Wednesday, November 26, 2014

လူပျိုကြီးအတွက် ကြင်ဖော်ရှာကြော်ငြာ သတင်းစာတွင်ပါပြီး တစ်ရက်အတွင်း အမျိုးသမီး ၃ဝ ကျော်ကလက်ထပ်လိုကြောင်း ကမ်းလှမ်း

Photo: လူပျိုကြီးအတွက် ကြင်ဖော်ရှာကြော်ငြာ သတင်းစာတွင်ပါပြီး တစ်ရက်အတွင်း အမျိုးသမီး ၃ဝ ကျော်ကလက်ထပ်လိုကြောင်း ကမ်းလှမ်း
Wednesesday, November 26, 2014

သားလူပျိုကြီးအတွက် ရှာပေး သည့် ကြင်ဖော်ရှာကြေညာစာကို နေ့ စဉ်ထုတ်ပုဂ္ဂလိက သတင်းစာတွင် ဖော် ပြအပြီး တစ်ရက်တည်းနှင့် အမျိုးသမီး ငယ်၃ဝကျော်ေ လျှာက်ထားလာကြောင်းဖခင်ဖြစ်သူဦးစိန်မြင့်ကပြောသည်။

တရုတ်နိုင်ငံတွင် ရှေးယခင်က တည်းက အရွယ်ရောက်သူ အမျိုးသား၊ အမျိုးသမီးများသည် ၄င်းတို့၏ ကြင်ဖော် ကြင်ဖက်များကို အောင်သွယ်များမှ တစ်ဆင့် ရှာဖွေလေ့ ရှိကြသလို မြန်မာ ပြည်ရှိ တရုတ်နွယ်ဖွားတို့သည်လည်း ထိုအတိုင်းပင်ကျင့်သုံးတတ်ကြရာ ထို နည်းလမ်းအတိုင်း ယခုမြန်မာနိုင်ငံတွင် သားဖြစ်သူအတွက် ကြင်ဖော် ရှာကြော် ငြာကို သတင်းစာတွင် နိုဝင်ဘာလ ၂၅ ရက်တွင် ကြေညာခဲ့သည်။

တရုတ်နိုင်ငံနှင့် နီးစပ်စွာရှိနေ သည့် မြန်မာနယ်စပ်မြို့အချို့တွင် အိမ် ထောင်ဖက်ရှာကြေညာစာတို့က မထူး ဆန်းသော်လည်း ထူးခြားသည်ကရန် ကုန်တွင်ဖြစ်နေသည် ကတစ်ကြောင်း၊ ထို့အပြင် ပွဲစားနှင့်မဟုတ်ဘဲ ဖခင်ဖြစ် သူက ကိုယ်တိုင်ဝင်ကာ ကြေညာစာ ထည့်လိုက်ခြင်းပင်ဖြစ်သည်။

ဗမာစကားပြောတတ်သော တရုတ် လူမျိုးဖြစ်သည့် ၄င်းသည် သူ၏သားသမီး လေးဦးထဲမှ သားတစ်ဦးကို အိမ်ထောင် ချပေးရန် ယခင်က ပွဲစားတို့နှင့် စပ်ဆက် ခဲ့သော် လည်း အဆင်မပြေ၊ စိတ်တိုင်း မကျသည့်အတွက် ကိုယ်တိုင်ကြေညာ စာကို ကြေညာခဲ့ရသည်ဟုပြောသည်။

အသက် ၄၂ နှစ်အရွယ်ရှိပြီး အရပ်မြင့် ရုပ်ရည်အသင့်အတင့်ရှိ ကုန်သည် အလုပ်လုပ်သူ ၄င်း၏သား သည် အေးဆေး စွာနေတတ်ပြီး၊ အိမ် ထောင် ဘက်ကို မိဘကျေ နပ်သူနှင့်သာ လက်ထပ်ပေါင်းသင်းမည်ဟု ဆိုထားရာ သူ့တွင်တာဝန်အပြည့်ရှိနေကြောင်း ထို့အ တွက် ကိုယ်တိုင်ထွက်ရှာပေး လိုက်မိရာ မြန်မာနိုင်ငံတွင် ထိုကဲ့သို့   ကြေညာစာ ထည့်သူက သူပင်ပထမဦး ဆုံးဖြစ်မည် ဟုထင်ကြောင်း ၄င်းကပြောသည်။

