Monday, May 4, 2015

Baltimore ညမထွက်ရ အမိန့် ချိုးဖေါက်သူတွေ ရဲဖမ်း


အမေရိကန် ပြည်ထောင်စု ဘော်တီမိုးမြို့မှာ ည ၁၀ နာရီ ညမထွက်ရ အမိန့်ကို ချိုးဖောက်တဲ့ အနည်းဆုံး လူ ၁၂ ယောက်တို့ကို စနေနေ့ ညက ဖမ်းဆီးခဲ့တယ်လို့ ရဲက ပြောပါတယ်။
စနေနေ့ အစောပိုင်းကတော့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက မြို့တော်ခန်းမ ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ Freddie Gray သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး ရဲ ၆ ဦးတို့ကို တရားစွဲဆိုမယ့် ကြေညာချက် သောကြာနေ့က ထွက်ပေါ်လာပြီး စနေနေ့မှာတော့ အများအပြားက ဒီကြေညာချက်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသလို ဆန္ဒပြသူတွေကလည်း တရားမျှတမှု မရှိရင် ငြိမ်းချမ်းရေး မရှိနိုင်ဘူးလို့လည်း ကြွေးကြော်ခဲ့ကြတာပါ။

မြန်မာ သတင်းသမားများ အတွက် ရွေးကောက်ပွဲ ဆိုင်ရာ လမ်းညွှန်

မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန် မြန်မာ သတင်း မီဒီယာသမားတွေ လက်စွဲ ကိုင်ဆောင်ထားသင့်တဲ့ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်တွေကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က ဒီကနေ့မှာ အတည်ပြု ထုတ်ပြန်ပေးလိုက်ပါတယ်။ ဒီအကြောင်း မဆုမွန်က ဆက်ပြီး တင်ပြပေး ပါမယ်။
ရွေးကောက်ပွဲကျင်းပနေချိန်အတွင်း မဲဆန္ဒနယ်မြေတွေကို သတင်းလိုက်လံ ရယူမယ့် သတင်းမီဒီယာတွေ အနေနဲ့ သိရှိလိုက်နာထားသင့်တဲ့ မီဒီယာ ကျင့်ဝတ်ဆိုင်ရာ အချက်တွေနဲ့အတူ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ၊ မဲရုံ မှူးတွေနဲ့ သတင်းမီဒီယာသမားတွေကြား အပြန်အလှန် သိရှိ နားလည်သင့်တဲ့ အချက်တွေကို စုစည်းပြီး အတည်ပြု ထုတ်ပြန်ပေး ထားတာဖြစ်တဲ့အကြောင်း မြန်မာ စာနယ်ဇင်းကောင်စီ (ယာယီ) က ဦးဇော်သက်ထွေးက ဗွီအိုအေ မြန်မာပိုင်းကို အခုလိုပြောပါတယ်။

အင်းရေညစ်ညမ်းလျက်ရှိသော တောင်သမန်အင်းမှ ငါးထုတ်လုပ်ရောင်းချခြင်း သုံးလခန့် ရပ်နားမည်

ရေဆိုးဝင်ရောက်မှုများကြောင့် အင်းရေညစ်ညမ်းလျက်ရှိသော တောင်သမန်အင်းအတွင်းမှ ငါးဖမ်းယူထုတ်လုပ်ရောင်းချခြင်းအား သုံးလခန့် ရပ်နားမည်ဖြစ်ကြောင်း အင်းသူကြီးထံမှ သိရသည်။
လက်ရှိတွင် ရေဆိုးဝင်ရောက်မှုကြောင့် တောင်သမန်အင်း မြောက်ဘက်ခြမ်းတွင် ငါးသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ မြောက်အင်းဘက်မှ ကျန်ရှိငါးများကို ဖမ်းယူရောင်းချခြင်း မပြုလုပ်တော့ဘဲ ငါးများ တောင်ဘက်အင်းအတွင်း ရောက်ရှိမလာစေရန် ယင်းလိပ်ကာရံ၍ တောင်ဘက်အင်းအတွင်းရှိ ငါးများကိုသာ ဖမ်းယူရောင်းချလျက်ရှိပြီး မကြာမီ ငါးသားပေါက်ရာသီ ရောက်ရှိတော့မည်ဖြစ်သောကြောင့် တောင်ဘက်အင်းအတွင်းမှ ငါးဖမ်းဆီး ထုတ်လုပ်ရောင်းချမှုများကိုလည်း သုံးလခန့် ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။