Friday, December 12, 2014

လေဆာလက်နက် ပထမဆုံးအကြိမ် အမေရိကန် စမ်းသပ်ပစ်ခတ်

the-us-navy-successfully-tested-a-40-million-laser-weapon-in-the-persian-gulf
အမေရိကန်ရေတပ်ဟာ စမ်းသပ်လေ့လာနေဆဲ လေဆာလက်နက်ကို သင်္ဘောပေါ်က နေ ပထမဆုံးအကြိမ် စမ်းသပ် ပစ်ခတ်ပါတယ်။ပစ်မှတ်ကို ဖျက်ဆီးဖို့ ကျစ်လျစ်တဲ့ အနီအောက်ရောင်ခြည် စွမ်းအင် ရောင်စဉ်တန်း အသုံးချတဲ့လက်နက်ကို ပြီးခဲ့တဲ့လတွေက ပါရှန်းပင်လယ်ကွေ့မှာ ရှိတဲ့ ယူအက်စ်အက်စ်ပွန်စီ လေယာဉ် တင်စစ်သင်္ဘောပေါ်မှာ စမ်းသပ်နေခဲ့တာပါ။

ဒီစနစ်ဟာ အပြစ်အနာအဆာမရှိ စင်းလုံးချော အလုပ်လုပ်ခဲ့တယ်လို့ ရေ တပ်သုတေသန ရုံးက ဆိုပါတယ်။

၂၀၂၀ တွင် လက်နက်ကိုင်ပဋိပက္ခအားလုံး အဆုံးသတ်ရန် မြန်မာသမ္မတမျှော်မှန်း


ဒီပလိုမေစီမဂ္ဂဇင်းက သမ္မတ ဦးသိန်းစိန်ကို တွေ့ဆုံမေးမြန်းစဉ်
မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ကျရင် လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ပြီး ရေရှည် ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ဖြစ်ဖို့ မျှော်မှန်းထားတယ်လို့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါ တယ်။ တောင်ကိုရီးယားနိုင်ငံက သြဇာအရှိန်အ၀ါရှိတဲ့ ဒီပလိုမေစီ(Diplomacy) မဂ္ဂဇင်းက မြန်မာနိုင်ငံရဲ့ ၂၀၂၀ မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး ဘူဆန်မြို့မှာ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ သမ္မတက ဖြေကြားသွား တာပါ။

တောင်ကိုရီးယား တက္ကသိုလ်က ဦးသိန်းစိန်အား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်

Photo: တောင်ကိုရီးယား တက္ကသိုလ်က ဦးသိန်းစိန်အား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်
Friday, December 12, 2014

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးတွင် အောင်မြင်မှု များကြောင့် တောင်ကိုရီး ယား နိုင်ငံ၊ ဘူဂယောင်းအမျိုးသား တက္ကသိုလ်က သမ္မတဦးသိန်းစိန် အား နိုင်ငံရေးဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၁ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် (၂၅) ကြိမ်မြောက် အာဆီယံ- ကိုရီးယားထိပ်သီးအစည်းအဝေး သို့ တက်ရောက်နေသည့် သမ္မတ ဦးသိန်းစိန်အား အဆိုပါတက္က သိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ချီး မြှင့်ခဲ့ကြောင်း သမ္မတ၏ ပြောခွင့် ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။ ‘‘ပြုပြင်ပြောင်းလဲမှုများ အောင်မြင်မှုကြောင့် ပေးတာဖြစ်တယ်။ ဒီဂုဏ်ထူးဆောင်ဘွဲ့က လက်ရှိကိုရီးယား သမ္မတ (မစ္စ ပတ်ဂွန်ဟေး)ကိုလည်း ဒီတက္က သိုလ်က ပေးထားတယ်’’ဟု ၎င်း ကပြောသည်။

အာဆီယံ−ကိုရီးယားဆွေး နွေးဘက် (၂၅) နှစ်ပြည့်အထိမ်း အမှတ်အဖြစ် အာဆီယံ−ကိုရီးယား မဟာဗျူဟာမြောက်ထိပ်သီး အစည်းအဝေးကို တောင်ကိုရီး ယားနိုင်ငံ ဘူဆန်မြို့တွင် ဒီဇင်ဘာ၁၁ ရက်နှင့် ၁၂ ရက် နှစ်ရက်ကြာကျင်းပလျက် ရှိပြီး သမ္မတ ဦးသိန်းစိန်က အာဆီယံဥက္ကဋ္ဌ အဖြစ် တက်ရောက်နေခြင်းဖြစ် သည်။ ဘူဂယောင်း တက္ကသိုလ် သည် ပြည်တွင်း၊ပြည်ပနိုင်ငံရေး နယ်ပယ်အသီး သီးတွင် ပြုပြင် ပြောင်းလဲရေးဆောင်ရွက်သူများ အား အဆိုပါဂုဏ်ထူးဆောင် ဘွဲ့ချီးမြှင့်လေ့ရှိကြောင်း ယင်းတက္က သိုလ်၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော်၊ နိုင်ငံရေးအင်အားစု များ၏ တွေ့ ဆုံဆွေးနွေးရန် တောင်းဆိုမှုများ အား သမ္မတဦးသိန်းစိန်က လက်မခံသေးဘဲ စဉ်းစားနေချိန်၌ ယခု ဒေါက်တာဘွဲ့ကို ရရှိခဲ့ခြင်းဖြစ် သည်။ သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ ပတ်ဂွန်ဟေးတို့သည် နို ၀င်ဘာ ၁၁ ရက် နံနက်က သီး သန့်တွေ့ဆုံခဲ့ပြီး အစိုးရချင်းသာ မက ပြည်သူ၊ လွှတ်တော်၊ တပ်မ တော်တို့ အချင်းချင်းအပြန်အ လှန်ပူးပေါင်းရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ နိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရန် အသေးစားနှင့် ကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဆိပ်ကမ်းနှင့် ရေလမ်း ကြောင်းဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ် စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့အပြင် ကိုရီးယားကျွန်း ဆွယ်တည်ငြိမ်အေးချမ်းရေးနှင့် အဏုမြူလက်နက်မပြန့် ပွားရေး တို့တွင်လည်း အာဆီယံရပ်တည် ချက်အတိုင်း မြန်မာနိုင်ငံက ရပ်တည် နေကြောင်း သမ္မတ နှစ်ဦး တွေ့ဆုံမှုတွင် ဆွေးနွေးခဲ့သည် ဟု ဦးရဲထွဋ်ကပြော သည်

