူတန် ခမန်၏ ဆေးစီရင်ထားသော ရုပ်အလောင်းသည် မြင်းရထား အကြိတ်ခံရကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သတင်းထပ်မံ၍ထွက် ပေါ်လာ ခဲ့သည်။ဘီစီ၁၃၂၃ တွင် သေဆုံးသွား ခဲ့သော ရှေးဟောင်းအီဂျစ်ဘုရင် တူတန် ခမန်၏ ဆေးစိမ်ရုပ်အလောင်း ကို လွန်ခဲ့သောနှစ်၉ဝအကြာက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ဒေါက်တာချာရစ်စ်နော့တန် က ဒေါက်တာကာတာ၏ မှတ်တမ်း များကို ဖတ်ရှုခဲ့ပြီးနောက် ဘုရင် တူတန်ခမန်သည် အရှိန်ပြင်းစွာ မောင်းနှင် လာသော မြင်းရထား ဘီးတက် ကြိတ်ခံရပြီး သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု အဆိုပြု လိုက် သည်။

အရပ်သားတစ်ဦးကို အမည်မသိ လက်နက်ကိုင်နှစ်ဦး သေနတ်ဒင်ဖြင့် ဝင်ရိုက်

မွန်ပြည်နယ် မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် မဟာမြိုင် (၉) လမ်းထိပ်တွင် အမည်မသိ လက်နက်ကိုင်နှစ်ဦးက ယင်းရပ်ကွက်နေ ဦးသင်းကိုကိုကို နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် သေနတ်ဒင်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဦးသင်းကိုကို၏ ဇနီးဖြစ်သူ ဒေါ်ဇာခြည် က ပြောကြားသည်။

အကောက်ခွန် ညွှန်မှူး ဗိုလ်ကြီးအမည်ခံကာ နှစ်နှစ်ကြာလိမ်လည်နေသူကို ဖမ်းမိပြီ

အကောက် ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးအမည်ခံကာ ငွေကျပ် သိန်းသုံးရာ လိမ်သူကို နိုဝင်ဘာ ၁ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

ရှင်းပြဖို့ လိုသလား

တော်တော်များများကြုံဖူးကြမှာပါ... တစ်ခုခုမှားယွင်းသွားတာမျိုး တစ်ယောက်ယောက်က တစ်မျိုးထင် သွားမှာ စိုးတာမျိုး ဖြစ်တဲ့အခြေအနေတစ်ခုခုပေါ့... အဲ့ဒီအချိန်ကြရင် အမှန်ကိုမရှင်းပြမရမချင်း စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားရခက်ပါတယ်... ကိုယ်ပြောလိုက်တဲ့ ဆိုလိုရင်းကိုသူသဘောမှပေါက်ရဲ့လား... ကိုယ့်ကိုဘယ် လိုထင်သွားမလဲ... တကယ့်အဖြစ်မှန်ကို သူသိပါ့မလား... မှားသွားရတဲ့ အကြောင်းရင်းကို သိပါ့မလား... စသဖြင့် စိတ်ထဲအမျိုးမျိုးတွေးနေမိပါတယ်... ကိုယ့်အခြေအနေမှန်ကို သဘောပေါက် သွားအောင် ရှင်းပြ လိုက်ချင်တယ်... ရှင်းပြဖို့ အခွင့်မသာလေလေ စိတ်ထဲမှာ ပိုခံစားရလေလေပဲ... ဒီခံစားချက်မျိုးကို ဖြစ်ဖူး သူတွေ သတိရပါလိမ့်မယ်...

အပစ်အခတ် ရပ်စဲထားသော ဒေသများ၏ လူနေမှုဘဝ အစီရင်ခံစာ ထုတ်ပြန်

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများရှိ အပစ်အခတ် ရပ်စဲထားသော ကျေးရွာနှစ်ရာကျော် က ဒေသခံ များ၏ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ဆင်းရဲမွဲတေမှု အခြေအနေများ အကြောင်း ကွင်းဆင်း ပြုစုထားသော အစီရင်ခံစာ တစ်စောင်ကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ အခြေစိုက် နယ်စပ် အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC,The Border Consortium) က တရားဝင် ထုတ်ပြန်သည်။

ပညာရေးသုံးသပ်ချက်အစီရင်ခံစာ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါမည်ဆို

ပညာရေးသုံးသပ်ချက်အစီရင်ခံစာ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါမည်ဆို
Monday, November 4, 2013

ပြီးပြည့်စုံတဲ့ပညာရေးကဏ္ဍ လေ့လာသုံးသပ်ချက် (CESR) ရဲ့ တတိယအဆင့် အစီရင်ခံစာမှာ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီးပြုပြင်ပြောင်းလဲဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့လုပ်ငန်းစဉ် တွေ ပါဝင်မယ်လို့ သိရတယ်။

CESR (Comprehensive Education Sector Review) ရဲ့ ပထမအဆင့် အစီရင်ခံစာကို မြန်မာနိုင်ငံ မှာရှိတဲ့ ပညာရေးအဖွဲ့အစည်းတွေအားလုံးကို ဖြန့်ဝေပြီးဖြစ်ပြီး နောက်နှစ်စပိုင်းမှာ ဒုတိယအဆင့် အစီရင်ခံစာထွက်ရှိမယ်လို့ ဗြိတိသျှကောင်စီရဲ့ ပညာရေးဒါရိုက်တာ Susana Galvan ကစကားပြန်မှ တစ်ဆင့်ပြောပါတယ်။ တတိယအစီရင်ခံစာကိုတော့ ရှေ့ကထုတ်ခဲ့တဲ့အစီရင်ခံစာကိုတော့ ရှေ့က ထုတ်ခဲ့တဲ့ အစီရင်ခံစာနှစ်ခုအပေါ် အခြေခံပြီးထောက်ခံချက်တွေပေးကာ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါရှိပါမယ်လို့သိရတယ်။