သူ၏သားနှင့် လက်ထပ်ရမည့် အမျိုးသမီးမှာ တရုတ်သို့မဟုတ် ကပြား ဖြစ်ရမည်ဟု တင်းကျပ်သော စည်းကမ်း ထားရှိထားပြီး ထိုအမျိုးသမီးက အသက် ၂၈ နှစ်မှ အသက် ၃ဝ ကြားရှိရမည်ဟု ကြေညာစာတွင်သတ်မှတ်ထားသည်။

သူ၏သားနှင့် လက်ထပ်မည့်သူကို အလုံမြို့နယ်တွင်းမှ ကွန်ဒိုနှစ်ခန်းလက် ဖွဲ့မည့်အပြင်၊ အခြားသော ခံစားခွင့်တို့ လည်း မနစ်နာစေရအောင်နှင့် မင်္ဂလာပွဲ ကိုအလယ် တန်းအဆင့်ခမ်းနားစွာ ဆောင် ရွက်ပေးမည်ဟု ၄င်းက ပြောသည်။

”နှုတ်နဲ့ ပြောရင်မယုံမှာစိုးလို့ စာနဲ့ တောင်သတင်းစာမှာ ကြေညာထားတာပဲ။ မနစ်နာစေရပါဘူး”ဟု ဖခင်ဖြစ်သူ ဦးစိန်မြင့်က ပြောသည်။

မနက်ပိုင်းသတင်းစာ ကြေညာစာ ဖတ်ပြီး မိန်းကလေးရှင်များဘက်က ၄င်းတို့၏ ဓာတ်ပုံတို့ကို Viber  နှင့်ပို့ကြ ကြောင်း၊ ထိုထဲမှ မိသားစုနှင့် သူ၏သား သဘောကျသူကို အပြင်တွင်တွေ့ဆုံပေး ဖို့ရှိသည်ဟု ၄င်းထံမှသိရသည်။

ယခင်က ပွဲစားနှင့် ဆိုပါလျှင် ရွေး ချယ်ရခက်ခဲသော်လည်း လက်ရှိတွင် သူရွေးချယ်စရာတွေ များနေ၍ အလုပ် ရှုပ်နေကြောင်း ဦးစိန်မြင့်ကပြောသည်။

”အားလုံးနဲ့တော့ မတွေ့ပေးဘူး။ မိန်းကလေးဘက်ကိုငဲ့ရမယ့် အပိုင်းရှိ သေးတယ်”ဟု ဦးစိန်မြင့်ကပြောသည်။

သူ၏သားမင်္ဂလာပွဲအတွက် အသင့် တော်ဆုံးအိမ်ထောင်ဖက်ကို ၁ဝ ရက်မှ ၁၅ ရက်အတွင်း အပြီးရွေးချယ် မည်ဟု ၄င်းက ပြောသည်။

ကာယကံရှင် လူပျိုကြီးကိုမူ သူ၏အိမ်ထောင်ဖက်တို့နှင့်သာ တွေ့ပေးမည် ဟု ဖခင်ဖြစ်သူကဆိုသည်။

သူ၏သားမှာ အလယ်အလတ် တန်းစားအလုပ်အကိုင်ရှိသူဖြစ်ပြီး ဖခင် ဖြစ်သူကမင်္ဂလာပွဲအား အလယ်အလတ် တန်းစား ဆောင်ပေးမည်ဟု ကြော်ငြာ စာတွင် ပါ ထားသော်လည်း တန်ဖိုးကြီး မားသည့် ကွန်ဒိုတိုက်ခန်း နှစ်ခန်းကို လက်ဖွဲ့မည်ဆိုခြင်းက ရှေ့နောက် မညီ ညွတ်ဟုဆိုကာ အွန်လိုင်းစာမျက်နှာ ပေါ်တွင် ဝေဖန် မှုများ ရှိနေကြသည်။