7Day Daily
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးတွင် အောင်မြင်မှု များကြောင့် တောင်ကိုရီး ယား နိုင်ငံ၊ ဘူဂယောင်းအမျိုးသား တက္ကသိုလ်က သမ္မတဦးသိန်းစိန် အား နိုင်ငံရေးဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၁ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် (၂၅) ကြိမ်မြောက် အာဆီယံ- ကိုရီးယားထိပ်သီးအစည်းအဝေး သို့ တက်ရောက်နေသည့် သမ္မတ ဦးသိန်းစိန်အား အဆိုပါတက္က သိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ချီး မြှင့်ခဲ့ကြောင်း သမ္မတ၏ ပြောခွင့် ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။ ‘‘ပြုပြင်ပြောင်းလဲမှုများ အောင်မြင်မှုကြောင့် ပေးတာဖြစ်တယ်။ ဒီဂုဏ်ထူးဆောင်ဘွဲ့က လက်ရှိကိုရီးယား သမ္မတ (မစ္စ ပတ်ဂွန်ဟေး)ကိုလည်း ဒီတက္က သိုလ်က ပေးထားတယ်’’ဟု ၎င်း ကပြောသည်။

ဗင်နီဇွဲလားနိုင်ငံတွင် ကျင်းပသည့် Miss Tourism 2014 ပြိုင်ပွဲတွင် မြန်မာအလှမယ် ဂျူးစံသာ Miss Tourism Asia ဆုရရှိ

ကမ္ဘာ့ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်ကာ Tourism World Organization မှ စီစဉ်ပြီး ဗင်နီဇွဲလားနိုင်ငံတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် Miss Tourism 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် ဂျူးစံသာမှာ Miss Tourism Asia ဆုကို ရရှိသွားခဲ့ကြောင်း National Director အဖြစ် ဆောင်ရွက်ခဲ့သည့် Miss Golden Lan Myanmar Organization မှ ကိုဝေယံအောင်က The Voice သို့ ပြောကြားသည်။

ဗိုက်ချပ် အဆီကျလိုလျှင် (အရမ်းကောင်းသောအူဆေးနည်း)

Photo: ဗိုက်ချပ် အဆီကျလိုလျှင် (အရမ်းကောင်းသောအူဆေးနည်း)

ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၄

ဆေးသောက်စရာမလိုပဲ အ၇မ်းကို ထိရောက်တဲ့ နည်းလမ်းလေး တစ်ခုရှိပါတယ်။ တစ်ရက်တော့ပင်ပန်း ခံ၇ပါမယ်။ ခက်ခဲတဲ့အတွက် အစာအိမ်ရောဂါရှိသူ၊ သွေးအားနည်း ရောဂါရှိသူတွေအတွက်တော့ မစမ်းသပ်ကြဖို့ မှာကြားလိုပါတယ်။

၁။ ၂၄ နာရီလုံး ရေ တစ်မျိုးထဲသာ သောက်ရပါမယ်။
(ဥပမာ – ယနေ့ မနက် ၇နာရီမှ စမည်ဆိုလျှင် နောက်နေ့ မနက် ၇နာရီထိ)။

၂။ ၂၄ နာရီအတွင်း အနည်းဆုံး ရေ ငါးလီတာခန့်ထိ ၀င်အောင် သောက်ပေးရပါမယ်။

၃။ မည်သည့် အစားအစာ၊ကော်ဖီ၊လက်ဖက်ရည်၊ အချိုရည်မှ မသောက်ရပါ။

၅။ ၂၄ နာရိ ပြည့်သည်နှင့် ရေနွေး တစ်လီတာကို ဆား လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်မွှေပြီး တစ်ထိုင်တည်း ကုန်အောင် သောက်ပေးရပါမည်။

၆။ ထို့နောက် အိပ်ယာထက်တွင် ညာဘက်သို့ စောင်းကာ နာရီ ၀က်ခန့် လဲလျောင်း နား နေရပါမယ်။

၇၊ ၀မ်းသွားလိုလာလျှင် ထ သွားလိုက်ပါ။

၈။ ထိုသွားသော ၀မ်းသည် အလွန် နံဟောင်သော ၀မ်း၊ ရံခါ အမည်း အညစ် အကြေးများပါ တွေ့ရပါလိမ့်မယ်။

၉။ ၄ခါ ၅ခါ ခန့်သွားပီး အ၇ည်ကျဲလာလျင် ဆန်ပြုတ် (သို့) သစ်သီးဖျော်ရည် တစ်ခွက် သောက်ကာ ခန ပြန် နားနေလိုက်ပါ။

၁၀။ ထို့ နောက် ထိုနေ့ တစ်နေကုန် အပူအစပ်၊ နို့နှင့် နို့ထွက် အစားအစာများ နှင့် ready made food များကိုေ၇ှာင်ကြဉ်ပေးရပါမည်။

နောက်ရက်များတွင် နှစ်သက်ရာ ပြန်လည် စားသောက်နိုင်မည် ဖြစ်ပါသည်။ သို့သော် ready made food များကို တော့ တတ်နိုင်သလောက်ေ၇ှာင်ကျဉ်ရပါမည်။ နို့နှင့် နို့ထွက် အစားစာများကို တတ်နိုင်သလောက်ေ၇ှာင်ကျဉ်ရပါမည်။ သစ်သီးဝလံများကို ပိုမိုစားသုံး၇ပါမည်။ ညဘက်တွင် အသီးနှံ တမျိုးမျိုး ကို ညစာ အစားထိုး ဖြည့်စွက် စားသုံးနိုင်ပါသည်။

ယင်းနည်းသည် မင်းသမီး ဒိုင်ယာနာ မကွယ်လွန်မီ တလ တခါ ပြုလုပ်နေကြ နည်းလမ်းဖြစ်သည်ဟု သိရပါသည်။

မိမိတို့ နေ့စဉ် စားသုံးခဲ့သော အစားအစာများ အကြော်ဆီများ ဆီဦးထောပတ်များအတွက် အူသည် မည်သည့်အခါမှ မဆေးကြောခဲ့ရပါ။ ထို့ကြောင့် ဗီလိုင်ဟု ခေါ်သော အမြှေးလေးများမှာ ငါးကန်များေ၇ညှိ တက်သကဲ့သို့ အညှိလေးများ တက်နေပါသည်။ ထိုသည်ကို ဆားေ၇နွေးလေးများဖြင့် ဆေးကြောသန့်စင်လိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ ဆေးကြောလိုက်ခြင်းဖြင့် နောင် အခါ စားသောက်သော အသီးအနှံ အစားအစာများမှ အာဟာရများ ပိုမို စုပ်ယူနိုင်မည်ဖြစ်ပီး ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဒာကို ပိုင်ဆိုင်လာမည်ဖြစ်သည်။

ထိုသို့ အူမဆေးမီ မိမိ ဗိုက်နှင့် ကိုယ်အလေးချိန် တိုင်းထားပါ။ အူဆေးပီးနောက်ရက် ထပ်တိုင်းကြည့်ပါ။ သိသိသာသာ ဗိုက်လေး ချပ်ရပ်လှပသွားမည်ကို တွေ့၇ပါမည်။

သတိပြုရန်မှာ။ ။ အူဆေးထားပီးနောက် ညစာအဖြစ် နို့နှင့်နို့ထွက်အစားစာများ စားသုံးခြင်း၊ ညစာ အလွန်အမင်း စားသုံးခြင်းများ သတိပြု ရှောင်ကြဉ်စေလိုပါသည်။ အသီးအနှံ ဖြည့်စွက် စားသုံးခြင်း အလေ့အထကို ပြု လုပ်စေလိုပါသည်။