CESR ကိုမြန်မာအစိုးရက အကောင်အထည်ဖော်နေပြီး ဗြိတိသျှကောင်စီကလည်း အဖွဲ့ဝင်တစ်ခုအ နေနဲ့ ကူညီပံ့ပိုးပြီး လက်တွဲဆောင်ရွက်နေတယ်လို့ ဗြိတိသျှကောင်စီမြန်မာရဲ့ ဒါရိုက်တာ Kevin Mackenzie ကစကားပြန်မှတစ်ဆင့် ပြောပါတယ်။ CESR ကိုအခြေခံပြီး ဆက်လက်ကာနိုင်ငံမှာ အဆင့်မြင့်ပညာရေးဥပဒေကို ပြဋ္ဌာန်းသွားမှာဖြစ်တယ်လို့ သိရတယ်။

ဗြိတိသျှကောင်စီမြန်မာရဲ့ ဒါရိုက်တာ Kevin Mackenzie က 'CESR ကိုအကောင်အထည်ဖော်တဲ့နေ ရာမှာ အလယ်အလတ်ပဲရှိပါသေးတယ်၊ သတင်းအချက်အလက်က မစုံလင်သေးပါဘူး။ ကျွန်တော်တို့ ကိုလဲ ဒီလုပ်ငန်းစဉ်မှာ ပံ့ပိုးဖို့ပဲဖိတ်ခေါ်တာပါ။ CESR ကရရှိတဲ့ အချက်တွေစုဆောင်းပြီး လွှတ်တော်မှာ ကော်မတီအမျိုးမျိုးကနေ ဒါတွေကိုဆွေးနွေးမှာပါ' လို့ပြောပါတယ်။

CESR နဲ့ပတ်သက်ပြီး ဆက်သွယ်ရေးပိုင်းမှာ တော်တော်လေး အားနည်းတာတွေ့ရတယ်လို့ ဗြိတိသျှ ကောင်စီရဲ့မြန်မာမှ ပညာရေးဒါရိုက်တာ Susan Galvan က ပြောပါတယ်။ CESR ကိုဆက်သွယ်ပညာ ပေးဖို့အတွက် အားလုံးကဆက်သွယ်ရေး အစီအစဉ်တစ်ခုရေးဆွဲနေပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးအနှံ့ ဆက်သွယ်ပညာပေးဖို့ စီစဉ်နေတယ်လို့ သိရတယ်။

လက်ရှိမှာ CESR နဲ့ပတ်သက်တဲ့ ဝက်ဘ်ဆိုက်တစ်ခုလုပ်နေပြီး မကြာခင် လေ့လာနိုင်မယ်လို့ သိရ တယ်။

မော်ဒန်သတင်းဂျာနယ်
ပြီးပြည့်စုံတဲ့ပညာရေးကဏ္ဍ လေ့လာသုံးသပ်ချက် (CESR) ရဲ့ တတိယအဆင့် အစီရင်ခံစာမှာ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီးပြုပြင်ပြောင်းလဲဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့ လုပ်ငန်းစဉ် တွေ ပါဝင်မယ်လို့ သိရတယ်။

လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့်မှုကြောင့် ၀န်ဆောင်စရိတ် တိုးလာသည့်အပေါ် ဈေးနှုန်းတက်ရ တော့မည်ဖြစ်ကြောင်း လုပ်ငန်းရှင် အချို့က လက်လီလုပ်ငန်းရှင်များသို့ အသိပေး

နိုဝင်ဘာလမှ စတင်ပြီး လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့် ကောက်ခံမည် ဖြစ်သောကြောင့် ၀န်ဆောင် စရိတ် တိုးလာသည့်အတွက် ကုန်စည်အချို့ ဈေးနှုန်းတက်၍ ရောင်းချ သွားတော့ မည်ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့မှ လက်လီရောင်းချနေသည့် လုပ်ငန်းရှင်များသို့ အသိပေး ထားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

NLD ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် သဘောထား ရယူမှုများ ခရိုင် ၁၂ နေရာနှင့် မြို့နယ်ခြောက်နေရာ ပြီးစီး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောထား ရယူမှုများမှာ နိုဝင်ဘာ ၃ ရက်အထိ ခရိုင် ၁၂ နေရာနှင့် မြို့နယ်ခြောက်မြို့နယ်တွင် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကချင်ဒေသခံ ထောင်ချီကြိုဆို

အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးရန် နိုဝင်ဘာ ၃ ရက်က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် များကို ထောင်ချီသည့် ကချင်ဒေသခံများက ကြိုဆိုခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှု များပြားနေသော်လည်း လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှု ကဏ္ဍတွင် အားနည်းနေ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တတိယအများဆုံး တိုင်ကြားနေသော်လည်း လက်ရှိကာလအထိ ရဲ တပ်ဖွဲ့ဝင်များအား လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှုများ အားနည်းနေ ဆဲဖြစ်ကြောင်း ကျောက် တံတားမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးဖြစ်သူ ဒုရဲမှူး မျိုးမြင့်ကြိုင်က ပြောကြားသည်။