popular
သားလူပျိုကြီးအတွက် ရှာပေး သည့် ကြင်ဖော်ရှာကြေညာစာကို နေ့ စဉ်ထုတ်ပုဂ္ဂလိက သတင်းစာတွင် ဖော် ပြအပြီး တစ်ရက်တည်းနှင့် အမျိုးသမီး ငယ်၃ဝကျော်ေ လျှာက်ထား လာကြောင်း ဖခင်ဖြစ်သူ ဦးစိန်မြင့်ကပြောသည်။

တရုတ်နိုင်ငံတွင် ရှေးယခင်က တည်းက အရွယ်ရောက်သူ အမျိုးသား၊ အမျိုးသမီးများသည် ၄င်းတို့၏ ကြင်ဖော် ကြင်ဖက်များကို အောင်သွယ်များမှ တစ်ဆင့် ရှာဖွေလေ့ ရှိကြသလို မြန်မာ ပြည်ရှိ တရုတ်နွယ်ဖွားတို့သည်လည်း ထိုအတိုင်းပင်ကျင့်သုံးတတ်ကြရာ ထို နည်းလမ်းအတိုင်း ယခုမြန်မာနိုင်ငံတွင် သားဖြစ်သူအတွက် ကြင်ဖော် ရှာကြော် ငြာကို သတင်းစာတွင် နိုဝင်ဘာလ ၂၅ ရက်တွင် ကြေညာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်စနစ်နှင့်လျော်ညီစွာ ပြင်ဆင်နိုင်ရေး နိုင်ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌအပါအဝင် တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးတို့ ပါဝင်သည့် ခြောက်ပွင့် ဆိုင်တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး အရေးကြီးအဆိုကို ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ကချင်အရေးကြောင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ဆွေးနွေးပွဲ ရက်ရွှေ့မည်

ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ၏ ဗိုလ်သင်တန်းကျောင်းအပေါ် ပစ်ခတ်မှုအပြီး ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်ကြောင့် ၇ ကြိမ်မြောက် အစိုးရနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံမည့် ရက်ကို နောက်သို့ ထပ်မံရွှေ့ဆိုင်း သွားမည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

မြန်မာသံတော်ဆင့်ဂျာနယ် ၁၁ ဦးအမှု အယူခံရရှိ

နိုင်ငံတော်သမ္မတ ဂုဏ်သိက္ခာကို ထိခိုက်စေမှုနဲ့ တရားစွဲခံထားရတဲ့ မြန်မာသံတော်ဆင့်သတင်းဂျာနယ်က ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်အပါအဝင် ၁၁ ဦးဟာ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ တစ်ဦးကို အာမခံကြေး ကျပ် ၁ဝ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ် သိန်း ၁၁ဝ တင်သွင်းခဲ့ပြီး ဒီနေ့ အာမခံရရှိခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက တရားလိုလုပ်ပြီး ပုဒ်မ ၂၅(ခ) ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခုရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ရေးသားမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

တရားရုံးချိန်းမှာ တရားစွဲခံရသူ ၁၁ ဦးကို အပြစ်ရှိ မရှိ မေးမြန်းစစ်ဆေးပြီးနောက် အာမခံရရှိခဲ့တယ်လို့ မြန်မာသံတော်ဆင့်သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးအောင်ထွန်းလင်းက ပြောပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ခိုတောင်ကျွန်းကိစ္စမှ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအား အချုပ်လွှတ် ထုချေခွင့်ပေးရန် ပြောကြား

ခိုတောင်ကျွန်းလူသတ်မှုကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသား နှစ်ဦးအား အချုပ်လွှတ်ထုချေခွင့်ပေးရန် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ဦးခင်အောင်မြင့်သည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် နိုဝင်ဘာ ၂၄ ရက်ကတွေ့ဆုံစဉ် ပြောကြားမှုကို မြန်မာ့ရုပ်မြင်သံကြားက နိုဝင်ဘာ ၂၅ ရက် ညပိုင်းသတင်း ထုတ်လွှင့်မှုတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