Credited to: စုံစိ အကုန်၊ သတင်းစုံ
ဆေးသောက်စရာမလိုပဲ အ၇မ်းကို ထိရောက်တဲ့ နည်းလမ်းလေး တစ်ခုရှိပါတယ်။ တစ်ရက်တော့ပင်ပန်း ခံ၇ပါမယ်။ ခက်ခဲတဲ့အတွက် အစာအိမ်ရောဂါရှိသူ၊ သွေးအားနည်း ရောဂါရှိသူတွေအတွက်တော့ မစမ်းသပ်ကြဖို့ မှာကြားလိုပါတယ်။

၁။ ၂၄ နာရီလုံး ရေ တစ်မျိုးထဲသာ သောက်ရပါမယ်။
(ဥပမာ – ယနေ့ မနက် ၇နာရီမှ စမည်ဆိုလျှင် နောက်နေ့ မနက် ၇နာရီထိ)။

၂။ ၂၄ နာရီအတွင်း အနည်းဆုံး ရေ ငါးလီတာခန့်ထိ ၀င်အောင် သောက်ပေးရပါမယ်။

V.Gastro Bar မှ တရားစွဲဆိုခံရသူ သုံးဦး အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရ


လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားပုံဖြင့် ဖျော်ဖြေပွဲ ကြော်ငြာခဲ့သဖြင့် V.Gastro Bar မှ တရားစွဲဆိုခံရသူ သုံးဦးမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စဉ် အာမခံမရရှိသဖြင့် အင်းစိန်ထောင်သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။

ဦးနှောက် ကျန်းမာရေး ကောင်းမွန်စေမည့် နည်းသုံးသွယ်

Photo: ဦးနှောက် ကျန်းမာရေး ကောင်းမွန်စေမည့် နည်းသုံးသွယ်

နေပြည်တော် ၊ ဒီဇင်ဘာ ၁၂

သံပရာရည်... ရှောက်ရည် သုံးပြီး ပလုတ်ကျင်းပါ...

လေ့လာမှု အသစ် တစ်ခုအရ ချိုမြိန်တဲ့ အရည်တွေက မှတ်ဉာဏ်ကို ကောင်းမွန်စေကြောင်း သိရပါတယ်။ ဂျော်ဂျီယာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ သကြားပါတဲ့ သံပရာရည်/ ရှောက်ရည်ကို သုံးပြီး ပလုတ်ကျင်း တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲရမှတ် အဆင့် ကောင်းမွန်ကြောင်း သိရပါတယ်။ ခံတွင်းထဲ သကြားဝင်ရောက် ချိန်မှာ ဦးနှောက်ရဲ့ လှုံ့ဆော်မှု ဆိုင်ရာ စင်တာကို သိသိသာသာ အချက်ပြ လိုက်တာကြောင့် အာရုံ စူးစိုက်မှုကို ကောင်းမွန် သွားစေပါတယ်။

တစ်ည ခုနစ်နာရီ အိပ်စက်ပါ...

အိပ်စက်ချိန် များလွန်းတာက အိပ်စက်ချိန် နည်းတာလိုပဲ ကျန်းမာရေး အတွက် အန္တရာယ်ပါ။ ဘရိုင်ဟမ်နဲ့ ဘော့စတွန် အမျိုးသမီးဆေးရုံက လေ့လာသူတွေက လူတစ်သောင်းခွဲ ကျော်ကို နှစ်၂၀ကြာ လေ့လာခဲ့ရာ ခုနစ်နာရီ အိပ်သူတွေထက် နှစ်နာရီကျော် ပိုအိပ်သူ ဒါမှမဟုတ် နှစ်နာရီ လျှော့အိပ်သူ တွေဟာ ဦးနှောက်နှစ်နှစ် ပိုအိုနေကြကြောင်း သိရပါတယ်။ တစ်ညနှစ်နာရီ ပိုအိပ်တာနဲ့ လျှော့အိပ်တာဟာ တွေးခေါ် မြော်မြင်နိုင်စွမ်းကို ထိခိုက် စေပါတယ်။

ထောပတ်အတု လျှော့စားပါ...

ပြောင်းဖူးပေါက်ပေါက်၊ ဝက်ပေါင်ခြောက် စတာတွေမှာ ထည့်ထားတဲ့ ထောပတ်အစားထိုး ထောပတ် အတုတွေမှာ ဒိုင်အစီတိုင်း အခြေခံ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ဦးနှောက်ဆဲလ် တွေကို ထိခိုက် စေနိုင်ပါတယ်။ ဒိုင်အစီတိုင်းဟာ ဦးနှောက်ထဲမှ ပရိုတင်းစုပုံမှု ဖြစ်စေပြီး အယ်လ်ဇိုင်းမား ရောဂါ ဖြစ်စေနိုင်လို့ပါ။

credit to နှင်းဆီဖူးလေးများ-Love BUDS
သံပရာရည်... ရှောက်ရည် သုံးပြီး ပလုတ်ကျင်းပါ...

လေ့လာမှု အသစ် တစ်ခုအရ ချိုမြိန်တဲ့ အရည်တွေက မှတ်ဉာဏ်ကို ကောင်းမွန်စေကြောင်း သိရပါတယ်။ ဂျော်ဂျီယာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ သကြားပါတဲ့ သံပရာရည်/ ရှောက်ရည်ကို သုံးပြီး ပလုတ်ကျင်း တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲရမှတ် အဆင့် ကောင်းမွန်ကြောင်း သိရပါတယ်။ ခံတွင်းထဲ သကြားဝင်ရောက် ချိန်မှာ ဦးနှောက်ရဲ့ လှုံ့ဆော်မှု ဆိုင်ရာ စင်တာကို သိသိသာသာ အချက်ပြ လိုက်တာကြောင့် အာရုံ စူးစိုက်မှုကို ကောင်းမွန် သွားစေပါတယ်။

ဗီယက်နမ်ကို အနိုင်ယူပြီး မလေးရှား ဆူဇူကီးဗိုလ်လုပွဲ တက်ရောက်

111214c
ဒီဇင်ဘာ ၁၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာစီယံ ဆူဇူကီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မလေးရှားက အဝေးကွင်းမှာ ဗီယက်နမ်ကို ၄ ဂိုး ၂ဂိုးနဲ့ အနိုင်ရသွားပါတယ်။မလေးရှားအသင်းက နှစ်ပွဲပေါင်းရလဒ် ၅ ဂိုး ၄ ဂိုးနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက် သွားပါတယ်။

ဆီမီးဖိုင်နယ် ပထမအကျော့မှာတုန်း မလေးရှားက အိမ်ကွင်းမှာ ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးထားတာပါ။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ တရားစွဲဆိုခံထားရသော တောင်သူများ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တွေ့ခွင့်ရရန် အစာငတ်ခံ ဆန္ဒပြတောင်းဆို

လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ပုဂံပုံကျေးရွာအုပ်စု ဇုက္ကနိကျေးရွာတွင် လယ်ယာများ အငြင်းပွားရာမှ တရားစွဲဆိုခြင်းခံထားရသည့် တောင်သူ ခြောက်ဦးသည် လယ်ယာမြေပြဿနာများအား တရားမျှတစွာ ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်နှင့် တွေ့ဆုံခွင့်ရရန် ဒီဇင်ဘာ  ၁၁ ရက်တွင် အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ခရီးသည်တင်ယာဉ် ဓားပြတိုက်မှု ၀င်ကယ်သော လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရ သေဆုံး

ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် အောင်ရတနာခရီးသည် တင်ယာဉ်အား လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က ဓားပြတိုက်ရာတွင် ၀င်ရောက်ကယ်တင်ရန် ကြိုးပမ်းသော ကေအင်န်ယူ၊ ကေအင်န်အယ်လ်လေတပ်မဟာ (၄)မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့မှာ သေ နတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၀ ရက် ည ၆ နာရီ ခွဲက ရေဖြူမြို့နယ်၊ ကလိန် အောင်မြို့နယ်အပိုင် မိုင်တိုင် ၇၉ တွင် အောင်ရတနာခရီးသည် တင်ယာဉ်အား လက်နက်ကိုင် ဆောင်ထားသော လူဆယ်ဦးခန့် က ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။

ပျောက်ဆုံး သွားသော ဗီယက်နမ် သတို့သမီး ၁၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့ ရှာဖွေ

Photo: ပျောက်ဆုံး သွားသော ဗီယက်နမ် သတို့သမီး ၁၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့ ရှာဖွေ 

တရုတ်ရဲတပ်ဖွဲ့သည် ဆင်းရဲသော ကျေးလက်ဒေသ များမှ သတို့သားများနှင့် လက်ထပ်ပြီးနောက် ပျောက် ကွယ်သွားသော ဗီယက်နမ် သတို့သမီး ၁၀၀ ကျော်ကို ရှာဖွေလျက် ရှိပြီး ယင်းကိစ္စ၏ နောက်ကွယ်တွင် စနစ်တကျ စီစဉ်သည့် အဖွဲ့တစ်ဖွဲ့ ရှိနေ နိုင်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ #MizzimaDaily

အပြည့်အစုံ ဖတ်ရန် - http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/34591-2014-12-12-00-49-48
ပေကျင်း၊ ဒီဇင်ဘာ ၁၁။ တရုတ်ရဲတပ်ဖွဲ့သည် ဆင်းရဲသော ကျေးလက်ဒေသ များမှ သတို့သားများနှင့် လက်ထပ်ပြီးနောက် ပျောက် ကွယ်သွားသော ဗီယက်နမ် သတို့သမီး ၁၀၀ ကျော်ကို ရှာဖွေလျက် ရှိပြီး ယင်းကိစ္စ၏ နောက်ကွယ်တွင် စနစ်တကျ စီစဉ်သည့် အဖွဲ့တစ်ဖွဲ့ ရှိနေ နိုင်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံမြောက်ပိုင်း ဟီပေး ပြည်နယ်၊ ကူကျိုးမြို့မှ အမျိုးသားများကို ယင်းဒေသတွင် နှစ်နှစ်ဆယ်ကျော်ကြာ နေထိုင်နေသော ဗီယက်နမ် သတို့သမီး တစ်ဦးပင် ဖြစ်ခဲ့သူ ၀ူမေယုက အမျိုးသမီးများနှင့် မိတ်ဆက်ပေး ခဲ့ကြောင်း ချိုင်းနားဒေးလီးတွင် ဖော်ပြထားသည်။ မိတ်ဆက်ပေးမှု အောင်မြင်ပါက ယမ်ငွေ ၁၀၀၀၀၀ ကျော် (စင်္ကာပူ ဒေါ်လာ ၂၁၂၃၀) ရရှိခဲ့မည့် မစ္စ၀ူသည် အမျိုးသမီးများနှင့် အတူ ပျောက်ဆုံးလျက် ရှိကြောင်း ချိုင်းနားဒေလီး တွင် ဖော်ပြထားသည်။

မန္တလေးမြို့ ဧရာဝတီမြစ် ကမ်းဘေးနေသည့် ကျူးကျော်များကို တိုက်ခန်းဆောက်ပေးမည်


Photo: မန္တလေးမြို့ ဧရာဝတီမြစ် ကမ်းဘေးနေသည့် ကျူးကျော်များကို တိုက်ခန်းဆောက်ပေးမည် 

ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၄

“တိုင်းအစိုးရအဖွဲ့ထံ ခွင့်ပြုချက် တောင်းခံပြီး ဆိပ်ကမ်းမှာ ကျူးကျော်နေ ထိုင်သူတွေအတွက် တန်ဖိုးသင့်တင့်မျှတတဲ့ တိုက်ခန်း များ ဆောက်လုပ်ပေးဖို့ စီစဉ်နေတယ်။ အငှားစနစ်နဲ့ ဆောင်ရွက်ပေးသွား မှာဖြစ် တယ်”ဟု မြို့တော်ဝန်က ပြောသည်။

မန္တလေးသို့ နော်ဝေဘုရင်နှင့် ဘုရင်မ လာရောက်လည်ပတ်စဉ်က သန့်ရှင်းစွာ ကြိုဆိုနိုင်ရေးအတွက် မြို့တော်စည်ပင်က ဧရာဝတီမြစ်၊ ဂေါဝိန်ဆိပ်ကမ်းကျူးကျော် နေထိုင်သူများ၏ တဲအိမ်ပေါင်း၁၀၀ ကျော် ကို ငါးရက်ကြာ ယာယီဖယ်ရှားရှင်းလင်းခဲ့ ပြီးနောက်ပိုင်း စီစဉ်ပေးခြင်းဖြစ်သည်။

“ဘုရင်လာမယ်။ ဒါကြောင့် တဲတွေဖယ်ပေးရမယ်လို့ ပြောတယ်။ ပြေပြေလည် လည်ပြောတဲ့အတွက် ဖယ်ပေးလိုက်တယ်။ လမ်းအရှေ့ ဘက်ခြမ်းကို ပြောင်းနေမလို့ လုပ်ပေမယ့် အဲဒီဘက်က လက်မခံတာကြောင့် ဖြစ်သလိုအိပ်ခဲ့ရတယ်။ အခုအိမ် ပြန်ဆောက်နေပြီ။ တာဝန်ရှိသူတွေက ငွေကြေးတော့မပေးဘူး။ တိုက် ခန်းငှားပေးမယ်လို့ ပြောပေမယ့် ဘယ်လိုစည်းကမ်းချက်တွေ သတ်မှတ်မယ်ဆိုတာ မသိသေးဘူး” ဟု ဆိပ်ကမ်းတွင် ၁၅ နှစ်ကျော်နေ ထိုင်လာသူ မစန်းမာဦးက ပြောသည်။

ဆိပ်ကမ်းဘေးတွင် ကျူးကျော်နေထိုင်သူများသည် ရေယာဉ်ကုန်တင်ကုန်ချလုပ်ငန်း၌ အလုပ်ကြမ်းများကို နေ့စားဖြင့် ဝင်ရောက် လုပ်ကိုင် နေကြပြီး တစ်ရက်လျှင် ကျပ် ၅,၀၀၀ ခန့် ရရှိသည်။