သုံးနှစ်အတွင်း အီးယူက မြန်မာအား တစ်နှစ်လျှင် ယူရိုသန်း ၂၅၀ စီ ထောက်ပံ့မည်

ဥရောပသမဂ္ဂက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျန်း မာရေး၊ ပညာရေးအပါအ၀င်ကဏ္ဍ ခြောက်ခုအတွက် ၂၀၁၄ မှ ၂၀၁၆ အထိ တစ်နှစ်လျှင် ယူရိုသန်း၂၅၀ စီ သုံးနှစ်တာ ထောက်ပံ့ကူ ညီမည်ဖြစ်ကြောင်း မြန်မာအစိုးရ က တရားဝင်သတင်းထုတ်ပြန် သည်။

အီးယူ၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူ ဟာ (၂၀၁၄-၂၀၁၆)ကို နိုဝင်ဘာ၂၄ ရက်က ထုတ်ပြန်ကြေညာခဲ့ ပြီး ယင်းဗျူဟာအရ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပရေးအပါအ၀င် ကဏ္ဍအားလုံး တွင် သုံးနှစ်တာအတွင်း စုစုပေါင်း ယူရိုသန်း ၇၅၀ အကူအညီပေး အပ်မည် ဖြစ်သည်။

IS အစွန်းရောက် ဆွဲဆောင်မှုဟန့်တားဖို့ အင်ဒိုနီးရှားရုန်းကန်


IS အစ္စလာမ်အစွန်းရောက် စစ်သွေးကြွအဖွဲ့နဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ သွားရောက် ပူးပေါင်းတာတွေကို ဟန့်တားတဲ့ ကြိုးပမ်းမှုကို အင်ဒိုနီးရှားအစိုးရက ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

BNPT ခေါ် အကြမ်းဖက်မှု ထိန်းချုပ်ရေး အမျိုးသားဌာန တာဝန်ခံ Wawan Purrwanto က အင်ဒိုနီးရှားနိုင်ငံသားပေါင်း ၃၀၀ လောက်ဟာ အဲဒီအစွန်းရောက်အဖွဲ့ကို သွားရောက် ပူးပေါင်းခဲ့ပြီး သေဆုံးသူ ၆၀ ရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေ ရုပ်လုံးမပေါ်သေးချိန်တွင် မကျေနပ်မှုများ ဖြေရှင်းရန် ခက်ခဲမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: အမျိုးသားပညာရေးဥပဒေ ရုပ်လုံးမပေါ်သေးချိန်တွင် မကျေနပ်မှုများ ဖြေရှင်းရန် ခက်ခဲမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Wednesday, November 26, 2014

အမျိုးသားပညာရေး ဥပဒေရုပ်လုံးမပေါ်သေးချိန်တွင် မကျေနပ်မှုများကို ဖြေရှင်းရန် ခက်ခဲမည်ဖြစ်ကြောင်း သပိတ် မှောက်တက္ကသိုလ်ကျောင်းသား များနှင့် ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

ဗီအိုအေမြန်မာပိုင်းနှင့် တွေ့ဆုံမေး မြန်းမှုတွင်ဒေါ်အောင်ဆန်းစု ကြည်က အမျိုးသားပညာရေး ဥပဒေထွက်ပေါ်လာသော်လည်း နည်းဥပဒေနှင့် ဆက်စပ်ဥပဒေ များ ထွက်ပေါ်လာမှုမရှိသေးချိန် ၌ မကျေနပ်မှုများ ဖြေရှင်းရန် လွယ်ကူမည်မဟုတ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

‘‘ဒီနည်းဥပဒေတွေကလည်း ထွက်ပြီ။ အဆင့်မြင့်ပညာရေး ဥပဒေတွေကလည်း ထွက်ပြီဆို ရင် ကျောင်းသားတွေအနေနဲ့ ပိုပြီးတော့ သူတို့ရှင်းရှင်းလင်းလင်း ဆုံးဖြတ်လို့ရမယ်။ သူတို့ဆန္ဒတွေ နဲ့ ကိုက်ညီလား၊ မကိုက်ညီဘူး လား။ ဘယ်ဟာတွေကို သူတို့ တကယ် ကန့်ကွက်ချင်တာလဲ၊ ဘယ်ဟာတွေဆိုရင် သူတို့လက်ခံ နိုင်သလဲဆိုတာကို ပြောရမယ်ဆို ရင်ပုံတစ်ခုလုံးပေါ်တာပေါ့။ ပုံ တစ်ခုလုံးမပေါ်သေးတဲ့ အခါကျ တော့ မကျေနပ်မှုတွေကလည်း ရှိမှာပဲ။ ဖြေရှင်းရတာလည်း ခက် တာပေါ့။ ပုံတစ်ပိုင်းပေါ်မှာ အခြေခံပြီးတော့ ဖြေရှင်းဖို့ဆိုတာ မလွယ်ပါဘူး’’ဟု ကျောင်းသား သပိတ်နှင့် ပတ်သက်၍ ဗီအိုအေ ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်း စုကြည်က ဖြေကြားသည်။

အမျိုးသားပညာရေးဥပဒေ အပေါ် တက္ကသိုလ်ကျောင်းသား များက သပိတ်မှောက်ဆန္ဒပြမှု လေးရက်ကြာပြုလုပ်ခဲ့ပြီး တာဝန် ရှိသူများအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း ၎င်းတို့၏ တောင်းဆိုချက် များကို လိုက်လျောရန် တောင်းဆို ထားသည်။

‘‘အခုကျောင်းသားတွေက နေပြီး ကန့်ကွက်တဲ့ အချို့အချက် တွေဆိုလို့ရှိရင်လည်း ကျွန်မတို့ အဖွဲ့ချုပ်က မကြိုက်တဲ့အချက် တွေလည်း ပါပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့က လူနည်းစုပဲ။ ကျွန်မတို့ ပြုပြင်ပေးတဲ့အချက် တွေ၊ ဒီလွှတ်တော်အတွင်းမှာ အားလုံး ညှိညှိနှိုင်းနှိုင်းတိုင်တိုင် ပင်ပင်လုပ်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုတယ်။ နောက်ပြီး တော့ ဥပဒေကို ဆွဲတဲ့ ကော်မတီ ကလည်း တော်တော်ကို မျှမျှတတလုပ်ပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောသည်။

လက်ရှိအတည်ပြုပြဋ္ဌာန်း ထားသော အမျိုးသားပညာရေး ဥပဒေသည် ပညာရေးစနစ်ဟောင်းများကို အစားထိုးပြင်ဆင်နိုင်မှုမရှိခြင်း၊ လွတ်လပ်စွာ ပညာ သင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ချည်နှောင် ထားခြင်း၊ မူဝါဒများသည် စ၊ လယ်၊ ဆုံးဒီမိုကရေစီမဆန်ခြင်း၊ ပညာရေးစနစ်ကို စီမံခန့်ခွဲရာတွင် အစိုးရအုပ်ချုပ်ရေးပိုင်းအား ပါ ၀င် ထိန်းချုပ်ခွင့်ပေးထားခြင်း၊ ကျောင်းသားသမဂ္ဂများ တည် ထောင်ဖွဲ့စည်းခွင့်ကို ထည့်သွင်း ပြဋ္ဌာန်းထားမှုမရှိခြင်းနှင့်ကျောင်း သား၊ ပြည်သူကို အခြေခံသော ဒီမိုကရေစီပညာရေးအနှစ်သာရ နှင့် ကိုက်ညီသော အမျိုးသား ပညာရေးဥပဒေ ပေါ်ထွက်လာရေးတို့အတွက် သပိတ်မှောက် ကျောင်းသားများက ဆန္ဒထုတ်ဖော်ထားခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာခင် စန်းရီကလည်း အမျိုးသားပညာ ရေးဥပဒေကို မကျင့်သုံးမီပြန် လည်ပြင်ဆင်ရန် တောင်းဆိုနေ ကြခြင်းသည် အဆင့်ကျော်နေသ လိုဖြစ်နေကြောင်း သပိတ်မှောက် ကျောင်းသားများအား ပြောထား သည်။