အဆိုပါ ငွေကြေးအနေအထားမှာလည်း မိသားစုစရိတ်၊ ကလေးကျောင်းထားစရိတ်များ အဆင်ပြေသည့် သူမှာ မရှိသလောက် နည်းကြောင်း၊ ထို့ကြောင့် အိမ်ငှားစနစ်ဖြင့် လုပ်ဆောင်ပေးလျှင်လည်း ငှားရမ်းသည့် စရိတ်မတတ်နိုင်သဖြင့် အဆင်ပြေမည် မဟုတ်ကြောင်း ဆိပ်ကမ်းဘေး နေထိုင်သူများက ပြောသည်။

မြစ်ကမ်းဘေး ကျူးကျော်နေထိုင်သူများကို ရတနာပုံမြို့သစ်သို့ မြေနေရာချ ထားပေးခဲ့ပြီးနောက် ၎င်းတို့တွင် ဝမ်းရေးအတွက် ရှာဖွေနေရသော အလုပ်အကိုင်မှာ ဆိပ်ကမ်းဝန်းကျင်တွင်သာ ရှိသောကြောင့် လက်ရှိ နေရာသို့ ပြန်လည်ရွှေ့ပြောင်းလာကြပြီး ယခုကဲ့သို့ အရေအတွက် များပြားလာရခြင်းဖြစ်သည်ဟု မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ကျူးကျော်နေထိုင်သူများ ဆိပ်ကမ်းဝန်းကျင်တွင် များပြားမှုမရှိစေရန် ရွှေ့ပြောင်းလုပ်သားများ အတွက် ၂၀၁၅ ခုနှစ်တွင် တိုက်ခန်းများ ဆောက်လုပ်ပေးသွားရန် စီစဉ်ခြင်းဖြစ်ပြီး ဈေးနှုန်းသင့်တင့်သော နှုန်းထားတစ်ရပ်ဖြင့် ငှားရမ်းပေးသွားမည်ဟု ဆိုသည်။

မန္တလေးမြို့၊ ဆိပ်ကမ်းဝန်းကျင်တွင် နော်ဝေဘုရင်နှင့် မိဖုရားပြန်လည်ထွက်ခွာသွားပြီးနောက် ကျူးကျော်တဲများ ပြန်လည်တည်ဆောက်ရာ တွင် ယခင်ထက်ပိုသော ကျူးကျော်တဲများ ပါဝင်လာသောကြောင့် အရေအတွက်အားဖြင့် ပိုမိုများပြားလာသည်ဟု ကျူးကျော်နေထိုင် သူများထံမှ သိရသည်။

Mizzima
“တိုင်းအစိုးရအဖွဲ့ထံ ခွင့်ပြုချက် တောင်းခံပြီး ဆိပ်ကမ်းမှာ ကျူးကျော်နေ ထိုင်သူတွေအတွက် တန်ဖိုးသင့်တင့်မျှတတဲ့ တိုက်ခန်း များ ဆောက်လုပ်ပေးဖို့ စီစဉ်နေတယ်။ အငှားစနစ်နဲ့ ဆောင်ရွက်ပေးသွား မှာဖြစ် တယ်”ဟု မြို့တော်ဝန်က ပြောသည်။

မန္တလေးသို့ နော်ဝေဘုရင်နှင့် ဘုရင်မ လာရောက်လည်ပတ်စဉ်က သန့်ရှင်းစွာ ကြိုဆိုနိုင်ရေးအတွက် မြို့တော်စည်ပင်က ဧရာဝတီမြစ်၊ ဂေါဝိန်ဆိပ်ကမ်းကျူးကျော် နေထိုင်သူများ၏ တဲအိမ်ပေါင်း၁၀၀ ကျော် ကို ငါးရက်ကြာ ယာယီဖယ်ရှားရှင်းလင်းခဲ့ ပြီးနောက်ပိုင်း စီစဉ်ပေးခြင်းဖြစ်သည်။

ထားဝယ်- ရန်ကုန် ခရီးသည်တင်ကား ဓားပြတိုက်ခံရ ပစ်ခတ်မှုဖြစ်ရာမှ KNU နှစ်ဦး ကျဆုံး

စံခလပူရီ (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ရန်ကုန်သို့ ထွက်ခွာလာသည့် အောင်ရတနာ ခရီးသည်တင်ကားကို ဒီဇင်ဘာ ၁၀ ရက် ညတွင် ပြောက်ကျား အင်္ကျီဝတ် အင်အား ၁၀ ဦးပါ လက်နက်အပြည့်အစုံနှင့် လူတစ်စုက ဓားပြတိုက်ခဲ့စဉ် KNU တပ်မဟာ (၄) မှ ဗိုလ်စောခင်ဝင်း ကားနှင့်တွေ့၍ ပစ်ခတ်မှုဖြစ်ပွားကာ KNU တပ် မဟာ (၄) မှ နှစ်ဦး ကျဆုံးခဲ့ကြောင်း ရေးမြို့ခံ ဗိုလ်မှူး အောင်နိုင်ဝင်း (ငြိမ်း-တပ်မတော်) က မဇ္ဈိမကို ဒီဇင်ဘာ ၁၁ ရက်တွင် ပြောသည်။

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာလူငယ် ၂ဦး ဒေါ်အောင်ဆန်းစုကြည်ထံ စာရေး အကူအညီတောင်းခံ

Photo: လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာလူငယ် ၂ဦး ဒေါ်အောင်ဆန်းစုကြည်ထံ စာရေး အကူအညီတောင်းခံ

ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၄

စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံ ခိုတောင်ကျွန်း(လိပ်ကျွန်း)ရှိ ဆိုင်ရီးကမ်းခြေ၌ ဗြိတိန်နိုင်ငံသာ ၂ဦး အသတ်ခံခဲ့ရသည့်အမှုဖြင့် စွပ်စွဲခံ မြန်မာလူငယ် ၂ဦးက ၎င်းတို့သည် ယင်းအမှုနှင့် ပတ်သက်မှု လုံးဝမရှိကြောင်း နိုင်ငံတကာရပ်ဝန်းတွင် သြဇာလွှမ်းမိုးမှု ကြီးမားသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကော့စမွီအကျဉ်းထောင်မှနေ၍ စာရေးသားပြီး အကူအညီတောင်းခံလိုက်သည်။

မြန်မာလူငယ် ၂ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုး ၂ဦးအား ဗြိတိန်နိုင်ငံသား ၂ဦးကို ပေါက်တူးဖြင့် ရိုက်သတ်မှု၊ မစ္စ၀ုသရစ်ခ်ျအပေါ် မုဒိန်းပြုကျင့်မှုအပါအ၀င် စုစုပေါင်း ၆ မှုဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်ပြီး သေဒဏ်ကျခံရဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ဒေါ်အောင်ဆန်းစုကြည်ထံသို့ရေးသားထားသော အဆိုပါစာတွင် ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့က ယင်းအမှုသည် ၎င်းတို့နှင့် သက်ဆိုင်မှု လုံးဝမရှိကြောင်း၊ သို့ဖြစ်၍ ၎င်းတို့ ၂ဦး၏ ပြဿနာအား ဒေါ်အောင်ဆန်းစုကြည်မှ ကူညီပေးစေလိုကြောင်း ပါရှိသည်။