သပိတ်မှောက်တက္ကသိုလ် ကျောင်းသားများသည် သတ်မှတ် ကာလအတွင်း ၎င်းတို့၏ တောင်း ဆိုချက်များအပေါ် တုံ့ပြန်မှုမရှိ ပါက ကန့်ကွက်ဆန္ဒပြမှုများကို ရန်ကုန်မြို့သာမက အခြားမြို့ကြီး များတွင်လည်း အရှိန်မြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကြေ ညာထားသည်။

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်နေကြသူများ (ဓာတ်ပုံ- နစ်ကီ)
7Day Daily
အမျိုးသားပညာရေး ဥပဒေရုပ်လုံးမပေါ်သေးချိန်တွင် မကျေနပ်မှုများကို ဖြေရှင်းရန် ခက်ခဲမည်ဖြစ်ကြောင်း သပိတ် မှောက်တက္ကသိုလ်ကျောင်းသား များနှင့် ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

ဗီအိုအေမြန်မာပိုင်းနှင့် တွေ့ဆုံမေး မြန်းမှုတွင်ဒေါ်အောင်ဆန်းစု ကြည်က အမျိုးသားပညာရေး ဥပဒေ ထွက်ပေါ်လာသော်လည်း နည်းဥပဒေနှင့် ဆက်စပ်ဥပဒေ များ ထွက်ပေါ်လာမှုမရှိသေးချိန် ၌ မကျေနပ်မှုများ ဖြေရှင်းရန် လွယ်ကူမည်မဟုတ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မနောပွဲ ကျင်းပမည့်အစီအစဉ် ဒေသခံ ဦးရေတစ်သောင်းခန့် လက်မှတ်ထိုးကန့်ကွက်

Photo: မနောပွဲ ကျင်းပမည့်အစီအစဉ် ဒေသခံ ဦးရေတစ်သောင်းခန့် လက်မှတ်ထိုးကန့်ကွက်
Wednesday, November 26, 2014

မနောပွဲတော်ပြန်လည် ကျင်းပရန် စီစဉ်နေခြင်းအပေါ်ကန့်ကွက်ကြောင်း ပေးပို့စာတစ်စောင်ကို ကချင်တိုင်းရင်းသားလူငယ် တစ်သောင်းခန့်က လက်မှတ်ရေးထိုး၍ ကချင်ပြည်နယ်ဝန်ကြီး ချုပ်ထံသို့ နိုဝင်ဘာ ၂၈ ရက်တွင်ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီတွင် ကျရောက်မည့် (၆၇) ကြိမ်မြောက် ကချင်ပြည်နယ်နေ့တွင် တိုက်ပွဲများကြောင့် သုံးနှစ်ကြာရပ်နားထားသော မနောပွဲတော်ကို ပြန်လည် ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ်နေ့ကို ကြို ဆိုသော်လည်း ဒေသတွင်းတိုက်ပွဲ များဖြစ်ပွားနေခြင်း၊ စစ်ပြေးဒုက္ခ သည်များ နေရပ်မပြန်နိုင်သေး ခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တိကျသည့် အဖြေမရရှိသေးဘဲ လူ့အခွင့်အရေးဆုံးရှုံးမှုများဖြစ်ပွားနေခြင်းတို့ကြောင့် မနောပွဲ တော်ပြန်လည်ကျင်းပရန် စီစဉ်နေခြင်းကို ကန့်ကွက်ရခြင်း ဖြစ် ကြောင်း အဖွဲ့အစည်းများ ဒေသ ခံများက ပြောသည်။

‘‘ကချင်လူမျိုးတွေ အလေး ထား၊ တန်ဖိုးထားတဲ့ မနောပွဲကို ဒီလိုအချိန်မျိုးမှာ မလုပ်သင့်ပါဘူး’’ဟု လက်မှတ်ရေးထိုးကန့် ကွက်သူတစ်ဦးက ပြောသည်။

ပေးပို့စာကို ကချင်ပြည်နယ်၊ ရန်ကုန်၊ မန္တလေးမြို့တို့ရှိ လူငယ် များလက်မှတ်ဖြင့် နိုဝင်ဘာ ၂၈ရက်တွင် ပေးပို့သွားမည်ဖြစ် သည်။ လက်ရှိအချိန်အထိ အ မည်၊ မှတ်ပုံတင်နံပါတ်နှင့် တကွ လက်မှတ်ပေါင်း ကိုးထောင်ကျော်ရရှိထားကြောင်း သတင်းရရှိ သည်။

မနောပွဲကျင်းပခဲ့စဉ်က ရိုးရာအကနှင့် ကပြဖျော်ဖြေနေသည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ (ဓာတ်ပုံ - aseantourism.com)
7Day Daily
မနောပွဲတော်ပြန်လည် ကျင်းပရန် စီစဉ်နေခြင်းအပေါ်ကန့်ကွက်ကြောင်း ပေးပို့စာတစ်စောင်ကို ကချင်တိုင်းရင်းသားလူငယ် တစ်သောင်းခန့်က လက်မှတ်ရေးထိုး၍ ကချင်ပြည်နယ်ဝန်ကြီး ချုပ်ထံသို့ နိုဝင်ဘာ ၂၈ ရက်တွင်ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီတွင် ကျရောက်မည့် (၆၇) ကြိမ်မြောက် ကချင်ပြည်နယ်နေ့တွင် တိုက်ပွဲများကြောင့် သုံးနှစ်ကြာ ရပ်နားထားသော မနောပွဲတော်ကို ပြန်လည် ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

အစိုးရတပ်နှင့် ကေအိုင်အေကြား တင်းမာနေခြင်းကိုစိုးရိမ်၊ ဒေသခံများအား အကာအကွယ်ပေးရန် ကုလတောင်းဆို

အစိုးရတပ်နှင့် ကေအိုင် အေတို့ကြား လက်နက်ကိုင်ပဋိ ပက္ခများ ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ရေး အခြေအနေတင်းမာလာ ခြင်းအပေါ် စိုးရိမ်မိကြောင်းနှင့် ဒေသခံပြည်သူများအား လိုအပ် သည့် ကာကွယ်မှုများပြုလုပ်ပေး ရန် ကုလသမဂ္ဂက တောင်းဆို လိုက်သည်။

ကေအိုင်အေဗိုလ်လောင်း သင်တန်းကျောင်းလက်နက်ကြီး ဖြင့်ပစ်ခတ်ခံရပြီးနောက် စစ်ရေး တင်းမာမှုများ ဖြစ်ပွားလာခြင်း ကြောင့် အရပ်သားများအား ကာကွယ်ပေးရန် ကုလသမဂ္ဂက တောင်းဆိုကြောင်း Press TV သတင်းဌာနက နိုဝင်ဘာ ၂၄ ရက်တွင် ဖော်ပြသည်။

ဝန်ဆောင်မှု အားမရသေးဟုတယ်လီနောပြော

တယ်လီနောမြန်က ရန်ကုန်မြို့တွင် လက်ရှိပေးလျက် ရှိသည့် ၎င်းတို့၏ ဆက်သွယ်ရေး ၀န်ဆောင်မှုနှင့် ပတ်သက်၍ ကျေ နပ်အားရမှုမရှိသေးကြောင်း အဆိုပါကုမ္ပဏီ၏ စီအီးအိုMr. Petter Furberg က အတည်ပြုပြောသည်။

တယ်လီနောမြန်မာ၏ စီအီး အို Mr. Petter Furberg အနေဖြင့်နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၊ စိမ်းလန်းစိုပြည်၌ ပြုလုပ်သည့်Net Monday အစီအစဉ်တွင် ရန်ကုန်မြို့၏ ၎င်းတို့ဆက်သွယ်ရေးကွန်ရက် အခြေအနေနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။