“ထောင်ထဲမှာ မနေချင်ပါဘူး တကယ်ဆို သတ်သွားတဲ့သူဟာ သူများနိုင်ငံမှာ စီးပွားတောင် လုပ်စားနေလောက်ပြီ ထင်ပါတယ် ….. အမေ ဒီစာကို ဖတ်ရချိန်မှာ သားတို့ ၂ယောက်အပေါ် ဘယ်လို သဘောထားမယ်ဆိုတာ သားတို့ မသိနိုင်ပါဘူး ဖြစ်နိုင်မယ်ဆိုရင်တော့ အမေစုကို ကူညီစေချင်တယ် …. အကူအညီလည်း တောင်းခံပါတယ် …. ” စသည်ဖြင့် ရေးသားထားသည်။

ယင်းအပြင် ၎င်းတို့ ၂ဦး ထိုင်းနိုင်ငံ၌ ဆင်းရဲပင်ပန်းစွာ အလုပ်ကြိုးစား၍ မိဘများအား ကူညီနေခဲ့ကြကြောင်း၊ ယင်းကဲ့သို့ မိဘများအားထောက်ပံ့နိုင်သည့်အတွက် ၎င်းတို့ အတိုင်းအဆမဲ့ ပျော်ရွှင်ခဲ့ကြောင်း၊ သို့သော် ယခုအချိန်၌ ၎င်းတို့၏ မျှော်လင့်ချက်များ ပျက်စီးသွားခဲ့ရပြီဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ဦးအတွက် ဆုတောင်းမေတ္တာပို့ပေးစေကြလိုကြောင်းတို့လည်း ရေးသားထားပြီး “ဒီအမှုက အမြန်ဆုံးလွတ်မြောက်ပါစေလို့ အသနားခံပါတယ် အမေစုရယ် …”ဟု စာကို အဆုံးသတ်ထားသည်ကို တွေ့ရသည်။

ထိုင်းရဲတပ်ဖွဲ့၏ ကနဦးအမှုတွဲသည် ခိုင်လုံမှုမရှိသဖြင့် ထိုင်းရှေ့နေများကောင်စီက တကြိမ် ပယ်ချခဲ့သေးသည်။ ထို့နောက် ၁ လ နီးပါးအကြာ သက်သေအထောက်အထားများ ထပ်မံဖြည့်စွက်ပြီး တင်ပြခဲ့ခြင်းကို ရှေ့နေများက ဒီဇင်ဘာ ၃ရက်က စွဲချက်တင်ရန် လက်ခံခဲ့ခြင်း ဖြစ်သည်။

ကနဦးက လူသတ်မှုကျုးလွန်မိခဲ့ကြောင်း ၎င်းတို့က ၀န်ခံခဲ့သော်လည်း စုံစမ်းစစ်ဆေးသူများက ၎င်းတို့အား ရိုက်နှက်ခြင်း၊ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းတို့ကြောင့်သာ ၀န်ခံခဲ့ခြင်းဖြစ်သည်ဟုဆိုကာ ယင်းထွက်ဆိုချက်အား ပြန်လည်ရုပ်သိမ်းခဲ့ကြသည်။

စွပ်စွဲခံ မြန်မာလူငယ် ၂ဦးဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားခံရှေ့နေများအနေနှင့် တရားလိုဘက်မှ တင်ပြမည့် သက်သေအထောက်အထားများအား ကြည့်ရှုခွင့် မပေးဘဲ လျောက်လဲချက်ကို ဒီဇင်ဘာ ၁၈ရက်နေ့ နောက်ဆုံးထားပြီး ၇ရက် အတွင်း ရုံးတော်သို့ တင်ပေးရမည်ဆိုသော ထိုင်းတရားရုံး၏ လုပ်ထုံးများအပေါ် လူ့အခွင့်အရေးအဖွဲ့အစည်းများက စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောကြားထားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံ ခိုတောင်ကျွန်း(လိပ်ကျွန်း)ရှိ ဆိုင်ရီးကမ်းခြေ၌ ဗြိတိန်နိုင်ငံသာ ၂ဦး အသတ်ခံခဲ့ရသည့်အမှုဖြင့် စွပ်စွဲခံ မြန်မာလူငယ် ၂ဦးက ၎င်းတို့သည် ယင်းအမှုနှင့် ပတ်သက်မှု လုံးဝမရှိကြောင်း နိုင်ငံတကာရပ်ဝန်းတွင် သြဇာလွှမ်းမိုးမှု ကြီးမားသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကော့စမွီအကျဉ်းထောင်မှနေ၍ စာရေးသားပြီး အကူအညီတောင်းခံ လိုက်သည်။

မန္တလေးတွင်လည်း စည်ပင်ရွေးကောက်ပွဲ ကျင်းပရမည်

မန္တလေးတိုင်းဒေသကြီး လွှတ်တော်၌ ဆွေးနွေးလျက်ရှိ သော မန္တလေးမြို့တော်စည်ပင် သာယာရေးဥပဒေကို ဒီဇင်ဘာ ၁၂ရက်တွင် အတည်ပြုပြဋ္ဌာန်းမည် ဖြစ်၍ လေးလအတွင်း ရွေး ကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဗဟိုဦးစီးစနစ်ဖြင့် ဖွဲ့စည်း ထားပြီး မြို့တော်ဝန်၊ အတွင်းရေး မှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင် သုံးဦးပါဝင်သော မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီကို ဥပဒေသစ်ပြ ဋ္ဌာန်းပြီး လေးလအတွင်း အရပ် သားကိုယ်စားလှယ်များပါဝင် သည့် ကော်မတီအဖြစ် ပြင်ဆင်ဖွဲ့ စည်းရမည်ဟု ပြဋ္ဌာန်းထား ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥပဒေကြမ်းကော် မတီမှ သတင်းရရှိသည်။

လှည်းတန်းခုံးကျော် တံတားပေါ်တွင် ကားသုံးစီးဆင့်တိုက်

Photo: လှည်းတန်းခုံးကျော် တံတားပေါ်တွင် ကားသုံးစီးဆင့်တိုက်

ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၄

လှည်းတန်းခုံးကျော် တံတားပေါ်၌ ဒီဇင်ဘာ ၁၁ ရက်
ည ၈ နာရီခွဲခန့်တွင် ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

လှည်းတန်းမှ မြေနီကုန်းသို့ အဆင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးမှ တိုက်သည့်ယာဉ် ၏ အရှေ့ကိုယ်ထည် တစ်ခုလုံးကြေမွပျက်စီးခဲ့သည်။

‘‘ရှေ့ကကားက ဒက်စ်တော့ အုပ်လိုက်လို့ တိုက်မိတာပါ’’ ဟုနောက်ဆုံးမှတိုက်သည့် အငှား ယာဉ်မောင်းကပြောသည်။

အတိုက်ခံရသည့် အရှေ့မှ ကားပိုင်ရှင်ကမူ ‘‘နောက်ကကားက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တာ။ အဲဒါကြောင့် အရှေ့က ကားကိုတောင် တိုက်မိမှာစိုးလို့ ထိန်းတာတောင်ထိန်းလို့မရဘူး။ တိုက်မိသွားတယ် ’’ဟုပြောသည်။

‘‘လောလောဆယ် တွေ့ရ တာကတော့ နောက်ကားက ရှေ့ကားကို ၀င်တိုက်ထားတာ ပါ။ ဥပဒေအရတော့ နောက်ကား က ရှေ့ကားကို ၀င်တိုက်လို့မရ ဘူး’’ဟု ယင်းယာဉ်တိုက်မှုကို လာ ရောက်စစ်ဆေးခဲ့သည့် ယာဉ်ထိန်းအရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်။

အဆိုပါကားမှာ နောက်ပိုင်း ပျက်စီးသွားပြီး ကားကို ခုံးတံ တားအဆင်းလမ်းဘေး၌ ရပ်တန့် ထားခဲ့သည်။

သို့သော် ရှေ့ဆုံးကားမှာ မူ အခင်းဖြစ်ပွားသည့် နေရာမှ ထွက်ခွာသွားကြောင်း ယင်းနေရာတွင်ရှိနေသောအငှားယာဉ် မောင်းတစ်ဦးကဆိုသည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူမရှိပေ။

အဆိုပါ ယာဉ်တိုက်မှုကို ယာဉ်ထိန်းတပ်ဖွဲ့ ထုတ်ပြန် ထားသောဆက်သွယ်ရမည့် ဖုန်းများသို့ ဆက်သွယ်ရာ ဆက်သွယ်၍ မရကြောင်း တက္ကစီယာဉ် မောင်းတစ်ဦးက ပြောသည်။

‘‘၅၀၀၀၀၅ ကိုပဲဆက်လို့ရ တယ်။ တခြားဖုန်းတွေက ဖုန်းကိုမဝင်တာ ဘယ်လိုမှဆက်လို့ မရ ဘူး’’ဟု ၎င်းကပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး နာရီဝက်ခန့်တွင် ယာဉ်ထိန်းရဲများရောက်လာကာ နောက်ဆုံးမှ တိုက်သောကားအား ကရိန်းဖြင့် သယ်ယူသွားသည်ကို တွေ့ရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကားခေါင်းပိုင်းပျက်စီးနေသော အငှားယာဉ်ကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day Daily
လှည်းတန်းခုံးကျော် တံတားပေါ်၌ ဒီဇင်ဘာ ၁၁ ရက်ည ၈ နာရီခွဲခန့်တွင် ယာဉ်သုံးစီးဆင့် တိုက်မှုဖြစ်ပွား ခဲ့သည်။

လှည်းတန်းမှ မြေနီကုန်းသို့ အဆင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးမှ တိုက်သည့်ယာဉ် ၏ အရှေ့ကိုယ်ထည် တစ်ခုလုံးကြေမွပျက်စီးခဲ့သည်။

‘‘ရှေ့ကကားက ဒက်စ်တော့ အုပ်လိုက်လို့ တိုက်မိတာပါ’’ ဟုနောက်ဆုံးမှတိုက်သည့် အငှား ယာဉ်မောင်းကပြောသည်။

မန္တလေးတွင်လည်း စည်ပင်ရွေးကောက်ပွဲ ကျင်းပရမည်


မန္တလေးတိုင်းဒေသကြီး လွှတ်တော်၌ ဆွေးနွေးလျက်ရှိ သော မန္တလေးမြို့တော်စည်ပင် သာယာရေးဥပဒေကို ဒီဇင်ဘာ ၁၂ရက်တွင် အတည်ပြုပြဋ္ဌာန်းမည် ဖြစ်၍ လေးလအတွင်း ရွေး ကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဗဟိုဦးစီးစနစ်ဖြင့် ဖွဲ့စည်း ထားပြီး မြို့တော်ဝန်၊ အတွင်းရေး မှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင် သုံးဦးပါဝင်သော မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီကို ဥပဒေသစ်ပြ ဋ္ဌာန်းပြီး လေးလအတွင်း အရပ် သားကိုယ်စားလှယ်များပါဝင် သည့် ကော်မတီအဖြစ် ပြင်ဆင်ဖွဲ့ စည်းရမည်ဟု ပြဋ္ဌာန်းထား ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥပဒေကြမ်းကော် မတီမှ သတင်းရရှိသည်။

ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ကြော်ငြာသော ဘားဆိုင်မှ တာဝန်ရှိသူသုံးဦးကို အာမခံမပေး

Photo: ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ကြော်ငြာသော ဘားဆိုင်မှ တာဝန်ရှိသူသုံးဦးကို အာမခံမပေး
Friday, December 12, 2014

ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားသော ပုံဖြင့် ကြော် ငြာခြင်းကြောင့် ဖမ်းဆီးခံရသည့် VGastro Bar ဆိုင်မှ တာဝန်ရှိသူ သုံးဦးအား ဒီဇင်ဘာ ၁၁ ရက်တွင် စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး အာမ ခံမပေးကြောင်း ဗဟန်းမြို့နယ် တရားသူကြီးက ပြောသည်။

ဘားဆိုင်ကို ဗုဒ္ဓရုပ်ပွားတော်ပုံဖြင့် ကြော်ငြာသည့် VGa-stro Bar ဆိုင်မှ ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်၊ မန်နေဂျာထွဋ်ကိုကိုလွင်နှင့် အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသား ဖီးလစ်တို့ကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီက ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ ၂၉၅ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အား ရုံးထုတ်စစ်ဆေးမှုကို စောင့်ကြည့်ရန် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးမှ ရဟန်းသံဃာတော်အပါး ၃၀ ကျော်နှင့် လူပုဂ္ဂိုလ်များ စုစုပေါင်း ၅၀ ခန့်က ဗဟန်းမြို့နယ် တရားရုံးသို့ လာရောက်၍ စောင့်ကြည့်ခဲ့ကြသည်။

တရားစွဲဆိုခံရသည့် သုံးဦး ကို ဗဟန်းမြို့နယ် တရားသူကြီး က ဒီဇင်ဘာ ၁၈ ရက်တွင် ထပ်မံ ရုံးချိန်းလိုက်သည်။ မြို့နယ်တရား သူကြီးက ၎င်းတို့ကို အာမခံရရှိ မည်မဟုတ်ဟု ပြောဆိုလိုက်ပြီး ရှေ့နေငှားရမ်းခွင့်ရှိသည်ဟု တ ရားခွင်တွင် ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက် ရုံးချိန်း၌ တရားလိုသက်သေများကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း မြို့နယ်တရားသူကြီးက ပြောသည်။

‘‘ဘုရားပုံကို အရက်ဘား ဆိုင်မှာကြော်ငြာလိုက်တာက ဘာသာသာသနာတင်စော်ကားတာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဖြစ်တဲ့ နိုင်ငံပါစော်ကားတာပဲ။ သူတို့ကို ပုဒ်မ ၂၉၅ (က)နဲ့ တရားစွဲဆိုတာ မလုံလောက်သေးပါဘူး။ အဲဒါ ကြောင့် တရားရုံးက ဘာတွေဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ဖို့ လာတာပါ’’ ဟု မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ ဆရာ တော် ဦးသုစိတ္တက မိန့်သည်။

ရုံးထုတ်စစ်ဆေးချိန်တွင် ရဲ တပ်ဖွဲ့အင်အား ၃၀ ခန့်စောင့်ကြပ်သည်ကို တွေ့မြင်ခဲ့ရသည်။

ဒီဇင်ဘာ ၁၀ ရက်ညနေတွင်ဘုရားပုံဖြင့် ကြော်ငြာသော အဆို ပါဆိုင်ကို ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ က ယာယီပိတ်ထားလိုက်ပြီး မြန် မာနိုင်ငံသားနှစ်ဦးဖြစ်သော ဆိုင် ပိုင်ရှင်၊ မန်နေဂျာနှင့် ဘုရားပုံကို လူမှုကွန်ရက်၌တင်ပြီး ကြော်ငြာ ခဲ့သည့် ဆိုင်အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသားတို့ သုံးဦးကို ဖမ်းဆီး၍ သာသနာတော်ညှိုးနွမ်း စေမှု ပုဒ်မ ၂၉၅၊ ၂၉၅ (က)ဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓရုပ်ပွားတော်ကို မလျော်ကန်စွာ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြခဲ့ခြင်းမှာ ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းဖြစ်သဖြင့် သာသနာညှိုးနွမ်း စေမှု ပုဒ်မအပြင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ဖြင့်လည်း အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး အဆိုပါဆိုင်ကို ချိပ်ပိတ်သိမ်းဆည်းသွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာတွင် ဖော်ပြထားသည်။ ဒီဇင်ဘာ  ၁၁  ရက်က ရုံးထုတ်စစ်ဆေးရာ ပုဒ်မ ၂၉၅၊ ၂၉၅ (က)စသည့် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားသည်ဟု ဗဟန်းမြို့နယ် တ ရားသူကြီးက ပြောကြားသည်။ အ ဆိုပါအမှုကို ဗဟန်းမြို့နယ်သာသ နာရေးစီးဦးအရာရှိ၊ လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး  ဦးရဲစိုးမြင့်က တရားလိုပြုလုပ်၍ အမှုဖွင့်ထားခြင်းဖြစ်သည်။

ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားသောပုံဖြင့် ကြော်ငြာခဲ့သည့် ဘားဆိုင်မှ တာဝန်ရှိသူသုံးဦးကို ဒီဇင်ဘာ ၁၁ ရက်တွင် ဗဟန်းမြို့နယ်တရားရုံးသို့ ပထမအကြိမ်ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily
ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားသော ပုံဖြင့် ကြော် ငြာခြင်းကြောင့် ဖမ်းဆီးခံရသည့် VGastro Bar ဆိုင်မှ တာဝန်ရှိသူ သုံးဦးအား ဒီဇင်ဘာ ၁၁ ရက်တွင် စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး အာမ ခံမပေးကြောင်း ဗဟန်းမြို့နယ် တရားသူကြီးက ပြောသည်။

ဘားဆိုင်ကို ဗုဒ္ဓရုပ်ပွားတော်ပုံဖြင့် ကြော်ငြာသည့် VGa-stro Bar ဆိုင်မှ ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်၊ မန်နေဂျာထွဋ်ကိုကိုလွင်နှင့် အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသား ဖီးလစ်တို့ကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီက ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ ၂၉၅ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ခြောက်လအတွင်း အလုပ်သမားများ၏အကျိုးခံစားခွင့် ကျပ် ၆၁၂ သန်းကျော်အသုံးပြုခဲ့ဟုဆို

လူမှုဖူလုံရေးဥပဒေ အသစ်စတင်ကျင့်သုံးသည့် ခြောက်လအတွင်း အလုပ်သမား အကျိုးခံစားခွင့်အတွက် ကျပ် ၆၁၂ သန်းကျော်အသုံးပြုထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီးဝင်းမော်ထွန်းက ပြောသည်။

‘‘ဥပဒေအသစ်ကိုစတင်ပြီး ခြောက်လအတွင်း မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှု၊ အလုပ်ခွင် ထိခိုက်မှုနဲ့ ဆေးဖိုးပြန်အမ်းငွေ များအဖြစ် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ပြုခဲ့တာဖြစ်ပါတယ်’’ဟု ဒုဝန်ကြီးကပြော သည်။

လူသတ်မှုစစ်ဆေးသော ရဲတပ်ဖွဲ့ဝင်များနှင့် တရားခံဟုသံသယရှိသူများ ပစ်ခတ်မှုဖြစ်ပွားရာ ရဲတပ်ကြပ်ကြီး သေဆုံး


ကျိုင်းတုံမြို့ကျေးရွာ တစ်ရွာတွင် လူသတ်မှုသွားရောက် စစ် ဆေးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တရားခံဟုသံသယရှိသူများကြား သေနတ်ဖြင့် အပြန်အလှန်ပစ် ခတ်မှုဖြစ်ပွားခဲ့ရာ ရဲတပ်ကြပ်ကြီး တစ်ဦးနှင့် အရပ်သားတစ်ဦးသေ ဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတုံမြို့ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ မိုင်းနော့ ဖတကျေးရွာတွင် ဒီဇင်ဘာ၁၁ ရက် ညနေက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်အဆင့် ရဲ အရာရှိတစ်ဦးက ပြောသည်။

အေးချမ်းမြတ်မိုးအသတ်ခံရမှု ကိုးကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေ မော်ဒယ်တစ်ဦးကို စစ်ဆေး


မော်ဒယ်အေးချမ်းမြတ် မိုး မသေဆုံးမီနေအိမ်သို့ လိုက်ပို့ ခဲ့သော မော်ဒယ်သရုပ်ဆောင် တစ်ဦးကို ဒီဇင်ဘာ ၁၁ ရက်က အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားလိုပြသက်သေအဖြစ် အမှု စစ်ဆေးခဲ့သည်။

အောက်တိုဘာ ၂၉ ရက်က ရန်ကုန်မြို့ ဦးဝိစာရအိမ်ရာဝင်းအတွင်း နေထိုင်သူသရုပ်ဆောင် မော်ဒယ်အေးချမ်းမြတ်မိုးသည် ၎င်းနေထိုင်ရာ နေအိမ်တိုက်ခန်း ရှေ့တွင် အသတ်ခံခဲ့ရသည်။ ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဒီဇင် ဘာ ၁၁ ရက်က အနောက်ပိုင်းခရိုင် တရားရုံး၌ ကိုးကြိမ်မြောက်